Elantra ကိုစမ္းသပ္ေမာင္းႏွင္ၾကည့္ရေအာင္

Hyundai Elantra ဟာ ေတာင္ကိုရီးယားႏိုင္ငံ့ဂုဏ္ေဆာင္ ကမာၻ႕ပဥၥမအႀကီးဆံုး ကားထုတ္လုပ္ေရးလုပ္ငန္းျဖစ္တဲ့ Hyundai ရဲ့ လူႀကိဳက္မ်ားတဲ့ အလတ္စားအိမ္စီးကားေမာ္ဒယ္တစ္ခုျဖစ္ပါတယ္။ ႏိုင္ငံတကာမွာ Elantra ေမာ္ဒယ္ရဲ့ေအာင္ျမင္မႈကို အေကာင္းဆံုးသက္ေသျပႏုိင္တာကေတာ့ သူရဲ့စံခ်ိန္တင္ေရာင္းအားပါ။ Elantra ကို အစီးေရ (၁၀) သန္းေက်ာ္စံခ်ိန္တင္ ေရာင္းခ်ထားၿပီးျဖစ္ၿပီး ဒီစံခ်ိန္ျပည့္မီတဲ့ကားအမ်ိဳးအစားဟာ ကမာၻေပၚမွာစုစုေပါင္း (၁၀) မ်ိဳးေလာက္သာရွိပါတယ္။ Elantra ဘာေၾကာင့္ဒီလုိ လူႀကိဳက္မ်ားေနရသလဲဆိုတာ ကိုယ္တိုင္ကိုယ္က်သိႏိုင္ဖုိ႔ တရား၀င္ကုိယ္စားလွယ္အျဖစ္တင္သြင္းေရာင္းခ်ေနတဲ့ Hyundai Showroom မွာ ဘယ္သူမဆိုစမ္းသပ္ေမာင္းႏွင္ၾကည့္ႏုိင္ၿပီး မေမာင္းႏွင္ရေသးတဲ့သူမ်ားအဖုိ႔လည္း ဒီေဆာင္းပါးကေန တစ္ဆင့္ အျမည္းအျဖစ္ ေျပာျပလုိက္ပါရေစ။

ELANTRA_SUB_05_2012_2ND-500x320

 

မိသားစုစီး အလတ္စား Saloon ကားအမ်ိဳးအစားျဖစ္တဲ့ Elantra နဲ႔ပတ္သက္ၿပီး မသိမျဖစ္အခ်က္အလက္ေတြကေတာ့

အင္ဂ်င္ပါ၀ါ           - ၁.၆ စီစီ

အင္ဂ်င္အမ်ိဳးအစား  - Gamma 1.6 MPI ဓါတ္ဆီအင္ဂ်င္

ဂီယာအမ်ိဳးအစား    - ေအာ္တိုဂီယာေျခာက္ခ်က္

စစဆံုးကားကိုေသာ့ဖြင့္တဲ့အခါမွာ အရမ္းအဆင္ေျပေစတဲ့အခ်က္ကေတာ့ Smart Key ကုိ ကိုယ္နဲ႔အတူယူလာတယ္ဆိုရင္ ေသာ့ထုတ္စရာမလုိပဲ ကားတံခါးလက္ကိုင္ေပၚကခလုတ္ကိုႏွိပ္ဖြင့္ရံုနဲ႔ တံခါးပြင့္သြားေစတဲ့အခ်က္ပါ။ တံခါးဖြင့္၀င္ထိုင္လိုက္တဲ့အခါမွာ လူေလးေယာက္ ေခ်ာင္ေခ်ာင္ခ်ိခ်ိစီးနင္းႏိုင္တာကို ေတြ႕ရၿပီး ေနာက္ဖံုးပစၥည္းထည့္တဲ့ေနရာကိုဖြင့္ၾကည့္တဲ့အခါမွာလည္း မိသားစုသံုးပစၥည္းေတြေတာ္ေတာ္မ်ားမ်ားကို ထည့္ႏုိင္မယ့္အေနအထားမွာရွိပါတယ္ဆိုတာ ေတြ႕ရပါတယ္။ Push Start စနစ္ကိုသံုးထားၿပီး အင္ဂ်င္စက္ႏႈိးလုိက္တယ္ဆိုရင္ပဲ စက္သံညက္ညက္ေညာေညာနဲ႔ ေမာင္းႏွင္ဖုိ႔အသင့္ျဖစ္ေနပါၿပီ။ အတြင္းခန္းကို နည္းနည္းေလ့လာၾကည့္မယ္ဆိုရင္ စိတ္တိုင္းက်ျဖစ္ေစမယ့္ အရည္အေသြးေတြေတြ႕ႏိုင္ပါတယ္။ Aircon က Dual Aircon စနစ္ျဖစ္လုိ႔ ဒရိုင္ဘာနဲ႔ေဘးကခရီးသည္အတြက္ မတူညီတဲ့ဘယ္ညာအပူခ်ိန္ႏွစ္မ်ိဳးနဲ႔ဖြင့္ႏိုင္ပါတယ္။ မေမာင္းႏွင္ခင္ စိတ္ႀကိဳက္သီခ်င္းဖြင့္ နားေထာင္ခ်င္တယ္ဆိုရင္ ကိုယ့္ရဲ့ဖုန္းနဲ႔ Bluetooth ကေနအလြယ္တကူခ်ိတ္ဆက္ၿပီး ဖုန္းထဲကသီခ်င္းေတြဖြင့္ႏိုင္ပါတယ္။ ဖုန္းအားသြင္းႏုိင္တဲ့ USB ေပါက္လဲပါ၀င္ပါတယ္။ ေရဒီယို၊ သီခ်င္း စတာေတြဖြင့္ဖို႔ခလုတ္ေတြ၊ Bluetooth ကေန Handsfree ဖုန္းေျပာႏိုင္ေစတဲ့ ဖုန္းေခၚ၊ ဖုန္းခ်ခလုတ္ေတြလဲ ကားစတီယာရင္ေပၚမွာ အားလံုးပါရွိၿပီးသားျဖစ္ပါတယ္။ ကားထဲကေနာက္ၾကည့္မွန္က ညဘက္ေနာက္ကားေတြမီးထိုးတဲ့အခါ မ်က္စိမစူးေစဖုိ႔ အလင္းေရာင္ကို ေလွ်ာ့ခ်ေပးႏိုင္တယ္လုိ႔သိရၿပီး ၀ိုက္ပါေတြကလည္း မိုးရြာတဲ့အခ်ိန္မွာ မိုးသည္းမသည္းေပၚမူတည္ၿပီး ၀ိုက္ပါအျမန္ႏႈန္းကို အလိုအေလ်ာက္ေျပာင္းလဲေပးတယ္လုိ႔ သိရပါတယ္။

ကားစတင္ေမာင္းထြက္တဲ့အခါမွာ ဂီယာအေျပာင္းအေရႊ႕ညက္ေညာတာ သတိျပဳမိႏိုင္ပါတယ္။ ေအာ္တိုဂီယာေပမယ့္ Manual ဂီယာလုိမ်ိဳးလဲ ကိုယ္တိုင္ ဂီယာအတင္အခ်လုပ္ခ်င္တယ္ဆိုရင္ ဂီယာတံကိုေရွ႕ေနာက္ထိုးၿပီး ဂီယာအတင္ခ်လုပ္လုိ႔ရပါတယ္။ ဆီစားသက္သာေစဖုိ႔ Eco Mode ကိုဖြင့္ထားၿပီးေမာင္းႏွင္ႏိုင္ၿပီး ပံုမွန္ထက္ ၂၀% ေလာက္ဆီစားသက္သာေစတယ္လုိ႔သိရပါတယ္။ ဂ်ပန္ကားေတြနဲ႔ လံုး၀မတူတဲ့အခ်က္ကေတာ့ ဘယ္ေမာင္းျဖစ္ေနတာပါပဲ။ ဘယ္ေမာင္းေမာင္းေနက်မဟုတ္တဲ့သူအတြက္ေတာ့ အနည္းငယ္စိမ္းေနႏိုင္ေပမယ့္ လက္ယာကပ္ေမာင္းစနစ္ကိုက်င့္သံုးတဲ့ ျမန္မာႏိုင္ငံမွာေတာ့ ပိုလည္းအဆင္ေျပေစၿပီး လံုၿခံဳေရးကိုလည္းပိုအေထာက္အကူျဖစ္ေစတဲ့ အခ်က္လုိ႔ေျပာႏုိင္ပါတယ္။ ကားကလမ္းအနည္းငယ္ၾကမ္းတဲ့ေနရာမ်ိဳးမွာေတာင္ ခပ္ၿငိမ္ၿငိမ္ေမာင္းႏွင္သြားႏိုင္ၿပီး စတီယာရင္ကလည္း ေတာ္ေတာ္ၿငိမ္ပါတယ္။ အရွိန္နည္းနည္းတင္ၿပီး ေကြ႕ၾကည့္တဲ့အခါမ်ိဳးမွာ ကားကသြားခ်င္တဲ့ဦးတည္ခ်က္ကို သက္ေတာင့္သက္သာနဲ႔ေကြ႕၀ိုက္သြားႏိုင္ၿပီး ဒီလုိအဆင္ေျပေနတာက ကားရဲ့လံုၿခံဳေရးစနစ္တစ္ခု ျဖစ္တဲ့ Electronic Stability Control (ESC) စနစ္ေၾကာင့္လုိ႔သိရပါတယ္။ ESC ဆိုတာက ကားရဲ့လားရာနဲ႔တာယာကုပ္အားကို ေစာင့္ၾကည့္ၿပီး လိုအပ္ရင္ ကားရဲ့ဘီးတစ္ခုစီကို ဘရိတ္ဖမ္းၿပီး လမ္းေခ်ာ္မသြားဖုိ႔ထိန္းခ်ဳပ္ေပးတဲ့စနစ္တစ္မ်ိဳးပါ။ တစ္ခုရွိတာကေတာ့ အရွိန္နဲ႔ေကြ႕တဲ့အခါမ်ိဳးေတြမွာ စတီယာရင္ၿငိမ္ေနေအာင္ ေအာက္ပုိင္းဆိုင္းထိန္း (Suspension) ေတြကုိ အထူးစီစဥ္တည္ေဆာက္ ထားတဲ့အတြက္ ကားစတီယာရင္ကေတာ့ အနည္းငယ္ေလးေနမွာျဖစ္ပါတယ္။ တျခားလံုၿခံဳေရးစနစ္အေနနဲ႔ ေလအိတ္ေတြအျပင္ Anti-Lock ဘရိတ္စနစ္စတာေတြ ပါ၀င္တယ္။

ကားကိုစိတ္ႀကိဳက္ေမာင္းႏွင္ၿပီး ပါကင္ျပန္ထိုးတဲ့အခါမွာ ကားေနာက္က ပါကင္အာရံုခံကိရိယာေတြနဲ႔ ကင္မရာကေတာ္ေတာ္ အေထာက္အကူျဖစ္ေစပါတယ္။ ကင္မရာကေနတစ္ဆင့္ ကားေနာက္ပိုင္းကို ျမင္ႏိုင္သလုိ အာရံုခံကိရိယာေတြကလည္း ကားေနာက္ဆုတ္မယ့္ လမ္းမွာတစ္ခုခုရွိေနရင္ အသံျပဳသတိေပးပါတယ္။ အားလံုးကိုၿခံဳၿပီးေျပာရမယ္ဆိုရင္ေတာ့ ပိုက္ဆံအမ်ားႀကီး အကုန္မခံခ်င္ပဲ အရည္အေသြးေကာင္းတဲ့ Brand New အိမ္စီး Saloon ကားတစ္စီးကို၀ယ္ခ်င္တဲ့ သူေတြအတြက္ေတာ့ သင့္ေတာ္တဲ့ကားမ်ိဳးျဖစ္ေၾကာင္း ေျပာျပလုိပါတယ္။

ဒီ Brand New Elantra ကို ရန္ကုန္ၿမိဳ႕၊ သမိုင္းလမ္းဆံုက Hyundai Showroom မွာ ယာဥ္ေမာင္းလုိင္စင္ရွိတဲ့ မည္သူမဆို စမ္းသပ္ေမာင္းႏွင္ႏိုင္ပါတယ္။ ေစ်းႏႈန္းကေတာ့ က်ပ္ ၂၉၉ သိန္းကေန ၃၄၃ သိန္းၾကားျဖစ္ၿပီး အရစ္က်၀ယ္ရင္အတိုးလံုး၀မေပးရပဲ လက္ငင္း၀ယ္ရင္လည္း အထူးေလွ်ာ့ေစ်းခံစားႏုိင္မယ့္ ပရိုမိုးရွင္းရွိတယ္လုိ႔သိရပါတယ္။ ကားကို ငွားရမ္းအသံုးျပဳခ်င္တယ္ဆိုရင္လည္း ေစ်းႏႈန္းသက္သက္သာသာနဲ႔ ႏွစ္အလိုက္ငွားရမ္းႏိုင္ပါေသးတယ္။ Hyundai Elantra ကို မိမိကိုယ္တုိင္ ေမာင္းႏွင္လုိတဲ့ ေန႔ရက္နဲ႔အခ်ိန္ကို ႀကိဳတင္စာရင္းေပးထားခ်င္တာပဲျဖစ္ျဖစ္၊ အေသးစိတ္ကိုသိခ်င္ရင္ပဲျဖစ္ျဖစ္ Test Drive ဖုန္းနံပါတ္ ၀၉-၂၅၂ ၁၈ ၃၁၁၃ ကိုေခၚဆိုႏိုင္ေၾကာင္း အသိေပးလုိက္ပါရေစ။

www.myanmarcarsdb.com

No. 1 Car Site in Myanmar

 

Elantra-500x225 Elantra_6_speed_automatic_transmission_2013_1st-458x500Elantra_Interior-500x244



Unicode Version

Hyundai Elantra ဟာ တောင်ကိုရီးယားနိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာ့ပဥ္စမအကြီးဆုံး ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Hyundai ရဲ့ လူကြိုက်များတဲ့ အလတ်စားအိမ်စီးကားမော်ဒယ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာမှာ Elantra မော်ဒယ်ရဲ့အောင်မြင်မှုကို အကောင်းဆုံးသက်သေပြနိုင်တာကတော့ သူရဲ့စံချိန်တင်ရောင်းအားပါ။ Elantra ကို အစီးရေ (၁ဝ) သန်းကျော်စံချိန်တင် ရောင်းချထားပြီးဖြစ်ပြီး ဒီစံချိန်ပြည့်မီတဲ့ကားအမျိုးအစားဟာ ကမ္ဘာပေါ်မှာစုစုပေါင်း (၁ဝ) မျိုးလောက်သာရှိပါတယ်။ Elantra ဘာကြောင့်ဒီလို လူကြိုက်များနေရသလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျသိနိုင်ဖို့ တရားဝင်ကိုယ်စားလှယ်အဖြစ်တင်သွင်းရောင်းချနေတဲ့ Hyundai Showroom မှာ ဘယ်သူမဆိုစမ်းသပ်မောင်းနှင်ကြည့်နိုင်ပြီး မမောင်းနှင်ရသေးတဲ့သူများအဖို့လည်း ဒီဆောင်းပါးကနေ တစ်ဆင့် အမြည်းအဖြစ် ပြောပြလိုက်ပါရစေ။

ELANTRA_SUB_05_2012_2ND-500x320

 

မိသားစုစီး အလတ်စား Saloon ကားအမျိုးအစားဖြစ်တဲ့ Elantra နဲ့ပတ်သက်ပြီး မသိမဖြစ်အချက်အလက်တွေကတော့

အင်ဂျင်ပါဝါ           - ၁.၆ စီစီ

အင်ဂျင်အမျိုးအစား  - Gamma 1.6 MPI ဓါတ်ဆီအင်ဂျင်

ဂီယာအမျိုးအစား    - အော်တိုဂီယာခြောက်ချက်

စစဆုံးကားကိုသော့ဖွင့်တဲ့အခါမှာ အရမ်းအဆင်ပြေစေတဲ့အချက်ကတော့ Smart Key ကို ကိုယ်နဲ့အတူယူလာတယ်ဆိုရင် သော့ထုတ်စရာမလိုပဲ ကားတံခါးလက်ကိုင်ပေါ်ကခလုတ်ကိုနှိပ်ဖွင့်ရုံနဲ့ တံခါးပွင့်သွားစေတဲ့အချက်ပါ။ တံခါးဖွင့်ဝင်ထိုင်လိုက်တဲ့အခါမှာ လူလေးယောက် ချောင်ချောင်ချိချိစီးနင်းနိုင်တာကို တွေ့ရပြီး နောက်ဖုံးပစ္စည်းထည့်တဲ့နေရာကိုဖွင့်ကြည့်တဲ့အခါမှာလည်း မိသားစုသုံးပစ္စည်းတွေတော်တော်များများကို ထည့်နိုင်မယ့်အနေအထားမှာရှိပါတယ်ဆိုတာ တွေ့ရပါတယ်။ Push Start စနစ်ကိုသုံးထားပြီး အင်ဂျင်စက်နှိုးလိုက်တယ်ဆိုရင်ပဲ စက်သံညက်ညက်ညောညောနဲ့ မောင်းနှင်ဖို့အသင့်ဖြစ်နေပါပြီ။ အတွင်းခန်းကို နည်းနည်းလေ့လာကြည့်မယ်ဆိုရင် စိတ်တိုင်းကျဖြစ်စေမယ့် အရည်အသွေးတွေတွေ့နိုင်ပါတယ်။ Aircon က Dual Aircon စနစ်ဖြစ်လို့ ဒရိုင်ဘာနဲ့ဘေးကခရီးသည်အတွက် မတူညီတဲ့ဘယ်ညာအပူချိန်နှစ်မျိုးနဲ့ဖွင့်နိုင်ပါတယ်။ မမောင်းနှင်ခင် စိတ်ကြိုက်သီချင်းဖွင့် နားထောင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းနဲ့ Bluetooth ကနေအလွယ်တကူချိတ်ဆက်ပြီး ဖုန်းထဲကသီချင်းတွေဖွင့်နိုင်ပါတယ်။ ဖုန်းအားသွင်းနိုင်တဲ့ USB ပေါက်လဲပါဝင်ပါတယ်။ ရေဒီယို၊ သီချင်း စတာတွေဖွင့်ဖို့ခလုတ်တွေ၊ Bluetooth ကနေ Handsfree ဖုန်းပြောနိုင်စေတဲ့ ဖုန်းခေါ်၊ ဖုန်းချခလုတ်တွေလဲ ကားစတီယာရင်ပေါ်မှာ အားလုံးပါရှိပြီးသားဖြစ်ပါတယ်။ ကားထဲကနောက်ကြည့်မှန်က ညဘက်နောက်ကားတွေမီးထိုးတဲ့အခါ မျက်စိမစူးစေဖို့ အလင်းရောင်ကို လျှော့ချပေးနိုင်တယ်လို့သိရပြီး ဝိုက်ပါတွေကလည်း မိုးရွာတဲ့အချိန်မှာ မိုးသည်းမသည်းပေါ်မူတည်ပြီး ဝိုက်ပါအမြန်နှုန်းကို အလိုအလျောက်ပြောင်းလဲပေးတယ်လို့ သိရပါတယ်။

ကားစတင်မောင်းထွက်တဲ့အခါမှာ ဂီယာအပြောင်းအရွှေ့ညက်ညောတာ သတိပြုမိနိုင်ပါတယ်။ အော်တိုဂီယာပေမယ့် Manual ဂီယာလိုမျိုးလဲ ကိုယ်တိုင် ဂီယာအတင်အချလုပ်ချင်တယ်ဆိုရင် ဂီယာတံကိုရှေ့နောက်ထိုးပြီး ဂီယာအတင်ချလုပ်လို့ရပါတယ်။ ဆီစားသက်သာစေဖို့ Eco Mode ကိုဖွင့်ထားပြီးမောင်းနှင်နိုင်ပြီး ပုံမှန်ထက် ၂ဝ% လောက်ဆီစားသက်သာစေတယ်လို့သိရပါတယ်။ ဂျပန်ကားတွေနဲ့ လုံးဝမတူတဲ့အချက်ကတော့ ဘယ်မောင်းဖြစ်နေတာပါပဲ။ ဘယ်မောင်းမောင်းနေကျမဟုတ်တဲ့သူအတွက်တော့ အနည်းငယ်စိမ်းနေနိုင်ပေမယ့် လက်ယာကပ်မောင်းစနစ်ကိုကျင့်သုံးတဲ့ မြန်မာနိုင်ငံမှာတော့ ပိုလည်းအဆင်ပြေစေပြီး လုံခြုံရေးကိုလည်းပိုအထောက်အကူဖြစ်စေတဲ့ အချက်လို့ပြောနိုင်ပါတယ်။ ကားကလမ်းအနည်းငယ်ကြမ်းတဲ့နေရာမျိုးမှာတောင် ခပ်ငြိမ်ငြိမ်မောင်းနှင်သွားနိုင်ပြီး စတီယာရင်ကလည်း တော်တော်ငြိမ်ပါတယ်။ အရှိန်နည်းနည်းတင်ပြီး ကွေ့ကြည့်တဲ့အခါမျိုးမှာ ကားကသွားချင်တဲ့ဦးတည်ချက်ကို သက်တောင့်သက်သာနဲ့ကွေ့ဝိုက်သွားနိုင်ပြီး ဒီလိုအဆင်ပြေနေတာက ကားရဲ့လုံခြုံရေးစနစ်တစ်ခု ဖြစ်တဲ့ Electronic Stability Control (ESC) စနစ်ကြောင့်လို့သိရပါတယ်။ ESC ဆိုတာက ကားရဲ့လားရာနဲ့တာယာကုပ်အားကို စောင့်ကြည့်ပြီး လိုအပ်ရင် ကားရဲ့ဘီးတစ်ခုစီကို ဘရိတ်ဖမ်းပြီး လမ်းချော်မသွားဖို့ထိန်းချုပ်ပေးတဲ့စနစ်တစ်မျိုးပါ။ တစ်ခုရှိတာကတော့ အရှိန်နဲ့ကွေ့တဲ့အခါမျိုးတွေမှာ စတီယာရင်ငြိမ်နေအောင် အောက်ပိုင်းဆိုင်းထိန်း (Suspension) တွေကို အထူးစီစဉ်တည်ဆောက် ထားတဲ့အတွက် ကားစတီယာရင်ကတော့ အနည်းငယ်လေးနေမှာဖြစ်ပါတယ်။ တခြားလုံခြုံရေးစနစ်အနေနဲ့ လေအိတ်တွေအပြင် Anti-Lock ဘရိတ်စနစ်စတာတွေ ပါဝင်တယ်။

ကားကိုစိတ်ကြိုက်မောင်းနှင်ပြီး ပါကင်ပြန်ထိုးတဲ့အခါမှာ ကားနောက်က ပါကင်အာရုံခံကိရိယာတွေနဲ့ ကင်မရာကတော်တော် အထောက်အကူဖြစ်စေပါတယ်။ ကင်မရာကနေတစ်ဆင့် ကားနောက်ပိုင်းကို မြင်နိုင်သလို အာရုံခံကိရိယာတွေကလည်း ကားနောက်ဆုတ်မယ့် လမ်းမှာတစ်ခုခုရှိနေရင် အသံပြုသတိပေးပါတယ်။ အားလုံးကိုခြုံပြီးပြောရမယ်ဆိုရင်တော့ ပိုက်ဆံအများကြီး အကုန်မခံချင်ပဲ အရည်အသွေးကောင်းတဲ့ Brand New အိမ်စီး Saloon ကားတစ်စီးကိုဝယ်ချင်တဲ့ သူတွေအတွက်တော့ သင့်တော်တဲ့ကားမျိုးဖြစ်ကြောင်း ပြောပြလိုပါတယ်။

ဒီ Brand New Elantra ကို ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံက Hyundai Showroom မှာ ယာဉ်မောင်းလိုင်စင်ရှိတဲ့ မည်သူမဆို စမ်းသပ်မောင်းနှင်နိုင်ပါတယ်။ စျေးနှုန်းကတော့ ကျပ် ၂၉၉ သိန်းကနေ ၃၄၃ သိန်းကြားဖြစ်ပြီး အရစ်ကျဝယ်ရင်အတိုးလုံးဝမပေးရပဲ လက်ငင်းဝယ်ရင်လည်း အထူးလျှော့စျေးခံစားနိုင်မယ့် ပရိုမိုးရှင်းရှိတယ်လို့သိရပါတယ်။ ကားကို ငှားရမ်းအသုံးပြုချင်တယ်ဆိုရင်လည်း စျေးနှုန်းသက်သက်သာသာနဲ့ နှစ်အလိုက်ငှားရမ်းနိုင်ပါသေးတယ်။ Hyundai Elantra ကို မိမိကိုယ်တိုင် မောင်းနှင်လိုတဲ့ နေ့ရက်နဲ့အချိန်ကို ကြိုတင်စာရင်းပေးထားချင်တာပဲဖြစ်ဖြစ်၊ အသေးစိတ်ကိုသိချင်ရင်ပဲဖြစ်ဖြစ် Test Drive ဖုန်းနံပါတ် ဝ၉-၂၅၂ ၁၈ ၃၁၁၃ ကိုခေါ်ဆိုနိုင်ကြောင်း အသိပေးလိုက်ပါရစေ။

www.myanmarcarsdb.com

No. 1 Car Site in Myanmar

 

Elantra-500x225 Elantra_6_speed_automatic_transmission_2013_1st-458x500Elantra_Interior-500x244

Latest News

ေမာ္ေတာ္ယာဥ္ Online Booking System...

Img298 150x150

Zawgyi Version ေမာ္ေတာ္ယာဥ္ Online Booking System က်င့္သံုးျခင္း ယာဥ္ပိုင္ရွင္းမ်ားသို႔ အသိေပးျပီး Booking System အသံုးျပဳပံုမ်ားအား...

Read more »

နယ္​စပ္​ကေန ထိုင္​းႏိုင္​ငံထုတ္​...

Accessories maaaa 150x150

Photo Credit Zawgyi Version ျမဝတီနယ္​စပ္​က ထိုင္​းႏိုင္​ငံထုတ္​ ကားမ်ားကိုသာ တင္​သြင္​းရန္​ သတ္​မွတ္​မည္​ျဖစ္​​ေသာ္​လည္​း ကားအပိုပစၥည္​း​...

Read more »

ျမန္မာႏုုိင္ငံႏွင့္ ကိုုက္ညီမႈရွိေသာ Mitsubishi...

18 asx ad gexp h 6 150x150

Zawgyi Version Mitsubishi က ျမန္မာႏုုိင္ငံႏွင့္ ကိုုက္ညီမႈရွိေသာ ၎၏ ASX အမည္ရွိ SUV အမ်ိဳးအစားကားကိုု မၾကာ ခင္က...

Read more »

4 Doors Double Cab ကားမ်ား ၂၀၀၇ မိုဒယ္​ကိုု...

Cccc 150x150

Zawgyi Version ျပည္​ပမွ တင္​သြင္​းလာသည္​့ 4 Doors Double Cab ကားမ်ားကိုု ၂၀၀၇ မိုဒယ္​မွစ၍ လုပ္​ငန္​းသံုး Pick Up ယာဥ္​အျဖစ္​ စတင္​၍ ပါမစ္...

Read more »

city taxi မွတ္​ပံုတင္လာ​​မလုပ္​ေသာကားမ်ားႏွင့္...

Img 2414 150x150

Zawgyi Version ရန္​ကုန္​ၿမိဳ႕တြင္​း​ေမာင္​းႏွင္​​ေနေသာ city taxi မွတ္​ပံုတင္​မျပဳလုပ္​​ေသာ ကားမ်ားႏွင့္ နယ္​​ေက်ာ္​ တကၠစီမ်ားကိုု...

Read more »