fb-pageview-tracker
သင္သတိမျပဳမိပါက သင္ႏွင့္သင့္ကားကုိ အႏၱရာယ္ေပးႏုိင္ေသာ ကားေအာက္ပုိင္းေရာဂါလကၡဏာမ်ား


Zawgyi Version

ကားရဲ့အၾကီးမားဆံုးျပႆနာရယ္လုိ႕ဆုိလုိက္ရင္ ေတာ္ေတာ္မ်ားမ်ားက အင္ဂ်င္ပုိင္းဆုိင္ရာ ဂီယာပုိင္းဆုိင္ရာျပႆနာေတြကုိ ေျပးျမင္တတ္ၾကပါတယ္။ တကယ္ေတာ့ အင္ဂ်င္ေရာဂါပုိင္းဆုိင္ရာေတြက ေျဖရွင္းရခက္ခဲျပီး ေငြကုန္ေၾကးက်မ်ားတဲ့ ေရာဂါေတြျဖစ္ေပမယ့့္ သင့္ကားနဲ႕ သင့္ရဲ့ အသက္အႏၱရာယ္အထိအၾကီးမားဆံုး ဒုကၡေပးႏုိင္တာကေတာ့ suspension ပုိင္းလုိ႕ေခၚတဲ့ သင့္ကားေအာက္ပိုင္းေရာဂါေတြပါ။

ဥပမာေျပာရရင္ 
အေဝးေျပးလမ္းေၾကာင္းခရီးသြားဖုိ႕ရွိတယ္၊ ဒါမွမဟုတ္ ကားကုိ မုိင္ႏႈန္းျမင့္ေမာင္းေတာ့မယ္ဆုိ ကားေအာက္ပုိင္းေတြကုိ အဓိက စစ္ေဆးၾကရပါတယ္။ ဘာေၾကာင့္လဲဆုိရင္ အရွိန္ျပင္းျပင္းနဲ႕ ေမာင္းနွင္ေနတဲ့ကားတစီးဟာ အင္ဂ်င္ပုိင္းဆုိင္ရာ ခ်ိဳ႕ယြင္းမႈေၾကာင့္ ရုတ္တရက္စက္ထုိးရပ္သြားရင္ သင္ခရီးလမ္းမွာစိတ္အေနွာင့္အယွက္ျဖစ္မယ္၊ ယုတ္စြအဆံုးအင္ဂ်င္တစ္လံုးလဲလုိက္ရတာကလြဲလုိ႕ က်န္တာမျဖစ္ႏုိင္ပါ။ ဒါေပမယ့္ ကားေအာက္ပုိင္း 
suspension ပုိင္းက ပစၥည္းေတြပ်က္ေနတာသတိမျပဳမိလုိ႕ ကားေမာင္းေနတုန္း ျပဳတ္ထြက္သြားမယ္၊ က်ိဳးပဲ့သြားမယ္ဆုိရင္ သင့္ကားေမွာက္သြားႏုိင္ျပီး သင့္အသက္အႏၱရာယ္အထိ ထိခုိက္လာႏုိင္ဖြယ္ေတြရွိေနလို႕ပါ။

ဒါေၾကာင့္ သင္နဲ႕သင့္ကားရဲ့ လံုျခံဳစိတ္ခ်ရမႈ safety အတြက္ သင္ကုိယ္တုိင္ သတိျပဳႏုိင္တဲ့့ ကားေအာက္ပုိင္းေရာဂါလကၡဏာေတြကုိ အက်ဥ္းခ်ဳပ္တင္ျပေပးပါ့မယ္။

ကားေအာက္ပုိင္း (suspension) ကုိအဓိကအားျဖင့္ ေအာက္ပါပစၥည္းေတြနဲ႕ဖြဲ႕စည္းထားပါတယ္။
(Tie rod) တုိင္းေရာ့
၊ (tie rod end or rack end) မိန္းလံုး၊ 
(ball joint) ေဘာလ္ဂြ်ိဳင့္
၊ (constant velocity -CV Joint) ဒူးဆစ္၊ 
(stabilizer bar) ႏႈတ္ခမ္းေမႊးလုိင္း၊ 
(shock absorber) ေရွာ့ခ္ဘား၊ 
(upper arm) အေပၚလက္ဝါး၊ 
(lower arm) ေအာက္လက္ဝါး၊ 
(coil spring ) ကြိဳင္စပရင္၊ 
(rubber bushing ) ရာဘာဘြတ္၊ 
(bellows ) သဲကာ အစရွိတဲ့အေျခခံပစၥည္းေတြနဲ႕ဖြဲ႕စည္းထားျပီး ကားအမ်ိဳးအစား ေမာ္ဒယ္အမ်ိဳးအစား ထုတ္လုပ္တဲ့ကုမၸဏီေပၚမူတည္ျပီး ေအာက္ပုိင္းပစၥည္းအစိတ္အပုိင္းေတြအမ်ားၾကီးထပ္ေဆာင္း ပါဝင္တာမ်ိဳး ရွိပါေသးတယ္။ အဲ့ဒီပစၥည္းေတြနဲ႕ အဓိကတြဲဖက္အလုပ္လုပ္ေနတာကေတာ့  (brake system) ဘရိတ္အဖြဲ႕အစည္းေတြနဲ႕ တာယာေတြပါ။

 

(၁) တုိင္းေရာ့ (tie rod)နဲ႕ မိန္းလံုး ( tie rod end or rack End ) မေကာင္းရင္ ဘယ္လုိ ေရာဂါလကၡဏာေတြျပမလဲ?

တုိင္းေရာနဲ႕ မိန္းလံုးမေကာင္းရင္ျဖစ္တတ္တဲ့ ထင္ရွားတဲ့ လကၡဏာကေတာ့ သင္ကားကုိ အရွိန္ျဖည္းျဖည္းနဲ႕ေမာင္းေနတဲ့အခါမ်ိဳးမွာ ဒါမွမဟုတ္ ကားကုိရုတ္တရက္ေထာင့္ခ်ိဳးေကြ႕လုိက္တဲ့အခါမ်ိဳးမွာ
အေရွ႕ဖက္အစြန္ဆံုးဆီကေန "ဒုတ္ဒုတ္" နဲ႕မည္သံထြက္လာမယ္၊ လာထုႏွက္တဲ့အသံမ်ိဳးထြက္ေနမယ္ဆုိရင္ သင့္ကားရဲ့ တုိင္းေရာ့နဲ႕ မိန္းလံုးေတြခ်ိဳ႕ယြင္းေနပါျပီ။ ေနာက္တစ္ခ်က္က သင္ကားေမာင္းေနတဲ့အခ်ိန္တုိ႕၊ ကားဘရိတ္အုပ္လုိက္တဲ့ အခ်ိန္တုိ႕မွာ ကားကတစ္ဖက္ဘက္ ကုိဆြဲေနမယ္၊ ဒါ့အျပင္ ကားတာယာေတြက အတြင္းဖက္ကုိျဖစ္ေစ အျပင္ဖက္ကုိျဖစ္ေစ ဘက္မညီမမွ်စားသြားမယ္ ဆုိရင္လည္း အဲ့ဒါ တုိင္းေရာ့နဲ႕ မိန္းလံုးမေကာင္းတဲ့ေရာဂါလကၡဏာေတြထဲက တစ္ခုပါပဲ။ တုိင္းေရာ့နဲ႕ မိန္းလံုးဆုိတာကေတာ့ကားေအာက္ပုိင္းမွာ ပ်က္စီးမႈအမ်ားဆံုးပစၥည္းျဖစ္ပါတယ္။ တုိင္းေရာ့က်ိဳးလို႕၊ ျပဳတ္ထြက္လုိ႕ ေတာင္တက္တို႕၊ အေဝးေျပးတုိ႕မွာ အသက္အႏၱရာယ္ၾကံဳရတဲ့အထိ ဒုကၡေရာက္ရတဲ့ ကားေတြရွိဖူးပါတယ္။
ဒီေတာ့အခုေဖာ္ျပထားတဲ့ေရာဂါလကၡဏာေလးေတြ ေတြ႕ရင္၊ ျမင္ရင္၊ ၾကားရင္ ၾကီးၾကီးမားမားပ်က္စီးမႈမျဖစ္ခင္ ဝပ္ေရွာ့သြားျပီး တုိင္းေရာ့နဲ႕ မိန္းလံုးကုိ အသစ္လဲတန္လဲ၊ press ခံုမွာ နင္းျပီး ျပန္သံုးတန္သံုးဖုိ႕လုိအပ္ေနပါျပီ။

(၂) Ball joint မေကာင္းရင္ ဘယ္လုိေရာဂါလကၡဏာေတြျပမလဲ?

Ball joint မေကာင္းရင္ျဖစ္တတ္တဲ့ လကၡဏာေတြက သင့္ကားေအာက္ဘက္ေထာင့္ဆီကေန တစ္ခ်က္တစ္ခ်က္၊ အသံခပ္မွ်ဥ္းမွ်ဥ္း ထုႏွက္သံမ်ိဳးေတြထြက္တတ္တယ္။ အထူးသျဖင့္ လမ္းအတိမ္းအေစာင္းျဖစ္ေနတဲ့ေနရာေတြတုိ႕၊ 
ခ်ိဳင့္ခြက္ေတြထဲတုိ႕ မွာေမာင္းလုိက္တဲ့အခါ အဲ့အသံက ထြက္လာတယ္ဆုိရင္ အဲ့ဒါ ball joint မေကာင္းတဲ့ လကၡဏာပါပဲ။ ေျပာရရင္ သံကုိတူနဲ႕ထုတဲ့အသံမ်ိဳးနဲ႕ဆင္ပါတယ္။ Ball joint က သင့္ကားဘီးရဲ့ ဘယ္ညာအေကြ႕အထိန္းေတြမွာ အဓိက ထိန္းေပးထားတာမလို႕ ball joint မေကာင္းဘူးဆုိတာနဲ႕ သင့္ကား စတီယာရင္ (steering) ကုိလာျပီး သက္ေရာက္မႈေတြရွိလာပါမယ္။ ျဖစ္လာႏုိင္တာက သင့္ကား စတီယာရင္ မာျပီးလွည့္ရတာခက္သြားမယ္၊ ဒါမွမဟုတ္ အရမ္းေပါ့ရႊတ္ျပီးထိန္းရခက္သြားမယ္။ လမ္းအေျဖာင့္ေမာင္းေနရင္းက အနိမ့္ပုိင္းကုိဆင္းလုိက္ရင္ သင့္စတီယာရင္ လက္ကုိင္ေခြကုိလာတုိးတာမ်ိဳးေတြဟာ ball joint မေကာင္းျခင္းရဲ့ ေရာဂါလကၡဏာေတြပါ။ အျခားေရာဂါလကၡဏာကေတာ့ တုိင္းေရာမိန္းလံုးတုိ႕လုိပဲ တာယာအတြင္းအျပင္မညီမညာစားသြားတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။

(၃) (Constant Velocity -CV joint) ဒူးဆစ္ မေကာင္းရင္ ဘယ္လုိေရာဂါလကၡဏာေတြျပမလဲ?

ဒူးဆစ္လကၡဏာကေတာ့ သိသာထင္ရွားပါတယ္၊ သင့္ကား ဘယ္ကုိျဖစ္ျဖစ္၊ ညာကုိျဖစ္ျဖစ္ေကြ႕လုိက္လုိ႕ တစ္ခုနဲ႕တစ္ခု ၾကိတ္ဝါးေနသလုိ "ကလစ္ ကလစ္၊ ေတာက္ေတာက္ေတာက္၊ တက္တက္တက္" အသံေတြထြက္လာတယ္၊ ေကြ႕တုိင္း အဲဒီလုိအသံေတြထြက္ေနတယ္ဆုိရင္ အဲဒါ ဒူးဆစ္မေကာင္းတဲ့လကၡဏာရပ္ပါ။ ေနာက္ဒူးဆစ္ေဘာေတြကုိ ထိန္းထားတဲ့ကလစ္ျပဳတ္ထြက္တာမ်ိဳးဆုိရင္ေတာ့ ကားက ဂီယာဘယ္လုိထုိးထုိး ဂီယာဖရီးလုိ ျဖစ္ေနတတ္ပါတယ္။ မေန႕ကပဲ ကားတစ္စီး ဒူးဆစ္ေဘာကုိထိန္းထားတဲ့ကလစ္ျပဳတ္ျပီး ဝပ္ေရွာ့ကုိၾကိဳးနဲ႕ဆြဲလာရပါေသးတယ္။

(၄) Shock bar ၊ coil spring ၊ struts မေကာင္းရင္ ဘယ္လုိေရာဂါလကၡဏာေတြျပမလဲ?

ဒီအပုိင္းေတြမေကာင္းရင္ျပတဲ့ လကၡဏာေတြက သိသာထင္ရွားပါတယ္။ အထူးသျဖင့္ လမ္းအနိမ့္အျမင့္ မညီမညာျဖစ္တဲ့ေနရာေတြ၊ ဒါမွမဟုတ္ ခ်ိဳင့္ခြက္ေတြထဲ ေမာင္းတယ္အခါ ျငိမ့္ေညာင္းညင္သာမႈမရွိေတာ့ဘဲ ေအာက္ဘက္ကေန ျပင္းထန္စြာလာေစာင့္ေနတာမ်ိဳးေတြကုိ သိသာထင္ရွားစြာခံစားရျပီဆုိရင္ေတာ့ အဲ့ဒါ shock bar ၊ coil spring ၊ struts တုိ႕မေကာင္းတဲ့လကၡဏာရပ္ပါ။ ေရွာ့ဘားေတြမေကာင္းတဲ့ လကၡဏာေနာက္တစ္မ်ိဳးက သင့္ကားကိုယ္ထည္တစ္ခု
လံုးကုိ ျပင္းျပင္းထန္ထန္ ယိမ္းႏြဲ႕ေစတတ္တာျဖစ္ပါတယ္။ ေနာက္တစ္မ်ိဳးက တစ္ခ်ိဳ႕ေရွာ့ဘားမွာဆုိရင္ ဆီေတြယုိက်တာတုိ႔၊ ေရွာ့ဘားကေအာက္ကုိက်ျပီး အေပၚကုိ ျပန္ကန္မတက္ေတာ့တာမ်ိဳးေတြကုိလည္း ျမင္ေတြ႕ႏုိင္ပါတယ္။

(၅) ကားတစ္ဖက္ဘက္ကုိဆြဲေနတဲ့ ေရာဂါလကၡဏာျပရင္

ကားတစ္ဖက္ဘက္ကုိ ဆြဲေနတဲ့ေရာဂါလကၡဏာျပရင္ျဖစ္ႏုိင္တာေတြက တာယာေလနဲေနတာ၊ တာယာ ေလေပါင္ တစ္ဖက္နဲ႕တစ္ဖက္မညီတာေတြျဖစ္တတ္ပါတယ္။ တာယာေလေပါင္အရင္စစ္ေဆးရပါမယ္။ အခုေနာက္ပုိင္းတစ္ခ်ိဳ႕ေမာ္ဒယ္ျမင့္ကားေတြမွာေတာ့ တာယာေလေပါင္မညီရင္ dashboard မွာ ေလေပါင္မညီတာကုိျပတဲ့ မီးလင္းပါတယ္။
တာယာ တစ္ဖက္ဘက္စားေနတာ ျဖစ္ႏုိင္ပါတယ္။ တာယာတစ္ဖက္ဘက္မညီမညာစားေနလား ေရွ႕ေနာက္ေဘး ေသခ်ာစစ္ေဆးရပါမယ္၊ မညီမညာျဖစ္ေနရင္ ဘာေၾကာင့္ျဖစ္တယ္ဆိုတာ စစ္ေဆးျပီး အသစ္လဲတန္လဲရပါမယ္။ 
ကားအလုိင္းမင့္ (alignment) မညီမညာျဖစ္တာမ်ိဳးကေနလည္းျဖစ္တတ္ပါတယ္။ အလုိင္းမင့္ခ်ိန္တဲ့ဆုိင္ေတြမွာ ေသခ်ာစစ္ေဆးသင့္ပါတယ္။ 
တုိင္းေရာ့တုိ႕၊ မိန္းလံုးတုိ႕မေကာင္းတာလည္းျဖစ္တတ္ပါတယ္။ ကားေအာက္ပုိင္းျပဳျပင္ေရးဆုိင္ေတြမွာ ျပဳျပင္သင့္ပါတယ္။

(၆) ဘရိတ္နင္းရတာထုိင္းေနမယ္၊ ကပ္ေနမယ္ (ဝါ) ေလ်ာေနမယ္၊ ဘရိတ္အံုေတြအရမ္းပူေနမယ္၊ ဘရိတ္ကလစ္နဲ႕ ဘရိတ္ဒရမ္နဲ႕ ပြတ္တဲ့ "ဂ်စ္ဂ်စ္ဂ်စ္" ဆုိတဲ့ ေရာဂါလကၡဏာျပရင္
Break pads ေတြကုန္ေနတာ၊ ဘရိတ္ပစ္စတင္ေတြ ဂ်မ္းျဖစ္ေနတာ၊ ဘရိတ္ရႉးေလ်ာ့ေနတာ၊ ပင္ေတြသံေခ်းတက္ျပီးကုိက္ေနတာေတြျဖစ္ႏုိင္ပါတယ္။

(၇) စတီယာရင္ လွည့္ရတာေခ်ာ္ေနမယ္၊ သင္ စတီယာရင္ကုိ လွည့္တဲ့အခါျဖစ္ေစ၊ လွည့္ထားတဲ့အတုိင္းေလးထိန္းတာတဲ့အခါျဖစ္ေစ၊ စတီယာရင္က ေခ်ာ္ထြက္ေနမယ္ ဒါမွမဟုတ္ လွည့္ဖုိ႕ခက္ခဲေနမယ္ ဆုိရင္

Steering fluid နည္းေနတာျဖစ္ႏုိင္တယ္၊ steering belt ၾကိဳးေလ်ာ့ေနတာ ဒါမွမဟုတ္ ပြန္းစားေနတာျဖစ္ႏုိင္ပါတယ္။ Steering pump မေကာင္းတာလည္းျဖစ္ႏုိင္ပါတယ္။ Steering pump က O-ring ပ်က္ျပီးဆီယုိေနတာလည္းျဖစ္ႏုိင္ပါတယ္။ ေနာက္ပုိင္းေမာ္ဒယ္ျမင့္ကားေတြမွာေတာ့ EPS ဆုိတဲ့ electric power steering စနစ္ေတြကုိ အသံုးျပဳျပီး ဆီမပါတဲ့ ေမာ္တာနဲ႕လည္ပတ္တဲ့စနစ္ေတြမ်ားလာျပီျဖစ္ပါတယ္။ ဒီေမာ္ဒယ္ျမင့္ EPS စနစ္မွာေတာ့ EPS စနစ္ပ်က္စီးျပီဆုိတာနဲ႕ ဒုိင္ခြက္မွာ EPS အခ်က္ျပ မီးလင္းလာမွာျဖစ္ပါတယ္။

ဒါေတြက ကားတစ္စီးမွာျဖစ္ေလ့ျဖစ္ထရွိတဲ့ အေျခခံေအာက္ပုိင္းေရာဂါလကၡဏာရပ္ေတြပါ။ အျခားအျခားေသာ ကားေအာက္ပုိင္းေရာဂါေတြအမ်ားၾကီးက်န္ရွိပါေသးတယ္။ ျမန္မာႏုိင္ငံမွာက လမ္းေတြမေကာင္းတာရယ္၊ ေနာက္ used ကားေတြသာမ်ားတာရယ္ေၾကာင့္ ကားေအာက္ပုိင္းေရာဂါေတြကေတာ့ အျဖစ္မ်ားဆံုးျဖစ္တတ္တဲ့ ေရာဂါေတြလုိ႕လည္းဆုိႏုိင္ပါတယ္။

တစ္ခ်ိဳ႕ကားေတြမွာဆုိ ဒူးဆစ္တုိ႕၊ မိန္းလံုးတုိ႕၊ ေဘာဂြ်ိဳင့္တို႕၊ တုိက္ေရာ့တုိ႕ကုိ အုပ္ထားတဲ့ သဲကာေလးေပါက္တာကုိ မလဲတာကေနျပီး အဲဒီအရာေတြၾကားထဲမွာေနရမယ့္ အမဲဆီေတြအျပင္ထြက္၊ အထဲမွာမရွိရမယ့္ သဲေတြ၊ ဖုန္ေတြ၊ ရႊံ႕ေတြက အထဲဝင္ကုန္ေတာ့ ေအာက္ပုိင္းဆက္စပ္ပစၥည္းေတြကုိ ပ်က္စီးေစတာမ်ိဳးလည္း မၾကာခဏဆုိသလုိေတြ႕ျမင္ေနရပါတယ္။
ေအာက္ပုိင္းက လင့္ေတြ၊ bushing ေတြ မေကာင္းတာေၾကာင့္လည္း အထက္က ေရာဂါေတြျဖစ္ႏုိင္ပါေသးတယ္။
ေနာက္တစ္ခုက အထက္ပါေရာဂါေတြက တစ္ခုခ်င္းျဖစ္ႏုိင္သလုိ၊ ႏွစ္ခုကေန အကုန္လံုးစုေပါင္းျပီးလည္းျဖစ္ႏုိင္ပါတယ္။ 
ကားေပၚတက္လုိက္လုိ႕ ေအာက္ပုိင္းကေန သံစံုတီးဝိုင္းသံေတြၾကားေနရရင္ေတာ့ သင့္ကားေအာက္ပုိင္းေတာ္ေတာ္မ်ားမ်ားပ်က္စီးယုိယြင္းေနျပီဆုိတာ သတိျပဳသင့္ပါတယ္။ စစ ျဖစ္ျခင္းေရာဂါလကၡဏာေတြကို သတိမမူဘဲ မျပဳျပင္ မထိန္းသိမ္းရင္ ေအာက္ပုိင္းအျခားဆက္စပ္ပစၥည္းေတြကုိပါ လုိက္ပါပ်က္စီးေစျပီး အနည္းဆံုးတာယာစားသြားတာ၊ ကားေမာင္းရတာ မျငိမ့္ေတာ့ဘဲ အသံေတြထြက္လာတာကေန အဆိုးဝါးဆံုး သင့္အသက္အႏၱရာယ္ထိေအာင္ေတာင္ ထိခုိက္ေစမွာပါ။

ဒါေၾကာင့္သင့္ကားေအာက္ပုိင္းကေန မူမမွန္တဲ့ အသံေတြ တုန္ခါမႈေတြကုိ သတိထားျပီး ေရာဂါလကၡဏာျပျပီဆုိတာနဲ႕ သင္နဲ႕သင့္ကားေဘးအႏၱရာယ္ကင္းရွင္းလံုျခံဳေရးအတြက္ ခ်က္ျခင္း ကြ်မ္းက်င္ဝပ္ေရွာ့ေတြမွာ စစ္ေဆးျပသျပီး ေရာဂါကုသမႈခံယူသင့္ေၾကာင္း အၾကံဳျပဳတင္ျပေပးလုိက္ရပါတယ္ခင္ဗ်ာ။

စာဖတ္သူမိတ္ေဆြမ်ားအားလံုး နည္းပညာဗဟုသုတတုိးတက္ျပီး ေဘးအႏၱရာယ္ကင္းရွင္းၾကပါေစ။

စာေရးသူ : Lynn Za Nee (P.T.U)


Unicode Version

ကားရဲ့အကြီးမားဆုံးပြဿနာရယ်လို့ဆိုလိုက်ရင် တော်တော်များများက အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင်ရာပြဿနာတွေကို ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာတွေက ဖြေရှင်းရခက်ခဲပြီး ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့် သင့်ကားနဲ့ သင့်ရဲ့ အသက်အန္တရာယ်အထိအကြီးမားဆုံး ဒုက္ခပေးနိုင်တာကတော့ suspension ပိုင်းလို့ခေါ်တဲ့ သင့်ကားအောက်ပိုင်းရောဂါတွေပါ။

ဥပမာပြောရရင် 
အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ရှိတယ်၊ ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့်မောင်းတော့မယ်ဆို ကားအောက်ပိုင်းတွေကို အဓိက စစ်ဆေးကြရပါတယ်။ ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစီးဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက်စက်ထိုးရပ်သွားရင် သင်ခရီးလမ်းမှာစိတ်အနှောင့်အယှက်ဖြစ်မယ်၊ ယုတ်စွအဆုံးအင်ဂျင်တစ်လုံးလဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ။ ဒါပေမယ့် ကားအောက်ပိုင်း 
suspension ပိုင်းက ပစ္စည်းတွေပျက်နေတာသတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊ ကျိုးပဲ့သွားမယ်ဆိုရင် သင့်ကားမှောက်သွားနိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေရှိနေလို့ပါ။

ဒါကြောင့် သင်နဲ့သင့်ကားရဲ့ လုံခြုံစိတ်ချရမှု safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို အကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (suspension) ကိုအဓိကအားဖြင့် အောက်ပါပစ္စည်းတွေနဲ့ဖွဲ့စည်းထားပါတယ်။
(Tie rod) တိုင်းရော့
၊ (tie rod end or rack end) မိန်းလုံး၊ 
(ball joint) ဘောလ်ဂျွိုင့်
၊ (constant velocity -CV Joint) ဒူးဆစ်၊ 
(stabilizer bar) နှုတ်ခမ်းမွှေးလိုင်း၊ 
(shock absorber) ရှော့ခ်ဘား၊ 
(upper arm) အပေါ်လက်ဝါး၊ 
(lower arm) အောက်လက်ဝါး၊ 
(coil spring ) ကွိုင်စပရင်၊ 
(rubber bushing ) ရာဘာဘွတ်၊ 
(bellows ) သဲကာ အစရှိတဲ့အခြေခံပစ္စည်းတွေနဲ့ဖွဲ့စည်းထားပြီး ကားအမျိုးအစား မော်ဒယ်အမျိုးအစား ထုတ်လုပ်တဲ့ကုမ္ပဏီပေါ်မူတည်ပြီး အောက်ပိုင်းပစ္စည်းအစိတ်အပိုင်းတွေအများကြီးထပ်ဆောင်း ပါဝင်တာမျိုး ရှိပါသေးတယ်။ အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက်အလုပ်လုပ်နေတာကတော့  (brake system) ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ။

(၁) တိုင်းရော့ (tie rod)နဲ့ မိန်းလုံး ( tie rod end or rack End ) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေပြမလဲ?

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့မောင်းနေတဲ့အခါမျိုးမှာ ဒါမှမဟုတ် ကားကိုရုတ်တရက်ထောင့်ချိုးကွေ့လိုက်တဲ့အခါမျိုးမှာ
အရှေ့ဖက်အစွန်ဆုံးဆီကနေ "ဒုတ်ဒုတ်" နဲ့မည်သံထွက်လာမယ်၊ လာထုနှက်တဲ့အသံမျိုးထွက်နေမယ်ဆိုရင် သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေချို့ယွင်းနေပါပြီ။ နောက်တစ်ချက်က သင်ကားမောင်းနေတဲ့အချိန်တို့၊ ကားဘရိတ်အုပ်လိုက်တဲ့ အချိန်တို့မှာ ကားကတစ်ဖက်ဘက် ကိုဆွဲနေမယ်၊ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှစားသွားမယ် ဆိုရင်လည်း အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာတွေထဲက တစ်ခုပါပဲ။ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ကားအောက်ပိုင်းမှာ ပျက်စီးမှုအများဆုံးပစ္စည်းဖြစ်ပါတယ်။ တိုင်းရော့ကျိုးလို့၊ ပြုတ်ထွက်လို့ တောင်တက်တို့၊ အဝေးပြေးတို့မှာ အသက်အန္တရာယ်ကြုံရတဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ်။
ဒီတော့အခုဖော်ပြထားတဲ့ရောဂါလက္ခဏာလေးတွေ တွေ့ရင်၊ မြင်ရင်၊ ကြားရင် ကြီးကြီးမားမားပျက်စီးမှုမဖြစ်ခင် ဝပ်ရှော့သွားပြီး တိုင်းရော့နဲ့ မိန်းလုံးကို အသစ်လဲတန်လဲ၊ press ခုံမှာ နင်းပြီး ပြန်သုံးတန်သုံးဖို့လိုအပ်နေပါပြီ။

(၂) Ball joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ?

Ball joint မကောင်းရင်ဖြစ်တတ်တဲ့ လက္ခဏာတွေက သင့်ကားအောက်ဘက်ထောင့်ဆီကနေ တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအစောင်းဖြစ်နေတဲ့နေရာတွေတို့၊ 
ချိုင့်ခွက်တွေထဲတို့ မှာမောင်းလိုက်တဲ့အခါ အဲ့အသံက ထွက်လာတယ်ဆိုရင် အဲ့ဒါ ball joint မကောင်းတဲ့ လက္ခဏာပါပဲ။ ပြောရရင် သံကိုတူနဲ့ထုတဲ့အသံမျိုးနဲ့ဆင်ပါတယ်။ Ball joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ အဓိက ထိန်းပေးထားတာမလို့ ball joint မကောင်းဘူးဆိုတာနဲ့ သင့်ကား စတီယာရင် (steering) ကိုလာပြီး သက်ရောက်မှုတွေရှိလာပါမယ်။ ဖြစ်လာနိုင်တာက သင့်ကား စတီယာရင် မာပြီးလှည့်ရတာခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီးထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကိုဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကိုလာတိုးတာမျိုးတွေဟာ ball joint မကောင်းခြင်းရဲ့ ရောဂါလက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာကတော့ တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်မညီမညာစားသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

(၃) (Constant Velocity -CV joint) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ?

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်၊ သင့်ကား ဘယ်ကိုဖြစ်ဖြစ်၊ ညာကိုဖြစ်ဖြစ်ကွေ့လိုက်လို့ တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေသလို "ကလစ် ကလစ်၊ တောက်တောက်တောက်၊ တက်တက်တက်" အသံတွေထွက်လာတယ်၊ ကွေ့တိုင်း အဲဒီလိုအသံတွေထွက်နေတယ်ဆိုရင် အဲဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာရပ်ပါ။ နောက်ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ကလစ်ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားက ဂီယာဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။ မနေ့ကပဲ ကားတစ်စီး ဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး ဝပ်ရှော့ကိုကြိုးနဲ့ဆွဲလာရပါသေးတယ်။

(၄) Shock bar ၊ coil spring ၊ struts မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ?

ဒီအပိုင်းတွေမကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာထင်ရှားပါတယ်။ အထူးသဖြင့် လမ်းအနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ၊ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်အခါ ငြိမ့်ညောင်းညင်သာမှုမရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာလာစောင့်နေတာမျိုးတွေကို သိသာထင်ရှားစွာခံစားရပြီဆိုရင်တော့ အဲ့ဒါ shock bar ၊ coil spring ၊ struts တို့မကောင်းတဲ့လက္ခဏာရပ်ပါ။ ရှော့ဘားတွေမကောင်းတဲ့ လက္ခဏာနောက်တစ်မျိုးက သင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ့စေတတ်တာဖြစ်ပါတယ်။ နောက်တစ်မျိုးက တစ်ချို့ရှော့ဘားမှာဆိုရင် ဆီတွေယိုကျတာတို့၊ ရှော့ဘားကအောက်ကိုကျပြီး အပေါ်ကို ပြန်ကန်မတက်တော့တာမျိုးတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။

(၅) ကားတစ်ဖက်ဘက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်

ကားတစ်ဖက်ဘက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်ဖြစ်နိုင်တာတွေက တာယာလေနဲနေတာ၊ တာယာ လေပေါင် တစ်ဖက်နဲ့တစ်ဖက်မညီတာတွေဖြစ်တတ်ပါတယ်။ တာယာလေပေါင်အရင်စစ်ဆေးရပါမယ်။ အခုနောက်ပိုင်းတစ်ချို့မော်ဒယ်မြင့်ကားတွေမှာတော့ တာယာလေပေါင်မညီရင် dashboard မှာ လေပေါင်မညီတာကိုပြတဲ့ မီးလင်းပါတယ်။
တာယာ တစ်ဖက်ဘက်စားနေတာ ဖြစ်နိုင်ပါတယ်။ တာယာတစ်ဖက်ဘက်မညီမညာစားနေလား ရှေ့နောက်ဘေး သေချာစစ်ဆေးရပါမယ်၊ မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်ဆိုတာ စစ်ဆေးပြီး အသစ်လဲတန်လဲရပါမယ်။ 
ကားအလိုင်းမင့် (alignment) မညီမညာဖြစ်တာမျိုးကနေလည်းဖြစ်တတ်ပါတယ်။ အလိုင်းမင့်ချိန်တဲ့ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။ 
တိုင်းရော့တို့၊ မိန်းလုံးတို့မကောင်းတာလည်းဖြစ်တတ်ပါတယ်။ ကားအောက်ပိုင်းပြုပြင်ရေးဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊ ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့ ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ "ဂျစ်ဂျစ်ဂျစ်" ဆိုတဲ့ ရောဂါလက္ခဏာပြရင်
Break pads တွေကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊ ဘရိတ်ရှူးလျော့နေတာ၊ ပင်တွေသံချေးတက်ပြီးကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) စတီယာရင် လှည့်ရတာချော်နေမယ်၊ သင် စတီယာရင်ကို လှည့်တဲ့အခါဖြစ်စေ၊ လှည့်ထားတဲ့အတိုင်းလေးထိန်းတာတဲ့အခါဖြစ်စေ၊ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ခက်ခဲနေမယ် ဆိုရင်

Steering fluid နည်းနေတာဖြစ်နိုင်တယ်၊ steering belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ်။ Steering pump မကောင်းတာလည်းဖြစ်နိုင်ပါတယ်။ Steering pump က O-ring ပျက်ပြီးဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမော်ဒယ်မြင့်ကားတွေမှာတော့ EPS ဆိုတဲ့ electric power steering စနစ်တွေကို အသုံးပြုပြီး ဆီမပါတဲ့ မော်တာနဲ့လည်ပတ်တဲ့စနစ်တွေများလာပြီဖြစ်ပါတယ်။ ဒီမော်ဒယ်မြင့် EPS စနစ်မှာတော့ EPS စနစ်ပျက်စီးပြီဆိုတာနဲ့ ဒိုင်ခွက်မှာ EPS အချက်ပြ မီးလင်းလာမှာဖြစ်ပါတယ်။

ဒါတွေက ကားတစ်စီးမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအောက်ပိုင်းရောဂါလက္ခဏာရပ်တွေပါ။ အခြားအခြားသော ကားအောက်ပိုင်းရောဂါတွေအများကြီးကျန်ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာက လမ်းတွေမကောင်းတာရယ်၊ နောက် used ကားတွေသာများတာရယ်ကြောင့် ကားအောက်ပိုင်းရောဂါတွေကတော့ အဖြစ်များဆုံးဖြစ်တတ်တဲ့ ရောဂါတွေလို့လည်းဆိုနိုင်ပါတယ်။

တစ်ချို့ကားတွေမှာဆို ဒူးဆစ်တို့၊ မိန်းလုံးတို့၊ ဘောဂျွိုင့်တို့၊ တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို မလဲတာကနေပြီး အဲဒီအရာတွေကြားထဲမှာနေရမယ့် အမဲဆီတွေအပြင်ထွက်၊ အထဲမှာမရှိရမယ့် သဲတွေ၊ ဖုန်တွေ၊ ရွှံ့တွေက အထဲဝင်ကုန်တော့ အောက်ပိုင်းဆက်စပ်ပစ္စည်းတွေကို ပျက်စီးစေတာမျိုးလည်း မကြာခဏဆိုသလိုတွေ့မြင်နေရပါတယ်။
အောက်ပိုင်းက လင့်တွေ၊ bushing တွေ မကောင်းတာကြောင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။
နောက်တစ်ခုက အထက်ပါရောဂါတွေက တစ်ခုချင်းဖြစ်နိုင်သလို၊ နှစ်ခုကနေ အကုန်လုံးစုပေါင်းပြီးလည်းဖြစ်နိုင်ပါတယ်။ 
ကားပေါ်တက်လိုက်လို့ အောက်ပိုင်းကနေ သံစုံတီးဝိုင်းသံတွေကြားနေရရင်တော့ သင့်ကားအောက်ပိုင်းတော်တော်များများပျက်စီးယိုယွင်းနေပြီဆိုတာ သတိပြုသင့်ပါတယ်။ စစ ဖြစ်ခြင်းရောဂါလက္ခဏာတွေကို သတိမမူဘဲ မပြုပြင် မထိန်းသိမ်းရင် အောက်ပိုင်းအခြားဆက်စပ်ပစ္စည်းတွေကိုပါ လိုက်ပါပျက်စီးစေပြီး အနည်းဆုံးတာယာစားသွားတာ၊ ကားမောင်းရတာ မငြိမ့်တော့ဘဲ အသံတွေထွက်လာတာကနေ အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင်တောင် ထိခိုက်စေမှာပါ။

ဒါကြောင့်သင့်ကားအောက်ပိုင်းကနေ မူမမှန်တဲ့ အသံတွေ တုန်ခါမှုတွေကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့သင့်ကားဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် ချက်ခြင်း ကျွမ်းကျင်ဝပ်ရှော့တွေမှာ စစ်ဆေးပြသပြီး ရောဂါကုသမှုခံယူသင့်ကြောင်း အကြုံပြုတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

စာဖတ်သူမိတ်ဆွေများအားလုံး နည်းပညာဗဟုသုတတိုးတက်ပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

စာရေးသူ : Lynn Za Nee (P.T.U)

Latest News

ရန္​ကုန္​လိုင္​စင္​အားခြင္​့ျပဳ/မျပဳ...

Zawgyi Version ရန္​ကုန္​လိုင္​စင္​အား YVQC စနစ္​ျဖင္​့ ခြင္​့ျပဳ/မျပဳကို တိက်စြာ သတင္​းထုတ္​ျပန္​​ေပးရန္​ လိုအပ္​​ေနၿ​ပီး...

Read more »

ကားေဘာနက္ ဟစိ နဲ႕ heat တက္တဲ့ အယူအဆ အမွားမ်ား

Zawgyi Version အခု ရန္ကုန္က taxi တခ်ဳိ႕ car bonnet ကို lock က်ေအာင္ မပိတ္ဘဲ ဟစိေလးလုပ္ၿပီး ေမာင္းေနတာေတြ႕ရတယ္ဗ်။ အရင္က...

Read more »

Ford EcoSport Review (International)

Zawgyi Version အေမရိက က ထရပ္ကားအရုပ္ေလးေတြနဲ႕ဆင္တဲ့ small SUV Ford EcoSport ဟာ ဖ်တ္ဖ်တ္လတ္လတ္ ေမာင္းႏွင္ႏိုင္မယ့္ ကားမ်ိဳးပါ။...

Read more »

လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔

Zawgyi Version လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔။ သံျပားထူရင္ပိုမာပါတယ္။ ပိုမာလို႔ထိခိုက္ရင္ ပိုမိုေတာင့္ခံႏိုင္တယ္၊ ပိုမိုအႏၱရယ္ကင္းတယ္လို႔...

Read more »

လိုင္​စင္​မဲ့ကားမ်ားရွိ​ေနမႈကို...

Zawgyi Version ေနအိမ္​ၿခံဝန္​းမ်ားတြင္​ လိုင္​စင္​မဲ့ကားရွိ​ေနမႈမ်ားကို ထိ​ေရာက္​စြာဖမ္းဆီးႏိုင္​ရန္​အတြက္​ ဆု​ေၾကး​ေငြ​ေပး၍...

Read more »