fb-pageview-tracker
ရန္​ကုန္​လိုင္​စင္​အားခြင္​့ျပဳ/မျပဳ တိက်စြာသတင္​းထုတ္​ျပန္​​ေပးရန္​ လိုအပ္​​ေနေၾကာင္း ကားတင္​သြင္​းသူမ်ား​မွေျပာဆို​ေန


Zawgyi Version

ရန္​ကုန္​လိုင္​စင္​အား YVQC စနစ္​ျဖင္​့ ခြင္​့ျပဳ/မျပဳကို တိက်စြာ သတင္​းထုတ္​ျပန္​​ေပးရန္​ လိုအပ္​​ေနၿ​ပီး ခြင္​့ျပဳေပးရန္​ရွိပါကလည္​း လုပ္​​ေဆာင္​​ေနသည္​မ်ားကို ခ်ျပ​ေပးရန္ ​ေမာ္​​ေတာ္​ကားတင္​သြင္​းသူအမ်ားစုက ​ေျပာဆို​ေနၾကသည္​။ ၂၀၁၉ ခုနွစ္တြင္​ ရန္​ကုန္​လိုင္​စင္​အား Yangon Vehicle Quota Certificate (YVQC) လက္မွတ္​​စနစ္​ျဖင့္ တန္​ဖိုးသတ္​မွတ္​​ေရာင္​းခ်သြားမည္​ဆို​ေသာ သတင္​းမ်ား ထြက္​​ေပၚလာခဲ့ၿပီး ရန္​ကုန္​တိုင္​း​ေဒသၾကီး အစိုးရအဖြဲ႔က ႀကီး​ေကာ္​ထံ တင္​ျပ​ထား႐ွိခဲ့ရာတြင္​ မူဝါဒအခ်က္​အလက္​မ်ားႏွင္​့ ကိုက္​ညီမႈမ႐ွိ၍ ခြင္​့မျပဳခဲ့ဘဲ ရန္​ကုန္​တိုင္​း​ေဒသၾကီး အစိုးရအဖြဲ႔မွ ထိုကားနွင့္သက္ဆိုင္​ေသာ​​​မူဝါဒ အခ်က္​မ်ားကို ျပန္​လည္​ျပင္​ဆင္၍ ​ေရွ ႔ေနခ်ဳပ္​ရံုးထံ ထပ္​မံတင္​ျပထားၿပီး ရန္​ကုန္​လိုင္​စင္​ခြင္​့ျပဳရန္​ ၾကာျမင္​့​ေနသည္​့အတြက္​ အိမ္​စီးကားမ်ားႏွင့္ လုပ္​ငန္​းသံုးကားမ်ားကို နယ္​လိုင္​စင္​ျဖင္​့သာ ဝယ္​ယူစီးနင္​း​ေနရၿပီး brand new ကားသစ္​မ်ားမွာ စလစ္​​ဝယ္​ယူရန္ အခက္​အခဲမ်ားရွိ​ေန​ၾက​ေၾကာင္​း သိရသည္​။

“အခုက ရန္​ကုန္​လိုင္​စင္​ကို စနစ္​တစ္​ခုနဲ႔ ျပန္​​ေပးမလိုလိုနဲ႔ ​ေစာင္​့​ေနရတာၾကာ​ေနၿပီ။ ရန္​ကုန္​လိုင္​စင္​ခြင္​့ျပဳ​ေပးမယ္​ဆိုလည္​း ခြင္​့ျပဳမယ္၊ ​မျပဳဘူးဆုိလည္း မျပဳဘူး၊ တိတိက်က် သတင္​းထုတ္​ျပန္​​ေပးဖို႔လိုတယ္​။ ရန္​ကုန္​လိုင္​စင္​က ပိတ္​ထားတာကလည္​း ၃ နွစ္​​ေလာက္​ရွိ​ေနၿပီ​။ အိမ္​စီးကား​ေတြ​ေရာ လုပ္​ငန္​းသံုးကား​ေတြပါ ရန္​ကုန္​လိုင္​စင္​ ပိတ္​ထားတဲ့အတြက္​ နယ္​လိုင္​စင္​ယူၿပီး ရန္​ကုန္​မွာပဲ ​ေမာင္​း​ေနၾကရတယ္​။ ကုမၸဏီ​ေတြ၊ စီးပြား​ေရး လုပ္​ငန္​း​ေတြကလည္​း ရန္​ကုန္​မွာ အ​ေျခခ်ထားတာမ်ား​ေတာ့ ကား​ေတြက နယ္​လိုင္​စင္​နဲ႔ကား​ေတြ ပံု​ေနၿပီ။ Brand new ကား​ေရာင္​းတဲ့သူ​ေတြကလည္​း ရန္​ကုန္​လိုင္​စင္​ မက်​ေတာ့ နွစ္​ နွစ္​ဆယ္​ အပ္​ကားစလစ္​ ဝယ္​ကပ္​​ေနရတယ္​။ အခု​ေနာက္​ပိုင္​း အပ္​ကားကလည္​း ရွားလာတယ္​။ စလစ္​​ေစ်းကလည္​း ကားတစ္​စီးစာ ေဈးျဖစ္​​ေနၿပီ။ ကားေစ်းကြက္​ကလည္​း ရန္​ကုန္​ကိုအ​ေျချပဳၿပီး လုပ္​ကိုင္​ရတာျဖစ္​တဲ့အတြက္​ ရန္​ကုန္​လိုင္​စင္​ကို အစိုးရအ​ေနနဲ႔ နည္​းလမ္​းတစ္​ခုနဲ႔ ျပန္​ဖြင္​့​ေပးသင္​့တယ္​။” ဟု ျပည္​ပမွ ေမာ္​​ေတာ္​ကားတင္​သြင္​းသူ ဦး​ေအာင္​နိုင္​ဦးက ​ေျပာသည္။

ရန္​ကုန္​လိုင္​စင္​ YVQC စနစ္​အား ျပည္​တြင္​းတြင္​ထုတ္​လုပ္​ေသာ​ကားမ်ားကို ပိုမိုဦးစား​ေပး​ေဆာင္​ရြက္​သြားမည္​ျဖစ္​​ေၾကာင္​း ရန္​ကုန္​တိုင္​း​ေဒသႀကီးဝန္​ႀကီးခ်ဳပ္ ​ဦးၿဖိဳးမင္​းသိန္​းမွ ​ေဖ​ေဖၚဝါရီလအတြင္း UMFCCI တြင္ ျပဳလုပ္ခဲ့သည့္ ႏိုင္ငံတာ္ဒုတိယသမၼတ (၁) ဦးေဆာင္ေသာ ပုဂၢလိကက႑ဖြံ႔ၿဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ ပုဂၢလိကလုပ္ငန္းရွင္မ်ား ပံုမွန္ေတြ႔ဆံုပြဲတြင္​ ​ေျပာၾကားခဲ့သည္​။

“ရန္​ကုန္​မွာ traffic ျပႆနာ​ေတြ၊ ကားပါကင္​ ျပႆာနာ​ေတြကို ထိန္​းႏိုင္​ဖို႔အတြက္​ ယခင္​က ကားပါကင္​နဲ႔ ထုတ္​​ေပးခဲ့တာမ်ိဳး႐ွိတယ္​။ အခုဒီဘက္​​ေနာက္​ပိုင္​းမွာ YVQC စနစ္​နဲ႔ ထုတ္​​ေပးဖို႔အတြက္​ ႀကိဳးစား​ေနပါတယ္​။ ရန္​ကုန္​ကားကို quota စနစ္​တစ္​ခုနဲ႔ က်င္​့သံုးဖို႔ပဲျဖစ္​ပါတယ္​။ ဒီလို YVQC စနစ္​မွာလည္​း ျပည္​တြင္​းမွာထုတ္​လုပ္​တဲ့ကား​ေတြကို ပိုၿပီးဦးစား​ေပးႏိုင္​ဖို႔ ​ေဆာင္​ရြက္​​ပါမယ္​။ ​ေမာ္​​ေတာ္​ကား က႑နဲ႔ပတ္​သက္​ၿပီး ျပည္ပမွကားတင္​သြင္​းျခင္​းထက္​ လိုအပ္​တဲ့ အစိတ္​အပိုင္​းမ်ားကို တင္​သြင္​းၿပီး ျပည္​တြင္​း၌ ​ေမာ္​​ေတာ္​ကားထုတ္​လုပ္​မႈအပိုင္​းကို ပိုမိုျမင္​့တင္​ႏိုင္​ဖို႔ ​ေဆာင္​ရြက္​​ေနပါတယ္​။” ဟု ရန္​ကုန္​တိုင္​း​ေဒသႀကီးဝန္​ႀကီးခ်ဳပ္​ဦးၿဖိဳးမင္​းသိန္​းက ​ေျပာၾကားထားခဲ့သည္​။

၂၀၁၆ ဧၿပီလ ၁ ရက္​​ေန႔မွစ၍ ရန္​ကုန္​လိုင္​စင္​​ျဖင္​့ ကားတင္​သြင္​းခြင္​့ျပဳျခင္​းကို ရပ္​ဆိုင္​းထား႐ွိ​ခဲ့ရာ ယခုဆိုလ်င္​ ရန္​ကုန္​လိုင္​စင္​မရရွိသည္​မွာ ၃ နွစ္​​ေက်ာ္​ၾကာျမင္​့​ေနၿပီျဖစ္ၿ​ပီး အို​ေဟာင္​းစလစ္​ကပ္​တင္​သြင္​းမႈႏွင့္ ျပည္​တြင္​းထုတ္​ကားမ်ားကိုသာ ရန္​ကုန္​လိုင္​စင္​ ခြင္​့ျပဳ​ေပးထား​ေၾကာင္​းသိရသည္​။


Unicode Version

ရန်ကုန်လိုင်စင်အား YVQC စနစ်ဖြင့် ခွင့်ပြု/မပြုကို တိကျစွာ သတင်းထုတ်ပြန်ပေးရန် လိုအပ်နေပြီး ခွင့်ပြုပေးရန်ရှိပါကလည်း လုပ်ဆောင်နေသည်များကို ချပြပေးရန် မော်တော်ကားတင်သွင်းသူအများစုက ပြောဆိုနေကြသည်။ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်လိုင်စင်အား Yangon Vehicle Quota Certificate (YVQC) လက်မှတ်စနစ်ဖြင့် တန်ဖိုးသတ်မှတ်ရောင်းချသွားမည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကော်ထံ တင်ပြထားရှိခဲ့ရာတွင် မူဝါဒအချက်အလက်များနှင့် ကိုက်ညီမှုမရှိ၍ ခွင့်မပြုခဲ့ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထိုကားနှင့်သက်ဆိုင်သောမူဝါဒ အချက်များကို ပြန်လည်ပြင်ဆင်၍ ရှေ့နေချုပ်ရုံးထံ ထပ်မံတင်ပြထားပြီး ရန်ကုန်လိုင်စင်ခွင့်ပြုရန် ကြာမြင့်နေသည့်အတွက် အိမ်စီးကားများနှင့် လုပ်ငန်းသုံးကားများကို နယ်လိုင်စင်ဖြင့်သာ ဝယ်ယူစီးနင်းနေရပြီး brand new ကားသစ်များမှာ စလစ်ဝယ်ယူရန် အခက်အခဲများရှိနေကြကြောင်း သိရသည်။

“အခုက ရန်ကုန်လိုင်စင်ကို စနစ်တစ်ခုနဲ့ ပြန်ပေးမလိုလိုနဲ့ စောင့်နေရတာကြာနေပြီ။ ရန်ကုန်လိုင်စင်ခွင့်ပြုပေးမယ်ဆိုလည်း ခွင့်ပြုမယ်၊ မပြုဘူးဆိုလည်း မပြုဘူး၊ တိတိကျကျ သတင်းထုတ်ပြန်ပေးဖို့လိုတယ်။ ရန်ကုန်လိုင်စင်က ပိတ်ထားတာကလည်း ၃ နှစ်လောက်ရှိနေပြီ။ အိမ်စီးကားတွေရော လုပ်ငန်းသုံးကားတွေပါ ရန်ကုန်လိုင်စင် ပိတ်ထားတဲ့အတွက် နယ်လိုင်စင်ယူပြီး ရန်ကုန်မှာပဲ မောင်းနေကြရတယ်။ ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းတွေကလည်း ရန်ကုန်မှာ အခြေချထားတာများတော့ ကားတွေက နယ်လိုင်စင်နဲ့ကားတွေ ပုံနေပြီ။ Brand new ကားရောင်းတဲ့သူတွေကလည်း ရန်ကုန်လိုင်စင် မကျတော့ နှစ် နှစ်ဆယ် အပ်ကားစလစ် ဝယ်ကပ်နေရတယ်။ အခုနောက်ပိုင်း အပ်ကားကလည်း ရှားလာတယ်။ စလစ်ဈေးကလည်း ကားတစ်စီးစာ ဈေးဖြစ်နေပြီ။ ကားဈေးကွက်ကလည်း ရန်ကုန်ကိုအခြေပြုပြီး လုပ်ကိုင်ရတာဖြစ်တဲ့အတွက် ရန်ကုန်လိုင်စင်ကို အစိုးရအနေနဲ့ နည်းလမ်းတစ်ခုနဲ့ ပြန်ဖွင့်ပေးသင့်တယ်။” ဟု ပြည်ပမှ မော်တော်ကားတင်သွင်းသူ ဦးအောင်နိုင်ဦးက ပြောသည်။

ရန်ကုန်လိုင်စင် YVQC စနစ်အား ပြည်တွင်းတွင်ထုတ်လုပ်သောကားများကို ပိုမိုဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဖေဖေါ်ဝါရီလအတွင်း UMFCCI တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတာ်ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“ရန်ကုန်မှာ traffic ပြဿနာတွေ၊ ကားပါကင် ပြဿာနာတွေကို ထိန်းနိုင်ဖို့အတွက် ယခင်က ကားပါကင်နဲ့ ထုတ်ပေးခဲ့တာမျိုးရှိတယ်။ အခုဒီဘက်နောက်ပိုင်းမှာ YVQC စနစ်နဲ့ ထုတ်ပေးဖို့အတွက် ကြိုးစားနေပါတယ်။ ရန်ကုန်ကားကို quota စနစ်တစ်ခုနဲ့ ကျင့်သုံးဖို့ပဲဖြစ်ပါတယ်။ ဒီလို YVQC စနစ်မှာလည်း ပြည်တွင်းမှာထုတ်လုပ်တဲ့ကားတွေကို ပိုပြီးဦးစားပေးနိုင်ဖို့ ဆောင်ရွက်ပါမယ်။ မော်တော်ကား ကဏ္ဍနဲ့ပတ်သက်ပြီး ပြည်ပမှကားတင်သွင်းခြင်းထက် လိုအပ်တဲ့ အစိတ်အပိုင်းများကို တင်သွင်းပြီး ပြည်တွင်း၌ မော်တော်ကားထုတ်လုပ်မှုအပိုင်းကို ပိုမိုမြင့်တင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားခဲ့သည်။

၂၀၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပြုခြင်းကို ရပ်ဆိုင်းထားရှိခဲ့ရာ ယခုဆိုလျင် ရန်ကုန်လိုင်စင်မရရှိသည်မှာ ၃ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး အိုဟောင်းစလစ်ကပ်တင်သွင်းမှုနှင့် ပြည်တွင်းထုတ်ကားများကိုသာ ရန်ကုန်လိုင်စင် ခွင့်ပြုပေးထားကြောင်းသိရသည်။

Latest News

ရန္ကုန္လိုင္စင္ကို စနစ္တစ္ခုျဖင့္ ယခုနွစ္အတြင္း...

Zawgyi Version လိုင္စင္ကို Yangon Vehicle Quota Certificate (YVQC) စနစ္ျဖင့္ တန္ဖိုးသတ္မွတ္၍ ယခုနွစ္အတြင္း ခြင့္ျပဳခ်ထားေပးရန္...

Read more »

Lexus RX 2019 Review (International)

Zawgyi Version တည္ေဆာက္ပုံေကာင္းမြန္ျပီး ေမာင္းႏွင္ရတာ ဇိမ္က်တဲ့ Lexus RX 2019 ကေတာ့ hybrid အင္ဂ်င္နဲ႕ပဲ အေကာင္းဆုံးဝယ္ယူရရွိႏိုင္ပါတယ္။...

Read more »

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »