အဆင့်မြင့် ယာဉ်ရပ်နားစခန်း သုံးခု ဗိုလ်တထောင်နှင့် ကမာရွတ်မြို့နယ်တို့တွင် တည်ဆောက်မည်






 

Ref: Automobile



Unicode Version

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အဆင့်မြင့် ယာဉ်ရပ်နားစခန်းသုံးခုကို ဗိုလ်တထောင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း ‘ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ’မှ သတင်းရရှိသည်။

[caption id=attachment_387788 align=alignnone width=500]Car Car Park[/caption]

ယာဉ်ရပ်နားစခန်းများကို ဗိုလ်တထောင်မြို့နယ်တွင် ၄၅ လမ်း ရှိ မြေဧရိယာ ၂ ဒသမ ၅၆၁ ဧကနှင့် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ဝ၆၈ ဧကတို့တွင် လည်းကောင်း၊ ကမာရွတ်မြို့နယ်တွင် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေဧရိယာ ဝ ဒ သမ ၁ဝ၃ ဧကတွင် လည်းကောင်း တည်ဆောက်ရန် ရွေးချယ်ထားကြောင်း သိရသည်။“အဆင့်မြင့် ယာဉ်ရပ်နားစခန်းဆောက်လုပ်မှာ ဖြစ်တဲ့အတွက် ဌာနနဲ့ ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်ထားတယ်၊ ၂ဝ၁၃ ခုနှစ် လွှတ်တော်အစည်း အဝေးမှာကတည်းက အထပ်မြင့် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ဖို့ တင်ပြခဲ့ပေမဲ့ အချက်အလက် စုဆောင်းမှု၊ မြေနေရာ ရှာဖွေမှုတွေကြောင့် အခုမှ စတင်ဖြစ်တာပါ၊ နောက်ပိုင်းကျရင်တော့ ရန်ကုန်မြို့ရဲ့ အဆင်ပြေမယ့် မြေနေရာတွေမှာ ယာဉ်ရပ်နားစခန်းတွေ ဆောက်လုပ်သွားဖို့ ရှိပါတယ်”ဟု ‘မြို့တော် စည်ပင်၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)’မှ လက်ထောက်ဌာနမှူးက ပြောသည်။ယာဉ်ရပ်နားစခန်း လုပ်ကိုင်လိုသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) တွင် တင်ဒါလျှောက်လွှာ တစ်စုံ အမေရိကန်ဒေါ်လာ ငါးရာ၊ သို့မဟုတ် ကျပ်ငွေ ငါးသိန်း ဖြင့် လာရောက် ဝယ်ယူနိုင်ပြီး မတ် ၃၁ ရက် နောက်ဆုံးထား၍ တင်ဒါလျှောက်လွှာနှင့်အတူ အာမခံ အမေရိကန် ဒေါ်လာ တစ်သိန်း စပေါ်ငွေတင်၍ လျှောက်ထားနိုင် ကြောင်းသိရသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ပုဂ္ဂလိက ယာဉ်ရပ်နားစခန်းအဖြစ် မြေနီကုန်း၊ ရှင်စောပု ယာဉ်ရပ်နား စခန်းတစ်ခုသာရှိပြီး ၂ဝ၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကြောင်း သိရ သည်။


 

Ref: Automobile

Latest News

ယာဉ်​​ရောင်းဝယ်​​ရေးစခန်းများတွင်...

Cardb latest news 3 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း လုပ်​ကိုင်​​နေ​သော ယာဉ်​​ရောင်းဝယ်​​ရေးစခန်းများ၊ ယာဉ်​အပိုပစ္စည်း ​ရောင်းဝယ်​​ရေးစခန်းများ၊...

Read more »

သက်​တမ်း နှစ်​ ၂၀ ပြည့်​ပြီးကားများ...

News 150x150

Zawgyi Versionရန်​ကုန်​တိုင်း​ဒေသကြီးအတွင်းတွင်​ရှိ​နေ​သော ​သက်​တမ်းနှစ်​ ၂၀ ပြည့်​ပြီးသား ၁၉၉၈ မိုဒယ်​​အောက်​ကားများ ယာဉ်​​ဟောင်း...

Read more »

ခန့်ညားကြံ့ခိုင်တဲ့ Ford Ranger Wildtrak

Zawgyi VersionFord Ranger မော်ဒယ်ကားအမျိုးအစားများတွင် အခန်းတစ်ခန်းတည်းကား၊ တစ်ခန်းခွဲကားနှင့် နှစ်ခန်းပါကားဟူ၍ အမျိုးအစားသုံး မျိုးရှိရာ Ford...

Read more »

စက်သုံးဆီအရည်အသွေး 500ppm အစား ဒီဇယ် 10ppm...

27901187 2248028151916602 53515596 o 1 150x150

Zawgyi Version ပြည်​တွင်းတွင် သုံးစွဲ​နေ​သော စက်သုံးဆီအရည်းအသွေးကို နိုင်ငံတကာအဆင့်နှင့်အညီ 500ppm အစား ဒီဇယ် 10ppm...

Read more »

Original delivery van သတ်​မှတ်​ချက်​ ၄ ချက်​...

27536843 2238616232857794 493741989 o

Zawgyi Version ပြည်​ပမှတင်​သွင်း​သော original delivery van အဖြစ် သတ်မှတ်သော အချက်​ ၄ ချက်​ဖြင့် ကိုက်​ညီသည့် ကားများကို ထုတ်​ခွင့်​​ပေး၊...

Read more »