fb-pageview-tracker
သၾကၤန္ရံုးပိတ္ရက္ ခရီးမထြက္မီ သင့္ကား က်န္းမာေရးအတြက္ စစ္ေဆးသင့္သည္မ်ား


Zawgyi Version

၁။ အင္ဂ်င္ဝိုင္လဲထားၿပီးၿပီလား?

သင့္ကား အင္ဂ်င္ရဲ့ အသက္ေသြးေၾကာလုိျဖစ္တဲ့ အင္ဂ်င္ဝိုင္ ညစ္ေနၿပီလား၊ အင္ဂ်င္ဝိုင္ရဲ့ အဓိက အရည္အေသြးျဖစ္တဲ့ ေစးကပ္မႈ အရည္အေသြး (viscosity) က်ေနၿပီလား ဆုိတာ ခရီးမသြားခင္ စစ္ေဆးၿပီးမွ သြားသင့္ပါတယ္။ ကားအင္ဂ်င္ဝိုင္ကို 5,000 Km ကေန 7,000 Km အတြင္းသာ အသံုးျပဳသင့္ၿပီး၊ ဒါ့ထက္ ကီလုိမီတာ ပုိအသံုးျပဳပါက အင္ဂ်င္ဝိုင္ရဲ့ ေစးပ်စ္ျခင္း၊ အေအးေပးျခင္း၊ ေခ်ာဆီအျဖစ္ေဆာင္ရြက္ျခင္း အစရွိတဲ့ ဂုဏ္သတၱိေတြ ေလွ်ာ့နည္းလာၿပီး သင့္ကားအင္ဂ်င္ကုိ ဒုကၡေပးမွာ မလြဲမေသြပါ။

ဒီေနရာမွာ ကားအင္ဂ်င္ဝိုင္လဲထားၿပီး ကီလုိမီတာ 3,000 ေလာက္အသံုးျပဳထားတယ္၊ 4,000 km ေလာက္အသံုးျပဳထားတယ္၊ သတ္မွတ္ကီလုိ 5,000 မျပည့္ေသးဘဲ တကယ္လို႕ ခရီးသြားျဖစ္မယ္ဆိုရင္ လဲရင္ေကာင္းမလား၊ မလဲဘဲ ထားရင္ေကာင္းမလားဆုိၿပီး ျဖစ္တတ္ၾကပါတယ္။

အေကာင္းဆံုးကေတာ့ ခရီးသြားမယ္ဆုိ လဲသြားလုိက္တာအေကာင္းဆံုးပါ၊ ကားအင္ဂ်င္တြင္း အစိတ္အပုိင္းေတြက ဒီအင္ဂ်င္ဝိုင္ရဲ့ထုထည္ေပၚမွာ မီွခုိၿပီး လည္ပတ္ေနရတာပါ၊ ဥပမာ ကရုိင္း (crankshaft) နဲ႔ ဘယ္ရင္ (bearing) ေတြဟာ သံ သံျခင္းပြတ္ၿပီးလည္ေနတာမဟုတ္ဘဲ၊ ဒီ သံေတြရဲ့ ၾကားထဲမွာ ဆီထုပါးပါးေလးတည္ရွိၿပီး အဲဒီဆီထုေလးေပၚမွာ လည္ေနရတာမလို႕ ခရီးေဝးသြားတဲ့အခါမ်ိဳးမွာ အင္ဂ်င္ရဲ့ျမင့္တက္လာမယ့္အပူရွိန္နဲ႔ အရည္အေသြးက်လာတဲ့အင္ဂ်င္ဝိုင္ ေတြ႔တဲ့အခါမ်ိဳးမွာ အင္ဂ်င္ မပ်က္စီးေတာင္ အင္ဂ်င္တြင္း အစိတ္အပုိင္းေတြကုိ ထိခုိက္ေစပါတယ္။ ဒါေၾကာင့္ ခရီးသြားမယ္ဆုိရင္ အင္ဂ်င္ဝိုင္ အရည္အေသြးကုိ မျဖစ္မေနစစ္ေဆးသြားသင့္ပါတယ္။

၂။ ေအာ္တုိဝိုင္လို႕ေခၚတဲ့ automatic transmission fluid ေတြစစ္ေဆးၿပီးၿပီလား?

ေအာ္တုိဝိုင္လုိ႔ အေခၚမ်ားတဲ့ automatic transmission fluid ကေတာ့ အင္ဂ်င္ဝိုင္လုိ ခဏခဏ မလဲရပါဘူး။ ဒါေပမယ့္ မိတ္ေဆြတုိ႔ ခရီးေဝးသြားမယ္၊ ကီလုိမုိင္အမ်ားၾကီးေမာင္းမယ္ဆုိရင္ေတာ့ ဒီေအာ္တုိဝိုင္ဟာလည္း မျဖစ္မေနစစ္ေဆးရမည့္ အခ်က္ထဲမွာပါပါတယ္။
ေအာ္တုိဝိုင္ေတြကုိေတာ့ 60,000 km ကေန 100,000 Km အထိ အသံုးျပဳနုိင္တယ္လုိ႔ ကားကုမၸဏီေတြက သတ္မွတ္ေပးထားပါတယ္။ ေအာ္တုိဝိုင္ဆီေတြ ကီလုိဘယ္ေလာက္အသံုးျပဳထားၿပီးၿပီလဲ
(ကီလုီမွတ္တမ္းရွိမယ္ဆုိရင္) ကီလုိမွတ္တမ္း မရွိရင္လည္း ေအာ္တုိဝိုင္အေရာင္ညစ္ေနၿပီလားဆုိတာ စစ္ေဆးၿပီး ခရီးမသြားခင္ လဲလွယ္သြားသင့္ပါတယ္။
ေအာ္တုိဝိုင္လဲတဲ့အခါမွာလည္း မိမိကားနဲ႔ကုိက္ညီတဲ့ အမ်ိဳးအစားကုိ ေသခ်ာေရြးခ်ယ္သင့္ပါတယ္။ ATF type အမ်ိဳးအစားလား၊ CVT အမ်ိဳးအစားလားဆုိတာ ေသခ်ာေရြးခ်ယ္ၿပီးထည့္မွရပါမယ္။ တခ်ိဳ ႔မိတ္ေဆြေတြ မိမိ ဂီယာေဘာက္ရဲ့ အမ်ိဳးအစားကုိမၾကည့္ဘဲ ေအာ္တုိဝိုင္ျဖစ္ရင္ၿပီးေရာ ထည့္လုိ႔ ဂီယာေဘာက္ပ်က္စီးၿပီး ေငြကုန္ေၾကးက်မ်ားတဲ့ ျပဳျပင္မႈေတြလုပ္ခဲ့ရတာ ၾကံဳခဲ့ဖူူးပါတယ္။

၃။ သင့္ကား ဘက္ထရီစစ္ေဆးၿပီးၿပီလား?

ခရီးသြားတဲ့ကားေလးေတြ အျဖစ္မ်ားတဲ့ ျပႆနာတစ္ခုက ဘက္ထရီအားက်ၿပီး ကားစက္ႏိႈးမရတာပါ။ ဒီလုိျဖစ္ရင္ လမ္းခရီးမွာ ဘက္ထရီေထာက္ႏိႈးရ၊ ေထာက္ၾကိဳးရွာရ၊ ေထာက္ႏႈိးမယ့္ အကူဘက္ထရီအုိးရွာရနဲ႔ အရမ္းဒုကၡမ်ားပါတယ္။ ဒီလုိမျဖစ္ရေအာင္ သင့္ကား ဘက္ထရီေကာင္း/မေကာင္း၊ ဘက္ထရီအုိးရဲ့ ပါဝါက်/မက် စမ္းသပ္သြားသင့္ပါတယ္။

ပံုမွန္ ဘက္ထရီအုိးေကာင္းတစ္လံုးရဲ့ voltage က 12.35 V ေလာက္ပ်မ္းမွ်ရွိၿပီး ကားစက္ စစႏႈိးလုိက္တဲ့ အခ်ိန္ starter motor ကုိ စဆြဲလုိက္တဲ့အခ်ိန္မွာ ထုိးက်သြားတဲ့ ဗို႔အား votlage drop က 11. V ကေန 10. V ထိပဲဆင္းသြားတယ္။ ဒါက အားျပည့္ေနတဲ့ဘက္ထရီအုိးေကာင္းတစ္လံုးအတြက္ပါ။ ဒါကုိ digital multimeter နဲ႔တုိင္းတာၾကည့္လို႕ရပါတယ္။ 11.V ကေန 10.V အထိပဲ ဆင္းတယ္ဆုိရင္ေတာ့ ဒီဘက္ထရီကုိ စိတ္ခ်လက္ခ်အသံုးျပဳႏုိင္ ခရီးသြားႏိုင္ပါျပီ။ သင့္ကား လမ္းမွာ ဘက္ထရီဝပ္စရာ မရွိနုိင္ပါ။

အသံုးျပဳထားတာအနည္းငယ္ၾကာၿပီျဖစ္တဲ့ အုိးေတြကုိ တုိင္းတာၾကည့္ရင္ေတာ့ ကားစက္ စႏႈိးလုိက္တဲ့အခ်ိန္မွာ 9.5V ကေန 8.5V ေလာက္ထိ ဗုိ႔အားထုိးက်သြားတတ္ပါတယ္။ ဒီေလာက္ဆုိ စိတ္ခ်လက္ခ် အသံုးျပဳႏုိင္ေသးတဲ့အဆင့္မဟုတ္ေတာင္ အသင့္အတင့္သံုးလို႕ရပါတယ္။ ပံုမွန္အားျဖင့္ ဒီေလာက္ဆုိ ဘက္ထရီအုိးအားထုိးက်သြားတာမ်ိဳးက ျဖစ္ခဲပါတယ္။

ကားစက္စႏႈိးလုိက္တဲ့အခ်ိန္ သင့္ကားဘက္ထရီ ဗုိ႔အားက 8V ေအာက္ဆင္းသြားတယ္ဆုိရင္ေတာ့ ခရီးသြားဖုိ႔ ဘယ္လုိမွ စိတ္မခ်ရေတာ့ပါဘူး။ ကားေမာင္းေနတဲ့အခ်ိန္ေတာ့ အဆင္ေျပေနၿပီး ကားစက္သတ္ရပ္နားၿပီး ျပန္ႏိႈးခ်ိန္မွာ ဘက္ထရီအားက်ၿပီး စက္ျပန္ႏိႈးလုိ႔မရတဲ့ျပႆနာနဲ႔ ၾကံဳေတြရႏုိင္ပါတယ္။
ဒါေၾကာင့္ ခရီးမသြားခင္ သင့္ကား ဘက္ထရီကုိ စစ္ေဆးသြားမယ္ဆုိ ကားစက္ႏိႈးမရတဲ့ ျပႆနာကေန ကင္းေဝးႏုိင္ပါတယ္။

၄ ။ ကားဒုိင္နမုိ စစ္ေဆးၿပီးၿပီလား ?

အရပ္ေခၚ ဒုိင္နမိုလုိ႔ေခၚလုိက္တာပါ။ တကယ္ေတာ့ Alternator ပါ။ ကားတစ္စီးလံုးရဲ့ အဓိက အေရးပါတဲ့ လွ်ပ္စစ္စနစ္ေတြကုိ ေထာက္ပံ့ေပးထားတဲ့အရာပါ။ ဒီေအာ္တာေနတာက ကားဘက္ထရီကုိ အားသြင္းေပးၿပီး ကားမွာရွိတဲ့ ဆက္စပ္ လွ်ပ္စစ္ပစၥည္းအစိတ္အပုိင္းေတြကုိ အလုပ္လုပ္ေစပါတယ္။
ဒီကား ေအာ္တာေနတာရဲ့ အဓိက အျဖစ္မ်ားတဲ့ ျပႆနာက ကာဗြန္ဘရက္ (carbon brush) ေတြ ပြန္းစားၿပီးတုိကုန္တာပါ။ ဒီလုိျဖစ္မယ္ဆုိ ေအာ္တာေနတာကေန အားသြင္းစနစ္အျပည့္အဝ အလုပ္မလုပ္ေတာ့ဘဲ သင့္ကားေမာင္းေနရင္းကေန ကားဒုိင္ခြက္မွာ ဘက္ထရီအုိးပံု ခ်က္မီးေလး ထလင္းၿပီး ကားစက္ထုိးရပ္သြားပါလိမ့္မယ္။

ဒီလုိမျဖစ္ရေအာင္ သင္ခရီးမသြားခင္ သင့္ကား ေအာ္တာေနတာကေန အားသြင္းစနစ္ေကာင္းမေကာင္းစစ္ေဆးသြားသင့္ပါတယ္။ ပံုမွန္္ေကာင္းမြန္တဲ့ ကားေအာ္တာေနတာတစ္လံုးရဲ့ voltage က 13.50 V ကေန 14.50 V ေလာက္ထိ ပ်မ္းမွ်ရွိပါတယ္။ ကားစက္ႏိႈးထားၿပီး ဘက္ထရီမွာ တုိင္းတာလုိက္လုိ႔ 13 V ေအာက္က်ေနတာ ဒါမွမဟုတ္ 14.50 V ထက္ေက်ာ္လြန္ေနတာမ်ိဳးဆုိရင္ေတာ့ သင့္ကား ေအာ္တာေနတာရဲ့ အားသြင္းစနစ္ တစ္ခုခုပ်က္ယြင္းေနၿပီး ျဖဳတ္စစ္ေဆးဖုိ႔လုိ႔ေနပါၿပီ။

ခရီးမသြားခင္ ကား charging စနစ္ ေကာင္း/မေကာင္းဟာလည္း ခရီးသြားေနစဥ္ စိတ္အေႏွာက္အယွက္မျဖစ္ေစဖုိ႔ မျဖစ္မေနစစ္ေဆးသင့္တဲ့ အေၾကာင္းအရာတစ္ခုပါပဲလုိ႔ တင္ျပေပးလုိက္ရပါတယ္္။

၅ ။ ကား fan motor ေတြ ၊ ကား belt ၾကိဳးေတြ စစ္ေဆးၿပီးၿပီလား?

ကား fan motor နဲ႔ belt ၾကိဳးေတြဟာ ခရီးထြက္မယ္ဆုိ မျဖစ္မေနစစ္ေဆးသင့္တဲ့ အခ်က္ေတြထဲမွာပါဝင္ပါတယ္။ ခရီးထြက္ရင္း fan motor မေကာင္းလုိ႔ heat တက္လာရင္ လမ္းမွာထုိးရပ္တဲ့ ကားေတြရွိသလုိ၊ ကားရဲ့ မိန္းမူလီနဲ႔ ဆက္စပ္ထားတဲ့ belt ၾကိဳးေတြပ်က္လုိ႔ ေရလည္အံု water pump မလည္နုိင္လုိ႔ကား heat တက္လာတာေတြ၊ alternator ၾကိဳးပ်က္လုိ႕ ကား charging မဝင္ေတာ့ဘဲ ကားစက္ထုိးရပ္တာေတြဟာ ေသခ်ာမစစ္ေဆးသြားဘူးဆုိရင္ လမ္းခရီးမွာ ၾကံဳေတြႏုိင္တဲ့ စိတ္အေႏွာင့္အယွက္ျဖစ္စရာေတြပါ။

ဒါေၾကာင့္ ခရီးမသြားခင္ ကား fan motor ေတြ လည္တာမွန္ရဲ့လား၊ အသံေတြထြက္ေနသလား၊ low speed ၊ high speed လည္ရဲ့လား၊ ကား belt ၾကိဳးေတြမွာ အက္ေၾကာင္းေတြ၊ ေဆြးေျမ့ေနတာေတြ ရွိလားဆုိတာကို ကြ်မ္းက်င္ဝပ္ေရွာ့ေတြမွာ ျပသစစ္ေဆးသင့္ပါတယ္။

၆။ ကားမီးေတြေကာင္း/မေကာင္း စစ္ေဆးၿပီးၿပီလား?

ခရီးသြားမယ္ဆုိရင္ အဓိကစစ္ေဆးသင့္တဲ့ အခ်က္တစ္ခ်က္က ကားမီးစနစ္ေတြနဲ႔ အခ်က္ျပစနစ္ေတြပါ။ ကားမွာရွိတဲ့ အနိမ့္စ၊ အျမင့္စေခၚတဲ့ low beam ၊ high beam ေတြ၊ ဘယ္ညာ အခ်က္ျပမီးေတြ၊ ဘက္မီးေခၚတဲ့ reverse gear မီးေတြ၊ ဘရိတ္မီးေတြ အစရွိတဲ့ ကားမီးစနစ္ေတြ ေကာင္း/မေကာင္း စစ္ေဆးသြားသင့္ပါတယ္။ အျမန္လမ္းမွာ ကားတစ္စီးနဲ႔တစ္စီး အခ်က္ျပမီးေတြရဲ့အေရးပါပံုကုိ ေျပာျပစရာမလုိေအာင္ မိတ္ေဆြေတြ သိၾကမွာမလို႕ မေမ့မေလွ်ာ့ စစ္ေဆးသင့္တဲ့အခ်က္အေနနဲ႔ထည့္သြင္းေဖာ္ျပေပးရပါတယ္။

၇။ ကား coolant ေရေတြေကာင္းမေကာင္း စစ္ေဆးျပီးျပီလား?

ကားအင္ဂ်င္ အေအးေပးစနစ္ရဲ့ အေရးပါတဲ့ ေရတုိင္ကီေခၚ radiator ထဲထည့္ရတဲ့ coolant ေရေတြေလ်ာ့နည္းေနလား၊ ယိုစိမ့္မႈေတြရွိေနလား၊ ေရတုိင္ကီအဖံုးလုိ႔ေခၚတဲ့ pressure cap ေတြ ပ်က္စီးမႈရွိေနလားဆုိတာေတြကို ခရီးမသြားခင္ ေသခ်ာစစ္ေဆးသင့္ပါတယ္။ ကားေရတုိင္ကီ ေရေလ်ာ့ေနတာ မသိဘဲ ေမာင္းမိလုိ႔ ကား heat တက္၊ gasket ပ်က္၊ အင္ဂ်င္ပါပ်က္စီးရတဲ့ အထိျဖစ္တဲ့ကားေတြအမ်ားၾကီးပါ။ Pressure cap ေလးပ်က္တာ မလဲမိလုိ႔၊ မသိလုိ႔ လမ္းခရီးေရာက္မွ ဘာမဟုတ္တာေလးနဲ႔ ခရီးစဥ္ေႏွာင့္ေႏွး စိတ္ဒုကၡေရာက္ရတာေတြ မျဖစ္ေစဖုိ႔ မျဖစ္မေန စစ္ေဆးသင့္တဲ့ အခ်က္အေနနဲ႔ ေဖာ္ျပေပးရပါတယ္။

၈။ ကားေအာက္ပုိင္းဆက္စပ္ အစိတ္အပုိင္းေတြ စစ္ေဆးၿပီးၿပီလား?

ကားတစ္စီးလံုးရဲ့ ဝန္ကုိ အဓိက ထမ္းရတဲ့ ေအာက္ပုိင္း ဆက္စပ္ပစၥည္းေတြကုိေတာ့ အထူးအေလးေပးအေနနဲ႔ စစ္ေဆးသင့္ပါတယ္။ ခုေနာက္ပုိင္း ကားစီးတဲ့သူေတာ္ေတာ္မ်ားမ်ားကေတာ့ ခရီးသြားမယ္ဆုိ ကားရဲ့က်န္းမာေရးေရာ၊ လူရဲ့အႏၱရာယ္ကင္းရွင္းေရးအတြက္ပါ ကားေအာက္ပုိင္း ဆက္စပ္ပစၥည္းေတြျဖစ္တဲ့ တုိင္းေရာ့၊ မိန္းလံုး၊ ေဘာဂၽြိဳင့္၊ လင့္ေတြ၊ ေရွာ့ဘားေတြ၊ ဘရိတ္ရႉး၊ ဘရိတ္ဆံု၊ ဘရိတ္ဆီေတြ၊ ဘရိတ္ဒရမ္ေတြ အစရွိတဲ့ပစၥည္းေတြကုိသာမက တာယာသက္တမ္း၊ တာယာအေျခအေန၊ တာယာေလေပါင္ အစရွိတာေတြကုိပါ ဂရုျပဳစစ္ေဆးလာၾကပါျပီ။ ဒါေတြကို အထူးဂရုျပဳစစ္ေဆးၿပီး ကားေရာ လူေရာ အႏၱရာယ္ကင္းရွင္းေစဖုိ႔ ထပ္ေလာင္းသတိေပးပါရေစ။

၉။ ကားရဲ့ ေရွ ႔/ေနာက္ wiper ရြက္ေတြ ေကာင္းမေကာင္းစစ္ေဆးသင့္ပါတယ္

မဟာသၾကၤန္အခ်ိန္အခါအတြင္း ခရီးသြားမယ့္ မိတ္ေဆြေတြ ေမ့ေလ်ာ့ေနတဲ့ အခ်က္တစ္ခ်က္က ကားေရွ ႔/ေနာက္ wiper ေတြ စစ္ေဆးဖုိ႔ပါ။ Wiper ရြက္ေတြ ပြန္းစားေနမယ္၊ ေနပူဒဏ္ေၾကာင့္ မာေက်ာေနမယ္၊ ေဆြးေနမယ္၊ wiper motor ေတြေကာင္းေကာင္းအလုပ္မလုပ္ဘူးဆုိရင္ ေရပတ္ကစားတဲ့ၾကားထဲ ကားေမာင္းမယ္ဆုိ ေရွ ႔/ေနာက္ျမင္ကြင္း မရွင္းတာေၾကာင့္ ကားေမာင္းရတာ အခက္အခဲျဖစ္ၿပီး ယာဥ္တုိက္မႈ အႏၱရာယ္ေတြ ျဖစ္ေပၚေစႏုိင္ပါတယ္။

ဒါေၾကာင့္ သၾကၤန္ရက္တြင္း လည္ပတ္မယ့္ကားေတြအတြက္ ေရွ ႔ေနာက္ wiper ရြက္ေတြကုိ မျဖစ္မေနစစ္ေဆးၿပီး လဲလွယ္ေပးသင့္ပါတယ္။

၁၀။ ကားအင္ဂ်င္အတြင္းခန္းနဲ႔ ကားေရွ ႔ေခါင္းခန္း ေရမဝင္ေအာင္ အထူးသတိျပဳေစလုိပါတယ္

ကားအင္ဂ်င္ခန္းထဲကုိ ေရမဝင္ေအာင္ အထူးသတိျပဳရမယ့္ေနရာက ကားရဲ ႔ အသက္ရွဴေပါက္ႏွာေခါင္းျဖစ္တဲ့ inlet ေပါက္ကုိပါ။ ကား inlet ေပါက္ကုိ ေလစစ္ air filter နဲ႔တြဲစပ္ထားၿပီး ကားေတာ္ေတာ္မ်ားမ်ားရဲ့ inlet ေပါက္ေတြဟာ ကားရဲ့ ေရွ ႔အင္ဂ်င္ခန္း အနိမ့္ပုိင္းမွာ တည္ရွိပါတယ္။ သၾကၤန္တြင္း ေရပတ္ၾကမ္းတဲ့ေနရာေတြ ဥပမာ မီးသတ္ပုိက္နဲ႔ ထုိးတာမ်ိဳးျဖစ္တဲ့ေနရာေတြမွာ အင္ဂ်င္ခန္းထဲက inlet ထဲ ေရမဝင္ေအာင္ ဂရုစုိက္ေစခ်င္ပါတယ္။ ဒါမ်ိဳးမျဖစ္ေအာင္ ကားေဘာနပ္ဖြင့္ေမာင္းတာမ်ိဳး မလုပ္ဖုိ႔လည္း သတိေပးမွာၾကားခ်င္ပါတယ္။ ကားအင္ဂ်င္ခန္းထဲက inlet ထဲေရဝင္သြားရင္ ကားအင္ဂ်င္ထဲကုိ ေရေတြေရာက္ကုန္ကာ ကားအင္ဂ်င္ရဲ့ မီးေလာင္ခန္းတြင္းမွာ hydrolock လုိ႔ေခၚတဲ့ ေရဝင္ျခင္းေၾကာင့္ ကားပစ္စတင္နဲ႔တြဲဖက္ထားတဲ့ connection rod ေတြ က်ိဳးေကာက္တာေတြျဖစ္တတ္ပါတယ္္။ ကားအင္ဂ်င္ခ်ၿပီး ျပဳျပင္ရတဲ့အထိ ျဖစ္ႏုိင္ပါတယ္။

ေနာက္တစ္ခုက အခုေနာက္ပုိင္း ေမာ္ဒယ္ျမင့္ကားေတြရဲ့ အီလက္ထေရာနစ္စနစ္ေတြ၊ ကားကြန္ပ်ဴတာေဘာက္ေတြဟာ ကားေရွ ႔အင္ဂ်င္ခန္းနဲ႔ ကားဒက္ရ္ွဘုတ္၊ ကားေရွ ႔ေခါင္းခန္းထဲမွာ တည္ရွိတာပါ။ ဒီေနရာေတြ ေရေရာက္မယ္ဆုိ အီလက္ထေရာနစ္ဆားကစ္ပုိင္းေတြပ်က္စီးတာ၊ ကားဝါယာေရွာ့ျဖစ္တာကေန ကားကြန္ပ်ဴတာ ေဘာက္ေတြပ်က္စီးတဲ့ အထိျဖစ္ႏုိင္ပါတယ္။

ဒါေၾကာင့္ ကားေရွ ႔ေခါင္းခန္း မွန္ဖြင့္ေမာင္းတာ၊ ကားေဘာနပ္ 'ဟ' ေမာင္းတာေတြမလုပ္ဖုိ႔၊ သၾကၤန္တြင္းလည္ပတ္တဲ့အခါမွာလည္း ကာေရွ ႔မွန္ေတြ အတင္အခ် ေကာင္းမေကာင္း၊ လံုျခံဳမႈရွိမရိွ၊ မွန္လုိင္နာေတြ လံုမလံု ေသခ်ာေလးစစ္ေဆးၿပီး အထူးဂရုျပဳသင့္ပါတယ္။

ဒီအထက္ပါ အခ်က္လက္ေတြကုိ ဂရုျပဳလုိက္နာၿပီး ေသခ်ာစစ္ေဆးၿပီးမွ ခရီးသြားမယ္ဆုိရင္ မိတ္ေဆြရဲ့ကားေလးေရာ မိတ္ေဆြကုိယ္တုိင္ေရာ အႏၱရာယ္ကင္းေဘးရွင္းၿပီး ကားတစ္ခုခုခ်ိဳ ႔ယြင္းလုိ႔ ခရီးစဥ္အတြင္း စိတ္အေႏွာင့္အယွက္ျဖစ္စရာမ်ား မရွိႏိုင္ပါေၾကာင္း ေစတနာထား အၾကံျပဳတင္ျပေပးလုိက္ပါတယ္။

သၾကၤန္ကာလအတြင္း ခရီးသြားမယ့္ မိတ္ေဆြညီကုိေမာင္နွမမ်ားအားလံုး အႏၱရာယ္ကင္းေဘးရွင္းၿပီး မဂၤလာရွိေသာ ႏွစ္သစ္ကုိ ပုိင္ဆုိင္ႏုိင္ပါေစလုိ႔ ဆုမြန္ေကာင္းေတာင္းေပးလုိက္ရပါတယ္။

စာေရးသူ : Lynn Za Nee (P.T.U)


Unicode Version

၁။ အင်ဂျင်ဝိုင်လဲထားပြီးပြီလား?

သင့်ကား အင်ဂျင်ရဲ့ အသက်သွေးကြောလိုဖြစ်တဲ့ အင်ဂျင်ဝိုင် ညစ်နေပြီလား၊ အင်ဂျင်ဝိုင်ရဲ့ အဓိက အရည်အသွေးဖြစ်တဲ့ စေးကပ်မှု အရည်အသွေး (viscosity) ကျနေပြီလား ဆိုတာ ခရီးမသွားခင် စစ်ဆေးပြီးမှ သွားသင့်ပါတယ်။ ကားအင်ဂျင်ဝိုင်ကို 5,000 Km ကနေ 7,000 Km အတွင်းသာ အသုံးပြုသင့်ပြီး၊ ဒါ့ထက် ကီလိုမီတာ ပိုအသုံးပြုပါက အင်ဂျင်ဝိုင်ရဲ့ စေးပျစ်ခြင်း၊ အအေးပေးခြင်း၊ ချောဆီအဖြစ်ဆောင်ရွက်ခြင်း အစရှိတဲ့ ဂုဏ်သတ္တိတွေ လျှော့နည်းလာပြီး သင့်ကားအင်ဂျင်ကို ဒုက္ခပေးမှာ မလွဲမသွေပါ။

ဒီနေရာမှာ ကားအင်ဂျင်ဝိုင်လဲထားပြီး ကီလိုမီတာ 3,000 လောက်အသုံးပြုထားတယ်၊ 4,000 km လောက်အသုံးပြုထားတယ်၊ သတ်မှတ်ကီလို 5,000 မပြည့်သေးဘဲ တကယ်လို့ ခရီးသွားဖြစ်မယ်ဆိုရင် လဲရင်ကောင်းမလား၊ မလဲဘဲ ထားရင်ကောင်းမလားဆိုပြီး ဖြစ်တတ်ကြပါတယ်။

အကောင်းဆုံးကတော့ ခရီးသွားမယ်ဆို လဲသွားလိုက်တာအကောင်းဆုံးပါ၊ ကားအင်ဂျင်တွင်း အစိတ်အပိုင်းတွေက ဒီအင်ဂျင်ဝိုင်ရဲ့ထုထည်ပေါ်မှာ မှီခိုပြီး လည်ပတ်နေရတာပါ၊ ဥပမာ ကရိုင်း (crankshaft) နဲ့ ဘယ်ရင် (bearing) တွေဟာ သံ သံခြင်းပွတ်ပြီးလည်နေတာမဟုတ်ဘဲ၊ ဒီ သံတွေရဲ့ ကြားထဲမှာ ဆီထုပါးပါးလေးတည်ရှိပြီး အဲဒီဆီထုလေးပေါ်မှာ လည်နေရတာမလို့ ခရီးဝေးသွားတဲ့အခါမျိုးမှာ အင်ဂျင်ရဲ့မြင့်တက်လာမယ့်အပူရှိန်နဲ့ အရည်အသွေးကျလာတဲ့အင်ဂျင်ဝိုင် တွေ့တဲ့အခါမျိုးမှာ အင်ဂျင် မပျက်စီးတောင် အင်ဂျင်တွင်း အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် ခရီးသွားမယ်ဆိုရင် အင်ဂျင်ဝိုင် အရည်အသွေးကို မဖြစ်မနေစစ်ဆေးသွားသင့်ပါတယ်။

၂။ အော်တိုဝိုင်လို့ခေါ်တဲ့ automatic transmission fluid တွေစစ်ဆေးပြီးပြီလား?

အော်တိုဝိုင်လို့ အခေါ်များတဲ့ automatic transmission fluid ကတော့ အင်ဂျင်ဝိုင်လို ခဏခဏ မလဲရပါဘူး။ ဒါပေမယ့် မိတ်ဆွေတို့ ခရီးဝေးသွားမယ်၊ ကီလိုမိုင်အများကြီးမောင်းမယ်ဆိုရင်တော့ ဒီအော်တိုဝိုင်ဟာလည်း မဖြစ်မနေစစ်ဆေးရမည့် အချက်ထဲမှာပါပါတယ်။
အော်တိုဝိုင်တွေကိုတော့ 60,000 km ကနေ 100,000 Km အထိ အသုံးပြုနိုင်တယ်လို့ ကားကုမ္ပဏီတွေက သတ်မှတ်ပေးထားပါတယ်။ အော်တိုဝိုင်ဆီတွေ ကီလိုဘယ်လောက်အသုံးပြုထားပြီးပြီလဲ
(ကီလီုမှတ်တမ်းရှိမယ်ဆိုရင်) ကီလိုမှတ်တမ်း မရှိရင်လည်း အော်တိုဝိုင်အရောင်ညစ်နေပြီလားဆိုတာ စစ်ဆေးပြီး ခရီးမသွားခင် လဲလှယ်သွားသင့်ပါတယ်။
အော်တိုဝိုင်လဲတဲ့အခါမှာလည်း မိမိကားနဲ့ကိုက်ညီတဲ့ အမျိုးအစားကို သေချာရွေးချယ်သင့်ပါတယ်။ ATF type အမျိုးအစားလား၊ CVT အမျိုးအစားလားဆိုတာ သေချာရွေးချယ်ပြီးထည့်မှရပါမယ်။ တချို့မိတ်ဆွေတွေ မိမိ ဂီယာဘောက်ရဲ့ အမျိုးအစားကိုမကြည့်ဘဲ အော်တိုဝိုင်ဖြစ်ရင်ပြီးရော ထည့်လို့ ဂီယာဘောက်ပျက်စီးပြီး ငွေကုန်ကြေးကျများတဲ့ ပြုပြင်မှုတွေလုပ်ခဲ့ရတာ ကြုံခဲ့ဖူူးပါတယ်။

၃။ သင့်ကား ဘက်ထရီစစ်ဆေးပြီးပြီလား?

ခရီးသွားတဲ့ကားလေးတွေ အဖြစ်များတဲ့ ပြဿနာတစ်ခုက ဘက်ထရီအားကျပြီး ကားစက်နှိုးမရတာပါ။ ဒီလိုဖြစ်ရင် လမ်းခရီးမှာ ဘက်ထရီထောက်နှိုးရ၊ ထောက်ကြိုးရှာရ၊ ထောက်နှိုးမယ့် အကူဘက်ထရီအိုးရှာရနဲ့ အရမ်းဒုက္ခများပါတယ်။ ဒီလိုမဖြစ်ရအောင် သင့်ကား ဘက်ထရီကောင်း/မကောင်း၊ ဘက်ထရီအိုးရဲ့ ပါဝါကျ/မကျ စမ်းသပ်သွားသင့်ပါတယ်။

ပုံမှန် ဘက်ထရီအိုးကောင်းတစ်လုံးရဲ့ voltage က 12.35 V လောက်ပျမ်းမျှရှိပြီး ကားစက် စစနှိုးလိုက်တဲ့ အချိန် starter motor ကို စဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို့အား votlage drop က 11. V ကနေ 10. V ထိပဲဆင်းသွားတယ်။ ဒါက အားပြည့်နေတဲ့ဘက်ထရီအိုးကောင်းတစ်လုံးအတွက်ပါ။ ဒါကို digital multimeter နဲ့တိုင်းတာကြည့်လို့ရပါတယ်။ 11.V ကနေ 10.V အထိပဲ ဆင်းတယ်ဆိုရင်တော့ ဒီဘက်ထရီကို စိတ်ချလက်ချအသုံးပြုနိုင် ခရီးသွားနိုင်ပါပြီ။ သင့်ကား လမ်းမှာ ဘက်ထရီဝပ်စရာ မရှိနိုင်ပါ။

အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5V လောက်ထိ ဗို့အားထိုးကျသွားတတ်ပါတယ်။ ဒီလောက်ဆို စိတ်ချလက်ချ အသုံးပြုနိုင်သေးတဲ့အဆင့်မဟုတ်တောင် အသင့်အတင့်သုံးလို့ရပါတယ်။ ပုံမှန်အားဖြင့် ဒီလောက်ဆို ဘက်ထရီအိုးအားထိုးကျသွားတာမျိုးက ဖြစ်ခဲပါတယ်။

ကားစက်စနှိုးလိုက်တဲ့အချိန် သင့်ကားဘက်ထရီ ဗို့အားက 8V အောက်ဆင်းသွားတယ်ဆိုရင်တော့ ခရီးသွားဖို့ ဘယ်လိုမှ စိတ်မချရတော့ပါဘူး။ ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ကားစက်သတ်ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘက်ထရီအားကျပြီး စက်ပြန်နှိုးလို့မရတဲ့ပြဿနာနဲ့ ကြုံတွေရနိုင်ပါတယ်။
ဒါကြောင့် ခရီးမသွားခင် သင့်ကား ဘက်ထရီကို စစ်ဆေးသွားမယ်ဆို ကားစက်နှိုးမရတဲ့ ပြဿနာကနေ ကင်းဝေးနိုင်ပါတယ်။

၄ ။ ကားဒိုင်နမို စစ်ဆေးပြီးပြီလား ?

အရပ်ခေါ် ဒိုင်နမိုလို့ခေါ်လိုက်တာပါ။ တကယ်တော့ Alternator ပါ။ ကားတစ်စီးလုံးရဲ့ အဓိက အရေးပါတဲ့ လျှပ်စစ်စနစ်တွေကို ထောက်ပံ့ပေးထားတဲ့အရာပါ။ ဒီအော်တာနေတာက ကားဘက်ထရီကို အားသွင်းပေးပြီး ကားမှာရှိတဲ့ ဆက်စပ် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေကို အလုပ်လုပ်စေပါတယ်။
ဒီကား အော်တာနေတာရဲ့ အဓိက အဖြစ်များတဲ့ ပြဿနာက ကာဗွန်ဘရက် (carbon brush) တွေ ပွန်းစားပြီးတိုကုန်တာပါ။ ဒီလိုဖြစ်မယ်ဆို အော်တာနေတာကနေ အားသွင်းစနစ်အပြည့်အဝ အလုပ်မလုပ်တော့ဘဲ သင့်ကားမောင်းနေရင်းကနေ ကားဒိုင်ခွက်မှာ ဘက်ထရီအိုးပုံ ချက်မီးလေး ထလင်းပြီး ကားစက်ထိုးရပ်သွားပါလိမ့်မယ်။

ဒီလိုမဖြစ်ရအောင် သင်ခရီးမသွားခင် သင့်ကား အော်တာနေတာကနေ အားသွင်းစနစ်ကောင်းမကောင်းစစ်ဆေးသွားသင့်ပါတယ်။ ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ့ voltage က 13.50 V ကနေ 14.50 V လောက်ထိ ပျမ်းမျှရှိပါတယ်။ ကားစက်နှိုးထားပြီး ဘက်ထရီမှာ တိုင်းတာလိုက်လို့ 13 V အောက်ကျနေတာ ဒါမှမဟုတ် 14.50 V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ့ အားသွင်းစနစ် တစ်ခုခုပျက်ယွင်းနေပြီး ဖြုတ်စစ်ဆေးဖို့လို့နေပါပြီ။

ခရီးမသွားခင် ကား charging စနစ် ကောင်း/မကောင်းဟာလည်း ခရီးသွားနေစဉ် စိတ်အနှောက်အယှက်မဖြစ်စေဖို့ မဖြစ်မနေစစ်ဆေးသင့်တဲ့ အကြောင်းအရာတစ်ခုပါပဲလို့ တင်ပြပေးလိုက်ရပါတယ်။

၅ ။ ကား fan motor တွေ ၊ ကား belt ကြိုးတွေ စစ်ဆေးပြီးပြီလား?

ကား fan motor နဲ့ belt ကြိုးတွေဟာ ခရီးထွက်မယ်ဆို မဖြစ်မနေစစ်ဆေးသင့်တဲ့ အချက်တွေထဲမှာပါဝင်ပါတယ်။ ခရီးထွက်ရင်း fan motor မကောင်းလို့ heat တက်လာရင် လမ်းမှာထိုးရပ်တဲ့ ကားတွေရှိသလို၊ ကားရဲ့ မိန်းမူလီနဲ့ ဆက်စပ်ထားတဲ့ belt ကြိုးတွေပျက်လို့ ရေလည်အုံ water pump မလည်နိုင်လို့ကား heat တက်လာတာတွေ၊ alternator ကြိုးပျက်လို့ ကား charging မဝင်တော့ဘဲ ကားစက်ထိုးရပ်တာတွေဟာ သေချာမစစ်ဆေးသွားဘူးဆိုရင် လမ်းခရီးမှာ ကြုံတွေနိုင်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေပါ။

ဒါကြောင့် ခရီးမသွားခင် ကား fan motor တွေ လည်တာမှန်ရဲ့လား၊ အသံတွေထွက်နေသလား၊ low speed ၊ high speed လည်ရဲ့လား၊ ကား belt ကြိုးတွေမှာ အက်ကြောင်းတွေ၊ ဆွေးမြေ့နေတာတွေ ရှိလားဆိုတာကို ကျွမ်းကျင်ဝပ်ရှော့တွေမှာ ပြသစစ်ဆေးသင့်ပါတယ်။

၆။ ကားမီးတွေကောင်း/မကောင်း စစ်ဆေးပြီးပြီလား?

ခရီးသွားမယ်ဆိုရင် အဓိကစစ်ဆေးသင့်တဲ့ အချက်တစ်ချက်က ကားမီးစနစ်တွေနဲ့ အချက်ပြစနစ်တွေပါ။ ကားမှာရှိတဲ့ အနိမ့်စ၊ အမြင့်စခေါ်တဲ့ low beam ၊ high beam တွေ၊ ဘယ်ညာ အချက်ပြမီးတွေ၊ ဘက်မီးခေါ်တဲ့ reverse gear မီးတွေ၊ ဘရိတ်မီးတွေ အစရှိတဲ့ ကားမီးစနစ်တွေ ကောင်း/မကောင်း စစ်ဆေးသွားသင့်ပါတယ်။ အမြန်လမ်းမှာ ကားတစ်စီးနဲ့တစ်စီး အချက်ပြမီးတွေရဲ့အရေးပါပုံကို ပြောပြစရာမလိုအောင် မိတ်ဆွေတွေ သိကြမှာမလို့ မမေ့မလျှော့ စစ်ဆေးသင့်တဲ့အချက်အနေနဲ့ထည့်သွင်းဖော်ပြပေးရပါတယ်။

၇။ ကား coolant ရေတွေကောင်းမကောင်း စစ်ဆေးပြီးပြီလား?

ကားအင်ဂျင် အအေးပေးစနစ်ရဲ့ အရေးပါတဲ့ ရေတိုင်ကီခေါ် radiator ထဲထည့်ရတဲ့ coolant ရေတွေလျော့နည်းနေလား၊ ယိုစိမ့်မှုတွေရှိနေလား၊ ရေတိုင်ကီအဖုံးလို့ခေါ်တဲ့ pressure cap တွေ ပျက်စီးမှုရှိနေလားဆိုတာတွေကို ခရီးမသွားခင် သေချာစစ်ဆေးသင့်ပါတယ်။ ကားရေတိုင်ကီ ရေလျော့နေတာ မသိဘဲ မောင်းမိလို့ ကား heat တက်၊ gasket ပျက်၊ အင်ဂျင်ပါပျက်စီးရတဲ့ အထိဖြစ်တဲ့ကားတွေအများကြီးပါ။ Pressure cap လေးပျက်တာ မလဲမိလို့၊ မသိလို့ လမ်းခရီးရောက်မှ ဘာမဟုတ်တာလေးနဲ့ ခရီးစဉ်နှောင့်နှေး စိတ်ဒုက္ခရောက်ရတာတွေ မဖြစ်စေဖို့ မဖြစ်မနေ စစ်ဆေးသင့်တဲ့ အချက်အနေနဲ့ ဖော်ပြပေးရပါတယ်။

၈။ ကားအောက်ပိုင်းဆက်စပ် အစိတ်အပိုင်းတွေ စစ်ဆေးပြီးပြီလား?

ကားတစ်စီးလုံးရဲ့ ဝန်ကို အဓိက ထမ်းရတဲ့ အောက်ပိုင်း ဆက်စပ်ပစ္စည်းတွေကိုတော့ အထူးအလေးပေးအနေနဲ့ စစ်ဆေးသင့်ပါတယ်။ ခုနောက်ပိုင်း ကားစီးတဲ့သူတော်တော်များများကတော့ ခရီးသွားမယ်ဆို ကားရဲ့ကျန်းမာရေးရော၊ လူရဲ့အန္တရာယ်ကင်းရှင်းရေးအတွက်ပါ ကားအောက်ပိုင်း ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ တိုင်းရော့၊ မိန်းလုံး၊ ဘောဂျွိုင့်၊ လင့်တွေ၊ ရှော့ဘားတွေ၊ ဘရိတ်ရှူး၊ ဘရိတ်ဆုံ၊ ဘရိတ်ဆီတွေ၊ ဘရိတ်ဒရမ်တွေ အစရှိတဲ့ပစ္စည်းတွေကိုသာမက တာယာသက်တမ်း၊ တာယာအခြေအနေ၊ တာယာလေပေါင် အစရှိတာတွေကိုပါ ဂရုပြုစစ်ဆေးလာကြပါပြီ။ ဒါတွေကို အထူးဂရုပြုစစ်ဆေးပြီး ကားရော လူရော အန္တရာယ်ကင်းရှင်းစေဖို့ ထပ်လောင်းသတိပေးပါရစေ။

၉။ ကားရဲ့ ရှေ့/နောက် wiper ရွက်တွေ ကောင်းမကောင်းစစ်ဆေးသင့်ပါတယ်

မဟာသြင်္ကန်အချိန်အခါအတွင်း ခရီးသွားမယ့် မိတ်ဆွေတွေ မေ့လျော့နေတဲ့ အချက်တစ်ချက်က ကားရှေ့/နောက် wiper တွေ စစ်ဆေးဖို့ပါ။ Wiper ရွက်တွေ ပွန်းစားနေမယ်၊ နေပူဒဏ်ကြောင့် မာကျောနေမယ်၊ ဆွေးနေမယ်၊ wiper motor တွေကောင်းကောင်းအလုပ်မလုပ်ဘူးဆိုရင် ရေပတ်ကစားတဲ့ကြားထဲ ကားမောင်းမယ်ဆို ရှေ့/နောက်မြင်ကွင်း မရှင်းတာကြောင့် ကားမောင်းရတာ အခက်အခဲဖြစ်ပြီး ယာဉ်တိုက်မှု အန္တရာယ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် သြင်္ကန်ရက်တွင်း လည်ပတ်မယ့်ကားတွေအတွက် ရှေ့နောက် wiper ရွက်တွေကို မဖြစ်မနေစစ်ဆေးပြီး လဲလှယ်ပေးသင့်ပါတယ်။

၁၀။ ကားအင်ဂျင်အတွင်းခန်းနဲ့ ကားရှေ့ခေါင်းခန်း ရေမဝင်အောင် အထူးသတိပြုစေလိုပါတယ်

ကားအင်ဂျင်ခန်းထဲကို ရေမဝင်အောင် အထူးသတိပြုရမယ့်နေရာက ကားရဲ့ အသက်ရှူပေါက်နှာခေါင်းဖြစ်တဲ့ inlet ပေါက်ကိုပါ။ ကား inlet ပေါက်ကို လေစစ် air filter နဲ့တွဲစပ်ထားပြီး ကားတော်တော်များများရဲ့ inlet ပေါက်တွေဟာ ကားရဲ့ ရှေ့အင်ဂျင်ခန်း အနိမ့်ပိုင်းမှာ တည်ရှိပါတယ်။ သြင်္ကန်တွင်း ရေပတ်ကြမ်းတဲ့နေရာတွေ ဥပမာ မီးသတ်ပိုက်နဲ့ ထိုးတာမျိုးဖြစ်တဲ့နေရာတွေမှာ အင်ဂျင်ခန်းထဲက inlet ထဲ ရေမဝင်အောင် ဂရုစိုက်စေချင်ပါတယ်။ ဒါမျိုးမဖြစ်အောင် ကားဘောနပ်ဖွင့်မောင်းတာမျိုး မလုပ်ဖို့လည်း သတိပေးမှာကြားချင်ပါတယ်။ ကားအင်ဂျင်ခန်းထဲက inlet ထဲရေဝင်သွားရင် ကားအင်ဂျင်ထဲကို ရေတွေရောက်ကုန်ကာ ကားအင်ဂျင်ရဲ့ မီးလောင်ခန်းတွင်းမှာ hydrolock လို့ခေါ်တဲ့ ရေဝင်ခြင်းကြောင့် ကားပစ်စတင်နဲ့တွဲဖက်ထားတဲ့ connection rod တွေ ကျိုးကောက်တာတွေဖြစ်တတ်ပါတယ်။ ကားအင်ဂျင်ချပြီး ပြုပြင်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက အခုနောက်ပိုင်း မော်ဒယ်မြင့်ကားတွေရဲ့ အီလက်ထရောနစ်စနစ်တွေ၊ ကားကွန်ပျူတာဘောက်တွေဟာ ကားရှေ့အင်ဂျင်ခန်းနဲ့ ကားဒက်ရ်ှဘုတ်၊ ကားရှေ့ခေါင်းခန်းထဲမှာ တည်ရှိတာပါ။ ဒီနေရာတွေ ရေရောက်မယ်ဆို အီလက်ထရောနစ်ဆားကစ်ပိုင်းတွေပျက်စီးတာ၊ ကားဝါယာရှော့ဖြစ်တာကနေ ကားကွန်ပျူတာ ဘောက်တွေပျက်စီးတဲ့ အထိဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကားရှေ့ခေါင်းခန်း မှန်ဖွင့်မောင်းတာ၊ ကားဘောနပ် 'ဟ' မောင်းတာတွေမလုပ်ဖို့၊ သြင်္ကန်တွင်းလည်ပတ်တဲ့အခါမှာလည်း ကာရှေ့မှန်တွေ အတင်အချ ကောင်းမကောင်း၊ လုံခြုံမှုရှိမရှိ၊ မှန်လိုင်နာတွေ လုံမလုံ သေချာလေးစစ်ဆေးပြီး အထူးဂရုပြုသင့်ပါတယ်။

ဒီအထက်ပါ အချက်လက်တွေကို ဂရုပြုလိုက်နာပြီး သေချာစစ်ဆေးပြီးမှ ခရီးသွားမယ်ဆိုရင် မိတ်ဆွေရဲ့ကားလေးရော မိတ်ဆွေကိုယ်တိုင်ရော အန္တရာယ်ကင်းဘေးရှင်းပြီး ကားတစ်ခုခုချို့ယွင်းလို့ ခရီးစဉ်အတွင်း စိတ်အနှောင့်အယှက်ဖြစ်စရာများ မရှိနိုင်ပါကြောင်း စေတနာထား အကြံပြုတင်ပြပေးလိုက်ပါတယ်။

သြင်္ကန်ကာလအတွင်း ခရီးသွားမယ့် မိတ်ဆွေညီကိုမောင်နှမများအားလုံး အန္တရာယ်ကင်းဘေးရှင်းပြီး မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

စာရေးသူ : Lynn Za Nee (P.T.U)

Latest News

ရန္​ကုန္​လိုင္​စင္​အားခြင္​့ျပဳ/မျပဳ...

Zawgyi Version ရန္​ကုန္​လိုင္​စင္​အား YVQC စနစ္​ျဖင္​့ ခြင္​့ျပဳ/မျပဳကို တိက်စြာ သတင္​းထုတ္​ျပန္​​ေပးရန္​ လိုအပ္​​ေနၿ​ပီး...

Read more »

ကားေဘာနက္ ဟစိ နဲ႕ heat တက္တဲ့ အယူအဆ အမွားမ်ား

Zawgyi Version အခု ရန္ကုန္က taxi တခ်ဳိ႕ car bonnet ကို lock က်ေအာင္ မပိတ္ဘဲ ဟစိေလးလုပ္ၿပီး ေမာင္းေနတာေတြ႕ရတယ္ဗ်။ အရင္က...

Read more »

Ford EcoSport Review (International)

Zawgyi Version အေမရိက က ထရပ္ကားအရုပ္ေလးေတြနဲ႕ဆင္တဲ့ small SUV Ford EcoSport ဟာ ဖ်တ္ဖ်တ္လတ္လတ္ ေမာင္းႏွင္ႏိုင္မယ့္ ကားမ်ိဳးပါ။...

Read more »

လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔

Zawgyi Version လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔။ သံျပားထူရင္ပိုမာပါတယ္။ ပိုမာလို႔ထိခိုက္ရင္ ပိုမိုေတာင့္ခံႏိုင္တယ္၊ ပိုမိုအႏၱရယ္ကင္းတယ္လို႔...

Read more »

လိုင္​စင္​မဲ့ကားမ်ားရွိ​ေနမႈကို...

Zawgyi Version ေနအိမ္​ၿခံဝန္​းမ်ားတြင္​ လိုင္​စင္​မဲ့ကားရွိ​ေနမႈမ်ားကို ထိ​ေရာက္​စြာဖမ္းဆီးႏိုင္​ရန္​အတြက္​ ဆု​ေၾကး​ေငြ​ေပး၍...

Read more »