စလစ်ဈေးမတည်ငြိမ်သောကြောင့် စလစ်ကပ်ကားများကို အိတ်စိုက်ပြီး ရောင်းချနေရ

ကားဟောင်း စလစ်ဈေး မတည်ငြိမ်သောကြောင့် စလစ်ကပ်ကားများကို အိတ်စိုက်ပြီး ရောင်းချနေရကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေးစင်တာပိုင်ရှင်များထံမှ သိရှိရ သည်။

Showroom
လက်ရှိအချိန်တွင် ‘လ၊သ၊ အ’ ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံရန်ကျန်ရှိသည့် အစီးရေမှာ အလွန်နည်းပါးလျက်ရှိနေပြီး ဈေးကွက်လိုအပ်ချက်အရ ထပ်မံအပ် နှံခွင့်ပြုမည် အက္ခရာကိုသာ စောင့်မျှော်နေရကာ စလစ်ကပ်ကားများ အတွက် အရောင်းအ၀ယ် ပြုလုပ်ရာတွင် စလစ်ဈေး မတည်ငြိမ်မှု ရှိသည့်အတွက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိ ကြောင်း ကားအရောင်း စင်တာပိုင်ရှင်များထံမှ သိရသည်။ “အပ်ကား ရှားပါးနေတဲ့အချိန်မှာ စလစ်ဈေးကွက်မြင့်တက်လာလို့ Showroom တွေ အနေနဲ့ အရောင်းအ၀ယ် ပြုလုပ်ရတာ အခက်အခဲတွေ ဖြစ်နေတယ်၊ စလစ်ဈေးက တည်ငြိမ်မှုမရှိတဲ့အတွက် စလစ်ကပ်ကားတစ်စီးကို ဒီနေ့ရောင်း၊ မနက်ဖြန်ရှုံး ဖြစ်နေတယ်၊ စလစ်ဈေးကလည်း တက်လိုက်ကျလိုက် ဖြစ်နေတော့ အရှုံးနဲ့အမြတ်မှာ ရှုံးဖို့ ၉၀ ရာခိုင်နှုန်း လောက်သေချာတယ်၊ နောက်ထပ်အက္ခရာ ခေါ်ယူမယ်ဆိုရင်တော့ အဆင်ပြေသွားမယ် ထင်တယ်၊ အခုအချိန်ထိ ဘယ်အက္ခရာကို ဘယ်အချိန်မှာ ခေါ်မယ်ဆိုတာ သေသေချာချာ မသိရတာကတော့ အဆင်မပြေဘူး၊ အဲဒါကို သေသေ ချာချာသိရမှ စလစ်ဈေးတွေ လျော့ကျ သွားမယ်၊ ပြီးတော့ တည်ငြိမ်တဲ့ စလစ်ဈေးကွက်တစ်ခု ဖြစ်လာမယ်၊ အခုက စလစ်ဈေးတွေ မြင့်တက်နေတော့ ကားဝယ်စီးတဲ့ ပြည်သူတွေ နစ်နာမှုတွေရှိတယ်၊ ဈေးနှုန်း သက်သက်သာသာနဲ့ ၀ယ်ယူနိုင်အောင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုပေါ်လစီကို ကညန အနေနဲ့ ပြင်ဆင်သင့်ပါပြီ”ဟု WK ကားအရောင်းစင်တာပိုင်ရှင် ဒေါက်တာ ၀င်းကို ကပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ကားဈေး ကွက်အတွင်း မတ် ၁၉ ရက် အထိ ဖြစ်ပေါ်နေသော စလစ်ဈေးနှုန်းများအရ ‘လ၊သ၊အ’ ကားဟောင်း စလစ်တစ် စောင်လျှင် ၁၁၂ သိန်းဝန်းကျင်၊ ၁/က စလစ် တစ်စောင်လျှင် ၈၆ သိန်းဝန်းကျင် နှင့် QQ3 စလစ်တစ်စောင်လျှင် ၆၁ သိန်းဝန်းကျင် ပေါက်ဈေးရှိ ကြောင်းသိရသည်။


 

Ref: Automobile



Unicode Version

ကားဟောင်း စလစ်စျေး မတည်ငြိမ်သောကြောင့် စလစ်ကပ်ကားများကို အိတ်စိုက်ပြီး ရောင်းချနေရကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေးစင်တာပိုင်ရှင်များထံမှ သိရှိရ သည်။

Showroom
လက်ရှိအချိန်တွင် ‘လ၊သ၊ အ’ ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံရန်ကျန်ရှိသည့် အစီးရေမှာ အလွန်နည်းပါးလျက်ရှိနေပြီး စျေးကွက်လိုအပ်ချက်အရ ထပ်မံအပ် နှံခွင့်ပြုမည် အက္ခရာကိုသာ စောင့်မျှော်နေရကာ စလစ်ကပ်ကားများ အတွက် အရောင်းအဝယ် ပြုလုပ်ရာတွင် စလစ်စျေး မတည်ငြိမ်မှု ရှိသည့်အတွက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိ ကြောင်း ကားအရောင်း စင်တာပိုင်ရှင်များထံမှ သိရသည်။ “အပ်ကား ရှားပါးနေတဲ့အချိန်မှာ စလစ်စျေးကွက်မြင့်တက်လာလို့ Showroom တွေ အနေနဲ့ အရောင်းအဝယ် ပြုလုပ်ရတာ အခက်အခဲတွေ ဖြစ်နေတယ်၊ စလစ်စျေးက တည်ငြိမ်မှုမရှိတဲ့အတွက် စလစ်ကပ်ကားတစ်စီးကို ဒီနေ့ရောင်း၊ မနက်ဖြန်ရှုံး ဖြစ်နေတယ်၊ စလစ်စျေးကလည်း တက်လိုက်ကျလိုက် ဖြစ်နေတော့ အရှုံးနဲ့အမြတ်မှာ ရှုံးဖို့ ၉ဝ ရာခိုင်နှုန်း လောက်သေချာတယ်၊ နောက်ထပ်အက္ခရာ ခေါ်ယူမယ်ဆိုရင်တော့ အဆင်ပြေသွားမယ် ထင်တယ်၊ အခုအချိန်ထိ ဘယ်အက္ခရာကို ဘယ်အချိန်မှာ ခေါ်မယ်ဆိုတာ သေသေချာချာ မသိရတာကတော့ အဆင်မပြေဘူး၊ အဲဒါကို သေသေ ချာချာသိရမှ စလစ်စျေးတွေ လျော့ကျ သွားမယ်၊ ပြီးတော့ တည်ငြိမ်တဲ့ စလစ်စျေးကွက်တစ်ခု ဖြစ်လာမယ်၊ အခုက စလစ်စျေးတွေ မြင့်တက်နေတော့ ကားဝယ်စီးတဲ့ ပြည်သူတွေ နစ်နာမှုတွေရှိတယ်၊ စျေးနှုန်း သက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုပေါ်လစီကို ကညန အနေနဲ့ ပြင်ဆင်သင့်ပါပြီ”ဟု WK ကားအရောင်းစင်တာပိုင်ရှင် ဒေါက်တာ ဝင်းကို ကပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ကားစျေး ကွက်အတွင်း မတ် ၁၉ ရက် အထိ ဖြစ်ပေါ်နေသော စလစ်စျေးနှုန်းများအရ ‘လ၊သ၊အ’ ကားဟောင်း စလစ်တစ် စောင်လျှင် ၁၁၂ သိန်းဝန်းကျင်၊ ၁/က စလစ် တစ်စောင်လျှင် ၈၆ သိန်းဝန်းကျင် နှင့် QQ3 စလစ်တစ်စောင်လျှင် ၆၁ သိန်းဝန်းကျင် ပေါက်စျေးရှိ ကြောင်းသိရသည်။


 

Ref: Automobile

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...

Latest news1 10 150x150

Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...

Read more »