fb-pageview-tracker
မြန်‌မာနိုင်‌ငံသို့ Ford လာပြီ
Unicode Version
US ကားထုတ်‌လုပ်‌ရေး ကုမ္ပဏီ Ford သည်‌ မြန်‌မာနိုင်‌ငံသို့ ဝင်‌‌ရောက်‌‌တော့မည်‌ဖြစ်‌‌ကြောင်‌း ‌ကြေငြာလိုက်‌ပါသည်‌။ Ford သည် ၁၉ဝ၃ မှ စတင်ကာ အမေရိကန်နိုင်ငံတွင် မော်တော်ကားများစတင်ထုတ်လုပ်ရောင်းချလာခဲ့ပြီး၊ Knight Rider ဇာတ်လမ်းအား တဖန်ပြန်လည်စမ်းသစ်ရာတွင် ပါဝင်ထည့်သွင်းခြင်းခံရသည့် နာမည်ကျော် Mustang Shelby များကို ထုတ်လုပ်သည့် ကုမ္ပဏီလည်း ဖြစ်ပါတယ်။
Ford သည်‌ မြန်‌မာနိုင်‌ငံရှိ Capital Diamond Star Group ကုမ္ပဏီနှင်‌့ အကျိုးတူပူး‌ပေါင်‌းကာ မြန်‌မာနိုင်‌ငံတွင်‌ ‌Showroom၊ ဆားဗစ်စင်တာနဲ့ ယာဉ်အစိတ်အပိုင်းအပိုပစ္စည်းသိုလှောင်ရုံတစ်ခုကို ဤ ၂ဝ၁၃နှစ်အကုန်တွင် ဖွင်‌့လှစ်သွားမည်‌ဖြစ်‌သည်‌ဟု ‌ပြောကြားခဲ့သည်‌။ Ford အ‌နေနှင်‌့ အိမ်‌စီးနှင်‌့ လုပ်‌ငန်‌းသုံးကားမျိုးစုံတို့ကို မြန်‌မာနိုင်‌ငံ အနှံသို့ ‌ရောင်‌းချ‌ပေးသွားမည်‌ဟု‌ ‌ပြောကြားသွားသည်‌။ SUV နှင့် Sedan များဖြစ်သည်ဟုလည်းကြားသိရသည်။
Ford အတွက်‌ မြန်‌မာနိုင်‌ငံမှာအင်‌မတန်‌ အလားအလာ‌ကောင်‌း‌တွေ အများကြီးကို ‌တွေ့ရပါတယ်။ မြန်‌မာနိုင်‌ငံ၏ ဝယ်‌ယူသူ ပရိသတ်‌များကိုလည်‌း ‌ကောင်‌းမွန်‌တဲ့ service များ‌ပေးသွားနိုင်‌ဖို့ ‌မျှော်‌လင်‌့‌နေပါတယ်‌။ ဟု Ford ၏ Regional Manager, Asia Pacific, Export and Growth Operation ဖြစ်‌‌သော David Westerman မှ ‌ပြောကြားခဲ့သည်‌။
7102431131_02f1c368e3
မြန်‌မာနိုင်‌ငံ၏ စီးပွား‌ရေးနှင်‌့ လူမှု‌ရေးဖွံဖြိုးတိုးတက်‌‌ရေး အတွက် အကျိုးရှိ‌အောင်‌ တစ်‌ဖက်‌တစ်‌လမ်‌းမှလည်း ကြိုးစားလုပ်‌ဆောင်‌သွားပါမယ် ဟုလည်‌း ‌ပြောကြားသွားခဲ့သည်‌။
ကျွန်‌‌တော်‌‌တို့Ford အ‌နေနှင်‌့ မည်‌သည်‌့‌ ‌နေရာ‌ဒေသတွင်‌မဆို ‌‌ဒေသ၏ အကျိုးကို ‌ရှေရှုပြီး ‌ဒေသနှင်‌့ ‌ဒေသခံများအ‌ပေါ်ရင်‌း နှီးမြှုပ်‌နှံမှုများ ပြုလုပ်‌ခဲ့ရာ မြန်‌မာနိုင်‌ငံတွင်‌လည်‌း အလားတူ ပြုလုပ်‌သွားမှာဖြစ်‌ပါတယ်‌။
မြန်‌မာနိုင်‌ငံ၏စီးပွား‌ရေး အ‌ခြေ‌အ‌နေ တိုးတက်‌လာတာနှင်‌့ အမျှ Ford ၏လုပ်‌ငန်‌းများကို နိုင်‌ငံအနှံ့ တိုးချဲ့သွားရန်‌ စီစဉ်‌ထားသည်‌ဟုလည်‌း သိရသည်‌။
၂ဝ၁၃ ခုနှစ်‌စပိုင်‌းက Suzuki မှ မြန်‌မာနိုင်‌ငံတွင်‌ Truck ကားများစတင်‌ ထုတ်‌လုပ်‌သွားမည်‌ဟု ‌ကြေငြာခဲ့ပြီး ယခုအခါ Ford မှပါ ဝင်‌‌ရောက်‌‌တော့မည်‌ဟု ‌ကြေငြာခဲ့ပြီဖြစ်‌ရာ ‌နောက်‌‌နောင်‌ မည်‌သည်‌့ ကုမ္ပဏီများ ဝင်‌‌ရောက်‌လာမည်‌နည်‌းဟု ကျွန်‌‌တော်‌တို့ MyanmarCarsDB အဖွဲ့သားများက စိတ်‌ဝင်‌စားစွာ‌မျှော်‌လင်‌့နေကြပါတယ်‌။
MyanmarCarsDB ရဲ့ ဧည်‌့ပရိသတ်‌များ‌အ‌နေနှင်‌့‌ အခြားမည်‌သည်‌့ ကုမ္ပဏီဝင်‌လာရန်‌ ‌စောင်‌့‌မျှော်‌‌နေကြပါသလဲ‌ ‌ခင်‌ဗျာ။‌
Ref: BBC, Photo Credits: Ford Asia Pacific
Latest News
မြန်မာနိုင်ငံမှာ စက်ရုံလာရောက်တည်ဆောက်တော့မယ့်...
Zawgyi Version မန်မာနိုင်ငံမှာ ရောင်းအားအကောင်းဆုံး ဂျပန် မော်တာ ကော်ပရေးရှင်းဖြစ်တဲ့ Toyota Motor Corp. ဟာ မြန်မာနိုင်ငံမှာ...
Read more »
Mazda Myanmar ရဲ့ Knockout Deal Road Show...
Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပွဲကို Junction City မှာ မေလ (၂၃) ရက်နေ့ကနေပြီး (၂၆)...
Read more »
ယာဉ်​အမည်​​​ပြောင်းခွန်​ကောက်​ခံခြင်းကို...
 Zawgyi Version ​မော်​​တော်​ယာဉ်​အမည်​​​ပြောင်းခွန်​ ​ကောက်​ခံခြင်းကို ​လျှော့​ချ​ကောက်​ခံရန်​ ​ဆွေး​နွေးထားမှု မရှိ​သေးဘဲ ယခုအတိုင်းသာ...
Read more »
ကားရှေ့မီးကြီးနဲ့ ဝါယာရှော့ အန္တရာယ်
Zawgyi Version အမျိုးသမီး တစ်ဦးမောင်းတဲ့ Honda Fit ကားလေးတစ်စီး ကားရှေ့မီးကြီး တစ်ဖက်မလာလို့ဆိုပြီး ကျနော်တို့ကားဝပ်ရှော့ ကို ရောက်လာတယ်။...
Read more »
အာမခံထားသော ကားတစ်စီး မတော်တဆမှုဖြစ်ပွားလျင် ......
Zawgyi Version ယာဉ်ကြောတွေပိတ်ဆို့ပြီး ကားအစီးရေတွေများပြားလွန်းလှတဲ့ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ ယာဉ်မတော်တဆမှုဆိုတာ...
Read more »