တစ္ပတ္အတြင္း ကားေလာကသတင္းမ်ား

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။
သတင္းထူးမ်ားမွာေတာ့ :

news_this_week-500x185



  • Toyota to Open Myanmar Dealership




  • ကားယူဝယ္တင္သြင္းျခင္းျဖင့္ အခြန္ေငြ ခုႏွစ္သန္းေက်ာ္ကို ႏို္င္ငံေတာ္ ဘ႑ာေငြအျဖစ္ ရရွိခဲ့




  • စည္ပင္၀န္ထမ္းေတြရဲ႔ အသက္အႏၱရာယ္ကို ၿခိမ္းေျခာက္ေနတဲ့ စည္းကမ္းမဲ့ ညေမာင္းကားသမားမ်ား




  • ယာဥ္ထိန္းရဲတပ္ဖြဲ႕၀င္ အေယာင္ေဆာင္ကာ ေမာ္ေတာ္ယာဥ္မ်ားအား ရပ္တန္႕စစ္ေဆးေငြေတာင္းခံေနသူကို နယ္ေျမခံလွည့္ကင္းအဖြဲ႕မွ ေတြ႕ရွိအေရးယူ




  • ပုဂၢလိက စက္သံုးဆီ ကုမၸဏီေလးခု၌ CNG သဘာ၀ဓာတ္ေငြ႔ အစားထိုး LPG ဓာတ္ေငြ႔ရည္မ်ား ျဖန့္ျဖဴးေရာင္းခ်မည္




  • တာ၀န္ခ်ိန္အတြင္း ယာဥ္ထိန္းရဲႏွင့္ အႏုပညာရွင္တစ္ဦးျဖစ္ပြားခဲ့သည့္ အမႈအတြက္ အျပန္အလွန္ တရားစဲြဆို




  • မတ္ ၁ ရက္မွစ၍ စည္ပင္သာယာနယ္နိမိတ္အတြင္း ခရီးသည္တင္ ဟိုင္းလပ္ယာဥ္မ်ား ၀င္ေရာက္ေျပးဆဲြမႈ ထိေရာက္စြာ အေရးယူမည္




  • အရက္ေသစာ ေသာက္စား၍ အရွိန္ျပင္းစြာယာဥ္ေမာင္းႏွင္ပါက ေမာ္ေတာ္ယာဥ္ဥပေဒအရ ေထာင္ဒဏ္ တစ္ႏွစ္အထိ က်ခံေစမည္




  • ယာဥ္လုိင္း တစ္လုိင္းႏွင့္တစ္လိုင္း ႐ႈပ္ေထြးမႈ မရွိေသာ သီးသန္႔ ယာဥ္လမ္းေၾကာင္းမ်ား ေဖာ္ေဆာင္ေျပးဆြဲႏုိင္ရန္ သက္ဆုိင္ရာသို႔ တင္ျပ




  • e-ticket အသံုးျပဳရန္ ဗႏၶဳလ ယာဥ္လိုင္းမ်ား၌ လစာေပးစနစ္ က်င့္သံုးမည္




  • ၿပဳိင္ကားမ်ား ယွဥ္ၿပဳိင္ေမာင္းႏွင္မႈ ရန္ကုန္ၿမိဳ႕ ေနရာ ႏွစ္ဆယ္တြင္ ေစာင့္ၾကပ္ ဖမ္းဆီးအေရးယူမည္




  • ရန္ကုန္ၿမိဳ႕ ယာဥ္အစီးေရႏွင့္ ယာဥ္ထိန္းရဲအင္အား အဆေလးရာေက်ာ္ ကြာျခား ၄၈ ယာဥ္အစီး ေျခာက္ရာလွ်င္ ယာဥ္ထိန္း တစ္ဦးႏႈန္း ေစာင့္ၾကည့္ရသည့္အေနအထားျဖစ္ေန




  • ေဖေဖာ္၀ါရီလအတြင္း လမ္းမႀကီးမ်ားေပၚ စည္းကမ္းမဲ့ရပ္နားယာဥ္ ဖမ္းဆီးအေရးယူမႈေပါင္း ၁၀၀၀ ေက်ာ္ရွိ




  • ဟိုင္းလပ္ယာဥ္မ်ားေနရာတြင္ မီနီဘတ္စ္ ၄၇ စီး အစားထိုးေျပးဆြဲရန္ မထသသို႔တင္ျပ




  • ကုန္က်စရိတ္သက္သာေသာေၾကာင့္ ေမတၲာလႈိင္းယာဥ္လိုင္း၌ LPG စနစ္မ်ား တုိးခ်ဲ႕တပ္ဆင္




  • တုိက္ေၾကကားမ်ားကုိ မူလပုိင္ရွင္မ်ားထံသုိ့ျပန္ေပးရန္ ၀န္ႀကီးဌာနႏွစ္ခု ေဆြးေႏြးေန




 

Toyota to Open Myanmar Dealership


တိုယိုတာေမာ္ေတာ္ကားလုပ္ငန္းႀကီးသည္ ျမန္မာႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္ၿမိဳ႕တြင္ ပထမဦးဆံုး အေရာင္းျပခန္းကို မတ္လတြင္ ဖြင့္လွစ္သြားရန္ ေမွ်ာ္မွန္းထား ေၾကာင္း ျပည္တြင္းသတင္းအရင္းအျမစ္မ်ား၏ ေျပၾကားခ်က္အရ သိရသည္။ တိုယိုတာကုမၸဏီသည္ ျမန္မာႏုိင္ငံတြင္ တိုယိုတာအမွတ္တံဆိပ္ တပတ္ရစ္ေမာ္ေတာ္ကား မ်ား တင္သြင္းမွဳတိိုးတတ္လာမွဳအား အေထာက္အကူျပဳႏိုင္ရန္အတြက္ ေဆာင္ရြက္ျခင္းျဖစ္သည္ဟု သိရသည္။ ျမန္မာႏိုင္ငံတြင္ တိုယိုတာေမာ္ေတာ္ကား အေရာင္းျပခန္း မရွိေသးဘဲ ဝန္ေဆာင္မွဳလုပ္ငန္းမ်ားသာ ရွိေနသည္။ လြန္ခဲ့သည့္ႏွစ္တြင္ ဂ်ပန္ႏိုင္ငံမွ တင္သြင္းခဲ့သည့္ ေမာ္ေတာ္ကားမ်ား၏ ၉၀ ရာခိုင္ႏွဳန္းဝန္းက်င္မွာ တစ္ပတ္ရစ္ကား မ်ားျဖစ္ၿပီး အမ်ားစုမွာ တိုယိုတာကားမ်ား ျဖစ္ေၾကာင္းလည္း သိရသည္။ တိိုယိုတာကုမၸဏီသည္ ျမန္မာႏိုင္ငံတြင္ တိုယိုတာကားအမ်ိဳးအစား ေမာ္ဒယ္မ်ားစြာကို ေရာင္းခ် သြားမည္ျဖစ္ၿပီး အေသးစားႏွင့္ အလတ္စားအရြယ္ရွိ ခရီးသည္တင္ကားမ်ား၊ ဟိုင္းလပ္ပစ္ကပ္ကားမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။


Ref : Myanmar Business Today

ကားယူဝယ္တင္သြင္းျခင္းျဖင့္ အခြန္ေငြ ခုႏွစ္သန္းေက်ာ္ကို ႏို္င္ငံေတာ္ ဘ႑ာေငြအျဖစ္ ရရွိခဲ့


ျမန္မာႏိုင္ငံက ျပည္ပမွ ဝယ္ယူတင္သြင္းေသာ ေမာ္ေတာ္ယာဥ္မ်ားမွ အခြန္ေငြ က်ပ္သန္းေပါင္း ခုႏွစ္သန္းေက်ာ္ကို ႏိုင္ငံေတာ္ ဘ႑ာေငြအျဖစ္ ရရွိခဲ့ေၾကာင္း သိရသည္။ ေမာ္ေတာ္ယာဥ္မ်ားကို ၂၀၁၁ ခုႏွစ္ ေအာက္တိုဘာ ၂၅ ရက္မွ စတင္၍ အခြန္ေငြေကာက္ခံခဲ့ၿပီး ၂၀၁၄ ဇန္နဝါရီလ အထိက်ပ္သန္းေပါင္း ၇၃၈၁၁၇ ဒသမ ၃၉ သန္း ေကာက္ခံရရွိခဲ့ေၾကာင္း ဘ႑ာေရးဝန္ႀကီးဌာနမွ၊ အေကာက္ခြန္ဦးစီးဌာနမွ ထုတ္ျပန္ခဲ့ေသာသတင္းမ်ားအရ သိရသည္။ အေကာက္ခြန္ႏွင့္ ကုန္သြယ္လုပ္ငန္းခြန္မ်ား စည္းၾကပ္ေကာက္ခံကာ ထုတ္ေပးၿပီးျဖစ္သည့္ ယာဥ္မ်ားအနက္ ယာဥ္္အို၊ ယာဥ္ေဟာင္းအစားထိုးလဲလွယ္ေရးစီမံခ်က္အတြက္ ၈၂၆၂၅ စီး၊ ကားအေရာင္းျပခန္းမ်ား အတြက္ ၅၈၅၃၂ စီး၊ သေဘၤာသားပါမစ္ျဖင့္ တင္သြင္းမွဳမ်ားအတြက္ ၂၈၁၈ စီး၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ပါမစ္ျဖင့္ တင္သြင္းမွဳမ်ားအတြက္ ၂၈၆ စီး၊ ကုမၸဏီပါမစ္ျဖင့္ တင္သြင္းမွဳမ်ားအတြက္ ၇၂၈ စီး၊ ျပင္ပေန အလုပ္လုပ္သူမ်ား ပါမစ္ျဖင့္ တင္သြင္းမွဳမ်ားအတြက္ ၄၃ စီး၊ ဟိုတယ္ခရီးသြားဝန္ႀကီးဌာနမွ ပါမစ္ျဖင့္ တင္သြင္းမွဳမ်ားအတြက္ ၁၉၉၇ စီး၊ စစ္သံအမွဳထမ္းပါမစ္ျဖင့္ တင္သြင္းမွဳမ်ားအတြက္ ၁၀၈ စီး၊ လြတ္လပ္စြာဝယ္ယူသူပါမစ္ျဖင့္ တင္သြင္းမွဳမ်ားျဖင့္ ၁၁၁၃၁၁ စီး တင္သြင္းခဲ့ေၾကာင္း ဘ႑ာေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။


Ref : Myanmar Business Today

စည္ပင္၀န္ထမ္းေတြရဲ႔ အသက္အႏၱရာယ္ကို ၿခိမ္းေျခာက္ေနတဲ့ စည္းကမ္းမဲ့ ညေမာင္းကားသမားမ်ား


စည္းကမ္းမဲ့ ညေမာင္းကားသမားေတြေၾကာင့္ ညပိုင္းမွာ အလုပ္လုပ္ေနၾကတဲ့ စည္ပင္၀န္ထမ္းေတြရဲ႕ အသက္အႏၲရာယ္ဟာ စိုးရိမ္စရာ ျဖစ္ေပၚေနပါတယ္။ ကိုယ့္ကား အရွိန္ကို ကိုယ္မႏိုင္ဘဲ ေမာင္းႏွင္မႈေတြေၾကာင့္ စည္ပင္၀န္ထမ္းေတြ မၾကာခဏ ထိခိုက္ဒဏ္ရာရမႈ ျဖစ္ေပၚခဲ့သလို ေဖေဖာ္၀ါရီ ၂၄ ရက္၊ ည ၁၀ နာရီ ၃၀ မိနစ္၀န္းက်င္ ကလည္း ရန္ကုန္-အင္းစိန္လမ္းမႀကီး၊ ဆင္ေရတြင္းမွတ္တိုင္ အနီးမွာ အရွိန္ျပင္းစြာ ေမာင္းႏွင္လာတဲ့ Toyota Spacio အငွားယာဥ္တစ္စီးက အမိႈက္လာပစ္သူ ႏွစ္ဦး၊ စည္ပင္၀န္ထမ္း တစ္ဦးနဲ႔ Hijet ကားတစ္စီးကို ၀င္တိုက္မိခဲ့ပါတယ္။


Ref : Automobile

ယာဥ္ထိန္းရဲတပ္ဖြဲ႕၀င္ အေယာင္ေဆာင္ကာ ေမာ္ေတာ္ယာဥ္မ်ားအား ရပ္တန္႕စစ္ေဆးေငြေတာင္းခံေနသူကို နယ္ေျမခံလွည့္ကင္းအဖြဲ႕မွ ေတြ႕ရွိအေရးယူ


၃.၃.၂၀၁၄ ရက္ေန႕ ၀၂၃၀ အခ်ိန္တြင္ ကမာရြတ္ၿမိဳ႕မ ရဲစခန္းမွ ရဲတပ္ၾကပ္ႀကီး အုန္းသြင္ႏွင့္အဖြဲ႕သည္ လွည့္ကင္းတာ၀န္ ေဆာင္ရြက္ေနစဥ္ ကမာရြတ္ၿမိဳ႕နယ္၊(၄)ရပ္ ကြက္၊ ဘုရင့္ေနာင္လမ္း၊ သေဘၤာက်င္း ၀န္ထမ္းအိမ္ယာေရွ႕တြင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕၀င္၏၀တ္စံုအား ဖိနပ္မပါ၊ ဦးထုပ္မပါ၀တ္ဆင္လ်က္ ယာဥ္မ်ားကိုရပ္တန္႔စစ္ေဆး ၿပီးေငြေၾကး ေတာင္းခံေနသူတစ္ဦးအားေတြ႕ရွိခဲ့၍ မသကၤာသျဖင့္စစ္ေဆးခဲ့ပါသည္။ အဆိုပါသူအားစစ္ေဆးရွာေဖြရာ မွာယာဥ္ထိန္းရဲ တပ္ဖြဲ႕၀င္တစ္ဦးမဟုတ္ဘဲ အင္းစိန္ၿမိဳ႕နယ္၊ ရြာမအေနာက္ရပ္ကြက္ေန ေက်ာ္ဆန္း၀င္း (ဘ)ဦးဆန္းျမင့္ ျဖစ္ေၾကာင္းသိရွိရၿပီး ယာဥ္ထိန္းရဲတပ္ဖြဲ႕၀င္၏၀တ္စံုအား အေယာင္ေဆာင္၀တ္ဆင္၍ ေမာ္ေတာ္ယာဥ္မ်ားကို ရပ္တန္႔စစ္ေဆးကာ ေငြေၾကးမ်ား ေတာင္းခံေနျခင္း ျဖစ္ေၾကာင္းသိရွိရၿပီး ၎ထံမွ ထိုကဲ့သုိ႔ ေတာင္းခံရရွိထားသည့္ ေငြက်ပ္(၇၇၀၀)အား သိမ္း ဆည္းရမိခဲ့သျဖင့္ ကမာရြတ္ၿမိဳ႕မရဲစခန္း (ပ)၁၀၁/၂၀၁၄၊ ပုဒ္မ ၁၇၀ ျဖင့္ အမႈဖြင့္ကာ ေရးယူေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိပါသည္။


Ref : Myanmar daily news

ပုဂၢလိက စက္သံုးဆီ ကုမၸဏီေလးခု၌ CNG သဘာ၀ဓာတ္ေငြ႔ အစားထိုး LPG ဓာတ္ေငြ႔ရည္မ်ား ျဖန့္ျဖဴးေရာင္းခ်မည္


ျပည္တြင္းပုဂၢလိကစက္သံုးဆီ ကုမၸဏီေလးခု ျဖစ္သည့္ Asia World ၊ ေရႊသံလြင္၊ ဧဒင္ႏွင့္ Max Myanmar တို႔တြင္ CNG သဘာ၀ဓာတ္ေငြ႕အစားထိုး LPG ဓာတ္ေငြ႔ ရည္မ်ား ျဖန္႔ျဖဴး ေရာင္းခ်ေပးသြားမည္ ျဖစ္ေၾကာင္း ‘Powertek Engineering Group’မွ သတင္းရရွိသည္။ Asia World ၊ေရႊသံလြင္၊ ဧဒင္ႏွင့္ Max Myanmar ကုမၸဏီမ်ားမွ ဖြင့္လွစ္ေရာင္းခ်လ်က္ရွိေသာ စက္သံုးဆီ အေရာင္းဆိုင္မ်ားတြင္ LPG ဓာတ္ေငြ႕ရည္မ်ား ေရာင္းခ်သြား မည္ျဖစ္ၿပီး ျပည္ပမွ တင္သြင္းထားၿပီးျဖစ္ေၾကာင္း သိရသည္။ “အခု ျပည္တြင္းမွာ ေရာင္းခ်ေနတဲ့ LPG ေလာင္စာက ကားေမာင္းရာမွာ သံုးတာမဟုတ္ဘဲ ဟင္းခ်က္ရာမွာ သံုးတဲ့ အရည္အေသြး ျဖစ္ေနပါတယ္၊ ဒါေၾကာင့္ LPG ဓာတ္ေငြ႕က အဆင္မေျပ ျဖစ္ေနတယ္၊ အဓိက ကားေတြအတြက္ သီးသန္႔ LPG ေရာင္းရမွာပါ၊ အဲဒါေၾကာင့္ အရည္အေသြးျပည့္ၿပီး ေမာင္းတဲ့အခါမွာ အဆင္ေျပမႈ ရွိေအာင္ ကုမၸဏီႀကီးေတြနဲ႔ ပူးေပါင္းၿပီး အရည္အေသြးေကာင္းတဲ့ LPG ရရွိႏိုင္ေအာင္ ေဆာင္ရြက္သြားမွာပါ”ဟု Powertek Engineering Group မွ မန္ေနဂ်င္း ဒါ႐ိုက္တာ ဦးေန၀င္းက ေျပာသည္။ ျပည္တြင္း၌ LPG ဓာတ္ေငြ႕ကို တစ္လီတာလွ်င္ က်ပ္ ၆၅၀ မွ ခုနစ္ရာႏႈန္းၾကားျဖင့္ ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။


Ref : Automobile

တာ၀န္ခ်ိန္အတြင္း ယာဥ္ထိန္းရဲႏွင့္ အႏုပညာရွင္တစ္ဦးျဖစ္ပြားခဲ့သည့္ အမႈအတြက္ အျပန္အလွန္ တရားစဲြဆို


တာ၀န္္ခ်ိန္အတြင္း ယာဥ္ထိန္းရဲ ႏွင့္ အႏုပညာရွင္တစ္ဦး ျဖစ္ပြားခဲ့သည့္အမႈအတြက္ မဂၤလာေတာင္ၫြန္႔ၿမဳိ႕နယ္ တရား႐ုံး၌ အျပန္အလွန္ တရားစြဲဆိုမႈမ်ား ျပဳလုပ္ထား ေၾကာင္း ေဖေဖာ္၀ါရီ ၂၈ ရက္က ‘အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲ မွဴး႐ုံး’တြင္ အမွတ္(၂)ယာဥ္ထိန္း တပ္ဖြဲ႕ခြဲမွဴး ဒုတိယရဲမွဴးႀကီး လင္းထြဋ္က ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီ ၉ ရက္က မဂၤလာေတာင္ၫြန္႔ၿမဳိ႕နယ္၊ သိမ္ျဖဴလမ္းႏွင့္ ကန္ေတာ္ႀကီး ကန္ပတ္လမ္းဆံုတြင္ ယာဥ္ထိန္း ရဲတပ္ၾကပ္ႀကီး ေသာင္းဒန္ႏွင့္ အႏုပညာရွင္တစ္ဦး ျဖစ္ သူ သ႐ုပ္ေဆာင္ ေနသူရိန္တို႔ ျဖစ္ပြားခဲ့သည့္ ျပႆနာအတြက္ ရဲတပ္ၾကပ္ႀကီး ေသာင္းဒန္မွ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ခဲ့ၿပီး မဂၤလာေတာင္ၫြန္႔ ၿမိဳ႕မရဲစခန္း ပ ၁၁၄/၂၀၄ ပုဒ္မ ၃၂၂ အရ တရားလို ျပဳလုပ္ တရားစဲြဆိုခဲ့သလုိ ေနသူရိန္ ဘက္မွလည္း ပုဒ္မ ၃၂၅ အရ ျပန္လည္ တရားစြဲဆိုထားေၾကာင္း သိရသည္။ “ဒီအမႈအတြက္ ဘယ္သူမွားတယ္၊ မွန္တယ္ဆိုတာကို မဂၤလာေတာင္ၫြန္႔ တရား႐ုံးကေနၿပီး စစ္ေဆးမႈေတြ လုပ္ေနပါၿပီ၊ အျဖစ္မွန္ေပၚရင္ မွားတဲ့သူ အေရးယူခံရမွာ ျဖစ္ပါတယ္၊ ဥပေဒ အတုိင္းပဲ ျဖစ္ေစမွာပါ၊ မွန္မွန္ကန္ကန္ ျဖစ္ေအာင္လည္း လိုအပ္တဲ့ အေထာက္အထားေတြကို စံုစမ္းစစ္ေဆးမယ္၊ ဘက္လိုက္တာမ်ဳိး လံုး၀ မရွိေစဘဲ မွန္မွန္ကန္ကန္ ဆံုး ျဖတ္ေစမွာပါ”ဟု ‘အမွတ္-၂ ယာဥ္ ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ုံး’မွ ဒုတိယ ရဲမွဴးႀကီး လင္းထြဋ္က ဆုိသည္။ ရဲတပ္ၾကပ္ႀကီး ေသာင္းဒန္ စြဲဆိုထားသည့္ ဥပေဒပုဒ္မ ၃၃၂ မွာ ျပည္ သူ႔တာ၀န္ထမ္းေဆာင္ေနခ်ိန္အတြင္း သာမန္နာက်င္ေစမႈ၊ လက္ေရာက္က်ဴးလြန္မႈျဖစ္ၿပီး ေနသူရိန္ဘက္မွ ျပန္လည္စြဲဆိုထားသည့္ ဥပေဒပုဒ္မ ၃၂၅ မွာ မည္သူမဆို တံုးေသာလက္နက္ျဖင့္သာ နာက်င္ေစမႈ ျဖစ္ေစခဲ့သည့္ ပုဒ္မတို႔ ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ျဖစ္စဥ္မွာ ၂၀၁၄ ခုႏွစ္၊ ေဖေဖာ္၀ါရီ ၉ ရက္၊ နံနက္ ၁၁ နာရီ ၁၅ မိနစ္ အခ်ိန္တြင္ မဂၤလာေတာင္ၫြန္႕ၿမဳိ႕နယ္၊ သိမ္ျဖဴလမ္းႏွင့္ ကန္ပတ္လမ္းဆံုတြင္ တာ၀န္က်ရဲတပ္ၾကပ္ႀကီး ေသာင္းဒန္ တာ၀န္ထမ္းေဆာင္ေနခ်ိန္ ၉ဃ/.... အနက္ေရာင္ ယာဥ္သည္ မီးပြိဳင့္တြင္ ဖရီးယာဥ္ေၾကာ အတုိင္း ညာဘက္ သိမ္ျဖဴလမ္းကို မေကြ႕ဘဲ တည့္တည့္ထြက္လာ သည္ကို တာ၀န္က်ရဲတပ္ၾကပ္ ႀကီးက တားဆီခဲ့ရာတြင္ အဆိုပါ အႏုပညာရွင္ ေနသူရိန္မွ တားဆီး မႈအတြက္ ၾကမ္းတမ္းစြာေျပာဆို ခဲ့ၿပီး ေနာက္တစ္ေန႔ ေဖေဖာ္၀ါရီ ၁၀ ရက္၊ ညေနပိုင္း ၆ နာရီ ၁၅ မိနစ္အခ်ိန္၌ ျပန္လည္ေရာက္ရွိ လာ ကာ ယာဥ္ေပၚပါ လူေလး ေယာက္ျဖင့္ အႏုိင္အထက္ ျပဳ လုပ္ခဲ့၍ ရဲတပ္ၾကပ္ႀကီး ေသာင္း ဒန္က ျပန္လည္ ခုခံကာကြယ္မႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း အထက္ပါ႐ံုး မွသိ ရသည္။


Ref : Automobile

မတ္ ၁ ရက္မွစ၍ စည္ပင္သာယာနယ္နိမိတ္အတြင္း ခရီးသည္တင္ ဟိုင္းလပ္ယာဥ္မ်ား ၀င္ေရာက္ေျပးဆဲြမႈ ထိေရာက္စြာ အေရးယူမည္


လာမည့္ မတ္ ၁ ရက္မွ စတင္ကာ ရန္ကုန္စည္ပင္သာယာနယ္နိမိတ္အတြင္း ခရီးသည္တင္ ဟိုင္းလပ္ယာဥ္မ်ား ၀င္ေရာက္ေျပးဆဲြပါက ထိေရာက္စြာ အေရးယူေဆာင္ရြက္ သြားမည္ ျဖစ္ေၾကာင္း ‘မထသ(ဗဟို)’မွ သိရသည္။ ပဲခူးတုိင္းေဒသႀကီးမွ ရန္ကုန္တိုင္းေဒသႀကီးသုိ႔ ေျပးဆြဲလ်က္ရွိသည့္ ခရီးသည္တင္ ဟိုင္းလပ္ယာဥ္မ်ားကို ေဖေဖာ္၀ါရီ ၂၈ ရက္ အထိသာ ရန္ကုန္ စည္ပင္သာယာ နယ္နိမိတ္အတြင္းသို႔ ၀င္ေရာက္ ေျပးဆြဲခြင့္ ျပဳထားၿပီး အဆိုပါရက္ ေက်ာ္လြန္ပါက ေျပးဆြဲသည့္ ေမာ္ေတာ္ယာဥ္ မ်ားကို သတ္မွတ္ထားသည့္ ဥပေဒအတိုင္း ဖမ္းဆီး အေရးယူသြားမည္ဟု သိရသည္။ “ဟုိင္းလပ္ေတြကို စည္ပင္သာယာ နယ္နိမိတ္အတြင္း ၀င္ေရာက္ေျပးဆြဲခြင့္ကို ေဖေဖာ္၀ါရီ ၂၈ ရက္အထိပဲ လက္ခံေတာ့မယ္၊ အႏၲရာယ္ရွိတယ္၊ ေနာက္ၿပီး ခရီးသည္တင္ရင္လည္း အမိုးေပၚေတြေရာ၊ ေနာက္တြယ္ေတြေရာ၊ ေဘးတန္း ေပါင္ေတြ ေတာင္မေရွာင္ အကုန္တက္စီးၾကတာ၊ အရမ္းကို အႏၲရာယ္မ်ားလြန္းလို႔ သတ္မွတ္လုိက္ရတာပါ”ဟု မထသ(ဗဟုိ) ဥကၠ႒ ဦးလွေအာင္က ေျပာသည္။ ရန္ကုန္ၿမိဳ႕ျပင္မွ ၿမိဳ႕တြင္းသို႔ ၀င္ေရာက္ေျပးဆြဲေနသည့္ ခရီးသည္တင္ ဟိုင္းလပ္ယာဥ္မ်ားအျပင္ ၿမိဳ႕တြင္း ဟိုင္းလပ္ယာဥ္မ်ား ကိုလည္း စည္ပင္သာယာနယ္နိမိတ္အတြင္း ေျပးဆဲြခြင့္ ကန္႔သတ္လိုက္သည့္ ဟိုင္းလပ္ယာဥ္မ်ား ေနရာတြင္ မီနီဘတ္စ္မ်ား၊ စီးတီးဘတ္စ္မ်ားျဖင့္ အစားထုိးေျပးဆြဲသြားမည္ ျဖစ္ၿပီး ဟုိင္းလပ္ယာဥ္ မ်ားကို စက္သံုးဆီ ထည့္ရန္ ႏွင့္ CNG ထည့္ရန္သာ ခြင့္ျပဳထားေၾကာင္းႏွင့္ ယာဥ္လိုင္းအလုိက္ သတ္မွတ္ထားသည့္ ေနရာမ်ားအထိသာ ေမာင္းႏွင္ႏုိ္င္ေၾကာင္း သိရသည္။


Ref : Automobile

အရက္ေသစာ ေသာက္စား၍ အရွိန္ျပင္းစြာယာဥ္ေမာင္းႏွင္ပါက ေမာ္ေတာ္ယာဥ္ဥပေဒအရ ေထာင္ဒဏ္ တစ္ႏွစ္အထိ က်ခံေစမည္


ရန္ကုန္တုိင္းေဒသႀကီးအတြင္း အ ရက္ေသစာ ေသာက္စား၍ အရွိန္ ျပင္းစြာ ယာဥ္ေမာင္းႏွင္ပါက ေမာ္ ေတာ္ယာဥ္ဥပေဒအရ အမ်ားဆံုး ေထာင္ဒဏ္ တစ္ႏွစ္အထိ က်ခံ ေစမည္ ျဖစ္ေၾကာင္း ‘အမွတ္(၂) ယာဥ္ထိန္း ရဲတပ္ဖြဲ႕ခြဲမွဴး႐ုံး’မွ သတင္း ရရွိသည္။ ေမာ္ေတာ္ယာဥ္အား အရက္ ေသစာေသာက္စား၍ ျဖစ္ေစ၊ အရွိန္ျပင္းစြာ ေမာင္းႏွင္၍ ျဖစ္ေစ၊ ယာဥ္ေမာင္းလိုင္စင္မရွိဘဲ ေမာင္းႏွင္၍ ျဖစ္ေစ၊ ေမာ္ေတာ္ယာဥ္ အာမခံထားရွိျခင္း မရွိသည့္ သက္တမ္းပ်က္ယာဥ္ႏွင့္ အမ်ားျပည္သူ အသံုးျပဳသည့္ လမ္းမ်ားေပၚ တြင္ ေမာင္းႏွင္ျခင္းမ်ားအား ဖမ္းဆီး အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ “အရက္ေသစာ မူးယစ္ ေသာက္စားထားတယ္၊ မထားဘူး ဆုိတာကို စစ္ဖုိ႔ အတြက္ Alcohol ေတြကို အသံုးျပဳမယ္၊ အရွိန္ျပင္း ေမာင္းႏွင္တာေတြကို စစ္ေဆးဖို႔ အျမန္ႏႈန္းတိုင္းကိရိယာေတြကို အသံုးျပဳ ေဆာင္ရြက္သြားမွာပါ၊ စစ္ေဆးမႈကို မၾကာ မီ အျမန္ဆံုး ေဆာင္ရြက္သြားမွာပါ”ဟု အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖဲြ႕ခြဲမွဴး ႐ုံးမွတာ၀န္ရွိ သူတစ္ဦးက ေျပာသည္။ အမ်ားျပည္သူ အသံုးျပဳသည့္ လမ္းမ်ားေပၚ၌ မဆင္မျခင္ ေမာင္းႏွင္ပါက ေမာ္ေတာ္ယာဥ္ ဥပေဒ ပုဒ္မ(၂၁) အရ ေထာင္ဒဏ္ ေျခာက္လအထိ ျဖစ္ေစ၊ ဒဏ္ေငြ က်ပ္ငါးရာအထိ ျဖစ္ေစ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ က်ခံေစႏုိင္ၿပီး ယင္း ျပစ္မႈအား တစ္ႏွစ္အတြင္း ဒုတိယအႀကိမ္ ထပ္မံက်ဴးလြန္ပါက ေထာင္ဒဏ္ တစ္ႏွစ္ျဖစ္ေစ၊ ဒဏ္ေငြ က်ပ္ ငါးရာမွ ၁,၅၀၀ အထိ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ က်ခံေစႏိုင္ ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္ ႏွစ္ကုန္ပုိင္း၌ အရက္ေသစာ မူးယစ္ေသာက္စား၍ ယာဥ္ေမာင္းႏွင္ခဲ့သူ တစ္ဦးအား ေထာင္ဒဏ္ တစ္လ ခ်မွတ္အေရးယူ ေဆာင္ရြက္မႈျပဳခဲ့ၿပီး ယခုေနာက္ပုိင္း၌ ေထာင္ဒဏ္ တစ္ႏွစ္အထိ က်ခံေစႏုိင္မႈကို မၾကာမီကာလအတြင္း ေဆာင္ရြက္မည္ ျဖစ္သည္ဟု အထက္ပါ ဌာနမွ သိရသည္။


Ref : Automobile

ယာဥ္လုိင္း တစ္လုိင္းႏွင့္တစ္လိုင္း ႐ႈပ္ေထြးမႈ မရွိေသာ သီးသန္႔ ယာဥ္လမ္းေၾကာင္းမ်ား ေဖာ္ေဆာင္ေျပးဆြဲႏုိင္ရန္ သက္ဆုိင္ရာသို႔ တင္ျပ


ရန္ကုန္ၿမဳိ႕တြင္း၌ ယာဥ္လုိင္းမ်ား မ်ားျပားမႈရွိေနၿပီး ယာဥ္လိုင္း တစ္လုိင္းႏွင့္တစ္လိုင္း ႐ႈပ္ေထြးလ်က္ရွိ ေသာေၾကာင့္ ယာဥ္ေၾကာ႐ႈပ္ေထြးမႈမ်ားႏွင့္ က်ပ္တည္းမႈမ်ား ျဖစ္ ေပၚလ်က္ရွိရာ သီးသန႔္ယာဥ္လမ္း ေၾကာင္းမ်ား ေဖာ္ထုတ္ေျပးဆြဲႏုိင္ရန္ သက္ဆုိင္ရာ အစုိးရအဖြဲ႕သို႔ တင္ျပထားေၾကာင္း ရန္ကုန္ၿမဳိ႕ျပ သယ္ယူပို႔ေဆာင္ေရး အဖြဲ႕မ်ားႏွင့္ ကြၽမ္းက်င္ပညာရွင္မ်ား၏ ေျပာၾကားခ်က္မ်ားအရ သိရသည္။ “ရန္ကုန္မွာေျပးဆြဲတဲ့ ယာဥ္အစီးေရသာ နည္းတာ၊ ယာဥ္လိုင္းေတြက လုိင္းေပါင္းသံုးရာ ေက်ာ္ေတာင္ရွိ တယ္၊ ယာဥ္အခ်င္းခ်င္း ခရီးသည္လုတာ၊ ၿပိဳင္ေမာင္းတာေတြရွိတယ္၊ ဥပမာ ျပည္လမ္း တစ္ေလွ်ာက္ ေျပးဆြဲေနတဲ့ ယာဥ္လိုင္းေတြ အမ်ားႀကီး ႐ႈပ္ေထြးေနတယ္၊ ဒီလိုမ်ဳိး ယာဥ္လုိင္းေတြမ်ား ေနမယ့္အစား သီးသန္႔လိုင္း တစ္လိုင္းကို ေဖာ္ေဆာင္ၿပီး ယာဥ္ေတြက အဲဒီလိုင္းမွာပဲ ၀င္ေရာက္ေျပး ဆြဲတာမ်ဳိး၊ ယာဥ္လမ္းေၾကာင္း တစ္ခုကို ယာဥ္ လိုင္းတစ္ခုတည္း ယာဥ္အစီးေရ မ်ားမ်ားနဲ႔ဆြဲမယ္၊ သံုးမိနစ္ျခား၊ ငါးမိနစ္ျခား တစ္စီး ထြက္မယ္ဆိုရင္ ခရီးသည္အေနနဲ႔လည္း ကားစီးရတာ အဆင္ေျပသလို ယာဥ္ေၾကာ က်ပ္တာ /႐ႈပ္တာလည္း ေလ်ာ့သြားမယ္၊ ဒါေၾကာင့္ စနစ္ မလုပ္ႏုိင္ခင္ မွာ ဒီလို လမ္းေၾကာင္းေျပာင္းဖုိ႔ တင္ျပတာ၊ ဒါကို ခြင့္ျပဳရင္ေတာ့ ေတာ္ေတာ္ေလးကို အဆင္ေျပ မွာပါ”ဟု ‘ဗႏၶဳလ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီလီမိတက္’မွ မန္ေနဂ်င္း ဒါ႐ုိက္တာ ဦးမ်ဳိးျမင့္ကေျပာသည္။ ယာဥ္ေၾကာ က်ပ္တည္း႐ႈပ္ေထြးမႈႏွင့္ ပတ္သက္၍ ၂၀၁၃ ခု ႏွစ္တြင္ ဖ်က္သိမ္းခဲ့ေသာ အမ်ား ျပည္သူ သယ္ယူပို႔ေဆာင္ေရးအာဏာပုိင္အဖဲဲြ႕ ဥကၠ႒ ဦးၾကည္သိန္း က “စီမံခန႔္ခြဲမႈ ေကာင္းေကာင္းလုပ္ရမယ္၊ ဒါ႔ျပင္ ဘတ္စ္ကားအခ်င္း ခ်င္း အၿပဳိင္အဆိုင္ ေက်ာ္တက္ ေမာင္းႏွင္တာေတြကို အေရးယူမယ္၊ ဒါမ်ဳိး မျဖစ္သင့္ဘူး၊ ယာဥ္မရပ္ရဆုိတဲ့ေနရာမွာ ယာဥ္လုံုး၀ကို ရပ္ပိုင္ခြင့္မရွိရဘူး၊ စည္းကမ္း တင္းၾကပ္မႈနဲ႔ အားလံုး ပါ၀င္လုိက္နာမယ္၊ ႏုိင္ငံေတာ္အစိုးရကလည္း ကူညီေထာက္ပံမယ္ဆုိရင္ တျဖည္းျဖည္းနဲ႔ အဆင္ေျပလာမွာပါ”ဟု ၎၏အျမင္ကို ေျပာသည္။ ရန္ုကုန္ၿမဳိ႕တြင္း၌ သယ္ယူပို႔ေဆာင္ေရးအတြက္ ယာဥ္လိုင္း အဖြဲ႕ႀကီး ၁၈ လုိင္းမွ ယာဥ္အစီး ေရ ၅,၆၀၀ ေက်ာ္ျဖင့္ လိုင္းငယ္ ေပါင္း သံုးရာေက်ာ္တြင္ ေန႔စဥ္ ေျပးဆြဲလ်က္ ရွိၿပီး မ်ားျပားလွေသာ ယာဥ္လိုင္းမ်ားေၾကာင့္ လက္ရွိ ျဖစ္ေပၚေနေသာ ယာဥ္ေၾကာက်ပ္တည္းမႈႏွင့္ ႐ႈပ္ေထြးမႈကိုေျဖရွင္းရန္ မလြယ္ကူေၾကာင္း၊ ယင္းကို ေျဖရွင္းႏုိင္ပါက အဆင့္ျမင့္ သယ္ယူပို႔ေဆာင္ေရးအျပင္ ႏုိင္ငံတကာကဲ့သို႔ ကတ္စနစ္ျဖင့္ ေငြေပးေခ်မႈကိုလည္း ေအာင္ျမင္စြာ ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း ၿမဳိ႕ျပသယ္ယူပို႔ေဆာင္ေရး ကြၽမ္းက်င္ပညာရွင္မ်ားက သံုးသပ္သည္။


Ref : Automobile

e-ticket အသံုးျပဳရန္ ဗႏၶဳလ ယာဥ္လိုင္းမ်ား၌ လစာေပးစနစ္ က်င့္သံုးမည္


အီလက္ထရြန္းနစ္ လက္မွတ္ျဖတ္စနစ္ e-ticket အသံုးျပဳရန္ ဗႏၶဳလ သယ္ယူပုိ႔ေဆာင္ေရးယာဥ္လုိင္းမ်ားတြင္ လစာေပးစနစ္ က်င့္သံုးမည္ ျဖစ္ေၾကာင္း ‘ဗႏၶဳလ သယ္ယူ ပို႔ေဆာင္ေရးကုမၸဏီ လီမိတက္’မွ သတင္းရရွိသည္။ လက္ရွိတြင္ ဗႏၶဳလသယ္ယူပို႔ေဆာင္ေရး ယာဥ္လုိင္း ေျခာက္လိုင္း၌ iPay စနစ္ကို က်င့္သံုးလ်က္ရွိၿပီး ေအာင္ျမင္မႈ မရွိေသာေၾကာင့္ အီလက္ထရြန္းနစ္ လက္မွတ္ျဖတ္စနစ္ကို ဆက္လက္ တိုးျမႇင့္အသံုးျပဳရန္တြက္ ဗႏၶဳလ ယာဥ္လိုင္းမ်ားတြင္ လစာေပးစနစ္ကို က်င့္သံုးႏုိင္ရန္ ႀကိဳးစားသြား မည္ ျဖစ္ေၾကာင္း သိရသည္။ “iPay မေအာင္ျမင္တာက ယာဥ္လုိင္းအားလံုးမွာ မလုပ္ႏုိင္တာေၾကာင့္လည္း ပါသလို လစာေပးစနစ္ ေအာင္ျမင္ေအာင္ မလုပ္ခဲ့တာေၾကာင့္ လည္း ပါတယ္၊ e-ticket ကေတာ့ iPay ထက္ နည္းပညာျမင့္သလို သံုးစြဲရတာလည္း အဆင္ေျပႏိုင္တယ္၊ ယာဥ္လုိင္းေတြမွာ လစာေပးစနစ္နဲ႔ သြားဖုိ႔ စီစဥ္မယ္၊ ဒါေပမဲ့ ဒါက ျဖည္းျဖည္းခ်င္း လုပ္ကိုင္သြားမွာပါ”ဟု ‘ဗႏၶဳလ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီလီမီတက္’မွ မန္ေနဂ်င္းဒါ႐ုိက္တာ ဦးမ်ဳိးျမင့္က ေျပာသည္။ ဗႏၶဳလ သယ္ယူပို႔ေဆာင္ေရး ယာဥ္လိုင္းမ်ားတြင္ iPay တပ္ဆင္မႈကို ၂၀၁၂ ခုႏွစ္မွ စတင္ခဲ့ျခင္း ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ေအာင္ျမင္မႈ မရရွိေသးေၾကာင္း၊ လစာေပးစနစ္မွာ ေမတၱာလႈိင္း ယာဥ္လုိင္း မ်ားတြင္ က်င့္သံုးခဲ့ေသာ္လည္း ေအာင္ျမင္မႈ မရွိေသးသည့္အတြက္ လက္ရွိတြင္ ယာဥ္လုိင္းအားလံုး၌ ေခါက္ေရစနစ္ ျဖင့္သာ ေျပးဆြဲလ်က္ရွိေၾကာင္း သိရသည္။ “ကတ္ စနစ္နဲ႔ ေငြေပးေခ်မႈစနစ္ ေအာင္ျမင္ဖို႔ဆိုရင္ ယာဥ္လုပ္သားေတြကို လစာေပးစနစ္နဲ႔သြားမွ ပိုေအာင္ျမင္ႏုိင္မယ္၊ ၀င္ေငြအမွန္ကို ရရွိဖုိ႔လိုအပ္ၿပီး လံုေလာက္တဲ့လစာ ေပးအပ္ထားမွ သာလွ်င္ ေအာင္ျမင္ႏုိင္မွာပါ၊ လူတုိင္းသံုးစြဲဖုိ႔အတြက္ဆိုရင္ ႏုိင္ငံေတာ္ကလည္း ပံ့ပိုးကူညီမႈေတြ လိုအပ္တယ္၊ ဒါမွသာလွ်င္ သယ္ယူပို႔ေဆာင္ေရး စနစ္ ေတြလည္း ေကာင္းလာႏုိင္သလို ၿမိဳ႕ျပ လည္း ေခတ္မီလာမယ္”ဟု ရန္ကုန္ၿမိဳ႕ျပ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းတစ္ခုမွ အၿငိမ္းစား ဗိုလ္မွဴးႀကီးတစ္ဦးက ေျပာသည္။


Ref : Automobile

ၿပဳိင္ကားမ်ား ယွဥ္ၿပဳိင္ေမာင္းႏွင္မႈ ရန္ကုန္ၿမိဳ႕ ေနရာ ႏွစ္ဆယ္တြင္ ေစာင့္ၾကပ္ ဖမ္းဆီးအေရးယူမည္


ရန္ကုန္ၿမိဳ႕တြင္ ၿပဳိင္ကားမ်ား ယွဥ္ၿပဳိင္ေမာင္းႏွင္ေနမႈ မ်ားအား ေနရာ ႏွစ္ဆယ္တြင္ ေစာင့္ၾကပ္ဖမ္းဆီး အေရးယူသြားမည္ ျဖစ္ေၾကာင္း ‘အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖဲြ႕ခြဲ မွဴး႐ုံး’မွ သိရသည္။ ၿပဳိင္ကားမ်ား ယွဥ္ၿပဳိင္ေမာင္းႏွင္မႈမ်ားအား စစ္ေဆးဖမ္းဆီး ေဆာင္ရြက္ရန္အတြက္ ယာဥ္စစ္ ပိတ္ဆုိ႔အဖြဲ႕မ်ား ဖြဲ႕စည္း၍ ညစဥ္ အဖြဲ႕ ၁၀ ဖြဲ႕ ဖြဲ႕စည္းကာ ၿပဳိင္ကား ယွဥ္ၿပဳိင္ေမာင္းႏွင္မႈ အမ်ားဆံုးျပဳ လုပ္ေလ့ရွိသည့္ေနရာ ႏွစ္ဆယ္ တြင္ ေစာင့္ၾကည့္ဖမ္းဆီးသြားမည္ ျဖစ္ေၾကာင္း သိရသည္။ “ၿပဳိင္ကားေတြ ယွဥ္ၿပဳိင္ ေမာင္းႏွင္မႈ က လူေျခတိတ္တဲ့ ညအခ်ိန္ေတြမွာ ျဖစ္တာမ်ားတယ္၊ ဒါေၾကာင့္ ညပိုင္းအခ်ိန္ လူရွင္းတဲ့ ည ၁၀ နာရီေက်ာ္ကေန မနက္ ၄ နာရီအထိ ၿပဳိင္ကားဖမ္းဆီးေရး အဖြဲ႕ေတြ ဖြဲ႕ၿပီး စစ္ေဆး ဖမ္းဆီးမႈေတြ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္”ဟု အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖဲြ႕ ခြဲမွဴး႐ုံးမွ ဒုတိယရဲမွဴးႀကီး လင္းထြဋ္က ဆုိသည္။ “ၿပဳိင္ကားေတြ ၿပဳိင္ေမာင္းေန တာေတြက ယာဥ္မေတာ္တဆမႈ ေတြ ျဖစ္လာႏုိင္တယ္၊ လမ္းအသံုးျပဳသူေတြကို ထိခုိက္ေစႏုိင္တယ္၊ ၿပီးေတာ့ အုပ္စုဖဲြ႕ၿပီး ရာဇ၀တ္မႈက်ဴး လြန္တာေတြ ျဖစ္လာႏုိင္တယ္၊ ဒါေတြကို ႀကိဳတင္ကာကြယ္မႈျပဳလုပ္ ၿပီး တားဆီးသြားမွာျဖစ္ပါတယ္”ဟု ‘အမွတ္(၆) ယာဥ္ထိန္းရဲတပ္ ခြဲဖြဲ႕မွဴး႐ုံး’မွ ရဲအုပ္၀င္းလြင္က ဆိုသည္။ ၿပဳိင္ကား ယွဥ္ၿပိဳင္ေမာင္းႏွင္ မႈမ်ားအား ေရြ႕လ်ားစနစ္ျဖင့္ ဖမ္းဆီး အေရးယူေဆာင္ရြက္သြားျခင္းမ်ား ျပဳလုပ္သြားမည္ ျဖစ္ၿပီး စစ္ေဆးဖမ္းဆီးရရွိသည့္ ယာဥ္မ်ားကို ထိေရာက္စြာ အေရးယူေဆာင္ရြက္ မည္ျဖစ္ေၾကာင္း သိရသည္။


Ref : Automobile

ရန္ကုန္ၿမိဳ႕ ယာဥ္အစီးေရႏွင့္ ယာဥ္ထိန္းရဲအင္အား အဆေလးရာေက်ာ္ ကြာျခား ၄၈ ယာဥ္အစီး ေျခာက္ရာလွ်င္ ယာဥ္ထိန္း တစ္ဦးႏႈန္း ေစာင့္ၾကည့္ ရသည့္ အေနအထားျဖစ္ေန


ရန္ကုန္ၿမိဳ႕တြင္းရွိ ယာဥ္အစီးေရႏွင့္ ယာဥ္ထိန္းရဲ အင္အားမွာ အဆ ေလးရာေက်ာ္ခန္႔ ကြာျခားလ်က္ရွိေၾကာင္း ‘အမွတ္(၂) ယာဥ္ထိန္းရဲ တပ္ဖဲြ႕မွဴး႐ုံး’မွ ဒုရဲမွဴးႀကီး လင္းထြဋ္က ေျပာၾကားလိုက္သည္။ ယာဥ္အစီးေရပမာဏ၊ ယာဥ္ေၾကာ ထိန္းသိမ္းရမႈ အေနအထား ႏွင့္ ယာဥ္ထိန္းရဲအင္အား ကြာျခားေနမႈေၾကာင့္ ယာဥ္အစီးေရ ေျခာက္ရာခန္႔ကို ယာဥ္ထိန္းတစ္ဦးျဖင့္သာ ေစာင့္ၾကည့္ထိန္းသိမ္းေနရသည့္ အေနအထားျဖစ္ေနေၾကာင္း ၎က ေဖေဖာ္၀ါရီ ၂၀ ရက္က မီ ဒီယာေတြ႕ဆံုပြဲတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ လက္ရွိ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေမာ္ေတာ္ယာဥ္ အစီးေရ သံုးသိန္းခြဲခန႔္ရွိေနၿပီး တာ၀န္ ထမ္းေဆာင္လ်က္ရွိသည့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ အင္အားမွာ ၈၅၀ ခန္႔သာရွိသျဖင့္ ယာဥ္အေရအတြက္ႏွင့္ ယာဥ္ထိန္းရဲအင္အား ႏႈိင္းယွဥ္ၾကည့္ပါက ပ်မ္းမွ် အဆေလးရာေက်ာ္ ကြာျခားလ်က္ရွိေၾကာင္း သိရသည္။ “ဖြဲ႕ စည္းပံုအရ တျခားႏွစ္ေတြထက္ ယာဥ္ထိန္းရဲတပ္ဖြဲ႕အင္ အား ပိုၿပီး ခ်ထားေပးထားေပမဲ့ လက္ရွိေျမျပင္မွာေတာ့ လံုေလာက္ မႈ မရွိေသးပါဘူး၊ အခုေလာေလာဆယ္ေတာ့ ယာဥ္အစီးေရ ေျခာက္ ရာခန႔္ကို ယာဥ္ထိန္းရဲတစ္ဦးက ေစာင့္ၾကည့္ေနရတဲ့ အေနအထားမ်ဳိးပါ”ဟု အထက္ပါ ပုဂၢိဳလ္က ဆိုသည္။ ရန္ကုန္ၿမဳိ႕တြင္း ယာဥ္ေၾကာ က်ပ္တည္း မႈ၊ ယာဥ္စည္းကမ္း ေဖာက္ဖ်က္ ေမာင္းႏွင္မႈမ်ားအား ထိန္းသိမ္းေဆာင္ရြက္ရာတြင္ ၀န္ထမ္းအင္အား နည္းပါးမႈေၾကာင့္ ျပည္သူမ်ား ပူးေပါင္းပါ၀င္ေဆာင္ရြက္၍ ယာဥ္မ ေတာ္တဆမႈႏွင့္ ယာဥ္ေၾကာက်ပ္တည္းမႈကို ေလွ်ာ့ခ်ေဆာင္ရြက္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း ၎က ေျပာသည္။


Ref : Automobile

ေဖေဖာ္၀ါရီလအတြင္း လမ္းမႀကီးမ်ားေပၚ စည္းကမ္းမဲ့ရပ္နားယာဥ္ ဖမ္းဆီးအေရးယူမႈေပါင္း ၁၀၀၀ ေက်ာ္ရွိ


ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာ ယာနယ္နိမိတ္အတြင္း၌ ေဖေဖာ္၀ါ ရီလအတြင္း ယာဥ္မရပ္ရ သတ္ မွတ္ထားသည့္ လမ္းမႀကီးမ်ားေပၚ တြင္ စည္းကမ္းမဲ့ယာဥ္ရပ္နား မႈ အေရးယူမႈေပါင္း ၁၀၀၀ ေက်ာ္ရွိေၾကာင္း ‘အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ုံး’မွ သိရသည္။ ယာဥ္မရပ္ရ သတ္မွတ္ထားသည့္လမ္းမႀကီး ၅၇ ခုေပၚ၌ ရပ္နားသည့္ ယာဥ္မ်ားကို စစ္ေဆးအေရးယူမႈမ်ား ေဆာင္ရြက္ရာတြင္ ေဖေဖာ္၀ါရီ ၁ ရက္မွ ၂၅ ရက္အထိ ဖမ္းဆီးအေရးယူမႈ စုစုေပါင္း ၁,၀၇၅ မႈရွိခဲ့ၿပီး ကရိန္းျဖင့္ ဖမ္းဆီး အေရးယူမႈ ေပါင္းေလးရာ၊ ခ်လန္ျဖတ္ အေရးယူမႈ စုစုေပါင္း ၈၅၅ မႈ ရွိခဲ့ေၾကာင္း သိရသည္။ “ဖမ္းဆီးမႈေတြကို ၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္လိုက္ေတာ့ ယာဥ္ေၾကာက်ပ္တည္းမႈ သိသိသာသာ ေလ်ာ့က်သြားတယ္၊ လမ္းမႀကီးေတြေပၚမွာ စည္းကမ္းမဲ့ ယာဥ္ရပ္နားမႈေတြကို အရွိန္အဟုန္ျမႇင့္ ဆက္လက္ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္”ဟု အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ုံးမွ တာ၀န္ ရွိသူတစ္ဦးက ဆိုသည္။ ရန္ကုန္ၿမဳိ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏ စီမံခ်က္ျဖင့္ ေဆာင္ရြက္ခဲ့သည့္ အဆိုပါ ယာဥ္မရပ္ရ လမ္း မႀကီးမ်ားေပၚ ယာဥ္ရပ္နားမႈ ဖမ္းဆီးအေရးယူမႈမ်ားအား ၂၀၁၃ ခုႏွစ္၊ ႏုိ၀င္ဘာ ၁၁ ရက္မွ စတင္ေဆာင္ရြက္ခဲ့ၿပီး ယခု ၂၀၁၄ ခုႏွစ္၊ ေဖေဖာ္၀ါရီ ၂၅ ရက္ အထိယာဥ္အစီး ေရ ၅,၁၂၁ စီးကို ဖမ္းဆီး အေရးယူ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။


Ref : Automobile

ဟိုင္းလပ္ယာဥ္မ်ားေနရာတြင္ မီနီဘတ္စ္ ၄၇ စီး အစားထိုးေျပးဆြဲရန္ မထသသို႔တင္ျပ


ရန္ကုန္-ပဲခူး၊ ရန္ကုန္-ေမွာ္ဘီ၊ ရန္ကုန္-တိုက္ႀကီး ေျပးဆြဲေနေသာ ဟိုင္းလပ္ယာဥ္မ်ားေနရာတြင္ မီနီဘတ္စ္ ၄၇ စီး အစားထိုး ေျပးဆြဲရန္ ေမာ္ေတာ္ယာဥ္လုပ္ငန္းေပါင္း စံု ထိန္းသိမ္းႀကီးၾကပ္ေရး ေကာ္မတီသို႔ တင္ျပထားရွိေၾကာင္း ဟိုင္းလပ္ ယာဥ္ပိုင္ရွင္မ်ားထံမွ သိရသည္။ ယခု ေဖေဖာ္၀ါရီလကုန္မွ စတင္၍ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာ ယာေရးနယ္နိမိတ္အတြင္းသို႔ ဟိုင္းလပ္ယာဥ္ ၀င္ေရာက္ေျပးဆြဲခြင့္ တားဆီးလိုက္ေသာေၾကာင့္ မီနီဘတ္စ္ ေျပာင္းလဲေျပးဆြဲခြင့္ ေလွ်ာက္ထားလာျခင္းျဖစ္ၿပီး လက္ရွိတြင္ မီနီဘတ္စ္ ၄၇ စီး ေျပာင္းလဲေျပးဆြဲရန္ တင္ျပထားေၾကာင္း သိရသည္။ “တင္ျပထားတာေတာ့ မွန္တယ္၊ ဒါေပမဲ့ အစီးေရ သံုးဆယ္က ေဆြးေႏြးမႈအဆင့္ပဲ ရွိေသးတယ္၊ ၁၇ စီးကေေတာ့ ေျပးဆြဲခြင့္ ရၿပီ၊ အစီးေရ သံုးဆယ္က အရစ္က် စနစ္ေတြ ပါ၀င္တာေၾကာင့္ ကုမၸဏီနဲ႔ ညႇိႏိႈင္းမႈေတြ၊ သတ္မွတ္ခ်က္ေတြ က်န္ေနလို႔ပါ၊ ဒါၿပီးရင္ေတာ့ ေျပး ဆြဲခြင့္က်မွာပါ”ဟု မထသ(ဗဟို) ဥကၠ႒ ဦးလွေအာင္က ေျပာသည္။ ရန္ကုန္တိုင္းေဒသႀကီး အတြင္း ၀င္ေရာက္ ေျပးဆြဲလ်က္ရွိေသာ ဟိုင္းလပ္ယာဥ္လိုင္း ၄၆ လိုင္းရွိၿပီး ယာဥ္အစီးေရ ၈၅၀ ျဖင့္ ပံုမွန္ေျပးဆြဲလ်က္ရွိကာ မီနီဘတ္စ္မ်ားျဖင့္ ေျပာင္းလဲေျပးဆြဲေနသည့္ ယာဥ္အစီးေရ ၃၉ စီးအထိ ရွိလာေၾကာင္း၊ ထို႔ျပင္ ထပ္မံေျပာင္းလဲေျပးဆြဲ ရန္အတြက္ အစီးေရ ၄၇ စီး တင္ျပထားေၾကာင္း၊ အမ်ားစုမွာ ရန္ကုန္-ေမွာ္ဘီ ယာဥ္လိုင္းမ်ားျဖစ္ေၾကာင္း သိရသည္။


Ref : Automobile

ကုန္က်စရိတ္သက္သာေသာေၾကာင့္ ေမတၲာလႈိင္းယာဥ္လိုင္း၌ LPG စနစ္မ်ား တုိးခ်ဲ႕တပ္ဆင္


ကုန္က်စရိတ္သက္သာေသာေၾကာင့္ ေမတၱာလိႈင္းရွိကားမ်ား LPG စနစ္မ်ား ထပ္မံတပ္ဆင္ထားေၾကာင္း ‘Powertek Engineering Group’မွ သိရသည္။ ယခင္က ေမတၱာလႈိင္းယာဥ္လုိင္းတြင္ LPG စနစ္ကို ေလးစီးသာ တပ္ဆင္ထားေသာ္လည္း ကုန္က်စရိတ္သက္သာေသာေၾကာင့္ ကား ငါးစီး ထပ္မံတပ္ဆင္ထားေၾကာင္း သိရ သည္။ ထုိ႔ျပင္ ၈၁-အ၀ါ၊ ေရႊရန္ကုန္၊ LPG မ်ားႏွင့္ ႀကိဳပို႔ ယာဥ္မ်ားတြင္လည္း Taxi စနစ္မ်ား တပ္ဆင္မႈရွိလာေၾကာင္း သိရသည္။“LPG မွာ အဓိကျပႆနာက ဓာတ္ေငြ႔ အရည္အေသြးပါပဲ၊ က်န္တဲ့ ကား Heat တက္တာ၊ အင္ဂ်င္ပါ၀ါ ထိန္းတာနဲ႔ ဆီစား ႏႈန္းေတြက CNG ထက္သာပါတယ္၊ ေမတၱာလိႈင္းကေတာ့ LPG ဓာတ္ေငြ႕ကို ျမန္မာ့ ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႕လုပ္ငန္းက ပိုလွ်ံတာေတြ ၀ယ္ယူအသံုးျပဳေနလို႔ ဓာတ္ေငြ႕နဲ႔ ပတ္သက္ၿပီး သိပ္ျပႆနာမရွိဘူး၊ စရိတ္ကလည္း CNG နဲ႔က တစ္ရက္ ၃၃,၀၀၀ ေလာက္က်ရင္ အခု ၂၂,၀၀၀ ေလာက္ပဲ က်တာေၾကာင့္ တျခားယာဥ္ေတြမွာလည္း LPG ကို တိုးခ်ဲ႕တပ္ဆင္တာပါ” ဟု ေမတၱာလွဳိင္းယာဥ္လိုင္းႏွင့္ ပတ္သက္၍ ေျပာေရး ဆိုခြင့္ ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။LPG စနစ္ တပ္ဆင္ခမ်ားမွာ တစ္စီးလွ်င္ ခုနစ္သိန္း ခဲြ၊ City Bus တစ္စီးလွ်င္ ၁၇ သိန္းခဲြျဖင့္ တပ္ဆင္ႏု္ိင္ၿပီး LPG ဓာတ္ေငြ႔ကို lP Gas Company ႏွင့္ ျမန္မာ့ေရနံႏွင့္ သဘာ၀ ဓာတ္ေငြ႕တြင္ ျဖည့္ႏုိ္င္ေၾကာင္း သိရသည္။


Ref : Automobile

တုိက္ေၾကကားမ်ားကုိ မူလပုိင္ရွင္မ်ားထံသုိ့ျပန္ေပးရန္ ၀န္ႀကီးဌာနႏွစ္ခု ေဆြးေႏြးေန


ျပည္ပမွ တင္သြင္းလာေသာ တုိက္ေၾကကားမ်ားကုိ ဆိပ္ကမ္းမ်ား၌ ထိန္းသိမ္းခဲ့ရာတြင္ အခြန္အယူခံ ေအာင္ျမင္သည့္ကားမ်ားကုိ မူလပုိင္ရွင္မ်ားထံသို႔ ျပန္ေပးရန္ ၀န္ၾကီးဌာနႏွစ္ခု ေဆြးေႏြးေနေၾကာင္း အေကာက္ခြန္ဦးစီးဌာန တာ၀န္ရွိသူတစ္ဦးထံမွ သိရသည္။ အေကာက္ခြန္ဦးစီးဌာနအေနျဖင့္ တုိက္ေၾကကား တင္သြင္းလာသူ မ်ားကုိ ငဲ့ညႇာေသာအားျဖင့္ တုိက္ေၾကကားႏွင့္ ပတ္သက္ေသာ အေၾကာင္းအရာမ်ားကုိ ထုတ္ျပန္မည္မဟုတ္သလုိ အယူခံ၀င္သည့္ ကုမၸဏီမ်ားကုိလည္း အယူခံေအာင္ ျမင္ပါက ျပန္လည္ထုတ္ေပးရန္ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန ႏွင့္ ညႇိႏိႈင္းေဆာင္ရြက္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ အယူခံ ေအာင္ျမင္ေသာ တုိက္ေၾကကားမ်ားကုိ ျပန္လည္ထုတ္ေပးမည့္ အစီအစဥ္ႏွင့္ ပတ္သတ္၍ အေကာက္ခြန္ဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက “တုိက္ေၾကကားေတြကုိ သိမ္းဆည္းခဲ့ၿပီး ေနာက္ပုိင္း ယာဥ္ပိုင္ရွင္တခ်ဳိ႕က အယူခံ၀င္တာ ၁၆ စီးေအာင္ ျမင္သြားပါတယ္၊ အယူခံေအာင္တဲ့ ကားေတြကုိ ျပန္ေပးဖုိ႔ဆိုတာ အေကာက္ခြန္ဦးစီးဌာန တစ္ခုတည္း အေနနဲ႕ ဆံုးျဖတ္လုိ႔ မရပါဘူး၊ တုိက္ေၾကကားေတြက သံရည္က်ဳိ ပုိ႔ဖို႔ ဆုံးျဖတ္ၿပီးသား ျဖစ္တဲ့အတြက္ ျပန္ေပးဖို႔ဆုိတာ ေမာ္ေတာ္ ယာဥ္တင္သြင္းမႈ ေကာ္မတီေတြ ျဖစ္တဲ့ တျခား၀န္ႀကီးဌာနေတြရဲ႕ သေဘာတူညီမႈရရွိမွ ခြင့္ျပဳေပးလုိ႔ ရပါတယ္”ဟု ေျပာၾကားခဲ့သည္။ အေကာက္ခြန္ ဦးစီးဌာနမွ ၂ ႏွစ္တာ ကာလအတြင္း တုိက္ေၾကကားမ်ားကုိ သိမ္းဆည္းခဲ့ရာ အစီးေရ ၁၂၉ စီးရွိခဲ့ၿပီး ထုိကား မ်ားထဲတြင္ အင္ဂ်င္ပါ၀ါ ၁၃၀၀ စီစီကားမ်ားႏွင့္ ၆၆၀ စီစီ Carry Truck မ်ား အမ်ားဆံုးပါ၀င္ေၾကာင္း သိရွိရသည္။


Ref : Automobile




Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။
သတင်းထူးများမှာတော့ :

news_this_week-500x185



  • Toyota to Open Myanmar Dealership




  • ကားယူဝယ်တင်သွင်းခြင်းဖြင့် အခွန်ငွေ ခုနှစ်သန်းကျော်ကို နို်င်ငံတော် ဘဏ္ဍာငွေအဖြစ် ရရှိခဲ့




  • စည်ပင်ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ စည်းကမ်းမဲ့ ညမောင်းကားသမားများ




  • ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးငွေတောင်းခံနေသူကို နယ်မြေခံလှည့်ကင်းအဖွဲ့မှ တွေ့ရှိအရေးယူ




  • ပုဂ္ဂလိက စက်သုံးဆီ ကုမ္ပဏီလေးခု၌ CNG သဘာဝဓာတ်ငွေ့ အစားထိုး LPG ဓာတ်ငွေ့ရည်များ ဖြန့်ဖြူးရောင်းချမည်




  • တာဝန်ချိန်အတွင်း ယာဉ်ထိန်းရဲနှင့် အနုပညာရှင်တစ်ဦးဖြစ်ပွားခဲ့သည့် အမှုအတွက် အပြန်အလှန် တရားစွဲဆို




  • မတ် ၁ ရက်မှစ၍ စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ဝင်ရောက်ပြေးဆွဲမှု ထိရောက်စွာ အရေးယူမည်




  • အရက်သေစာ သောက်စား၍ အရှိန်ပြင်းစွာယာဉ်မောင်းနှင်ပါက မော်တော်ယာဉ်ဥပဒေအရ ထောင်ဒဏ် တစ်နှစ်အထိ ကျခံစေမည်




  • ယာဉ်လိုင်း တစ်လိုင်းနှင့်တစ်လိုင်း ရှုပ်ထွေးမှု မရှိသော သီးသန့် ယာဉ်လမ်းကြောင်းများ ဖော်ဆောင်ပြေးဆွဲနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြ




  • e-ticket အသုံးပြုရန် ဗန္ဓုလ ယာဉ်လိုင်းများ၌ လစာပေးစနစ် ကျင့်သုံးမည်




  • ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှု ရန်ကုန်မြို့ နေရာ နှစ်ဆယ်တွင် စောင့်ကြပ် ဖမ်းဆီးအရေးယူမည်




  • ရန်ကုန်မြို့ ယာဉ်အစီးရေနှင့် ယာဉ်ထိန်းရဲအင်အား အဆလေးရာကျော် ကွာခြား ၄၈ ယာဉ်အစီး ခြောက်ရာလျှင် ယာဉ်ထိန်း တစ်ဦးနှုန်း စောင့်ကြည့်ရသည့်အနေအထားဖြစ်နေ




  • ဖေဖော်ဝါရီလအတွင်း လမ်းမကြီးများပေါ် စည်းကမ်းမဲ့ရပ်နားယာဉ် ဖမ်းဆီးအရေးယူမှုပေါင်း ၁ဝဝဝ ကျော်ရှိ




  • ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၄၇ စီး အစားထိုးပြေးဆွဲရန် မထသသို့တင်ပြ




  • ကုန်ကျစရိတ်သက်သာသောကြောင့် မေတၲာလှိုင်းယာဉ်လိုင်း၌ LPG စနစ်များ တိုးချဲ့တပ်ဆင်




  • တိုက်ကြေကားများကို မူလပိုင်ရှင်များထံသို့ပြန်ပေးရန် ဝန်ကြီးဌာနနှစ်ခု ဆွေးနွေးနေ




 

Toyota to Open Myanmar Dealership


တိုယိုတာမော်တော်ကားလုပ်ငန်းကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ပထမဦးဆုံး အရောင်းပြခန်းကို မတ်လတွင် ဖွင့်လှစ်သွားရန် မျှော်မှန်းထား ကြောင်း ပြည်တွင်းသတင်းအရင်းအမြစ်များ၏ ပြေကြားချက်အရ သိရသည်။ တိုယိုတာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တိုယိုတာအမှတ်တံဆိပ် တပတ်ရစ်မော်တော်ကား များ တင်သွင်းမှုတိုးတတ်လာမှုအား အထောက်အကူပြုနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တိုယိုတာမော်တော်ကား အရောင်းပြခန်း မရှိသေးဘဲ ဝန်ဆောင်မှုလုပ်ငန်းများသာ ရှိနေသည်။ လွန်ခဲ့သည့်နှစ်တွင် ဂျပန်နိုင်ငံမှ တင်သွင်းခဲ့သည့် မော်တော်ကားများ၏ ၉ဝ ရာခိုင်နှုန်းဝန်းကျင်မှာ တစ်ပတ်ရစ်ကား များဖြစ်ပြီး အများစုမှာ တိုယိုတာကားများ ဖြစ်ကြောင်းလည်း သိရသည်။ တိုယိုတာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တိုယိုတာကားအမျိုးအစား မော်ဒယ်များစွာကို ရောင်းချ သွားမည်ဖြစ်ပြီး အသေးစားနှင့် အလတ်စားအရွယ်ရှိ ခရီးသည်တင်ကားများ၊ ဟိုင်းလပ်ပစ်ကပ်ကားများလည်း ပါဝင်ကြောင်း သိရသည်။


Ref : Myanmar Business Today

ကားယူဝယ်တင်သွင်းခြင်းဖြင့် အခွန်ငွေ ခုနှစ်သန်းကျော်ကို နို်င်ငံတော် ဘဏ္ဍာငွေအဖြစ် ရရှိခဲ့


မြန်မာနိုင်ငံက ပြည်ပမှ ဝယ်ယူတင်သွင်းသော မော်တော်ယာဉ်များမှ အခွန်ငွေ ကျပ်သန်းပေါင်း ခုနှစ်သန်းကျော်ကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ရရှိခဲ့ကြောင်း သိရသည်။ မော်တော်ယာဉ်များကို ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ အခွန်ငွေကောက်ခံခဲ့ပြီး ၂ဝ၁၄ ဇန်နဝါရီလ အထိကျပ်သန်းပေါင်း ၇၃၈၁၁၇ ဒသမ ၃၉ သန်း ကောက်ခံရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ၊ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သောသတင်းများအရ သိရသည်။ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ စည်းကြပ်ကောက်ခံကာ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုးလဲလှယ်ရေးစီမံချက်အတွက် ၈၂၆၂၅ စီး၊ ကားအရောင်းပြခန်းများ အတွက် ၅၈၅၃၂ စီး၊ သင်္ဘောသားပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၆ စီး၊ ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၇၂၈ စီး၊ ပြင်ပနေ အလုပ်လုပ်သူများ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၄၃ စီး၊ ဟိုတယ်ခရီးသွားဝန်ကြီးဌာနမှ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁ဝ၈ စီး၊ လွတ်လပ်စွာဝယ်ယူသူပါမစ်ဖြင့် တင်သွင်းမှုများဖြင့် ၁၁၁၃၁၁ စီး တင်သွင်းခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။


Ref : Myanmar Business Today

စည်ပင်ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ စည်းကမ်းမဲ့ ညမောင်းကားသမားများ


စည်းကမ်းမဲ့ ညမောင်းကားသမားတွေကြောင့် ညပိုင်းမှာ အလုပ်လုပ်နေကြတဲ့ စည်ပင်ဝန်ထမ်းတွေရဲ့ အသက်အနၲရာယ်ဟာ စိုးရိမ်စရာ ဖြစ်ပေါ်နေပါတယ်။ ကိုယ့်ကား အရှိန်ကို ကိုယ်မနိုင်ဘဲ မောင်းနှင်မှုတွေကြောင့် စည်ပင်ဝန်ထမ်းတွေ မကြာခဏ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့သလို ဖေဖော်ဝါရီ ၂၄ ရက်၊ ည ၁ဝ နာရီ ၃ဝ မိနစ်ဝန်းကျင် ကလည်း ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ဆင်ရေတွင်းမှတ်တိုင် အနီးမှာ အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ Toyota Spacio အငှားယာဉ်တစ်စီးက အမှိုက်လာပစ်သူ နှစ်ဦး၊ စည်ပင်ဝန်ထမ်း တစ်ဦးနဲ့ Hijet ကားတစ်စီးကို ဝင်တိုက်မိခဲ့ပါတယ်။


Ref : Automobile

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးငွေတောင်းခံနေသူကို နယ်မြေခံလှည့်ကင်းအဖွဲ့မှ တွေ့ရှိအရေးယူ


၃.၃.၂ဝ၁၄ ရက်နေ့ ဝ၂၃ဝ အချိန်တွင် ကမာရွတ်မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အုန်းသွင်နှင့်အဖွဲ့သည် လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ကမာရွတ်မြို့နယ်၊(၄)ရပ် ကွက်၊ ဘုရင့်နောင်လမ်း၊ သင်္ဘောကျင်း ဝန်ထမ်းအိမ်ယာရှေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏ဝတ်စုံအား ဖိနပ်မပါ၊ ဦးထုပ်မပါဝတ်ဆင်လျက် ယာဉ်များကိုရပ်တန့်စစ်ဆေး ပြီးငွေကြေး တောင်းခံနေသူတစ်ဦးအားတွေ့ရှိခဲ့၍ မသင်္ကာသဖြင့်စစ်ဆေးခဲ့ပါသည်။ အဆိုပါသူအားစစ်ဆေးရှာဖွေရာ မှာယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်နေ ကျော်ဆန်းဝင်း (ဘ)ဦးဆန်းမြင့် ဖြစ်ကြောင်းသိရှိရပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏ဝတ်စုံအား အယောင်ဆောင်ဝတ်ဆင်၍ မော်တော်ယာဉ်များကို ရပ်တန့်စစ်ဆေးကာ ငွေကြေးများ တောင်းခံနေခြင်း ဖြစ်ကြောင်းသိရှိရပြီး ၎င်းထံမှ ထိုကဲ့သို့ တောင်းခံရရှိထားသည့် ငွေကျပ်(၇၇ဝဝ)အား သိမ်း ဆည်းရမိခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၁ဝ၁/၂ဝ၁၄၊ ပုဒ်မ ၁၇ဝ ဖြင့် အမှုဖွင့်ကာ ရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။


Ref : Myanmar daily news

ပုဂ္ဂလိက စက်သုံးဆီ ကုမ္ပဏီလေးခု၌ CNG သဘာဝဓာတ်ငွေ့ အစားထိုး LPG ဓာတ်ငွေ့ရည်များ ဖြန့်ဖြူးရောင်းချမည်


ပြည်တွင်းပုဂ္ဂလိကစက်သုံးဆီ ကုမ္ပဏီလေးခု ဖြစ်သည့် Asia World ၊ ရွှေသံလွင်၊ ဧဒင်နှင့် Max Myanmar တို့တွင် CNG သဘာဝဓာတ်ငွေ့အစားထိုး LPG ဓာတ်ငွေ့ ရည်များ ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း ‘Powertek Engineering Group’မှ သတင်းရရှိသည်။ Asia World ၊ရွှေသံလွင်၊ ဧဒင်နှင့် Max Myanmar ကုမ္ပဏီများမှ ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များတွင် LPG ဓာတ်ငွေ့ရည်များ ရောင်းချသွား မည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။ “အခု ပြည်တွင်းမှာ ရောင်းချနေတဲ့ LPG လောင်စာက ကားမောင်းရာမှာ သုံးတာမဟုတ်ဘဲ ဟင်းချက်ရာမှာ သုံးတဲ့ အရည်အသွေး ဖြစ်နေပါတယ်၊ ဒါကြောင့် LPG ဓာတ်ငွေ့က အဆင်မပြေ ဖြစ်နေတယ်၊ အဓိက ကားတွေအတွက် သီးသန့် LPG ရောင်းရမှာပါ၊ အဲဒါကြောင့် အရည်အသွေးပြည့်ပြီး မောင်းတဲ့အခါမှာ အဆင်ပြေမှု ရှိအောင် ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး အရည်အသွေးကောင်းတဲ့ LPG ရရှိနိုင်အောင် ဆောင်ရွက်သွားမှာပါ”ဟု Powertek Engineering Group မှ မန်နေဂျင်း ဒါရိုက်တာ ဦးနေဝင်းက ပြောသည်။ ပြည်တွင်း၌ LPG ဓာတ်ငွေ့ကို တစ်လီတာလျှင် ကျပ် ၆၅ဝ မှ ခုနစ်ရာနှုန်းကြားဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။


Ref : Automobile

တာဝန်ချိန်အတွင်း ယာဉ်ထိန်းရဲနှင့် အနုပညာရှင်တစ်ဦးဖြစ်ပွားခဲ့သည့် အမှုအတွက် အပြန်အလှန် တရားစွဲဆို


တာဝန်ချိန်အတွင်း ယာဉ်ထိန်းရဲ နှင့် အနုပညာရှင်တစ်ဦး ဖြစ်ပွားခဲ့သည့်အမှုအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ အပြန်အလှန် တရားစွဲဆိုမှုများ ပြုလုပ်ထား ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ‘အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး’တွင် အမှတ်(၂)ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းဆုံတွင် ယာဉ်ထိန်း ရဲတပ်ကြပ်ကြီး သောင်းဒန်နှင့် အနုပညာရှင်တစ်ဦး ဖြစ် သူ သရုပ်ဆောင် နေသူရိန်တို့ ဖြစ်ပွားခဲ့သည့် ပြဿနာအတွက် ရဲတပ်ကြပ်ကြီး သောင်းဒန်မှ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း ပ ၁၁၄/၂ဝ၄ ပုဒ်မ ၃၂၂ အရ တရားလို ပြုလုပ် တရားစွဲဆိုခဲ့သလို နေသူရိန် ဘက်မှလည်း ပုဒ်မ ၃၂၅ အရ ပြန်လည် တရားစွဲဆိုထားကြောင်း သိရသည်။ “ဒီအမှုအတွက် ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို မင်္ဂလာတောင်ညွန့် တရားရုံးကနေပြီး စစ်ဆေးမှုတွေ လုပ်နေပါပြီ၊ အဖြစ်မှန်ပေါ်ရင် မှားတဲ့သူ အရေးယူခံရမှာ ဖြစ်ပါတယ်၊ ဥပဒေ အတိုင်းပဲ ဖြစ်စေမှာပါ၊ မှန်မှန်ကန်ကန် ဖြစ်အောင်လည်း လိုအပ်တဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးမယ်၊ ဘက်လိုက်တာမျိုး လုံးဝ မရှိစေဘဲ မှန်မှန်ကန်ကန် ဆုံး ဖြတ်စေမှာပါ”ဟု ‘အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ ရဲတပ်ကြပ်ကြီး သောင်းဒန် စွဲဆိုထားသည့် ဥပဒေပုဒ်မ ၃၃၂ မှာ ပြည် သူ့တာဝန်ထမ်းဆောင်နေချိန်အတွင်း သာမန်နာကျင်စေမှု၊ လက်ရောက်ကျူးလွန်မှုဖြစ်ပြီး နေသူရိန်ဘက်မှ ပြန်လည်စွဲဆိုထားသည့် ဥပဒေပုဒ်မ ၃၂၅ မှာ မည်သူမဆို တုံးသောလက်နက်ဖြင့်သာ နာကျင်စေမှု ဖြစ်စေခဲ့သည့် ပုဒ်မတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကန်ပတ်လမ်းဆုံတွင် တာဝန်ကျရဲတပ်ကြပ်ကြီး သောင်းဒန် တာဝန်ထမ်းဆောင်နေချိန် ၉ဃ/.... အနက်ရောင် ယာဉ်သည် မီးပွိုင့်တွင် ဖရီးယာဉ်ကြော အတိုင်း ညာဘက် သိမ်ဖြူလမ်းကို မကွေ့ဘဲ တည့်တည့်ထွက်လာ သည်ကို တာဝန်ကျရဲတပ်ကြပ် ကြီးက တားဆီခဲ့ရာတွင် အဆိုပါ အနုပညာရှင် နေသူရိန်မှ တားဆီး မှုအတွက် ကြမ်းတမ်းစွာပြောဆို ခဲ့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၁ဝ ရက်၊ ညနေပိုင်း ၆ နာရီ ၁၅ မိနစ်အချိန်၌ ပြန်လည်ရောက်ရှိ လာ ကာ ယာဉ်ပေါ်ပါ လူလေး ယောက်ဖြင့် အနိုင်အထက် ပြု လုပ်ခဲ့၍ ရဲတပ်ကြပ်ကြီး သောင်း ဒန်က ပြန်လည် ခုခံကာကွယ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါရုံး မှသိ ရသည်။


Ref : Automobile

မတ် ၁ ရက်မှစ၍ စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ဝင်ရောက်ပြေးဆွဲမှု ထိရောက်စွာ အရေးယူမည်


လာမည့် မတ် ၁ ရက်မှ စတင်ကာ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ဝင်ရောက်ပြေးဆွဲပါက ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ‘မထသ(ဗဟို)’မှ သိရသည်။ ပဲခူးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် ဟိုင်းလပ်ယာဉ်များကို ဖေဖော်ဝါရီ ၂၈ ရက် အထိသာ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းသို့ ဝင်ရောက် ပြေးဆွဲခွင့် ပြုထားပြီး အဆိုပါရက် ကျော်လွန်ပါက ပြေးဆွဲသည့် မော်တော်ယာဉ် များကို သတ်မှတ်ထားသည့် ဥပဒေအတိုင်း ဖမ်းဆီး အရေးယူသွားမည်ဟု သိရသည်။ “ဟိုင်းလပ်တွေကို စည်ပင်သာယာ နယ်နိမိတ်အတွင်း ဝင်ရောက်ပြေးဆွဲခွင့်ကို ဖေဖော်ဝါရီ ၂၈ ရက်အထိပဲ လက်ခံတော့မယ်၊ အနၲရာယ်ရှိတယ်၊ နောက်ပြီး ခရီးသည်တင်ရင်လည်း အမိုးပေါ်တွေရော၊ နောက်တွယ်တွေရော၊ ဘေးတန်း ပေါင်တွေ တောင်မရှောင် အကုန်တက်စီးကြတာ၊ အရမ်းကို အနၲရာယ်များလွန်းလို့ သတ်မှတ်လိုက်ရတာပါ”ဟု မထသ(ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောသည်။ ရန်ကုန်မြို့ပြင်မှ မြို့တွင်းသို့ ဝင်ရောက်ပြေးဆွဲနေသည့် ခရီးသည်တင် ဟိုင်းလပ်ယာဉ်များအပြင် မြို့တွင်း ဟိုင်းလပ်ယာဉ်များ ကိုလည်း စည်ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲခွင့် ကန့်သတ်လိုက်သည့် ဟိုင်းလပ်ယာဉ်များ နေရာတွင် မီနီဘတ်စ်များ၊ စီးတီးဘတ်စ်များဖြင့် အစားထိုးပြေးဆွဲသွားမည် ဖြစ်ပြီး ဟိုင်းလပ်ယာဉ် များကို စက်သုံးဆီ ထည့်ရန် နှင့် CNG ထည့်ရန်သာ ခွင့်ပြုထားကြောင်းနှင့် ယာဉ်လိုင်းအလိုက် သတ်မှတ်ထားသည့် နေရာများအထိသာ မောင်းနှင်နို်င်ကြောင်း သိရသည်။


Ref : Automobile

အရက်သေစာ သောက်စား၍ အရှိန်ပြင်းစွာယာဉ်မောင်းနှင်ပါက မော်တော်ယာဉ်ဥပဒေအရ ထောင်ဒဏ် တစ်နှစ်အထိ ကျခံစေမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်း အ ရက်သေစာ သောက်စား၍ အရှိန် ပြင်းစွာ ယာဉ်မောင်းနှင်ပါက မော် တော်ယာဉ်ဥပဒေအရ အများဆုံး ထောင်ဒဏ် တစ်နှစ်အထိ ကျခံ စေမည် ဖြစ်ကြောင်း ‘အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သတင်း ရရှိသည်။ မော်တော်ယာဉ်အား အရက် သေစာသောက်စား၍ ဖြစ်စေ၊ အရှိန်ပြင်းစွာ မောင်းနှင်၍ ဖြစ်စေ၊ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်၍ ဖြစ်စေ၊ မော်တော်ယာဉ် အာမခံထားရှိခြင်း မရှိသည့် သက်တမ်းပျက်ယာဉ်နှင့် အများပြည်သူ အသုံးပြုသည့် လမ်းများပေါ် တွင် မောင်းနှင်ခြင်းများအား ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ “အရက်သေစာ မူးယစ် သောက်စားထားတယ်၊ မထားဘူး ဆိုတာကို စစ်ဖို့ အတွက် Alcohol တွေကို အသုံးပြုမယ်၊ အရှိန်ပြင်း မောင်းနှင်တာတွေကို စစ်ဆေးဖို့ အမြန်နှုန်းတိုင်းကိရိယာတွေကို အသုံးပြု ဆောင်ရွက်သွားမှာပါ၊ စစ်ဆေးမှုကို မကြာ မီ အမြန်ဆုံး ဆောင်ရွက်သွားမှာပါ”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှတာဝန်ရှိ သူတစ်ဦးက ပြောသည်။ အများပြည်သူ အသုံးပြုသည့် လမ်းများပေါ်၌ မဆင်မခြင် မောင်းနှင်ပါက မော်တော်ယာဉ် ဥပဒေ ပုဒ်မ(၂၁) အရ ထောင်ဒဏ် ခြောက်လအထိ ဖြစ်စေ၊ ဒဏ်ငွေ ကျပ်ငါးရာအထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေနိုင်ပြီး ယင်း ပြစ်မှုအား တစ်နှစ်အတွင်း ဒုတိယအကြိမ် ထပ်မံကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေ ကျပ် ငါးရာမှ ၁,၅ဝဝ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေနိုင် ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်း၌ အရက်သေစာ မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခဲ့သူ တစ်ဦးအား ထောင်ဒဏ် တစ်လ ချမှတ်အရေးယူ ဆောင်ရွက်မှုပြုခဲ့ပြီး ယခုနောက်ပိုင်း၌ ထောင်ဒဏ် တစ်နှစ်အထိ ကျခံစေနိုင်မှုကို မကြာမီကာလအတွင်း ဆောင်ရွက်မည် ဖြစ်သည်ဟု အထက်ပါ ဌာနမှ သိရသည်။


Ref : Automobile

ယာဉ်လိုင်း တစ်လိုင်းနှင့်တစ်လိုင်း ရှုပ်ထွေးမှု မရှိသော သီးသန့် ယာဉ်လမ်းကြောင်းများ ဖော်ဆောင်ပြေးဆွဲနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြ


ရန်ကုန်မြို့တွင်း၌ ယာဉ်လိုင်းများ များပြားမှုရှိနေပြီး ယာဉ်လိုင်း တစ်လိုင်းနှင့်တစ်လိုင်း ရှုပ်ထွေးလျက်ရှိ သောကြောင့် ယာဉ်ကြောရှုပ်ထွေးမှုများနှင့် ကျပ်တည်းမှုများ ဖြစ် ပေါ်လျက်ရှိရာ သီးသန့်ယာဉ်လမ်း ကြောင်းများ ဖော်ထုတ်ပြေးဆွဲနိုင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အဖွဲ့များနှင့် ကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်များအရ သိရသည်။ “ရန်ကုန်မှာပြေးဆွဲတဲ့ ယာဉ်အစီးရေသာ နည်းတာ၊ ယာဉ်လိုင်းတွေက လိုင်းပေါင်းသုံးရာ ကျော်တောင်ရှိ တယ်၊ ယာဉ်အချင်းချင်း ခရီးသည်လုတာ၊ ပြိုင်မောင်းတာတွေရှိတယ်၊ ဥပမာ ပြည်လမ်း တစ်လျှောက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ အများကြီး ရှုပ်ထွေးနေတယ်၊ ဒီလိုမျိုး ယာဉ်လိုင်းတွေများ နေမယ့်အစား သီးသန့်လိုင်း တစ်လိုင်းကို ဖော်ဆောင်ပြီး ယာဉ်တွေက အဲဒီလိုင်းမှာပဲ ဝင်ရောက်ပြေး ဆွဲတာမျိုး၊ ယာဉ်လမ်းကြောင်း တစ်ခုကို ယာဉ် လိုင်းတစ်ခုတည်း ယာဉ်အစီးရေ များများနဲ့ဆွဲမယ်၊ သုံးမိနစ်ခြား၊ ငါးမိနစ်ခြား တစ်စီး ထွက်မယ်ဆိုရင် ခရီးသည်အနေနဲ့လည်း ကားစီးရတာ အဆင်ပြေသလို ယာဉ်ကြော ကျပ်တာ /ရှုပ်တာလည်း လျော့သွားမယ်၊ ဒါကြောင့် စနစ် မလုပ်နိုင်ခင် မှာ ဒီလို လမ်းကြောင်းပြောင်းဖို့ တင်ပြတာ၊ ဒါကို ခွင့်ပြုရင်တော့ တော်တော်လေးကို အဆင်ပြေ မှာပါ”ဟု ‘ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်’မှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်ကပြောသည်။ ယာဉ်ကြော ကျပ်တည်းရှုပ်ထွေးမှုနှင့် ပတ်သက်၍ ၂ဝ၁၃ ခု နှစ်တွင် ဖျက်သိမ်းခဲ့သော အများ ပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဥက္ကဌ ဦးကြည်သိန်း က “စီမံခန့်ခွဲမှု ကောင်းကောင်းလုပ်ရမယ်၊ ဒါ့ပြင် ဘတ်စ်ကားအချင်း ချင်း အပြိုင်အဆိုင် ကျော်တက် မောင်းနှင်တာတွေကို အရေးယူမယ်၊ ဒါမျိုး မဖြစ်သင့်ဘူး၊ ယာဉ်မရပ်ရဆိုတဲ့နေရာမှာ ယာဉ်လုံးဝကို ရပ်ပိုင်ခွင့်မရှိရဘူး၊ စည်းကမ်း တင်းကြပ်မှုနဲ့ အားလုံး ပါဝင်လိုက်နာမယ်၊ နိုင်ငံတော်အစိုးရကလည်း ကူညီထောက်ပံမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အဆင်ပြေလာမှာပါ”ဟု ၎င်း၏အမြင်ကို ပြောသည်။ ရန်ုကုန်မြို့တွင်း၌ သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်လိုင်း အဖွဲ့ကြီး ၁၈ လိုင်းမှ ယာဉ်အစီး ရေ ၅,၆ဝဝ ကျော်ဖြင့် လိုင်းငယ် ပေါင်း သုံးရာကျော်တွင် နေ့စဉ် ပြေးဆွဲလျက် ရှိပြီး များပြားလှသော ယာဉ်လိုင်းများကြောင့် လက်ရှိ ဖြစ်ပေါ်နေသော ယာဉ်ကြောကျပ်တည်းမှုနှင့် ရှုပ်ထွေးမှုကိုဖြေရှင်းရန် မလွယ်ကူကြောင်း၊ ယင်းကို ဖြေရှင်းနိုင်ပါက အဆင့်မြင့် သယ်ယူပို့ဆောင်ရေးအပြင် နိုင်ငံတကာကဲ့သို့ ကတ်စနစ်ဖြင့် ငွေပေးချေမှုကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့ပြသယ်ယူပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များက သုံးသပ်သည်။


Ref : Automobile

e-ticket အသုံးပြုရန် ဗန္ဓုလ ယာဉ်လိုင်းများ၌ လစာပေးစနစ် ကျင့်သုံးမည်


အီလက်ထရွန်းနစ် လက်မှတ်ဖြတ်စနစ် e-ticket အသုံးပြုရန် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများတွင် လစာပေးစနစ် ကျင့်သုံးမည် ဖြစ်ကြောင်း ‘ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးကုမ္ပဏီ လီမိတက်’မှ သတင်းရရှိသည်။ လက်ရှိတွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်း ခြောက်လိုင်း၌ iPay စနစ်ကို ကျင့်သုံးလျက်ရှိပြီး အောင်မြင်မှု မရှိသောကြောင့် အီလက်ထရွန်းနစ် လက်မှတ်ဖြတ်စနစ်ကို ဆက်လက် တိုးမြှင့်အသုံးပြုရန်တွက် ဗန္ဓုလ ယာဉ်လိုင်းများတွင် လစာပေးစနစ်ကို ကျင့်သုံးနိုင်ရန် ကြိုးစားသွား မည် ဖြစ်ကြောင်း သိရသည်။ “iPay မအောင်မြင်တာက ယာဉ်လိုင်းအားလုံးမှာ မလုပ်နိုင်တာကြောင့်လည်း ပါသလို လစာပေးစနစ် အောင်မြင်အောင် မလုပ်ခဲ့တာကြောင့် လည်း ပါတယ်၊ e-ticket ကတော့ iPay ထက် နည်းပညာမြင့်သလို သုံးစွဲရတာလည်း အဆင်ပြေနိုင်တယ်၊ ယာဉ်လိုင်းတွေမှာ လစာပေးစနစ်နဲ့ သွားဖို့ စီစဉ်မယ်၊ ဒါပေမဲ့ ဒါက ဖြည်းဖြည်းချင်း လုပ်ကိုင်သွားမှာပါ”ဟု ‘ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမီတက်’မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများတွင် iPay တပ်ဆင်မှုကို ၂ဝ၁၂ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ အောင်မြင်မှု မရရှိသေးကြောင်း၊ လစာပေးစနစ်မှာ မေတ္တာလှိုင်း ယာဉ်လိုင်း များတွင် ကျင့်သုံးခဲ့သော်လည်း အောင်မြင်မှု မရှိသေးသည့်အတွက် လက်ရှိတွင် ယာဉ်လိုင်းအားလုံး၌ ခေါက်ရေစနစ် ဖြင့်သာ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ “ကတ် စနစ်နဲ့ ငွေပေးချေမှုစနစ် အောင်မြင်ဖို့ဆိုရင် ယာဉ်လုပ်သားတွေကို လစာပေးစနစ်နဲ့သွားမှ ပိုအောင်မြင်နိုင်မယ်၊ ဝင်ငွေအမှန်ကို ရရှိဖို့လိုအပ်ပြီး လုံလောက်တဲ့လစာ ပေးအပ်ထားမှ သာလျှင် အောင်မြင်နိုင်မှာပါ၊ လူတိုင်းသုံးစွဲဖို့အတွက်ဆိုရင် နိုင်ငံတော်ကလည်း ပံ့ပိုးကူညီမှုတွေ လိုအပ်တယ်၊ ဒါမှသာလျှင် သယ်ယူပို့ဆောင်ရေး စနစ် တွေလည်း ကောင်းလာနိုင်သလို မြို့ပြ လည်း ခေတ်မီလာမယ်”ဟု ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။


Ref : Automobile

ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှု ရန်ကုန်မြို့ နေရာ နှစ်ဆယ်တွင် စောင့်ကြပ် ဖမ်းဆီးအရေးယူမည်


ရန်ကုန်မြို့တွင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်နေမှု များအား နေရာ နှစ်ဆယ်တွင် စောင့်ကြပ်ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း ‘အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး’မှ သိရသည်။ ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှုများအား စစ်ဆေးဖမ်းဆီး ဆောင်ရွက်ရန်အတွက် ယာဉ်စစ် ပိတ်ဆို့အဖွဲ့များ ဖွဲ့စည်း၍ ညစဉ် အဖွဲ့ ၁ဝ ဖွဲ့ ဖွဲ့စည်းကာ ပြိုင်ကား ယှဉ်ပြိုင်မောင်းနှင်မှု အများဆုံးပြု လုပ်လေ့ရှိသည့်နေရာ နှစ်ဆယ် တွင် စောင့်ကြည့်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သိရသည်။ “ပြိုင်ကားတွေ ယှဉ်ပြိုင် မောင်းနှင်မှု က လူခြေတိတ်တဲ့ ညအချိန်တွေမှာ ဖြစ်တာများတယ်၊ ဒါကြောင့် ညပိုင်းအချိန် လူရှင်းတဲ့ ည ၁ဝ နာရီကျော်ကနေ မနက် ၄ နာရီအထိ ပြိုင်ကားဖမ်းဆီးရေး အဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေး ဖမ်းဆီးမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ “ပြိုင်ကားတွေ ပြိုင်မောင်းနေ တာတွေက ယာဉ်မတော်တဆမှု တွေ ဖြစ်လာနိုင်တယ်၊ လမ်းအသုံးပြုသူတွေကို ထိခိုက်စေနိုင်တယ်၊ ပြီးတော့ အုပ်စုဖွဲ့ပြီး ရာဇဝတ်မှုကျူး လွန်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါတွေကို ကြိုတင်ကာကွယ်မှုပြုလုပ် ပြီး တားဆီးသွားမှာဖြစ်ပါတယ်”ဟု ‘အမှတ်(၆) ယာဉ်ထိန်းရဲတပ် ခွဲဖွဲ့မှူးရုံး’မှ ရဲအုပ်ဝင်းလွင်က ဆိုသည်။ ပြိုင်ကား ယှဉ်ပြိုင်မောင်းနှင် မှုများအား ရွေ့လျားစနစ်ဖြင့် ဖမ်းဆီး အရေးယူဆောင်ရွက်သွားခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး စစ်ဆေးဖမ်းဆီးရရှိသည့် ယာဉ်များကို ထိရောက်စွာ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။


Ref : Automobile

ရန်ကုန်မြို့ ယာဉ်အစီးရေနှင့် ယာဉ်ထိန်းရဲအင်အား အဆလေးရာကျော် ကွာခြား ၄၈ ယာဉ်အစီး ခြောက်ရာလျှင် ယာဉ်ထိန်း တစ်ဦးနှုန်း စောင့်ကြည့် ရသည့် အနေအထားဖြစ်နေ


ရန်ကုန်မြို့တွင်းရှိ ယာဉ်အစီးရေနှင့် ယာဉ်ထိန်းရဲ အင်အားမှာ အဆ လေးရာကျော်ခန့် ကွာခြားလျက်ရှိကြောင်း ‘အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး’မှ ဒုရဲမှူးကြီး လင်းထွဋ်က ပြောကြားလိုက်သည်။ ယာဉ်အစီးရေပမာဏ၊ ယာဉ်ကြော ထိန်းသိမ်းရမှု အနေအထား နှင့် ယာဉ်ထိန်းရဲအင်အား ကွာခြားနေမှုကြောင့် ယာဉ်အစီးရေ ခြောက်ရာခန့်ကို ယာဉ်ထိန်းတစ်ဦးဖြင့်သာ စောင့်ကြည့်ထိန်းသိမ်းနေရသည့် အနေအထားဖြစ်နေကြောင်း ၎င်းက ဖေဖော်ဝါရီ ၂ဝ ရက်က မီ ဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် အစီးရေ သုံးသိန်းခွဲခန့်ရှိနေပြီး တာဝန် ထမ်းဆောင်လျက်ရှိသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားမှာ ၈၅ဝ ခန့်သာရှိသဖြင့် ယာဉ်အရေအတွက်နှင့် ယာဉ်ထိန်းရဲအင်အား နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှ အဆလေးရာကျော် ကွာခြားလျက်ရှိကြောင်း သိရသည်။ “ဖွဲ့ စည်းပုံအရ တခြားနှစ်တွေထက် ယာဉ်ထိန်းရဲတပ်ဖွဲ့အင် အား ပိုပြီး ချထားပေးထားပေမဲ့ လက်ရှိမြေပြင်မှာတော့ လုံလောက် မှု မရှိသေးပါဘူး၊ အခုလောလောဆယ်တော့ ယာဉ်အစီးရေ ခြောက် ရာခန့်ကို ယာဉ်ထိန်းရဲတစ်ဦးက စောင့်ကြည့်နေရတဲ့ အနေအထားမျိုးပါ”ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်း မှု၊ ယာဉ်စည်းကမ်း ဖောက်ဖျက် မောင်းနှင်မှုများအား ထိန်းသိမ်းဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား နည်းပါးမှုကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်၍ ယာဉ်မ တော်တဆမှုနှင့် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


Ref : Automobile

ဖေဖော်ဝါရီလအတွင်း လမ်းမကြီးများပေါ် စည်းကမ်းမဲ့ရပ်နားယာဉ် ဖမ်းဆီးအရေးယူမှုပေါင်း ၁ဝဝဝ ကျော်ရှိ


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာနယ်နိမိတ်အတွင်း၌ ဖေဖော်ဝါ ရီလအတွင်း ယာဉ်မရပ်ရ သတ် မှတ်ထားသည့် လမ်းမကြီးများပေါ် တွင် စည်းကမ်းမဲ့ယာဉ်ရပ်နား မှု အရေးယူမှုပေါင်း ၁ဝဝဝ ကျော်ရှိကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သိရသည်။ ယာဉ်မရပ်ရ သတ်မှတ်ထားသည့်လမ်းမကြီး ၅၇ ခုပေါ်၌ ရပ်နားသည့် ယာဉ်များကို စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၂၅ ရက်အထိ ဖမ်းဆီးအရေးယူမှု စုစုပေါင်း ၁,ဝ၇၅ မှုရှိခဲ့ပြီး ကရိန်းဖြင့် ဖမ်းဆီး အရေးယူမှု ပေါင်းလေးရာ၊ ချလန်ဖြတ် အရေးယူမှု စုစုပေါင်း ၈၅၅ မှု ရှိခဲ့ကြောင်း သိရသည်။ “ဖမ်းဆီးမှုတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လိုက်တော့ ယာဉ်ကြောကျပ်တည်းမှု သိသိသာသာ လျော့ကျသွားတယ်၊ လမ်းမကြီးတွေပေါ်မှာ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုတွေကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အဆိုပါ ယာဉ်မရပ်ရ လမ်း မကြီးများပေါ် ယာဉ်ရပ်နားမှု ဖမ်းဆီးအရေးယူမှုများအား ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် အထိယာဉ်အစီး ရေ ၅,၁၂၁ စီးကို ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Ref : Automobile

ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၄၇ စီး အစားထိုးပြေးဆွဲရန် မထသသို့တင်ပြ


ရန်ကုန်-ပဲခူး၊ ရန်ကုန်-မှော်ဘီ၊ ရန်ကုန်-တိုက်ကြီး ပြေးဆွဲနေသော ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၄၇ စီး အစားထိုး ပြေးဆွဲရန် မော်တော်ယာဉ်လုပ်ငန်းပေါင်း စုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီသို့ တင်ပြထားရှိကြောင်း ဟိုင်းလပ် ယာဉ်ပိုင်ရှင်များထံမှ သိရသည်။ ယခု ဖေဖော်ဝါရီလကုန်မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးနယ်နိမိတ်အတွင်းသို့ ဟိုင်းလပ်ယာဉ် ဝင်ရောက်ပြေးဆွဲခွင့် တားဆီးလိုက်သောကြောင့် မီနီဘတ်စ် ပြောင်းလဲပြေးဆွဲခွင့် လျှောက်ထားလာခြင်းဖြစ်ပြီး လက်ရှိတွင် မီနီဘတ်စ် ၄၇ စီး ပြောင်းလဲပြေးဆွဲရန် တင်ပြထားကြောင်း သိရသည်။ “တင်ပြထားတာတော့ မှန်တယ်၊ ဒါပေမဲ့ အစီးရေ သုံးဆယ်က ဆွေးနွေးမှုအဆင့်ပဲ ရှိသေးတယ်၊ ၁၇ စီးကတော့ ပြေးဆွဲခွင့် ရပြီ၊ အစီးရေ သုံးဆယ်က အရစ်ကျ စနစ်တွေ ပါဝင်တာကြောင့် ကုမ္ပဏီနဲ့ ညှိနှိုင်းမှုတွေ၊ သတ်မှတ်ချက်တွေ ကျန်နေလို့ပါ၊ ဒါပြီးရင်တော့ ပြေး ဆွဲခွင့်ကျမှာပါ”ဟု မထသ(ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဝင်ရောက် ပြေးဆွဲလျက်ရှိသော ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းရှိပြီး ယာဉ်အစီးရေ ၈၅ဝ ဖြင့် ပုံမှန်ပြေးဆွဲလျက်ရှိကာ မီနီဘတ်စ်များဖြင့် ပြောင်းလဲပြေးဆွဲနေသည့် ယာဉ်အစီးရေ ၃၉ စီးအထိ ရှိလာကြောင်း၊ ထို့ပြင် ထပ်မံပြောင်းလဲပြေးဆွဲ ရန်အတွက် အစီးရေ ၄၇ စီး တင်ပြထားကြောင်း၊ အများစုမှာ ရန်ကုန်-မှော်ဘီ ယာဉ်လိုင်းများဖြစ်ကြောင်း သိရသည်။


Ref : Automobile

ကုန်ကျစရိတ်သက်သာသောကြောင့် မေတၲာလှိုင်းယာဉ်လိုင်း၌ LPG စနစ်များ တိုးချဲ့တပ်ဆင်


ကုန်ကျစရိတ်သက်သာသောကြောင့် မေတ္တာလှိုင်းရှိကားများ LPG စနစ်များ ထပ်မံတပ်ဆင်ထားကြောင်း ‘Powertek Engineering Group’မှ သိရသည်။ ယခင်က မေတ္တာလှိုင်းယာဉ်လိုင်းတွင် LPG စနစ်ကို လေးစီးသာ တပ်ဆင်ထားသော်လည်း ကုန်ကျစရိတ်သက်သာသောကြောင့် ကား ငါးစီး ထပ်မံတပ်ဆင်ထားကြောင်း သိရ သည်။ ထို့ပြင် ၈၁-အဝါ၊ ရွှေရန်ကုန်၊ LPG များနှင့် ကြိုပို့ ယာဉ်များတွင်လည်း Taxi စနစ်များ တပ်ဆင်မှုရှိလာကြောင်း သိရသည်။“LPG မှာ အဓိကပြဿနာက ဓာတ်ငွေ့ အရည်အသွေးပါပဲ၊ ကျန်တဲ့ ကား Heat တက်တာ၊ အင်ဂျင်ပါဝါ ထိန်းတာနဲ့ ဆီစား နှုန်းတွေက CNG ထက်သာပါတယ်၊ မေတ္တာလှိုင်းကတော့ LPG ဓာတ်ငွေ့ကို မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ပိုလျှံတာတွေ ဝယ်ယူအသုံးပြုနေလို့ ဓာတ်ငွေ့နဲ့ ပတ်သက်ပြီး သိပ်ပြဿနာမရှိဘူး၊ စရိတ်ကလည်း CNG နဲ့က တစ်ရက် ၃၃,ဝဝဝ လောက်ကျရင် အခု ၂၂,ဝဝဝ လောက်ပဲ ကျတာကြောင့် တခြားယာဉ်တွေမှာလည်း LPG ကို တိုးချဲ့တပ်ဆင်တာပါ” ဟု မေတ္တာလှိုင်းယာဉ်လိုင်းနှင့် ပတ်သက်၍ ပြောရေး ဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။LPG စနစ် တပ်ဆင်ခများမှာ တစ်စီးလျှင် ခုနစ်သိန်း ခွဲ၊ City Bus တစ်စီးလျှင် ၁၇ သိန်းခွဲဖြင့် တပ်ဆင်နု်ိင်ပြီး LPG ဓာတ်ငွေ့ကို lP Gas Company နှင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့တွင် ဖြည့်နို်င်ကြောင်း သိရသည်။


Ref : Automobile

တိုက်ကြေကားများကို မူလပိုင်ရှင်များထံသို့ပြန်ပေးရန် ဝန်ကြီးဌာနနှစ်ခု ဆွေးနွေးနေ


ပြည်ပမှ တင်သွင်းလာသော တိုက်ကြေကားများကို ဆိပ်ကမ်းများ၌ ထိန်းသိမ်းခဲ့ရာတွင် အခွန်အယူခံ အောင်မြင်သည့်ကားများကို မူလပိုင်ရှင်များထံသို့ ပြန်ပေးရန် ဝန်ကြီးဌာနနှစ်ခု ဆွေးနွေးနေကြောင်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အကောက်ခွန်ဦးစီးဌာနအနေဖြင့် တိုက်ကြေကား တင်သွင်းလာသူ များကို ငဲ့ညှာသောအားဖြင့် တိုက်ကြေကားနှင့် ပတ်သက်သော အကြောင်းအရာများကို ထုတ်ပြန်မည်မဟုတ်သလို အယူခံဝင်သည့် ကုမ္ပဏီများကိုလည်း အယူခံအောင် မြင်ပါက ပြန်လည်ထုတ်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ အယူခံ အောင်မြင်သော တိုက်ကြေကားများကို ပြန်လည်ထုတ်ပေးမည့် အစီအစဉ်နှင့် ပတ်သတ်၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “တိုက်ကြေကားတွေကို သိမ်းဆည်းခဲ့ပြီး နောက်ပိုင်း ယာဉ်ပိုင်ရှင်တချို့က အယူခံဝင်တာ ၁၆ စီးအောင် မြင်သွားပါတယ်၊ အယူခံအောင်တဲ့ ကားတွေကို ပြန်ပေးဖို့ဆိုတာ အကောက်ခွန်ဦးစီးဌာန တစ်ခုတည်း အနေနဲ့ ဆုံးဖြတ်လို့ မရပါဘူး၊ တိုက်ကြေကားတွေက သံရည်ကျို ပို့ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့အတွက် ပြန်ပေးဖို့ဆိုတာ မော်တော် ယာဉ်တင်သွင်းမှု ကော်မတီတွေ ဖြစ်တဲ့ တခြားဝန်ကြီးဌာနတွေရဲ့ သဘောတူညီမှုရရှိမှ ခွင့်ပြုပေးလို့ ရပါတယ်”ဟု ပြောကြားခဲ့သည်။ အကောက်ခွန် ဦးစီးဌာနမှ ၂ နှစ်တာ ကာလအတွင်း တိုက်ကြေကားများကို သိမ်းဆည်းခဲ့ရာ အစီးရေ ၁၂၉ စီးရှိခဲ့ပြီး ထိုကား များထဲတွင် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများနှင့် ၆၆ဝ စီစီ Carry Truck များ အများဆုံးပါဝင်ကြောင်း သိရှိရသည်။


Ref : Automobile


Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ေသာ...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ခဲ့ေသာ တိုက္​​ေျပးကားမ်ား၊ ကားခိုးမႈမ်ားႏွင့္ ကား​ေပ်ာက္​မႈမ်ားကို ဗဟိုထိန္​းခ်ဴပ္​​ေရး (control...

Read more »