တစ္ပတ္အတြင္း ကားေလာကသတင္းမ်ား

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။
သတင္းထူးမ်ားမွာေတာ့ :

news_this_week-500x185



  • ၂၀၁၄ ခုႏွစ္အတြင္း ကားမွာယူမႈမ်ား သိသိသာသာေလ်ာ့က်သြား



  • မုိဒယ္ျမင့္ ကားမ်ား တင္သြင္းလာေသာ္လည္း အာမခံထားရွိမႈ နည္းပါးေန



  • ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲခြင့္မရွိေသာ နယ္လိုင္စင္တကၠစီကားမ်ား သိန္းႏွစ္ဆယ္ခန္႔ ေစ်းက်



  • ရန္ကုန္တိုင္းေဒသႀကီးအတြင္း ယာဥ္အို၊ ယာဥ္ေဟာင္း အစီးေရ ၆၆,၀၀၀ ေက်ာ္ အပ္ႏွံၿပီးျဖစ္



  • ယာဥ္ထိန္းရဲတပ္ဖြဲ႔၏ မႈခင္းစစ္ဌာနတြင္ အသံုးျပဳသည့္တံဆိပ္တံုးမ်ား အတုျပဳလုပ္သံုးစြဲမႈမ်ား ရွိေနသည့္အတြက္ ထိေရာက္စြာအေရးယူမည္



  • ယာဥ္မေတာ္တဆမႈမ်ား မ်ားျပားလာသျဖင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ ၀င္ခြင့္ပံုစံ ေျပာင္းလဲစစ္ေဆးမည္



  • ၂၀၁၄ ခုႏွစ္ အေကာင္းဆံုးကားဆု ဆန္ခါတင္စာရင္း ထြက္ေပၚ



  • ျမန္မာျပည္ Brand New ကားေစ်းကြက္ ႏွစ္ရွည္ အရစ္က်စနစ္ျဖင့္ သြားမွသာ အဆင္ေျပႏိုင္ဟုဆို



  • LPG တပ္ဆင္မႈ နည္းပညာ အရည္အေသြးျမင့္မားရန္ အေမရိကန္မွ သင္တန္းလာေရာက္ပို႕ခ်မည္



  • နာမည္ေက်ာ္ Jaguar Land Rover ေမာ္ေတာ္ယာဥ္ အေရာင္းျပခန္း လာမည့္ေမလအတြင္း ရန္ကုန္ၿမိဳ႕၌ ဖြင့္လွစ္မည္



  • ယခု ဘ႑ာႏွစ္အတြင္း မဂၤလာဒံုၿမဳိ႕နယ္၌ လူကူးခံုးေက်ာ္တံတားသစ္ တစ္စင္း တည္ေဆာက္



  • ညအခ်ိန္ အင္းယားကန္ေပါင္ေရွ႕ ျပည္လမ္းမေပၚ ယာဥ္မ်ားရပ္နားမႈ ကရိန္းျဖင့္ ဖမ္းဆီးအေရးယူေဆာင္ရြက္မည္



  • အထပ္ျမင့္တိုက္မ်ား အလယ္တြင္ တည္ရွိျခင္းႏွင့္ အေကြ႕အေကာက္မ်ားျခင္းေၾကာင့္ ေရႊဂံုတိုင္ခံုးေက်ာ္တံတားတြင္ CCTV ကင္မရာမ်ား တိုးခ်ဲ႕တပ္ဆင္မည္



  • Grade အနိမ့္ HIACE Van ကဲ့သို႔ ေခ်ာပို႔ ေနာက္ခန္းအလံုပိတ္ ကားမ်ားကို လုပ္ငန္းသံုးယာဥ္အတိုင္း အခြန္ေကာက္ခံမည္



  • ေမာ္ေတာ္ယာဥ္ အေရာင္းစင္တာႏွင့္ ျပခန္းမ်ားဖြင့္လွစ္ရန္အတြက္ တိုင္းေဒသႀကီးအစုိးရ ေထာက္ခံခ်က္ႏွင့္ စည္ပင္ခြင့္ျပဳခ်က္ လုိအပ္



  • ကားအစီးေရ ခုနစ္ပံု တစ္ပံုမွာ အငွားယာဥ္မ်ားျဖစ္



 

၂၀၁၄ ခုႏွစ္အတြင္း ကားမွာယူမႈမ်ား သိသိသာသာေလ်ာ့က်သြား


၂၀၁၄ ခုႏွစ္အတြင္း ကားမွာယူမႈမ်ား သိသိသာသာ ေလ်ာ့က်သြားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ ထုတ္ ျပန္ေသာ စာရင္းမ်ားအရ သိရသည္။ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနအေနျဖင့္ လူစီးေမာ္ေတာ္ယာဥ္မ်ားကို ယာဥ္အမ်ဳိးအစားအလိုက္ ပါမစ္ထုတ္ ေပးခဲ့ရာတြင္ ၂၀၁၃ ခုႏွစ္၊ ဧၿပီလမွ ၂၀၁၄ ခုႏွစ္၊ေဖေဖာ္၀ါရီလအထိ ပါမစ္ထုတ္ေပးၿပီး အစီးေရ ၁၈,၅၁၄ စီးျဖစ္ေၾကာင္းသိရသည္။ ထိုသို႔ ေမာ္ေတာ္ယာဥ္ပါမစ္မ်ား ထုတ္ေပးခဲ့ရာတြင္ စီးပြားေရးႏွင့္ကူးသန္းေရာင္း ၀ယ္ေရးဌာန၏ စာရင္းမ်ားအရ ၂၀၁၃ ခုႏွစ္၊ ဧၿပီလတြင္ ၁,၈၃၉ စီး၊ ေမလတြင္ ၁,၈၁၂ စီး၊ ဇြန္လတြင္ ၁,၂၁၂ စီး၊ ဇြန္လုိင္လတြင္ ၁,၈၀၆ စီး၊ ၾသဂုတ္လတြင္ ၁ç၆၇၉ စီး၊ စက္တင္ဘာလတြင္ ၁,၆၅၀ စီး၊ ေအာက္တုိ ဘာလတြင္ ၁ç၈၉၀ စီး၊ ႏို၀င္ဘာလတြင္ ၁ç၇၇၃ စီး၊ ဒီဇင္ဘာ လတြင္ ၃,၃၆၅ စီး၊ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီလတြင္ ၆၄၄ စီး၊ ေဖေဖာ္၀ါရီလတြင္ ၈၄၄ စီးကို ေမာ္ေတာ္ယာဥ္ပါမစ္မ်ား အသီးသီး ထုတ္ေပးခဲ့ေၾကာင္း သိရသည္။ ေမာ္ေတာ္ယာဥ္ပါမစ္မ်ား ထုတ္ေပးျခင္းႏွင့္ပတ္သက္၍ စီးပြားေရးႏွင့္ ကူသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွာ တာ၀န္ရွိသူ တစ္ဦးက “ပါမစ္ထုတ္ေပးတဲ့ေနရာမွာ တစ္ဦးခ်င္းတင္သြင္းတဲ့ ကားေတြ ပါ၀င္ပါတယ္၊ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီလနဲ႔ ေဖေဖာ္၀ါ ရီလေတြကေတာ့ ပါမစ္လာေလွ်ာက္တဲ့ ေမာ္ေတာ္ယာဥ္အစီးေရ က အရင္လေတြထက္ ေတာ္ေတာ္ေလးနည္းသြားတယ္၊ ၂၀၁၃ ခုႏွစ္၊ ဒီဇင္ဘာလကေတာင္ အစီးေရ ၃ç၃၀၀ ေက်ာ္ရွိပါေသးတယ္၊ လက္ရွိ ပါမစ္လာေလွ်ာက္တဲ့ ကားေတြထဲမွာေတာ့ Honda ၊ Toyota ၊ Nissan ကားေတြက အမ်ားဆံုး ျဖစ္ပါတယ္”ဟု ေျပာၾကား ခဲ့သည္။ သြင္းကုန္လုပ္ငန္းဌာနခြဲ၊ ေမာ္ေတာ္ယာဥ္ပါမစ္ ထုတ္ေပးေရးဌာနဂိတ္အေနျဖင့္ ျပည္ပမွတင္သြင္းလာေသာ ယာဥ္မ်ားအား လူတစ္ဦးခ်င္းစီအလုိက္ ေမာ္ေတာ္ ယာဥ္ပါမစ္မ်ား ထုတ္ေပးခဲ့ရာတြင္ Saloon ၊ Van ၊ Wagon ၊ Light Truck ၊ Box Truck ႏွင့္ Truck ကားမ်ား ပါ၀င္ေၾကာင္း သိရသည္။


Ref : Automobile

မုိဒယ္ျမင့္ ကားမ်ား တင္သြင္းလာေသာ္လည္း အာမခံထားရွိမႈ နည္းပါးေန


ျပည္ပမွ မုိဒယ္ျမင့္ကားမ်ားကုိ တင္သြင္းလာေသာ္လည္း အာမခံထားရွိမႈ နည္းပါးေနေသးေၾကာင္း ‘ျမန္မာ့အာမခံလုပ္ငန္း’မွ သိရွိရသည္။ ျမန္မာ့အာမခံလုပ္ငန္းမွ ၿပီးခဲ့ သည့္ ၂၀၁၃ ခုႏွစ္မွစ၍ ပုဂၢလိက ကုမၸဏီ ၁၁ ခုကုိ လုပ္ပုိင္ခြင့္မ်ား ခ်ေပးခဲ့သည္။ အာမခံကုမၸဏီမ်ား မ်ားျပားလာေသာ္လည္း ေမာ္ေတာ္ယာဥ္အာမခံ ထားရွိမႈမွာ အျခား အာမခံထားရွိမႈထက္ နည္းေနေသးေၾကာင္း သိရသည္။ ေမာ္ေတာ္ယာဥ္တစ္စီး အာမခံထားရွိမည္ဆုိပါက ၀ွီးတက္၊ ယာဥ္ေမာင္းလိုင္စင္၊ အံုနာဘုတ္မ်ား လုိအပ္ၿပီး တစ္ႏွစ္စာအတြက္ နံပါတ္အနီ သိန္းတစ္ရာတန္ ကားတစ္စီးလွ်င္ ၁၇၅,၀၀၀ က်ပ္ ႏွင့္ နံပါတ္အနက္ သိန္းတစ္ရာတန္ ကားတစ္စီးလွ်င္ တစ္သိန္း ၀န္းက်င္ က်သင့္မည္ ျဖစ္သည္။ထုိသို႔ ေမာ္ေတာ္ယာဥ္မ်ားကုိ အာမခံထားရွိျခင္းျဖင့္ ခုိးယူျခင္းခံရသည္ျဖစ္ေစ၊ သဘာ၀ေဘးအႏၲရာယ္ေၾကာင့္ ပ်က္စီးခဲ့သည္ျဖစ္ေစ၊ မေတာ္တဆမႈ တစ္စံု တစ္ရာေၾကာင့္ ပ်က္စီးခဲ့သည္ျဖစ္ေစ ဆံုး႐ႈံးခဲ့သည့္ တန္ဖိုးအတုိင္း အာမခံကုမၸဏီမ်ားမွ ျပန္လည္ေပးေလ်ာ္ မည္ျဖစ္ေၾကာင္း သိရသည္။ “သိန္းတစ္ရာတန္ ကားတစ္စီး ကုိ အာမခံထားရွိမယ္ဆုိရင္ တစ္ႏွစ္စာအတြက္ ကာလေပါက္ ေစ်းရဲ႕ ဒသမ ၉၂ ရာခုိင္ႏႈန္း ယူပါတယ္၊ နံပါတ္အနီဆုိရင္ေတာ့ ဒသမ ၁၀ ရာခုိင္ႏႈန္းနဲ႔ တြက္ယူပါတယ္၊ တစ္ႏွစ္ျပည့္သြားလုိ႔ အာမခံဆက္ထားမယ္ဆုိရင္ ဒုတိယႏွစ္မွာ ၂၅ ရာခုိင္ႏႈန္း၊ တတိယႏွစ္မွာ ၃၀ ရာခုိင္ႏႈန္း၊ စတုတၳႏွစ္မွာ ၄၀ ရာခုိင္ႏႈန္း၊ ပဥၥမႏွစ္မွာ ၆၀ရာခုိင္ႏႈန္း ေလွ်ာ့ေပးပါတယ္၊ သြင္းတဲ့ပရီမီယံေၾကး အေပၚမွာ မူတည္ၿပီး ပ်က္စီးသြားတဲ့ ပမာဏအတုိင္း ေလ်ာ္ေပးမွာ ျဖစ္ပါတယ္၊ ပရီမီယံေၾကးမ်ားရင္ ကားတစ္စီလံုး ေၾကမြပ်က္စီး သြားခဲ့ရင္ေတာင္မွ ကား အလံုးလုိက္ ျပန္ခ်ိန္းေပးတဲ့အထိ ၀န္ေဆာင္မႈေပးမွာ ျဖစ္ပါတယ္၊ အပ်က္အစီး နည္းခဲ့ရင္လည္း စိတ္ႀကိဳက္ ၀ပ္ေရွာ့မွာပဲျပင္ျပင္၊ ကုမၸဏီနဲ႔ ခ်ိတ္ ဆက္ထားတဲ့ ၀ပ္ေရွာ့မွာပဲျပင္ျပင္ အာမခံထားရွိတဲ့ ယာဥ္ပုိင္ရွင္ ေက်နပ္ေအာင္ ေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါတယ္”ဟု ျမန္မာ့အာမခံလုပ္ငန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာၾကားခဲ့ သည္။


Ref : Automobile

ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲခြင့္မရွိေသာ နယ္လိုင္စင္တကၠစီကားမ်ား သိန္းႏွစ္ဆယ္ခန္႔ ေစ်းက်


ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေမာင္းႏွင္ခြင့္ မရွိေသာ နယ္တကၠစီကားမ်ားမွာ ေစ်းႏႈန္းမ်ား သိသိသာသာ က်ဆင္းသြားခဲ့ေၾကာင္း ကား၀ယ္/ ေရာင္းမ်ားထံမွ သိရွိရသည္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ဒီဇင္ဘာ ၂၇ ရက္မွစ၍ ရန္ကုန္ၿမိဳ႕တြင္းတြင္ နယ္တကၠစီကားမ်ားကုိ ေျပးဆြဲခြင့္မျပဳေသာေၾကာင့္ ထုိကားမ်ား၏ ေစ်း ကြက္မွာ ပ်က္စီးသြားခဲ့သည္။ နယ္လုိင္စင္ကားမ်ားႏွင့္ပတ္ သက္၍ ကား၀ယ္/ေရာင္းတစ္ဦးက “ရန္ကုန္ ကားေစ်းကြက္မွာ နယ္လိုင္စင္ တကၠစီေတြက အ၀ယ္မရွိ သေလာက္ နည္းသြားပါတယ္၊ နယ္တကၠစီကားေတြထဲမွာ ဧရာ၀တီ၊ ပဲခူးအပါအ၀င္ နယ္ကားေတြ ေစ်းက သိသိသာသာ ထုိးက်သြားခဲ့ပါတယ္၊ မႏၲေလးလုိင္စင္နဲ႔ ကားေတြကေတာ့ အ၀ယ္နည္းနည္းပါးပါး ရွိပါတယ္၊ နယ္ကားေတြေစ်းက က်ဆင္းသြားခဲ့ေပမဲ့ ရန္ကုန္တကၠစီ ကားေစ်းေတြက အမ်ားႀကီးျမင့္တက္သြားတာ မရွိပါဘူး”ဟု ဆုိခဲ့သည္။ ယခုရက္ပုိင္းအတြင္း နယ္ တကၠစီကားမ်ားမွာ ၀ယ္လက္နည္းပါးေနေသာေၾကာင့္ ေစ်းမ်ား ခ်ေရာင္းေနၾကၿပီး Suzuki Alto ၊ Suzuki Solio ႏွင့္ Nissan March ကားမ်ားမွာ ၅၅ သိန္း ၀န္းက်င္သာ ေပါက္ေစ်းရွိေတာ့သည္။ ထုိ႕ျပင္ တကၠစီအျဖစ္ အသံုးမ်ားေနသည့္ Probox ၊ AD Van ကားမ်ားမွာလည္း သိန္း ကိုးဆယ္ ၀န္းက်င္မွ သိန္း ခုနစ္ဆယ္၀န္းက်င္အထိ ေစ်းႏႈန္းမ်ား က်ဆင္းသြားခဲ့ေၾကာင္း ကား၀ယ္/ေရာင္းမ်ားထံမွ သိရသည္။


Ref : Automobile

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ယာဥ္အို၊ ယာဥ္ေဟာင္း အစီးေရ ၆၆,၀၀၀ ေက်ာ္ အပ္ႏွံၿပီးျဖစ္


ရန္ကုန္တို္င္းေဒသႀကီးအတြင္း ယာဥ္အုိ၊ ယာဥ္ေဟာင္းစီမံခ်က္ အရ အို/ေဟာင္း ယာဥ္အစီးေရ ၆၆,၀၀၀ ေက်ာ္ အပ္ႏွံၿပီးစီးၿပီ ျဖစ္ေၾကာင္း ‘ကုန္းလမ္းပို႔ေဆာင္ေရး ညြန္ၾကားမႈဦးစီးဌာန၊ ျမင္သာ ကညန႐ံုး’မွ သိရသည္။ ကုန္းလမ္းပို႔ေဆာင္ေရး ညြန္ၾကားမႈဦးစီးဌာနအေနျဖင့္ ယာဥ္ အို၊ ယာဥ္ေဟာင္းအစားထုိး စီမံခ်က္အရ ယာဥ္အို၊ ယာဥ္ေဟာင္း မ်ား အပ္ႏွံခြင့္ျပဳခဲ့ရာတြင္ မတ္ ၄ ရက္အထိ အစီးေရ ၆၆,၄၀၀ ေက်ာ္အထိ အပ္ႏွံၿပီးစီးခဲ့သည္။ လက္ရွိအခ်ိန္တြင္ ရန္ကုန္တုိင္း ေဒသႀကီးအတြင္း၌ အပ္ႏွံ လ်က္ရွိေသာ ‘အ’ အကၡရာကားမ်ားမွာ မတ္ ၄ ရက္အထိ အပ္ႏွံၿပီးစီးခဲ့သည့္ အစီးေရ ၄,၅၅၁ စီး ျဖစ္ေၾကာင္း သိရသည္။ အပ္ကားမ်ား နည္းပါးလာျခင္းေၾကာင့္ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈဌာနတြင္ လာေရာက္အပ္ႏွံ သည့္ အကၡရာအစံုမွ ယာဥ္အုိ၊ ယာဥ္ေဟာင္း အစီးေရမွာ ေန႔စဥ္ အစီးေရ ေလးဆယ္၀န္းက်င္ခန႔္သာရွိေၾကာင္း ျမင္သာ ကညန ႐ုံး ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏံွမႈဌာနမွ သိရသည္။
“အခုအခ်ိန္အထိေတာ့ ေနာက္ထပ္အပ္ႏွံခြင့္ျပဳမယ့္ အကၡရာနဲ႔ ဘယ္အခ်ိန္ အပ္ႏွံခြင့္ျပဳမယ္ဆုိတာ ၫႊန္ၾကားခ်က္ မလာ ေသးပါဘူး၊ အပ္ကားေတြကလည္း ေန႔စဥ္နဲ႔အမွ် လာေရာက္အပ္ႏွံမႈ ေလ်ာ့က်သြားပါတယ္၊ ‘အ’ အကၡရာေတြကလည္း အပ္ႏွံဖုိ႔ အစီးေရ နည္းေနတဲ့အတြက္ ေန႔စဥ္ အစီးေရ ႏွစ္ဆယ္၀န္းက်င္ေလာက္ပဲ အပ္ႏွံၾကပါတယ္၊ Chery QQ3 ကားေတြရဲ႕ အပ္ႏွံမႈ ကေတာ့ အစီးေရ ၃၂၄ စီးေက်ာ္သြားပါၿပီ”ဟု အထက္ပါဌာနမွ တာ၀န္ရွိသူ တစ္ဦးက ေျပာၾကားခဲ့သည္။ လက္ရွိအခ်ိန္တြင္ ယာဥ္အုိ၊ ယာဥ္ေဟာင္းမ်ား နည္းပါးလ်က္ရွိရာ ကား၀ယ္/ေရာင္းေစ်းကြက္အတြင္း စလစ္ေစ်း ထပ္မံျမင့္တက္လ်က္ရွိၿပီး ‘အ’ အကၡရာအမည္ေပါက္ ကားေပာာင္း စလစ္ တစ္ေစာင္ လွ်င္ က်ပ္ ၁၀၆ သိန္း၀န္းက်င္၊ ‘အ’အကၡရာ ႐ုိး႐ိုးစလစ္ တစ္ေစာင္လွ်င္ က်ပ္ သိန္းတစ္ရာ၀န္းက်င္ခန္႔ ေပါက္ေစ်းရွိေၾကာင္း ကား၀ယ္/ေရာင္းေစ်းကြက္မွ သိရသည္။


Ref : Automobile

ယာဥ္ထိန္းရဲတပ္ဖြဲ႔၏ မႈခင္းစစ္ဌာနတြင္ အသံုးျပဳသည့္တံဆိပ္တံုးမ်ား အတုျပဳလုပ္သံုးစြဲမႈမ်ား ရွိေနသည့္အတြက္ ထိေရာက္စြာအေရးယူမည္


ယာဥ္ထိန္းရဲတပ္ဖြဲ႕၏ မႈခင္းစစ္ ဌာနတြင္ အသံုးျပဳသည့္ တံဆိပ္ တံုးမ်ား အတုျပဳလုပ္သံုးစြဲမႈမ်ား ရွိ ေနသည့္အတြက္ ထိေရာက္စြာအ ေရးယူသြားမည္ ျဖစ္ေၾကာင္း 'အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး ႐ုံး'မွ သတင္းရရွိသည္။ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနတြင္ သက္တမ္းတိုးလိုသည့္ယာဥ္မ်ား၌ ျပစ္မႈ မွတ္တမ္းမ်ား ရွိ၊ မရွိႏွင့္ ျပစ္မႈရွိပါက ဒဏ္ေၾကးေပးေဆာင္ ၿပီးစီးေၾကာင္း အေထာက္အထားျဖစ္သည့္ ျပစ္မႈကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ကို ယာဥ္ထိန္းရဲတပ္ဖြဲ႕ မႈခင္းစစ္ဌာနတြင္ ရယူၿပီးမွသာ ေဆာင္ရြက္ႏုိင္မည္ျဖစ္ရာ ယင္းေထာက္ခံခ်က္ကို လာေရာက္ရယူျခင္းမရွိဘဲ တံဆိပ္တံုးအတု ျပဳလုပ္ေဆာင္ရြက္မႈမ်ား ရွိေနေၾကာင္း သိရသည္။ တံဆိပ္ တံုးေတြ အတုျပဳလုပ္တာေတြ ရွိေနတယ္လုိ႔ သိရတယ္၊ ပိုင္ရွင္ေတြ ကိုယ္တိုင္လုပ္တာလား၊ ၾကားက ပဲြစားေတြပဲ လုပ္တာလား စစ္ေဆးေဖာ္ထုတ္ၿပီး ထိေရာက္စြာ အေရး ယူမွာပါ၊ ယာဥ္သက္တမ္းတိုးမယ္၊ အို/ ေဟာင္းယာဥ္အပ္မယ္ဆိုရင္ သက္ဆိုင္ရာ တာ၀န္ရွိသူေတြကို ဆက္သြယ္ေမးျမန္းၿပီးမွ ေဆာင္ရြက္ဖုိ႕ လိုပါတယ္ဟု အမွတ္-၂ ယာဥ္ ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ုံးမွ တာ၀န္ရွိသူ တစ္ဦးက ဆုိသည္။ လက္ရွိတြင္ ယာဥ္ထိန္းရဲ တပ္ဖြဲ႕အေနျဖင့္ အဆိုပါ စာရြက္ စာတမ္းႏွင့္ တံဆိပ္တံုးအတု ျပဳလုပ္ေဆာင္ရြက္ သည့္ ကိစၥရပ္မ်ားအား ရွာေဖြေဖာ္ထုတ္ရန္ ေဆာင္ရြက္လ်က္ရွိၿပီး စစ္ေဆးေတြ႕ရွိပါက ထိေရာက္စြာ အေရးယူသြား မည္ ျဖစ္ေၾကာင္း သိရသည္။


Ref ; Automobile

ယာဥ္မေတာ္တဆမႈမ်ား မ်ားျပားလာသျဖင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ ၀င္ခြင့္ပံုစံ ေျပာင္းလဲစစ္ေဆးမည္


ခရီးသည္တင္ယာဥ္မ်ား ယာဥ္ မေတာ္တဆျဖစ္ပြားမႈ မ်ားျပားလာသျဖင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ ေနာက္လိုက္ ၀င္ခြင့္ပံုစံ ေျပာင္းလဲ စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း 'မထသ(ဗဟို)'မွ သတင္းရရွိသည္။ ခရီးသည္တင္ယာဥ္မ်ား ယာဥ္မေတာ္တဆျဖစ္ပြားမႈ မ်ားသျဖင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ ၀င္ခြင့္ပံုစံမ်ားကို ဧၿပီ ၁ ရက္မွ စတင္ကာ အဆင့္ျမႇင့္၍ ေျပာင္းလဲစစ္ေဆးသြားမည္ ျဖစ္ေၾကာင္း သိရသည္။ အခုဆိုရင္ ယာဥ္ေမာင္းေတြက အရက္ေသစာ ေသာက္စားၿပီး ေမာင္းႏွင္ေနတဲ့အတြက္ ယာဥ္တုိက္မႈေတြ ျဖစ္ပြားေနတာကို ေတြ႕ရတယ္၊ အဲဒီအတြက္သင္တန္းေတြပို႔ခ်ၿပီးသင္ေပးတယ္၊ ယာဥ္တုိက္မႈေလ်ာ့နည္းေအာင္ ယာဥ္လုပ္သားေတြအတြက္ ေဟာေျပာ ပြဲေတြ လုပ္ေပးတယ္၊ ဒါေပမဲ့ ေတြးေခၚေျမာ္ျမင္မႈအပိုင္းမွာ ေတာ္ေတာ္ေလး အားနည္းေနတယ္၊ အဲဒီအတြက္ စဥ္းစားေတြးေခၚမႈအပိုင္းေတြကို ျပင္ဆင္ေပး ဖို႔လိုတယ္ ဟု မထသ (ဗပာို) ဥကၠ႒ ဦးလွေအာင္က ေျပာသည္။ မထသ(ဗဟုိ) လက္ေအာက္ရွိ တာ၀န္ထမ္းေဆာင္ေနေသာ ယာဥ္လုပ္သားမ်ားအတြက္ အေျခခံသင္တန္း ၂၇ ႀကိမ္ ႏွင့္ မြမ္းမံသင္တန္း ၂၆ ႀကိမ္ ျပဳလုပ္ခဲ့ၿပီး သင္တန္းသားဦးေရ ၆,၃၅၈ ဦး တက္ေရာက္ခဲ့ေၾကာင္း သိရသည္။ လာမည့္ ဧၿပီ ၁ ရက္မွ စတင္၍ ယာဥ္လုပ္သားမ်ား အတြက္ ၀င္ခြင့္ ပံုစံကို အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ၿပီး ယာဥ္ေနာက္လုိက္ ၀င္ခြင့္ေမးခြန္း အခု ငါးဆယ္ႏွင့္ ယာဥ္ေမာင္း၀င္ခြင့္ ေမးခြန္း အခုတစ္ရာ ေျဖဆိုရမည္ျဖစ္ သည္။ ေျဖဆိုရမည့္ပံုစံမွာ အမွန္၊ အမွား ေရြးခ်ယ္၍ ေျဖဆိုရမည္ ျဖစ္ၿပီး ၈၅ ရာခုိင္ႏႈန္း ေျဖဆိုႏုိင္မွသာ ၀င္ခြင့္ေအာင္မည္ ျဖစ္ေၾကာင္း သိရသည္။


Ref ; Automobile

၂၀၁၄ ခုႏွစ္ အေကာင္းဆံုးကားဆု ဆန္ခါတင္စာရင္း ထြက္ေပၚ


ျပင္သစ္ႏိုင္ငံမွ ေပးအပ္ခ်ီးျမႇင့္သည့္ ၂၀၁၄ ခုႏွစ္အတြက္ ကမၻာ့ အေကာင္းဆံုးကားဆု ဆန္ခါတင္စာရင္း ထြက္ေပၚလာၿပီျဖစ္ရာ ဂ်ာမန္ ကားအမွတ္တံဆိပ္ႏွစ္ခုႏွင့္ ဂ်ပန္ ကားအမွတ္တံဆိပ္တစ္ခု ပါ၀င္ေနေၾကာင္း ႏိုင္ငံတကာ မီဒီယာမ်ားက မတ္ ၁၀ ရက္တြင္ ေရးသားေဖာ္ျပခဲ့ၾကသည္။ ျပင္သစ္ႏိုင္ငံသည္ ၂၀၀၅ ခုႏွစ္မွ စတင္ကာ ကမၻာ့ အေကာင္းဆံုးကားဆုကို ေပးအပ္လ်က္ရွိၿပီး World Car of the Year ဆု အပါအ၀င္ World Performance Car ၊ World Green Car ၊ World Car Design of the Year ဆုမ်ားကိုလည္း ေပးအပ္ခ်ီးျမႇင့္လ်က္ ရွိသည္။ ယခုႏွစ္ World Car of the Year ဆု ဆန္ခါတင္ စာရင္းတြင္ Audi A3 ၊ BMW 4 Series ၊ Mazda 3 တို႔ ပါ၀င္ေနၿပီး ၂၀၁၄ ဥ ေရာပ အေကာင္းဆံုးကားဆုရရွိခဲ့ေသာ Peugeot 308 ၊ BMW i3 ၊ Infiniti Q50၊ Lexus IS ၊ Skoda Octaria တို႔မွာ ဆန္ခါတင္ သံုးခု ေရြးခ်ယ္ ရာတြင္ က်န္ရစ္ခဲ့သည္။ World Green Car ဆု ဆန္ခါတင္စာရင္းတြင္ ဂ်ာမန္ အမွတ္တံဆိပ္မ်ားျဖစ္သည့္ Audi A3 Sportback g-tron ၊ BMW i3 ၊ Infiniti Q50 တို႔ ပါ၀င္ေနၿပီး World Performance Car ဆန္ခါတင္ စာရင္းတြင္ Chevrolet Corvette Stingray ၊ Ferrari 458 ၊ Porsche 911 GT3 ၊ World Car Design ဆု ဆန္ခါတင္ စာရင္းတြင္ Mercedes Benz C-Class ၊ BMW i3 ၊ Mazda 3 တို႔ ပါ၀င္လ်က္ရွိသည္။ ဆန္ခါတင္စာရင္းကို ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံမွ ဂ်ာနယ္လစ္ ၆၉ ဦးက ေရြးခ်ယ္ခဲ့ျခင္းျဖစ္ၿပီး ဧၿပီ ၁၇ ရက္တြင္ က်င္းပမည့္ နယူး ေယာ့ခ္ကားျပပြဲ၌ ဆုရရွိေသာ မိုဒယ္မ်ားအား ေရြးခ်ယ္မည္ ျဖစ္သည္။


Ref ; Automobile

ျမန္မာျပည္ Brand New ကားေစ်းကြက္ ႏွစ္ရွည္ အရစ္က်စနစ္ျဖင့္ သြားမွသာ အဆင္ေျပႏိုင္ဟုဆို


လက္ရွိ ျမန္မာျပည္၏ Brand New ကားေစ်းကြက္မွာ ႏွစ္ရွည္ အရစ္က်စနစ္ျဖင့္ သြားမွသာ အဆင္ေျပႏုိင္မည္ ျဖစ္ေၾကာင္း ‘ျမန္မာႏိုင္ငံ ေမာ္ေတာ္ယာဥ္တင္သြင္း ျဖန္႔ျဖဴးေရာင္းခ်သူမ်ားအသင္း’မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ ျပည္တြင္းသို႔ ၀င္ေရာက္လာေသာ Brand New ကားအမ်ား စု၏တန္ဖိုးမွာ အနိမ့္ဆံုး ေငြက်ပ္ သိန္း ေျခာက္ရာ၀န္းက်င္တြင္ရွိၿပီး ႏွစ္ရွည္ အရစ္က်စနစ္ျဖင့္ေရာင္းမွသာ အဆင္ေျပႏိုင္မည္ျဖစ္ေၾကာင္း၊ Brand New ကားမ်ားမွ ယာဥ္အပိုပစၥည္း ၀ယ္ယူၿပီးေနာက္ပုိင္း ျပင္ ဆင္မႈႏွင့္ ၀န္ေဆာင္မႈအပုိင္းတို႔မွာ စိတ္ခ်ရသည့္အတြက္ လူအမ်ားစုမွာ စိတ္၀င္စား သေဘာက်လ်က္ရွိေၾကာင္း အထက္ပါပုဂၢိဳလ္က ေျပာသည္။ “ျမန္မာျပည္မွာက အသံုး ျပဳ ၿပီးသား Used ကား မ်ားတယ္၊ ျမန္မာက ဂ်ပန္ရဲ႕ Used ကား၀ယ္ယူမႈ နံပါတ္သံုးေနရာမွာ ရွိတယ္၊ အခုဆုိ Brand New ကားျပခန္း ေတြလည္း ေပါေနၿပီ၊ အေျခ စိုက္ ႐ုံးခန္းေတြလည္း ဖြင့္ေနၿပီ၊ Brand New က ေနာက္ပုိင္းမွာ After-sales Service ေတြ၊ အပိုပစၥည္း ေတြကလြယ္ကူေတာ့ လူႀကိဳက္မ်ားတယ္၊ Used ကားေတြမွာ က တုိယိုတာတစ္ခုပဲ အဆင္ေျပတာ၊ Brand New က ကားတန္ဖိုးျမင့္ တယ္၊ ပံုမွန္၀င္ေငြရွိတဲ့ လူေတြလည္း မလြယ္ကူဘူး၊ အရစ္က်စ နစ္နဲ႔ဆုိရင္ေတာ့ ေတာ္ေတာ္မ်ားမ်ား ကလည္း ဒါကို ေမွ်ာ္လင့္ေနၾကတယ္ဟု အဆုိပါပုဂၢိဳလ္က ၎၏အျမင္ကို ဆက္လက္ေျပာၾကားခဲ့သည္။ ဆက္လက္၍ ျမန္မာျပည္၏ Brand New ကားေစ်းကြက္ကို “ျမန္မာျပည္ရဲ႕ Brand New ကား ေစ်းကြက္က ကြၽန္ေတာ့္ကို စိတ္လႈပ္ရွားေစပါတယ္၊ လက္ရွိအထိလည္း ကြၽန္ေတာ္တုိ႔ရဲ႕ ေရာင္းအားကို အားရေက်နပ္ပါတယ္”ဟု အေမရိကန္အေျခစုိက္ Ford Motor Company မွ ျမန္မာျပည္႐ုံးခြဲ အေရာင္းမန္ေနဂ်ာက ေျပာသည္။ လက္ရွိတြင္ တစ္ႏုိင္ငံလံုး အတုိင္းအတာအေနျဖင့္ ေမာ္ေတာ္ ကား အေရာင္းစင္တာ ၁၄၀ ခန႔္ ဖြင့္လွစ္ထားၿပီး အေရာင္းျပခန္း ငါးခု ပါ၀င္ေၾကာင္း၊ ျမန္မာႏိုင္ငံသုိ႔ ၀င္ေရာက္လာသည့္ Brand New ကားအားလံုးမွာ CIF တန္ဖိုး ျမင့္မားသည့္အျပင္ အေကာက္ခြန္ဦးစီးဌာနမွ ေကာက္ခံသည့္အခြန္ႏွင့္ ကညနသို႔ ေပးေဆာင္ရမည့္အခြန္တို႔မွာ မ်ားသည့္အတြက္ ျပည္တြင္း၏ Brand New ကားတန္ဖိုး မွာ ႏိုင္ငံတကာထက္ ျမင့္မားေနေၾကာင္း သိရသည္။


Ref ; Automobile

LPG တပ္ဆင္မႈ နည္းပညာ အရည္အေသြးျမင့္မားရန္ အေမရိကန္မွ သင္တန္းလာေရာက္ပို႕ခ်မည္


ေမာ္ေတာ္ယာဥ္မ်ား၌ LPG စနစ္ တပ္ဆင္အသံုးျပဳသည့္ နည္းပညာအရည္အေသြး ျမင့္မားရန္ အေမရိကန္မွ ျမန္မာ့ေရနံႏွင့္ သဘာ၀ ဓာတ္ေငြ႕လုပ္ငန္း(MOGe)ႏွင့္ ပူးေပါင္း၍ သင္တန္းလာေရာက္ပို႔ခ်မည္ ျဖစ္ေၾကာင္း ‘Powertek Engineering Group’ မွ သတင္း ရရွိသည္။ အဆိုပါ သင္တန္းကို ျမန္မာ့ေရနံႏွင့္ ဓာတုေဗဒသင္တန္း ေက်ာင္းတြင္ ပို႔ခ်မည္ျဖစ္ၿပီး အေမရိကန္မွ LPG နည္းပညာကြၽမ္းက်င္ ပညာရွင္ ဆရာမင္းေဇာ္မြန္ႏွင့္ ႏုိင္ငံျခားသားပညာရွင္မ်ား လာေရာက္သင္ၾကားမည္ ျဖစ္ေၾကာင္း သိရသည္။ “သင္တန္းကို အေမရိကန္က ကြၽမ္းက်င္ပညာရွင္ေတြ လာသင္ေပးမွာပါ၊ ထပ္ၿပီးေတာ့လည္း သင္တန္းအျပင္ MOGE နဲ႔ပူးေပါင္းၿပီး LPG အသံုးျပဳရာမွာ လိုအပ္တဲ့ Rule & Regulation ေတြ ေရးဆဲြဖို႔ရွိတယ္၊ MOGE ဘက္ကလည္း ျပည္သူလူထု အက်ဳိးျပဳတဲ့ လုပ္ငန္းဆိုတဲ့အတြက္ ကူညီ ေထာက္ပံ့ေပးမယ္လို႔ ေျပာပါ တယ္” ဟု Powertek Engineering Group မန္ေနဂ်င္း ဒါ႐ုိက္တာ ဦးေန၀င္းက ေျပာသည္။ အေမရိကန္တြင္ အသံုးျပဳလ်က္ရွိသည့္ ႏိုင္ငံတကာအဆင့္မီ MOGE ဆက္စပ္ပစၥည္းမ်ားကို Powertek Engineering Group မွ ျပည္တြင္းသို႔ တင္သြင္းလ်က္ရွိၿပီး အဆိုပါကုမၸဏီႏွင့္ MOGE ပူးေပါင္းဖြင့္လွစ္မည့္ LPG အသံုးျပဳမႈ နည္းပညာသင္တန္းသို႔ ကိုယ္ပိုင္ယာဥ္၊ အငွားယာဥ္၊ ခရီးသည္ တင္ယာဥ္၊ ယာဥ္ေမာင္း၊ ယာဥ္အကူမ်ားအျပင္ ဌာနဆုိင္ရာမွ စိတ္၀င္စားသူတိုင္း တက္ေရာက္ႏုိင္ၿပီး အခ်က္အလက္မ်ားကုိ ျမန္မာ့ေရနံ ႏွင့္ ဓာတုေဗဒ သင္တန္းေက်ာင္းတြင္ စံုစမ္းေမးျမန္းႏုိင္ေၾကာင္း သိရသည္။


Ref ; Automobile

နာမည္ေက်ာ္ Jaguar Land Rover ေမာ္ေတာ္ယာဥ္ အေရာင္းျပခန္း လာမည့္ေမလအတြင္း ရန္ကုန္ၿမိဳ႕၌ ဖြင့္လွစ္မည္


အဂၤလန္ႏုိင္ငံထုတ္ နာမည္ေက်ာ္ ေမာ္ေတာ္ယာဥ္ အမွတ္တံဆိပ္ ျဖစ္သည့္ Jaguar Land Rover ေမာ္ေတာ္ယာဥ္ အေရာင္းျပခန္းကို လာမည့္ ေမလအတြင္း ရန္ကုန္ၿမိဳ႕ ၌ ဖြင့္လွစ္သြားမည္ ျဖစ္ေၾကာင္း အဆိုပါ ေမာ္ေတာ္ယာဥ္ အမွတ္တံဆိပ္၏ ျမန္မာျပည္အေရာင္းကိုယ္ စားလွယ္ 'Capital Automotive Co.,Ltd'မွ သတင္းရရွိသည္။ Jaguar ႏွင့္ Land Rover ေမာ္ေတာ္ယာဥ္မ်ားအား ျမန္မာႏုိင္ငံ ေစ်းကြက္အတြင္း တရား၀င္ ေရာင္းခ်ႏုိင္ရန္အတြက္ ျမန္မာႏုိင္ငံမွ Capital Automotive Co.,Ltd အား အေရာင္းကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ထားၿပီး လာမည့္ ေမလမွ စတင္ကာကမၻာ့အဆင့္မီ အေရာင္းဌာနကို ဖြင့္လွစ္သြားမည္ဟု သိရသည္။ အဆုိပါ အေရာင္းျပခန္း တြင္ ေမာ္ေတာ္ယာဥ္မ်ား ေရာင္းခ်ျခင္း၊ ဆားဗစ္စင္တာႏွင့္ လုိအပ္သည့္ အပိုပစၥည္းမ်ား ေရာင္းခ်ျခင္းမ်ားကို တစ္ေနရာတည္း၌ ေဆာင္ရြက္ႏုိင္မည္ ျဖစ္ေၾကာင္း သိရ သည္။ ျမန္မာႏိုင္ငံအတြင္းမွာ Jaguar နဲ႔ Land Rover ကားေတြ ေရာင္းခ်ေပးဖို႔အတြက္ အေရာင္း ကုိယ္စားလွယ္အျဖစ္ ခန္႔အပ္ခံ ရလို႔ အလြန္၀မ္းသာရပါတယ္၊ ျမန္မာ ႏုိင္ငံမွာ တျခားႏုိင္ငံေတြနည္းတူ Brand New ကားအသစ္ေတြကို ၀ယ္ယူသံုးစြဲႏုိင္မွာ ျဖစ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ေဖာက္သည္ေတြအတြက္ အဆင့္အတန္းျမင့္တဲ့ ၀န္ေဆာင္မႈေတြေပးဖို႔ ေဆာင္ရြက္သြားမွာပါဟု Capital Automotive Co.,Ltd မွ အုပ္ခ်ဳပ္မႈဒါ႐ုိက္တာ ဦးခင္ထြန္းက ဆုိသည္။ Land Rover ယာဥ္မ်ားမွာ ျမန္မာ ႏိုင္ငံအတြင္းသို႔ ၁၉၅၅ ခုႏွစ္ကတည္းက စတင္၀င္ေရာက္ ခဲ့ေသာ္လည္း Brand New ကားအသစ္အေနျဖင့္ အေရာင္းျပခန္း ဖြင့္လွစ္ေရာင္းခ်ျခင္းမွာ ပထမဆံုးျဖစ္ ေၾကာင္း သိရသည္။ Capital Automotive Co.,Ltd အေနျဖင့္ Land Rover ေမာ္ေတာ္ယာဥ္မ်ားအား တရား၀င္ တင္သြင္းေရာင္းခ်ခြင့္ကို ၂၀၁၃ ခုႏွစ္၊ ေမလကုန္တြင္ ရရွိခဲ့ၿပီး Jaguar ယာဥ္မ်ား တရား၀င္ တင္သြင္းခြင့္ကို ၂၀၁၃ ခုႏွစ္၊ ေအာက္တုိဘာလတြင္ ရရွိခဲ့ေၾကာင္း၊ လာမည့္ ေမလအတြင္း ဖြင့္လွစ္ေရာင္းခ်မည့္ ေမာ္ေတာ္ယာဥ္ အရာင္းျပခန္း၌ ေနာက္ဆံုးေပၚ Jaguar ႏွင့္ Land Rover ယာဥ္မ်ား ၀ယ္ယူရရွိႏုိင္ရန္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။


Ref ; Automobile

ယခု ဘ႑ာႏွစ္အတြင္း မဂၤလာဒံုၿမဳိ႕နယ္၌ လူကူးခံုးေက်ာ္တံတားသစ္ တစ္စင္း တည္ေဆာက္


ယခု ဘ႑ာႏွစ္အတြင္း မဂၤလာဒံုၿမဳ႕ိနယ္၊ ခေရပင္လမ္းခဲြ၌ လူကူးခံုးေက်ာ္တံတား တစ္စင္း တည္ေဆာက္ေနၿပီ ျဖစ္ေၾကာင္း 'ရန္ကုန္ၿမဳိ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ'မွ သတင္းရရွိသည္။ ခရီးသည္တင္ ဘတ္စ္ကားမ်ားမွာ မဂၤလာဒံုၿမိဳ႕နယ္၊ ခေရပင္လမ္းခြဲမွတ္တိုင္ တပ္မေတာ္စက္႐ုံေရွ႕တြင္ ခရီးသည္ တင္ေဆာင္ျခင္းမရွိဘဲ လမ္းဆံုမီးပြိဳင့္တြင္ ရပ္နား၍ ခရီးသည္တင္ေဆာင္ေနျခင္းမ်ားေၾကာင့္ ေကြ႕ေၾကာယာဥ္မ်ား အလြယ္တကူျဖတ္သန္း သြားလာရန္ အဆင္မေျပျခင္း၊ လမ္းဆံုတြင္ အထက္ တန္းေက်ာင္း ရွိေနျခင္းႏွင့္ ယာဥ္သြားလာမႈမ်ား ႐ႈပ္ေထြးျခင္းတို႔ေၾကာင့္ လူကူးခံုးေက်ာ္တံတားသစ္တစ္စင္း တည္ေဆာက္ရျခင္းျဖစ္ေၾကာင္း သိရသည္။ လူကူးခံုးေက်ာ္ တံတားကို ယခုလ ပထမပတ္တြင္ စတင္ ေဆာက္လုပ္ျခင္း ျဖစ္ၿပီး လက္ရွိတြင္ ေျမသားစမ္းသပ္ခ်က္မ်ားႏွင့္ ပိုင္႐ုိက္ျခင္းမ်ား ေဆာင္ရြက္ေနေၾကာင္း၊ အဆိုပါ ခံုးေက်ာ္ တံတား ကို ၿမိဳ႕ေတာ္စည္ပင္ႏွင့္ V-Pile ကုမၸဏီတို႔ ပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရဘတ္ဂ်က္ျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ ယခုဘ႑ာႏွစ္အတြင္းတြင္ လူကူးခံုးေက်ာ္တံတားမ်ား တည္ေဆာက္ရန္ အစီအစဥ္မရွိေသာ္လည္း တုိင္းေဒသ ႀကီးအစိုးရ အစီအစဥ္ျဖင့္ တည္ေဆာက္ျခင္းျဖစ္ေၾကာင္း၊ လာမည့္ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္တြင္ ၿမိဳ႕ေတာ္စည္ပင္မွ စက္ေလွကားႏွင့္ ေလေအးေပးစက္ ပါ၀င္ေသာ အဆင့္ျမင့္ လူကူးခံုးေက်ာ္တံတား သံုးစင္းကို တည္ေဆာက္ေပးသြားမည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္း၊တံတား )မွ သတင္းရရွိသည္။


Ref ; Automobile

ညအခ်ိန္ အင္းယားကန္ေပါင္ေရွ႕ ျပည္လမ္းမေပၚ ယာဥ္မ်ားရပ္နားမႈ ကရိန္းျဖင့္ ဖမ္းဆီးအေရးယူေဆာင္ရြက္မည္


ညေနပိုင္းအခ်ိန္မ်ား၌ ရန္ကုန္ၿမိဳ႕ အင္းယားကန္ေပါင္ေရွ႕ ျပည္လမ္းမေပၚတြင္ ေမာ္ေတာ္ယာဥ္မ်ား ရပ္နားေနမႈကို ကရိန္းျဖင့္ ဖမ္းဆီးအေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း 'အမွတ္-၂ ယာဥ္ထိန္းရဲ တပ္ဖြဲ႕ခြဲမွဴး႐ုံး'၏ တရား၀င္ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။ အင္းယားကန္ေပါင္ေရွ႕၌ ညေနပိုင္းႏွင့္ ညပိုင္းအခ်ိန္တုိ႔တြင္ လာေရာက္ အပန္းေျဖၾကသူမ်ား၏ ယာဥ္မ်ား ျပည္လမ္းမႀကီးေပၚ၌ တန္းစီရပ္နားထားမႈေၾကာင့္ ယာဥ္ေၾကာပိတ္ဆုိ႔မႈမ်ား ျဖစ္ေပၚေနရာ အဆိုပါကိစၥအား ေျဖရွင္းေပးရန္ ျပည္သူ႔၀န္ေဆာင္မႈအဖြဲ႕သို႔ ဆက္သြယ္တုိင္ၾကားမႈမ်ား ရွိေနေၾကာင္း သိရသည္။ ကန္ေပါင္ေရွ႕ ျပည္လမ္းမဆိုတာ ယာဥ္မရပ္ရ သတ္မွတ္ထား တဲ့ေနရာထဲမွာပါတယ္၊ ညႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားတာကို စည္းကမ္းလိုက္နာမႈက အားနည္းေနတယ္၊ အဲဒီေတာ့ ညေနပိုင္းအခ်ိန္မွာပါ ကြၽန္ေတာ္တုိ႔ ကရိန္းကားကို အဲဒီနားမွာထားၿပီး ေစာင့္ၾကည့္ ဖမ္းဆီးတာေတြ ေဆာင္ရြက္သြားမွာပါဟု အမွတ္-၂ ယာဥ္ထိန္းရဲ တပ္ဖဲြ႕ခြဲမွဴး႐ုံးမွ ဒုရဲမွဴးႀကီး လင္းထြဋ္က ဆုိသည္။ အဆုိပါ ဖမ္းဆီးစစ္ေဆးမႈမ်ားကို မၾကာခင္ကာလအတြင္း ေဆာင္ရြက္သြားရန္ စီစဥ္လ်က္ရွိၿပီး ဖမ္းဆီး စစ္ေဆးမႈမ်ား ေဆာင္ရြက္ရာတြင္ ယာဥ္ထိန္းရဲအဖြဲ႕၊ စည္ပင္သာယာရဲတပ္ဖြဲ႕ႏွင့္ နယ္ေျမရဲမ်ား၊ သက္ဆုိင္ရာ တာ၀န္ရွိသူမ်ား ပါ၀င္သည့္အဖြဲ႕မ်ား ဖြဲ႕စည္းကာ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။


Ref ; Automobile

အထပ္ျမင့္တိုက္မ်ား အလယ္တြင္ တည္ရွိျခင္းႏွင့္ အေကြ႔အေကာက္မ်ားျခင္းေၾကာင့္ ေရႊဂံုတိုင္ခံုးေက်ာ္တံတားတြင္ CCTV ကင္မရာမ်ား တိုးခ်ဲ႕ တပ္ဆင္မည္


ယခုလ ၅ ရက္တြင္ ဖြင့္ပြဲျပဳလုပ္၍ ဖြင့္လွစ္ခဲ့ေသာ ေရႊဂံုတိုင္ ခံုးေက်ာ္ တံတားသည္ အထပ္ျမင့္တိုက္မ်ား အလယ္တြင္တည္ရွိေနျခင္းႏွင့္ အေကြ႔အေကာက္မ်ားျခင္းေၾကာင့္ လံုၿခံဳေရး အဆင့္ျမင့္ CCTV ကင္မရာမ်ား တိုးခ်ဲ႕ တပ္ဆင္မည္ျဖစ္ ေၾကာင္း 'ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ'မွ သတင္း ရရွိသည္။ ေရႊဂံုတိုင္ခံုးေက်ာ္တံတား ကို ျမန္မာအင္ဂ်င္နီယာမ်ားႏွင့္ ဂ်ပန္ ႏိုင္ငံ ဲၤJFE Engineering Corporation တို႔ ပူးေပါင္းေရးဆြဲခဲ့ေသာ ဒီဇိုင္းျဖင့္ ၂၀၁၂ ခုႏွစ္၊ ဒီဇင္ဘာလတြင္ စတင္ေဆာက္လုပ္ခဲ့ သည္။ တံတားေဆာက္လုပ္ရာ၌ ေျမေနရာရရွိမႈ နည္းပါးေသာေၾကာင့္ အထပ္ျမင့္တိုက္မ်ား၏ အလယ္တြင္ နီးကပ္စြာ တည္ရွိေနၿပီး ယင္းအတြက္ အသံထိန္း ကိရိယာမ်ား၊ အသံလံု ကိရိယာမ်ား တပ္ဆင္ခဲ့သည့္အျပင္ ယခု CCTV ကင္မရာမ်ား တိုးခ်ဲ႕ တပ္ဆင္မည္ဟု သိရသည္။ တံတားက ျမင့္ေတာ့ ကားေတြ ျဖတ္တဲ့ေနရာမွာ အထပ္ျမင့္ တိုက္ေတြကို အႏၲရာယ္ မရွိေအာင္ အသံလံု ကိရိယာ တပ္ခဲ့တယ္၊ အခုတစ္ခါ CCTV ကင္မရာေတြ ထပ္တပ္မယ္၊ ပထမေတာ့ အထပ္ျမင့္ တိုက္တစ္လံုးအေပၚမွာ CCTV တစ္လံုးတပ္ထားတယ္၊ ဘတ္ဂ်က္ အလိုက္ CCTV ေတြ ထပ္တပ္မွာပါဟု 'ၿမိဳ႕ေတာ္စည္ပင္၊ အင္ဂ်င္ နီယာဌာန(လမ္း၊ တံတား)'မွ ဒုတိယဌာနမွဴး ဦးမ်ဳိးလြင္က ေျပာသည္။ ေရႊဂံုတိုင္ခံုးေက်ာ္တံတားမွာ သံမဏိ၊သံေပါင္၊သံကူကြန္ကရစ္ အမ်ဳိးအစားျဖစ္ၿပီး ယာဥ္သြား လမ္းေလးလမ္းပါရွိကာ ပင္မတံတားအရွည္မွာ ၄၂၁ မီတာရွည္လ်ားေၾကာင္း၊ တံတားတည္ေဆာက္မႈတြင္ ေငြက်ပ္ ၁၇ ဒသမ ၄၄ ဘီလ်ံ သံုးစြဲခဲ့ေၾကာင္း သိရသည္။


Ref: Automobile

Grade အနိမ့္ HIACE Van ကဲ့သို႔ ေခ်ာပို႔ ေနာက္ခန္းအလံုပိတ္ ကားမ်ားကို လုပ္ငန္းသံုးယာဥ္အတိုင္း အခြန္ေကာက္ခံမည္


Grade အနိမ့္ HIACE ကဲ့သို႔ေသာ ေခ်ာပို႔ေနာက္ခန္း အလံုပိတ္ ကားမ်ားကို လုပ္ငန္းသံုးယာဥ္အ တိုင္း ၁၃ ရာခိုုင္ႏႈန္းျဖင့္ အခြန္ ေကာက္ခံရန္ စီစဥ္ထားေၾကာင္း ‘စီးပြား ေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန’မွ သိရသည္။ ထိုကားမ်ားသည္ အျခားႏိုင္ငံမ်ား၌ DHL ေခ်ာပို႔ကားမ်ားအျဖစ္ အသံုးျပဳေနၿပီး ျမန္မာႏိုင္ငံသို႔ တင္သြင္းပါက လုပ္ငန္းသံုးယာဥ္မ်ား ေကာက္ခံသည့္ အခြန္ႏႈန္းအတုိင္းသာ ေကာက္ခံမည္ ျဖစ္သည္။ “Grade အနိမ့္ HIACE Van နဲ႔ Super Custom Commuter ကားလိုမ်ဳိး ေနာက္ခန္း အလံုပိတ္ ကားေတြကို လုပ္ငန္းသံုး ယာဥ္အတိုင္း အခြန္ေကာက္ခံဖို႔ စီစဥ္ထားပါတယ္၊ ဒီကားေတြက အေနာက္ခန္းမွာ မွန္မပါဘဲ အလုံပိတ္ျဖစ္သလို ဇိမ္ခံ ကားမဟုတ္တဲ့ အတြက္ လုပ္ငန္းသံုးယာဥ္အျဖစ္ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္”ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာၾကား ခဲ့သည္။ ေခ်ာပို႔ အေနာက္ခန္း အလံုပိတ္ကားမ်ားသည္ ျမန္မာႏိုင္ငံ၌ အသံုးျပဳမႈ နည္းပါးၿပီး HIACE Van ကားမ်ားသည္ ၂၀၀၄ မိုဒယ္ အထက္မွ စတင္ထုတ္လုပ္ခဲ့ၿပီး အခြန္ သက္သာလာေသာေၾကာင့္ ေစ်းကြက္၀ယ္လိုအား ျမင့္တက္လာဖြယ္ရွိေနသည္။ ထိုကားမ်ားသည္ ကုန္စည္ အေပါ့စားမ်ား သယ္ယူျခင္းအတြက္ အသံုး၀င္ေသာ ေၾကာင့္ ကုမၸဏီမ်ား ၀ယ္ယူအသံုးျပဳလာဖြယ္ရွိေၾကာင္း ကားအေရာင္းစင္တာ တစ္ခုမွ ဒါ႐ိုက္တာ တစ္ဦးက ေျပာျပခဲ့သည္။


Ref: Automobile

ေမာ္ေတာ္ယာဥ္ အေရာင္းစင္တာႏွင့္ ျပခန္းမ်ားဖြင့္လွစ္ရန္အတြက္ တိုင္းေဒသႀကီးအစုိးရ ေထာက္ခံခ်က္ႏွင့္ စည္ပင္ခြင့္ျပဳခ်က္ လုိအပ္


ေမာ္ေတာ္ယာဥ္ အေရာင္းစင္တာႏွင့္ အေရာင္းျပခန္းသစ္မ်ား ဖြင့္လွစ္ရန္အတြက္ တိုင္းေဒသႀကီး ေထာက္ခံခ်က္ႏွင့္ စည္ပင္ခြင့္ျပဳခ်က္ပါရွိမွသာ ခြင့္ျပဳေပးေတာ့မည္ ျဖစ္ေၾကာင္း ‘စီးပြားေရးႏွင့္ကူးသန္း ေရာင္း၀ယ္ေရး၀န္ႀကီးဌာန’မွ သိရွိရသည္။ ယခင္က ေမာ္ေတာ္ယာဥ္ အေရာင္းစင္တာႏွင့္ အေရာင္းျပခန္းမ်ား ဖြင့္လွစ္ၿပီးမွ တိုင္းေဒသႀကီး ေထာက္ခံခ်က္ႏွင့္ စည္ပင္သာယာေရး ေကာ္မတီ၏ လုပ္ငန္းလိုင္စင္ကို တင္ျပႏိုင္ေသာ္လည္း ယခုအခါ ေထာက္ခံခ်က္ ျပည့္စံုမွသာ ခြင့္ျပဳေပးမည္ျဖစ္ သည္။ “ကားအေရာင္းစင္တာေတြ စတင္ခြင့္ျပဳတဲ့အခ်ိန္က ႏိုင္ငံေတာ္အေနနဲ႔ တင္သြင္းလာတဲ့ ကားေတြကို အခ်ိန္တိုအတြင္းမွာ ေရာင္းခ်ေပးေစလိုတဲ့အတြက္ တိုင္းေဒသ ႀကီးေထာက္ခံခ်က္နဲ႔ စည္ပင္လုပ္ငန္းလုိင္စင္ကို အရင္တင္ျပစရာ မလိုဘဲ ခြင့္ျပဳေပးခဲ့ပါတယ္၊ အခုအခ်ိန္မွာေတာ့ အေရာင္းစင္တာဖြင့္လွစ္မႈက လုပ္ငန္းရွင္တိုင္းနားလည္ သေဘာေပါက္လာၾကတဲ့အတြက္ ေထာက္ခံခ်က္ အျပည့္အစံုနဲ႔ စည္ပင္လိုင္စင္ ပါရွိမွသာ ခြင့္ျပဳေပးမွာ ျဖစ္ပါတယ္”ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန မွ တာ၀န္ရွိသူ တစ္ဦးက ေျပာၾကားခဲ့သည္။ ထို႔ျပင္ ကားအေရာင္းစင္တာမ်ားႏွင့္ ကားအေရာင္းျပခန္းမ်ား အေနျဖင့္ သက္တမ္းတိုးေဆာင္ရြက္ လိုပါက သက္ဆိုင္ရာ တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ခြင့္ျပဳခ်က္ႏွင့္ စည္ပင္သာယာေရး ေကာ္မတီ၏ လုပ္ငန္းလိုင္စင္ ျပည့္စံုျခင္းမရွိပါက သက္တမ္းတိုးကာလ တစ္ႏွစ္အစား ေျခာက္လသာ ျပင္ဆင္ခြင့္ျပဳ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။


Ref: Automobile

ကားအစီးေရ ခုနစ္ပံု တစ္ပံုမွာ အငွားယာဥ္မ်ားျဖစ္


ရန္ကုန္တုိင္းေဒသႀကီးအတြင္း ေမာ္ေတာ္ယာဥ္အစီးေရ သံုးသိန္း ခြဲေက်ာ္ရွိရာ ခုနစ္ပံုတစ္ပံုမွာ အငွားမ်ားျဖစ္ေၾကာင္း ‘ကုန္းလမ္း ပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန' မွ သိရွိရသည္။ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ ရန္ကုန္တိုင္းေဒသႀကီးအတြင္း စက္ယႏၲရားမ်ား၊ ဘတ္စ္မ်ား၊ ေမာ္ေတာ္ ဆိုင္ကယ္မ်ားအပါအ၀င္ ယာဥ္ အစီးေရ ငါးသိန္းေက်ာ္ကုိ မွတ္ပံု တင္ျပဳလုပ္ေပးရာတြင္ လူစီးယာဥ္မွာ ၃၆၀,၀၀၀ ေက်ာ္အထိ ပါ၀င္ေနသည္။ ထုိလူစီးယာဥ္မ်ားထဲတြင္ အငွားယာဥ္အေရအတြက္မွာ ၄၇ç၀၀၀ ေက်ာ္အထိ ပါ၀င္ၿပီး AA ၊ BB ၊ CC ၊ DD အကၡရာျဖင့္ အစီးေရ ၂၇,၀၀၀ ေက်ာ္ရွိသည္။ ရန္ကုန္တိုင္း ေဒသႀကီးအတြင္း YGN (ရန္ကုန္လိပ္စာ) အငွားယာဥ္ အစီးေရ ၄၇,၀၀၀ ေက်ာ္ရွိသည္ျဖစ္ၿပီး နယ္လိပ္စာအငွားယာဥ္မ်ား ပါ၀င္ပါက အစီးေရ ေျခာက္ေသာင္းေက်ာ္အထိ ရွိလာမည္ျဖစ္သည္။ ရန္ကုန္ၿမဳိ႕အတြင္း အငွားယာဥ္ မ်ား တိုးပြားလာသည္ႏွင့္ ပတ္သက္၍ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရးဌာနမွ တာ၀န္ရွိသူတစ္ဦးက “ၿမဳိ႕တစ္ၿမဳိ႕ရဲ႕ အက်ယ္အ၀န္း၊ လူဦးေရ၊ စက္သံုးဆီအေျခအေန၊ ေမာ္ေတာ္ယာဥ္အစီးေရေတြအေပၚ မူ တည္ၿပီး ရွိသင့္တဲ့အငွားယာဥ္အစီးေရကို ထိန္းခ်ဳပ္သင့္ပါတယ္၊ အငွားယာဥ္အစီးေရ တိုးခ်ဲ႕မယ္ဆိုရင္လည္း ၿမဳိ႕အေနအထား က်ယ္၀န္းလာမွ အဆင္ေျပမွာျဖစ္ပါတယ္”ဟု ေျပာၾကားခဲ့သည္။ ၂၀၁၄ ခုႏွစ္အတြင္း ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႕က တိုင္းေဒသႀကီးပါမစ္ျဖင့္ အငွားယာဥ္ပါမစ္မ်ား ထုတ္ေပးျခင္းကို ေခတၱရပ္ဆိုင္းထားၿပီး ၿမဳိ႕အေနအထားႏွင့္ အျခားအေျခအေန အရပ္ရပ္မ်ားကို တြက္ခ်က္ၿပီးမွသာပါမစ္မ်ား ျပန္လည္ထုတ္ေပးဖြယ္ရွိေၾကာင္း စီးပြားေရး ႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန တာ၀န္ရွိသူတစ္ဦးထံမွ သိရသည္။


Ref: Automobile




Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။
သတင်းထူးများမှာတော့ :

news_this_week-500x185



  • ၂ဝ၁၄ ခုနှစ်အတွင်း ကားမှာယူမှုများ သိသိသာသာလျော့ကျသွား



  • မိုဒယ်မြင့် ကားများ တင်သွင်းလာသော်လည်း အာမခံထားရှိမှု နည်းပါးနေ



  • ရန်ကုန်မြို့တွင်း ပြေးဆွဲခွင့်မရှိသော နယ်လိုင်စင်တက္ကစီကားများ သိန်းနှစ်ဆယ်ခန့် စျေးကျ



  • ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေ ၆၆,ဝဝဝ ကျော် အပ်နှံပြီးဖြစ်



  • ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုခင်းစစ်ဌာနတွင် အသုံးပြုသည့်တံဆိပ်တုံးများ အတုပြုလုပ်သုံးစွဲမှုများ ရှိနေသည့်အတွက် ထိရောက်စွာအရေးယူမည်



  • ယာဉ်မတော်တဆမှုများ များပြားလာသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဝင်ခွင့်ပုံစံ ပြောင်းလဲစစ်ဆေးမည်



  • ၂ဝ၁၄ ခုနှစ် အကောင်းဆုံးကားဆု ဆန်ခါတင်စာရင်း ထွက်ပေါ်



  • မြန်မာပြည် Brand New ကားစျေးကွက် နှစ်ရှည် အရစ်ကျစနစ်ဖြင့် သွားမှသာ အဆင်ပြေနိုင်ဟုဆို



  • LPG တပ်ဆင်မှု နည်းပညာ အရည်အသွေးမြင့်မားရန် အမေရိကန်မှ သင်တန်းလာရောက်ပို့ချမည်



  • နာမည်ကျော် Jaguar Land Rover မော်တော်ယာဉ် အရောင်းပြခန်း လာမည့်မေလအတွင်း ရန်ကုန်မြို့၌ ဖွင့်လှစ်မည်



  • ယခု ဘဏ္ဍာနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်၌ လူကူးခုံးကျော်တံတားသစ် တစ်စင်း တည်ဆောက်



  • ညအချိန် အင်းယားကန်ပေါင်ရှေ့ ပြည်လမ်းမပေါ် ယာဉ်များရပ်နားမှု ကရိန်းဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်မည်



  • အထပ်မြင့်တိုက်များ အလယ်တွင် တည်ရှိခြင်းနှင့် အကွေ့အကောက်များခြင်းကြောင့် ရွှေဂုံတိုင်ခုံးကျော်တံတားတွင် CCTV ကင်မရာများ တိုးချဲ့တပ်ဆင်မည်



  • Grade အနိမ့် HIACE Van ကဲ့သို့ ချောပို့ နောက်ခန်းအလုံပိတ် ကားများကို လုပ်ငန်းသုံးယာဉ်အတိုင်း အခွန်ကောက်ခံမည်



  • မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းများဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီးအစိုးရ ထောက်ခံချက်နှင့် စည်ပင်ခွင့်ပြုချက် လိုအပ်



  • ကားအစီးရေ ခုနစ်ပုံ တစ်ပုံမှာ အငှားယာဉ်များဖြစ်



 

၂ဝ၁၄ ခုနှစ်အတွင်း ကားမှာယူမှုများ သိသိသာသာလျော့ကျသွား


၂ဝ၁၄ ခုနှစ်အတွင်း ကားမှာယူမှုများ သိသိသာသာ လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်သော စာရင်းများအရ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လူစီးမော်တော်ယာဉ်များကို ယာဉ်အမျိုးအစားအလိုက် ပါမစ်ထုတ် ပေးခဲ့ရာတွင် ၂ဝ၁၃ ခုနှစ်၊ ဧပြီလမှ ၂ဝ၁၄ ခုနှစ်၊ဖေဖော်ဝါရီလအထိ ပါမစ်ထုတ်ပေးပြီး အစီးရေ ၁၈,၅၁၄ စီးဖြစ်ကြောင်းသိရသည်။ ထိုသို့ မော်တော်ယာဉ်ပါမစ်များ ထုတ်ပေးခဲ့ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဌာန၏ စာရင်းများအရ ၂ဝ၁၃ ခုနှစ်၊ ဧပြီလတွင် ၁,၈၃၉ စီး၊ မေလတွင် ၁,၈၁၂ စီး၊ ဇွန်လတွင် ၁,၂၁၂ စီး၊ ဇွန်လိုင်လတွင် ၁,၈ဝ၆ စီး၊ သြဂုတ်လတွင် ၁ç၆၇၉ စီး၊ စက်တင်ဘာလတွင် ၁,၆၅ဝ စီး၊ အောက်တို ဘာလတွင် ၁ç၈၉ဝ စီး၊ နိုဝင်ဘာလတွင် ၁ç၇၇၃ စီး၊ ဒီဇင်ဘာ လတွင် ၃,၃၆၅ စီး၊ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၆၄၄ စီး၊ ဖေဖော်ဝါရီလတွင် ၈၄၄ စီးကို မော်တော်ယာဉ်ပါမစ်များ အသီးသီး ထုတ်ပေးခဲ့ကြောင်း သိရသည်။ မော်တော်ယာဉ်ပါမစ်များ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ တာဝန်ရှိသူ တစ်ဦးက “ပါမစ်ထုတ်ပေးတဲ့နေရာမှာ တစ်ဦးချင်းတင်သွင်းတဲ့ ကားတွေ ပါဝင်ပါတယ်၊ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါ ရီလတွေကတော့ ပါမစ်လာလျှောက်တဲ့ မော်တော်ယာဉ်အစီးရေ က အရင်လတွေထက် တော်တော်လေးနည်းသွားတယ်၊ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလကတောင် အစီးရေ ၃ç၃ဝဝ ကျော်ရှိပါသေးတယ်၊ လက်ရှိ ပါမစ်လာလျှောက်တဲ့ ကားတွေထဲမှာတော့ Honda ၊ Toyota ၊ Nissan ကားတွေက အများဆုံး ဖြစ်ပါတယ်”ဟု ပြောကြား ခဲ့သည်။ သွင်းကုန်လုပ်ငန်းဌာနခွဲ၊ မော်တော်ယာဉ်ပါမစ် ထုတ်ပေးရေးဌာနဂိတ်အနေဖြင့် ပြည်ပမှတင်သွင်းလာသော ယာဉ်များအား လူတစ်ဦးချင်းစီအလိုက် မော်တော် ယာဉ်ပါမစ်များ ထုတ်ပေးခဲ့ရာတွင် Saloon ၊ Van ၊ Wagon ၊ Light Truck ၊ Box Truck နှင့် Truck ကားများ ပါဝင်ကြောင်း သိရသည်။


Ref : Automobile

မိုဒယ်မြင့် ကားများ တင်သွင်းလာသော်လည်း အာမခံထားရှိမှု နည်းပါးနေ


ပြည်ပမှ မိုဒယ်မြင့်ကားများကို တင်သွင်းလာသော်လည်း အာမခံထားရှိမှု နည်းပါးနေသေးကြောင်း ‘မြန်မာ့အာမခံလုပ်ငန်း’မှ သိရှိရသည်။ မြန်မာ့အာမခံလုပ်ငန်းမှ ပြီးခဲ့ သည့် ၂ဝ၁၃ ခုနှစ်မှစ၍ ပုဂ္ဂလိက ကုမ္ပဏီ ၁၁ ခုကို လုပ်ပိုင်ခွင့်များ ချပေးခဲ့သည်။ အာမခံကုမ္ပဏီများ များပြားလာသော်လည်း မော်တော်ယာဉ်အာမခံ ထားရှိမှုမှာ အခြား အာမခံထားရှိမှုထက် နည်းနေသေးကြောင်း သိရသည်။ မော်တော်ယာဉ်တစ်စီး အာမခံထားရှိမည်ဆိုပါက ဝှီးတက်၊ ယာဉ်မောင်းလိုင်စင်၊ အုံနာဘုတ်များ လိုအပ်ပြီး တစ်နှစ်စာအတွက် နံပါတ်အနီ သိန်းတစ်ရာတန် ကားတစ်စီးလျှင် ၁၇၅,ဝဝဝ ကျပ် နှင့် နံပါတ်အနက် သိန်းတစ်ရာတန် ကားတစ်စီးလျှင် တစ်သိန်း ဝန်းကျင် ကျသင့်မည် ဖြစ်သည်။ထိုသို့ မော်တော်ယာဉ်များကို အာမခံထားရှိခြင်းဖြင့် ခိုးယူခြင်းခံရသည်ဖြစ်စေ၊ သဘာဝဘေးအနၲရာယ်ကြောင့် ပျက်စီးခဲ့သည်ဖြစ်စေ၊ မတော်တဆမှု တစ်စုံ တစ်ရာကြောင့် ပျက်စီးခဲ့သည်ဖြစ်စေ ဆုံးရှုံးခဲ့သည့် တန်ဖိုးအတိုင်း အာမခံကုမ္ပဏီများမှ ပြန်လည်ပေးလျော် မည်ဖြစ်ကြောင်း သိရသည်။ “သိန်းတစ်ရာတန် ကားတစ်စီး ကို အာမခံထားရှိမယ်ဆိုရင် တစ်နှစ်စာအတွက် ကာလပေါက် စျေးရဲ့ ဒသမ ၉၂ ရာခိုင်နှုန်း ယူပါတယ်၊ နံပါတ်အနီဆိုရင်တော့ ဒသမ ၁ဝ ရာခိုင်နှုန်းနဲ့ တွက်ယူပါတယ်၊ တစ်နှစ်ပြည့်သွားလို့ အာမခံဆက်ထားမယ်ဆိုရင် ဒုတိယနှစ်မှာ ၂၅ ရာခိုင်နှုန်း၊ တတိယနှစ်မှာ ၃ဝ ရာခိုင်နှုန်း၊ စတုတ္ထနှစ်မှာ ၄ဝ ရာခိုင်နှုန်း၊ ပဥ္စမနှစ်မှာ ၆ဝရာခိုင်နှုန်း လျှော့ပေးပါတယ်၊ သွင်းတဲ့ပရီမီယံကြေး အပေါ်မှာ မူတည်ပြီး ပျက်စီးသွားတဲ့ ပမာဏအတိုင်း လျော်ပေးမှာ ဖြစ်ပါတယ်၊ ပရီမီယံကြေးများရင် ကားတစ်စီလုံး ကြေမွပျက်စီး သွားခဲ့ရင်တောင်မှ ကား အလုံးလိုက် ပြန်ချိန်းပေးတဲ့အထိ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်၊ အပျက်အစီး နည်းခဲ့ရင်လည်း စိတ်ကြိုက် ဝပ်ရှော့မှာပဲပြင်ပြင်၊ ကုမ္ပဏီနဲ့ ချိတ် ဆက်ထားတဲ့ ဝပ်ရှော့မှာပဲပြင်ပြင် အာမခံထားရှိတဲ့ ယာဉ်ပိုင်ရှင် ကျေနပ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။


Ref : Automobile

ရန်ကုန်မြို့တွင်း ပြေးဆွဲခွင့်မရှိသော နယ်လိုင်စင်တက္ကစီကားများ သိန်းနှစ်ဆယ်ခန့် စျေးကျ


ရန်ကုန်မြို့တွင်း ပြေးဆွဲမောင်းနှင်ခွင့် မရှိသော နယ်တက္ကစီကားများမှာ စျေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ ရောင်းများထံမှ သိရှိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒီဇင်ဘာ ၂၇ ရက်မှစ၍ ရန်ကုန်မြို့တွင်းတွင် နယ်တက္ကစီကားများကို ပြေးဆွဲခွင့်မပြုသောကြောင့် ထိုကားများ၏ စျေး ကွက်မှာ ပျက်စီးသွားခဲ့သည်။ နယ်လိုင်စင်ကားများနှင့်ပတ် သက်၍ ကားဝယ်/ရောင်းတစ်ဦးက “ရန်ကုန် ကားစျေးကွက်မှာ နယ်လိုင်စင် တက္ကစီတွေက အဝယ်မရှိ သလောက် နည်းသွားပါတယ်၊ နယ်တက္ကစီကားတွေထဲမှာ ဧရာဝတီ၊ ပဲခူးအပါအဝင် နယ်ကားတွေ စျေးက သိသိသာသာ ထိုးကျသွားခဲ့ပါတယ်၊ မနၲလေးလိုင်စင်နဲ့ ကားတွေကတော့ အဝယ်နည်းနည်းပါးပါး ရှိပါတယ်၊ နယ်ကားတွေစျေးက ကျဆင်းသွားခဲ့ပေမဲ့ ရန်ကုန်တက္ကစီ ကားစျေးတွေက အများကြီးမြင့်တက်သွားတာ မရှိပါဘူး”ဟု ဆိုခဲ့သည်။ ယခုရက်ပိုင်းအတွင်း နယ် တက္ကစီကားများမှာ ဝယ်လက်နည်းပါးနေသောကြောင့် စျေးများ ချရောင်းနေကြပြီး Suzuki Alto ၊ Suzuki Solio နှင့် Nissan March ကားများမှာ ၅၅ သိန်း ဝန်းကျင်သာ ပေါက်စျေးရှိတော့သည်။ ထို့ပြင် တက္ကစီအဖြစ် အသုံးများနေသည့် Probox ၊ AD Van ကားများမှာလည်း သိန်း ကိုးဆယ် ဝန်းကျင်မှ သိန်း ခုနစ်ဆယ်ဝန်းကျင်အထိ စျေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။


Ref : Automobile

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေ ၆၆,ဝဝဝ ကျော် အပ်နှံပြီးဖြစ်


ရန်ကုန်တို်င်းဒေသကြီးအတွင်း ယာဉ်အို၊ ယာဉ်ဟောင်းစီမံချက် အရ အို/ဟောင်း ယာဉ်အစီးရေ ၆၆,ဝဝဝ ကျော် အပ်နှံပြီးစီးပြီ ဖြစ်ကြောင်း ‘ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ မြင်သာ ကညနရုံး’မှ သိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ် အို၊ ယာဉ်ဟောင်းအစားထိုး စီမံချက်အရ ယာဉ်အို၊ ယာဉ်ဟောင်း များ အပ်နှံခွင့်ပြုခဲ့ရာတွင် မတ် ၄ ရက်အထိ အစီးရေ ၆၆,၄ဝဝ ကျော်အထိ အပ်နှံပြီးစီးခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ အပ်နှံ လျက်ရှိသော ‘အ’ အက္ခရာကားများမှာ မတ် ၄ ရက်အထိ အပ်နှံပြီးစီးခဲ့သည့် အစီးရေ ၄,၅၅၁ စီး ဖြစ်ကြောင်း သိရသည်။ အပ်ကားများ နည်းပါးလာခြင်းကြောင့် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနတွင် လာရောက်အပ်နှံ သည့် အက္ခရာအစုံမှ ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေမှာ နေ့စဉ် အစီးရေ လေးဆယ်ဝန်းကျင်ခန့်သာရှိကြောင်း မြင်သာ ကညန ရုံး ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုဌာနမှ သိရသည်။
“အခုအချိန်အထိတော့ နောက်ထပ်အပ်နှံခွင့်ပြုမယ့် အက္ခရာနဲ့ ဘယ်အချိန် အပ်နှံခွင့်ပြုမယ်ဆိုတာ ညွှန်ကြားချက် မလာ သေးပါဘူး၊ အပ်ကားတွေကလည်း နေ့စဉ်နဲ့အမျှ လာရောက်အပ်နှံမှု လျော့ကျသွားပါတယ်၊ ‘အ’ အက္ခရာတွေကလည်း အပ်နှံဖို့ အစီးရေ နည်းနေတဲ့အတွက် နေ့စဉ် အစီးရေ နှစ်ဆယ်ဝန်းကျင်လောက်ပဲ အပ်နှံကြပါတယ်၊ Chery QQ3 ကားတွေရဲ့ အပ်နှံမှု ကတော့ အစီးရေ ၃၂၄ စီးကျော်သွားပါပြီ”ဟု အထက်ပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ယာဉ်အို၊ ယာဉ်ဟောင်းများ နည်းပါးလျက်ရှိရာ ကားဝယ်/ရောင်းစျေးကွက်အတွင်း စလစ်စျေး ထပ်မံမြင့်တက်လျက်ရှိပြီး ‘အ’ အက္ခရာအမည်ပေါက် ကားပောင်း စလစ် တစ်စောင် လျှင် ကျပ် ၁ဝ၆ သိန်းဝန်းကျင်၊ ‘အ’အက္ခရာ ရိုးရိုးစလစ် တစ်စောင်လျှင် ကျပ် သိန်းတစ်ရာဝန်းကျင်ခန့် ပေါက်စျေးရှိကြောင်း ကားဝယ်/ရောင်းစျေးကွက်မှ သိရသည်။


Ref : Automobile

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုခင်းစစ်ဌာနတွင် အသုံးပြုသည့်တံဆိပ်တုံးများ အတုပြုလုပ်သုံးစွဲမှုများ ရှိနေသည့်အတွက် ထိရောက်စွာအရေးယူမည်


ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုခင်းစစ် ဌာနတွင် အသုံးပြုသည့် တံဆိပ် တုံးများ အတုပြုလုပ်သုံးစွဲမှုများ ရှိ နေသည့်အတွက် ထိရောက်စွာအ ရေးယူသွားမည် ဖြစ်ကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံး'မှ သတင်းရရှိသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် သက်တမ်းတိုးလိုသည့်ယာဉ်များ၌ ပြစ်မှု မှတ်တမ်းများ ရှိ၊ မရှိနှင့် ပြစ်မှုရှိပါက ဒဏ်ကြေးပေးဆောင် ပြီးစီးကြောင်း အထောက်အထားဖြစ်သည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့ မှုခင်းစစ်ဌာနတွင် ရယူပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ရာ ယင်းထောက်ခံချက်ကို လာရောက်ရယူခြင်းမရှိဘဲ တံဆိပ်တုံးအတု ပြုလုပ်ဆောင်ရွက်မှုများ ရှိနေကြောင်း သိရသည်။ တံဆိပ် တုံးတွေ အတုပြုလုပ်တာတွေ ရှိနေတယ်လို့ သိရတယ်၊ ပိုင်ရှင်တွေ ကိုယ်တိုင်လုပ်တာလား၊ ကြားက ပွဲစားတွေပဲ လုပ်တာလား စစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာ အရေး ယူမှာပါ၊ ယာဉ်သက်တမ်းတိုးမယ်၊ အို/ ဟောင်းယာဉ်အပ်မယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပြီးမှ ဆောင်ရွက်ဖို့ လိုပါတယ်ဟု အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လက်ရှိတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့အနေဖြင့် အဆိုပါ စာရွက် စာတမ်းနှင့် တံဆိပ်တုံးအတု ပြုလုပ်ဆောင်ရွက် သည့် ကိစ္စရပ်များအား ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူသွား မည် ဖြစ်ကြောင်း သိရသည်။


Ref ; Automobile

ယာဉ်မတော်တဆမှုများ များပြားလာသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဝင်ခွင့်ပုံစံ ပြောင်းလဲစစ်ဆေးမည်


ခရီးသည်တင်ယာဉ်များ ယာဉ် မတော်တဆဖြစ်ပွားမှု များပြားလာသဖြင့် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက် ဝင်ခွင့်ပုံစံ ပြောင်းလဲ စစ်ဆေးသွားမည် ဖြစ်ကြောင်း 'မထသ(ဗဟို)'မှ သတင်းရရှိသည်။ ခရီးသည်တင်ယာဉ်များ ယာဉ်မတော်တဆဖြစ်ပွားမှု များသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဝင်ခွင့်ပုံစံများကို ဧပြီ ၁ ရက်မှ စတင်ကာ အဆင့်မြှင့်၍ ပြောင်းလဲစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ အခုဆိုရင် ယာဉ်မောင်းတွေက အရက်သေစာ သောက်စားပြီး မောင်းနှင်နေတဲ့အတွက် ယာဉ်တိုက်မှုတွေ ဖြစ်ပွားနေတာကို တွေ့ရတယ်၊ အဲဒီအတွက်သင်တန်းတွေပို့ချပြီးသင်ပေးတယ်၊ ယာဉ်တိုက်မှုလျော့နည်းအောင် ယာဉ်လုပ်သားတွေအတွက် ဟောပြော ပွဲတွေ လုပ်ပေးတယ်၊ ဒါပေမဲ့ တွေးခေါ်မြော်မြင်မှုအပိုင်းမှာ တော်တော်လေး အားနည်းနေတယ်၊ အဲဒီအတွက် စဉ်းစားတွေးခေါ်မှုအပိုင်းတွေကို ပြင်ဆင်ပေး ဖို့လိုတယ် ဟု မထသ (ဗပာို) ဥက္ကဌ ဦးလှအောင်က ပြောသည်။ မထသ(ဗဟို) လက်အောက်ရှိ တာဝန်ထမ်းဆောင်နေသော ယာဉ်လုပ်သားများအတွက် အခြေခံသင်တန်း ၂၇ ကြိမ် နှင့် မွမ်းမံသင်တန်း ၂၆ ကြိမ် ပြုလုပ်ခဲ့ပြီး သင်တန်းသားဦးရေ ၆,၃၅၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ လာမည့် ဧပြီ ၁ ရက်မှ စတင်၍ ယာဉ်လုပ်သားများ အတွက် ဝင်ခွင့် ပုံစံကို အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်နောက်လိုက် ဝင်ခွင့်မေးခွန်း အခု ငါးဆယ်နှင့် ယာဉ်မောင်းဝင်ခွင့် မေးခွန်း အခုတစ်ရာ ဖြေဆိုရမည်ဖြစ် သည်။ ဖြေဆိုရမည့်ပုံစံမှာ အမှန်၊ အမှား ရွေးချယ်၍ ဖြေဆိုရမည် ဖြစ်ပြီး ၈၅ ရာခိုင်နှုန်း ဖြေဆိုနိုင်မှသာ ဝင်ခွင့်အောင်မည် ဖြစ်ကြောင်း သိရသည်။


Ref ; Automobile

၂ဝ၁၄ ခုနှစ် အကောင်းဆုံးကားဆု ဆန်ခါတင်စာရင်း ထွက်ပေါ်


ပြင်သစ်နိုင်ငံမှ ပေးအပ်ချီးမြှင့်သည့် ၂ဝ၁၄ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံးကားဆု ဆန်ခါတင်စာရင်း ထွက်ပေါ်လာပြီဖြစ်ရာ ဂျာမန် ကားအမှတ်တံဆိပ်နှစ်ခုနှင့် ဂျပန် ကားအမှတ်တံဆိပ်တစ်ခု ပါဝင်နေကြောင်း နိုင်ငံတကာ မီဒီယာများက မတ် ၁ဝ ရက်တွင် ရေးသားဖော်ပြခဲ့ကြသည်။ ပြင်သစ်နိုင်ငံသည် ၂ဝဝ၅ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ အကောင်းဆုံးကားဆုကို ပေးအပ်လျက်ရှိပြီး World Car of the Year ဆု အပါအဝင် World Performance Car ၊ World Green Car ၊ World Car Design of the Year ဆုများကိုလည်း ပေးအပ်ချီးမြှင့်လျက် ရှိသည်။ ယခုနှစ် World Car of the Year ဆု ဆန်ခါတင် စာရင်းတွင် Audi A3 ၊ BMW 4 Series ၊ Mazda 3 တို့ ပါဝင်နေပြီး ၂ဝ၁၄ ဥ ရောပ အကောင်းဆုံးကားဆုရရှိခဲ့သော Peugeot 308 ၊ BMW i3 ၊ Infiniti Q50၊ Lexus IS ၊ Skoda Octaria တို့မှာ ဆန်ခါတင် သုံးခု ရွေးချယ် ရာတွင် ကျန်ရစ်ခဲ့သည်။ World Green Car ဆု ဆန်ခါတင်စာရင်းတွင် ဂျာမန် အမှတ်တံဆိပ်များဖြစ်သည့် Audi A3 Sportback g-tron ၊ BMW i3 ၊ Infiniti Q50 တို့ ပါဝင်နေပြီး World Performance Car ဆန်ခါတင် စာရင်းတွင် Chevrolet Corvette Stingray ၊ Ferrari 458 ၊ Porsche 911 GT3 ၊ World Car Design ဆု ဆန်ခါတင် စာရင်းတွင် Mercedes Benz C-Class ၊ BMW i3 ၊ Mazda 3 တို့ ပါဝင်လျက်ရှိသည်။ ဆန်ခါတင်စာရင်းကို နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ဂျာနယ်လစ် ၆၉ ဦးက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ကျင်းပမည့် နယူး ယော့ခ်ကားပြပွဲ၌ ဆုရရှိသော မိုဒယ်များအား ရွေးချယ်မည် ဖြစ်သည်။


Ref ; Automobile

မြန်မာပြည် Brand New ကားစျေးကွက် နှစ်ရှည် အရစ်ကျစနစ်ဖြင့် သွားမှသာ အဆင်ပြေနိုင်ဟုဆို


လက်ရှိ မြန်မာပြည်၏ Brand New ကားစျေးကွက်မှာ နှစ်ရှည် အရစ်ကျစနစ်ဖြင့် သွားမှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ‘မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်း’မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြည်တွင်းသို့ ဝင်ရောက်လာသော Brand New ကားအများ စု၏တန်ဖိုးမှာ အနိမ့်ဆုံး ငွေကျပ် သိန်း ခြောက်ရာဝန်းကျင်တွင်ရှိပြီး နှစ်ရှည် အရစ်ကျစနစ်ဖြင့်ရောင်းမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ Brand New ကားများမှ ယာဉ်အပိုပစ္စည်း ဝယ်ယူပြီးနောက်ပိုင်း ပြင် ဆင်မှုနှင့် ဝန်ဆောင်မှုအပိုင်းတို့မှာ စိတ်ချရသည့်အတွက် လူအများစုမှာ စိတ်ဝင်စား သဘောကျလျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ “မြန်မာပြည်မှာက အသုံး ပြု ပြီးသား Used ကား များတယ်၊ မြန်မာက ဂျပန်ရဲ့ Used ကားဝယ်ယူမှု နံပါတ်သုံးနေရာမှာ ရှိတယ်၊ အခုဆို Brand New ကားပြခန်း တွေလည်း ပေါနေပြီ၊ အခြေ စိုက် ရုံးခန်းတွေလည်း ဖွင့်နေပြီ၊ Brand New က နောက်ပိုင်းမှာ After-sales Service တွေ၊ အပိုပစ္စည်း တွေကလွယ်ကူတော့ လူကြိုက်များတယ်၊ Used ကားတွေမှာ က တိုယိုတာတစ်ခုပဲ အဆင်ပြေတာ၊ Brand New က ကားတန်ဖိုးမြင့် တယ်၊ ပုံမှန်ဝင်ငွေရှိတဲ့ လူတွေလည်း မလွယ်ကူဘူး၊ အရစ်ကျစ နစ်နဲ့ဆိုရင်တော့ တော်တော်များများ ကလည်း ဒါကို မျှော်လင့်နေကြတယ်ဟု အဆိုပါပုဂ္ဂိုလ်က ၎င်း၏အမြင်ကို ဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာပြည်၏ Brand New ကားစျေးကွက်ကို “မြန်မာပြည်ရဲ့ Brand New ကား စျေးကွက်က ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်၊ လက်ရှိအထိလည်း ကျွန်တော်တို့ရဲ့ ရောင်းအားကို အားရကျေနပ်ပါတယ်”ဟု အမေရိကန်အခြေစိုက် Ford Motor Company မှ မြန်မာပြည်ရုံးခွဲ အရောင်းမန်နေဂျာက ပြောသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မော်တော် ကား အရောင်းစင်တာ ၁၄ဝ ခန့် ဖွင့်လှစ်ထားပြီး အရောင်းပြခန်း ငါးခု ပါဝင်ကြောင်း၊ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် Brand New ကားအားလုံးမှာ CIF တန်ဖိုး မြင့်မားသည့်အပြင် အကောက်ခွန်ဦးစီးဌာနမှ ကောက်ခံသည့်အခွန်နှင့် ကညနသို့ ပေးဆောင်ရမည့်အခွန်တို့မှာ များသည့်အတွက် ပြည်တွင်း၏ Brand New ကားတန်ဖိုး မှာ နိုင်ငံတကာထက် မြင့်မားနေကြောင်း သိရသည်။


Ref ; Automobile

LPG တပ်ဆင်မှု နည်းပညာ အရည်အသွေးမြင့်မားရန် အမေရိကန်မှ သင်တန်းလာရောက်ပို့ချမည်


မော်တော်ယာဉ်များ၌ LPG စနစ် တပ်ဆင်အသုံးပြုသည့် နည်းပညာအရည်အသွေး မြင့်မားရန် အမေရိကန်မှ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGe)နှင့် ပူးပေါင်း၍ သင်တန်းလာရောက်ပို့ချမည် ဖြစ်ကြောင်း ‘Powertek Engineering Group’ မှ သတင်း ရရှိသည်။ အဆိုပါ သင်တန်းကို မြန်မာ့ရေနံနှင့် ဓာတုဗေဒသင်တန်း ကျောင်းတွင် ပို့ချမည်ဖြစ်ပြီး အမေရိကန်မှ LPG နည်းပညာကျွမ်းကျင် ပညာရှင် ဆရာမင်းဇော်မွန်နှင့် နိုင်ငံခြားသားပညာရှင်များ လာရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။ “သင်တန်းကို အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေ လာသင်ပေးမှာပါ၊ ထပ်ပြီးတော့လည်း သင်တန်းအပြင် MOGE နဲ့ပူးပေါင်းပြီး LPG အသုံးပြုရာမှာ လိုအပ်တဲ့ Rule & Regulation တွေ ရေးဆွဲဖို့ရှိတယ်၊ MOGE ဘက်ကလည်း ပြည်သူလူထု အကျိုးပြုတဲ့ လုပ်ငန်းဆိုတဲ့အတွက် ကူညီ ထောက်ပံ့ပေးမယ်လို့ ပြောပါ တယ်” ဟု Powertek Engineering Group မန်နေဂျင်း ဒါရိုက်တာ ဦးနေဝင်းက ပြောသည်။ အမေရိကန်တွင် အသုံးပြုလျက်ရှိသည့် နိုင်ငံတကာအဆင့်မီ MOGE ဆက်စပ်ပစ္စည်းများကို Powertek Engineering Group မှ ပြည်တွင်းသို့ တင်သွင်းလျက်ရှိပြီး အဆိုပါကုမ္ပဏီနှင့် MOGE ပူးပေါင်းဖွင့်လှစ်မည့် LPG အသုံးပြုမှု နည်းပညာသင်တန်းသို့ ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ ခရီးသည် တင်ယာဉ်၊ ယာဉ်မောင်း၊ ယာဉ်အကူများအပြင် ဌာနဆိုင်ရာမှ စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်ပြီး အချက်အလက်များကို မြန်မာ့ရေနံ နှင့် ဓာတုဗေဒ သင်တန်းကျောင်းတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။


Ref ; Automobile

နာမည်ကျော် Jaguar Land Rover မော်တော်ယာဉ် အရောင်းပြခန်း လာမည့်မေလအတွင်း ရန်ကုန်မြို့၌ ဖွင့်လှစ်မည်


အင်္ဂလန်နိုင်ငံထုတ် နာမည်ကျော် မော်တော်ယာဉ် အမှတ်တံဆိပ် ဖြစ်သည့် Jaguar Land Rover မော်တော်ယာဉ် အရောင်းပြခန်းကို လာမည့် မေလအတွင်း ရန်ကုန်မြို့ ၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ မော်တော်ယာဉ် အမှတ်တံဆိပ်၏ မြန်မာပြည်အရောင်းကိုယ် စားလှယ် 'Capital Automotive Co.,Ltd'မှ သတင်းရရှိသည်။ Jaguar နှင့် Land Rover မော်တော်ယာဉ်များအား မြန်မာနိုင်ငံ စျေးကွက်အတွင်း တရားဝင် ရောင်းချနိုင်ရန်အတွက် မြန်မာနိုင်ငံမှ Capital Automotive Co.,Ltd အား အရောင်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပြီး လာမည့် မေလမှ စတင်ကာကမ္ဘာ့အဆင့်မီ အရောင်းဌာနကို ဖွင့်လှစ်သွားမည်ဟု သိရသည်။ အဆိုပါ အရောင်းပြခန်း တွင် မော်တော်ယာဉ်များ ရောင်းချခြင်း၊ ဆားဗစ်စင်တာနှင့် လိုအပ်သည့် အပိုပစ္စည်းများ ရောင်းချခြင်းများကို တစ်နေရာတည်း၌ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံအတွင်းမှာ Jaguar နဲ့ Land Rover ကားတွေ ရောင်းချပေးဖို့အတွက် အရောင်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံ ရလို့ အလွန်ဝမ်းသာရပါတယ်၊ မြန်မာ နိုင်ငံမှာ တခြားနိုင်ငံတွေနည်းတူ Brand New ကားအသစ်တွေကို ဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဖောက်သည်တွေအတွက် အဆင့်အတန်းမြင့်တဲ့ ဝန်ဆောင်မှုတွေပေးဖို့ ဆောင်ရွက်သွားမှာပါဟု Capital Automotive Co.,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက ဆိုသည်။ Land Rover ယာဉ်များမှာ မြန်မာ နိုင်ငံအတွင်းသို့ ၁၉၅၅ ခုနှစ်ကတည်းက စတင်ဝင်ရောက် ခဲ့သော်လည်း Brand New ကားအသစ်အနေဖြင့် အရောင်းပြခန်း ဖွင့်လှစ်ရောင်းချခြင်းမှာ ပထမဆုံးဖြစ် ကြောင်း သိရသည်။ Capital Automotive Co.,Ltd အနေဖြင့် Land Rover မော်တော်ယာဉ်များအား တရားဝင် တင်သွင်းရောင်းချခွင့်ကို ၂ဝ၁၃ ခုနှစ်၊ မေလကုန်တွင် ရရှိခဲ့ပြီး Jaguar ယာဉ်များ တရားဝင် တင်သွင်းခွင့်ကို ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ရရှိခဲ့ကြောင်း၊ လာမည့် မေလအတွင်း ဖွင့်လှစ်ရောင်းချမည့် မော်တော်ယာဉ် အရာင်းပြခန်း၌ နောက်ဆုံးပေါ် Jaguar နှင့် Land Rover ယာဉ်များ ဝယ်ယူရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


Ref ; Automobile

ယခု ဘဏ္ဍာနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်၌ လူကူးခုံးကျော်တံတားသစ် တစ်စင်း တည်ဆောက်


ယခု ဘဏ္ဍာနှစ်အတွင်း မင်္ဂလာဒုံမြု့ိနယ်၊ ခရေပင်လမ်းခွဲ၌ လူကူးခုံးကျော်တံတား တစ်စင်း တည်ဆောက်နေပြီ ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ'မှ သတင်းရရှိသည်။ ခရီးသည်တင် ဘတ်စ်ကားများမှာ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲမှတ်တိုင် တပ်မတော်စက်ရုံရှေ့တွင် ခရီးသည် တင်ဆောင်ခြင်းမရှိဘဲ လမ်းဆုံမီးပွိုင့်တွင် ရပ်နား၍ ခရီးသည်တင်ဆောင်နေခြင်းများကြောင့် ကွေ့ကြောယာဉ်များ အလွယ်တကူဖြတ်သန်း သွားလာရန် အဆင်မပြေခြင်း၊ လမ်းဆုံတွင် အထက် တန်းကျောင်း ရှိနေခြင်းနှင့် ယာဉ်သွားလာမှုများ ရှုပ်ထွေးခြင်းတို့ကြောင့် လူကူးခုံးကျော်တံတားသစ်တစ်စင်း တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။ လူကူးခုံးကျော် တံတားကို ယခုလ ပထမပတ်တွင် စတင် ဆောက်လုပ်ခြင်း ဖြစ်ပြီး လက်ရှိတွင် မြေသားစမ်းသပ်ချက်များနှင့် ပိုင်ရိုက်ခြင်းများ ဆောင်ရွက်နေကြောင်း၊ အဆိုပါ ခုံးကျော် တံတား ကို မြို့တော်စည်ပင်နှင့် V-Pile ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်းတွင် လူကူးခုံးကျော်တံတားများ တည်ဆောက်ရန် အစီအစဉ်မရှိသော်လည်း တိုင်းဒေသ ကြီးအစိုးရ အစီအစဉ်ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် မြို့တော်စည်ပင်မှ စက်လှေကားနှင့် လေအေးပေးစက် ပါဝင်သော အဆင့်မြင့် လူကူးခုံးကျော်တံတား သုံးစင်းကို တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊တံတား )မှ သတင်းရရှိသည်။


Ref ; Automobile

ညအချိန် အင်းယားကန်ပေါင်ရှေ့ ပြည်လမ်းမပေါ် ယာဉ်များရပ်နားမှု ကရိန်းဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်မည်


ညနေပိုင်းအချိန်များ၌ ရန်ကုန်မြို့ အင်းယားကန်ပေါင်ရှေ့ ပြည်လမ်းမပေါ်တွင် မော်တော်ယာဉ်များ ရပ်နားနေမှုကို ကရိန်းဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး'၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။ အင်းယားကန်ပေါင်ရှေ့၌ ညနေပိုင်းနှင့် ညပိုင်းအချိန်တို့တွင် လာရောက် အပန်းဖြေကြသူများ၏ ယာဉ်များ ပြည်လမ်းမကြီးပေါ်၌ တန်းစီရပ်နားထားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေရာ အဆိုပါကိစ္စအား ဖြေရှင်းပေးရန် ပြည်သူ့ဝန်ဆောင်မှုအဖွဲ့သို့ ဆက်သွယ်တိုင်ကြားမှုများ ရှိနေကြောင်း သိရသည်။ ကန်ပေါင်ရှေ့ ပြည်လမ်းမဆိုတာ ယာဉ်မရပ်ရ သတ်မှတ်ထား တဲ့နေရာထဲမှာပါတယ်၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာကို စည်းကမ်းလိုက်နာမှုက အားနည်းနေတယ်၊ အဲဒီတော့ ညနေပိုင်းအချိန်မှာပါ ကျွန်တော်တို့ ကရိန်းကားကို အဲဒီနားမှာထားပြီး စောင့်ကြည့် ဖမ်းဆီးတာတွေ ဆောင်ရွက်သွားမှာပါဟု အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ အဆိုပါ ဖမ်းဆီးစစ်ဆေးမှုများကို မကြာခင်ကာလအတွင်း ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပြီး ဖမ်းဆီး စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ယာဉ်ထိန်းရဲအဖွဲ့၊ စည်ပင်သာယာရဲတပ်ဖွဲ့နှင့် နယ်မြေရဲများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


Ref ; Automobile

အထပ်မြင့်တိုက်များ အလယ်တွင် တည်ရှိခြင်းနှင့် အကွေ့အကောက်များခြင်းကြောင့် ရွှေဂုံတိုင်ခုံးကျော်တံတားတွင် CCTV ကင်မရာများ တိုးချဲ့ တပ်ဆင်မည်


ယခုလ ၅ ရက်တွင် ဖွင့်ပွဲပြုလုပ်၍ ဖွင့်လှစ်ခဲ့သော ရွှေဂုံတိုင် ခုံးကျော် တံတားသည် အထပ်မြင့်တိုက်များ အလယ်တွင်တည်ရှိနေခြင်းနှင့် အကွေ့အကောက်များခြင်းကြောင့် လုံခြုံရေး အဆင့်မြင့် CCTV ကင်မရာများ တိုးချဲ့ တပ်ဆင်မည်ဖြစ် ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ'မှ သတင်း ရရှိသည်။ ရွှေဂုံတိုင်ခုံးကျော်တံတား ကို မြန်မာအင်ဂျင်နီယာများနှင့် ဂျပန် နိုင်ငံ ဲင်္JFE Engineering Corporation တို့ ပူးပေါင်းရေးဆွဲခဲ့သော ဒီဇိုင်းဖြင့် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ သည်။ တံတားဆောက်လုပ်ရာ၌ မြေနေရာရရှိမှု နည်းပါးသောကြောင့် အထပ်မြင့်တိုက်များ၏ အလယ်တွင် နီးကပ်စွာ တည်ရှိနေပြီး ယင်းအတွက် အသံထိန်း ကိရိယာများ၊ အသံလုံ ကိရိယာများ တပ်ဆင်ခဲ့သည့်အပြင် ယခု CCTV ကင်မရာများ တိုးချဲ့ တပ်ဆင်မည်ဟု သိရသည်။ တံတားက မြင့်တော့ ကားတွေ ဖြတ်တဲ့နေရာမှာ အထပ်မြင့် တိုက်တွေကို အနၲရာယ် မရှိအောင် အသံလုံ ကိရိယာ တပ်ခဲ့တယ်၊ အခုတစ်ခါ CCTV ကင်မရာတွေ ထပ်တပ်မယ်၊ ပထမတော့ အထပ်မြင့် တိုက်တစ်လုံးအပေါ်မှာ CCTV တစ်လုံးတပ်ထားတယ်၊ ဘတ်ဂျက် အလိုက် CCTV တွေ ထပ်တပ်မှာပါဟု 'မြို့တော်စည်ပင်၊ အင်ဂျင် နီယာဌာန(လမ်း၊ တံတား)'မှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ ရွှေဂုံတိုင်ခုံးကျော်တံတားမှာ သံမဏိ၊သံပေါင်၊သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ယာဉ်သွား လမ်းလေးလမ်းပါရှိကာ ပင်မတံတားအရှည်မှာ ၄၂၁ မီတာရှည်လျားကြောင်း၊ တံတားတည်ဆောက်မှုတွင် ငွေကျပ် ၁၇ ဒသမ ၄၄ ဘီလျံ သုံးစွဲခဲ့ကြောင်း သိရသည်။


Ref: Automobile

Grade အနိမ့် HIACE Van ကဲ့သို့ ချောပို့ နောက်ခန်းအလုံပိတ် ကားများကို လုပ်ငန်းသုံးယာဉ်အတိုင်း အခွန်ကောက်ခံမည်


Grade အနိမ့် HIACE ကဲ့သို့သော ချောပို့နောက်ခန်း အလုံပိတ် ကားများကို လုပ်ငန်းသုံးယာဉ်အ တိုင်း ၁၃ ရာခိုင်နှုန်းဖြင့် အခွန် ကောက်ခံရန် စီစဉ်ထားကြောင်း ‘စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန’မှ သိရသည်။ ထိုကားများသည် အခြားနိုင်ငံများ၌ DHL ချောပို့ကားများအဖြစ် အသုံးပြုနေပြီး မြန်မာနိုင်ငံသို့ တင်သွင်းပါက လုပ်ငန်းသုံးယာဉ်များ ကောက်ခံသည့် အခွန်နှုန်းအတိုင်းသာ ကောက်ခံမည် ဖြစ်သည်။ “Grade အနိမ့် HIACE Van နဲ့ Super Custom Commuter ကားလိုမျိုး နောက်ခန်း အလုံပိတ် ကားတွေကို လုပ်ငန်းသုံး ယာဉ်အတိုင်း အခွန်ကောက်ခံဖို့ စီစဉ်ထားပါတယ်၊ ဒီကားတွေက အနောက်ခန်းမှာ မှန်မပါဘဲ အလုံပိတ်ဖြစ်သလို ဇိမ်ခံ ကားမဟုတ်တဲ့ အတွက် လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။ ချောပို့ အနောက်ခန်း အလုံပိတ်ကားများသည် မြန်မာနိုင်ငံ၌ အသုံးပြုမှု နည်းပါးပြီး HIACE Van ကားများသည် ၂ဝဝ၄ မိုဒယ် အထက်မှ စတင်ထုတ်လုပ်ခဲ့ပြီး အခွန် သက်သာလာသောကြောင့် စျေးကွက်ဝယ်လိုအား မြင့်တက်လာဖွယ်ရှိနေသည်။ ထိုကားများသည် ကုန်စည် အပေါ့စားများ သယ်ယူခြင်းအတွက် အသုံးဝင်သော ကြောင့် ကုမ္ပဏီများ ဝယ်ယူအသုံးပြုလာဖွယ်ရှိကြောင်း ကားအရောင်းစင်တာ တစ်ခုမှ ဒါရိုက်တာ တစ်ဦးက ပြောပြခဲ့သည်။


Ref: Automobile

မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းများဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီးအစိုးရ ထောက်ခံချက်နှင့် စည်ပင်ခွင့်ပြုချက် လိုအပ်


မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်းသစ်များ ဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီး ထောက်ခံချက်နှင့် စည်ပင်ခွင့်ပြုချက်ပါရှိမှသာ ခွင့်ပြုပေးတော့မည် ဖြစ်ကြောင်း ‘စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန’မှ သိရှိရသည်။ ယခင်က မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်းများ ဖွင့်လှစ်ပြီးမှ တိုင်းဒေသကြီး ထောက်ခံချက်နှင့် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းလိုင်စင်ကို တင်ပြနိုင်သော်လည်း ယခုအခါ ထောက်ခံချက် ပြည့်စုံမှသာ ခွင့်ပြုပေးမည်ဖြစ် သည်။ “ကားအရောင်းစင်တာတွေ စတင်ခွင့်ပြုတဲ့အချိန်က နိုင်ငံတော်အနေနဲ့ တင်သွင်းလာတဲ့ ကားတွေကို အချိန်တိုအတွင်းမှာ ရောင်းချပေးစေလိုတဲ့အတွက် တိုင်းဒေသ ကြီးထောက်ခံချက်နဲ့ စည်ပင်လုပ်ငန်းလိုင်စင်ကို အရင်တင်ပြစရာ မလိုဘဲ ခွင့်ပြုပေးခဲ့ပါတယ်၊ အခုအချိန်မှာတော့ အရောင်းစင်တာဖွင့်လှစ်မှုက လုပ်ငန်းရှင်တိုင်းနားလည် သဘောပေါက်လာကြတဲ့အတွက် ထောက်ခံချက် အပြည့်အစုံနဲ့ စည်ပင်လိုင်စင် ပါရှိမှသာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ကားအရောင်းစင်တာများနှင့် ကားအရောင်းပြခန်းများ အနေဖြင့် သက်တမ်းတိုးဆောင်ရွက် လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းလိုင်စင် ပြည့်စုံခြင်းမရှိပါက သက်တမ်းတိုးကာလ တစ်နှစ်အစား ခြောက်လသာ ပြင်ဆင်ခွင့်ပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


Ref: Automobile

ကားအစီးရေ ခုနစ်ပုံ တစ်ပုံမှာ အငှားယာဉ်များဖြစ်


ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အစီးရေ သုံးသိန်း ခွဲကျော်ရှိရာ ခုနစ်ပုံတစ်ပုံမှာ အငှားများဖြစ်ကြောင်း ‘ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန' မှ သိရှိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ယနၲရားများ၊ ဘတ်စ်များ၊ မော်တော် ဆိုင်ကယ်များအပါအဝင် ယာဉ် အစီးရေ ငါးသိန်းကျော်ကို မှတ်ပုံ တင်ပြုလုပ်ပေးရာတွင် လူစီးယာဉ်မှာ ၃၆ဝ,ဝဝဝ ကျော်အထိ ပါဝင်နေသည်။ ထိုလူစီးယာဉ်များထဲတွင် အငှားယာဉ်အရေအတွက်မှာ ၄၇çဝဝဝ ကျော်အထိ ပါဝင်ပြီး AA ၊ BB ၊ CC ၊ DD အက္ခရာဖြင့် အစီးရေ ၂၇,ဝဝဝ ကျော်ရှိသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း YGN (ရန်ကုန်လိပ်စာ) အငှားယာဉ် အစီးရေ ၄၇,ဝဝဝ ကျော်ရှိသည်ဖြစ်ပြီး နယ်လိပ်စာအငှားယာဉ်များ ပါဝင်ပါက အစီးရေ ခြောက်သောင်းကျော်အထိ ရှိလာမည်ဖြစ်သည်။ ရန်ကုန်မြို့အတွင်း အငှားယာဉ် များ တိုးပွားလာသည်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက “မြို့တစ်မြို့ရဲ့ အကျယ်အဝန်း၊ လူဦးရေ၊ စက်သုံးဆီအခြေအနေ၊ မော်တော်ယာဉ်အစီးရေတွေအပေါ် မူ တည်ပြီး ရှိသင့်တဲ့အငှားယာဉ်အစီးရေကို ထိန်းချုပ်သင့်ပါတယ်၊ အငှားယာဉ်အစီးရေ တိုးချဲ့မယ်ဆိုရင်လည်း မြို့အနေအထား ကျယ်ဝန်းလာမှ အဆင်ပြေမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးပါမစ်ဖြင့် အငှားယာဉ်ပါမစ်များ ထုတ်ပေးခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး မြို့အနေအထားနှင့် အခြားအခြေအနေ အရပ်ရပ်များကို တွက်ချက်ပြီးမှသာပါမစ်များ ပြန်လည်ထုတ်ပေးဖွယ်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


Ref: Automobile


Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »