တစ္ပတ္အတြင္း ကားေလာကသတင္းမ်ား

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။
သတင္းထူးမ်ားမွာေတာ့ :

news_this_week



  • ဆိပ္ကမ္းအတြင္းရွိ ရက္ေျခာက္ဆယ္ေက်ာ္ကားမ်ား အေထာက္အထားခိုင္လုံစြာ တင္ျပႏိုင္ပါက ေလလံစာရင္းမွ ပယ္ဖ်က္ေပးမည္



  • ၂၀၁၃-၂၀၁၄ မုိဒယ္ Brand New ကားမ်ားကုိ ညာေမာင္းတင္သြင္းလာပါက သက္ဆုိင္ရာ ကုန္ပုိ႔ႏုိင္ငံသုိ႔ ျပန္လည္ပုိ႔ေဆာင္ရမည္



  • MIC ခြင့္မျပဳ၍ ကပရႏွင့္ ပုဂၢလိကကုမၸဏီ၏ ၿမိဳ႕တြင္းဘတ္စ္ကား ေျပးဆြဲမႈ ျပည္ေထာင္စုအစိုးရသို႔ တင္ျပမည္



  • Evergreen Autos မွ ကားမ်ားကို ဘဏ္တုိးႏႈန္းခ်ဳိသာစြာျဖင့္ ေရာင္းခ်မႈမ်ားျပဳလုပ္



  • သံုးလတာကာလအတြင္း ရန္ကုန္ၿမိဳ႕တြင္း လမ္းမႀကီးမ်ားေပၚ၌ စည္းကမ္းမဲ့ရပ္နားသည့္ ယာဥ္အစီးေရ ေလးေထာင္ခန္႔ ဖမ္းဆီးအေရးယူ



  • ၿမိဳ႕အလွမပ်က္စီးေစလို၍ ဟံသာ၀တီအ၀ိုင္း၌ အ၀ိုင္းပတ္စနစ္ ဆက္လက္အသံုးျပဳမည္



  • ယာဥ္စည္းကမ္း စီမံခ်က္ဒဏ္ေငြ႐ုပ္သိမ္းၿပီးေနာက္ ယာဥ္မေတာ္တဆမႈႏွင့္ စည္းကမ္းပ်က္ေမာင္းႏွင္မႈမ်ား ပိုမိုမ်ားျပားလာ



  • ကိုးလတာကာလအတြင္း သူတစ္ပါး ထိခိုက္မႈ အာမခံ ေလ်ာ္ေၾကးေငြ က်ပ္သိန္း ၃,၅၀၀ ခန္႔ ေပးေလ်ာ္ခဲ့



  • ေအာင္မဂၤလာ အေ၀းေျပး၀င္းအတြင္း ဆိုက္ေရာက္/ထြက္ခြာ အေဆာက္အအံု လက္မွတ္အေရာင္းဂိတ္ခန္းနွင့္ ေျခာက္လမ္းသြားလမ္းမၾကီး တစ္ၿပဳိင္နက္တည္း ဖြင့္မည္



 

ဆိပ္ကမ္းအတြင္းရွိ ရက္ေျခာက္ဆယ္ေက်ာ္ကားမ်ား အေထာက္အထားခိုင္လုံစြာ တင္ျပႏိုင္ပါက ေလလံစာရင္းမွ ပယ္ဖ်က္ေပးမည္


ျပည္ပမွ တင္သြင္းလာေသာ ေမာ္ေတာ္ယာဥ္မ်ားအား ရက္ေျခာက္ ဆယ္ေက်ာ္ပါက ဆိပ္ကမ္းအာဏာပိုင္မ်ားမွ ေလလံယာဥ္မ်ား အျဖစ္ သတ္မွတ္ခဲ့ေသာ္လည္း အေထာက္အထား ခုိင္လုံစြာ တင္ျပႏုိင္ပါက ေလလံယာဥ္စာရင္းမွ ပယ္ဖ်က္ေပးမည္ ျဖစ္ေၾကာင္း ‘ျမန္မာ့ဆိပ္ကမ္း အာဏာပုိင္အဖြဲ႕’မွ သိရသည္။ လက္ရွိအခ်ိန္တြင္ ဆိပ္ကမ္းအတြင္း ျပည္ပမွ တင္သြင္းလာေသာ ကားမ်ားကို ထုတ္ယူခြင့္အခ်ိန္ ရက္ေပါင္း ေျခာက္ဆယ္ သတ္မွတ္ထားၿပီး သတ္မွတ္ရက္အတြင္း ထုတ္ယူျခင္းမရွိေသာ ကားမ်ားကိုသာ ေလလံယာဥ္အျဖစ္ သတ္မွတ္ျခင္း ျဖစ္သည္။ ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ အခက္အခဲရွိသည္ ျဖစ္ေစ၊ အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ လာေရာက္ မထုတ္ယူသည္ ျဖစ္ေစ၊ သတ္မွတ္ ရက္ေက်ာ္လြန္ၿပီးမွ ထုတ္ယူခ်င္သည္ဆိုပါက မည္သည့္ကိစၥေၾကာင့္ ထုတ္ယူရန္ ေႏွာင့္ေႏွးေၾကာင္း ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္႐ုံး ဦးေဆာင္ၫႊန္ၾကားေရး မွဴးထံသို႔ လိပ္မူကာ ေလွ်ာက္ထားရမည္ ျဖစ္ေၾကာင္း သိရသည္။ ရက္ေပါင္း ေျခာက္ဆယ္ေက်ာ္ ကားမ်ား ေလလံစာရင္းမွ ပယ္ဖ်က္ျခင္းႏွင့္ ပတ္သက္၍ အေကာက္ခြန္ ဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက “ ျပည္ပက တင္သြင္းလာတဲ့ ကားေတြကို ဆိပ္ကမ္းက ထုတ္ယူဖုိ႔ အတြက္ ID လုပ္ရတယ္၊ ၿပီးရင္ က်န္တဲ့ စာရြက္စာတမ္းေတြနဲ႔ ေငြသြင္းတာေတြကို ရက္ေပါင္း ေျခာက္ဆယ္အတြင္းမွာ ၿပီးျပတ္ေအာင္ လုပ္ရတယ္၊ တျခား အေၾကာင္းေၾကာင့္ ID လည္း မဖြင့္၊ စာရြက္စာတမ္း မွားတာ ျဖစ္ျဖစ္၊ ပိုက္ဆံ မေခ်ရေသးလုိ႔ ျဖစ္ျဖစ္၊ ကားကို အစစ္မခံႏိုင္လုိ႔ ျဖစ္ျဖစ္ ရက္ေျခာက္ဆယ္ေက်ာ္ သြားရင္ေတာ့ အေကာက္ခြန္ဦးစီး ဌာနနဲ႔ မဆုိင္ေတာ့ဘူး၊ ဒါေပမဲ့ ျပည္သူေတြအတြက္ မနစ္နာရေအာင္ အခြင့္အေရး ေပးတဲ့အေနနဲ႔ အေထာက္အထား ခိုင္ခုိင္လံုလံု တင္ျပႏိုင္ရင္ ေလလံစာရင္းက ပယ္ဖ်က္ေပးပါတယ္၊ ျမန္မာ့ဆိပ္ကမ္း အာဏာပိုင္ကုိ ယာဥ္ပိုင္ရွင္က အသနားခံစာတင္လုိ႔ ခြင့္ျပဳတယ္ ဆုိၿပီး ဒီကို ျပန္လႊဲေပးတဲ့အခါမွ Custom အေနနဲ႔ ဘုတ္အဖြဲ႕ဖြဲ႕ၿပီး သာမန္ လုပ္႐ိုး လုပ္စဥ္အတုိင္း အခြန္ေပးေဆာင္ခုိင္းတာ ျဖစ္ပါတယ္”ဟု ေျပာၾကားခဲ့သည္။ လက္ရွိအခ်ိန္တြင္ ဆူးေလဆိပ္ကမ္း၌ သတ္မွတ္ရက္ေက်ာ္လြန္သည့္ ေလလံ၀င္ ကားအစီး ေရ ၆၁ စီး ထုတ္ယူရန္ က်န္ရွိေနေသးေၾကာင္း သိရသည္။ ထုိ႔ျပင္ ဆိပ္ကမ္းအတြင္းရွိ သတ္မွတ္ရက္ ေက်ာ္လြန္ကာ ေလလံယာဥ္အျဖစ္ သတ္မွတ္ၿပီး ထုတ္ယူခြင့္ ျပဳရာတြင္ ဒဏ္ေၾကး ေကာက္ခံထားျခင္း မရွိဘဲ ထုတ္ယူရမည့္ရက္ အတြက္ ေႏွာင့္ေႏွးေၾကးသာ ေကာက္ခံမည္ ျဖစ္ၿပီး ယခင္သတ္မွတ္ထားရွိသည့္ ႏႈန္းထားမ်ား အတုိင္း ေကာက္ခံမည္ ျဖစ္ေၾကာင္း ျမန္မာ့ဆိပ္ကမ္း အာဏာပိုင္အဖြဲ႕မွ သိရသည္။


Ref: Automobile

၂၀၁၃-၂၀၁၄ မုိဒယ္ Brand New ကားမ်ားကုိ ညာေမာင္းတင္သြင္းလာပါက သက္ဆုိင္ရာ ကုန္ပုိ႔ႏုိင္ငံသုိ႔ ျပန္လည္ပုိ႔ေဆာင္ရမည္


၂၀၁၃ မုိဒယ္(Reconditioned Brand New )ႏွင့္ ၂၀၁၄ မုိဒယ္ (Brand New) ေမာ္ေတာ္ယာဥ္မ်ားကုိ ညာေမာင္း(Right Hand Drive)ျဖင့္ တင္သြင္းလာပါက သက္ဆုိင္ရာ ကုန္ပုိ႔ႏုိင္ငံသုိ႔ ျပန္လည္ ပုိ႔ေဆာင္ရမည္ ျဖစ္ေၾကာင္း ‘ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ဆုိင္ရာ ႀကီးၾကပ္ေရးေကာ္မတီ’မွ အသိေပး ေၾကညာခဲ့သည္။ ၂၀၁၄ ခုႏွစ္ အတြက္ အသစ္ထုတ္ျပန္ခဲ့ေသာ CIF တန္ဖုိးသစ္တြင္ လူပုဂၢိဳလ္တစ္ဦးခ်င္း အစီအစဥ္အရ ေမာ္ေတာ္ယာဥ္ပါမစ္ ေလွ်ာက္ထားသူမ်ားအား ၂၀၁၃ မုိဒယ္ႏွင့္ ၂၀၁၄ မုိဒယ္ ေမာ္ေတာ္ယာဥ္မ်ားကုိ တင္သြင္းပါက ဘယ္ေမာင္းကားမ်ားကုိသာ ခြင့္ျပဳမည္ျဖစ္ေၾကာင္း ဇန္န၀ါရီ ၂၇ ရက္က ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ဆုိင္ရာ ႀကီးၾကပ္ေရး ေကာ္မတီမွ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။ Brand New ကားမ်ားကုိ ဘယ္ေမာင္းမ်ားသာ တင္သြင္းခြင့္ျပဳမည္ ျဖစ္ေသာေၾကာင့္ ညာေမာင္းမ်ား တင္သြင္းလာပါက သက္ဆုိင္ရာ ကုန္ပုိ႔ႏုိင္ငံသုိ႔ ျပန္လည္ ပုိ႔ေဆာင္ရမည္ ျဖစ္ေၾကာင္း သိရသည္။ Brand New ကားမ်ား တင္သြင္းရာ၌ ဘယ္ေမာင္း တစ္မ်ဳိးတည္းကုိသာ ခြင့္ျပဳေပးျခင္းႏွင့္ ပတ္သက္၍ စီးပြားေရးႏွင့္ကူးသန္း ေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ တာ၀န္ရွိသူတစ္ဦးက “Brand New လုိ႔ သတ္မွတ္ထားတဲ့ ၂၀၁၃-၂၀၁၄ မုိဒယ္ကားေတြကုိ ဘယ္ေမာင္း တစ္မ်ဳိးတည္းပဲ တင္သြင္းခြင့္ေပးမွာျဖစ္ပါတယ္၊ ျမန္မာႏုိင္ငံရဲ႕ လမ္းအေနအထားအရ ဘယ္ေမာင္းကားေတြကုိပဲ အသုံးျပဳဖုိ႔ သင့္ေတာ္တဲ့ အတြက္ ၂၀၁၃ မုိဒယ္ကုိ Brake ထားၿပီးေတာ့ ဘယ္ေမာင္းေတြကုိသာ တင္သြင္းခြင့္ေပးဖုိ႔ စီစဥ္ထားပါတယ္၊ ဒီလုိ ၂၀၁၃ မုိဒယ္ကုိ Brake ထားၿပီး ဘယ္ေမာင္းေတြကုိပဲ တင္သြင္းခြင့္ ေပးမယ္ဆုိရင္ လာမယ့္ႏွစ္ ႏွစ္ဆယ္မွာ ဘယ္ေမာင္းကားေတြပဲ ရွိလာေတာ့မွာ ျဖစ္ပါတယ္” ဟု ေျပာၾကားခဲ့သည္။


Ref: Automobile

MIC ခြင့္မျပဳ၍ ကပရႏွင့္ ပုဂၢလိကကုမၸဏီ၏ ၿမိဳ႕တြင္းဘတ္စ္ကား ေျပးဆြဲမႈ ျပည္ေထာင္စုအစိုးရသို႔ တင္ျပမည္


ကုန္းလမ္းပို႔ေဆာင္ေရး ဦးစီးဌာန (ကပရ)ႏွင့္ ျပည္တြင္း ပုဂၢလိက ကုမၸဏီႏွစ္ခု ပူးေပါင္းေဆာင္ရြက္မည့္ ၿမိဳ႕တြင္းဘတ္စ္ကားေျပးဆြဲမႈ အပါအ၀င္ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းစဥ္ငါးခုႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ ရွင္(MIC)မွ ခြင့္မျပဳ၍ ျပည္ေထာင္စုအစိုးရသို႔ တင္ျပမည္ျဖစ္ေၾကာင္း ‘ကပရ’မွ သတင္းရရွိသည္။
ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္နွံမႈ ေကာ္မရွင္မွ ကပရႏွင့္ ပုဂၢလိကကုမၸဏီတို႔ ေဆာင္ရြက္မည့္ ၿမိဳ႕တြင္းဘတ္စ္ကားေျပးဆြဲမႈ အပါအ၀င္ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းစဥ္ ငါးခုမွာ ေကာ္မတီ၏ ဥပေဒစည္းကမ္းခ်က္မ်ားအရ ခြင့္ျပဳရန္မသင့္ေသာေၾကာင့္ လုပ္ငန္းေဆာင္ရြက္ခြင့္ကို ျပန္လည္ခ်ထား ေပးျခင္းမရွိ ေၾကာင္းသိရသည္။ “MIC ရဲ႕မူအရ လုပ္ငန္းတစ္ခု လာတင္ၿပီဆိုရင္ လာတင္တဲ့ ကုမၸဏီက ဒီလုပ္ငန္းနဲ႔ပတ္သက္ၿပီး အက်ဳိးအျမတ္ ရရမယ္၊ ၿပီးေတာ့ ႏိုင္ငံေတာ္ကို အေထာက္အကူ ျပဳရမယ္ဆိုၿပီး အၾကမ္းဖ်င္း သတ္မွတ္ထားတယ္၊ အခုလုပ္မယ့္ ဒီသယ္ယူပို႔ေဆာင္ေရးလုပ္ငန္း ငါးခုမွာ City Bus ေျပးဆြဲမႈက တြက္ေျခမကိုက္ဘူး၊ အ႐ံႈးေပၚမယ္၊ ေနာက္ၿပီး ဌာနက ၀န္ထမ္း ငါးရာေက်ာ္ကို ပူးေပါင္းလုပ္ေဆာင္မယ့္ ကုမၸဏီေတြမွာ လႊဲေျပာင္းခန္႔အပ္မယ္၊ ဒီႏွစ္ခုစလံုးက ကုမၸဏီအတြက္ မကိုက္ဘူး၊ အဆင္မေျပ ႏိုင္ဘူးဆိုၿပီး MIC က ခြင့္ျပဳခ်က္ခ်မေပးတာ၊ ဒါေၾကာင့္ ျပည္ေထာင္စုအစိုးရကို တင္ျပၿပီး အစိုးရ ခြင့္ျပဳရင္ေတာ့ လုပ္မယ္၊ မျပဳရင္ေတာ့ မလုပ္ရေတာ့ဘူးေပါ႔”ဟု ‘ကပရ’မွ ဒုတိယအေထြေထြ မန္ေနဂ်ာ ဦးတင္၀င္းေအာင္က ေျပာသည္။ ကုန္းလမ္းပို႔ေဆာင္ေရး ဦးစီးဌာနအေနျဖင့္ ၿမိဳ႕တြင္းဘတ္စ္ကား ေျပးဆြဲမႈအပါအ၀င္ သယ္ယူပို႔ ေဆာင္ေရးလုပ္ငန္းစဥ္ ငါးခု ေဆာင္ရြက္ရန္ ၂၀၁၂ ခုႏွစ္တြင္ ဂ်ပန္-ျမန္မာဖက္စပ္ Fujiyama Trading Ltd ၊ ကိုရီးယားႏိုင္ငံ Busan Bus ၊ ရန္ကုန္မွ Forever Green Light ကုမၸဏီ၊ မႏၲေလးမွ မိုးေသာက္ႏွင္း ကုမၸဏီတို႔ႏွင့္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ေသာ္လည္း ၿမိဳ႕တြင္းဘတ္စ္ကား ေျပးဆြဲမႈမွာ အ႐ံႈးေပၚသည့္အတြက္ ဂ်ပန္-ျမန္မာ ဖက္စပ္ကုမၸဏီ၊ Bus an Bus ႏွင့္ မိုးေသာက္ႏွင္း ကုမၸဏီတို႔ ႏုတ္ထြက္သြားခဲ့သည္။ လက္ရွိ Forever Green Light မွ က်ပ္ သန္း ၇,၁၀၀ ေက်ာ္ႏွင့္ ဆန္းေရာင္နီကုမၸဏီမွ က်ပ္သန္း သံုးေထာင္ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံကာ အ႐ံႈးေပၚပါကလည္း လုပ္ငန္းစဥ္မ်ား ဆက္လက္ ေဆာင္ရြက္ရန္ သေဘာတူထားေၾကာင္း သိရသည္။ အက်ဳိးတူ ပူးေပါင္းစနစ္ျဖင့္ ေဆာင္ရြက္မည့္ လုပ္ငန္းစဥ္ ငါးခုမွာ ၿမိဳ႕တြင္းဘတ္စ္ကားေျပးဆြဲမႈ၊ အငွားယာဥ္ေျပးဆြဲမႈ၊ ကုန္စည္ သယ္ယူပို႔ေဆာင္ေရး၊ အေ၀းေျပး သယ္ယူပို႔ေဆာင္ေရးႏွင့္ ယာဥ္ျပဳျပင္ ထိန္းသိမ္းေရး အလုပ္႐ံုမ်ားပါ၀င္ကာ ယင္းလုပ္ငန္းစဥ္မ်ား၌ ၿမိဳ႕တြင္းဘတ္စ္ကား ေျပးဆြဲမႈမွာ အ႐ံႈးေပၚႏိုင္ၿပီး ကပရမွ ကုမၸဏီသို႔ လႊဲေျပာင္းမည့္ အစိုးရ ၀န္ထမ္း ငါးရာေက်ာ္မွာလည္း ကုမၸဏီအတြက္ အခက္အခဲျဖစ္ေစႏိုင္ေၾကာင္း သိရသည္။


Ref: Automobile

Evergreen Autos မွ ကားမ်ားကို ဘဏ္တုိးႏႈန္းခ်ဳိသာစြာျဖင့္ ေရာင္းခ်မႈမ်ားျပဳလုပ္


Evergreen Autos မွ အင္ဂ်င္ပါ၀ါ 1300 CC ၊ 1500 CC ၊ 1800 CC အစရွိေသာ ကားမ်ားကို ၀ယ္ယူသူ Customer မ်ားအတြက္ ဘဏ္တုိးႏႈန္းခ်ဳိသာစြာျဖင့္ ေရာင္းခ်မႈမ်ား ျပဳလုပ္လ်က္ ရွိေၾကာင္း သိရသည္။ Evergreen Autos အေနျဖင့္ ျပည္ပမွ တင္သြင္းလာသည့္ ကားမ်ားကို ဧရာ၀တီဘဏ္ႏွင့္ ခ်ိတ္ဆက္ကာ အရစ္က် စနစ္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိၿပီး လစဥ္ေၾကး ေပးသြင္းရာ၌ အဆင္ေျပေစရန္အတြက္ ၁၂ လမွ ၂၄ လအထိ သတ္မွတ္ထားေၾကာင္း သိရသည္။ ကားတစ္စီး ၀ယ္ယူမည္ ဆုိပါက ဦးစြာပထမ ကားတန္ဖုိး၏ ၃၀ ရာခုိင္ႏႈန္းကို ေပးသြင္းရန္လိုအပ္ၿပီး က်န္ေငြကို လစဥ္ေပးသြင္းရမည္ ျဖစ္သည္။ ကားမ်ားကို ဘဏ္တိုးႏႈန္း ခ်ဳိသာစြာ ေရာင္းခ်ျခင္း ႏွင့္ပတ္သက္၍ Evergreen Autos မွ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးတင္ေမာင္လိႈင္က “Customer ေတြအတြက္ ကား၀ယ္ယူတဲ့ေနရာမွာ အဆင္ေျပေစဖုိ႔ အရစ္က်စနစ္နဲ႔ ေရာင္းခ်ေပးခဲ့သလို ဘဏ္တုိးႏႈန္းကိုလည္း သက္သာေအာင္ လုပ္ေပးထားပါတယ္၊ အရစ္က်စနစ္ကိုလည္း တစ္ႏွစ္၊ ၂ ႏွစ္ဆိုၿပီး သတ္မွတ္ထားပါတယ္၊ Customer တစ္ေယာက္ကို ကားသုံးစီးအထိ ၀ယ္ယူႏုိင္ပါတယ္၊ Evergreen Autos အေနနဲ႔ Customer ေတြအတြက္ ေစ်းလည္း မနစ္နာရေအာင္၊ တျခားအခက္အခဲ ေတြလည္း မရွိေအာင္ အေကာင္းဆုံး ၀န္ေဆာင္မႈ ေပးသြားမွာ ျဖစ္ပါတယ္”ဟု ေျပာၾကားခဲ့သည္။ Evergreen Autos အေနျဖင့္ ကားမ်ားကို အရစ္က်ေရာင္းခ်ေပးရာ တြင္ ၀ယ္ယူလုိသည့္ Customer မ်ားမွ မွတ္ပုံတင္မိတၲဴ၊ သန္းေခါင္စာရင္းမိတၲဴ၊ ရပ္ကြက္ေထာက္ခံစာ၊ ၀ယ္ယူမည့္သူ၏ လိုင္စင္ဓာတ္ပုံ တစ္ပုံႏွင့္ ရဲစခန္းေထာက္ခံစာ မူရင္း တုိ႔လိုအပ္မည္ ျဖစ္သည္။ ထုိ႔ျပင္ ဘဏ္ျဖင့္ ခ်ိတ္ဆက္ ေရာင္းခ်ေပးရသည့္အတြက္ Customer မ်ားမွ အလုံးစုံအာမခံခ်က္ ထားရွိေပးရန္ လိုအပ္ၿပီး က်သင့္ေငြကို ၀ယ္ယူသူ Customer က ေပးေဆာင္ရမည္ ျဖစ္ေၾကာင္း သိရသည္။


 

Ref: Automobile

သံုးလတာကာလအတြင္း ရန္ကုန္ၿမိဳ႕တြင္း လမ္းမႀကီးမ်ားေပၚ၌ စည္းကမ္းမဲ့ရပ္နားသည့္ ယာဥ္အစီးေရ ေလးေထာင္ခန္႔ ဖမ္းဆီးအေရးယူ


စည္းကမ္းမဲ့ ယာဥ္ရပ္နားမႈမ်ား ေလ်ာ့က်ေစရန္ ရန္ကုန္ၿမိဳ႕တြင္း အဓိကလမ္းမႀကီးမ်ားေပၚ၌ ယာဥ္ရပ္နားမႈအား ၂၀၁၃ ခုႏွစ္၊ ႏို၀င္ဘာ ၁၁ ရက္မွ စတင္ စစ္ေဆးဖမ္းဆီး ေဆာင္ရြက္ခဲ့ၿပီး ႏို၀င္ဘာလမွ ဇန္န၀ါရီလအထိ သံုးလတာ ကာလအတြင္း ယာဥ္မရပ္ရသတ္မွတ္ထားသည့္ ၿမိဳ႕တြင္းလမ္းမႀကီးမ်ားေပၚ၌ စည္းကမ္းမဲ့ရပ္နားသည့္ ယာဥ္အစီးေရ ေလးေထာင္ခန္႔အား ဖမ္းဆီး အေရးယူခဲ့ေၾကာင္း ‘အမွတ္ ၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ံုး’မွ သတင္းရရွိသည္။ ယင္းကဲ့သို႔ ဖမ္းဆီးစစ္ေဆးမႈမ်ား ေဆာင္ရြက္ရာ၌ စည္းကမ္းမဲ့ ယာဥ္မ်ားအား ကရိန္းျဖင့္ ဆြဲယူဖမ္းဆီးျခင္း၊ ခ်လန္ျဖတ္ အေရးယူျခင္း စသည့္ နည္းလမ္းႏွစ္မ်ဳိးျဖင့္ ေဆာင္ရြက္လ်က္ရွိကာ ကရိန္းႏွင့္ ဆြဲယူသည့္ယာဥ္အား ေငြက်ပ္တစ္သိန္းခြဲခန္႔ႏွင့္ ခ်လန္ျဖတ္ အေရးယူျခင္းခံရသည့္ ယာဥ္ေမာင္းအား ဒဏ္ေငြ က်ပ္ႏွစ္ ေသာင္းခြဲခန္႔ ဒဏ္႐ိုက္အေရးယူ ေဆာင္ရြက္ ေၾကာင္းသိရသည္။ “စစ္ေဆးဖမ္းဆီး အေရးယူမႈေတြကို အဆက္မျပတ္ ေဆာင္ရြက္သြားမွာပါ၊ အရင္ကဆို လူေတြက လမ္းေပၚယာဥ္ရပ္ရင္ ကိုယ့္အိမ္ေရွ႕မွာရပ္သလို ရပ္ထားၾကတာ၊ အခုေတာ့ ဘယ္နားက လာဖမ္းမလဲဆိုၿပီး မရပ္ရဲၾကေတာ့ဘူး၊ ဒါေၾကာင့္ ယာဥ္ေၾကာက်ပ္တည္းမႈ သိသိသာသာကို ေလ်ာ့က်လာတာေတြ႕ရတယ္”ဟု အမွတ္ ၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲ႕မွဴး႐ံုးမွ တာ၀န္ရွိသူတစ္ဦးက ဆိုသည္။ ဒဏ္႐ိုက္အေရးယူျခင္းခံရသည့္ ယာဥ္မ်ားအေနျဖင့္ ဖမ္းဆီး အေရးယူျခင္း ဥပေဒပုဒ္မအရ တားျမစ္ခ်က္တစ္ရပ္ရပ္အား ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ထင္ရွားပါက ေထာင္ဒဏ္ တစ္ႏွစ္ အထိ ျဖစ္ေစ၊ အနည္းဆံုးဒဏ္ေငြ က်ပ္တစ္ေသာင္းမွ အမ်ားဆံုး ဒဏ္ေငြ က်ပ္ငါးသိန္းအထိ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ က်ခံေစႏိုင္သည္ဟု သိရသည္။


 

Ref: Automobile

ၿမိဳ႕အလွမပ်က္စီးေစလို၍ ဟံသာ၀တီအ၀ိုင္း၌ အ၀ိုင္းပတ္စနစ္ ဆက္လက္အသံုးျပဳမည္


ၿမိဳ႕ျပအဂၤါရပ္ႏွင့္အညီ ရန္ကုန္ၿမိဳ႕ေတာ္ ၏အလွကို ေဖာ္ျပထားမႈအား မပ်က္စီးေစလိုေသာေၾကာင့္ ဟံသာ၀တီအ၀ိုင္းတြင္ အ၀ိုင္းပတ္ စနစ္ကိုသာ ဆက္လက္ က်င့္သံုး မည္ျဖစ္ေၾကာင္း ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္းတံတား)’မွ သတင္း ရရွိသည္။ ဟံသာ၀တီအ၀ိုင္းတြင္ ယခင္ ကတည္းက ယာဥ္ေၾကာက်ပ္တည္းမႈ အနည္းငယ္ ျဖစ္ေပၚေလ့ရွိၿပီး အ၀ိုင္းအနီးရွိ စိုက္ပ်ဳိးေရးမွတ္တိုင္ႏွင့္ အ၀ိုင္းမွတ္တိုင္တြင္ ခရီးသည္ တင္ယာဥ္မ်ား ႏွစ္ထပ္ရပ္၍ ခရီးသည္ အတင္အခ် ျပဳလုပ္ျခင္း၊ အခ်ိန္ၾကာျမင့္စြာ ခရီးသည္ ေစာင့္ဆိုင္းျခင္းတို႔အျပင္ လွည္းတန္းတံတား ဖြင့္လွစ္ၿပီးေနာက္ လွည္းတန္းမီးပိြဳင့္ႏွင့္ နာနတ္ေတာ မီးပြိဳင္႔မ်ား ျဖဳတ္သိမ္းလိုက္မႈ တုိ႔ေၾကာင့္ ယာဥ္ေၾကာက်ပ္တည္းမႈ ယခင္ထက္ ပိုမိုျမင့္တက္လာခဲ့သည္။ ယင္းကို ေလွ်ာ့ခ်ႏုိင္ရန္အတြက္ ဟံသာ၀တီ အ၀ိုင္းပတ္ စနစ္ျဖဳတ္သိမ္း၍ မီးပြိဳင့္စနစ္ျဖင့္ အစားထိုးရန္ ေလ့လာသံုးသပ္ခဲ့ၾကေသာ္လည္း လက္ရွိတည္ရွိေနေသာ လမ္းအလွ မပ်က္စီးေစ လိုေသာေၾကာင့္ အ၀ိုင္းပတ္စနစ္ကိုသာ ဆက္လက္ အသံုးျပဳမည္ဟု ‘လမ္းတံတားဌာန’မွ သိရသည္။ “အစကေတာ့ ဟံသာ၀တီအ၀ိုင္းပတ္စနစ္က အဆင္မေျပျဖစ္ေနလို႔ ျဖဳတ္သိမ္းၿပီး မီးပြိဳင့္စနစ္နဲ႔ အစားထို႔မလို႔ စီစဥ္ခဲ့တယ္၊ ဒါေပမဲ့ အ၀ိုင္းက ၿမိဳ႕ရဲ႕အလွကို ေဖာ္က်ဴးထားတယ္၊ ျဖဳတ္ဖို႔ မျဖစ္ႏိုင္ဘူး၊ ယာဥ္ေၾကာ က်ပ္တည္းမႈကို ေလွ်ာ့ခ်ဖို႔ အ၀ိုင္းပတ္စနစ္နဲ႔ မီး ပြိဳင့္စနစ္ေတြကို ခ်ိတ္ဆက္ေဆာင္ရြက္သြားမွာပါ”ဟု အင္ဂ်င္နီယာ ဌာန(လမ္းတံတား)ဌာနမွဴး ဦးခင္ေမာင္ၾကည္က ေျပာသည္။ ဟံသာ၀တီအ၀ိုင္း၌ ယင္းကဲ့သို႔ မီးပြိဳင့္မ်ားႏွင့္ ခ်ိတ္ဆက္ ေဆာင္ရြက္ႏုိင္ရန္ ယာဥ္သြားလာမႈအား စစ္တမ္းေကာက္ယူလ်က္ရွိၿပီး ငါးလခန္႔ အခ်ိန္ယူသြားမည္ ျဖစ္ေၾကာင္းႏွင့္ စစ္တမ္းမ်ားအေပၚမူတည္၍ ႐ုိး႐ိုးမီးပြိဳင့္ႏွင့္ ထိန္းခ်ဳပ္စနစ္ပါ ဆင္ဆာမီးပြိဳင့္တို႔ကို ေရြးခ်ယ္တပ္ဆင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ လတ္တေလာ၌ အ၀ိုင္း၏ ယာဥ္ေၾကာက်ပ္တည္းမႈမွာ ဆိုးရြားေနေသာေၾကာင့္ တာ၀န္က်ယာဥ္ ထိန္းရဲမ်ားျဖင့္ ေျဖရွင္းေနရေၾကာင္း သတင္းရရွိသည္။


 

Ref: Automobile

ယာဥ္စည္းကမ္း စီမံခ်က္ဒဏ္ေငြ႐ုပ္သိမ္းၿပီးေနာက္ ယာဥ္မေတာ္တဆမႈႏွင့္ စည္းကမ္းပ်က္ေမာင္းႏွင္မႈမ်ား ပိုမိုမ်ားျပားလာ


ရန္ကုန္ၿမိဳ႕တြင္း စည္းကမ္းမဲ့ေမာင္းႏွင္သည့္ ေမာ္ေတာ္ယာဥ္မ်ားအတြက္ သတ္မွတ္ထားသည့္ ယာဥ္စည္းကမ္း စီမံခ်က္ဒဏ္ေငြ႐ုပ္ သိမ္းၿပီးေနာက္ပိုင္း ယာဥ္မေတာ္တဆမႈ ႏွင့္စည္းကမ္းပ်က္ ယာဥ္ေမာင္းႏွင္မႈမ်ား ပိုမိုမ်ားျပားလာေၾကာင္း ‘အမွတ္-၂ ယာဥ္ထိန္းရဲ တပ္ဖြဲ႕ခြဲမွဴး႐ံုး’မွ သတင္းရရွိသည္။ ယာဥ္စည္းကမ္း စီမံခ်က္ ဒဏ္ေငြအား ၂၀၁၃ ခုႏွစ္၊ ေအာက္တိုဘာ ၁ ရက္မွ စတင္႐ုပ္သိမ္းခဲ့ျခင္းျဖစ္ၿပီး ေမာ္ေတာ္ယာဥ္ဥပေဒ၊ နည္းဥပေဒအရသာ အေရးယူခဲ့ေၾကာင္းႏွင့္ ယင္းေနာက္ပိုင္းတြင္ ယာဥ္မေတာ္တဆမႈႏွင့္ စည္းကမ္းပ်က္ ေမာင္းႏွင္မႈမ်ား ပိုမိုမ်ားျပား လာျခင္းျဖစ္ေၾကာင္း သိရသည္။ “ယာဥ္ေမာင္းေတြ စည္းကမ္း လိုက္နာမလား ဆိုတာနဲ႔ အားလံုးကို ဥပေဒနဲ႔ပဲ အေရးယူခ်င္တာေၾကာင့္ စီမံခ်က္ဒဏ္ေငြကို ေလွ်ာ့လိုက္တာ ျဖစ္ပါတယ္၊ ဒါေပမဲ့ ေမာ္ေတာ္ယာဥ္ဥပေဒ၊ နည္းဥပေဒအရ ဒဏ္ေငြက က်ပ္ ၁,၅၀၀ တည္းဆိုေတာ့ လူေတြက ဂ႐ုမစိုက္ေတာ့ဘူး၊ စည္းကမ္းမဲ့ ေမာင္းတယ္၊ ဒီေတာ့ ယာဥ္တိုက္မႈေတြ ပိုျဖစ္တယ္၊ ယာဥ္ တိုက္မႈေတြ ေတာ္ေတာ္မ်ားမ်ား ကလည္း စည္းကမ္းမဲ့ မဆင္မျခင္ေမာင္းလို႔ ျဖစ္တာေတြ မ်ားတယ္”ဟု အမွတ္-၂ ယာဥ္ထိန္းရဲ တပ္ဖြဲ႕ခြဲမွဴး႐ံုးမွ တာ၀န္ရွိသူတစ္ဦးက ဆိုသည္။ ယင္းကဲ့သို႔ စည္းကမ္းမဲ့ မႈမ်ားႏွင့္ ပတ္သက္၍ စည္းကမ္းထိန္းသိမ္းမႈေဆာင္ရြက္ရန္ ၿမိဳ႕ေတာ္အတြင္း ယာဥ္မေတာ္တဆမႈ ျဖစ္ေပၚေစမည့္ ေမာင္းႏွင္မႈႏွင့္ ၿမိဳ႕ေတာ္အဂၤါရပ္ ထိခိုက္ေစသည့္ ကိစၥရပ္မ်ား ေဆာင္ရြက္သည့္ ေမာ္ေတာ္ယာဥ္မ်ားအား ဥပေဒႏွင့္ အညီ လိုင္စင္ပိတ္သိမ္းသည္အထိ အေရးယူေဆာင္ရြက္ရန္ ရန္ကုန္ၿမိဳ႕ေတာ္ ယာဥ္စည္းကမ္း ထိန္းသိမ္းေရး ႀကီးၾကပ္မႈေကာ္မတီမွ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံ တင္ျပေဆာင္ရြက္ ထားေၾကာင္း သိရသည္။ “အဓိကထားၿပီး စစ္ေဆးဖမ္းဆီးမွာက လမ္းအသံုးျပဳ သူေတြကို တိုက္႐ိုက္ထိခိုက္ေစမယ့္ လုပ္ရပ္မ်ဳိးေတြျဖစ္တဲ့ မီးနီျဖတ္ေမာင္းတာေတြ၊ လမ္းေျပာင္းျပန္ ေမာင္းႏွင္တာေတြ၊ အရက္ေသာက္ၿပီး ေမာင္းႏွင္တာေတြ၊ အရွိန္ျပင္းျပင္း ေမာင္းႏွင္တာေတြနဲ႔ ၿမိဳ႕ေတာ္အဂၤါရပ္ကို ထိခိုက္ေစမယ့္ ဟြန္းအက်ယ္ႀကီးအသံရွည္တီးတာ၊ ဟြန္းတီးတာေတြကိုပါ ဖမ္းဆီးအေရးယူ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္”ဟု အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ ခြဲမွဴး႐ံုးမွ တာ၀န္ရွိသူ တစ္ဦးက ရွင္းျပသည္။ အထက္ပါ ကိစၥရပ္မ်ားအား ေဖာက္ဖ်က္က်ဴးလြန္သည့္ ယာဥ္ေမာင္းမ်ားအား လိုင္စင္ပိတ္သိမ္းသည္ အထိ အေရးယူသြားမည္ ျဖစ္ၿပီး လိုင္စင္ပိတ္သိမ္းထားစဥ္ ကာလအတြင္း ယာဥ္ေမာင္းႏွင္မႈ ျပဳလုပ္ပါက ေမာ္ေတာ္ယာဥ္ ဥပေဒ ပုဒ္မ ၂၁ အရ အမ်ားဆံုး ျပစ္ဒဏ္ေထာင္ဒဏ္ တစ္ႏွစ္အထိ က်ခံေစႏိုင္ေၾကာင္း သတင္းရရွိသည္။


 

Ref: Automobile

ကိုးလတာကာလအတြင္း သူတစ္ပါး ထိခိုက္မႈ အာမခံ ေလ်ာ္ေၾကးေငြ က်ပ္သိန္း ၃,၅၀၀ ခန္႔ ေပးေလ်ာ္ခဲ့


ျမန္မာ့အာမခံလုပ္ငန္းမွ ယခု ဘ႑ာေရးႏွစ္၏ ကိုးလတာကာလအတြင္း သူတစ္ပါးထိခိုက္မႈအာမခံ ေလ်ာ္ ေၾကးေငြ က်ပ္သိန္း ၃,၅၀၀ ခန္႔ ေပးေလ်ာ္ခဲ့ေၾကာင္း ‘ျမန္မာ့အာမခံလုပ္ငန္း’မွ ဦးေဆာင္ၫႊန္ၾကားေရးမွဴး ဦးေအးမင္းသိန္းက ေျပာၾကားသည္။ စက္တပ္ယာဥ္ႏွင့္ ထိခိုက္မိသည့္ မည္သူမဆို ရရွိခံစားရသည့္ သူတစ္ပါး ထိခိုက္မႈ အာမခံအတြက္ ၂၀၁၃-၂၀၁၄ ဘ႑ာေရးႏွစ္၏ ကိုးလတာ ကာလအတြင္း ေလ်ာ္ေၾကးေငြအေနျဖင့္ ေသဆံုးသူ ၆၅၆ ဦးအတြက္ ေငြက်ပ္ ၃,၂၄၆ သိန္း၊ ဒဏ္ရာရရွိသူ ၄၉ ဦးအတြက္ ၉၆ ဒသမ ၇၂ သိန္း စုစုေပါင္း ၇၀၅ ဦး အတြက္ ေငြက်ပ္ ၃,၃၄၂ သိန္း ေက်ာ္ ေပးေလ်ာ္ခဲ့ေၾကာင္း သိရသည္။ “သူတစ္ပါးထိခိုက္မႈ အာမခံက ျပည္သူေတြကို အကာအကြယ္ေပးတဲ့ အာမခံအမ်ဳိးအစား တစ္ခု ျဖစ္ပါတယ္”ဟုလည္း ၎က ရွင္းျပသည္။ စက္တပ္ယာဥ္ဟု ဆိုရာ၌ ေမာ္ေတာ္ကား၊ ဆိုင္ကယ္၊ စက္ယႏၲရားမ်ား၊ သေဘၤာ၊ သမၺန္ စသည္ျဖင့္ စက္တပ္အသံုးျပဳရေသာ ယာဥ္အားလံုး အက်ဳံး၀င္မည္ ျဖစ္သည္။ ယခု ဘ႑ာေရးႏွစ္၏ ကိုးလတာကာလ အတြင္း စက္တပ္ယာဥ္ မ်ားမွ လာေရာက္ထားရွိသည့္ သူတစ္ပါးထိခိုက္မႈအာမခံ ပရီမီယံ ေၾကး ေငြက်ပ္ ၂၉,၆၂၂ သိန္း ေက်ာ္ ရရွိခဲ့ၿပီး ေငြက်ပ္ ၃,၃၄၂ သိန္းေက်ာ္ ျပန္လည္ေပးေလ်ာ္ခဲ့ရေၾကာင္း သိရွိရသည္။


Ref: Automobile

ေအာင္မဂၤလာ အေ၀းေျပး၀င္းအတြင္း ဆိုက္ေရာက္/ထြက္ခြာ အေဆာက္အအံု လက္မွတ္အေရာင္းဂိတ္ခန္းနွင့္ ေျခာက္လမ္းသြားလမ္းမၾကီး တစ္ၿပဳိင္နက္တည္း ဖြင့္မည္


ေအာင္မဂၤလာအေ၀းေျပး ကား၀င္းအတြင္း၌ စမ္းသပ္အသံုးျပဳလ်က္ရွိေသာ ဆိုက္ေရာက္/ထြက္ခြာ အေဆာက္အအံုႏွင့္ လက္ရွိ ေဆာက္လုပ္လ်က္ရွိေသာ လက္မွတ္ အေရာင္းဂိတ္ခန္းႏွင့္ ေျခာက္လမ္းသြား ေအာင္မဂၤလာ လမ္းမႀကီးတို႔ ကို တစ္ၿပဳိင္နက္ ဖြင့္လွစ္အသုံးျပဳမည္ ျဖစ္ေၾကာင္း ‘ရန္ကုန္ၿမဳိ႕ ေတာ္ စည္ပင္သာယာေရး ေကာ္မတီ (ေအာင္မဂၤလာ၀င္း)’မွ သိရသည္။ ၀င္းအတြင္းရွိ အေ၀းေျပး ကားမ်ား ရပ္နား၍ ခရီးသည္ အတင္/အခ် ျပဳလုပ္ႏုိင္ေသာ ဆိုက္ေရာက္/ထြက္ခြာ အေဆာက္ အအံုမွာ ၂၀၁၃ ခုႏွစ္၊ ၾသဂုတ္လမွ စ၍ စမ္းသပ္အသံုးျပဳခဲ့ၿပီး ၂၀၁၃ ခုႏွစ္၊ ေဖေဖာ္၀ါရီလမွ စတင္တည္ေဆာက္ခ့ဲသည့္ လက္မွတ္အေရာင္းဂိတ္ခန္း မ်ားမွာ လက္ရွိတြင္ ၉၅ ရာခိုင္ႏႈန္းခန္႔ ၿပီးစီးေနၿပီ ျဖစ္ေၾကာင္း၊ ၀င္း၏ အဓိက ယာဥ္၀င္/ထြက္ေပါက္ အျဖစ္ အသံုးျပဳမည့္ ေျခာက္လမ္းသြား ေအာင္မဂၤလာ လမ္းမႀကီးမွာ ၉၀ ရာခိုင္ႏႈန္းခန႔္ ၿပီးစီးေနၿပီ ျဖစ္ေၾကာင္း၊ ၿပီးစီးမႈအလိုက္ သက္ဆိုင္ရာဌာနမ်ား၏ ခြင့္ျပဳခ်က္ရရွိပါက တစ္ၿပဳိင္နက္ ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ လမ္းခင္းက်င္းမႈ ေဆာင္ရြက္ဆဲျဖစ္သည့္ ေျခာက္လမ္းသြား ေအာင္မဂၤလာလမ္းေၾကာင့္ ယာဥ္ေၾကာ က်ပ္တည္းမႈမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိၿပီး ယာဥ္ေၾကာပိတ္ဆို႔မႈႏွင့္ က်ပ္တည္းမႈေၾကာင့္ ဇန္န၀ါရီ ၃၀ ရက္ တြင္ ၀င္းအတြင္းရွိ ေရႊစင္စၾကာ အေ၀းေျပးယာဥ္ႏွင့္ အသင္း၀င္မဟုတ္သည့္ ျပင္ပ တကၠစီယာဥ္မ်ား ခုိက္ရန္ျဖစ္ပြားမႈ ရွိခဲ့ေၾကာင္းႏွင့္ အဆိုပါလမ္းမႀကီး ၿပီးစီးပါက ဆိုက္ေရာက္/ထြက္ခြာ အေဆာက္အအံုႏွင့္ လက္မွတ္အေရာင္းဂိတ္ခန္းမ်ားကို တစ္ၿပိဳင္နက္ ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း သိရသည္။


 

Ref: Automobile



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။
သတင်းထူးများမှာတော့ :

news_this_week



  • ဆိပ်ကမ်းအတွင်းရှိ ရက်ခြောက်ဆယ်ကျော်ကားများ အထောက်အထားခိုင်လုံစွာ တင်ပြနိုင်ပါက လေလံစာရင်းမှ ပယ်ဖျက်ပေးမည်



  • ၂ဝ၁၃-၂ဝ၁၄ မိုဒယ် Brand New ကားများကို ညာမောင်းတင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်



  • MIC ခွင့်မပြု၍ ကပရနှင့် ပုဂ္ဂလိကကုမ္ပဏီ၏ မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှု ပြည်ထောင်စုအစိုးရသို့ တင်ပြမည်



  • Evergreen Autos မှ ကားများကို ဘဏ်တိုးနှုန်းချိုသာစွာဖြင့် ရောင်းချမှုများပြုလုပ်



  • သုံးလတာကာလအတွင်း ရန်ကုန်မြို့တွင်း လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်အစီးရေ လေးထောင်ခန့် ဖမ်းဆီးအရေးယူ



  • မြို့အလှမပျက်စီးစေလို၍ ဟံသာဝတီအဝိုင်း၌ အဝိုင်းပတ်စနစ် ဆက်လက်အသုံးပြုမည်



  • ယာဉ်စည်းကမ်း စီမံချက်ဒဏ်ငွေရုပ်သိမ်းပြီးနောက် ယာဉ်မတော်တဆမှုနှင့် စည်းကမ်းပျက်မောင်းနှင်မှုများ ပိုမိုများပြားလာ



  • ကိုးလတာကာလအတွင်း သူတစ်ပါး ထိခိုက်မှု အာမခံ လျော်ကြေးငွေ ကျပ်သိန်း ၃,၅ဝဝ ခန့် ပေးလျော်ခဲ့



  • အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံ လက်မှတ်အရောင်းဂိတ်ခန်းနှင့် ခြောက်လမ်းသွားလမ်းမကြီး တစ်ပြိုင်နက်တည်း ဖွင့်မည်



 

ဆိပ်ကမ်းအတွင်းရှိ ရက်ခြောက်ဆယ်ကျော်ကားများ အထောက်အထားခိုင်လုံစွာ တင်ပြနိုင်ပါက လေလံစာရင်းမှ ပယ်ဖျက်ပေးမည်


ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များအား ရက်ခြောက် ဆယ်ကျော်ပါက ဆိပ်ကမ်းအာဏာပိုင်များမှ လေလံယာဉ်များ အဖြစ် သတ်မှတ်ခဲ့သော်လည်း အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်ပါက လေလံယာဉ်စာရင်းမှ ပယ်ဖျက်ပေးမည် ဖြစ်ကြောင်း ‘မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့’မှ သိရသည်။ လက်ရှိအချိန်တွင် ဆိပ်ကမ်းအတွင်း ပြည်ပမှ တင်သွင်းလာသော ကားများကို ထုတ်ယူခွင့်အချိန် ရက်ပေါင်း ခြောက်ဆယ် သတ်မှတ်ထားပြီး သတ်မှတ်ရက်အတွင်း ထုတ်ယူခြင်းမရှိသော ကားများကိုသာ လေလံယာဉ်အဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ ယာဉ်ပိုင်ရှင်များအနေဖြင့် အခက်အခဲရှိသည် ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် လာရောက် မထုတ်ယူသည် ဖြစ်စေ၊ သတ်မှတ် ရက်ကျော်လွန်ပြီးမှ ထုတ်ယူချင်သည်ဆိုပါက မည်သည့်ကိစ္စကြောင့် ထုတ်ယူရန် နှောင့်နှေးကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး ဦးဆောင်ညွှန်ကြားရေး မှူးထံသို့ လိပ်မူကာ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ ရက်ပေါင်း ခြောက်ဆယ်ကျော် ကားများ လေလံစာရင်းမှ ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ ပြည်ပက တင်သွင်းလာတဲ့ ကားတွေကို ဆိပ်ကမ်းက ထုတ်ယူဖို့ အတွက် ID လုပ်ရတယ်၊ ပြီးရင် ကျန်တဲ့ စာရွက်စာတမ်းတွေနဲ့ ငွေသွင်းတာတွေကို ရက်ပေါင်း ခြောက်ဆယ်အတွင်းမှာ ပြီးပြတ်အောင် လုပ်ရတယ်၊ တခြား အကြောင်းကြောင့် ID လည်း မဖွင့်၊ စာရွက်စာတမ်း မှားတာ ဖြစ်ဖြစ်၊ ပိုက်ဆံ မချေရသေးလို့ ဖြစ်ဖြစ်၊ ကားကို အစစ်မခံနိုင်လို့ ဖြစ်ဖြစ် ရက်ခြောက်ဆယ်ကျော် သွားရင်တော့ အကောက်ခွန်ဦးစီး ဌာနနဲ့ မဆိုင်တော့ဘူး၊ ဒါပေမဲ့ ပြည်သူတွေအတွက် မနစ်နာရအောင် အခွင့်အရေး ပေးတဲ့အနေနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနိုင်ရင် လေလံစာရင်းက ပယ်ဖျက်ပေးပါတယ်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကို ယာဉ်ပိုင်ရှင်က အသနားခံစာတင်လို့ ခွင့်ပြုတယ် ဆိုပြီး ဒီကို ပြန်လွှဲပေးတဲ့အခါမှ Custom အနေနဲ့ ဘုတ်အဖွဲ့ဖွဲ့ပြီး သာမန် လုပ်ရိုး လုပ်စဉ်အတိုင်း အခွန်ပေးဆောင်ခိုင်းတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်း၌ သတ်မှတ်ရက်ကျော်လွန်သည့် လေလံဝင် ကားအစီး ရေ ၆၁ စီး ထုတ်ယူရန် ကျန်ရှိနေသေးကြောင်း သိရသည်။ ထို့ပြင် ဆိပ်ကမ်းအတွင်းရှိ သတ်မှတ်ရက် ကျော်လွန်ကာ လေလံယာဉ်အဖြစ် သတ်မှတ်ပြီး ထုတ်ယူခွင့် ပြုရာတွင် ဒဏ်ကြေး ကောက်ခံထားခြင်း မရှိဘဲ ထုတ်ယူရမည့်ရက် အတွက် နှောင့်နှေးကြေးသာ ကောက်ခံမည် ဖြစ်ပြီး ယခင်သတ်မှတ်ထားရှိသည့် နှုန်းထားများ အတိုင်း ကောက်ခံမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ သိရသည်။


Ref: Automobile

၂ဝ၁၃-၂ဝ၁၄ မိုဒယ် Brand New ကားများကို ညာမောင်းတင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်


၂ဝ၁၃ မိုဒယ်(Reconditioned Brand New )နှင့် ၂ဝ၁၄ မိုဒယ် (Brand New) မော်တော်ယာဉ်များကို ညာမောင်း(Right Hand Drive)ဖြင့် တင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်း ‘မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ’မှ အသိပေး ကြေညာခဲ့သည်။ ၂ဝ၁၄ ခုနှစ် အတွက် အသစ်ထုတ်ပြန်ခဲ့သော CIF တန်ဖိုးသစ်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်အရ မော်တော်ယာဉ်ပါမစ် လျှောက်ထားသူများအား ၂ဝ၁၃ မိုဒယ်နှင့် ၂ဝ၁၄ မိုဒယ် မော်တော်ယာဉ်များကို တင်သွင်းပါက ဘယ်မောင်းကားများကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်က မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ Brand New ကားများကို ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည် ဖြစ်သောကြောင့် ညာမောင်းများ တင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ Brand New ကားများ တင်သွင်းရာ၌ ဘယ်မောင်း တစ်မျိုးတည်းကိုသာ ခွင့်ပြုပေးခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “Brand New လို့ သတ်မှတ်ထားတဲ့ ၂ဝ၁၃-၂ဝ၁၄ မိုဒယ်ကားတွေကို ဘယ်မောင်း တစ်မျိုးတည်းပဲ တင်သွင်းခွင့်ပေးမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ လမ်းအနေအထားအရ ဘယ်မောင်းကားတွေကိုပဲ အသုံးပြုဖို့ သင့်တော်တဲ့ အတွက် ၂ဝ၁၃ မိုဒယ်ကို Brake ထားပြီးတော့ ဘယ်မောင်းတွေကိုသာ တင်သွင်းခွင့်ပေးဖို့ စီစဉ်ထားပါတယ်၊ ဒီလို ၂ဝ၁၃ မိုဒယ်ကို Brake ထားပြီး ဘယ်မောင်းတွေကိုပဲ တင်သွင်းခွင့် ပေးမယ်ဆိုရင် လာမယ့်နှစ် နှစ်ဆယ်မှာ ဘယ်မောင်းကားတွေပဲ ရှိလာတော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


Ref: Automobile

MIC ခွင့်မပြု၍ ကပရနှင့် ပုဂ္ဂလိကကုမ္ပဏီ၏ မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှု ပြည်ထောင်စုအစိုးရသို့ တင်ပြမည်


ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန (ကပရ)နှင့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်မည့် မြို့တွင်းဘတ်စ်ကားပြေးဆွဲမှု အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်ငါးခုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်(MIC)မှ ခွင့်မပြု၍ ပြည်ထောင်စုအစိုးရသို့ တင်ပြမည်ဖြစ်ကြောင်း ‘ကပရ’မှ သတင်းရရှိသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ကပရနှင့် ပုဂ္ဂလိကကုမ္ပဏီတို့ ဆောင်ရွက်မည့် မြို့တွင်းဘတ်စ်ကားပြေးဆွဲမှု အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ် ငါးခုမှာ ကော်မတီ၏ ဥပဒေစည်းကမ်းချက်များအရ ခွင့်ပြုရန်မသင့်သောကြောင့် လုပ်ငန်းဆောင်ရွက်ခွင့်ကို ပြန်လည်ချထား ပေးခြင်းမရှိ ကြောင်းသိရသည်။ “MIC ရဲ့မူအရ လုပ်ငန်းတစ်ခု လာတင်ပြီဆိုရင် လာတင်တဲ့ ကုမ္ပဏီက ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အကျိုးအမြတ် ရရမယ်၊ ပြီးတော့ နိုင်ငံတော်ကို အထောက်အကူ ပြုရမယ်ဆိုပြီး အကြမ်းဖျင်း သတ်မှတ်ထားတယ်၊ အခုလုပ်မယ့် ဒီသယ်ယူပို့ဆောင်ရေးလုပ်ငန်း ငါးခုမှာ City Bus ပြေးဆွဲမှုက တွက်ခြေမကိုက်ဘူး၊ အရှုံးပေါ်မယ်၊ နောက်ပြီး ဌာနက ဝန်ထမ်း ငါးရာကျော်ကို ပူးပေါင်းလုပ်ဆောင်မယ့် ကုမ္ပဏီတွေမှာ လွှဲပြောင်းခန့်အပ်မယ်၊ ဒီနှစ်ခုစလုံးက ကုမ္ပဏီအတွက် မကိုက်ဘူး၊ အဆင်မပြေ နိုင်ဘူးဆိုပြီး MIC က ခွင့်ပြုချက်ချမပေးတာ၊ ဒါကြောင့် ပြည်ထောင်စုအစိုးရကို တင်ပြပြီး အစိုးရ ခွင့်ပြုရင်တော့ လုပ်မယ်၊ မပြုရင်တော့ မလုပ်ရတော့ဘူးပေါ့”ဟု ‘ကပရ’မှ ဒုတိယအထွေထွေ မန်နေဂျာ ဦးတင်ဝင်းအောင်က ပြောသည်။ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနအနေဖြင့် မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုအပါအဝင် သယ်ယူပို့ ဆောင်ရေးလုပ်ငန်းစဉ် ငါးခု ဆောင်ရွက်ရန် ၂ဝ၁၂ ခုနှစ်တွင် ဂျပန်-မြန်မာဖက်စပ် Fujiyama Trading Ltd ၊ ကိုရီးယားနိုင်ငံ Busan Bus ၊ ရန်ကုန်မှ Forever Green Light ကုမ္ပဏီ၊ မနၲလေးမှ မိုးသောက်နှင်း ကုမ္ပဏီတို့နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သော်လည်း မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုမှာ အရှုံးပေါ်သည့်အတွက် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ၊ Bus an Bus နှင့် မိုးသောက်နှင်း ကုမ္ပဏီတို့ နုတ်ထွက်သွားခဲ့သည်။ လက်ရှိ Forever Green Light မှ ကျပ် သန်း ၇,၁ဝဝ ကျော်နှင့် ဆန်းရောင်နီကုမ္ပဏီမှ ကျပ်သန်း သုံးထောင်ကျော် ရင်းနှီးမြှုပ်နှံကာ အရှုံးပေါ်ပါကလည်း လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရန် သဘောတူထားကြောင်း သိရသည်။ အကျိုးတူ ပူးပေါင်းစနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ် ငါးခုမှာ မြို့တွင်းဘတ်စ်ကားပြေးဆွဲမှု၊ အငှားယာဉ်ပြေးဆွဲမှု၊ ကုန်စည် သယ်ယူပို့ဆောင်ရေး၊ အဝေးပြေး သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်ပြုပြင် ထိန်းသိမ်းရေး အလုပ်ရုံများပါဝင်ကာ ယင်းလုပ်ငန်းစဉ်များ၌ မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုမှာ အရှုံးပေါ်နိုင်ပြီး ကပရမှ ကုမ္ပဏီသို့ လွှဲပြောင်းမည့် အစိုးရ ဝန်ထမ်း ငါးရာကျော်မှာလည်း ကုမ္ပဏီအတွက် အခက်အခဲဖြစ်စေနိုင်ကြောင်း သိရသည်။


Ref: Automobile

Evergreen Autos မှ ကားများကို ဘဏ်တိုးနှုန်းချိုသာစွာဖြင့် ရောင်းချမှုများပြုလုပ်


Evergreen Autos မှ အင်ဂျင်ပါဝါ 1300 CC ၊ 1500 CC ၊ 1800 CC အစရှိသော ကားများကို ဝယ်ယူသူ Customer များအတွက် ဘဏ်တိုးနှုန်းချိုသာစွာဖြင့် ရောင်းချမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ Evergreen Autos အနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် ကားများကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျ စနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီး လစဉ်ကြေး ပေးသွင်းရာ၌ အဆင်ပြေစေရန်အတွက် ၁၂ လမှ ၂၄ လအထိ သတ်မှတ်ထားကြောင်း သိရသည်။ ကားတစ်စီး ဝယ်ယူမည် ဆိုပါက ဦးစွာပထမ ကားတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ပေးသွင်းရန်လိုအပ်ပြီး ကျန်ငွေကို လစဉ်ပေးသွင်းရမည် ဖြစ်သည်။ ကားများကို ဘဏ်တိုးနှုန်း ချိုသာစွာ ရောင်းချခြင်း နှင့်ပတ်သက်၍ Evergreen Autos မှ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်လှိုင်က “Customer တွေအတွက် ကားဝယ်ယူတဲ့နေရာမှာ အဆင်ပြေစေဖို့ အရစ်ကျစနစ်နဲ့ ရောင်းချပေးခဲ့သလို ဘဏ်တိုးနှုန်းကိုလည်း သက်သာအောင် လုပ်ပေးထားပါတယ်၊ အရစ်ကျစနစ်ကိုလည်း တစ်နှစ်၊ ၂ နှစ်ဆိုပြီး သတ်မှတ်ထားပါတယ်၊ Customer တစ်ယောက်ကို ကားသုံးစီးအထိ ဝယ်ယူနိုင်ပါတယ်၊ Evergreen Autos အနေနဲ့ Customer တွေအတွက် စျေးလည်း မနစ်နာရအောင်၊ တခြားအခက်အခဲ တွေလည်း မရှိအောင် အကောင်းဆုံး ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ Evergreen Autos အနေဖြင့် ကားများကို အရစ်ကျရောင်းချပေးရာ တွင် ဝယ်ယူလိုသည့် Customer များမှ မှတ်ပုံတင်မိတၲူ၊ သန်းခေါင်စာရင်းမိတၲူ၊ ရပ်ကွက်ထောက်ခံစာ၊ ဝယ်ယူမည့်သူ၏ လိုင်စင်ဓာတ်ပုံ တစ်ပုံနှင့် ရဲစခန်းထောက်ခံစာ မူရင်း တို့လိုအပ်မည် ဖြစ်သည်။ ထို့ပြင် ဘဏ်ဖြင့် ချိတ်ဆက် ရောင်းချပေးရသည့်အတွက် Customer များမှ အလုံးစုံအာမခံချက် ထားရှိပေးရန် လိုအပ်ပြီး ကျသင့်ငွေကို ဝယ်ယူသူ Customer က ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။


 

Ref: Automobile

သုံးလတာကာလအတွင်း ရန်ကုန်မြို့တွင်း လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်အစီးရေ လေးထောင်ခန့် ဖမ်းဆီးအရေးယူ


စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများ လျော့ကျစေရန် ရန်ကုန်မြို့တွင်း အဓိကလမ်းမကြီးများပေါ်၌ ယာဉ်ရပ်နားမှုအား ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင် စစ်ဆေးဖမ်းဆီး ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလမှ ဇန်နဝါရီလအထိ သုံးလတာ ကာလအတွင်း ယာဉ်မရပ်ရသတ်မှတ်ထားသည့် မြို့တွင်းလမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်အစီးရေ လေးထောင်ခန့်အား ဖမ်းဆီး အရေးယူခဲ့ကြောင်း ‘အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သတင်းရရှိသည်။ ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်ရာ၌ စည်းကမ်းမဲ့ ယာဉ်များအား ကရိန်းဖြင့် ဆွဲယူဖမ်းဆီးခြင်း၊ ချလန်ဖြတ် အရေးယူခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိကာ ကရိန်းနှင့် ဆွဲယူသည့်ယာဉ်အား ငွေကျပ်တစ်သိန်းခွဲခန့်နှင့် ချလန်ဖြတ် အရေးယူခြင်းခံရသည့် ယာဉ်မောင်းအား ဒဏ်ငွေ ကျပ်နှစ် သောင်းခွဲခန့် ဒဏ်ရိုက်အရေးယူ ဆောင်ရွက် ကြောင်းသိရသည်။ “စစ်ဆေးဖမ်းဆီး အရေးယူမှုတွေကို အဆက်မပြတ် ဆောင်ရွက်သွားမှာပါ၊ အရင်ကဆို လူတွေက လမ်းပေါ်ယာဉ်ရပ်ရင် ကိုယ့်အိမ်ရှေ့မှာရပ်သလို ရပ်ထားကြတာ၊ အခုတော့ ဘယ်နားက လာဖမ်းမလဲဆိုပြီး မရပ်ရဲကြတော့ဘူး၊ ဒါကြောင့် ယာဉ်ကြောကျပ်တည်းမှု သိသိသာသာကို လျော့ကျလာတာတွေ့ရတယ်”ဟု အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဒဏ်ရိုက်အရေးယူခြင်းခံရသည့် ယာဉ်များအနေဖြင့် ဖမ်းဆီး အရေးယူခြင်း ဥပဒေပုဒ်မအရ တားမြစ်ချက်တစ်ရပ်ရပ်အား ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် တစ်နှစ် အထိ ဖြစ်စေ၊ အနည်းဆုံးဒဏ်ငွေ ကျပ်တစ်သောင်းမှ အများဆုံး ဒဏ်ငွေ ကျပ်ငါးသိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေနိုင်သည်ဟု သိရသည်။


 

Ref: Automobile

မြို့အလှမပျက်စီးစေလို၍ ဟံသာဝတီအဝိုင်း၌ အဝိုင်းပတ်စနစ် ဆက်လက်အသုံးပြုမည်


မြို့ပြအင်္ဂါရပ်နှင့်အညီ ရန်ကုန်မြို့တော် ၏အလှကို ဖော်ပြထားမှုအား မပျက်စီးစေလိုသောကြောင့် ဟံသာဝတီအဝိုင်းတွင် အဝိုင်းပတ် စနစ်ကိုသာ ဆက်လက် ကျင့်သုံး မည်ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား)’မှ သတင်း ရရှိသည်။ ဟံသာဝတီအဝိုင်းတွင် ယခင် ကတည်းက ယာဉ်ကြောကျပ်တည်းမှု အနည်းငယ် ဖြစ်ပေါ်လေ့ရှိပြီး အဝိုင်းအနီးရှိ စိုက်ပျိုးရေးမှတ်တိုင်နှင့် အဝိုင်းမှတ်တိုင်တွင် ခရီးသည် တင်ယာဉ်များ နှစ်ထပ်ရပ်၍ ခရီးသည် အတင်အချ ပြုလုပ်ခြင်း၊ အချိန်ကြာမြင့်စွာ ခရီးသည် စောင့်ဆိုင်းခြင်းတို့အပြင် လှည်းတန်းတံတား ဖွင့်လှစ်ပြီးနောက် လှည်းတန်းမီးပွိုင့်နှင့် နာနတ်တော မီးပွိုင့်များ ဖြုတ်သိမ်းလိုက်မှု တို့ကြောင့် ယာဉ်ကြောကျပ်တည်းမှု ယခင်ထက် ပိုမိုမြင့်တက်လာခဲ့သည်။ ယင်းကို လျှော့ချနိုင်ရန်အတွက် ဟံသာဝတီ အဝိုင်းပတ် စနစ်ဖြုတ်သိမ်း၍ မီးပွိုင့်စနစ်ဖြင့် အစားထိုးရန် လေ့လာသုံးသပ်ခဲ့ကြသော်လည်း လက်ရှိတည်ရှိနေသော လမ်းအလှ မပျက်စီးစေ လိုသောကြောင့် အဝိုင်းပတ်စနစ်ကိုသာ ဆက်လက် အသုံးပြုမည်ဟု ‘လမ်းတံတားဌာန’မှ သိရသည်။ “အစကတော့ ဟံသာဝတီအဝိုင်းပတ်စနစ်က အဆင်မပြေဖြစ်နေလို့ ဖြုတ်သိမ်းပြီး မီးပွိုင့်စနစ်နဲ့ အစားထို့မလို့ စီစဉ်ခဲ့တယ်၊ ဒါပေမဲ့ အဝိုင်းက မြို့ရဲ့အလှကို ဖော်ကျူးထားတယ်၊ ဖြုတ်ဖို့ မဖြစ်နိုင်ဘူး၊ ယာဉ်ကြော ကျပ်တည်းမှုကို လျှော့ချဖို့ အဝိုင်းပတ်စနစ်နဲ့ မီး ပွိုင့်စနစ်တွေကို ချိတ်ဆက်ဆောင်ရွက်သွားမှာပါ”ဟု အင်ဂျင်နီယာ ဌာန(လမ်းတံတား)ဌာနမှူး ဦးခင်မောင်ကြည်က ပြောသည်။ ဟံသာဝတီအဝိုင်း၌ ယင်းကဲ့သို့ မီးပွိုင့်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ယာဉ်သွားလာမှုအား စစ်တမ်းကောက်ယူလျက်ရှိပြီး ငါးလခန့် အချိန်ယူသွားမည် ဖြစ်ကြောင်းနှင့် စစ်တမ်းများအပေါ်မူတည်၍ ရိုးရိုးမီးပွိုင့်နှင့် ထိန်းချုပ်စနစ်ပါ ဆင်ဆာမီးပွိုင့်တို့ကို ရွေးချယ်တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ လတ်တလော၌ အဝိုင်း၏ ယာဉ်ကြောကျပ်တည်းမှုမှာ ဆိုးရွားနေသောကြောင့် တာဝန်ကျယာဉ် ထိန်းရဲများဖြင့် ဖြေရှင်းနေရကြောင်း သတင်းရရှိသည်။


 

Ref: Automobile

ယာဉ်စည်းကမ်း စီမံချက်ဒဏ်ငွေရုပ်သိမ်းပြီးနောက် ယာဉ်မတော်တဆမှုနှင့် စည်းကမ်းပျက်မောင်းနှင်မှုများ ပိုမိုများပြားလာ


ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့မောင်းနှင်သည့် မော်တော်ယာဉ်များအတွက် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း စီမံချက်ဒဏ်ငွေရုပ် သိမ်းပြီးနောက်ပိုင်း ယာဉ်မတော်တဆမှု နှင့်စည်းကမ်းပျက် ယာဉ်မောင်းနှင်မှုများ ပိုမိုများပြားလာကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး’မှ သတင်းရရှိသည်။ ယာဉ်စည်းကမ်း စီမံချက် ဒဏ်ငွေအား ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေအရသာ အရေးယူခဲ့ကြောင်းနှင့် ယင်းနောက်ပိုင်းတွင် ယာဉ်မတော်တဆမှုနှင့် စည်းကမ်းပျက် မောင်းနှင်မှုများ ပိုမိုများပြား လာခြင်းဖြစ်ကြောင်း သိရသည်။ “ယာဉ်မောင်းတွေ စည်းကမ်း လိုက်နာမလား ဆိုတာနဲ့ အားလုံးကို ဥပဒေနဲ့ပဲ အရေးယူချင်တာကြောင့် စီမံချက်ဒဏ်ငွေကို လျှော့လိုက်တာ ဖြစ်ပါတယ်၊ ဒါပေမဲ့ မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေအရ ဒဏ်ငွေက ကျပ် ၁,၅ဝဝ တည်းဆိုတော့ လူတွေက ဂရုမစိုက်တော့ဘူး၊ စည်းကမ်းမဲ့ မောင်းတယ်၊ ဒီတော့ ယာဉ်တိုက်မှုတွေ ပိုဖြစ်တယ်၊ ယာဉ် တိုက်မှုတွေ တော်တော်များများ ကလည်း စည်းကမ်းမဲ့ မဆင်မခြင်မောင်းလို့ ဖြစ်တာတွေ များတယ်”ဟု အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ စည်းကမ်းမဲ့ မှုများနှင့် ပတ်သက်၍ စည်းကမ်းထိန်းသိမ်းမှုဆောင်ရွက်ရန် မြို့တော်အတွင်း ယာဉ်မတော်တဆမှု ဖြစ်ပေါ်စေမည့် မောင်းနှင်မှုနှင့် မြို့တော်အင်္ဂါရပ် ထိခိုက်စေသည့် ကိစ္စရပ်များ ဆောင်ရွက်သည့် မော်တော်ယာဉ်များအား ဥပဒေနှင့် အညီ လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ရန် ရန်ကုန်မြို့တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက် ထားကြောင်း သိရသည်။ “အဓိကထားပြီး စစ်ဆေးဖမ်းဆီးမှာက လမ်းအသုံးပြု သူတွေကို တိုက်ရိုက်ထိခိုက်စေမယ့် လုပ်ရပ်မျိုးတွေဖြစ်တဲ့ မီးနီဖြတ်မောင်းတာတွေ၊ လမ်းပြောင်းပြန် မောင်းနှင်တာတွေ၊ အရက်သောက်ပြီး မောင်းနှင်တာတွေ၊ အရှိန်ပြင်းပြင်း မောင်းနှင်တာတွေနဲ့ မြို့တော်အင်္ဂါရပ်ကို ထိခိုက်စေမယ့် ဟွန်းအကျယ်ကြီးအသံရှည်တီးတာ၊ ဟွန်းတီးတာတွေကိုပါ ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ အထက်ပါ ကိစ္စရပ်များအား ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်မောင်းများအား လိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူသွားမည် ဖြစ်ပြီး လိုင်စင်ပိတ်သိမ်းထားစဉ် ကာလအတွင်း ယာဉ်မောင်းနှင်မှု ပြုလုပ်ပါက မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၂၁ အရ အများဆုံး ပြစ်ဒဏ်ထောင်ဒဏ် တစ်နှစ်အထိ ကျခံစေနိုင်ကြောင်း သတင်းရရှိသည်။


 

Ref: Automobile

ကိုးလတာကာလအတွင်း သူတစ်ပါး ထိခိုက်မှု အာမခံ လျော်ကြေးငွေ ကျပ်သိန်း ၃,၅ဝဝ ခန့် ပေးလျော်ခဲ့


မြန်မာ့အာမခံလုပ်ငန်းမှ ယခု ဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း သူတစ်ပါးထိခိုက်မှုအာမခံ လျော် ကြေးငွေ ကျပ်သိန်း ၃,၅ဝဝ ခန့် ပေးလျော်ခဲ့ကြောင်း ‘မြန်မာ့အာမခံလုပ်ငန်း’မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။ စက်တပ်ယာဉ်နှင့် ထိခိုက်မိသည့် မည်သူမဆို ရရှိခံစားရသည့် သူတစ်ပါး ထိခိုက်မှု အာမခံအတွက် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်၏ ကိုးလတာ ကာလအတွင်း လျော်ကြေးငွေအနေဖြင့် သေဆုံးသူ ၆၅၆ ဦးအတွက် ငွေကျပ် ၃,၂၄၆ သိန်း၊ ဒဏ်ရာရရှိသူ ၄၉ ဦးအတွက် ၉၆ ဒသမ ၇၂ သိန်း စုစုပေါင်း ၇ဝ၅ ဦး အတွက် ငွေကျပ် ၃,၃၄၂ သိန်း ကျော် ပေးလျော်ခဲ့ကြောင်း သိရသည်။ “သူတစ်ပါးထိခိုက်မှု အာမခံက ပြည်သူတွေကို အကာအကွယ်ပေးတဲ့ အာမခံအမျိုးအစား တစ်ခု ဖြစ်ပါတယ်”ဟုလည်း ၎င်းက ရှင်းပြသည်။ စက်တပ်ယာဉ်ဟု ဆိုရာ၌ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ယနၲရားများ၊ သင်္ဘော၊ သမ္ဗန် စသည်ဖြင့် စက်တပ်အသုံးပြုရသော ယာဉ်အားလုံး အကျုံးဝင်မည် ဖြစ်သည်။ ယခု ဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလ အတွင်း စက်တပ်ယာဉ် များမှ လာရောက်ထားရှိသည့် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံ ကြေး ငွေကျပ် ၂၉,၆၂၂ သိန်း ကျော် ရရှိခဲ့ပြီး ငွေကျပ် ၃,၃၄၂ သိန်းကျော် ပြန်လည်ပေးလျော်ခဲ့ရကြောင်း သိရှိရသည်။


Ref: Automobile

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံ လက်မှတ်အရောင်းဂိတ်ခန်းနှင့် ခြောက်လမ်းသွားလမ်းမကြီး တစ်ပြိုင်နက်တည်း ဖွင့်မည်


အောင်မင်္ဂလာအဝေးပြေး ကားဝင်းအတွင်း၌ စမ်းသပ်အသုံးပြုလျက်ရှိသော ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံနှင့် လက်ရှိ ဆောက်လုပ်လျက်ရှိသော လက်မှတ် အရောင်းဂိတ်ခန်းနှင့် ခြောက်လမ်းသွား အောင်မင်္ဂလာ လမ်းမကြီးတို့ ကို တစ်ပြိုင်နက် ဖွင့်လှစ်အသုံးပြုမည် ဖြစ်ကြောင်း ‘ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ (အောင်မင်္ဂလာဝင်း)’မှ သိရသည်။ ဝင်းအတွင်းရှိ အဝေးပြေး ကားများ ရပ်နား၍ ခရီးသည် အတင်/အချ ပြုလုပ်နိုင်သော ဆိုက်ရောက်/ထွက်ခွာ အဆောက် အအုံမှာ ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လမှ စ၍ စမ်းသပ်အသုံးပြုခဲ့ပြီး ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်တည်ဆောက်ခဲ့သည့် လက်မှတ်အရောင်းဂိတ်ခန်း များမှာ လက်ရှိတွင် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ဝင်း၏ အဓိက ယာဉ်ဝင်/ထွက်ပေါက် အဖြစ် အသုံးပြုမည့် ခြောက်လမ်းသွား အောင်မင်္ဂလာ လမ်းမကြီးမှာ ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ပြီးစီးမှုအလိုက် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လမ်းခင်းကျင်းမှု ဆောင်ရွက်ဆဲဖြစ်သည့် ခြောက်လမ်းသွား အောင်မင်္ဂလာလမ်းကြောင့် ယာဉ်ကြော ကျပ်တည်းမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှုနှင့် ကျပ်တည်းမှုကြောင့် ဇန်နဝါရီ ၃ဝ ရက် တွင် ဝင်းအတွင်းရှိ ရွှေစင်စကြာ အဝေးပြေးယာဉ်နှင့် အသင်းဝင်မဟုတ်သည့် ပြင်ပ တက္ကစီယာဉ်များ ခိုက်ရန်ဖြစ်ပွားမှု ရှိခဲ့ကြောင်းနှင့် အဆိုပါလမ်းမကြီး ပြီးစီးပါက ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံနှင့် လက်မှတ်အရောင်းဂိတ်ခန်းများကို တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။


 

Ref: Automobile

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ေသာ...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ခဲ့ေသာ တိုက္​​ေျပးကားမ်ား၊ ကားခိုးမႈမ်ားႏွင့္ ကား​ေပ်ာက္​မႈမ်ားကို ဗဟိုထိန္​းခ်ဴပ္​​ေရး (control...

Read more »