fb-pageview-tracker
Myanmar-EU Economic Forum တွင် EuroCham Automotive Advocacy Group မှ မော်တော်ယာဉ်လုပ်ငန်း စကားဝိုင်းဆွေးနွေးပွဲ ထည့်သွင်းကျင်းပ
Zawgyi Version
Unicode Version
EuroCham Automotive Advocacy Group သည် ဇွန်လ ၅ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော Myanmar-EU Economic Forum ၌မော်တော်ယာဉ်လုပ်ငန်း စကားဝိုင်းဆွေးနွေးပွဲ ထည့်သွင်း ကျင်းပခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို ဘယ်လ်ဂျီယမ်သံရုံး ဖလန်မစ်နယ်ဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်မှု ကိုယ်စားလှယ် ဒေါ်အိမ့်ဖူးဖူးအောင် မှ ဦးဆောင်ဆွေးနွေးသူ အဖြစ်ပါဝင်ခဲ့ပြီး၊ Cycle & Carriage မှ Mr. Adrian Short Suu Foundation မှ   ဒေါ်မြသဉ္ဇာခိုင် နှင့်  Automotive Association Myanmar မှ ဦးအောင်ဝင်း တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)  မှအင်ဂျင်နီယာချုပ် ဦးသိန်းဟန်ဦးလည်း တက်ရောက်ခဲ့သည်။
မော်တော်ယာဉ်လုပ်ငန်း စကားဝိုင်းဆွေးနွေးပွဲတွင် အနာဂတ်ကာလတွင်း ပိုမိုဘေးကင်းသည့် မော်တော်ယာဉ်၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များကို လူတိုင်းမောင်းနှင်နိုင်ရေးနှင့် ယာဉ်မှတ်ပုံတင်ရေးလုပ်ငန်းစဉ် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် အသေးစိတ် အကြံပြုချက်များကို အဓိကထားဆွေးနွေးခဲ့သည်။ ဆိုက်ရောက်ဆိပ်ကမ်းများတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ပူးပေါင်း၍ one-stop service center များ ထားရှိဆောင်ရွက်ပါက ကညနရုံးသို့ ပထမအကြိမ်အဖြစ် လာရောက်မှတ်ပုံတင်မည့် ယာဉ်အရေအတွက်ကို သိသာစွာ လျှော့ချနိုင်မည်  ဖြစ်သည်။ ပြန်လည်မှတ်ပုံတင် သက်တမ်းတိုးခြင်းနှင့် စစ်ဆေးခြင်းများနှင့် စပ်လျဉ်း၍ ကညနရုံးများ အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးဒေသများရှိ ရုံးများအနေဖြင့် ကညနရုံးသို့ နေ့စဉ် လာရောက် စစ်ဆေးခံသည့် မော်တော်ယာဉ်များကို သင့်လျှော်သည့် စစ်ဆေးမှု လုပ်ဆောင်နိုင်သည့် စွမ်းရည် လုံလောက်စွာ မရှိပေ။ ရန်ကုန်နှင့် မန္တလေးရှိ ကညနရုံးများသည် စက်ပိုင်းအားဖြင့် စစ်ဆေးမှု မပါဝင်ဘဲ အဓိကအားဖြင့် အပြင်ပိုင်းကိုသာလျှင် မျက်မြင်အားဖြင့် စစ်ဆေးမှုသာ ပြုလုပ်ပေးလျက်ရှိသည်။ ထို့ေကြာင့်  ဖြစ်နိုင်ခြေရှိသော နည်းလမ်းအဖြစ် တတိယအဖွဲ့အစည်းတစ်ခုကို စစ်ဆေးမှု လုပ်ဆောင်ရေး တာဝန်ပေးသင့်ကြောင်းကို ထောက်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Latest News
ရူးသွပ်ဖွယ်ရာ မဟားတရားပါဝါတွေနဲ့ ၁၉-၂၀...
Zawgyi Version စွမ်းဆောင်ရည် အစွန်းဆုံးနဲ့ sport ကားတွေဟာ မော်တော်ကားထုတ်လုပ်မှုနယ်ပယ်ကို အရှိန်အဟုန်နဲ့ တိုးချဲ့နေတာပါ။...
Read more »
မော်တော်ယာဉ်များ ယာဉ်စည်းကမ်းဖောက်ဖျက်ခဲ့မှု...
Zawgyi Version မြန်မာနိုင်ငံအတွင်းရှိ ယာဉ်များအားလုံးကို မည်သည့်တိုင်း၊ ပြည်နယ်၊ မြို့နယ်၊ နေရာများတွင်မဆို...
Read more »
ကား ဘက်ထရီအားသွင်းစနစ်နှင့် ပြဿနာများ
Zawgyi Version ဟိုးတလောလေးက ကျနော့်ဘော်ဒါတစ်ယောက် သူ့ကားလေးနဲ့ နယ်ကို ခရီးထွက်တယ်ဗျ။ ခရီးထွက်နေတုန်း ကားရဲ့ ဒိုင်ခွက်ထဲမှာ battery...
Read more »
၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း...
Zawgyi Version ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်...
Read more »
Toyota HIACE commuter 2019 (Local)
Zawgyi Version အန်စာတုံးတွေမျိုးဆက်ပြောင်းပါပြီ။ ဆဋ္ဌမမြောက် မျိုးဆက်မှာတော့ Toyota ရဲ့ HIACE အသစ်ဟာ အရင် ပုံဟောင်းရဲ့...
Read more »