အခွန်ဆောင်ထားမှု ပြသနိုင်မှသာ ဖရီးပါမစ်ဖြင့် ကားသွင်းခွင့်ရမည့်အချက် အပါအ၀င် ၂၀၁၆ ခုနှစ်အတွင်း မော်တော်ယာဉ် တင်သွင်းမှုများအတွက် စည်းမျဉ်းများ အပြီးသတ်အတည်ပြု










cartinthwinkhwint



Unicode Version

မိမိတင်သွင်းလိုသည့် ကားတန်ဖိုးဖြင့် လျော်ညီစွာ အခွန်ပေးဆောင်ထားမှု ပြသနိုင်မှသာ ဖရီးပါမစ်ဖြင့် ကားတင်သွင်းခွင့် ပြုတော့မည့်အချက် အပါအဝင် ၂ဝ၁၆ ခုနှစ်အတွင်း မော်တော်ယာဉ် တင်သွင်းမှုများ အတွက် စည်းမျဉ်းများကို အပြီးသတ် အတည်ပြုပြီး ဖြစ်သည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။

၂ဝ၁၆ ခုနှစ်အတွင်း မော်တော်ယာဉ် တင်သွင်းရာတွင် ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး ပြန်လည် တင်သွင်းမှုများ အတွက် အိမ်စီးကား ဆိုပါက ၂ဝဝ၆ မော်ဒယ်မှ ၂ဝ၁၃ မော်ဒယ်အတွင်း တင်သွင်းရမည်ဖြစ်ပြီး “ဘယ်မောင်း ညာမောင်း” မခွဲခြားဘဲ တင်သွင်းရန် သတ်မှတ်ပေးထားကြောင်း သိရသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင် ယာဉ်များတင် သွင်းမည်ဆိုပါက ၂ဝဝ၆ မော်ဒယ်မှ ၂ဝ၁၃ မော်ဒယ်အတွင်း တင်သွင်းရန် သတ်မှတ်ထားပြီး “ဘယ်မောင်း” ကားများသာ တင်သွင်းရန် သတ်မှတ်ထားသည်ဟု သိရသည်။

လက်ရှိတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဖရီးပါမစ်ဖြင့် ကားတင်သွင်းခွင့် ရှိသော်လည်း ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ထိုသို့ ရရှိတော့မည် မဟုတ်ဘဲ မိမိတင်သွင်းမည့် ကားတန်ဖိုးဖြင့် လျော်ညီသည့် အခွန်ပေးဆောင် ထားမှုကို ပြသနိုင်မှသာ ဖရီးပါမစ်ဖြင့် တင်သွင်းခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

အခွန်ပေးဆောင်ထားမှု ပြသပြီး ဖရီးပါမစ်ဖြင့် တင်သွင်းရာတွင်လည်း ၂ဝ၁၄ မော်ဒယ်မှ ၂ဝ၁၆ ခုနှစ်အတွင်းမော်ဒယ် ကားများကိုသာ တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး “ဘယ်မောင်း” ကားများသာ တင်သွင်းခွင့်ပြုမည်ဟု သိရသည်။

အခွန်ပေးဆောင်ထားမှု ပြသပြီး ဖရီးပါမစ်ဖြင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် တင်သွင်းလိုသူများ သည်လည်း ၂ဝ၁၄ မော်ဒယ်မှ ၂ဝ၁၆ မော်ဒယ်အတွင်းရှိ “ဘယ်မောင်း” ကားများကိုသာ တင်သွင်းရန် သတ်မှတ်ထားကြောင်း သိရသည်။

ယခု သတ်မှတ်ချက်များအတိုင်း ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ တင်သွင်းရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ယခု သတ်မှတ်ချက်များကို ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ကော်မတီအဆင့်သို့ တင်ပြပြီး ဖြစ်ကြောင်းနှင့် ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း သိရသည်။

Credit goes to: News Eleven

cartinthwinkhwint

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​တိုက်​မှု ဖြစ်​ပွား​သော...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဉ်​တိုက်​မှု ဖြစ်​ပွား​ခဲ့သော တိုက်​​ပြေးကားများ၊ ကားခိုးမှုများနှင့် ကား​ပျောက်​မှုများကို ဗဟိုထိန်းချူပ်​​ရေး (control...

Read more »