စိတ်ဖြင့် ထိန်းချုပ်ရသည့်ကား တရုတ်ပညာရှင်များတီထွင်

ဘေကျင်း၊ ဇူလိုင် ၁၉


 


 


 


 


 


 


No. 1 Car Site in Myanmar

www.myanmarcarsdb.com



Unicode Version

ဘေကျင်း၊ ဇူလိုင် ၁၉

ကားပေါ်တွင် ထိုင်လိုက်ပြီးသည်နှင့် ကားကိုလက်ဖြင့်သော့ဖွင့်ပြီး စက်နှိုးစရာလည်းမလို၊ လက်ကိုင်ဘီးကိုလည်း ထိန်းချုပ်စရာမလိုဘဲ၊ စိတ်ဖြင့်ထိန်းချုပ်မောင်းနှင်နိုင်သည့် ဦးနှောက်စွမ်းအင်ကားတစ်မျိုးကို တရုတ်နိုင်ငံမှ ပညာရှင်များက တီထွင်နိုင်ခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်.။

 

တီယန်ကျင်းမြို့ရှိ နန်ကိုင်းတက္ကသိုလ်မှ တရုတ်ပညာရှင်များသည် Great Wall Motor ကားကုမ္ပဏီနှင့် ပူးပေါင်းပြီး စိတ်စွမ်းအင်ကားကို ပထမဆုံးပွဲထုတ်ပြသခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်.။

 

ယင်းကားမောင်းသူသည် ဆင်ဆာ ၁၆ မျိုးပါဝင်သည့် ဦးခေါင်းစွပ်တစ်မျိုးကို တပ်ဆင်ထားရန်လိုအပ်ပြီး ကား၏ လုပ်ဆောင်မှုအားလုံးကို စိတ်ဖြင့် ထိန်းချုပ်လုပ်ဆောင်သွားနိုင်စေရန် တီထွင်ထားသည်.။

 

ကားကိုရှေ့တိုးခိုင်းခြင်း၊ နောက်ဆုတ်ခိုင်းခြင်း၊ သော့ဖွင့် သော့ပိတ်ခိုင်းခြင်း အားလုံးကို ကားမောင်းမည့်နေရာတွင် ခေါင်းစွပ်ဖြင့် ထိုင်နေသူက စိတ်ဖြင့် အားလုံးလုပ်ဆောင်ပြသွားနိုင်ခဲ့ခြင်း ဖြစ်သည်.။

 

ကားမောင်းသူခေါင်းစွပ်အတွင်း ထည့်ထားသော ဆင်ဆာများသည် ဦးနှောက်က မည်သည့်အရာကို ခိုင်းစေနေကြောင်း ဖမ်းယူပြီးနောက် ကားစက်များအတွင်းထည့်ထားသည့် လုပ်ဆောင်နိုင်မှုများဆီသို့ အခန်းလိုက်၊ အကန့်လိုက် သင်္ကေတလှိုင်းများပေးပို့ကာ သက်ဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်နိုင်စေရန် တီထွင်ထားခြင်းဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်.။

 

နည်းပညာက အရမ်းဖွံ့ဖြိုးတိုးတက်နေပါပြီ.။ ကားမှာပါဝင်တဲ့ အီလက်ထရွန်နစ် စက်ပစ္စည်းတွေနဲ့ စိတ်ကိုဆက်သွယ်နိုင်အောင် ပြုလုပ်လိုက်တာဟာ ပိုပြီးတော့ လုံခြုံစိတ်ချရတဲ့လောကတစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ် ဟု တီထွင်သည့် အဖွဲ့မှ ပါမောက္ခ ဒေါင်ဖန်းကဆိုသည်.။

 

The Voice : Monday, July 20, 2015 မှ..

No. 1 Car Site in Myanmar

www.myanmarcarsdb.com

Latest News

Without ကားများကို RFID စနစ်​အသုံးပြု၍...

Latest news1 13 150x150

Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကို...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...

Read more »

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »