fb-pageview-tracker
အ​ရေး​ပေါ်မီးပျက်​မှုဖြစ်​​လာပါက ယာဉ်​မ​တော်​တဆမှု မဖြစ်​​စေရန်​ အချက်​ပြမီးပွို​င့်​များတွင်​ အ​ရေး​ပေါ်အရံမီးစက်​များထားရှိ
Zawgyi Version
Unicode Version
ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်အနှံ့အပြားတွင် လျှပ်စစ်မီးများ မကြာခဏဆိုသလို ပြတ်တောက်မှုရှိနေရာ ယာဉ်အချက်ပြမီးပွိုင့်များတွင် အရေးပေါ်မီးပျက်မှုဖြစ်ပေါ်လာပါက ယာဉ်မတော်တဆမှုများမဖြစ်စေရန် အချက်ပြမီးပွိုင့်များတွင် အရေးပေါ်အရံမီးစက်များ ထားရှိပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ရန်ကုန်မြို့ရှိ ယာဉ်အချက်ပြမီးပွိုင့် ၁၅၁ ပွိုင့်ကို control centre နှင့် ယာဉ်သွားလာမှု ထိန်းချုပ်နိုင်ရန် စမ်းသပ်နေရာတွင် အရံမီးစက်များနှိုး၍ အချက်ပြစနစ်ကိုအသုံးပြုနေပြီး မီးပြတ်တောက်မှုအချိန်ကြာမြင့်ပါက အရံမီးစက်များမှာလည်း ရေရှည်အလုပ်လုပ်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။
“အချက်ပြမီးပွိုင့်တွေမှာ အရေးပေါ်မီးပျက်တာတို့၊ သဘာဝဘေးအန္တရာယ်ဖြစ်လာတာတို့ဆို အရေးပေါ်အသုံးပြုလို့ရတဲ့ အရံမီးစက်တွေကို အရေးကြီးတဲ့ မီးပွိုင့်တွေမှာ ထားရှိပေးထားပါတယ်။ ဒါပေမယ့် မီးပျက်တာ အချိန်ကြာလာရင်တော့ မခံနိုင်ပါဘူး။ လက်ရှိမှာက မီးပွိုင့်တွေစမ်းသပ်နေတဲ့အချိန်မှာ မီးပျက်တာများနေတော့ အဓိကကျတဲ့နေရာတွေမှာပဲ အရံမီးစက်တွေ အဆင်သင့်လုပ်ပြီး လည်ပတ်နေပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီးအမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Latest News
ကား ဘက်ထရီအားသွင်းစနစ်နှင့် ပြဿနာများ
Zawgyi Version ဟိုးတလောလေးက ကျနော့်ဘော်ဒါတစ်ယောက် သူ့ကားလေးနဲ့ နယ်ကို ခရီးထွက်တယ်ဗျ။ ခရီးထွက်နေတုန်း ကားရဲ့ ဒိုင်ခွက်ထဲမှာ battery...
Read more »
၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း...
Zawgyi Version ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်...
Read more »
Toyota HIACE commuter 2019 (Local)
Zawgyi Version အန်စာတုံးတွေမျိုးဆက်ပြောင်းပါပြီ။ ဆဋ္ဌမမြောက် မျိုးဆက်မှာတော့ Toyota ရဲ့ HIACE အသစ်ဟာ အရင် ပုံဟောင်းရဲ့...
Read more »
E-payment system ကို ပထမဦးစားပေး...
Zawgyi Version YRTA ဟာလာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်မှာ E-payment system ကို ပထမဦးစားပေးအနေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်မှာဖြစ်ပြီး...
Read more »
YBS ယာဉ်မောင်းသူများ...
Zawgyi Version ရန်​ကုန်​မြို့တွင်​ ​စည်းကမ်းမဲ့မောင်းနှင်သည့်​ YBS ယာဉ်​​မောင်းများကို ထိန်းချုပ်​နိုင်​ရန်​ နည်းပညာအသုံးပြုထား​သော...
Read more »