တစ္ပတ္အတြင္း ကားေလာကသတင္းမ်ား

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။

သတင္းထူးမ်ားမွာေတာ့ :

news_this_week-500x185

 



  • iPay စနစ္ အ႐ံႈးေပၚ ျခင္းေၾကာင့္ e-ticket လက္မွတ္ျဖတ္စနစ္က်င့္သံုးရန္ အစီအစဥ္မရွိေသးဟု ပါရမီယာဥ္လိုင္းမွဆို



  • ဟံသာ၀တီအ၀ိုင္း မီးပြိဳင့္တပ္ဆင္အသံုးျပဳျခင္း မတ္လတြင္ စတင္မည္



  • အိမ္ေျပာင္းေရႊ႕ရာ၌ ၀န္ေဆာင္မႈ လုပ္ငန္းမ်ား ငွားရမ္းအသံုးျပဳမႈ ပိုမို မ်ားျပားလာ



  • ဇန္န၀ါရီလအတြင္း CNG ေရာင္းခ်မႈမွ ေငြက်ပ္ သိန္းေပါင္း ေလးေသာင္းခန႔္ ရရွိ



  • အျမန္လမ္းတစ္ေလွ်ာက္ ေလးရက္လွ်င္ ယာဥ္မေတာ္တဆမႈ သံုးမႈခန့္ ျဖစ္ေပၚေန



  • စက္မႈဇုန္ထုတ္ကားမ်ား အပ္ႏွံခြင့္ေပးမည္ဆိုပါက ႏွစ္ႏွစ္ဆယ္ ကားေဟာင္းအပ္ႏွံမႈ ေပၚလစီႏွင့္ မကိုက္ညီဟုဆို



  • ေမာ္ေတာ္ယာဥ္ပါမစ္ ေလွ်ာက္ထားမႈအတြက္ Bank Statement အတုျပဳလုပ္ပါက ဥပေဒႏွင့္အညီ အေရးယူသြားမည္



  • စက္မႈဇုန္ထုတ္ကားမ်ား၏ ဂယက္ေၾကာင့္ ကားေဟာင္းစလစ္ေစ်းတန္႕



  • ရန္ကုန္တိုင္းေဒသႀကီးအတြင္း ‘အ’အကၡရာကားမ်ား အပ္ႏွံမႈၿပီးျပတ္ရန္ အစီးေရ ေလးရာေက်ာ္သာ က်န္ရွိ



  • ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈႏွင့္ ပတ္သက္ၿပီး စီးပြား/ကူးသန္းမွ ရထားပို့ေဆာင္ေရး၀န္ႀကီးဌာနထံ စာထုတ္ေမးျမန္း



  • ရန္ကုန္- ပဲခူး ဟုိင္းလပ္ယာဥ္မ်ား မီနီဘတ္စ္ ေျပာင္းလဲ ေျပးဆြဲရန္ ေလွ်ာက္ထားမႈ မရွိေသး



 

iPay စနစ္ အ႐ံႈးေပၚ ျခင္းေၾကာင့္ e-ticket လက္မွတ္ျဖတ္စနစ္က်င့္သံုးရန္ အစီအစဥ္မရွိေသးဟု ပါရမီယာဥ္လိုင္းမွဆို


ၿမဳိ႕တြင္းခရီးသည္တင္ ပါရမီယာဥ္ လိုင္းမ်ား၌ လက္ရွိ အသံုးျပဳလ်က္ ရွိသည့္ ေငြအေၾကြအစားထုိး iPay စနစ္မွာ ခရီးသည္ အသံုးျပဳမႈ နည္းပါးျခင္းေၾကာင့္ အ႐ႈံးေပၚလ်က္ ရွိေနၿပီး ယင္းေၾကာင့္ e-ticket စနစ္ က်င့္သံုးရန္ အစီအစဥ္မရွိေသးေၾကာင္း ‘ဗႏၶဳလ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီလီမီတက္’မွ သတင္းရရွိသည္။ ခရီးသည္တင္ ယာဥ္ လုိင္းမ်ား၌ ယာဥ္အကူမလိုဘဲ အလိုအေလ်ာက္စက္ျဖင့္ လက္မွတ္ျဖတ္ေပးသည့္ Electronic လက္မွတ္ျဖတ္ e-ticket စနစ္ က်င့္သံုးရန္ စီစဥ္လ်က္ရွိၿပီး မထသလက္ ေအာက္ရွိ ယာဥ္လိုင္းမ်ား၌ e-ticket စနစ္ တပ္ဆင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ “iPay တုန္းကလည္း ယာဥ္လိုင္းေတြမွာ တပ္ဆင္အသံုးျပဳခဲ့တယ္၊ ဒါေပမဲ့ ခရီး သည္ေတြက သိပ္မသံုးၾကဘူး၊ အဆင္မေျပတာေၾကာင့္ေရာ၊ ယာဥ္အကူ စပယ္ယာေတြရဲ႕ စည္းကမ္းမရွိမႈေတြေၾကာင့္ေရာေပါ႔၊ ဒါေပမဲ့ အခု နာမည္ႀကီးေနတဲ့ e-ticket ကို သံုးဖုိ႔ အစီအစဥ္မရွိေသးဘူး၊ တျခား ယာဥ္လုိင္းေတြမွာ သံုးလို႕အဆင္ေျပတယ္ ၾကားရင္ေတာ့ စဥ္းစားျဖစ္မွာပါ”ဟု ဗႏၶဳလ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီလီမိတက္မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ e-ticket စနစ္သည္ စက္တြင္ လက္မွတ္ကပ္႐ုံျဖင့္ ေမာ္ေတာ္ယာဥ္စီးနင္းႏိုင္ေသာေၾကာင့္ လက္ရွိျဖစ္ေပၚေနေသာ ေငြအေၾကြ ရွားပါးမႈ အျပင္စပယ္ယာႏွင့္ ခရီးသည္အၾကား အခ်င္းမ်ားမႈကိုလည္း ေရွာင္ရွားႏုိင္ေၾကာင္း၊ ယခုအခါ e-ticket စနစ္ကို မထသလက္ေအာက္ရွိ ယာဥ္လိုင္းမ်ားတြင္တပ္ဆင္အသံုး ျပဳ မည္ျဖစ္ေၾကာင္း ဗဟုိေကာ္မတီက ထုတ္ျပန္ေၾကညာခဲ့သည္။


Ref: Automobile

ဟံသာ၀တီအ၀ိုင္း မီးပြိဳင့္တပ္ဆင္အသံုးျပဳျခင္း မတ္လတြင္ စတင္မည္


စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဟံသာ၀တီအ၀ုိင္းတြင္ မီးပြိဳင့္တပ္ဆင္အသံုးျပဳ ျခင္းကို မတ္လတြင္ စတင္မည္ျဖစ္ေၾကာင္း ‘ရန္ကုန္ၿမဳိ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ’မွ သိရ သည္။ ဟံသာ၀တီအ၀ိုင္း၌ ယာဥ္ေၾကာက်ပ္တည္းမႈႏွင့္ ပိတ္ဆို႔မႈမွာ ဆိုးဆိုးရြားရြား ျဖစ္ေပၚေနသည့္အတြက္ မီးပြိဳင့္တပ္ဆင္ အသံုးျပဳရန္ စီစဥ္ခဲ့ျခင္း ျဖစ္သည္။ ယင္းကို လာမည့္မတ္လတြင္ စတင္ အသံုးျပဳႏုိင္မည္ ျဖစ္ေၾကာင္း၊ လက္ရွိတြင္ အ၀ိုင္းလမ္းဆံု ေလးေနရာ၌ မီးပြိဳင့္မ်ား တပ္ဆင္ထားရွိၿပီး မီးပြိဳင့္မိနစ္ခ်ိန္သားကိုက္ရန္ တြက္ခ်က္မႈ မ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။ “အဓိက ကေတာ့ အ၀ိုင္းပတ္ လမ္းထဲမွာ ယာဥ္ေၾကာက်ပ္ၿပီး ယာဥ္ေတြ ရပ္တန္႔ေနတာမရွိေတာ့ဘူး၊ အ၀ုိင္းျပင္ပမွာပဲရွိမယ္၊ ယာဥ္ ေၾကာက်ပ္တာကို ေျဖေလွ်ာ့ေပးမွာ ဆိုေတာ့ ေျမနီကုန္းမီးပြိဳင့္၊ လွည္းတန္း မီးပြိဳင့္တုိ႔နဲ႕ ခ်ိတ္ဆက္ရမယ္၊ ဒါေၾကာင့္ မီးပြိဳင့္ တပ္ဆင္ထားၿပီးေပမဲ့ မလႊတ္ႏိုင္ေသးတာ၊ ဆင္ဆာစနစ္ မီးပြိဳင့္ဆိုရင္ ပိုအဆင္ေျပႏုိင္မယ္ ဆိုေပမဲ့ ဘတ္ဂ်က္မရႏုိင္ေတာ့ ႐ုိး႐ုိးမီးပြိဳင့္ပဲ လတ္တေလာ အသံုးျပဳႏိုင္မယ္”ဟု ‘ၿမဳိ႕ေတာ္ စည္ပင္၊ အင္ဂ်င္နီယာဌာန (လမ္း၊ တံတား)’မွ ဒုတိယဌာနမွဴး ဦးမ်ဳိးလြင္က ေျပာသည္။ ဟံသာ၀တီအ၀ိုင္း၏ ယာဥ္ေၾကာက်ပ္တည္းမႈကို ေျဖရွင္းရန္အတြက္ လက္ရွိအသံုးျပဳလ်က္ရွိသည့္ အ၀ိုင္းပတ္ စနစ္အျပင္ ယခုကဲ့သို႔ ႐ုိး႐ုိးမီးပြိဳင့္စနစ္တို႔ကို တုိး ခ်ဲ႕တပ္ဆင္ျခင္း ျဖစ္ၿပီး ကုန္က် စရိတ္အေနျဖင့္ က်ပ္သိန္း ငါးဆယ္ခန္႔ ကုန္က်ခဲ့ေၾကာင္း၊ ယာဥ္ေၾကာ က်ပ္တည္းမႈအေပၚ လိုက္၍ အလိုအေလ်ာက္ မီးပြိဳင့္သတ္မွတ္ေပးသည့္ ဆင္ဆာစနစ္ပါ အသံုးျပဳ မည္ဆိုပါက အေမရိကန္ေဒၚလာ ႏွစ္ေသာင္းခန္႔ ကုန္က်ႏုိင္ေၾကာင္း သိရသည္။


Ref: Automobile

အိမ္ေျပာင္းေရႊ႕ရာ၌ ၀န္ေဆာင္မႈ လုပ္ငန္းမ်ား ငွားရမ္းအသံုးျပဳမႈ ပိုမို မ်ားျပားလာ


ရန္ကုန္ၿမိဳ႕တြင္း အိမ္အေျပာင္းအေရႊ႕မ်ား ျပဳလုပ္ရာတြင္ ေျပာင္းေရႊ႕၀န္ေဆာင္မႈလုပ္ငန္းမ်ား ငွားရမ္းအသံုးျပဳမႈ ပိုမိုမ်ားျပားလာေၾကာင္း အိမ္အေျပာင္းအေရႊ႕ ၀န္ေဆာင္မႈ လုပ္ငန္းေစ်းကြက္မွ စံုစမ္းသိရွိရသည္။ အိမ္အေျပာင္းအေရႊ႕ ၀န္ေဆာင္မႈလုပ္ငန္းမ်ားမွာ ၂၀၁၀ ျပည့္ႏွစ္ ခန္႔မွ စတင္ ေခတ္စားလာခဲ့ၿပီး လက္ရွိတြင္ အဆိုပါ၀န္ေဆာင္မႈ အသံုးျပဳ မႈမ်ားမွာ ၈၀ ရာခိုင္ႏႈန္းအထိ ရွိလာခဲ့ေၾကာင္း သိရသည္။ “အိမ္အေျပာင္းအေရႊ႕ ၀န္ေဆာင္မႈေတြသံုးရတာ အဆင္ေျပတယ္၊ လူလည္း သက္သာတယ္၊ အရင္ ကိုယ္ကိုယ္တိုင္ ေရႊ႕တုန္းကဆိုရင္ အရမ္း ပင္ပန္းတယ္၊ ပစၥည္းေတြေနရာခ်ဖို႔ စီစဥ္ရတာနဲ႔ အရမ္းကို အလုပ္႐ႈပ္တယ္၊ အိမ္ေျပာင္းရမွာေတာင္ ေၾကာက္တယ္၊ အခုေတာ့ ဒီလို ၀န္ေဆာင္မႈလုပ္ငန္းေတြ ေပၚလာေတာ့ အိမ္ေျပာင္းရတာ ေတာ္ေတာ္အဆင္ေျပေစတယ္”ဟု အိမ္အေျပာင္းအေရႊ႕၀န္ေဆာင္မႈ ငွားရမ္းအသံုးျပဳသူ ေဒၚခင္၀င္းက ဆိုသည္။ အဆိုပါ ၀န္ေဆာင္မႈကို ငွားရမ္းအသံုးျပဳရာ၌ ခရီးအကြာအေ၀း၊ အထပ္အနိမ့္အျမင့္အေပၚ မူတည္၍ အနည္းဆံုး က်ပ္ သံုးေသာင္းခြဲမွ တစ္သိန္းေက်ာ္ အထိရွိ ေၾကာင္း သိရသည္။ “အခုေနာက္ပိုင္း အိမ္အေျပာင္းအေရႊ႕ ၀န္ေဆာင္မႈလုပ္တဲ့သူေတြ မ်ားလာတယ္၊ ဒီေတာ့ ကိုယ့္ဘက္က Service ေကာင္းေကာင္းေပးႏိုင္ဖို႔ ႀကိဳးစား ရတယ္၊ ကြၽမ္းက်င္တဲ့ လုပ္သားေတြနဲ႔ လံုေလာက္တဲ့ ယာဥ္အစီးေရေတြ ျဖည့္တင္း ေဆာင္ရြက္ရတာမ်ဳိးေတြ ရွိပါတယ္”ဟု ‘မေၾကြေသာပန္း အိမ္အေျပာင္းအေရႊ႕ ၀န္ ေဆာင္မႈလုပ္ငန္း’မွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။ ရန္ကုန္ၿမိဳ႕တြင္း၌ အိမ္အေျပာင္းအေရႊ႕ ၀န္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္သည့္ လုပ္ငန္း ၁၅ ခုခန္႔ရွိၿပီး မိမိအိမ္ရွိ ပစၥည္းမ်ားႏွင့္ ခ်ိန္ဆကာ ေမာ္ေတာ္ယာဥ္အား အႀကီး၊ အေသး ေရြးခ်ယ္ငွားရမ္းမႈမ်ား ျပဳလုပ္ႏိုင္ေၾကာင္း သိရသည္။


Ref: Automobile

ဇန္န၀ါရီလအတြင္း CNG ေရာင္းခ်မႈမွ ေငြက်ပ္ သိန္းေပါင္း ေလးေသာင္းခန႔္ ရရွိ


စြမ္းအင္၀န္ႀကီးဌာနမွ ျဖန္႔ျဖဴး ေရာင္းခ်လ်က္ရွိသည့္ CNG သဘာ၀ဓာတ္ေငြ႕ေရာင္းခ်မႈမွ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီလအတြင္း ေငြက်ပ္ သိန္းေပါင္း ေလးေသာင္းခန္႔ ရရွိခဲ့ ေၾကာင္း ‘စြမ္းအင္၀န္ႀကီးဌာန၊ CNG ဌာနခြဲ’ မွ သိရသည္။ CNG သဘာ၀ဓာတ္ေငြ႕ ေရာင္းခ်ရာတြင္ ရန္ကုန္တိုင္းေဒသႀကီး၌ ဇန္န၀ါရီလအတြင္း ဓာတ္ေငြ႕ပမာဏ ကုဗ ေပသန္းေပါင္း ၆၂၂ သန္းေက်ာ္ ေရာင္းခ်ခဲ့ၿပီး ေငြက်ပ္ သိန္းေပါင္း ၃၇,၆၈၉ ေက်ာ္ ရရွိခဲ့ေၾကာင္း၊ မႏၲေလးတိုင္းေဒသႀကီး ပလိပ္၊ ေရနံေခ်ာင္း၊ ေခ်ာက္ ၿမဳိ႕နယ္မ်ားတြင္ ဓာတ္ေငြ႕ပမာဏ ကုဗေပ သန္းေပါင္း ၁၇ သန္းေက်ာ္ ေရာင္းခ်ခဲ့ရၿပီး ေငြက်ပ္ သိန္းေပါင္း ၁,၀၉၉ သိန္း ရရွိခဲ့ေၾကာင္း၊ တစ္လအတြင္း CNG စုစုေပါင္းေရာင္းခ်မႈမွ ေငြက်ပ္ သိန္းေပါင္း ၃၈,၇၉၀ ေက်ာ္ရရွိခဲ့ေၾကာင္း သိရသည္။ “CNG အေရာင္းဆိုင္ေတြကို ၂၄ နာရီ ပိတ္ရက္မရွိ ဖြင့္လွစ္ေရာင္းခ်ေပးလ်က္ရွိပါတယ္” ဟု စြမ္းအင္၀န္ႀကီးဌာန၊ CNG ဌာနခဲြမွ အႀကီးတန္း အရာရွိတစ္ဦးက ဆိုသည္။ ျမန္မာတစ္ႏုိင္ငံလံုးအေနျဖင့္ CNG အေရာင္းဆုိင္ေပါင္း ၄၅ ဆုိင္ရွိၿပီး ရန္ကုန္တြင္ ဆိုင္ေပါင္း ေလးဆယ္၊ မႏၲေလး တြင္ တစ္ဆိုင္၊ ေရနံေခ်ာင္းတြင္ တစ္ဆုိင္၊ ပလိပ္တြင္ တစ္ဆိုင္ရွိၿပီး ေခ်ာက္ၿမဳိ႕တြင္ တစ္ဆုိင္တို႔ျဖစ္ေၾကာင္း သိရသည္။


Ref: Automobile

အျမန္လမ္းတစ္ေလွ်ာက္ ေလးရက္လွ်င္ ယာဥ္မေတာ္တဆမႈ သံုးမႈခန့္ ျဖစ္ေပၚေန


ရန္ကုန္-မႏၲေလး အျမန္လမ္း တစ္ေလွ်ာက္၌ ေလးရက္လွ်င္ ယာဥ္မေတာ္တဆမႈ သံုးမႈခန႔္ ျဖစ္ ေပၚေနေၾကာင္း ‘ေဆာက္လုပ္ေရး ၀န္ႀကီးဌာန’၏ တရား၀င္ ထုတ္ျပန္ခ်က္ မ်ားအရ သိရသည္။ လက္ရွိတြင္ အျမန္လမ္းမႀကီးတစ္ေလွ်ာက္၌ တစ္ရက္လွ်င္ ပွ်မ္းမွ် ယာဥ္အစီးေရ ၁၂,၀၀၀ ခန္႔ ေန႔စဥ္ ျဖတ္သန္းသြားလာလ်က္ရွိၿပီး ျဖတ္သန္းေနသည့္ အစီးေရ တစ္ေသာင္းေက်ာ္ခန႔္တြင္ ယာဥ္မေတာ္တဆမႈ တစ္မႈ ျဖစ္ပြားလ်က္ရွိသျဖင့္ ေလးရက္လွ်င္ ယာဥ္မေတာ္တဆမႈ သံုးမႈခန႔္  ျဖစ္ပြားေနသည္ကို စစ္ေဆးေတြ႕ရွိရ ေၾကာင္း သိရသည္။ “အျမန္လမ္းကို အသံုးျပဳ သြားလာတဲ့ယာဥ္ မ်ားလာတာနဲ႔ အမွ် ယာဥ္မေတာ္တဆမႈေတြ လည္း တစ္လကို အႀကိမ္ႏွစ္ဆယ္ ေလာက္ျဖစ္လာတာေတြ႕ ရတယ္”ဟု ေဆာက္လုပ္ေရး ၀န္ႀကီးဌာန၊ ျပည္သူ႔ေဆာက္လုပ္ေရး လုပ္ငန္း (အျမန္လမ္းပိုင္း)မွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။ အျမန္လမ္းမႀကီး စတင္ အသံုးျပဳခဲ့ သည့္ ၂၀၀၉ ခုႏွစ္၊ မတ္လမွ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီ ၃၁ ရက္အထိ ယာဥ္မေတာ္တဆမႈ ေပါင္း ၅၄၇ မႈ ျဖစ္ပြားခဲ့ၿပီး ေသဆံုးသူ ၃၀၉ ဦး၊ ဒဏ္ရာရရွိသူ ၁,၂၂၅ ဦး ရွိခဲ့ ေၾကာင္း အျမန္လမ္းရဲတပ္ဖဲြ႕၏ မွတ္တမ္းမ်ားအရ သိရသည္။


Ref : Automobile

စက္မႈဇုန္ထုတ္ကားမ်ား အပ္ႏွံခြင့္ေပးမည္ဆိုပါက ႏွစ္ႏွစ္ဆယ္ ကားေဟာင္းအပ္ႏွံမႈ ေပၚလစီႏွင့္ မကိုက္ညီဟုဆို


စက္မႈဇုန္ထုတ္ကားမ်ားကို အပ္ႏွံ ခြင့္ေပးမည္ဆိုပါက ႏွစ္ ႏွစ္ဆယ္ ကားေဟာင္းအပ္ႏွံမႈ ေပၚလစီႏွင့္ မ ကိုက္ညီေတာ့ေၾကာင္း ‘ေနျပည္ေတာ္၊ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန’မွ အရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ရက္ပိုင္းက ျပဳလုပ္ခဲ့သည့္ လႊတ္ေတာ္အစည္းအေ၀း တြင္ ရန္ကုန္တုိင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ ၄ မွ ေဒါက္တာ ျမတ္ဥာဏစိုးက “စက္မႈဇုန္မ်ားမွ ထုတ္လုပ္ခဲ့သည့္ အရည္အေသြးနိမ့္က်ေသာ ေမာ္ေတာ္ယာဥ္မ်ားအတြက္ ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈတြင္ ထည့္သြင္းေဆာင္ရြက္ေပးႏိုင္မႈ ရွိ၊ မရွိ သိရွိလုိေၾကာင္း” ရထားပို႔ ေဆာင္ေရး၀န္ႀကီးဌာနထံ ေမးျမန္းခဲ့သည္။ ထိုေမးခြန္းႏွင့္ ပတ္သက္၍ ကားေဟာင္းေစ်းကြက္ လႈပ္ခတ္ သြားၿပီး စက္မႈဇုန္ထုတ္ကားမ်ား အပ္ႏွံခြင့္ျပဳ၊ မျပဳကိစၥကို ကားေလာကအတြင္း အျငင္းပြားဖြယ္ ျဖစ္ေနခဲ့သည္။ စက္မႈဇုန္ထုတ္ ကားမ်ား အပ္ႏွံခြင့္ျပဳ၊ မျပဳကိစၥႏွင့္ ပတ္သက္ ၍ ကညနမွ အရာရွိတစ္ဦးက “ကညနရဲ႕ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈ ေပၚလစီအရ ႏွစ္ ႏွစ္ဆယ္ေက်ာ္ ကားေတြကိုပဲ အပ္ႏွံခြင့္ေပး တာ ျဖစ္ပါတယ္၊ လက္ရွိအခ်ိန္မွာ စလစ္ေစ်းက ေကာင္းေနတဲ့အတြက္ စက္မႈဇုန္ကားေတြက ၀င္တိုးတာ ျဖစ္ပါတယ္၊ လႊတ္ေတာ္မွာ ေဒါက္တာ ျမတ္ဥာဏစိုးက စက္မႈဇုန္ ထုတ္ကားေတြက Road Safety မျဖစ္ဘူး၊ အပ္လို႔ရမလားဆိုၿပီး ေမးတဲ့အခါ ရထားပို႔ေဆာင္ေရး၀န္ ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးခ်န္ေမာင္က စက္မႈဇုန္ကားေတြကို အပ္ႏွံခြင့္ေပးဖို႔ ျပန္ၿပီး သံုးသပ္ပါမယ္လို႔ ေျဖၾကားခဲ့ပါတယ္၊ စက္မႈဇုန္ထုတ္ကားေတြက ၂၀၀၁ ခုႏွစ္က စၿပီး ထုတ္ထားတာ ျဖစ္တဲ့အတြက္ ႏွစ္ ႏွစ္ဆယ္ မေက်ာ္ေသးပါဘူး၊ ကားေဟာင္း စလစ္ေစ်းက တက္ေန တဲ့အတြက္ ေကာလာဟလေတြ အမ်ဳိးမ်ဳိးထုတ္လႊင့္ေနတဲ့အေပၚမွာ ျပည္သူလူထုေတြက ႐ိုက္ခတ္မႈခံေနရတာ ျဖစ္ပါတယ္၊ မူ၀ါဒအရ လုပ္ေတာ့လည္း စက္မႈဇုန္ ကားေတြ က စုတ္ေနၿပီ၊ Road Safety မျဖစ္ဘူးဆိုၿပီး ေျပာၾကျပန္တယ္၊ အရင္ကေတာ့ စက္မႈဇုန္ထုတ္ကားေတြက ေကာင္းလွပါၿပီ ဆိုၿပီး ေၾကြးေၾကာ္ခဲ့ၾကတယ္၊ စက္မႈဇုန္ထုတ္ ကား ဆိုတာကလည္း ျဖတ္၊ ညႇပ္၊ ကပ္ လုပ္ထားၿပီး သူမ်ားကားကို ကိုယ့္ကား လုပ္ထားတာ ျဖစ္တယ္၊ ဒါေပမဲ့ စက္မႈဇုန္ထုတ္ကားေတြ အပ္ႏွံခြင့္ျပဳ၊ မျပဳဆိုတဲ့ ကိစၥက လႊတ္ေတာ္အထိ ေရာက္သြားတဲ့အတြက္ အပ္ႏွံခြင့္ ျပဳမယ္ဆိုတာလည္း ျဖစ္သြားႏိုင္ပါတယ္”ဟု ေျပာၾကားခဲ့ သည္။ စက္မႈဇုန္ထုတ္ ကားမ်ားကို ၂၀၀၁ ခုႏွစ္မွ စတင္ထုတ္ လုပ္ခဲ့ရာ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီလအထိ အစီးေရ ၉၆,၆၄၈ စီး မွတ္ပံုတင္ျပဳလုပ္ေပးထားေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးႏွင့္ ၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။


Ref : Automobile

ေမာ္ေတာ္ယာဥ္ပါမစ္ ေလွ်ာက္ထားမႈအတြက္ Bank Statement အတုျပဳလုပ္ပါက ဥပေဒႏွင့္အညီ အေရးယူသြားမည္


ေမာ္ေတာ္ယာဥ္ပါမစ္ ေလွ်ာက္ထားမႈအတြက္ Bank Statement ၊ မွတ္ပံုတင္ႏွင့္ အိမ္ေထာင္စု ဇယားမ်ားကို အတုျပဳလုပ္ပါက ဥပေဒအတုိင္း အေရးယူေဆာင္ရြက္ သြား မည္ ျဖစ္ေၾကာင္း ‘စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၊ သြင္းကုန္၊ ထုတ္ကုန္ဌာန(OSS)’ မွ ေဖေဖာ္၀ါရီ ၁၉ ရက္တြင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။ ေမာ္ေတာ္ယာဥ္ပါမစ္မ်ား ေလွ်ာက္ထားျခင္းႏွင့္ ပတ္သက္၍ ကုမၸဏီလုပ္ငန္းရွင္၊ ကိုယ္စားလွယ္မ်ားသည္ မွတ္ပံုတင္၊ အိမ္ေထာင္စုဇယားႏွင့္ Bank Statement မ်ား အတု ျပဳလုပ္ ေလွ်ာက္ထားမႈမ်ားရွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ စိစစ္ေတြ႕ရွိခဲ့သည္။ သို႔ျဖစ္၍ ေလွ်ာက္ထားေသာ ကုမၸဏီလုပ္ငန္းရွင္၊ ကိုယ္စားလွယ္မ်ားအေနျဖင့္ မိမိတို႔ ေလွ်ာက္ထားသည့္ မွတ္ပံုတင္၊ အိမ္ေထာင္စုဇယား၊ Bank Passbook မ်ားအား မေလွ်ာက္ထား မီ မွန္ကန္မႈ ရွိ၊ မရွိ စနစ္တက် စစ္ေဆးရန္ႏွင့္ မွန္ကန္မႈရွိမွသာ ေလွ်ာက္ထားရမည္ ျဖစ္ၿပီး အတုျပဳလုပ္၍ ေလွ်ာက္ထားလာေၾကာင္း စိစစ္ေတြ႕ရွိပါက ကုမၸဏီလုပ္ငန္းရွင္၊ ကိုယ္စားလွယ္မ်ားအား ဥပေဒအတိုင္း ဆက္လက္ အေရးယူေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း အထက္ပါဌာနမွ အသိေပးေၾကညာခဲ့သည္။


Ref : Automobile

စက္မႈဇုန္ထုတ္ကားမ်ား၏ ဂယက္ေၾကာင့္ ကားေဟာင္းစလစ္ေစ်းတန္႕


ယခုရက္ပိုင္းအတြင္း ထြက္ေပၚေနေသာ စက္မႈဇုန္ထုတ္ကားမ်ားကို အပ္ႏွံခြင့္ ေပးဖြယ္ရွိသည္ ဆိုသည့္ သတင္းမ်ားေၾကာင့္ ကားေဟာင္း စလစ္ေစ်းမ်ား ရပ္တန္႔သြားခဲ့ ေၾကာင္း ကား ၀ယ္/ေရာင္းမ်ားထံမွ သိရွိရသည္။ကားေဟာင္း စလစ္ေစ်းမ်ားသည္ ေဖေဖာ္၀ါရီလဆန္းပိုင္းမွစ၍ တရိပ္ရိပ္ ျမင့္တက္ခဲ့ရာ ၿပီးခဲ့သည့္တစ္ပတ္အတြင္း က်ပ္ ၁၀၅ သိန္းအထိ ျမင့္တက္သြားခဲ့သည္။ သို႔ေသာ္ လႊတ္ေတာ္အစည္းအေ၀းတြင္ ရန္ကုန္တိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ ၄ မွ ေဒါက္တာ ျမတ္ဥာဏစိုး၏ စက္မႈဇုန္ ထုတ္ကားမ်ားကို အပ္ႏွံခြင့္ေပး၊ မေပးဆိုသည့္ ေမးခြန္းေၾကာင့္ ဇုန္ထုတ္ကားမ်ားမွာ ေစ်းႏႈန္းျမင့္ တက္သြားခဲ့ၿပီး ကားေဟာင္းစလစ္ ေစ်းမ်ားမွာမူ အနည္းငယ္ က်ဆင္း သြားခဲ့သည္။ ယခုရက္ပိုင္းအတြင္း ျဖစ္ေပၚေနေသာ ကားေဟာင္းစလစ္ ေစ်းကြက္ႏွင့္ ပတ္သက္၍ ကား ၀ယ္^ေရာင္းတစ္ဦးက “ကား ေဟာင္းစလစ္ေစ်းက တရိပ္ရိပ္ ျမင့္တက္လာခဲ့ရာကေန စက္မႈဇုန္ ထုတ္ကားေတြကို အပ္ႏွံခြင့္ေပး ဖြယ္ရွိတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ စလစ္အေရာင္းအ၀ယ္ေတြ ရပ္တန္႔သြားခဲ့ပါတယ္၊ ဒီရက္ပိုင္း အတြင္းမွာ ကားေဟာင္းေတြက အေရာင္းပဲရွိၿပီး အ၀ယ္ မရွိသေလာက္ ျဖစ္ေနပါတယ္၊ အမ်ားစုကေတာ့ ‘လ၊ သ၊ အ’ ကားေဟာင္းေတြထက္ စက္မႈဇုန္ ထုတ္ကားေတြကို ရွာေဖြ၀ယ္ယူ ေနၾကပါတယ္၊ အခ်ိန္ကာလအ ေတာ္ၾကာ လမ္းေပၚမွာ ေပ်ာက္ဆံုးေနတဲ့ စက္မႈဇုန္ထုတ္ ဂ်စ္ကားေတြလည္း ျပန္ၿပီး ေပၚလာပါတယ္”ဟု ဆိုခဲ့သည္။ယခု ရက္ပိုင္းအတြင္း ျဖစ္ေပၚေနေသာ ေစ်းကြက္အေျခအေနအရ ‘လ၊ သ၊ အ’ အကၡရာ ကားေဟာင္းမ်ားသည္ ၉၈ သိန္း၀န္းက်င္၊ ထိုကားမ်ား၏ အမည္ေပါက္ စလစ္တစ္ ေစာင္သည္ က်ပ္ ၁၀၃ သိန္း၀န္းက်င္ ေပါက္ေစ်းရွိၿပီး အပ္ႏွံခြင့္ေပးဖြယ္ရွိေသာ စက္မႈဇုန္ထုတ္ ဂ်စ္ကားမ်ားသည္ က်ပ္ သိန္း ေလးဆယ္၀န္းက်င္ ေပါက္ေစ်းရွိေၾကာင္း သိရ သည္။


Ref : Automobile

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ‘အ’အကၡရာကားမ်ား အပ္ႏွံမႈၿပီးျပတ္ရန္ အစီးေရ ေလးရာေက်ာ္သာ က်န္ရွိ


ရန္ကုန္တုိင္းေဒသႀကီး အတြင္း ‘အ’ အကၡရာကားမ်ားမွာ အပ္ႏွံမႈ ၿပီးျပတ္ရန္ အစီးေရ ေလးရာေက်ာ္သာ က်န္ရွိေတာ့ေၾကာင္း ‘ျမင္သာ ကညန႐ုံး ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈဌာန’မွ သိရသည္။ အပ္ႏွံဆဲျဖစ္သည့္ ‘အ’အကၡ ရာကားမ်ားမွာ ရန္ကုန္တိုင္းေဒသႀကီးတြင္ အပ္ႏွံမည့္အစီးေရမွာ ၄,၇၅၀ စီး ရွိၿပီး ေဖေဖာ္၀ါရီ ၁၈ ရက္အထိ အစီး ေရ ၄,၂၈၈ စီး အပ္ႏွံၿပီးစီးခဲ့ၿပီး ျဖစ္သည္။ အပ္ႏွံရန္က်န္ရွိသည့္ ‘အ’အကၡရာ ကားမ်ားမွာ အစီးေရ ေလးရာေက်ာ္သာ က်န္ရွိေတာ့သည့္အတြက္ အပ္ကားမ်ား နည္းပါး လာ ျပီျဖစ္သည္။ ထုိ႔အတူ တကၠစီစလစ္အတြက္ အပ္ႏွံခြင့္ျပဳခဲ့ေသာ Cheryကားမ်ားမွာ ေဖေဖာ္၀ါရီ ၁၈ ရက္အထိ အစီးေရ ၂၆၄ စီးအပ္ႏွံၿပီး ျဖစ္သည္။ ယာဥ္အို၊ ယာဥ္ေဟာင္း ဌာန၏ ေန႔စဥ္ အပ္ႏွံမႈစာ ရင္းမ်ားအရ အကၡရာစံုမွ ယာဥ္အို၊ ယာဥ္ေဟာင္း အစီးေရ ေျခာက္ ဆယ္၀န္းက်င္ခန႔္ လာေရာက္ အပ္ႏွံလ်က္ရွိေၾကာင္း သိရသည္။ “ယာဥ္အုိ၊ ယာဥ္ေဟာင္းအပ္ႏွံမႈက အခုရက္ပုိင္းမွာအပ္ႏွံမႈ ပံုမွန္ျပန္ျဖစ္သြားတယ္၊ တစ္ရက္ကို အစီးေရ ေျခာက္ဆယ္၊ ခုနစ္ဆယ္ ၀န္းက်င္လာေရာက္ အပ္ႏွံၾကတယ္၊ ‘အ’ အကၡရာ ကားေတြကေတာ့ တစ္ရက္ကို ပံုမွန္အစီးေရ သံုးဆယ္၀န္းက်င္ အပ္ႏွံမႈရွိပါတယ္၊ ေနာက္ထပ္ အပ္ႏွံခြင့္ျပဳမယ့္အကၡရာကေတာ့ တိတိက်က် မသိေသးတဲ့အတြက္ ေျပာလို႔ မရေသးပါဘူး၊ ဇုန္ကားေတြကို အပ္ႏွံခြင့္ျပဳဖို႔အတြက္ ဘယ္လို အပ္ႏွံရမယ္ဆိုတာကို အခုမွစီစဥ္တုန္းပဲ ရွိပါေသးတယ္၊ အထက္က ညႊန္ၾကားခ်က္အတုိင္း ေဆာင္ရြက္ရ တာျဖစ္လို႔ ဘယ္လုိအပ္ႏွံမႈမ်ဳိးျဖစ္မလဲ ဆုိတာကိုေတာ့ ေျပာလုိ႔ မရေသးပါဘူး”ဟု ယာဥ္အုိ၊ ယာဥ္ေဟာင္း အပ္ႏံွမႈဌာနမွ တာ၀န္ရွိသူ တစ္ဦးက ေျပာၾကားခဲ့သည္။ လက္ရွိ အခ်ိန္တြင္ မည္သည့္ အကၡရာေခၚယူမည္ဟု အတိအက် မသိရျခင္းေၾကာင့္ ေစ်းကြက္အတြင္း အပ္ကားမ်ားရွိေနခဲ့ၿပီး ေစ်းႏႈန္းျမင့္တက္မႈမ်ားရွိလာခဲ့ကာ ‘အ’ အကၡရာ ကား မ်ား၏အမည္ေပါက္ စလစ္တစ္ေစာင္လွ်င္ က်ပ္ ၁၀၃ သိန္း၀န္းက်င္ႏွင့္ ႐ုိး႐ုိးစလစ္တစ္ ေစာင္လွ်င္ က်ပ္ ၉၈ သိန္း၀န္း က်င္ေပါက္ေစ်းရွိေၾကာင္း ေစ်းကြက္ အတြင္းမွသိရ သည္။


Ref : Automobile

ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈႏွင့္ ပတ္သက္ၿပီး စီးပြား/ကူးသန္းမွ ရထားပို့ေဆာင္ေရး၀န္ႀကီးဌာနထံ စာထုတ္ေမးျမန္း


ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈ ေပၚလစီအသစ္ႏွင့္ ပတ္သက္ၿပီး စီးပြားေရႏွင့္ ကူးသန္းေရာင္း၀ယ္ ေရးဦးစီးဌာနမွ ရထားပို႔ေဆာင္ေရး ၀န္ႀကီးဌာနထံ စာထုတ္ေမးျမန္း ထားေၾကာင္း သိရသည္။ ရထားပို႔ေဆာင္ေရး ၀န္ႀကီးဌာနက ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာ ၂၅ ရက္တြင္ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ား နည္းတူ သက္တမ္းအလိုက္ အပ္ႏွံခြင့္ျပဳမည္ ဆိုေသာ္လည္း ထိုမူ၀ါဒမွာ လက္ေတြ႕အေကာင္အထည္ မေဖာ္ႏိုင္ေသးေသာေၾကာင့္ ေမာ္ေတာ္ယာဥ္တင္သြင္းမႈ ႀကီးၾကပ္ေရးေကာ္မတီ အဖြဲ႕၀င္ဌာနတစ္ခုျဖစ္သည့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ ေနျပည္ေတာ္ ရထားပို႔ေဆာင္ေရး ၀န္ႀကီးဌာနထံ စာထုတ္ေမးျမန္းခဲ့ျခင္း ျဖစ္သည္။ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံ ျခင္း ေပၚလစီႏွင့္ ပတ္သက္၍ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ ေရး၀န္ႀကီးဌာနမွ တာ၀န္ရွိသူတစ္ ဦးက “ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမယ့္ အစီအစဥ္နဲ႔ ပတ္သက္ၿပီး ရထားပို႔ေဆာင္ေရး၀န္ႀကီးဌာနဆီ စာထုတ္ၿပီး ေမးျမန္းထားပါတယ္၊ ရထားပို႔ေဆာင္ေရး၀န္ႀကီး ဌာနအေနနဲ႔ ကားေဟာင္းအပ္ႏွံမႈနဲ႔ ပတ္သက္ၿပီး အစီအစဥ္ေတြကို ခ်ျပ ေပးေစလိုပါတယ္၊ ဘယ္ကား ကို ဘယ္အခ်ိန္မွာ အပ္ႏွံခြင့္ေပးမယ္၊ တစ္ႏွစ္အတြင္းမွာ အကၡရာ ဘယ္ႏွခု ေခၚယူမယ္ဆိုတာကို အမ်ားျပည္သူ သိရွိေအာင္ ခ်ျပေပးမယ္ ဆိုရင္ ကားေဟာင္းစလစ္ေစ်းက အတက္အက် ရွိေတာ့မွာ မဟုတ္ပါဘူး၊ ကားေဟာင္းစလစ္ ေစ်းေတြ အဆမတန္ ျမင့္တက္ေနတဲ့အတြက္ စလစ္ကပ္ကားေတြထက္ Free Permit ကားေတြကို တင္သြင္းလာၾကလို႔ ကား အစီးေရေတြ မ်ားျပားလာတာ ျဖစ္ပါတယ္၊ တစ္စီးအပ္ၿပီး တစ္စီးသြင္းမယ္ ဆိုရင္ ကားေကာင္းေတြလည္း မ်ား လာမယ္၊ အစီးေရလည္း အ၀င္/အထြက္ မွ်တသြားမွာ ျဖစ္ပါတယ္၊ အကၡရာေတြ၊ ႏွစ္ကန္႔သတ္ခ်က္ေတြ၊ စက္မႈဇုန္ကားေတြ ဆိုၿပီး မခြဲျခားဘဲ ယာဥ္ပိုင္ရွင္ဆႏၵအရ အပ္ႏွံ ခြင့္ေပးသင့္ပါတယ္”ဟု ၎၏ အျမင္ကို သံုးသပ္ ေျပာၾကားခဲ့သည္။


Ref : Automobile

ရန္ကုန္- ပဲခူး ဟုိင္းလပ္ယာဥ္မ်ား မီနီဘတ္စ္ ေျပာင္းလဲ ေျပးဆြဲရန္ ေလွ်ာက္ထားမႈ မရွိေသး


ရန္ကုန္ၿမဳိ႕တြင္း ၀င္ေရာက္ေျပးဆြဲ ခြင့္ တားျမစ္ထားေသာ ရန္ကုန္- ပဲခူး ဟုိင္းလပ္ယာဥ္မ်ား ေနရာတြင္ မီနီဘတ္စ္ အစားထိုး တင္သြင္း ေျပာင္းလဲ ေျပးဆြဲျခင္းအတြက္ ေလွ်ာက္ထားမႈ မရွိေသးေၾကာင္း ‘ရန္ကုန္တိုင္းေဒသႀကီး ေမာ္ေတာ္ ယာဥ္လိုင္းေပါင္းစံု ထိန္းသိမ္းေရး ႀကီးၾကပ္မႈ ဗပာိုေကာ္မတီ’မွ သတင္း ရရွိသည္။ အဆိုပါ ယာဥ္မ်ား ၿမဳိ႕တြင္း ၀င္ေရာက္ေျပးဆဲြခြင့္ကို ယခုလ ၂၈ ရက္အထိ ခြင့္ျပဳထားၿပီး ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံ၍ မီနီဘတ္စ္အစားထုိး တင္သြင္းေျပးဆဲြ ျခင္း၊ ကုန္စည္တင္ယာဥ္ႏွင့္ အေ၀းေျပးယာဥ္မ်ားအျဖစ္ ေျပာင္းလဲေျပးဆြဲခြင့္ျပဳထားေၾကာင္း၊ အဆိုပါ ေျပာင္းလဲမႈႏွင့္ပတ္သက္၍ လက္ရွိအခ်ိန္အထိ ကုန္စည္တင္ယာဥ္ ေျပာင္းလဲျခင္းအတြက္ ယာဥ္ ႏွစ္စီး၊ အေ၀းေျပးယာဥ္ သံုးစီးသာ လာေရာက္ ေလွ်ာက္ထားခဲ့ကာ မီနီဘတ္စ္ ေျပာင္းလဲ ေျပးဆြဲရန္ ေလွ်ာက္ထားမႈ မရွိေသးေၾကာင္း သိရသည္။ “လက္ရွိ အခ်ိန္အထိ ေတာ့ လာမေလွ်ာက္ေသးဘူး၊ Lucky Family မွာေတာ့ မီနီဘတ္စ္လာ၀ယ္တာ မ်ားေနၿပီလို႔ၾကားတယ္၊ ၂၈ ရက္အထိ ခြင့့္ျပဳထားေတာ့ ရတဲ့ရက္အထိ ဆြဲေနဦးမယ္လို႔ ထင္တယ္၊ ဥပမာ တုိက္ႀကီးဘက္က ကားေတြဆိုရင္ ေထာက္ႀကံ႕မွာ ဂိတ္ဆံုးမွာဆုိေတာ့ ဆြဲေနဦးမယ္၊ ေျပာင္းမွာမဟုတ္ဘူး၊ ဒလ-တြံေတး ကားလည္း ဒီလိုပဲျဖစ္မွာပဲ” ဟု မထသ(ဗဟို)ဥကၠ႒ ဦးလွ ေအာင္က ေျပာသည္။ အဆိုပါကိစၥႏွင့္ ပတ္သက္၍ ဟုိင္းလပ္ ယာဥ္ေမာင္းတစ္ဦးက “ဒါက ခ်က္ခ်င္းႀကီးေျပာင္းလဲလုိ႔ရတာမွ မဟုတ္တာ၊ အမွန္ဆို မဂၤလာဒံု လမ္းခဲြမွတ္တိုင္ကေန ဆင္မင္းေစ်း၊ ကမ္းနားေစ်းေလာက္ အထိပဲ လူရတာ”ဟု ၎င္း၏အျမင္ကို ေျပာသည္။ ဟိုင္းလပ္ယာဥ္လုိင္း ၿမဳိ႕တြင္း ေျပးဆြဲခြင့္ ကို ယခင္က ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီ ၁၆ ရက္အထိ ခြင့္ျပဳထားကာ ယာဥ္လိုင္းပုိင္ရွင္မ်ား၏ ေတာင္းဆုိမႈေၾကာင့္ ေဖေဖာ္၀ါရီ ၂၈ ရက္အထိ ခြင့္ျပဳေပးထားၿပီး အဆိုပါရက္ ေက်ာ္လြန္ေျပးဆဲြပါက ယာဥ္လုိင္းပိတ္သိမ္းသည္အထိ အေရးယူမည္ ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္အထိ မီနီဘတ္စ္ ေျပာင္းလဲေျပးဆြဲရန္အတြက္ ေလွ်ာက္ထားမႈ မရွိေသး ေၾကာင္း သတင္းရရွိသည္။


Ref : Automobile




Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week-500x185

 



  • iPay စနစ် အရှုံးပေါ် ခြင်းကြောင့် e-ticket လက်မှတ်ဖြတ်စနစ်ကျင့်သုံးရန် အစီအစဉ်မရှိသေးဟု ပါရမီယာဉ်လိုင်းမှဆို



  • ဟံသာဝတီအဝိုင်း မီးပွိုင့်တပ်ဆင်အသုံးပြုခြင်း မတ်လတွင် စတင်မည်



  • အိမ်ပြောင်းရွှေ့ရာ၌ ဝန်ဆောင်မှု လုပ်ငန်းများ ငှားရမ်းအသုံးပြုမှု ပိုမို များပြားလာ



  • ဇန်နဝါရီလအတွင်း CNG ရောင်းချမှုမှ ငွေကျပ် သိန်းပေါင်း လေးသောင်းခန့် ရရှိ



  • အမြန်လမ်းတစ်လျှောက် လေးရက်လျှင် ယာဉ်မတော်တဆမှု သုံးမှုခန့် ဖြစ်ပေါ်နေ



  • စက်မှုဇုန်ထုတ်ကားများ အပ်နှံခွင့်ပေးမည်ဆိုပါက နှစ်နှစ်ဆယ် ကားဟောင်းအပ်နှံမှု ပေါ်လစီနှင့် မကိုက်ညီဟုဆို



  • မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအတွက် Bank Statement အတုပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်



  • စက်မှုဇုန်ထုတ်ကားများ၏ ဂယက်ကြောင့် ကားဟောင်းစလစ်စျေးတန့်



  • ရန်ကုန်တိုင်းဒေသကြီးအတွင်း ‘အ’အက္ခရာကားများ အပ်နှံမှုပြီးပြတ်ရန် အစီးရေ လေးရာကျော်သာ ကျန်ရှိ



  • ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုနှင့် ပတ်သက်ပြီး စီးပွား/ကူးသန်းမှ ရထားပို့ဆောင်ရေးဝန်ကြီးဌာနထံ စာထုတ်မေးမြန်း



  • ရန်ကုန်- ပဲခူး ဟိုင်းလပ်ယာဉ်များ မီနီဘတ်စ် ပြောင်းလဲ ပြေးဆွဲရန် လျှောက်ထားမှု မရှိသေး



 

iPay စနစ် အရှုံးပေါ် ခြင်းကြောင့် e-ticket လက်မှတ်ဖြတ်စနစ်ကျင့်သုံးရန် အစီအစဉ်မရှိသေးဟု ပါရမီယာဉ်လိုင်းမှဆို


မြို့တွင်းခရီးသည်တင် ပါရမီယာဉ် လိုင်းများ၌ လက်ရှိ အသုံးပြုလျက် ရှိသည့် ငွေအကြွေအစားထိုး iPay စနစ်မှာ ခရီးသည် အသုံးပြုမှု နည်းပါးခြင်းကြောင့် အရှုံးပေါ်လျက် ရှိနေပြီး ယင်းကြောင့် e-ticket စနစ် ကျင့်သုံးရန် အစီအစဉ်မရှိသေးကြောင်း ‘ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမီတက်’မှ သတင်းရရှိသည်။ ခရီးသည်တင် ယာဉ် လိုင်းများ၌ ယာဉ်အကူမလိုဘဲ အလိုအလျောက်စက်ဖြင့် လက်မှတ်ဖြတ်ပေးသည့် Electronic လက်မှတ်ဖြတ် e-ticket စနစ် ကျင့်သုံးရန် စီစဉ်လျက်ရှိပြီး မထသလက် အောက်ရှိ ယာဉ်လိုင်းများ၌ e-ticket စနစ် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ “iPay တုန်းကလည်း ယာဉ်လိုင်းတွေမှာ တပ်ဆင်အသုံးပြုခဲ့တယ်၊ ဒါပေမဲ့ ခရီး သည်တွေက သိပ်မသုံးကြဘူး၊ အဆင်မပြေတာကြောင့်ရော၊ ယာဉ်အကူ စပယ်ယာတွေရဲ့ စည်းကမ်းမရှိမှုတွေကြောင့်ရောပေါ့၊ ဒါပေမဲ့ အခု နာမည်ကြီးနေတဲ့ e-ticket ကို သုံးဖို့ အစီအစဉ်မရှိသေးဘူး၊ တခြား ယာဉ်လိုင်းတွေမှာ သုံးလို့အဆင်ပြေတယ် ကြားရင်တော့ စဉ်းစားဖြစ်မှာပါ”ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ e-ticket စနစ်သည် စက်တွင် လက်မှတ်ကပ်ရုံဖြင့် မော်တော်ယာဉ်စီးနင်းနိုင်သောကြောင့် လက်ရှိဖြစ်ပေါ်နေသော ငွေအကြွေ ရှားပါးမှု အပြင်စပယ်ယာနှင့် ခရီးသည်အကြား အချင်းများမှုကိုလည်း ရှောင်ရှားနိုင်ကြောင်း၊ ယခုအခါ e-ticket စနစ်ကို မထသလက်အောက်ရှိ ယာဉ်လိုင်းများတွင်တပ်ဆင်အသုံး ပြု မည်ဖြစ်ကြောင်း ဗဟိုကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။


Ref: Automobile

ဟံသာဝတီအဝိုင်း မီးပွိုင့်တပ်ဆင်အသုံးပြုခြင်း မတ်လတွင် စတင်မည်


စမ်းချောင်းမြို့နယ်၊ ဟံသာဝတီအဝိုင်းတွင် မီးပွိုင့်တပ်ဆင်အသုံးပြု ခြင်းကို မတ်လတွင် စတင်မည်ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ’မှ သိရ သည်။ ဟံသာဝတီအဝိုင်း၌ ယာဉ်ကြောကျပ်တည်းမှုနှင့် ပိတ်ဆို့မှုမှာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည့်အတွက် မီးပွိုင့်တပ်ဆင် အသုံးပြုရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို လာမည့်မတ်လတွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် အဝိုင်းလမ်းဆုံ လေးနေရာ၌ မီးပွိုင့်များ တပ်ဆင်ထားရှိပြီး မီးပွိုင့်မိနစ်ချိန်သားကိုက်ရန် တွက်ချက်မှု များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ “အဓိက ကတော့ အဝိုင်းပတ် လမ်းထဲမှာ ယာဉ်ကြောကျပ်ပြီး ယာဉ်တွေ ရပ်တန့်နေတာမရှိတော့ဘူး၊ အဝိုင်းပြင်ပမှာပဲရှိမယ်၊ ယာဉ် ကြောကျပ်တာကို ဖြေလျှော့ပေးမှာ ဆိုတော့ မြေနီကုန်းမီးပွိုင့်၊ လှည်းတန်း မီးပွိုင့်တို့နဲ့ ချိတ်ဆက်ရမယ်၊ ဒါကြောင့် မီးပွိုင့် တပ်ဆင်ထားပြီးပေမဲ့ မလွှတ်နိုင်သေးတာ၊ ဆင်ဆာစနစ် မီးပွိုင့်ဆိုရင် ပိုအဆင်ပြေနိုင်မယ် ဆိုပေမဲ့ ဘတ်ဂျက်မရနိုင်တော့ ရိုးရိုးမီးပွိုင့်ပဲ လတ်တလော အသုံးပြုနိုင်မယ်”ဟု ‘မြို့တော် စည်ပင်၊ အင်ဂျင်နီယာဌာန (လမ်း၊ တံတား)’မှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ ဟံသာဝတီအဝိုင်း၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် လက်ရှိအသုံးပြုလျက်ရှိသည့် အဝိုင်းပတ် စနစ်အပြင် ယခုကဲ့သို့ ရိုးရိုးမီးပွိုင့်စနစ်တို့ကို တိုး ချဲ့တပ်ဆင်ခြင်း ဖြစ်ပြီး ကုန်ကျ စရိတ်အနေဖြင့် ကျပ်သိန်း ငါးဆယ်ခန့် ကုန်ကျခဲ့ကြောင်း၊ ယာဉ်ကြော ကျပ်တည်းမှုအပေါ် လိုက်၍ အလိုအလျောက် မီးပွိုင့်သတ်မှတ်ပေးသည့် ဆင်ဆာစနစ်ပါ အသုံးပြု မည်ဆိုပါက အမေရိကန်ဒေါ်လာ နှစ်သောင်းခန့် ကုန်ကျနိုင်ကြောင်း သိရသည်။


Ref: Automobile

အိမ်ပြောင်းရွှေ့ရာ၌ ဝန်ဆောင်မှု လုပ်ငန်းများ ငှားရမ်းအသုံးပြုမှု ပိုမို များပြားလာ


ရန်ကုန်မြို့တွင်း အိမ်အပြောင်းအရွှေ့များ ပြုလုပ်ရာတွင် ပြောင်းရွှေ့ဝန်ဆောင်မှုလုပ်ငန်းများ ငှားရမ်းအသုံးပြုမှု ပိုမိုများပြားလာကြောင်း အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှု လုပ်ငန်းစျေးကွက်မှ စုံစမ်းသိရှိရသည်။ အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုလုပ်ငန်းများမှာ ၂ဝ၁ဝ ပြည့်နှစ် ခန့်မှ စတင် ခေတ်စားလာခဲ့ပြီး လက်ရှိတွင် အဆိုပါဝန်ဆောင်မှု အသုံးပြု မှုများမှာ ၈ဝ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။ “အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုတွေသုံးရတာ အဆင်ပြေတယ်၊ လူလည်း သက်သာတယ်၊ အရင် ကိုယ်ကိုယ်တိုင် ရွှေ့တုန်းကဆိုရင် အရမ်း ပင်ပန်းတယ်၊ ပစ္စည်းတွေနေရာချဖို့ စီစဉ်ရတာနဲ့ အရမ်းကို အလုပ်ရှုပ်တယ်၊ အိမ်ပြောင်းရမှာတောင် ကြောက်တယ်၊ အခုတော့ ဒီလို ဝန်ဆောင်မှုလုပ်ငန်းတွေ ပေါ်လာတော့ အိမ်ပြောင်းရတာ တော်တော်အဆင်ပြေစေတယ်”ဟု အိမ်အပြောင်းအရွှေ့ဝန်ဆောင်မှု ငှားရမ်းအသုံးပြုသူ ဒေါ်ခင်ဝင်းက ဆိုသည်။ အဆိုပါ ဝန်ဆောင်မှုကို ငှားရမ်းအသုံးပြုရာ၌ ခရီးအကွာအဝေး၊ အထပ်အနိမ့်အမြင့်အပေါ် မူတည်၍ အနည်းဆုံး ကျပ် သုံးသောင်းခွဲမှ တစ်သိန်းကျော် အထိရှိ ကြောင်း သိရသည်။ “အခုနောက်ပိုင်း အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုလုပ်တဲ့သူတွေ များလာတယ်၊ ဒီတော့ ကိုယ့်ဘက်က Service ကောင်းကောင်းပေးနိုင်ဖို့ ကြိုးစား ရတယ်၊ ကျွမ်းကျင်တဲ့ လုပ်သားတွေနဲ့ လုံလောက်တဲ့ ယာဉ်အစီးရေတွေ ဖြည့်တင်း ဆောင်ရွက်ရတာမျိုးတွေ ရှိပါတယ်”ဟု ‘မကြွေသောပန်း အိမ်အပြောင်းအရွှေ့ ဝန် ဆောင်မှုလုပ်ငန်း’မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင်း၌ အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်း ၁၅ ခုခန့်ရှိပြီး မိမိအိမ်ရှိ ပစ္စည်းများနှင့် ချိန်ဆကာ မော်တော်ယာဉ်အား အကြီး၊ အသေး ရွေးချယ်ငှားရမ်းမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။


Ref: Automobile

ဇန်နဝါရီလအတွင်း CNG ရောင်းချမှုမှ ငွေကျပ် သိန်းပေါင်း လေးသောင်းခန့် ရရှိ


စွမ်းအင်ဝန်ကြီးဌာနမှ ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် CNG သဘာဝဓာတ်ငွေ့ရောင်းချမှုမှ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ငွေကျပ် သိန်းပေါင်း လေးသောင်းခန့် ရရှိခဲ့ ကြောင်း ‘စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနခွဲ’ မှ သိရသည်။ CNG သဘာဝဓာတ်ငွေ့ ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဇန်နဝါရီလအတွင်း ဓာတ်ငွေ့ပမာဏ ကုဗ ပေသန်းပေါင်း ၆၂၂ သန်းကျော် ရောင်းချခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၃၇,၆၈၉ ကျော် ရရှိခဲ့ကြောင်း၊ မနၲလေးတိုင်းဒေသကြီး ပလိပ်၊ ရေနံချောင်း၊ ချောက် မြို့နယ်များတွင် ဓာတ်ငွေ့ပမာဏ ကုဗပေ သန်းပေါင်း ၁၇ သန်းကျော် ရောင်းချခဲ့ရပြီး ငွေကျပ် သိန်းပေါင်း ၁,ဝ၉၉ သိန်း ရရှိခဲ့ကြောင်း၊ တစ်လအတွင်း CNG စုစုပေါင်းရောင်းချမှုမှ ငွေကျပ် သိန်းပေါင်း ၃၈,၇၉ဝ ကျော်ရရှိခဲ့ကြောင်း သိရသည်။ “CNG အရောင်းဆိုင်တွေကို ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနခွဲမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် CNG အရောင်းဆိုင်ပေါင်း ၄၅ ဆိုင်ရှိပြီး ရန်ကုန်တွင် ဆိုင်ပေါင်း လေးဆယ်၊ မနၲလေး တွင် တစ်ဆိုင်၊ ရေနံချောင်းတွင် တစ်ဆိုင်၊ ပလိပ်တွင် တစ်ဆိုင်ရှိပြီး ချောက်မြို့တွင် တစ်ဆိုင်တို့ဖြစ်ကြောင်း သိရသည်။


Ref: Automobile

အမြန်လမ်းတစ်လျှောက် လေးရက်လျှင် ယာဉ်မတော်တဆမှု သုံးမှုခန့် ဖြစ်ပေါ်နေ


ရန်ကုန်-မနၲလေး အမြန်လမ်း တစ်လျှောက်၌ လေးရက်လျှင် ယာဉ်မတော်တဆမှု သုံးမှုခန့် ဖြစ် ပေါ်နေကြောင်း ‘ဆောက်လုပ်ရေး ဝန်ကြီးဌာန’၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရသည်။ လက်ရှိတွင် အမြန်လမ်းမကြီးတစ်လျှောက်၌ တစ်ရက်လျှင် ပျှမ်းမျှ ယာဉ်အစီးရေ ၁၂,ဝဝဝ ခန့် နေ့စဉ် ဖြတ်သန်းသွားလာလျက်ရှိပြီး ဖြတ်သန်းနေသည့် အစီးရေ တစ်သောင်းကျော်ခန့်တွင် ယာဉ်မတော်တဆမှု တစ်မှု ဖြစ်ပွားလျက်ရှိသဖြင့် လေးရက်လျှင် ယာဉ်မတော်တဆမှု သုံးမှုခန့်  ဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း သိရသည်။ “အမြန်လမ်းကို အသုံးပြု သွားလာတဲ့ယာဉ် များလာတာနဲ့ အမျှ ယာဉ်မတော်တဆမှုတွေ လည်း တစ်လကို အကြိမ်နှစ်ဆယ် လောက်ဖြစ်လာတာတွေ့ ရတယ်”ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း (အမြန်လမ်းပိုင်း)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အမြန်လမ်းမကြီး စတင် အသုံးပြုခဲ့ သည့် ၂ဝဝ၉ ခုနှစ်၊ မတ်လမှ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ယာဉ်မတော်တဆမှု ပေါင်း ၅၄၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃ဝ၉ ဦး၊ ဒဏ်ရာရရှိသူ ၁,၂၂၅ ဦး ရှိခဲ့ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။


Ref : Automobile

စက်မှုဇုန်ထုတ်ကားများ အပ်နှံခွင့်ပေးမည်ဆိုပါက နှစ်နှစ်ဆယ် ကားဟောင်းအပ်နှံမှု ပေါ်လစီနှင့် မကိုက်ညီဟုဆို


စက်မှုဇုန်ထုတ်ကားများကို အပ်နှံ ခွင့်ပေးမည်ဆိုပါက နှစ် နှစ်ဆယ် ကားဟောင်းအပ်နှံမှု ပေါ်လစီနှင့် မ ကိုက်ညီတော့ကြောင်း ‘နေပြည်တော်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ ဒေါက်တာ မြတ်ဥာဏစိုးက “စက်မှုဇုန်များမှ ထုတ်လုပ်ခဲ့သည့် အရည်အသွေးနိမ့်ကျသော မော်တော်ယာဉ်များအတွက် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုတွင် ထည့်သွင်းဆောင်ရွက်ပေးနိုင်မှု ရှိ၊ မရှိ သိရှိလိုကြောင်း” ရထားပို့ ဆောင်ရေးဝန်ကြီးဌာနထံ မေးမြန်းခဲ့သည်။ ထိုမေးခွန်းနှင့် ပတ်သက်၍ ကားဟောင်းစျေးကွက် လှုပ်ခတ် သွားပြီး စက်မှုဇုန်ထုတ်ကားများ အပ်နှံခွင့်ပြု၊ မပြုကိစ္စကို ကားလောကအတွင်း အငြင်းပွားဖွယ် ဖြစ်နေခဲ့သည်။ စက်မှုဇုန်ထုတ် ကားများ အပ်နှံခွင့်ပြု၊ မပြုကိစ္စနှင့် ပတ်သက် ၍ ကညနမှ အရာရှိတစ်ဦးက “ကညနရဲ့ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီအရ နှစ် နှစ်ဆယ်ကျော် ကားတွေကိုပဲ အပ်နှံခွင့်ပေး တာ ဖြစ်ပါတယ်၊ လက်ရှိအချိန်မှာ စလစ်စျေးက ကောင်းနေတဲ့အတွက် စက်မှုဇုန်ကားတွေက ဝင်တိုးတာ ဖြစ်ပါတယ်၊ လွှတ်တော်မှာ ဒေါက်တာ မြတ်ဥာဏစိုးက စက်မှုဇုန် ထုတ်ကားတွေက Road Safety မဖြစ်ဘူး၊ အပ်လို့ရမလားဆိုပြီး မေးတဲ့အခါ ရထားပို့ဆောင်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က စက်မှုဇုန်ကားတွေကို အပ်နှံခွင့်ပေးဖို့ ပြန်ပြီး သုံးသပ်ပါမယ်လို့ ဖြေကြားခဲ့ပါတယ်၊ စက်မှုဇုန်ထုတ်ကားတွေက ၂ဝဝ၁ ခုနှစ်က စပြီး ထုတ်ထားတာ ဖြစ်တဲ့အတွက် နှစ် နှစ်ဆယ် မကျော်သေးပါဘူး၊ ကားဟောင်း စလစ်စျေးက တက်နေ တဲ့အတွက် ကောလာဟလတွေ အမျိုးမျိုးထုတ်လွှင့်နေတဲ့အပေါ်မှာ ပြည်သူလူထုတွေက ရိုက်ခတ်မှုခံနေရတာ ဖြစ်ပါတယ်၊ မူဝါဒအရ လုပ်တော့လည်း စက်မှုဇုန် ကားတွေ က စုတ်နေပြီ၊ Road Safety မဖြစ်ဘူးဆိုပြီး ပြောကြပြန်တယ်၊ အရင်ကတော့ စက်မှုဇုန်ထုတ်ကားတွေက ကောင်းလှပါပြီ ဆိုပြီး ကြွေးကြော်ခဲ့ကြတယ်၊ စက်မှုဇုန်ထုတ် ကား ဆိုတာကလည်း ဖြတ်၊ ညှပ်၊ ကပ် လုပ်ထားပြီး သူများကားကို ကိုယ့်ကား လုပ်ထားတာ ဖြစ်တယ်၊ ဒါပေမဲ့ စက်မှုဇုန်ထုတ်ကားတွေ အပ်နှံခွင့်ပြု၊ မပြုဆိုတဲ့ ကိစ္စက လွှတ်တော်အထိ ရောက်သွားတဲ့အတွက် အပ်နှံခွင့် ပြုမယ်ဆိုတာလည်း ဖြစ်သွားနိုင်ပါတယ်”ဟု ပြောကြားခဲ့ သည်။ စက်မှုဇုန်ထုတ် ကားများကို ၂ဝဝ၁ ခုနှစ်မှ စတင်ထုတ် လုပ်ခဲ့ရာ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလအထိ အစီးရေ ၉၆,၆၄၈ စီး မှတ်ပုံတင်ပြုလုပ်ပေးထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


Ref : Automobile

မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအတွက် Bank Statement အတုပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်


မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအတွက် Bank Statement ၊ မှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယားများကို အတုပြုလုပ်ပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက် သွား မည် ဖြစ်ကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သွင်းကုန်၊ ထုတ်ကုန်ဌာန(OSS)’ မှ ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မော်တော်ယာဉ်ပါမစ်များ လျှောက်ထားခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များသည် မှတ်ပုံတင်၊ အိမ်ထောင်စုဇယားနှင့် Bank Statement များ အတု ပြုလုပ် လျှောက်ထားမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စိစစ်တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ လျှောက်ထားသော ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ လျှောက်ထားသည့် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ Bank Passbook များအား မလျှောက်ထား မီ မှန်ကန်မှု ရှိ၊ မရှိ စနစ်တကျ စစ်ဆေးရန်နှင့် မှန်ကန်မှုရှိမှသာ လျှောက်ထားရမည် ဖြစ်ပြီး အတုပြုလုပ်၍ လျှောက်ထားလာကြောင်း စိစစ်တွေ့ရှိပါက ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များအား ဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထက်ပါဌာနမှ အသိပေးကြေညာခဲ့သည်။


Ref : Automobile

စက်မှုဇုန်ထုတ်ကားများ၏ ဂယက်ကြောင့် ကားဟောင်းစလစ်စျေးတန့်


ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေသော စက်မှုဇုန်ထုတ်ကားများကို အပ်နှံခွင့် ပေးဖွယ်ရှိသည် ဆိုသည့် သတင်းများကြောင့် ကားဟောင်း စလစ်စျေးများ ရပ်တန့်သွားခဲ့ ကြောင်း ကား ဝယ်/ရောင်းများထံမှ သိရှိရသည်။ကားဟောင်း စလစ်စျေးများသည် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ တရိပ်ရိပ် မြင့်တက်ခဲ့ရာ ပြီးခဲ့သည့်တစ်ပတ်အတွင်း ကျပ် ၁ဝ၅ သိန်းအထိ မြင့်တက်သွားခဲ့သည်။ သို့သော် လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ ဒေါက်တာ မြတ်ဥာဏစိုး၏ စက်မှုဇုန် ထုတ်ကားများကို အပ်နှံခွင့်ပေး၊ မပေးဆိုသည့် မေးခွန်းကြောင့် ဇုန်ထုတ်ကားများမှာ စျေးနှုန်းမြင့် တက်သွားခဲ့ပြီး ကားဟောင်းစလစ် စျေးများမှာမူ အနည်းငယ် ကျဆင်း သွားခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ကားဟောင်းစလစ် စျေးကွက်နှင့် ပတ်သက်၍ ကား ဝယ်^ရောင်းတစ်ဦးက “ကား ဟောင်းစလစ်စျေးက တရိပ်ရိပ် မြင့်တက်လာခဲ့ရာကနေ စက်မှုဇုန် ထုတ်ကားတွေကို အပ်နှံခွင့်ပေး ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် စလစ်အရောင်းအဝယ်တွေ ရပ်တန့်သွားခဲ့ပါတယ်၊ ဒီရက်ပိုင်း အတွင်းမှာ ကားဟောင်းတွေက အရောင်းပဲရှိပြီး အဝယ် မရှိသလောက် ဖြစ်နေပါတယ်၊ အများစုကတော့ ‘လ၊ သ၊ အ’ ကားဟောင်းတွေထက် စက်မှုဇုန် ထုတ်ကားတွေကို ရှာဖွေဝယ်ယူ နေကြပါတယ်၊ အချိန်ကာလအ တော်ကြာ လမ်းပေါ်မှာ ပျောက်ဆုံးနေတဲ့ စက်မှုဇုန်ထုတ် ဂျစ်ကားတွေလည်း ပြန်ပြီး ပေါ်လာပါတယ်”ဟု ဆိုခဲ့သည်။ယခု ရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော စျေးကွက်အခြေအနေအရ ‘လ၊ သ၊ အ’ အက္ခရာ ကားဟောင်းများသည် ၉၈ သိန်းဝန်းကျင်၊ ထိုကားများ၏ အမည်ပေါက် စလစ်တစ် စောင်သည် ကျပ် ၁ဝ၃ သိန်းဝန်းကျင် ပေါက်စျေးရှိပြီး အပ်နှံခွင့်ပေးဖွယ်ရှိသော စက်မှုဇုန်ထုတ် ဂျစ်ကားများသည် ကျပ် သိန်း လေးဆယ်ဝန်းကျင် ပေါက်စျေးရှိကြောင်း သိရ သည်။


Ref : Automobile

ရန်ကုန်တိုင်းဒေသကြီးအတွင်း ‘အ’အက္ခရာကားများ အပ်နှံမှုပြီးပြတ်ရန် အစီးရေ လေးရာကျော်သာ ကျန်ရှိ


ရန်ကုန်တိုင်းဒေသကြီး အတွင်း ‘အ’ အက္ခရာကားများမှာ အပ်နှံမှု ပြီးပြတ်ရန် အစီးရေ လေးရာကျော်သာ ကျန်ရှိတော့ကြောင်း ‘မြင်သာ ကညနရုံး ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာန’မှ သိရသည်။ အပ်နှံဆဲဖြစ်သည့် ‘အ’အက္ခ ရာကားများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အပ်နှံမည့်အစီးရေမှာ ၄,၇၅ဝ စီး ရှိပြီး ဖေဖော်ဝါရီ ၁၈ ရက်အထိ အစီး ရေ ၄,၂၈၈ စီး အပ်နှံပြီးစီးခဲ့ပြီး ဖြစ်သည်။ အပ်နှံရန်ကျန်ရှိသည့် ‘အ’အက္ခရာ ကားများမှာ အစီးရေ လေးရာကျော်သာ ကျန်ရှိတော့သည့်အတွက် အပ်ကားများ နည်းပါး လာ ပြီဖြစ်သည်။ ထို့အတူ တက္ကစီစလစ်အတွက် အပ်နှံခွင့်ပြုခဲ့သော Cheryကားများမှာ ဖေဖော်ဝါရီ ၁၈ ရက်အထိ အစီးရေ ၂၆၄ စီးအပ်နှံပြီး ဖြစ်သည်။ ယာဉ်အို၊ ယာဉ်ဟောင်း ဌာန၏ နေ့စဉ် အပ်နှံမှုစာ ရင်းများအရ အက္ခရာစုံမှ ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေ ခြောက် ဆယ်ဝန်းကျင်ခန့် လာရောက် အပ်နှံလျက်ရှိကြောင်း သိရသည်။ “ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုက အခုရက်ပိုင်းမှာအပ်နှံမှု ပုံမှန်ပြန်ဖြစ်သွားတယ်၊ တစ်ရက်ကို အစီးရေ ခြောက်ဆယ်၊ ခုနစ်ဆယ် ဝန်းကျင်လာရောက် အပ်နှံကြတယ်၊ ‘အ’ အက္ခရာ ကားတွေကတော့ တစ်ရက်ကို ပုံမှန်အစီးရေ သုံးဆယ်ဝန်းကျင် အပ်နှံမှုရှိပါတယ်၊ နောက်ထပ် အပ်နှံခွင့်ပြုမယ့်အက္ခရာကတော့ တိတိကျကျ မသိသေးတဲ့အတွက် ပြောလို့ မရသေးပါဘူး၊ ဇုန်ကားတွေကို အပ်နှံခွင့်ပြုဖို့အတွက် ဘယ်လို အပ်နှံရမယ်ဆိုတာကို အခုမှစီစဉ်တုန်းပဲ ရှိပါသေးတယ်၊ အထက်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရ တာဖြစ်လို့ ဘယ်လိုအပ်နှံမှုမျိုးဖြစ်မလဲ ဆိုတာကိုတော့ ပြောလို့ မရသေးပါဘူး”ဟု ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိ အချိန်တွင် မည်သည့် အက္ခရာခေါ်ယူမည်ဟု အတိအကျ မသိရခြင်းကြောင့် စျေးကွက်အတွင်း အပ်ကားများရှိနေခဲ့ပြီး စျေးနှုန်းမြင့်တက်မှုများရှိလာခဲ့ကာ ‘အ’ အက္ခရာ ကား များ၏အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁ဝ၃ သိန်းဝန်းကျင်နှင့် ရိုးရိုးစလစ်တစ် စောင်လျှင် ကျပ် ၉၈ သိန်းဝန်း ကျင်ပေါက်စျေးရှိကြောင်း စျေးကွက် အတွင်းမှသိရ သည်။


Ref : Automobile

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုနှင့် ပတ်သက်ပြီး စီးပွား/ကူးသန်းမှ ရထားပို့ဆောင်ရေးဝန်ကြီးဌာနထံ စာထုတ်မေးမြန်း


ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီအသစ်နှင့် ပတ်သက်ပြီး စီးပွားရေနှင့် ကူးသန်းရောင်းဝယ် ရေးဦးစီးဌာနမှ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနထံ စာထုတ်မေးမြန်း ထားကြောင်း သိရသည်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများ နည်းတူ သက်တမ်းအလိုက် အပ်နှံခွင့်ပြုမည် ဆိုသော်လည်း ထိုမူဝါဒမှာ လက်တွေ့အကောင်အထည် မဖော်နိုင်သေးသောကြောင့် မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်ဌာနတစ်ခုဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နေပြည်တော် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနထံ စာထုတ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံ ခြင်း ပေါ်လစီနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက “ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာနဆီ စာထုတ်ပြီး မေးမြန်းထားပါတယ်၊ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနအနေနဲ့ ကားဟောင်းအပ်နှံမှုနဲ့ ပတ်သက်ပြီး အစီအစဉ်တွေကို ချပြ ပေးစေလိုပါတယ်၊ ဘယ်ကား ကို ဘယ်အချိန်မှာ အပ်နှံခွင့်ပေးမယ်၊ တစ်နှစ်အတွင်းမှာ အက္ခရာ ဘယ်နှခု ခေါ်ယူမယ်ဆိုတာကို အများပြည်သူ သိရှိအောင် ချပြပေးမယ် ဆိုရင် ကားဟောင်းစလစ်စျေးက အတက်အကျ ရှိတော့မှာ မဟုတ်ပါဘူး၊ ကားဟောင်းစလစ် စျေးတွေ အဆမတန် မြင့်တက်နေတဲ့အတွက် စလစ်ကပ်ကားတွေထက် Free Permit ကားတွေကို တင်သွင်းလာကြလို့ ကား အစီးရေတွေ များပြားလာတာ ဖြစ်ပါတယ်၊ တစ်စီးအပ်ပြီး တစ်စီးသွင်းမယ် ဆိုရင် ကားကောင်းတွေလည်း များ လာမယ်၊ အစီးရေလည်း အဝင်/အထွက် မျှတသွားမှာ ဖြစ်ပါတယ်၊ အက္ခရာတွေ၊ နှစ်ကန့်သတ်ချက်တွေ၊ စက်မှုဇုန်ကားတွေ ဆိုပြီး မခွဲခြားဘဲ ယာဉ်ပိုင်ရှင်ဆန္ဒအရ အပ်နှံ ခွင့်ပေးသင့်ပါတယ်”ဟု ၎င်း၏ အမြင်ကို သုံးသပ် ပြောကြားခဲ့သည်။


Ref : Automobile

ရန်ကုန်- ပဲခူး ဟိုင်းလပ်ယာဉ်များ မီနီဘတ်စ် ပြောင်းလဲ ပြေးဆွဲရန် လျှောက်ထားမှု မရှိသေး


ရန်ကုန်မြို့တွင်း ဝင်ရောက်ပြေးဆွဲ ခွင့် တားမြစ်ထားသော ရန်ကုန်- ပဲခူး ဟိုင်းလပ်ယာဉ်များ နေရာတွင် မီနီဘတ်စ် အစားထိုး တင်သွင်း ပြောင်းလဲ ပြေးဆွဲခြင်းအတွက် လျှောက်ထားမှု မရှိသေးကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗပာိုကော်မတီ’မှ သတင်း ရရှိသည်။ အဆိုပါ ယာဉ်များ မြို့တွင်း ဝင်ရောက်ပြေးဆွဲခွင့်ကို ယခုလ ၂၈ ရက်အထိ ခွင့်ပြုထားပြီး ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံ၍ မီနီဘတ်စ်အစားထိုး တင်သွင်းပြေးဆွဲ ခြင်း၊ ကုန်စည်တင်ယာဉ်နှင့် အဝေးပြေးယာဉ်များအဖြစ် ပြောင်းလဲပြေးဆွဲခွင့်ပြုထားကြောင်း၊ အဆိုပါ ပြောင်းလဲမှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ကုန်စည်တင်ယာဉ် ပြောင်းလဲခြင်းအတွက် ယာဉ် နှစ်စီး၊ အဝေးပြေးယာဉ် သုံးစီးသာ လာရောက် လျှောက်ထားခဲ့ကာ မီနီဘတ်စ် ပြောင်းလဲ ပြေးဆွဲရန် လျှောက်ထားမှု မရှိသေးကြောင်း သိရသည်။ “လက်ရှိ အချိန်အထိ တော့ လာမလျှောက်သေးဘူး၊ Lucky Family မှာတော့ မီနီဘတ်စ်လာဝယ်တာ များနေပြီလို့ကြားတယ်၊ ၂၈ ရက်အထိ ခွင့်ပြုထားတော့ ရတဲ့ရက်အထိ ဆွဲနေဦးမယ်လို့ ထင်တယ်၊ ဥပမာ တိုက်ကြီးဘက်က ကားတွေဆိုရင် ထောက်ကြံ့မှာ ဂိတ်ဆုံးမှာဆိုတော့ ဆွဲနေဦးမယ်၊ ပြောင်းမှာမဟုတ်ဘူး၊ ဒလ-တွံတေး ကားလည်း ဒီလိုပဲဖြစ်မှာပဲ” ဟု မထသ(ဗဟို)ဥက္ကဌ ဦးလှ အောင်က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုင်းလပ် ယာဉ်မောင်းတစ်ဦးက “ဒါက ချက်ချင်းကြီးပြောင်းလဲလို့ရတာမှ မဟုတ်တာ၊ အမှန်ဆို မင်္ဂလာဒုံ လမ်းခွဲမှတ်တိုင်ကနေ ဆင်မင်းစျေး၊ ကမ်းနားစျေးလောက် အထိပဲ လူရတာ”ဟု ၎င်းင်း၏အမြင်ကို ပြောသည်။ ဟိုင်းလပ်ယာဉ်လိုင်း မြို့တွင်း ပြေးဆွဲခွင့် ကို ယခင်က ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ ခွင့်ပြုထားကာ ယာဉ်လိုင်းပိုင်ရှင်များ၏ တောင်းဆိုမှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက်အထိ ခွင့်ပြုပေးထားပြီး အဆိုပါရက် ကျော်လွန်ပြေးဆွဲပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ မီနီဘတ်စ် ပြောင်းလဲပြေးဆွဲရန်အတွက် လျှောက်ထားမှု မရှိသေး ကြောင်း သတင်းရရှိသည်။


Ref : Automobile


Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »