fb-pageview-tracker
CarsDB မွႀကီးမႉးက်င္းပေသာ Auto Show Mandalay 2019 အတြက္ သတင္းစာရွင္းလင္းပြဲကို Hilton Mandalay Hotel ၌က်င္းပျပဳလုပ္


Zawgyi Version

ကားခ်စ္သူမ်ား၊ ကားေရာင္းသူမ်ား၊ ကားႏွင့္ဆက္စပ္ေသာလုပ္ငန္းလုပ္ကိုင္ေနသူမ်ားႏွင့္ ကားႏွင့္ ပတ္သက္သူမ်ား အားလုံး(အားလုံး) အတြက္ CarsDB မွ ႀကီးမႉးက်င္းပသည့္ ႏိုင္ငံတကာအဆင့္မီ မိုးလုံေလလုံ ေမာ္ေတာ္ယာဥ္အေရာင္းျပပြဲႀကီး ျပန္လည္စတင္ေတာ့မည္ျဖစ္သည္။ ျပပြဲကို Mandalay Convention Centre မတ္ ၃၀/၃၁ ႏွင့္ဧျပီလ ရက္ေန႕မ်ားတြင္ နံနက္ ၁၀:၀၀ မွ :၀၀ နာရီအထိသုံးရက္တိုင္တုိင္ စည္ကားသိုက္ျမိဳက္စြာ က်င္းပသြားမည္ျဖစ္၏။



ေမာ္ေတာ္ယာဥ္အေရာင္းျပပြဲကို က်င္းပရျခင္း၏ရည္ရြယ္ခ်က္မွာကားထုတ္လုပ္သူမ်ား၊ ျဖန္႔ျဖဴး ေရာင္းခ်သူမ်ား၊ ကားႏွင့္ဆက္စပ္သည့္လုပ္ငန္းမ်ား၊ ေမာ္ေတာ္ယာဥ္ အရစ္က်ဝယ္ယူႏိုင္ေသာ ဘဏ္ႏွင့္ အာမခံလုပ္ငန္းမ်ားမွတဆင့္ ေစ်းကြက္အတြင္းရွိ မိမိလိုအပ္ေသာ ကားသစ္၊ တပတ္ရစ္ကားႏွင့္ ေမာ္ေတာ္ယာဥ္ႏွင့္သက္ဆုုိင္ေသာ ဝန္ေဆာင္မႈအမ်ိဳးမ်ိဳးကို ျပည္သူမ်ား တစ္ေနရာတည္း၌ စိတ္ႀကိဳက္ဝယ္ယူႏိုင္ရန္အတြက္ အခြင့္အလမ္းတစ္ရပ္ ဖန္တီးေပးျခင္းအားျဖင့္ ျမန္မာႏုိင္ငံရွိ ေမာ္ ေတာ္ယာဥ္လုပ္ငန္းစုကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္သြားရန္ျဖစ္သည္။



ျပပြဲတြင္ Brand New ကားအသစ္မ်ားအျဖစ္ Ford Jaguar Land Rover Mercedes-Benz Volvo Mitsubishi KIA Nissan GAC Hyundai Suzuki Mazda တို႕မွ ကားအသစ္မ်ားကို ျပသသြားမည့္အျပင္ စမ္းသပ္ေမာင္းႏွင္ခြင့္မ်ားကိုလည္း ေပးသြားမည္ျဖစ္သည္။ တစ္ပတ္ရစ္ကားမ်ားကိုမူ Century Mandalay Cherry Yoma ႏွင့္ Euro Nippon တို႕မွ ျပသေရာင္းခ်သြားမည္ျဖစ္သည္။ထို႕အျပင္ ေမာ္ေတာ္ယာဥ္အပိုပစၥည္းေရာင္းခ်ေသာဆုိင္မ်ား၊ ေမာ္ေတာ္ယာဥ္ႏွင့္ ဆက္စပ္ေသာ ဝန္ေဆာင္မႈအမ်ိဳးမ်ိဳးကို ေဆာင္ရြက္ေပးေသာ လုပ္ငန္းမ်ားလည္း ပါဝင္ျပသသြားမည္ျဖစ္သည္။ ျပပြဲတြင္ ကားဝယ္ယူသူမ်ားအတြက္ ကံစမ္းမဲအစီအစဥ္မ်ားကိုလည္းထည့္သြင္းေပးထားေသးသည္။


CarsDB Auto Show Mandalay 2019 ေမာ္ေတာ္ယာဥ္အေရာင္းျပပြဲကိုု AYA Financial Group ႏွင့္ CB Bank တို႕မွ Sponsor အျဖစ္ ပူးေပါင္းပါဝင္ပံ့ပိုးေပးသြားမည္ျဖစ္သည္။ CarsDB Auto Show Mandalay 2019 တြင္ The Official Contractor အျဖစ္CMC Advertising and Installation Company Limited မွ ပါဝင္ေပးထားသည္။


Unicode Version

ကားချစ်သူများ၊ ကားရောင်းသူများ၊ ကားနှင့်ဆက်စပ်သောလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ကားနှင့် ပတ်သက်သူများ အားလုံး(အားလုံး) အတွက် CarsDB မှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံ မော်တော်ယာဉ်အရောင်းပြပွဲကြီး ပြန်လည်စတင်တော့မည်ဖြစ်သည်။ ပြပွဲကို Mandalay Convention Centre ၌ မတ်လ ၃၀/၃၁ နှင့်ဧပြီလ ၁ ရက်နေ့များတွင် နံနက် ၁၀:၀၀ မှ ည ၈:၀၀ နာရီအထိသုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၏။

မော်တော်ယာဉ်အရောင်းပြပွဲကို ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာကားထုတ်လုပ်သူများ၊ ဖြန့်ဖြူး ရောင်းချသူများ၊ ကားနှင့်ဆက်စပ်သည့်လုပ်ငန်းများ၊ မော်တော်ယာဉ် အရစ်ကျဝယ်ယူနိုင်သော ဘဏ်နှင့် အာမခံလုပ်ငန်းများမှတဆင့် ဈေးကွက်အတွင်းရှိ မိမိလိုအပ်သော ကားသစ်၊ တပတ်ရစ်ကားနှင့် မော်တော်ယာဉ်နှင့်သက်ဆိုင်သော ဝန်ဆောင်မှုအမျိုးမျိုးကို ပြည်သူများ တစ်နေရာတည်း၌ စိတ်ကြိုက်ဝယ်ယူနိုင်ရန်အတွက် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခြင်းအားဖြင့် မြန်မာနိုင်ငံရှိ မော် တော်ယာဉ်လုပ်ငန်းစုကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်ဖြစ်သည်။

ပြပွဲတွင် Brand New ကားအသစ်များအဖြစ် Ford ၊ Jaguar ၊ Land Rover ၊ Mercedes-Benz ၊ Volvo ၊ Mitsubishi ၊ KIA ၊ Nissan ၊ GAC ၊Hyundai ၊ Suzuki ၊ Mazda တို့မှ ကားအသစ်များကို ပြသသွားမည့်အပြင် စမ်းသပ်မောင်းနှင်ခွင့်များကိုလည်း ပေးသွားမည်ဖြစ်သည်။ တစ်ပတ်ရစ်ကားများကိုမူ Century Mandalay ၊ Cherry Yoma နှင့် Euro Nippon တို့မှ ပြသရောင်းချသွားမည်ဖြစ်သည်။ထို့အပြင် မော်တော်ယာဉ်အပိုပစ္စည်းရောင်းချသောဆိုင်များ၊ မော်တော်ယာဉ်နှင့် ဆက်စပ်သော ဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးသော လုပ်ငန်းများလည်း ပါဝင်ပြသသွားမည်ဖြစ်သည်။ ပြပွဲတွင် ကားဝယ်ယူသူများအတွက် ကံစမ်းမဲအစီအစဉ်များကိုလည်းထည့်သွင်းပေးထားသေးသည်။

CarsDB Auto Show Mandalay 2019 မော်တော်ယာဉ်အရောင်းပြပွဲကို AYA Financial Group နှင့် CB Bank တို့မှ Sponsor အဖြစ် ပူးပေါင်းပါဝင်ပံ့ပိုးပေးသွားမည်ဖြစ်သည်။ CarsDB Auto Show Mandalay 2019 တွင် The Official Contractor အဖြစ်CMC Advertising and Installation Company Limited မှ ပါဝင်ပေးထားသည်။

Latest News

ရန္​ကုန္​လိုင္​စင္​အားခြင္​့ျပဳ/မျပဳ...

Zawgyi Version ရန္​ကုန္​လိုင္​စင္​အား YVQC စနစ္​ျဖင္​့ ခြင္​့ျပဳ/မျပဳကို တိက်စြာ သတင္​းထုတ္​ျပန္​​ေပးရန္​ လိုအပ္​​ေနၿ​ပီး...

Read more »

ကားေဘာနက္ ဟစိ နဲ႕ heat တက္တဲ့ အယူအဆ အမွားမ်ား

Zawgyi Version အခု ရန္ကုန္က taxi တခ်ဳိ႕ car bonnet ကို lock က်ေအာင္ မပိတ္ဘဲ ဟစိေလးလုပ္ၿပီး ေမာင္းေနတာေတြ႕ရတယ္ဗ်။ အရင္က...

Read more »

Ford EcoSport Review (International)

Zawgyi Version အေမရိက က ထရပ္ကားအရုပ္ေလးေတြနဲ႕ဆင္တဲ့ small SUV Ford EcoSport ဟာ ဖ်တ္ဖ်တ္လတ္လတ္ ေမာင္းႏွင္ႏိုင္မယ့္ ကားမ်ိဳးပါ။...

Read more »

လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔

Zawgyi Version လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔။ သံျပားထူရင္ပိုမာပါတယ္။ ပိုမာလို႔ထိခိုက္ရင္ ပိုမိုေတာင့္ခံႏိုင္တယ္၊ ပိုမိုအႏၱရယ္ကင္းတယ္လို႔...

Read more »

လိုင္​စင္​မဲ့ကားမ်ားရွိ​ေနမႈကို...

Zawgyi Version ေနအိမ္​ၿခံဝန္​းမ်ားတြင္​ လိုင္​စင္​မဲ့ကားရွိ​ေနမႈမ်ားကို ထိ​ေရာက္​စြာဖမ္းဆီးႏိုင္​ရန္​အတြက္​ ဆု​ေၾကး​ေငြ​ေပး၍...

Read more »