fb-pageview-tracker
လွ်ပ္​စစ္​မီးမ်ား အခ်ိန္​ၾကာျမင့္စြာပ်က္​​ေန​၍ YBS ယာဥ္​လိုင္​းမ်ား CNG လြယ္​ကူစြာထည္​့သြင္​းႏိုင္​ရန္​ CNG ဆိုင္​မ်ားအခ်ိန္​တိုးကာ၂၄ နာရီ ​ေရာင္​းခ်​ေပးသြားမည္​


Zawgyi Version

လွ်ပ္​စစ္​မီးမ်ား အခ်ိန္​ၾကာျမင္​့စြာပ်က္​​ေန​၍ YBS ယာဥ္​လိုင္​းမ်ား CNG လြယ္​ကူစြာထည္​့သြင္​းနိုင္​ရန္အတြက္​ CNG ဆိုင္​မ်ားကိုအခ်ိန္​တိုးကာ ၂၄ နာရီ ​ေရာင္​းခ်​ေပးသြားမည္​ျဖစ္​​ေၾကာင္​း စြမ္းအင္ဝန္ႀကီးဌာန ေမာ္​​ေတာ္​ယာဥ္​သံုးသဘာဝဓါတ္​​ေငြ႔ေရာင္​းခ်​ေရးဌာနမွ သိရသည္​။

ယခင္​က ရန္​ကုန္​တိုင္​း​ေဒသႀကီးအတြင္​း႐ွိ ေမာ္​​ေတာ္​ယာဥ္​သံုးသဘာဝဓတ္​​ေငြ႔ CNG အ​ေရာင္​းဆိုင္​ ၃၁ ဆိုင္​ရွိရာတြင္​  နံနက္​ ၆ နာရီမွ ည ၁၀ နာရီအထိ ​ေရာင္​းခ်​ေပး​ေန​ေသာ CNG အေရာင္းဆိုင္​ ၁၁ ဆိုင္​ႏွင့္ ၂၄ နာရီ​ေရာင္​းခ်​ေပး​ေန​ေသာ CNG အ​ေရာင္​းဆိုင္​ ၂၀ ဆိုင္​​တို႔ကို အခ်ိန္​ ၂ ဆိုင္​းခြဲၿပီး ေရာင္​းခ်​ေပးသြားမည္ျဖစ္​​ေၾကာင္​း ​အသိ​ေပး​ေၾကညာထားသည္​။

“အခုတစ္​​ေလာ မီးပ်က္​တာမ်ား​ေနတဲ့အတြက္​ YBS ကား​ေတြ CNG ထည္​့သြင္​းရတာအဆင္​​ေျပ​ေအာင္​လို႔ ၂၄ နာရီမ​ေရာင္​းတဲ့ဆိုင္​​ေတြကို ၂၄ နာရီ​ေရာင္​းခ်​ေပးသြားမယ္​။ အရင္​ကလည္​းမီးမလာရင္​ မီးစက္​ႏႈိးၿပီး​ေရာင္းေပးတာ​ေတာ့ရွိပါတယ္​။ မီးစက္​နဲ႔ဆို​ရင္ loading ရဖို႔​ေတာ့ခဏ​ေစာင္​့ရတာ​ေပါ့။ အခုလကစၿပီး ၁၆ နာရီေရာင္​း​ေပး​ေနတဲ့ CNG ဆိုင္​​ေတြကို ၂၄ နာရီအထိ ဖြင္​့​ေပးထားမွာပါ။” ဟု စြမ္းအင္ဝန္ႀကီးဌာန ေမာ္​​ေတာ္ယာဥ္​သံုးသဘာဝဓါတ္​​ေငြ႔​ေရာင္​းခ်​ေရးဌာနမွ တာဝန္​ရွိသူတစ္​ဦးက ​ေျပာသည္​။

ရန္​ကုန္​တိုင္​းအတြင္​း သဘာဝဓါတ္​​ေငြ႔အသံုးျပဳ​ေသာခရီးသည္​တင္​ YBS ယာဥ္​မ်ားႏွင္​့ တကၠစီကားမ်ားအ​ေနျဖင့္ ဓါတ္ေငြ႕ထည္​့သြင္​းရာတြင္ ​အျခား​ေနရာမ်ားသို႔ ​ေနရာခြဲ၍ CNG ျဖည္႔တင္​း​ေပးရန္လည္း​လိုအပ္​ၿပီး ရန္​ကုန္​တိုင္​း​ေဒသႀကီးတြင္​ တကၠစီအစီး​ေရ ၁ ​ေသာင္း ၆ ​ေထာင္ေက်ာ္​ႏွင့္ YBS ကားအစီး​ေရ ၄,၀၀၀ နီးပါးကို သဘာဝဓါတ္​​ေငြ႔ CNG ကုဗ​ေပ ၂၁ သန္​းခန္​႔ ​ေန႔စဥ္​ရာင္​းခ်​ေပး​ေနရ​ေၾကာင္​း သိရသည္​။


Unicode Version

လျှပ်စစ်မီးများ အချိန်ကြာမြင့်စွာပျက်နေ၍ YBS ယာဉ်လိုင်းများ CNG လွယ်ကူစွာထည့်သွင်းနိုင်ရန်အတွက် CNG ဆိုင်များကိုအချိန်တိုးကာ ၂၄ နာရီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မော်တော်ယာဉ်သုံးသဘာဝဓါတ်ငွေ့ရောင်းချရေးဌာနမှ သိရသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်သုံးသဘာဝဓတ်ငွေ့ CNG အရောင်းဆိုင် ၃၁ ဆိုင်ရှိရာတွင်  နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ ရောင်းချပေးနေသော CNG အရောင်းဆိုင် ၁၁ ဆိုင်နှင့် ၂၄ နာရီရောင်းချပေးနေသော CNG အရောင်းဆိုင် ၂၀ ဆိုင်တို့ကို အချိန် ၂ ဆိုင်းခွဲပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

“အခုတစ်လော မီးပျက်တာများနေတဲ့အတွက် YBS ကားတွေ CNG ထည့်သွင်းရတာအဆင်ပြေအောင်လို့ ၂၄ နာရီမရောင်းတဲ့ဆိုင်တွေကို ၂၄ နာရီရောင်းချပေးသွားမယ်။ အရင်ကလည်းမီးမလာရင် မီးစက်နှိုးပြီးရောင်းပေးတာတော့ရှိပါတယ်။ မီးစက်နဲ့ဆိုရင် loading ရဖို့တော့ခဏစောင့်ရတာပေါ့။ အခုလကစပြီး ၁၆ နာရီရောင်းပေးနေတဲ့ CNG ဆိုင်တွေကို ၂၄ နာရီအထိ ဖွင့်ပေးထားမှာပါ။” ဟု စွမ်းအင်ဝန်ကြီးဌာန မော်တော်ယာဉ်သုံးသဘာဝဓါတ်ငွေ့ရောင်းချရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း သဘာဝဓါတ်ငွေ့အသုံးပြုသောခရီးသည်တင် YBS ယာဉ်များနှင့် တက္ကစီကားများအနေဖြင့် ဓါတ်ငွေ့ထည့်သွင်းရာတွင် အခြားနေရာများသို့ နေရာခွဲ၍ CNG ဖြည့်တင်းပေးရန်လည်းလိုအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကစီအစီးရေ ၁ သောင်း ၆ ထောင်ကျော်နှင့် YBS ကားအစီးရေ ၄,၀၀၀ နီးပါးကို သဘာဝဓါတ်ငွေ့ CNG ကုဗပေ ၂၁ သန်းခန့် နေ့စဉ်ရာင်းချပေးနေရကြောင်း သိရသည်။

Latest News

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန္စာတုံးေတြမ်ိဳးဆက္ေျပာင္းပါျပီ။ ဆ႒မေျမာက္ မ်ိဳးဆက္မွာေတာ့ Toyota ရဲ့ HIACE အသစ္ဟာ အရင္ ပုံေဟာင္းရဲ့...

Read more »

E-payment system ကို ပထမဦးစားေပး...

Zawgyi Version YRTA ဟာလာမယ့္ ၂၀၁၉-၂၀၂၀ ဘ႑ႏွစ္မွာ E-payment system ကို ပထမဦးစားေပးအေနနဲ႕ အျမန္ဆံုးအေကာင္အထည္ေဖာ္မွာျဖစ္ျပီး...

Read more »

YBS ယာဥ္ေမာင္းသူမ်ား...

Zawgyi Version ရန္​ကုန္​ၿမိဳ႕တြင္​ ​စည္းကမ္းမဲ့ေမာင္းႏွင္သည္​့ YBS ယာဥ္​​ေမာင္​းမ်ားကို ထိန္​းခ်ဳပ္​ႏိုင္​ရန္​ နည္​းပညာအသံုးျပဳထား​ေသာ...

Read more »