လာမည့် ဘဏ္ဍာနှစ်တွင် City Taxi များ မီတာတပ်ဆင်ပြေးဆွဲနိုင်ရန် ပြန်လည်စီစဉ်မည်ဟုဆို
                  Taxi-meter_in_Bangkok
Ref: Automobile
Unicode Version
လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တွင်း City Taxi အားလုံး မီတာတပ်ဆင်ပြေးဆွဲနိုင်ရန် ပြန်လည်၍ စီစဉ်သွားမည် ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန’မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
                  Taxi-meter_in_Bangkok
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် City Taxi များ၌ မီတာတပ် ဆင်ခြင်းကို ၂ဝဝ၈ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဘဲ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ဆီးဂိမ်းပြိုင်ပွဲကာလ၌ အငှားယာဉ်များ မီတာတပ်ဆင်ပြေးဆွဲရန် ထပ်မံထုတ်ပြန်ညွှန်ကြားခဲ့ရာတွင်လည်း ယာဉ်မောင်းများ လိုက်နာမှု နည်းပါးခြင်း ကြောင့် မီတာစနစ်မှာ ယခု အချိန်အထိ အောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။ “နိုင်ငံတကာမှာ တက္ကစီမှန်သမျှ မီတာတပ်ဆင်ပြေးဆွဲတာပဲ၊ ဆီးဂိမ်းကာလမှာလည်း တက္ကစီတွေမှာ မီတာတပ်ဆင်ပြေးဆွဲဖို့ စီစဉ်ခဲ့တယ်၊ ဒါပေမဲ့ မအောင်မြင်ဘူး၊ လာမယ့်ဘဏ္ဍာနှစ်မှာတော့ မဖြစ်ဖြစ်အောင် စီစဉ်မယ်၊ ဌာနအပြင် နိုင်ငံတော်ရဲ့ ကူညီ ထောက်ပံ့မှုနဲ့ စီမံချက်တစ်ခုလို သွားမယ် ဆိုရင် ဒီကိစ္စ အောင်မြင်မှာပါ” ဟု ရန်ကုန်မြို့တော်စည်ပင်၊ စီမံရေးဌာန ဒုတိယဌာနမှူး ဦးညီညီဦးက ပြောသည်။ City Taxi များ၌ မီတာတပ် ဆင်ပြေးဆွဲခြင်းကို ၂ဝဝ၇ ခုနှစ် က စတင်ခဲ့ခြင်းဖြစ်ပြီး မီတာတစ်လုံးလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် တပ်ဆင်ခွင့်ရ သက်ဆိုင်ရာကုမ္ပဏီသို့ ပေးသွင်းခဲ့ရ ကြောင်း သိရသည်။ “အရင်ကစီမံချက်နဲ့ စီအင်န် ဂျီပြောင်းပြီး တက္ကစီတွေအားလုံး မီတာတပ်ရမယ်ဆိုပြီး ရှိခဲ့တယ်၊ တပ်ဆိုတော့လည်း တပ်ခဲ့ရတာပဲ၊ မီတာတစ်လုံးကို စျေးကြီးကြီးပေးပြီး ကျပ်နှစ်သိန်းလောက်နဲ့ တပ်ခဲ့ ရတယ်၊ ပြီးတော့ မီတာစနစ်နဲ့ ပြေးဆွဲမှုမရှိရင် ဒဏ်ရိုက်အရေးယူပြန်တော့ မီတာဖွင့်ပြီး မောင်းကြရပြန်ရော၊ ခရီးသည် တွေ ကိုယ်တိုင်က လိုလိုလားလား မစီးချင်တာ၊ အခုလို နေရာအနှံ့ ကား ပိတ်နေတဲ့ပုံစံနဲ့ဆိုရင် ပိုဆိုးမယ်၊ ကျွန်တော်တို့က မီတာနဲ့ဆွဲဆိုရင်လည်း ဆွဲပေးလို့ရတယ်၊ ကား တွေအားလုံး ပုံစံတူ၊ အခွင့်အရေး တူ၊ တပ်တဲ့မီတာတွေလည်း တူရမယ်၊ စျေးသက်သာရမယ်၊ မီတာနဲ့စီးတဲ့စျေးနဲ့ ညှိနှိုင်းစျေးကွာခြား မှုမရှိဘူးဆိုတာကို ပြည်သူကို အသိ ပညာ ပေးရမယ်ဟု စီးတီး တက္ကစီ ယာဉ်မောင်းတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။ မီတာအသုံးပြု Taxi များ၌ ခရီးသည်မှ ယာဉ်ပေါ် စတက်တက်ချင်း ငွေကျပ် ငါးရာနှင့် ခရီး တစ်ကီလိုမီတာလျှင် စီးနင်းခ ငွေကျပ် တစ်ရာ၊ မီးပွိုင့်တွင် ယာဉ်ရပ်တန့် ခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများတွင် ယာဉ်ရပ်နား စောင့်ဆိုင်းခအတွက် တစ်မိနစ် ကျပ် ငါးဆယ်နှုန်း ဖြစ်ကြောင်း သိရသည်။
Ref: Automobile
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...
Latest news1 10 150x150
Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...
Read more »