iPay စနစ် အရှုံးပေါ် ခြင်းကြောင့် e-ticket လက်မှတ်ဖြတ်စနစ်ကျင့်သုံးရန် အစီအစဉ်မရှိသေးဟု ပါရမီယာဉ်လိုင်းမှဆို


eTicket_small_web_04



Ref: Automobile


Unicode Version

မြို့တွင်းခရီးသည်တင် ပါရမီယာဉ် လိုင်းများ၌ လက်ရှိ အသုံးပြုလျက် ရှိသည့် ငွေအကြွေအစားထိုး iPay စနစ်မှာ ခရီးသည် အသုံးပြုမှု နည်းပါးခြင်းကြောင့် အရှုံးပေါ် လျက်ရှိနေပြီး ယင်းကြောင့် e-ticket စနစ် ကျင့်သုံးရန် အစီအစဉ်မရှိသေးကြောင်း ‘ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမီတက်’မှ သတင်းရရှိသည်။

eTicket_small_web_04

ခရီးသည်တင် ယာဉ်လိုင်းများ၌ ယာဉ်အကူမလိုဘဲ အလိုအလျောက်စက်ဖြင့် လက်မှတ်ဖြတ်ပေးသည့် Electronic လက်မှတ်ဖြတ် e-ticket စနစ် ကျင့်သုံးရန်စီစဉ် လျက်ရှိပြီး မထသလက်အောက်ရှိ ယာဉ်လိုင်းများ၌ e-ticket စနစ် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ “iPay တုန်းကလည်း ယာဉ်လိုင်းတွေမှာ တပ်ဆင်အသုံး ပြုခဲ့တယ်၊ ဒါပေမဲ့ ခရီးသည်တွေက သိပ်မသုံးကြဘူး၊ အဆင်မပြေတာကြောင့်ရော၊ ယာဉ်အကူ စပယ်ယာတွေရဲ့ စည်းကမ်းမရှိမှုတွေကြောင့်ရောပေါ့၊ ဒါပေမဲ့ အခု နာမည်ကြီးနေတဲ့ e-ticket ကို သုံးဖို့ အစီအစဉ်မရှိသေးဘူး၊ တခြား ယာဉ်လိုင်းတွေမှာ သုံးလို့အဆင်ပြေတယ် ကြားရင်တော့ စဉ်းစားဖြစ်မှာပါ”ဟု ဗန္ဓုလသယ်ယူပို့ ဆောင်ရေး ကုမ္ပဏီလီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ e-ticket စနစ်သည် စက်တွင် လက်မှတ်ကပ်ရုံဖြင့် မော်တော်ယာဉ် စီးနင်းနိုင်သောကြောင့် လက်ရှိဖြစ်ပေါ် နေသော ငွေအကြွေရှားပါးမှု အပြင် စပယ်ယာနှင့် ခရီးသည်အကြား အချင်းများမှုကိုလည်း ရှောင်ရှားနိုင်ကြောင်း၊ ယခုအခါ e-ticket စနစ်ကို မထသ လက်အောက်ရှိ ယာဉ်လိုင်းများတွင် တပ်ဆင်အသုံး ပြုမည်ဖြစ်ကြောင်း ဗဟိုကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။


Ref: Automobile

Latest News

Without ကားများကို RFID စနစ်​အသုံးပြု၍...

Latest news1 13 150x150

Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကို...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...

Read more »

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »