တိုက်ကြေကားများကို မူလပိုင်ရှင်များထံသို့ပြန်ပေးရန် ၀န်ကြီးဌာနနှစ်ခု ဆွေးနွေးနေ

ပြည်ပမှတင်သွင်းလာသော တိုက်ကြေကားများကို ဆိပ်ကမ်းများ၌ ထိန်းသိမ်းခဲ့ရာတွင် အခွန်အယူခံ အောင်မြင်သည့်ကားများကို မူလပိုင်ရှင်များ ထံသို့ ပြန်ပေးရန် ၀န်ကြီး ဌာနနှစ်ခု ဆွေးနွေးနေကြောင်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။                  Cars-copy


အကောက်ခွန်ဦးစီးဌာနအနေဖြင့် တိုက်ကြေကား တင်သွင်းလာသူများကို ငဲ့ညှာသောအားဖြင့် တိုက်ကြေကားနှင့် ပတ်သက်သော အကြောင်းအရာများကို ထုတ်ပြန်မည် မဟုတ်သလို အယူခံဝင်သည့် ကုမ္ပဏီများကိုလည်း အယူခံအောင်မြင်ပါက ပြန်လည်ထုတ်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန နှင့် ညှိနှိုင်းဆောင် ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ အယူခံအောင်မြင်သော တိုက်ကြေကားများကို ပြန်လည်ထုတ်ပေးမည့် အစီအစဉ်နှင့်ပတ်သတ်၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက “တိုက်ကြေကားတွေကို သိမ်းဆည်းခဲ့ပြီး နောက်ပိုင်း ယာဉ်ပိုင်ရှင်တချို့က အယူခံဝင်တာ ၁၆ စီးအောင် မြင်သွားပါတယ်၊ အယူခံအောင်တဲ့ ကားတွေကို ပြန်ပေးဖို့ဆိုတာ အကောက်ခွန်ဦးစီးဌာန တစ်ခုတည်း အနေနဲ့ ဆုံးဖြတ်လို့ မရပါဘူး၊ တိုက်ကြေကားတွေက သံရည်ကျို ပို့ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့အတွက် ပြန်ပေးဖို့ ဆိုတာ မော်တော် ယာဉ်တင်သွင်းမှု ကော်မတီတွေ ဖြစ်တဲ့ တခြားဝန်ကြီးဌာနတွေရဲ့ သဘောတူညီမှုရရှိမှ ခွင့်ပြုပေးလို့ ရပါတယ်”ဟု ပြောကြားခဲ့သည်။ အကောက်ခွန် ဦးစီးဌာနမှ ၂ နှစ်တာ ကာလအတွင်း တိုက်ကြေကားများကို သိမ်းဆည်းခဲ့ရာ အစီးရေ ၁၂၉ စီးရှိခဲ့ပြီး ထိုကား များထဲတွင် အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများနှင့် ၆၆၀ စီစီ Carry Truck များ အများဆုံးပါဝင်ကြောင်း သိရှိရသည်။


Ref : Automobile

Latest News

ရန်​ကုန်​မြို့တွင်း...

Traffic 150x150

ရန်ကုန် မြို့တွင်း ယာဉ်​သွားလာမှူ အ​​ခြေအ​နေများကို ​စောင့်​ကြည့်​​နေမည့်​ Control Center မှ တစ်ဆင့် ထိန်းချုပ် စောင့်ကြည့်သည့် အစီအစဉ်ကို...

Read more »

မကြာခင်ေ​ရာက်​မည့်​ YBS ကားအစီး ၁၀၀၀ ကို...

Bbb 150x150

မကြာခင်ေ​ရာက်​မည့်​ YBS ကားအစီး ၁၀၀၀ ကို လိုအပ်ေ​နတဲ့ ယာဉ်လိုင်းေ​​တွ​နေရာမှာအစားထိုး​ပြေးဆွဲ​ပေးသွားမှာ​​ဖြစ်​​တယ်လို့​...

Read more »

ပြည်သူစိတ်ပျက် YBS စနစ်ဖြစ်နေ​​ကြောင်း...

Ybs 1 150x150

ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်​လက်​ထပ်​တွင်​ အသစ်ပြန်လည်ပြေးဆွဲခဲ့သော YBS စနစ်သည် ပြည်သူစိတ်ပျက် YBS စနစ်ဖြစ်နေကြောင်း ရန်ကုန်တိုင်း...

Read more »

လာမည့်​နှစ်​တွင်​ ယာဉ်​အိုယာဉ်​​ဟောင်း ...

Old car 150x150

လာမည့်​နှစ်​တွင်​ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းမှူစနစ်​အား အခြားစနစ်​တစ်​ခုနဲ့ ​ပြောင်းလဲသွားမှာ ဖြစ်​တယ်​လို့...

Read more »

ဝန်ကြီး​ဌာနမှ လုပ်ကိုင်ေ​​​​သာ...

Insurance 2 150x150

ဝန်​ကြီးဌာနများတွင်​ လုပ်​ကိုင်​​နေ​သောအာမခံလုပ်ငန်းများကိုပုဂ္ဂလိကသို့လုပ်ပိုင်ခွင့်ပေးသွားမှာဖြစ်တယ်လို့ ​စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန...

Read more »
Download Android App