လာမည့္ဘ႑ာေရးႏွစ္ ဘ႑ာေငြရရွိမႈအေပၚ မူတည္၍ ကြန္ကရစ္လမ္းမ်ားေပၚ၌ ကတၱရာထပ္ပိုးလႊာ ခင္းမည္

လာမည့္ ၂၀၁၄-၂၀၁၅ ဘ႑ာေရးႏွစ္ ဘ႑ာေငြ ရရွိမႈအေပၚ မူတည္၍ ရန္ကုန္ၿမိဳ႔တာ္အတြင္းရွိ ကြန္ကရစ္လမ္းမ်ားေပၚတြင္ ကတၲရာထပ္ပိုးလႊာမ်ား ခင္းက်င္းသြားမည္ ျဖစ္ေၾကာင္း ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္းတံတား)’ မွ သတင္းရရွိသည္။

download
ကြန္ကရစ္လမ္းမ်ား ခင္းက်င္းရာတြင္ ကနဦး ကုန္က်စရိတ္မွာ ကတၱရာလမ္းမ်ား ခင္းက်င္းမႈထက္ မ်ားျပားေသာ္လည္း ႏွစ္စဥ္ ျပင္ဆင္မႈစရိတ္ နည္းပါးသည့္အတြက္ ပ်က္စီးလမ္းႏွင့္ အသစ္ခင္းက်င္းမည့္ လမ္းမ်ားကို ကြန္ကရစ္လမ္းမ်ား ခင္းက်င္းလ်က္ ရွိသည္ဟု သိရသည္။ ယခုေနာက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕တြင္းရွိ လမ္းမႀကီး အမ်ားစုကို ကြန္ကရစ္လမ္းမ်ားအျဖစ္ အဆင့္ျမႇင့္တင္ ခင္းက်င္းခဲ့ရာ လာမည့္ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္၌ လက္ရွိ ခင္းက်င္းထားေသာ ကြန္ကရစ္လမ္းမ်ားေပၚတြင္ ကတၱရာထပ္ပိုးလႊာမ်ား ခင္းက်င္းမည္ ျဖစ္ေၾကာင္း သိရသည္။ ဒါက အရင္ကတည္းက စီစဥ္ခဲ့တာ၊ ဒီဘ႑ာႏွစ္မွာေတာ့ ၿမိဳ႕တြင္းလမ္း မွန္သမွ်ကို ကြန္ကရစ္ခင္းဖို႔ စီစဥ္ခဲ့တယ္၊ လာမယ့္ ဘ႑ာႏွစ္က်မွ ကြန္ကရစ္အေပၚမွာ ႏိုင္လြန္ကတၱရာ ႏွစ္လက္မ၊ သံုးလက္မ အထူေလာက္ ထပ္ေလာင္းမွာပါ၊ က်န္တဲ့လမ္းေတြကိုလည္း ကြန္ကရစ္ခင္းၿပီး ျဖည္းျဖည္းခ်င္းစီ ကတၱရာထပ္ပိုးလႊာ ေလာင္းတာကို ေဆာင္ရြက္သြားမယ္ ဟု အင္ဂ်င္နီယာဌာန(လမ္းႏွင့္တံတား) ဒုတိယဌာနမွဴး ဦးမ်ဳိးလြင္က ေျပာသည္။ အင္ဂ်င္နီယာဌာန(လမ္းႏွင့္တံတား)အေနျဖင့္ ၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္အတြက္ ဘ႑ာေငြ က်ပ္သန္းရွစ္ေထာင္ သံုးစြဲရန္ လ်ာထားေသာ္လည္း သန္း ငါးေထာင္ေက်ာ္သာ ကုန္က်သံုးစြဲခဲ့သည္။ ယခု ၂၀၁၃-၂၀၁၄ ဘ႑ာႏွစ္တြင္ ေငြက်ပ္ သန္းေလးေသာင္းေက်ာ္ ကုန္က်သံုးစြဲရန္ လ်ာထားၿပီး ဘ႑ာေရးႏွစ္ ကုန္ဆံုးျခင္း မရွိေသးသည့္အတြက္ ကုန္က်သံုးစြဲမႈ ဘ႑ာေငြ ထုတ္ျပန္ႏိုင္ျခင္းမရွိဘဲ ယင္းဘ႑ာေငြျဖင့္ ယခု ဘ႑ာေရးႏွစ္အတြင္း ရန္ကုန္ၿမိဳ႕တြင္းရွိ လမ္းေပါင္း သံုးရာေက်ာ္ကို ကြန္ကရစ္လမ္းအျဖစ္ ခင္းက်င္းခဲ့ေၾကာင္း၊ လာမည့္ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္၌ ယင္းလမ္း သံုးရာေက်ာ္ကို ကတၱရာ ထပ္ပိုးလႊာမ်ား ခင္းက်င္းမည္ ျဖစ္ေၾကာင္း သိရသည္။

 

Ref: Auto mobile



Unicode Version

လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်၍ ရန်ကုန်မြို့တာ်အတွင်းရှိ ကွန်ကရစ်လမ်းများပေါ်တွင် ကတၲရာထပ်ပိုးလွှာများ ခင်းကျင်းသွားမည် ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား)’ မှ သတင်းရရှိသည်။

download
ကွန်ကရစ်လမ်းများ ခင်းကျင်းရာတွင် ကနဦး ကုန်ကျစရိတ်မှာ ကတ္တရာလမ်းများ ခင်းကျင်းမှုထက် များပြားသော်လည်း နှစ်စဉ် ပြင်ဆင်မှုစရိတ် နည်းပါးသည့်အတွက် ပျက်စီးလမ်းနှင့် အသစ်ခင်းကျင်းမည့် လမ်းများကို ကွန်ကရစ်လမ်းများ ခင်းကျင်းလျက် ရှိသည်ဟု သိရသည်။ ယခုနောက်ပိုင်းတွင် ရန်ကုန်မြို့တွင်းရှိ လမ်းမကြီး အများစုကို ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းခဲ့ရာ လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်၌ လက်ရှိ ခင်းကျင်းထားသော ကွန်ကရစ်လမ်းများပေါ်တွင် ကတ္တရာထပ်ပိုးလွှာများ ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။ ဒါက အရင်ကတည်းက စီစဉ်ခဲ့တာ၊ ဒီဘဏ္ဍာနှစ်မှာတော့ မြို့တွင်းလမ်း မှန်သမျှကို ကွန်ကရစ်ခင်းဖို့ စီစဉ်ခဲ့တယ်၊ လာမယ့် ဘဏ္ဍာနှစ်ကျမှ ကွန်ကရစ်အပေါ်မှာ နိုင်လွန်ကတ္တရာ နှစ်လက်မ၊ သုံးလက်မ အထူလောက် ထပ်လောင်းမှာပါ၊ ကျန်တဲ့လမ်းတွေကိုလည်း ကွန်ကရစ်ခင်းပြီး ဖြည်းဖြည်းချင်းစီ ကတ္တရာထပ်ပိုးလွှာ လောင်းတာကို ဆောင်ရွက်သွားမယ် ဟု အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)အနေဖြင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေ ကျပ်သန်းရှစ်ထောင် သုံးစွဲရန် လျာထားသော်လည်း သန်း ငါးထောင်ကျော်သာ ကုန်ကျသုံးစွဲခဲ့သည်။ ယခု ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်းလေးသောင်းကျော် ကုန်ကျသုံးစွဲရန် လျာထားပြီး ဘဏ္ဍာရေးနှစ် ကုန်ဆုံးခြင်း မရှိသေးသည့်အတွက် ကုန်ကျသုံးစွဲမှု ဘဏ္ဍာငွေ ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ယင်းဘဏ္ဍာငွေဖြင့် ယခု ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်မြို့တွင်းရှိ လမ်းပေါင်း သုံးရာကျော်ကို ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းခဲ့ကြောင်း၊ လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်၌ ယင်းလမ်း သုံးရာကျော်ကို ကတ္တရာ ထပ်ပိုးလွှာများ ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။

 

Ref: Auto mobile

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »