တစ္ပတ္အတြင္း ကားေလာကသတင္းမ်ား


ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။


သတင္းထူးမ်ားမွာေတာ့ :


news_this_week


  •  Cherry QQ အငွားကားမ်ားကို အပ္ႏွံခြင့္ေပးေနေသာ္ လည္း ျမန္မာမီနီကားမ်ားကိုမူ အပ္ႏွံခြင့္ေပးမည္ မဟုတ္



  •  ရန္ကုန္စည္ပင္သာယာ နယ္နမိတ္အတြင္း ဟိုင္းလပ္ခရီးသည္တင္ယာဥ္ ေျပးဆြဲမွဳအား ၂၀၁၄ ခုႏွစ္ဆန္းပိုင္း အထိသာခြင့္ျပဳမည္



  •  ယခုလ ၅ ရက္တြင္ ဘုရင့္ေနာင္ ႏွစ္ထပ္ခံုးေက်ာ္တံတား ဖြင့္ပြဲျပဳလုပ္မည္



  •  ကရိန္းျဖင့္ ဖမ္းဆီးအေရးယူခဲ့သည့္ယာဥ္မ်ား ႏွစ္လအတြင္းဒဏ္ေငြေဆာင္ေရြးယူျခင္း မရွိပါကႏိုင္ငံပိုင္သိမ္းမည္



  •  CIF တန္ဖုိး ေလွ်ာ့ခ်ေပးလိုက္ေသာ Mark X ကားမ်ား ေလလံေစ်းတက္ႏုိင္



  •  တကၠစီတင္သြင္းခြင့္ ပါမစ္ ၂၀၁၄ ခုႏွစ္ကုန္အထိ ယာယီရပ္ဆိုင္းမည္



  •  ၁၅ တန္ႏွင့္အထက္ Truck မ်ားကို တစ္တန္တုိးလွ်င္ CIF တန္ဖုိး အေမရိကန္ေဒၚလာ ငါးရာထည့္ေပါင္းမည္



  •  ဘုရင့္ေနာင္ပြဲ႐ံု၀င္း ယာဥ္ပိတ္ဆုိ႔မႈေလ်ာ့နည္းေရးအတြက္ ၀င္ေရာက္ေသာ ကုန္ကားမ်ား အေပၚ အရွည္ေပႏွင့္ ကုန္ခ်ခ်ိန္ ကန္႔သတ္မႈရွိလာႏိုင္



  •  ရန္ကုန္ၿမိဳ႕၌ တ႐ုတ္နည္းပညာသံုးယာဥ္ေၾကာပိတ္ဆို႔ မႈထိန္းခ်ဳပ္ေရး အခန္းထားရွိသြားမည္



  •  ဆိပ္ကမ္းေရာက္ကား (၂၂) စီးကုိ တိုက္ေၾကကားဟု ယူဆ၍ အေကာက္ခြန္မွ စိစစ္ေန



  •  ပန္းဆိုးတန္းႏွင့္ ကမၻာေအး ဂမုန္းပြင့္ေရွ႕ ၌ လူကူးခံုးေက်ာ္ တံတားတည္ေဆာက္ရန္ က်ပ္သန္း (၇၅၀) လ်ာထား



  •  ျမန္မာျပည္တြင္ပထမဆံုး Mazda Family အေရာင္းျပခန္းသစ္ဖြင့္လွစ္



  •  တစ္ႏိုင္ငံလံုး အစီးေရ ၆ သိန္းတြင္ အလံုးစံု အာမခံထားရွိမႈ ေသာင္းဂဏန္းသာရွိ




Cherry QQ အငွားကားမ်ားကို အပ္ႏွံခြင့္ေပးေနေသာ္ လည္း ျမန္မာမီနီကားမ်ားကိုမူ အပ္ႏွံခြင့္ေပးမည္ မဟုတ္


တရုတ္မွတင္သြင္းလာေသာ Cherry QQ ကားမ်ားကို အငွားယာဥ္အစားထိုးတင္သြင္းရန္အတြက္ ဆက္လက္အပ္ႏွံခြင့္ ေပးေနေသာ္လည္း ျမန္မာမီနီကားမ်ားကိုမူ အပ္ႏွံခြင့္ေပးရန္ အစီအစဥ္မရွိေသးေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရး ညြန္ၾကားမွဳဦးစီးဌာန မွသိရွိရပါသည္။ Cherry QQ ကားေတြကို အပ္ႏွံခြင့္ေပးၿပီး ေနာက္ပိုင္းမွာ ရန္ကုန္တိုင္းေဒသႀကီးတြင္း တြင္အစီးေရ ေလးရာေက်ာ္ လာေရာက္ အပ္ႏွံခဲ့ၾကပါတယ္။Cherry QQ ကားမ်ားကို နံပတ္အနီျဖစ္ရင္ ဆက္လက္ၿပီး အပ္ႏွံခြင့္ေပးမွာလည္း ျဖစ္ပါတယ္။

Ref: Automobile

 

ရန္ကုန္စည္ပင္သာယာ နယ္နမိတ္အတြင္း ဟိုင္းလပ္ခရီးသည္တင္ယာဥ္ ေျပးဆြဲမွဳအား ၂၀၁၄ ႏွစ္ဆန္းပိုင္းအထိသာ ခြင့္ျပဳမည္


မေတာ္တဆမွဳမ်ားေၾကာင့္ ခရီးသည္တင္ယာဥ္ေတြမွာ ဟိုင္းလပ္ေတြေျပးဆြဲခြင့္မျပဳျခင္းျဖစ္ေၾကာင္း မထသ ေကာ္မတီ ဥကၠဌ ဦးလွေအာင္ကေျပာပါသည္။ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေျပးဆြဲေနသည္ မည္သည့္ ခရီးသည္တင္ ဟိုင္းလပ္ယာဥ္မဆို ထုတ္ျပန္ထားသည့္ သတ္မွတ္ရက္ထက္ ေက်ာ္လြန္ေျပးဆြဲသည့္ ယာဥ္လိုင္းမ်ားကို သတ္ဆိုင္ရာ တိုင္းေဒသႀကီးမ်ားမွေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။ ရန္ကုန္-ပဲခူး၊ ရန္ကုန္-ေမွာ္ဘီ ဟိုင္းလပ္ယာဥ္မ်ားႏွင့္ ပတ္သတ္၍မူ စည္ပင္သာယာေရးနယ္နိမိတ္ အတြင္း၀င္ေရာက္ေျပးဆြဲမွဳကို ကန္႔သတ္မည္ျဖစ္ၿပီး၊ ယင္း ယာဥ္မ်ားအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ေထာက္ာကန္႔ၿမိဳ႕နယ္အထိသာ ေျပးဆြဲခြင့္ရွိမည္ျဖစ္သည္။ ထိုဟိုင္းလပ္မ်ားေနရာတြင္ မီနီဘတ္မ်ားကိုတင္သြင္းခြင့္ ျပဳထားၿပီးျဖစ္သည္။ ၂၀၁၄ ခုႏွစ္တြင္ စတင္ကာ ဟိုင္းလပ္မ်ားသာမက ဒိုင္နာယာဥ္မ်ား ကိုလည္းမီနီဘတ္မ်ားျဖင့္ အစားထိုးသြားမည္ျဖစ္ေၾကာင္းသတင္းရရွိပါသည္။

Ref: Automobile

 

ယခုလ ၅ ရက္တြင္ ဘုရင့္ေနာင္ ႏွစ္ထပ္ခံုးေက်ာ္တံတား ဖြင့္ပြဲျပဳလုပ္မည္


လာမည့္ ဇန္န၀ါရီ ၅ ရက္တြင္ မရမ္းကုန္းၿမိဳ႕နယ္ ဘုရင့္ေနာင္ ႏွစ္ထပ္ခံုးေက်ာ္တံတားကို သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားႏွင့္ တိုင္း ေဒသႀကီး အစိုးရအဖြဲ႕၀န္ႀကီးမ်ား တက္ေရာက္ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ သတင္းရရွိသည္။ဘုရင့္ေနာင္ ႏွစ္ထပ္ခံုးေက်ာ္ တံတားကို ၂၀၁၂ ခုႏွစ္၊ ဇြန္ ၅ ရက္ တြင္ စတင္ေဆာက္လုပ္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္၊ ႏို၀င္ဘာလ ပထမပတ္တြင္ တည္ေဆာက္ေရး လုပ္ငန္းမ်ား အလံုးစံု ၿပီးစီးခဲ့သည္။ဘုရင့္ေနာင္လမ္းအတိုင္း တည္ေဆာက္ထားေသာ ေလးလမ္းသြား တံတားကို ၂၀၁၃ ခုႏွစ္၊ ႏို၀င္ဘာ ၃၁ ရက္တြင္လည္းေကာင္း၊ သမိုင္းဘူတာ႐ံုလမ္းအတိုင္း တည္ေဆာက္ထားေသာ ႏွစ္လမ္းသြား အေပၚလႊာတံတားကို ဒီဇင္ဘာ ၂၄ ရက္တြင္ လည္းေကာင္း စမ္းသပ္ ေမာင္းႏွင္ခြင့္မ်ား ျပဳလုပ္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီ ၅ ရက္ နံနက္ ၈ နာရီ ၁၀ မိနစ္တြင္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ၀န္ႀကီးမ်ား၊ FMI Group မွ တာ၀န္ရွိသူမ်ား၊ ၿမိဳ႕ေတာ္စည္ပင္မွ တာ၀န္ရွိ ပုဂၢိဳလ္မ်ားက ဖဲႀကိဳးျဖတ္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

Ref: Automobile

 

ကရိန္းျဖင့္ ဖမ္းဆီးအေရးယူခဲ့သည့္ယာဥ္မ်ား ႏွစ္လအတြင္းဒဏ္ေငြေဆာင္ေရြးယူျခင္း မရွိပါကႏိုင္ငံပိုင္သိမ္းမည္


ကရိန္းျဖင့္ ဖမ္းဆီးအေရးယူခဲ့သည့္ ယာဥ္မ်ား ႏွစ္လအတြင္း ဒဏ္ေငြေဆာင္ ေရြးယူျခင္းမရွိပါက ႏိုင္ငံပိုင္သိမ္း၍ ေလလံတင္ ျပန္လည္ေရာင္းခ်သည္အထိ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ သတင္းရရွိသည္။ ဖမ္းဆီးခံယာဥ္မ်ားအား လက္ရွိတြင္ ရွင္ေစာပုယာဥ္ရပ္နားစခန္း အတြင္းသိမ္းယူထားေၾကာင္းႏွင့္ ဖမ္းဆီးခံ ယာဥ္အမ်ားစုမွာ လာေရာက္ေရြးယူျခင္း မရွိသည့္အတြက္ ယင္းတို႔ကိုႏိုင္ငံပိုင္ယာဥ္အျဖစ္ သိမ္းယူ၍ ေလလံတင္ ျပန္လည္ေရာင္းခ်သည္အထိ အေရးယူရန္ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္၊ ႏို၀င္ဘာ ၁၁ ရက္တြင္ စတင္ျပဳလုပ္ခဲ့ၿပီး ဒီဇင္ဘာလအထိ ခ်လန္ျဖတ္အေရးယူမႈႏွင့္ ဖယ္ရွားအေရးယူမႈစုစုေပါင္း ေလးရာ၀န္းက်င္ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း၊လက္ရွိတြင္ ရွင္ေစာပုယာဥ္ရပ္နားစခန္းအတြင္း လာေရာက္ေရြးယူျခင္း မရွိသည့္ အေရးယူထားသည့္ စည္းကမ္းမဲ့ယာဥ္ အစီးေရႏွစ္ရာေက်ာ္ရွိၿပီ ျဖစ္ေၾကာင္းသတင္းရရွိသည္။

Ref: Automobile

 

CIF တန္ဖုိး ေလွ်ာ့ခ်ေပးလိုက္ေသာ Mark X ကားမ်ား ေလလံေစ်းတက္ႏုိင္


၂၀၁၄ ခုႏွစ္ CIF တြင္ တန္ဖုိး သိသိသာသာ ေလွ်ာ့ခ်ေပးလိုက္ေသာ Mark X ကားမ်ားကို အၿပိဳင္အဆုိင္ ၀ယ္ယူမႈမ်ား ရွိလာႏုိင္ေသာေၾကာင့္ ေလလံေစ်းႏႈန္းမ်ား ျမင့္တက္လာဖြယ္ရွိေၾကာင္း ကားအေရာင္းစင္တာ ပိုင္ရွင္တစ္ဦးက သံုးသပ္ေျပာၾကားခဲ့သည္။CIF တန္ဖုိးသစ္တြင္ လူႀကိဳက္မ်ားသည့္ Mark X ကားမ်ားကို မုိဒယ္အလိုက္ ေဒၚလာ ႏွစ္ေထာင္မွ ေလးေထာင္အထိ တန္ဖိုး ေလွ်ာ့ခ်ခဲ့ေသာေၾကာင့္ ထိုကားမ်ား၏ ၀ယ္လိုအားမွာ ယခင္ႏွစ္မ်ားထက္ ျမင့္တက္လာဖြယ္ရွိေၾကာင္း ကားတင္သြင္းသူမ်ားက သံုးသပ္ထားၾကသည္။ ဂ်ပန္ေလလံမ်ား မပိတ္ခင္ ဒီဇင္ဘာလအတြင္း ျဖစ္ေပၚခဲ့ေသာ ေလလံေစ်းႏႈန္းမ်ားအရ Mark X 2004 မုိဒယ္ကို ယန္းေျခာက္သိန္း မွ ယန္းရွစ္သိန္းအထိရွိၿပီး အခြန္ ၆၅ သိန္း၀န္းက်င္၊ တျခား စရိတ္ စက ငါးသိန္း၀န္းက်င္ႏွင့္ စလစ္ တန္ဖုိးေပါင္းပါက ၂၄၅ သိန္း ၀န္းက်င္ရွိမည္ျဖစ္ေၾကာင္း ကား တင္သြင္းသူမ်ားထံမွ သိရွိရသည္။

Ref: Automobile

 

တကၠစီတင္သြင္းခြင့္ ပါမစ္ ၂၀၁၄ ခုႏွစ္ကုန္အထိ ယာယီရပ္ဆိုင္းမည္


၂၀၁၃ ခုႏွစ္၊ ဒီဇင္ဘာလမွ စတင္ ရပ္နားခဲ့ေသာ တကၠစီတင္သြင္းခြင့္ ပါမစ္ကို ၂၀၁၄ ခုႏွစ္ ႏွစ္ကုန္အထိ ယာယီ ရပ္ဆိုင္းသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ သတင္းရရွိသည္။ ရန္ကုန္ၿမိဳ႕တြင္း ျဖစ္ေပၚေနေသာ ယာဥ္ေၾကာက်ပ္တည္းမႈမ်ားေၾကာင့္ ၂၀၁၃ ခုႏွစ္၊ ဒီဇင္ဘာလမွ စတင္၍ အငွားယာဥ္တကၠစီ တင္သြင္းခြင့္ပါမစ္ကို ယာယီရပ္ဆိုင္းျခင္းႏွင့္ ယာဥ္ေၾကာက်ပ္တည္းမႈ ေျဖေလွ်ာ့ရန္ ခံုးေက်ာ္ တံတားမ်ား တည္ေဆာက္ခဲ့ေသာ္လည္း ယာဥ္ေၾကာက်ပ္တည္းမႈကို အနည္းငယ္သာ ေျဖေလွ်ာ့ႏိုင္ ေသာေၾကာင့္ အငွားယာဥ္တင္သြင္းခြင့္ ပါမစ္အား ၂၀၁၄ ခုႏွစ္ ႏွစ္ကုန္အထိ ယာယီ ရပ္ဆိုင္းမည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ပို႔ေဆာင္ေရး၀န္ႀကီး ဦးေအာင္ခင္က ေျပာသည္။

Ref: Automobile

 

၁၅ တန္ႏွင့္အထက္ Truck မ်ားကို တစ္တန္တုိးလွ်င္ CIF တန္ဖုိး အေမရိကန္ေဒၚလာ ငါးရာထည့္ေပါင္းမည္


ျပည္ပမွ လုပ္ငန္းသံုးယာဥ္ Truck မ်ား တင္သြင္းရာတြင္ ၁၅ တန္ႏွင့္ အထက္ ျဖစ္ပါက တစ္တန္တုိးလွ်င္ CIF တန္ဖုိး ေဒၚလာ ငါးရာ ထည့္ေပါင္းၿပီး ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွသိရသည္။
စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ Truck မ်ား တင္သြင္းမႈအတြက္ သတ္မွတ္ခ်က္မ်ား ထုတ္ျပန္ခဲ့ရာတြင္
• Truck ယာဥ္မ်ား၏ တန္ခ်ိန္အလိုက္ တန္ဖုိး သတ္မွတ္မႈအား Capacity Weight အရ တန္ဖုိးသတ္မွတ္ျခင္း ျဖစ္၍လုိင္စင္ ေလွ်ာက္ထားပါက Capacity Weight ေဖာ္ျပေလွ်ာက္ထားရမည္။
• တစ္ တန္အာက္ Mini Truck (1350CC) ႏွင့္ ေအာက္ယာဥ္မ်ားအား ၂၀၀၀ ေမာ္ဒယ္မွ ၂၀၁၂ ေမာ္ဒယ္အထိ တန္ဖုိး အေမရိကန္ေဒၚလာ ငါးေထာင္ျဖင့္ ေလွ်ာက္ထားႏုိင္ၿပီး ၂၀၁၃ ႏွင့္ ၂၀၁၄ ေမာ္ဒယ္ျဖင့္ ေလွ်ာက္ထားမည္ ဆုိပါက လက္ရွိေပါက္ေစ်းအတုိင္း ေလွ်ာက္ထားရမည္ျဖစ္သည္။
• 15 Tons ႏွင့္အထက္ Truck မ်ား ေလွ်ာက္ထားပါက တစ္တန္တုိးလွ်င္ အေမရိကန္ေဒၚလာ ငါးရာ ထည့္ေပါင္း ခြင့္ျပဳေပးမည္။
• တန္ ငါးဆယ္အထက္ ေက်ာ္လြန္ေသာ Truck မ်ား ေလွ်ာက္ထားပါက OSS သုိ႔ တင္ျပၿပီး ေစ်းႏႈန္းအတည္ျပဳသြားမည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္း ေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ သိရသည္။

Ref: Automobile

 

ဘုရင့္ေနာင္ပြဲ႐ံု၀င္း ယာဥ္ပိတ္ဆုိ႔မႈေလ်ာ့နည္းေရးအတြက္ ၀င္ေရာက္ေသာ ကုန္ကားမ်ားအေပၚ အရွည္ေပႏွင့္ ကုန္ခ်ခ်ိန္ ကန္႔သတ္မႈရွိလာႏိုင္


ဘုရင့္ေနာင္ခံုးေက်ာ္တံတားမ်ားျဖတ္သန္းသြားလာခြင့္ျပဳထားသည္မွာ လခ်ီၾကာေသာ္လည္း ဘုရင့္ေနာင္ပြဲ႐ံု၀င္းအတြင္း ယာဥ္ပိတ္ဆုိ႔မႈမ်ား ျပန္လည္ျဖစ္ပြားတတ္သျဖင့္ ပြဲ႐ံု၀င္းအတြင္း ၀င္ေရာက္ေသာကုန္ကားမ်ား၏ အရွည္ေပအမ်ဳိးအစား အလိုက္ခြဲျခား၀င္ခြင့္ေပးရန္ႏွင့္ ေန႔အခ်ိန္ကုန္ကားမ်ား ကုန္တင္ကုန္ခ်မျပဳလုပ္ရန္ သက္ဆုိင္ရာသို႔တင္ျပ မႈမ်ားရွိလာသည္ ဆိုေသာသတင္းမ်ား ထြက္ေပၚေနရာ ကုန္ကားဂိတ္မ်ားမွ သက္ဆုိင္ရာသို႔ စံုစမ္းရာ အဆုိပါတင္ျပခ်က္မ်ားရွိေသာ္လည္း မည္ သည့္ၫႊန္ၾကားဆံုးျဖတ္ခ်က္မွ်မရွိ ေသးေၾကာင္းသိရွိရသည္ဟု ကုန္ကားဂိတ္လုပ္ငန္းလုပ္ကုိင္သူမ်ားထံမွသိရသည္။ ပြဲ႐ံု၀င္းအတြင္း လမ္းေထာင့္မ်ားတြင္ရွိေသာ ဓာတ္တုိင္၊ ေစ်းဆိုင္ မ်ားေၾကာင့္ (၁၀) ဘီး၊ (၁၂) ဘီးကား မ်ား ယာဥ္ေၾကာ (၂) ေၾကာရွိသည့္ လမ္းသြယ္မ်ားတြင္ လမ္းလယ္မွေနရာ ယူေကြ႔ေနရ၍ ယာဥ္ေၾကာတစ္ေၾကာ သာသြားလာႏိုင္ေၾကာင္း၊ ပြဲ႐ံု၀င္း အ၀င္၀မ်ားတြင္ စိုက္ထူထားေသာ တားျမစ္ဆိုင္းဘုတ္မ်ားတြင္ ပါရွိ ေသာေန႔အခ်ိန္တြဲကားမ်ား ၀င္ေရာက္ ခြင့္မျပဳဆိုေသာ္လည္း လုိက္နာမႈအားနည္းေနေၾကာင္း၊ ပြဲ႐ံု၀င္းအတြင္း တြင္ ဂိုေဒါင္အျပင္ ျပည္ပမွတင္သြင္းကုန္၊ ပုိ႔ကုန္မ်ား ထည့္သြင္းမႈမ်ားလာရာ ေန႔စဥ္ ေပ (၂၀) ၊ ေပ (၄၀) ရွည္ကုန္ေသတၱာယာဥ္မ်ား အ၀င္အထြက္ မ်ားလာျခင္း၊ ယာဥ္ေမာင္းတခ်ဳိ႔၏ စည္းကမ္းမဲ့ေမာင္းႏွင္ ရပ္တန္႔မႈမ်ားေၾကာင့္ ပြဲ႐ံု၀င္းအတြင္း ယာဥ္ပိတ္ဆုိ႔ မႈညပုိင္းထိမၾကာခဏျဖစ္ပြား၍ လုပ္ငန္းမ်ားအခက္အခဲ ႀကံဳေတြ႔ေနရဆဲရွိသည္ဟု လုပ္ငန္းလုပ္ကုိင္သူမ်ားမွဆိုသည္။

Ref: Automobile

 

ရန္ကုန္ၿမိဳ႕၌ တ႐ုတ္နည္းပညာသံုးယာဥ္ေၾကာပိတ္ဆို႔ မႈထိန္းခ်ဳပ္ေရး အခန္းထားရွိသြားမည္


ကမၻာ့ႏိုင္ငံမ်ား၏ တခ်ဳိ႔ေသာ ၿမိဳ႕ႀကီးမ်ား၌ အသံုးျပဳလ်က္ရွိေသာ ေမာ္ေတာ္ယာဥ္ေျပးဆြဲမႈထိန္းခ်ဳပ္ ေရးအခန္းကဲ့သို႔ ရန္ကုန္တုိင္းေဒသ ႀကီးတြင္ ျဖစ္ပြားေနေသာ ယာဥ္ေၾကာ ပိတ္ဆုိ႔မႈမ်ားကုိ ေလွ်ာ့ခ်ႏိုင္ေစရန္ အတြက္ ထိန္းခ်ဳပ္ေရးအခန္း ကုိထားရွိသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။အဆိုပါ ယာဥ္ေၾကာပိတ္ဆုိ႔မႈ ထိန္းခ်ဳပ္ေရးအခန္းကုိ တ႐ုတ္နည္း ပညာျဖင့္ အသံုးျပဳသြားဖြယ္ရွိေၾကာင္း ႏွင့္ နည္းစနစ္ပုိင္းကုိ အစည္းအေ၀းထိုင္၍ ဆံုးျဖတ္ခ်က္ရယူ သြားမည္ ျဖစ္ေၾကာင္းယာဥ္ထိိန္းရဲ႐ံုးမွ တာ၀န္ရွိသူတစ္ဦး၏ ေျပာျပခ်က္အရသိရွိရသည္။ မၾကာမီအခ်ိန္အတြင္း အဆိုပါစီမံကိန္းစတင္ႏိုင္ရန္ လိုအပ္သည့္ ပစၥည္းကိရိယာမ်ား တပ္ဆင္၍ ေဆာင္ရြက္သြားရန္ စီစဥ္ေနေၾကာင္း သိရွိရသည္။

Ref:Auto World

 

ဆိပ္ကမ္းေရာက္ကား (၂၂) စီးကုိ တိုက္ေၾကကားဟု ယူဆ၍ အေကာက္ခြန္မွ စိစစ္ေန


ျပည္ပမွ ေမာ္ေတာ္ယာဥ္မ်ားကုိ တင္သြင္းခြင့္ျပဳခဲ့ရာတြင္ ေမာ္ေတာ္ ယာဥ္တင္သြင္းသူအခ်ဳိ႔သည္ ျပည္ပမွ တိုက္ေၾကကားမ်ားကုိ တင္သြင္းလာ မႈမ်ားရွိေနသည့္အတြက္ အေကာက္ ခြန္ဦးစီးဌာနမွ စိစစ္လ်က္ရွိရာ ယခု အခါတြင္ ျပည္ပမွတင္သြင္းလာၿပီး ဆိပ္ကမ္းေရာက္ေနသည့္ ေမာ္ေတာ္ ယာဥ္မ်ားအနက္ ယာဥ္ (၂၂) စီးကုိ တိုက္ေၾကကားဟုယူဆ၍ အေကာက္ ခြန္ဦးစီးဌာနမွ စိစစ္လ်က္ရွိေၾကာင္း သိရသည္။ ယခင္က ျပည္ပမွတင္သြင္း လာသည့္ ေမာ္ေတာ္ယာဥ္မ်ားတြင္ တိုက္ေၾကမ်ားဟု ယူဆရေသာ ေမာ္ ေတာ္ယာဥ္မ်ား စိစစ္ရာတြင္ ပထမ အႀကိမ္အျဖစ္ တိုက္ေၾကကား (၂၇) စီး၊ ဒုတိယအႀကိမ္တြင္ (၄၂) စီး၊ တတိယအႀကိမ္တြင္ (၃၂) စီး၊ စတုတၳအႀကိမ္တြင္ (၂၈) စီး စသည္ တို႔ကုိ စိစစ္၍ တိုက္ေၾကကားစုစု ေပါင္း (၁၂၉) စီးကုိ ျပည္သူ႔ဘ႑ာ အျဖစ္ သိမ္းဆည္းခဲ့ေၾကာင္း သိရွိရ သည္။ ထုိ႔အျပင္ တိုက္ေၾကကား တင္သြင္းသည့္ ကုမၸဏီလုပ္ငန္းရွင္ မ်ားကုိလည္း ကားတင္သြင္းခြင့္တစ္ႏွစ္ ပိတ္ပင္ခဲ့သည္။

Ref:Auto World

 

ပန္းဆိုးတန္းႏွင့္ ကမၻာေအး ဂမုန္းပြင့္ေရွ႕ ၌ လူကူးခံုးေက်ာ္ တံတားတည္ေဆာက္ရန္ က်ပ္သန္း (၇၅၀) လ်ာထား


ယာဥ္ေၾကာပိတ္ဆို႔မႈေျဖရွင္းႏုိင္ရန္အတြက္ ပန္းဆိုးတန္းႏွင့္ ကမၻာေအးဘုရားလမ္း ဂမုန္းပြင့္ကုန္ တိုက္ေရွ႕တို႔တြင္ လူကူးခံုးေက်ာ္တံ တားတည္ေဆာက္ရန္ က်ပ္သန္း (၇၅၀) လ်ာထားေၾကာင္းသိရွိရသည္။ အဆိုပါ လူကူးခံုးေက်ာ္တံတား (၂) စင္းကုိ လာမည့္ (၂၀၁၄-၂၀၁၅) ဘ႑ာေရးႏွစ္တြင္ တည္ေဆာက္သြားရန္ လ်ာထားသည္။ အဆုိပါ ေနရာ (၂) ေနရာသည္ ယာဥ္ေၾကာပိတ္ဆို႔မႈ ဆိုးရြားၿပီး လမ္းျဖတ္ကူးသူ၊ လမ္း အသံုးျပဳသူ ျပည္သူမ်ားအခက္အခဲ မ်ားျဖစ္ေနသည့္အတြက္ ယခုကဲ့သုိ႔ လူကူးခံုးေက်ာ္တံတားတည္ေဆာက္ ရန္စီစဥ္ရျခင္းျဖစ္ေၾကာင္းသိရသည္။ ပန္းဆိုးတန္းတြင္ တည္ ေဆာက္မည့္ လူကူးခံုးေက်ာ္တံတား အတြက္ က်ပ္ေငြသန္းေပါင္း (၄၅၀) လ်ာထားၿပီး ကမၻာေအးဘုရားလမ္း ေပၚရွိ ဂမုန္းပြင့္ကုန္တိုက္ေရွ႕ တည္ေဆာက္မည့္ လူကူးခံုးေက်ာ္တံတား အတြက္ က်ပ္ေငြသန္းေပါင္း (၃၀၀) လ်ာထားေၾကာင္းသိရသည္။ အျခားၿမိဳ႕နယ္မ်ားျဖစ္ေသာ လမ္းမေတာ္ၿမိဳ႕နယ္၊ လမ္းသစ္လမ္း တြင္ ေငြက်ပ္သိန္း (၂၇၀) အကုန္ အက်ခံကာ လူကူးခံုးေက်ာ္တံတား တစ္ခုတည္ေဆာက္သြားမည္ျဖစ္ၿပီး အင္းစိန္လမ္းမႀကီး လွည္းတန္းမီးပြိဳင့္ အနီးတြင္ လူကူးခံုးေက်ာ္တံတားတစ္ခုအား ေငြက်ပ္သန္း (၈၀) အကုန္ အက်ခံကာ ထပ္မံတည္ေဆာက္သြား မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ ပင္သာယာေရးေကာ္မတီမွ သိရွိရသည္။

Ref: Auto World

 

ျမန္မာျပည္တြင္ပထမဆံုး Mazda Family အေရာင္းျပခန္းသစ္ဖြင့္လွစ္


Mazda Show Room သစ္ကို ဇန္န၀ါရီ (၁၁-၁၂) ၂၀၁၄ တြင္ ရန္ကုန္ၿမိဳ႕၊ဆရာစံရပ္ကြက္၊ ကမာၻေအးဘုရားလမ္း တြင္ဖြင့္လွစ္မည္ျဖစ္သည္။ အဆိုပါ အသစ္ဖြင့္လွစ္လိုက္ေသာအေရာင္းျပခန္းတြင္ ကမာၻတ၀န္းမွ ဆုတံဆိပ္အေျမာက္အမ်ားရရွိထားေသာ Mazda 6 ကို ေလ့လာၾကည့္႐ွဳ၀ယ္ယူႏိုင္ပါသည္။
SKYACTIV TECHNOLOGY ျဖင့္ထုတ္လုပ္ထားေသာ ေက်ာ့ရွင္းလွပ၍ ွSporty ျဖစ္သည့္ Mazda 6 သည္ ၫွိဳ႕ငင္ဆြဲေဆာင္မွဳ၊ သက္၀င္လွဳပ္ရွားမွဳႏွင့္ ျမန္ဆန္သြက္လက္မွဳ အစရွိေသာစြမ္းအားမ်ား ေပါင္းစပ္ထားသည့္ “Soul of Motion ဟုေခၚေသာ KODO အယူအဆမ်ားကို အေျခခံထားေသာနည္းပညာျဖင့္ ထုတ္လုပ္ထားျခင္းျဖစ္သည္။
Mazda ခ်စ္သူမ်ားအတြက္ ဖြင့္ပြဲအထူးအစီအစဥ္အျဖစ္္…
20% လက္ငင္းေငြေခ်စနစ္- သင့္တင့္ေသာ အရစ္က်ေပးေဆာင္မွဳ၊
US$ 8,000 အထိေလွ်ာ့ေစ်း၊
Mazda မွအင္ဂ်င္အာမခံခ်က္မ်ားႏွင့္ အခမဲ့၀န္ေဆာင္မွဳမ်ားပါ ေပးသြားမည္ျဖစ္သည္။
သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားသာအတည္ျဖစ္၍ ပြဲကာလအတြင္းတြင္ ေရာင္းခ်မည့္ ကားအစီေရ ကိုလည္း သတ္မွတ္ထားပါသည္။

 

 

တစ္ႏိုင္ငံလံုး အစီးေရ ၆ သိန္းတြင္ အလံုးစံု အာမခံထားရွိမႈ ေသာင္းဂဏန္းသာရွိ


ကားႏွင့္ ဆိုင္ကယ္အပါအ၀င္ ျမန္မာတစ္ႏိုင္ငံလံုး၌အစီးေရ ၃ သန္း ခန္႔ မွတ္ပံုတင္ထားရာတြင္ ေမာ္ေတာ္ ယာဥ္အစီးေရ ၆ သိန္း၌ အလံုးစံု အာမခံထားရွိမႈ အေရအတြက္မွာ ေသာင္းဂဏန္းသာရွိေၾကာင္း ျမန္မာ့ အာမခံလုပ္ငန္းမွတစ္ဆင့္ စံုစမ္းသိရွိ ရသည္။ မွတ္ပံုတင္ထားသည့္ေမာ္ေတာ္ ယာဥ္အစီးေရ ၆ သိန္းေက်ာ္ႏွင့္ဆိုင္ ကယ္အစီးေရ ၂၃ သိန္းခန္႔ရွိေသာ ေၾကာင့္ စုစုေပါင္း ယာဥ္အစီးေရ ၃ သန္းခန္႔ ရွိရာတြင္ အလံုးစံု အာမခံထားရွိမႈမွာ အစီးေရ ေသာင္းဂဏန္းသာ ရွိသည္ဟု ဆိုသည္။ တစ္ႏိုင္ငံလံုး အစီးေရ သံုးသန္းေလာက္မွာ အလံုးစံုအာမခံ ထားရွိမႈက ေသာင္းဂဏန္းပဲရွိတယ္။သိန္း ဂဏန္းေတာင္ မရွိေသးဘူး။ အခုဆို ရင္ပုဂၢလိကအာမခံလုပ္ငန္းေတြ လည္းေပၚလာပါၿပီ ဟု ျမန္မာ့အာမခံလုပ္ငန္းမွ ဒုတိယအေထြေထြမန္ေနဂ်ာ ဦးခင္ေမာင္၀င္းက ေျပာသည္။

Ref: Auto World

 

 

 

 

 

 

 

 

 

 

 



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။


သတင်းထူးများမှာတော့ :


news_this_week


  •  Cherry QQ အငှားကားများကို အပ်နှံခွင့်ပေးနေသော် လည်း မြန်မာမီနီကားများကိုမူ အပ်နှံခွင့်ပေးမည် မဟုတ်



  •  ရန်ကုန်စည်ပင်သာယာ နယ်နမိတ်အတွင်း ဟိုင်းလပ်ခရီးသည်တင်ယာဉ် ပြေးဆွဲမှုအား ၂ဝ၁၄ ခုနှစ်ဆန်းပိုင်း အထိသာခွင့်ပြုမည်



  •  ယခုလ ၅ ရက်တွင် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတား ဖွင့်ပွဲပြုလုပ်မည်



  •  ကရိန်းဖြင့် ဖမ်းဆီးအရေးယူခဲ့သည့်ယာဉ်များ နှစ်လအတွင်းဒဏ်ငွေဆောင်ရွေးယူခြင်း မရှိပါကနိုင်ငံပိုင်သိမ်းမည်



  •  CIF တန်ဖိုး လျှော့ချပေးလိုက်သော Mark X ကားများ လေလံစျေးတက်နိုင်



  •  တက္ကစီတင်သွင်းခွင့် ပါမစ် ၂ဝ၁၄ ခုနှစ်ကုန်အထိ ယာယီရပ်ဆိုင်းမည်



  •  ၁၅ တန်နှင့်အထက် Truck များကို တစ်တန်တိုးလျှင် CIF တန်ဖိုး အမေရိကန်ဒေါ်လာ ငါးရာထည့်ပေါင်းမည်



  •  ဘုရင့်နောင်ပွဲရုံဝင်း ယာဉ်ပိတ်ဆို့မှုလျော့နည်းရေးအတွက် ဝင်ရောက်သော ကုန်ကားများ အပေါ် အရှည်ပေနှင့် ကုန်ချချိန် ကန့်သတ်မှုရှိလာနိုင်



  •  ရန်ကုန်မြို့၌ တရုတ်နည်းပညာသုံးယာဉ်ကြောပိတ်ဆို့ မှုထိန်းချုပ်ရေး အခန်းထားရှိသွားမည်



  •  ဆိပ်ကမ်းရောက်ကား (၂၂) စီးကို တိုက်ကြေကားဟု ယူဆ၍ အကောက်ခွန်မှ စိစစ်နေ



  •  ပန်းဆိုးတန်းနှင့် ကမ္ဘာအေး ဂမုန်းပွင့်ရှေ့ ၌ လူကူးခုံးကျော် တံတားတည်ဆောက်ရန် ကျပ်သန်း (၇၅ဝ) လျာထား



  •  မြန်မာပြည်တွင်ပထမဆုံး Mazda Family အရောင်းပြခန်းသစ်ဖွင့်လှစ်



  •  တစ်နိုင်ငံလုံး အစီးရေ ၆ သိန်းတွင် အလုံးစုံ အာမခံထားရှိမှု သောင်းဂဏန်းသာရှိ




Cherry QQ အငှားကားများကို အပ်နှံခွင့်ပေးနေသော် လည်း မြန်မာမီနီကားများကိုမူ အပ်နှံခွင့်ပေးမည် မဟုတ်


တရုတ်မှတင်သွင်းလာသော Cherry QQ ကားများကို အငှားယာဉ်အစားထိုးတင်သွင်းရန်အတွက် ဆက်လက်အပ်နှံခွင့် ပေးနေသော်လည်း မြန်မာမီနီကားများကိုမူ အပ်နှံခွင့်ပေးရန် အစီအစဉ်မရှိသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန မှသိရှိရပါသည်။ Cherry QQ ကားတွေကို အပ်နှံခွင့်ပေးပြီး နောက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးတွင်း တွင်အစီးရေ လေးရာကျော် လာရောက် အပ်နှံခဲ့ကြပါတယ်။Cherry QQ ကားများကို နံပတ်အနီဖြစ်ရင် ဆက်လက်ပြီး အပ်နှံခွင့်ပေးမှာလည်း ဖြစ်ပါတယ်။

Ref: Automobile

 

ရန်ကုန်စည်ပင်သာယာ နယ်နမိတ်အတွင်း ဟိုင်းလပ်ခရီးသည်တင်ယာဉ် ပြေးဆွဲမှုအား ၂ဝ၁၄ နှစ်ဆန်းပိုင်းအထိသာ ခွင့်ပြုမည်


မတော်တဆမှုများကြောင့် ခရီးသည်တင်ယာဉ်တွေမှာ ဟိုင်းလပ်တွေပြေးဆွဲခွင့်မပြုခြင်းဖြစ်ကြောင်း မထသ ကော်မတီ ဥက္ကဌ ဦးလှအောင်ကပြောပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည် မည်သည့် ခရီးသည်တင် ဟိုင်းလပ်ယာဉ်မဆို ထုတ်ပြန်ထားသည့် သတ်မှတ်ရက်ထက် ကျော်လွန်ပြေးဆွဲသည့် ယာဉ်လိုင်းများကို သတ်ဆိုင်ရာ တိုင်းဒေသကြီးများမှရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်-ပဲခူး၊ ရန်ကုန်-မှော်ဘီ ဟိုင်းလပ်ယာဉ်များနှင့် ပတ်သတ်၍မူ စည်ပင်သာယာရေးနယ်နိမိတ် အတွင်းဝင်ရောက်ပြေးဆွဲမှုကို ကန့်သတ်မည်ဖြစ်ပြီး၊ ယင်း ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ထောက်ာကန့်မြို့နယ်အထိသာ ပြေးဆွဲခွင့်ရှိမည်ဖြစ်သည်။ ထိုဟိုင်းလပ်များနေရာတွင် မီနီဘတ်များကိုတင်သွင်းခွင့် ပြုထားပြီးဖြစ်သည်။ ၂ဝ၁၄ ခုနှစ်တွင် စတင်ကာ ဟိုင်းလပ်များသာမက ဒိုင်နာယာဉ်များ ကိုလည်းမီနီဘတ်များဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Ref: Automobile

 

ယခုလ ၅ ရက်တွင် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတား ဖွင့်ပွဲပြုလုပ်မည်


လာမည့် ဇန်နဝါရီ ၅ ရက်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတားကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတားကို ၂ဝ၁၂ ခုနှစ်၊ ဇွန် ၅ ရက် တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် တည်ဆောက်ရေး လုပ်ငန်းများ အလုံးစုံ ပြီးစီးခဲ့သည်။ဘုရင့်နောင်လမ်းအတိုင်း တည်ဆောက်ထားသော လေးလမ်းသွား တံတားကို ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၃၁ ရက်တွင်လည်းကောင်း၊ သမိုင်းဘူတာရုံလမ်းအတိုင်း တည်ဆောက်ထားသော နှစ်လမ်းသွား အပေါ်လွှာတံတားကို ဒီဇင်ဘာ ၂၄ ရက်တွင် လည်းကောင်း စမ်းသပ် မောင်းနှင်ခွင့်များ ပြုလုပ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် နံနက် ၈ နာရီ ၁ဝ မိနစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ FMI Group မှ တာဝန်ရှိသူများ၊ မြို့တော်စည်ပင်မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

Ref: Automobile

 

ကရိန်းဖြင့် ဖမ်းဆီးအရေးယူခဲ့သည့်ယာဉ်များ နှစ်လအတွင်းဒဏ်ငွေဆောင်ရွေးယူခြင်း မရှိပါကနိုင်ငံပိုင်သိမ်းမည်


ကရိန်းဖြင့် ဖမ်းဆီးအရေးယူခဲ့သည့် ယာဉ်များ နှစ်လအတွင်း ဒဏ်ငွေဆောင် ရွေးယူခြင်းမရှိပါက နိုင်ငံပိုင်သိမ်း၍ လေလံတင် ပြန်လည်ရောင်းချသည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။ ဖမ်းဆီးခံယာဉ်များအား လက်ရှိတွင် ရှင်စောပုယာဉ်ရပ်နားစခန်း အတွင်းသိမ်းယူထားကြောင်းနှင့် ဖမ်းဆီးခံ ယာဉ်အများစုမှာ လာရောက်ရွေးယူခြင်း မရှိသည့်အတွက် ယင်းတို့ကိုနိုင်ငံပိုင်ယာဉ်အဖြစ် သိမ်းယူ၍ လေလံတင် ပြန်လည်ရောင်းချသည်အထိ အရေးယူရန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလအထိ ချလန်ဖြတ်အရေးယူမှုနှင့် ဖယ်ရှားအရေးယူမှုစုစုပေါင်း လေးရာဝန်းကျင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊လက်ရှိတွင် ရှင်စောပုယာဉ်ရပ်နားစခန်းအတွင်း လာရောက်ရွေးယူခြင်း မရှိသည့် အရေးယူထားသည့် စည်းကမ်းမဲ့ယာဉ် အစီးရေနှစ်ရာကျော်ရှိပြီ ဖြစ်ကြောင်းသတင်းရရှိသည်။

Ref: Automobile

 

CIF တန်ဖိုး လျှော့ချပေးလိုက်သော Mark X ကားများ လေလံစျေးတက်နိုင်


၂ဝ၁၄ ခုနှစ် CIF တွင် တန်ဖိုး သိသိသာသာ လျှော့ချပေးလိုက်သော Mark X ကားများကို အပြိုင်အဆိုင် ဝယ်ယူမှုများ ရှိလာနိုင်သောကြောင့် လေလံစျေးနှုန်းများ မြင့်တက်လာဖွယ်ရှိကြောင်း ကားအရောင်းစင်တာ ပိုင်ရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။CIF တန်ဖိုးသစ်တွင် လူကြိုက်များသည့် Mark X ကားများကို မိုဒယ်အလိုက် ဒေါ်လာ နှစ်ထောင်မှ လေးထောင်အထိ တန်ဖိုး လျှော့ချခဲ့သောကြောင့် ထိုကားများ၏ ဝယ်လိုအားမှာ ယခင်နှစ်များထက် မြင့်တက်လာဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။ ဂျပန်လေလံများ မပိတ်ခင် ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော လေလံစျေးနှုန်းများအရ Mark X 2004 မိုဒယ်ကို ယန်းခြောက်သိန်း မှ ယန်းရှစ်သိန်းအထိရှိပြီး အခွန် ၆၅ သိန်းဝန်းကျင်၊ တခြား စရိတ် စက ငါးသိန်းဝန်းကျင်နှင့် စလစ် တန်ဖိုးပေါင်းပါက ၂၄၅ သိန်း ဝန်းကျင်ရှိမည်ဖြစ်ကြောင်း ကား တင်သွင်းသူများထံမှ သိရှိရသည်။

Ref: Automobile

 

တက္ကစီတင်သွင်းခွင့် ပါမစ် ၂ဝ၁၄ ခုနှစ်ကုန်အထိ ယာယီရပ်ဆိုင်းမည်


၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင် ရပ်နားခဲ့သော တက္ကစီတင်သွင်းခွင့် ပါမစ်ကို ၂ဝ၁၄ ခုနှစ် နှစ်ကုန်အထိ ယာယီ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။ ရန်ကုန်မြို့တွင်း ဖြစ်ပေါ်နေသော ယာဉ်ကြောကျပ်တည်းမှုများကြောင့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အငှားယာဉ်တက္ကစီ တင်သွင်းခွင့်ပါမစ်ကို ယာယီရပ်ဆိုင်းခြင်းနှင့် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့ရန် ခုံးကျော် တံတားများ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောကျပ်တည်းမှုကို အနည်းငယ်သာ ဖြေလျှော့နိုင် သောကြောင့် အငှားယာဉ်တင်သွင်းခွင့် ပါမစ်အား ၂ဝ၁၄ ခုနှစ် နှစ်ကုန်အထိ ယာယီ ရပ်ဆိုင်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။

Ref: Automobile

 

၁၅ တန်နှင့်အထက် Truck များကို တစ်တန်တိုးလျှင် CIF တန်ဖိုး အမေရိကန်ဒေါ်လာ ငါးရာထည့်ပေါင်းမည်


ပြည်ပမှ လုပ်ငန်းသုံးယာဉ် Truck များ တင်သွင်းရာတွင် ၁၅ တန်နှင့် အထက် ဖြစ်ပါက တစ်တန်တိုးလျှင် CIF တန်ဖိုး ဒေါ်လာ ငါးရာ ထည့်ပေါင်းပြီး ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Truck များ တင်သွင်းမှုအတွက် သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ရာတွင်
• Truck ယာဉ်များ၏ တန်ချိန်အလိုက် တန်ဖိုး သတ်မှတ်မှုအား Capacity Weight အရ တန်ဖိုးသတ်မှတ်ခြင်း ဖြစ်၍လိုင်စင် လျှောက်ထားပါက Capacity Weight ဖော်ပြလျှောက်ထားရမည်။
• တစ် တန်အာက် Mini Truck (1350CC) နှင့် အောက်ယာဉ်များအား ၂ဝဝဝ မော်ဒယ်မှ ၂ဝ၁၂ မော်ဒယ်အထိ တန်ဖိုး အမေရိကန်ဒေါ်လာ ငါးထောင်ဖြင့် လျှောက်ထားနိုင်ပြီး ၂ဝ၁၃ နှင့် ၂ဝ၁၄ မော်ဒယ်ဖြင့် လျှောက်ထားမည် ဆိုပါက လက်ရှိပေါက်စျေးအတိုင်း လျှောက်ထားရမည်ဖြစ်သည်။
• 15 Tons နှင့်အထက် Truck များ လျှောက်ထားပါက တစ်တန်တိုးလျှင် အမေရိကန်ဒေါ်လာ ငါးရာ ထည့်ပေါင်း ခွင့်ပြုပေးမည်။
• တန် ငါးဆယ်အထက် ကျော်လွန်သော Truck များ လျှောက်ထားပါက OSS သို့ တင်ပြပြီး စျေးနှုန်းအတည်ပြုသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Ref: Automobile

 

ဘုရင့်နောင်ပွဲရုံဝင်း ယာဉ်ပိတ်ဆို့မှုလျော့နည်းရေးအတွက် ဝင်ရောက်သော ကုန်ကားများအပေါ် အရှည်ပေနှင့် ကုန်ချချိန် ကန့်သတ်မှုရှိလာနိုင်


ဘုရင့်နောင်ခုံးကျော်တံတားများဖြတ်သန်းသွားလာခွင့်ပြုထားသည်မှာ လချီကြာသော်လည်း ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ယာဉ်ပိတ်ဆို့မှုများ ပြန်လည်ဖြစ်ပွားတတ်သဖြင့် ပွဲရုံဝင်းအတွင်း ဝင်ရောက်သောကုန်ကားများ၏ အရှည်ပေအမျိုးအစား အလိုက်ခွဲခြားဝင်ခွင့်ပေးရန်နှင့် နေ့အချိန်ကုန်ကားများ ကုန်တင်ကုန်ချမပြုလုပ်ရန် သက်ဆိုင်ရာသို့တင်ပြ မှုများရှိလာသည် ဆိုသောသတင်းများ ထွက်ပေါ်နေရာ ကုန်ကားဂိတ်များမှ သက်ဆိုင်ရာသို့ စုံစမ်းရာ အဆိုပါတင်ပြချက်များရှိသော်လည်း မည် သည့်ညွှန်ကြားဆုံးဖြတ်ချက်မျှမရှိ သေးကြောင်းသိရှိရသည်ဟု ကုန်ကားဂိတ်လုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။ ပွဲရုံဝင်းအတွင်း လမ်းထောင့်များတွင်ရှိသော ဓာတ်တိုင်၊ စျေးဆိုင် များကြောင့် (၁ဝ) ဘီး၊ (၁၂) ဘီးကား များ ယာဉ်ကြော (၂) ကြောရှိသည့် လမ်းသွယ်များတွင် လမ်းလယ်မှနေရာ ယူကွေ့နေရ၍ ယာဉ်ကြောတစ်ကြော သာသွားလာနိုင်ကြောင်း၊ ပွဲရုံဝင်း အဝင်ဝများတွင် စိုက်ထူထားသော တားမြစ်ဆိုင်းဘုတ်များတွင် ပါရှိ သောနေ့အချိန်တွဲကားများ ဝင်ရောက် ခွင့်မပြုဆိုသော်လည်း လိုက်နာမှုအားနည်းနေကြောင်း၊ ပွဲရုံဝင်းအတွင်း တွင် ဂိုဒေါင်အပြင် ပြည်ပမှတင်သွင်းကုန်၊ ပို့ကုန်များ ထည့်သွင်းမှုများလာရာ နေ့စဉ် ပေ (၂ဝ) ၊ ပေ (၄ဝ) ရှည်ကုန်သေတ္တာယာဉ်များ အဝင်အထွက် များလာခြင်း၊ ယာဉ်မောင်းတချို့၏ စည်းကမ်းမဲ့မောင်းနှင် ရပ်တန့်မှုများကြောင့် ပွဲရုံဝင်းအတွင်း ယာဉ်ပိတ်ဆို့ မှုညပိုင်းထိမကြာခဏဖြစ်ပွား၍ လုပ်ငန်းများအခက်အခဲ ကြုံတွေ့နေရဆဲရှိသည်ဟု လုပ်ငန်းလုပ်ကိုင်သူများမှဆိုသည်။

Ref: Automobile

 

ရန်ကုန်မြို့၌ တရုတ်နည်းပညာသုံးယာဉ်ကြောပိတ်ဆို့ မှုထိန်းချုပ်ရေး အခန်းထားရှိသွားမည်


ကမ္ဘာ့နိုင်ငံများ၏ တချို့သော မြို့ကြီးများ၌ အသုံးပြုလျက်ရှိသော မော်တော်ယာဉ်ပြေးဆွဲမှုထိန်းချုပ် ရေးအခန်းကဲ့သို့ ရန်ကုန်တိုင်းဒေသ ကြီးတွင် ဖြစ်ပွားနေသော ယာဉ်ကြော ပိတ်ဆို့မှုများကို လျှော့ချနိုင်စေရန် အတွက် ထိန်းချုပ်ရေးအခန်း ကိုထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။အဆိုပါ ယာဉ်ကြောပိတ်ဆို့မှု ထိန်းချုပ်ရေးအခန်းကို တရုတ်နည်း ပညာဖြင့် အသုံးပြုသွားဖွယ်ရှိကြောင်း နှင့် နည်းစနစ်ပိုင်းကို အစည်းအဝေးထိုင်၍ ဆုံးဖြတ်ချက်ရယူ သွားမည် ဖြစ်ကြောင်းယာဉ်ထိန်းရဲရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ မကြာမီအချိန်အတွင်း အဆိုပါစီမံကိန်းစတင်နိုင်ရန် လိုအပ်သည့် ပစ္စည်းကိရိယာများ တပ်ဆင်၍ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။

Ref:Auto World

 

ဆိပ်ကမ်းရောက်ကား (၂၂) စီးကို တိုက်ကြေကားဟု ယူဆ၍ အကောက်ခွန်မှ စိစစ်နေ


ပြည်ပမှ မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုခဲ့ရာတွင် မော်တော် ယာဉ်တင်သွင်းသူအချို့သည် ပြည်ပမှ တိုက်ကြေကားများကို တင်သွင်းလာ မှုများရှိနေသည့်အတွက် အကောက် ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိရာ ယခု အခါတွင် ပြည်ပမှတင်သွင်းလာပြီး ဆိပ်ကမ်းရောက်နေသည့် မော်တော် ယာဉ်များအနက် ယာဉ် (၂၂) စီးကို တိုက်ကြေကားဟုယူဆ၍ အကောက် ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိကြောင်း သိရသည်။ ယခင်က ပြည်ပမှတင်သွင်း လာသည့် မော်တော်ယာဉ်များတွင် တိုက်ကြေများဟု ယူဆရသော မော် တော်ယာဉ်များ စိစစ်ရာတွင် ပထမ အကြိမ်အဖြစ် တိုက်ကြေကား (၂၇) စီး၊ ဒုတိယအကြိမ်တွင် (၄၂) စီး၊ တတိယအကြိမ်တွင် (၃၂) စီး၊ စတုတ္ထအကြိမ်တွင် (၂၈) စီး စသည် တို့ကို စိစစ်၍ တိုက်ကြေကားစုစု ပေါင်း (၁၂၉) စီးကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရှိရ သည်။ ထို့အပြင် တိုက်ကြေကား တင်သွင်းသည့် ကုမ္ပဏီလုပ်ငန်းရှင် များကိုလည်း ကားတင်သွင်းခွင့်တစ်နှစ် ပိတ်ပင်ခဲ့သည်။

Ref:Auto World

 

ပန်းဆိုးတန်းနှင့် ကမ္ဘာအေး ဂမုန်းပွင့်ရှေ့ ၌ လူကူးခုံးကျော် တံတားတည်ဆောက်ရန် ကျပ်သန်း (၇၅ဝ) လျာထား


ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းနိုင်ရန်အတွက် ပန်းဆိုးတန်းနှင့် ကမ္ဘာအေးဘုရားလမ်း ဂမုန်းပွင့်ကုန် တိုက်ရှေ့တို့တွင် လူကူးခုံးကျော်တံ တားတည်ဆောက်ရန် ကျပ်သန်း (၇၅ဝ) လျာထားကြောင်းသိရှိရသည်။ အဆိုပါ လူကူးခုံးကျော်တံတား (၂) စင်းကို လာမည့် (၂ဝ၁၄-၂ဝ၁၅) ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်သွားရန် လျာထားသည်။ အဆိုပါ နေရာ (၂) နေရာသည် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားပြီး လမ်းဖြတ်ကူးသူ၊ လမ်း အသုံးပြုသူ ပြည်သူများအခက်အခဲ များဖြစ်နေသည့်အတွက် ယခုကဲ့သို့ လူကူးခုံးကျော်တံတားတည်ဆောက် ရန်စီစဉ်ရခြင်းဖြစ်ကြောင်းသိရသည်။ ပန်းဆိုးတန်းတွင် တည် ဆောက်မည့် လူကူးခုံးကျော်တံတား အတွက် ကျပ်ငွေသန်းပေါင်း (၄၅ဝ) လျာထားပြီး ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်ရှေ့ တည်ဆောက်မည့် လူကူးခုံးကျော်တံတား အတွက် ကျပ်ငွေသန်းပေါင်း (၃ဝဝ) လျာထားကြောင်းသိရသည်။ အခြားမြို့နယ်များဖြစ်သော လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်း တွင် ငွေကျပ်သိန်း (၂၇ဝ) အကုန် အကျခံကာ လူကူးခုံးကျော်တံတား တစ်ခုတည်ဆောက်သွားမည်ဖြစ်ပြီး အင်းစိန်လမ်းမကြီး လှည်းတန်းမီးပွိုင့် အနီးတွင် လူကူးခုံးကျော်တံတားတစ်ခုအား ငွေကျပ်သန်း (၈ဝ) အကုန် အကျခံကာ ထပ်မံတည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရှိရသည်။

Ref: Auto World

 

မြန်မာပြည်တွင်ပထမဆုံး Mazda Family အရောင်းပြခန်းသစ်ဖွင့်လှစ်


Mazda Show Room သစ်ကို ဇန်နဝါရီ (၁၁-၁၂) ၂ဝ၁၄ တွင် ရန်ကုန်မြို့၊ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း တွင်ဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါ အသစ်ဖွင့်လှစ်လိုက်သောအရောင်းပြခန်းတွင် ကမ္ဘာတဝန်းမှ ဆုတံဆိပ်အမြောက်အများရရှိထားသော Mazda 6 ကို လေ့လာကြည့်ရှုဝယ်ယူနိုင်ပါသည်။
SKYACTIV TECHNOLOGY ဖြင့်ထုတ်လုပ်ထားသော ကျော့ရှင်းလှပ၍ ှSporty ဖြစ်သည့် Mazda 6 သည် ညှို့ငင်ဆွဲဆောင်မှု၊ သက်ဝင်လှုပ်ရှားမှုနှင့် မြန်ဆန်သွက်လက်မှု အစရှိသောစွမ်းအားများ ပေါင်းစပ်ထားသည့် “Soul of Motion ဟုခေါ်သော KODO အယူအဆများကို အခြေခံထားသောနည်းပညာဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။
Mazda ချစ်သူများအတွက် ဖွင့်ပွဲအထူးအစီအစဉ်အဖြစ်…
20% လက်ငင်းငွေချေစနစ်- သင့်တင့်သော အရစ်ကျပေးဆောင်မှု၊
US$ 8,000 အထိလျှော့စျေး၊
Mazda မှအင်ဂျင်အာမခံချက်များနှင့် အခမဲ့ဝန်ဆောင်မှုများပါ ပေးသွားမည်ဖြစ်သည်။
သတ်မှတ်ထားသော စည်းကမ်းချက်များသာအတည်ဖြစ်၍ ပွဲကာလအတွင်းတွင် ရောင်းချမည့် ကားအစီရေ ကိုလည်း သတ်မှတ်ထားပါသည်။

 

 

တစ်နိုင်ငံလုံး အစီးရေ ၆ သိန်းတွင် အလုံးစုံ အာမခံထားရှိမှု သောင်းဂဏန်းသာရှိ


ကားနှင့် ဆိုင်ကယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး၌အစီးရေ ၃ သန်း ခန့် မှတ်ပုံတင်ထားရာတွင် မော်တော် ယာဉ်အစီးရေ ၆ သိန်း၌ အလုံးစုံ အာမခံထားရှိမှု အရေအတွက်မှာ သောင်းဂဏန်းသာရှိကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှတစ်ဆင့် စုံစမ်းသိရှိ ရသည်။ မှတ်ပုံတင်ထားသည့်မော်တော် ယာဉ်အစီးရေ ၆ သိန်းကျော်နှင့်ဆိုင် ကယ်အစီးရေ ၂၃ သိန်းခန့်ရှိသော ကြောင့် စုစုပေါင်း ယာဉ်အစီးရေ ၃ သန်းခန့် ရှိရာတွင် အလုံးစုံ အာမခံထားရှိမှုမှာ အစီးရေ သောင်းဂဏန်းသာ ရှိသည်ဟု ဆိုသည်။ တစ်နိုင်ငံလုံး အစီးရေ သုံးသန်းလောက်မှာ အလုံးစုံအာမခံ ထားရှိမှုက သောင်းဂဏန်းပဲရှိတယ်။သိန်း ဂဏန်းတောင် မရှိသေးဘူး။ အခုဆို ရင်ပုဂ္ဂလိကအာမခံလုပ်ငန်းတွေ လည်းပေါ်လာပါပြီ ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းက ပြောသည်။

Ref: Auto World

 

 

 

 

 

 

 

 

 

 

 

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ေသာ...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ခဲ့ေသာ တိုက္​​ေျပးကားမ်ား၊ ကားခိုးမႈမ်ားႏွင့္ ကား​ေပ်ာက္​မႈမ်ားကို ဗဟိုထိန္​းခ်ဴပ္​​ေရး (control...

Read more »