မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း ဒီပလိုမာသင်တန်း ပထမဆုံးအကြိမ်ဖွင့်မည်

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာမူဝါဒများ ဖြေလျှော့ပေးခြင်းနှင့်အတူ ပေါများလာသည့် မော်ဒယ်လ်မြင့် မော်တော်ယာဉ်များအတွက် ပထမဆုံးသော မော်တော်ယာဉ်နည်းပညာ ဒီပလိုမာ သင်တန်းကို ရန်ကုန်မြို့တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း Glory Career Training Centre (GCTC) သင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးမိုးက ပြောကြားသည်။8994568044_198e5ab5ff

သင်တန်းကို ဂျပန်နိုင်ငံ Okayama Institute of Science and Technology(OIST) နှင့် မြန်မာနိုင်ငံရှိ Glory Career Training Centre (GCTC) တို့ပူးပေါင်း၍ ၂၀၁၄ ဧပြီလဝန်းကျင်တွင် စတင်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သင်တန်းကျောင်းဖွင့်လှစ်ရန် နှစ်ဖက်အပြန်အလှန် ပညာရေး လဲလှယ်မှုအစီအစဉ် သဘောတူလက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် အောက်တိုဘာ ၂၃ နေ့က ပြုလုပ်ခဲ့သည်။

သင်တန်းချိန်တစ်နှစ်ကြာမြင့်မည့် အဆိုပါဒီပလိုမာသင်တန်းသည် မြန်မာနိုင်ငံတွင် လိုအပ်နေသည့် မော်တော်ယာဉ်ပြုပြင်ခြင်းဆိုင်ရာ ကျွမ်းကျင်လုပ်သားများထွက်ပေါ်လာရေးကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ယင်းအပြင် သင်တန်းပြီးဆုံးပါက ဂျပန်နိုင်ငံရှိ OIST ကျောင်းတွင် ဘွဲ့ရသည်အထိ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။

သင်တန်းဝင်ခွင့်ကို လူဦးရေ ၂၅ မှ ၅၀ဦးကြား အကြမ်းဖျင်းသတ်မှတ်ထားပြီး သင်တန်းကြေးကို ၂၀၁၄ နှစ်ဦးပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

The Voice Daily မှကူးယူဖော်ပြသည်။

Photo credit by Les Chatfield

Latest News

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »

ကညနရုံးတွင် ​ဖောက်ထွင်းခံရ​သော ...

Ggege 150x150

Photo Credit ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့်​ ယာဉ်မှတ်ပုံတင်...

Read more »

၁၉၉၅ မိုဒယ်​​အောက်​ကား​များ အပ်​နှံပါက ...

Adsas 150x150

Photo Credit ရန်​ကုန်​မြို့တွင်​ ​ပြေးဆွဲလျှက်​ရှိ​သော ခရီးသည်​တင်​ကားများဖြစ်​သည့်​ ၁၉၉၅ မိုဒယ်​​အောက်​ကား​များ ဖျက်​သိမ်းအပ်​နှံပါက...

Read more »

လာ​မည့်နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »
Download Android App