မန္တလေးမြို့တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် အလုံးစုံ မော်တော်ယာဉ်အာမခံ လျှောက်ထားသည့် ကားအစီးရေ မြင့်တက်လာ
မန္တလေးမြို့တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် အလုံးစုံ မော်တော်ယာဉ် အာမခံ လာရောက် လျှောက်ထားသည့် ကားအစီးရေ မြင့်တက်လာကြောင်း သိရသည်။361090503_05f7db5f78
အလုံးစုံ မော်တော်ယာဉ် အာမခံ လျှောက်ထားရာတွင် ကျပ်သိန်း ၂၀၀ ၀န်းကျင် တန်ဖိုးရှိ ကားတစ်စီးလျှင် မြန်မာ့အာမခံ လုပ်ငန်းသို့ ပရီမီယံကြေး ပေးသွင်းရမည့် ငွေပမာဏမှာ ငွေကျပ်တစ်သိန်း ၀န်းကျင်ခန့်သာရှိပြီး ကားတန်ဖိုးအလိုက် ပေးသွင်းရမည် ဖြစ်ကြောင်း၊ အာမခံ ပြုလုပ်ထားပါက ယာဉ်အာမခံ ထားရှိသည့် ငွေပမာဏ အပေါ်တွင် မူတည်ပြီး ယာဉ်ထိခိုက် ပျက်စီးမှုအပြင် ယာဉ်ကြောင့် အခြားသူ တစ်ဦးဦးကိုဖြစ်စေ၊ မိမိကိုယ်တိုင် ဖြစ်စေ၊ ယာဉ်ကြောင့် အရာဝတ္ထု တစ်ခုခု ထိခိုက်မိလျှင်ဖြစ်စေ၊ သဘာဝဘေးကြောင့် ဖြစ်စေ မြန်မာ့အာမခံ လုပ်ငန်းမှ ပျက်စီးဆုံးရှုံးမှု တန်ဖိုးအလိုက် လျော်ကြေးငွေ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Photo credit by sylvar
Unicode Version
မနၲလေးမြို့တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် အလုံးစုံ မော်တော်ယာဉ် အာမခံ လာရောက် လျှောက်ထားသည့် ကားအစီးရေ မြင့်တက်လာကြောင်း သိရသည်။361090503_05f7db5f78
ယခင်က အလုံးစုံ မော်တော်ယာဉ် အာမခံ လာရောက်လျှောက်ထားသည့် ကားအစီးရေ နည်းပါးခဲ့ပြီး ယခုနှစ်များ အတွင်း၌ ယာဉ်မတော်တဆမှု ဖြစ်စဉ်များပြား လာခြင်းကြောင့် လာရောက် လျှောက်ထားသူ များပြားလာကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်းမှ စုံစမ်းသိရသည်။
''ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားတဲ့နေရာမှာ ဖြစ်ပွားသွားတဲ့ယာဉ်က အလုံးစုံ မော်တော်ယာဉ် အာမခံ ပြုလုပ်ထားတယ်ဆိုရင် ထားရှိထားတဲ့ သူ့ရဲ့သွင်းငွေ ပမာဏအပေါ် မူတည်ပြီးတော့ မြန်မာ့အာမခံ လုပ်ငန်းက လျော်ကြေးငွေ ပေးအပ်နေပါတယ်။ အလုံးစုံ မော်တော်ယာဉ် အာမခံက ထားရှိသင့်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ယာဉ်အနၲရာယ် တစ်ခုခု ဖြစ်ခဲ့မယ် ဆိုရင်လည်း တန်ဖိုးအလိုက် လျော်ကြေးငွေ ရရှိမှာလည်း ဖြစ်ပါတယ်'' ဟု မနၲလေးတိုင်း ဒေသကြီး မြန်မာ့အာမခံ လုပ်ငန်းမှ တိုင်းမန်နေဂျာ ဒေါ်ဥမ္မာအေးက ပြောကြားသည်။
အလုံးစုံ မော်တော်ယာဉ် အာမခံ လျှောက်ထားရာတွင် ကျပ်သိန်း ၂ဝဝ ဝန်းကျင် တန်ဖိုးရှိ ကားတစ်စီးလျှင် မြန်မာ့အာမခံ လုပ်ငန်းသို့ ပရီမီယံကြေး ပေးသွင်းရမည့် ငွေပမာဏမှာ ငွေကျပ်တစ်သိန်း ဝန်းကျင်ခန့်သာရှိပြီး ကားတန်ဖိုးအလိုက် ပေးသွင်းရမည် ဖြစ်ကြောင်း၊ အာမခံ ပြုလုပ်ထားပါက ယာဉ်အာမခံ ထားရှိသည့် ငွေပမာဏ အပေါ်တွင် မူတည်ပြီး ယာဉ်ထိခိုက် ပျက်စီးမှုအပြင် ယာဉ်ကြောင့် အခြားသူ တစ်ဦးဦးကိုဖြစ်စေ၊ မိမိကိုယ်တိုင် ဖြစ်စေ၊ ယာဉ်ကြောင့် အရာဝတၴု တစ်ခုခု ထိခိုက်မိလျှင်ဖြစ်စေ၊ သဘာဝဘေးကြောင့် ဖြစ်စေ မြန်မာ့အာမခံ လုပ်ငန်းမှ ပျက်စီးဆုံးရှုံးမှု တန်ဖိုးအလိုက် လျော်ကြေးငွေ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ် မေလနှင့် ဇွန်လအတွင်းက ပြင်ဦးလွင် အတက်လမ်းတွင် ဖြစ်ပွားခဲ့သည့် Probox ကားအမျိုးအစားနှစ်စီး အင်ဂျင်အပူလွန်ကဲပြီး မီးလောင်ပျက်စီး ခဲ့မှုကိုလည်း အလုံးစုံ မော်တော်ယာဉ် အာမခံ ပြုလုပ်ထားသောကြောင့် လျော်ကြေးငွေ ပေးအပ်ခဲ့ပြီး လက်ချိန်တွင် မြန်မာ့အာမခံ လုပ်ငန်းသို့ လျော်ကြေးငွေ တောင်းခံထားသည့် ကားအစီးရေ ရှစ်စီးခန့် ရှိကြောင်း သိရသည်။
အာမခံ လျှောက်ထားသည့် ကားအစီးရေမှာ ၂ဝ၁ဝ-၂ဝ၁၁ တွင် ၂၆၄ စီး၊ ၂ဝ၁၁-၂ဝ၁၂ တွင် ၂၇၂ စီး၊ ၂ဝ၁၂-၂ဝ၁၃ တွင် ၃၄၄ စီးရှိခဲ့ပြီး ယခု ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘဏ္ဍာနှစ် စက်တင်ဘာလအထိ လာရောက် လျောက်ထားသည့် ကားအစီးရေမှာ ၂၄၇ စီး ခန့်ရှိကြောင်း သိရသည်။
Eleven Media Group မှ ကူးယူဖော်ပြသည်။
Photo credit by sylvar
Latest News
Without ကားများကို RFID စနစ်​အသုံးပြု၍...
Latest news1 13 150x150
Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...
Read more »
Mazda Myanmar က All New Mazda CX 9 ကားကို...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »