တစ္ပတ္အတြင္း ကားေလာကသတင္းမ်ား


ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။


သတင္းထူးမ်ားမွာေတာ့ :


news_this_week


  • တိုက္ခန္း၀ယ္လွ်င္ လမ္ေဘာ္ဂနီ ကားသစ္တစ္စီး လက္ေဆာင္ေပးရန္ ဒူဘိုင္းကုမၸဏီတစ္ခု စီစဥ္




  • အသစ္ ထပ္မံတင္သြင္းမည့္ ခရီးသည္တင္ယာဥ္မ်ား ၂၀၀၉ မိုဒယ္ႏွင့္ အထက္သာ တင္သြင္းရမည္ဟု တိုင္းေဒသႀကီးအစိုးရ ၫႊန္ၾကား




  • 4G/9999 ကို က်ပ္သိန္း(၄၀)ျဖင့္ႀကိဳတင္ဝယ္ယူထား




  • ၁၉၆၄ ခုႏွစ္ ေမာ္ေတာ္ယာဥ္ဥပေဒ ျပန္လည္ ျပင္ဆင္မည္




  • ယာဥ္ထိန္းရဲမ်ား နံပါတ္တုတ္ ကိုင္ေဆာင္ေတာ့မည္




  • CIF တန္ဖိုးျမင့္ကားမ်ား တင္သြင္းပါက စလစ္ကပ္ၿပီး တင္သြင္းသင့္




  • ယာဥ္လုပ္သားမ်ား ေတာင္းဆိုမႈေၾကာင့္ စည္ပင္နယ္နိမိတ္အတြင္း ဟိုင္းလပ္ယာဥ္ ေျပးဆြဲခြင့္ အခ်ိန္ တစ္လ ထပ္မံတိုးျမႇင့္




  • ျမန္မာမီနီဆလြန္းကို သိန္း ေျခာက္ဆယ္ေအာက္ တန္ဖိုးနည္းယာဥ္အျဖစ္ ျပည္တြင္းကုမၸဏီတစ္ခုႏွင့္ ပူးေပါင္း ထုတ္လုပ္မည္




  • သီလဝါထုတ္ ဆူဇူကီး ေမာ္ေတာ္ယာဥ္မ်ား ျပည္ပသို႔ တင္ပို႔မည္




  • တစ္ႏွစ္ အၾကာ ဆိပ္ကမ္းမွ မထုတ္ရေသးေသာ ကား (၄၀၀)႐ွိ




  • DD အကၡရာ တကၠစီကားမ်ား တစ္ရက္လွ်င္ ပ်မ္းမွ် အစီးေရ ရွစ္ဆယ္၀န္းက်င္ ကနဦးမွတ္ပံုတင္ လာေရာက္ျပဳလုပ္




 

တိုက္ခန္း၀ယ္လွ်င္ လမ္ေဘာ္ဂနီ ကားသစ္တစ္စီး လက္ေဆာင္ေပးရန္ ဒူဘိုင္းကုမၸဏီတစ္ခု စီစဥ္


ေရနံေပါၾကြယ္၀လွသည့္ အာရပ္ေစာ္ဘြားျပည္ေထာင္စု(ယူေအအီး)မွ အိမ္၊ ၿခံ၊ ေျမ ကုမၸဏီတစ္ခုသည္ ၎င္းတို႔ ေဆာက္လုပ္ထားေသာ အဆင့္ျမင့္ ဇိမ္ခံမိုးေမွ်ာ္တိုက္ခန္း တစ္ခန္း ၀ယ္ယူသူတိုင္းကို ေဒၚလာ သိန္းေက်ာ္တန္ တန္ဖိုးႀကီး လမ္ေဘာ္ဂနီၿပိဳင္ကားတစ္စီး လက္ေဆာင္ေပးရန္ စီစဥ္ထားေၾကာင္း ‘ယူေအအီး သတင္းဌာနမ်ား’ က ဇန္န၀ါရီ ၃ ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။ ယူေအအီးႏိုင္ငံတြင္သာမက အေရွ႕အလယ္ပိုင္း ေဒသတြင္ပါ အႀကီးဆံုး ဇိမ္ခံအိမ္ရာမ်ား ေဆာက္လုပ္သည့္ Damac Maison ကုမၸဏီသည္ Dubai Mall Street လမ္းမေပၚ ေဆာက္လုပ္ထားေသာ ဇိမ္ခံတိုက္ခန္းတစ္ခန္း ၀ယ္ယူသူတိုင္းကို အခန္းတန္ ဖိုးအလိုက္ တန္ဖိုးႀကီးကားမ်ား လက္ေဆာင္ေပးရန္ စီစဥ္ထားျခင္း ျဖစ္သည္။
Damac Maison ကုမၸဏီ သည္ ဇန္န၀ါရီ ၂ ရက္မွ ေဖေဖာ္၀ါရီ ၂ ရက္အထိ က်င္းပျပဳလုပ္ေနသည့္ ဒူဘိုင္း ေစ်းေရာင္းပြဲေတာ္ ကာလအတြင္း တန္ဖိုးအႀကီးဆံုး တိုက္ခန္းတစ္ခန္း ၀ယ္ယူသူကို ေဒၚလာ ေလးသိန္းအထိတန္ေသာ ၂၀၁၄ မိုဒယ္ Lamborghini Aventador ၿပိဳင္ကားတစ္စီး ေမတၱာ လက္ေဆာင္ေပးမည္ဟု ကုမၸဏီ တာ၀န္ရွိသူတစ္ဦးက အတည္ျပဳေျပာခဲ့သည္။ အျခားအခန္းမ်ား ၀ယ္ယူသူမ်ားအတြက္လည္း တိုက္ခန္းတန္ဖိုးအေပၚ မူတည္ကာ BMW ၊ သို႔မဟုတ္ Mini ကားသစ္မ်ား လက္ေဆာင္ေပးမည္ဟု မက္လံုးေပးထားသည္။ တန္ဖိုးႀကီးကားမ်ား လက္ေဆာင္ေပးမည္ဟု ကမ္းလွမ္းျခင္းမွာ Damac Maison အတြက္ ပထမဦးဆံုးအႀကိမ္ မဟုတ္ဘဲ ယမန္ႏွစ္ကလည္း တိုက္ခန္း ၀ယ္ယူသူမ်ားကိုAudi R8s ၊ A8 ၊ A6s ၊ A4 စသည့္ ဇိမ္ခံကားမ်ားကို ေပးခဲ့ဖူးသည္။ Damac Maison ကုမၸဏီမွ အႀကီးတန္း ဒုတိယဥကၠ႒ မစၥတာ နီရယ္မက္ ေလာက္လင္းက “ဒူဘိုင္း ေစ်းေရာင္းပြဲေတာ္ ကာလအတြင္း Damac အိမ္၊ ၿခံ၊ ေျမ လုပ္ငန္းစုကေပးမယ့္ လက္ေဆာင္ေတြဟာ အၿမဲတမ္း ျမင့္မားေနပါလိမ့္မယ္၊ ဒီႏွစ္ ေစ်းေရာင္းပြဲေတာ္မွာလည္း ကုမၸဏီအတြက္ အေကာင္းဆံုးရလဒ္ေတြ ထြက္ေပၚလာမယ္လို႔ ယံုၾကည္ပါတယ္ဟု ေျပာၾကားခဲ့သည္။

Ref: Automibile

 

အသစ္ ထပ္မံတင္သြင္းမည့္ ခရီးသည္တင္ယာဥ္မ်ား ၂၀၀၉ မိုဒယ္ႏွင့္ အထက္သာ တင္သြင္းရမည္ဟု တိုင္းေဒသႀကီးအစိုးရ ၫႊန္ၾကား


ရန္ကုန္ၿမိဳ႕ေတာ္အတြင္း ခရီးသည္ တင္ယာဥ္မ်ားအျဖစ္ ေျပးဆြဲရန္ စီး တီးဘတ္စ္မ်ား အသစ္ ထပ္မံတင္ သြင္းရာ၌ ၂၀၀၉ မိုဒယ္ႏွင့္အထက္ ယာဥ္မ်ားသာ တင္သြင္းရမည္ဟု တိုင္းေဒသႀကီးအစိုးရမွ ၫႊန္ၾကား မႈျပဳလုပ္ထားေၾကာင္း ‘ရန္ကုန္တိုင္းေဒသႀကီး ေမာ္ေတာ္ယာဥ္လုပ္ငန္း ေပါင္းစံု ထိန္းသိမ္းေရးႀကီးၾကပ္မႈ ေကာ္မတီ’မွ သတင္းရရွိသည္။
လက္ရွိ ျပည္တြင္း၌ ၂၀၀၄ မိုဒယ္အမ်ဳိးအစား ခရီးသည္တင္ ယာဥ္အမ်ားစုသာ အသံုးျပဳလ်က္ရွိၿပီး ယခုႏွစ္အတြင္း ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲသည့္ ခရီးသည္တင္ယာဥ္မ်ားကို အဆင့္ျမႇင့္တင္လိုေသာေၾကာင့္ ယင္းကဲ့သို႔ သတ္မွတ္ခ်က္ ထုတ္ျပန္ျခင္း ျဖစ္ေၾကာင္း သိရသည္။ခရီးသည္တင္ယာဥ္ေတြကို အရင္က ႀကိဳက္တဲ့မိုဒယ္ သြင္းခြင့္ ရွိတယ္ဆိုၿပီး ခြင့္ျပဳထားေပမဲ့ ဒီႏွစ္ကစၿပီး အသစ္သြင္းမယ့္ ခရီးသည္တင္ယာဥ္ေတြကို ၂၀၀၉ မိုဒယ္ အနိမ့္ဆံုးထားၿပီး တင္သြင္းရမယ္လို႔ ၫႊန္ၾကားထားတယ္၊ ယာဥ္ပိုင္ရွင္ေတြအေနနဲ႔ကေတာ့ လတ္တေလာ မွာထားတဲ့ယာဥ္ေတြကို ဆက္သြင္းခြင့္ျပဳမယ္၊ အသစ္သြင္းမယ္ဆိုရင္ေတာ့ သတ္မွတ္ထားတဲ့ မိုဒယ္ပဲ တင္သြင္းခြင့္ ျပဳေတာ့မွာပါဟု ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ပို႔ေဆာင္ေရး၀န္ႀကီး ဦးေအာင္ခင္က ေျပာသည္။ၿပီးခဲ့သည့္ ၂၀၁၂ ခုႏွစ္မွ စတင္၍ ျပည္တြင္း၌ ယာဥ္အို၊ ယာဥ္ေဟာင္း အစားထိုးလဲလွယ္သည့္စနစ္ကို ေျပာင္းလဲခဲ့ၿပီး ခရီးသည္တင္ယာဥ္ စစ္က်န္ဘတ္စ္မ်ား ေနရာတြင္ ျပည္ပခရီးသည္တင္ယာဥ္ စီးတီးဘတ္စ္မ်ား အစားထိုး တင္သြင္းေျပးဆြဲခဲ့ၾကကာ ယာဥ္ပိုင္ရွင္မ်ားအား စိတ္ႀကိဳက္မိုဒယ္မ်ားျဖင့္ တင္သြင္းေျပးဆြဲခြင့္ ျပဳခဲ့ေၾကာင္း သတင္းရရွိသည္။

Ref: Automobile

4G/9999 ကို က်ပ္သိန္း(၄၀)ျဖင့္ႀကိဳတင္ဝယ္ယူထား


ႏိုင္ငံေတာ္ဘ႑ာကို တိုးတတ္ေစရန္အတြက္ ေမာ္ေတာ္ယာဥ္ေရာက္ရွိနံပါတ္မ်ားတြင္ နံပါတ္လွႏွင့္ နံပါတ္ပူးမ်ားကို ပိုင္ရွင္စိတ္ႀကိဳက္ဝယ္ယူမွဳမ်ားကို ခြင့္ျပဳလွ်က္ရွိရာ ယခုအခါတြင္ (4G/9999) ယာဥ္ နံပါတ္ကို က်ပ္ေငြသိန္း (၄၀) ႏွင့္ (4G/8888) ကိုလည္း (၃၈) သိန္းျဖင့္ႀကိဳတင္ဝယ္ယူမွဳရွိခဲ့ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ႀကားေရးဦးစီးဌာန မွ သိရွိရသည္။ ဤကဲ့သို႔ (4G/9999) နံပါတ္ကိုဝယ္ယူစဥ္တြင္ ေမာ္ေတာ္ယာဥ္မ်ား၏ ေရာက္ရွိနံပါတ္မွာ (3G) နံပါတ္စဥ္ တြင္သာရွိေသးၿပီး ႀကိဳတင္ဝယ္ယူျခင္းျဖစ္ေၾကာင္းသိရွိရသည္။အဆိုပါ ႀကိဳတင္ဝယ္ယူျခင္း ႏွင့္ပတ္သတ္၍ ယာဥ္ပိုင္ရွင္မ်ား အေနျဖင့္ ေရာက္ရွိနံပါတ္စဥ္အကၡရာထက္ (၂) ခုကို ႀကိဳတင္ယူမွဳျပဳႏိုင္ေၾကာင္း က.ည.န (ျမင္သာ) မွတာဝန္ရွိသူတစ္ဦး၏ ေျပာျပခ်က္အရ သိရွိရပါသည္။ ယခင္ကလည္း (1G/4444) ကိုလည္း က်ပ္သိန္း (၃၀) ျဖင့္အမ်ားဆံုးေပး ဝယ္ယူခဲ့ေၾကာင္းလည္း သိရွိရပါသည္။ကုန္းလမ္းပို႔ေဆာင္ဆက္သြယ္ေရး ၫႊန္ႀကားေရးဦးစီးဌာနသည္ ကနဦးမူေသနံပါတ္မ်ားကို ထုတ္ေပးလွ်က္ရွိၿပီး မိမိႏွစ္သက္သည့္ နံပါတ္ကိုဝယ္ယူလာပါကလည္း ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

Ref: Auto World

 

 

ယာဥ္ထိန္းရဲမ်ား နံပါတ္တုတ္ ကိုင္ေဆာင္ေတာ့မည္


ယာဥ္ထိန္းရဲမ်ား တာ၀န္ ထမ္း ေဆာင္ေနစဥ္ ရန္ျပဳျခင္း၊ ဆဲဆို ျခင္း မ်ား ရွိလာေသာေၾကာင့္ မိမိကုိယ္ကို ကာကြယ္သည့္အေနျဖင့္နံပါတ္တုတ္ မ်ား ကိုင္ေဆာင္မည္ဟုရန္ကုန္တိုင္း အမွတ္(၂) ရဲတပ္ဖြဲ႔ ခြဲမႉး႐ံုးမွ ရဲမႉးႀကီး လင္းထြဋ္က ေျပာၾကားခဲ့သည္။ မီးနီကို ျဖတ္မေမာင္းနဲ႔ ဆိုရင္ ျဖတ္ေမာင္းတယ္။ျဖတ္ေမာင္းလို႔ ခ်လန္ျဖတ္ေတာ့ ယာဥ္ထိန္းရဲကို ျပန္ဆဲတယ္။ တခ်ဳိ႔ဆို ကတ္ေၾကးနဲ႔ ထိုးတာ၊တုတ္နဲ႔ ႐ိုက္တာေတြရွိတယ္။ ဒါ ဟာ ရွက္စရာ ေကာင္းပါတယ္။ဒါေၾကာင့္ အခုဆိုရင္ ယာဥ္ထိန္းရဲေတြ မိမိကုိယ္ကို ခုခံကာကြယ္ႏိုင္ဖို႔နံပါတ္ တုတ္ေတြေဆာင္ထားမွာျဖစ္ပါတယ္။ ဒါဟာ လမ္းအသံုးျပဳသူ နဲ႔ ျပည္သူကို ၿခိမ္းေျခာက္ဖို႔ မဟုတ္ဘူး။ ကာကြယ္ ဖို႔ ျဖစ္တယ္ ဟုရဲမႉးက ေျပာသည္။ ေနာက္ပိုင္းတြင္ လိုအပ္ပါက ေသနတ္ ကိုင္ေဆာင္သည္အထိ ျဖစ္လာႏိုင္သည္ဟုလည္း ဆက္လက္ေျပာ ဆိုခဲ့သည္။ ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္ တြင္ ရန္ကုန္တိုင္း နယ္နိမိတ္အတြင္း ဆိုင္ကယ္မွ လူကိုတိုက္မိမႈ ၈၈ မႈ ျဖစ္ပြားခဲ့ၿပီး ဆိုင္ကယ္ တိမ္းေမွာက္မႈ ၄၅ မႈ၊ ဆိုင္ကယ္ႏွင့္ယာဥ္ တိုက္မႈ ၄၂ မႈ၊ ဆိုင္ကယ္မွ စက္ဘီးကိုတိုက္မႈ ၃၄ မႈ၊ ဆိုင္ကယ္မွအရာ၀တၳဳကိုတိုက္ မိမႈ ၁၇ မႈ၊ ဆိုင္ကယ္ေပၚမွ လူျပဳတ္က်မႈ ၁၃ မႈ၊ ဆိုင္ကယ္မွ ဆိုက္ကားကို တိုက္မိမႈ ၉ မႈရွိခဲ့ေၾကာင္း သိရသည္။ ရန္ကုန္တိုင္း ေဒသႀကီး ၃၁ ၿမိဳ႔နယ္တြင္ ဆိုင္ကယ္အပိုပစၥည္း မေရာင္းခ်ရန္ ဆိုင္မ်ားကို ေမတၱာရပ္ခံ ထားသည္ဟု ဆိုသည္။

Ref: Auto World

 

၁၉၆၄ ခုႏွစ္ ေမာ္ေတာ္ယာဥ္ဥပေဒ ျပန္လည္ ျပင္ဆင္မည္


ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း လိုက္နာမႈမရွိသူမ်ားအား ၁၉၆၄ ခုႏွစ္ ေမာ္ေတာ္ယာဥ္ဥပေဒႏွင့္ အေရး ယူႏိုင္ေသာ္လည္း အဆိုပါ ျပ႒ာန္းအတည္ျပဳထားသည့္ ဥပေဒတြင္ မပါ၀င္ေသးသည့္ အေၾကာင္းအရာ ျပစ္ဒဏ္မ်ားတြင္ ေငြဒဏ္ႏွင့္ ေထာင္ဒဏ္ ခ်မွတ္ရာတြင္ ဥပေဒအရ က်ပ္ ၁၅၀၀ သာ ေပးေဆာင္ေနရျခင္း မ်ားေတြ႕ရွိေနရေသာေၾကာင့္ ဥပေဒကို ျပင္ဆင္ရန္ စီစဥ္ရျခင္းျဖစ္ေၾကာင္း မႏၱေလးတိုင္း ကုန္းလမ္းပုိ႔ ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။ မႏၱေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ေဖာက္ဖ်က္သူမ်ားႏွင့္ ပတ္သက္ၿပီး ဖြဲ႕စည္းပုံအေျခခံ ပုဒ္မ ၁၈၈ ၊ ဇယား (၂) ပုဒ္မခြဲ ၆ (ခ) အရ ဥပေဒျပ႒ာန္းႏုိင္ေရး အၾကံျပဳတင္ျပရန္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန တိုင္းဦးစီးမွဴးထံ ညႊန္ၾကားစာကုိ ဒီဇင္ဘာ ၁၀ ရက္ က ပို႔ထားေၾကာင္း တိုင္းေဒသႀကီး အစိုးရဖြဲ႕ထံမွ သိရသည္။

Ref: Car Info(Facebook)

 

CIF တန္ဖိုးျမင့္ကားမ်ား တင္သြင္းပါက စလစ္ကပ္ၿပီး တင္သြင္းသင့္


CIF တန္ဖိုးျမင့္ကားမ်ား တင္သြင္းပါက တစ္ဦးခ်င္းပါမစ္ထက္ စလစ္ကပ္ၿပီး တင္သြင္းသင့္ေၾကာင္း ေမာ္ေတာ္ယာဥ္တင္သြင္းသူမ်ားက အႀကံျပဳခဲ့သည္။ CIF တန္ဖိုးအသစ္၌ ယာဥ္အို၊ ယာဥ္ေဟာင္း ပါမစ္ျဖင့္ တင္သြင္းရသည့္ ၂၀၀၈ မိုဒယ္ႏွင့္ တစ္ဦးခ်င္းပါမစ္ျဖင့္ တင္သြင္း ရသည့္ ၂၀၀၉ မိုဒယ္ၾကားတြင္ Mark X ႏွင့္ Land Cruiser အပါအ၀င္ Grade ကြာျခားမႈမရွိေသာ ကားအခ်ဳိ႕ကို တင္သြင္းပါက အခြန္သက္သာေၾကာင္း ကားတင္သြင္းသူမ်ားက သံုးသပ္ခဲ့သည္။ CIF တန္ဖိုးအသစ္မွာ ၂၀၀၈ မိုဒယ္ကားေတြကို တန္ဖိုး ေလွ်ာ့တိုင္းလည္း သြင္းလို႔ မကိုက္ပါဘူး၊ စလစ္တန္ဖိုးက သိန္း ကိုးဆယ္ေလာက္ရွိတဲ့အတြက္ ျပန္ၿပီးခ်ိန္ရတဲ့ အေနအထားမွာ ရွိပါတယ္၊ Land Cruiser လိုကားမ်ဳိးကေတာ့ ၂၀၀၈ မိုဒယ္သြင္းရင္ ကိုက္ပါတယ္၊ Land Cruiser ကို ကားေဟာင္းစလစ္နဲ႔ သြင္းရင္ကညနခြန္ ၆၀ ရာခိုင္ႏႈန္း သက္သာတဲ့အတြက္ စလစ္ ထက္ပိုၿပီး တန္ဖိုးရွိပါတယ္၊ ဥပမာ ေဒၚလာငါးေသာင္းကို အခြန္ ၆၀ ရာခိုင္ႏႈန္း သက္သာမယ္ဆိုရင္ သိန္းသံုးရာေလာက္ နည္းသြားမွာ ျဖစ္ပါတယ္၊ စလစ္တန္ဖိုးက သိန္းတစ္ရာေလာက္ပဲ ရွိတဲ့အတြက္ သိန္းႏွစ္ရာေလာက္ သက္သာသြားမွာ ျဖစ္ပါတယ္ဟု ‘Distinct Trading’ မွ မန္ေနဂ်င္းဒါ႐ုိက္တာ ကိုေဇယ်ာၾကည္က သံုးသပ္ေျပာၾကားခဲ့သည္။

Ref: Automobile

 

ယာဥ္လုပ္သားမ်ား ေတာင္းဆိုမႈေၾကာင့္ စည္ပင္နယ္နိမိတ္အတြင္း ဟိုင္းလပ္ယာဥ္ ေျပးဆြဲခြင့္ အခ်ိန္ တစ္လ ထပ္မံတိုးျမႇင့္


ဟိုင္းလပ္ ယာဥ္လုပ္သားမ်ား ေတာင္းဆိုမႈေၾကာင့္ ရန္ကုန္ စည္ပင္သာယာေရး နယ္နိမိတ္အတြင္း ဟိုင္းလပ္ယာဥ္ေျပးဆြဲခြင့္ကို အခ်ိန္ တစ္လထပ္မံတိုးျမႇင့္ေပးလိုက္ေၾကာင္း ရန္ကုန္တုိင္း ေမာ္ေတာ္ယာဥ္လုပ္ငန္းေပါင္းစံု ထိန္းသိမ္းေရးႀကီးၾကပ္မႈ ေကာ္မတီ မွသတင္းရရွိသည္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးနယ္နိမိတ္အတြင္း ဟိုင္းလပ္ယာဥ္ ေျပးဆြဲခြင့္မ်ားကို ယခုလဆန္းပိုင္းအထိသာ ခြင့္ျပဳမည္ဟု ထုတ္ျပန္ေၾကညာထားေသာ္လည္း ဟိုင္းလပ္ယာဥ္လုပ္သားမ်ားမွ တုိင္းေဒသႀကီး အစိုးရထံသို႔ အခ်ိန္တိုးျမႇင့္ေပးရန္ ေတာင္းဆိုမႈမ်ား ျပဳလုပ္သည့္အတြက္ လာမည့္ ေဖေဖာ္၀ါရီ ၁၀ ရက္အထိ အခ်ိန္တစ္လ ထပ္မံ တိုးျမႇင့္ေပးထားေၾကာင္း သိရသည္။ ဒီလို အခ်ိန္တစ္လ တိုးျမႇင့္ေပးထားတဲ့အတြက္ မီနီဘတ္စ္ တင္သြင္းဖို႔ အခ်ိန္လည္းရမယ္၊ ကုန္တင္တဲ့ ‘က’လိုင္စင္နဲ႔ ဆြဲေနတယ္ဆိုရင္လည္း ခရီးသည္တင္ယာဥ္လိုင္စင္ေျပာင္းဖို႔ အဆင္ေျပသြားႏိုင္ပါတယ္၊ ရန္ကုန္စည္ပင္ နယ္နိမိတ္ထဲကို ေျပးဆြဲလို႔မရေပမဲ့ အနီးစပ္ဆံုးေနရာေတြေတာ့ ေျပးဆြဲခြင့္ရေအာင္ ေတာင္းဆိုသြားမွာပါဟု ရန္ကုန္-ပဲခူးေျပးဆြဲေနသည့္ ယာဥ္ေမာင္း ဦးလွေထြးကေျပာသည္။ မထသေကာ္မတီအေနျဖင့္လည္း ယင္းသို႔ အခ်ိန္တစ္လ တိုးျမႇင့္ေပးစဥ္ကာလအတြင္း လက္ရွိ ေျပးဆြဲေနသည့္ ဟိုင္းလပ္ယာဥ္ လမ္းေၾကာင္းမ်ားတြင္ ေျပးဆြဲလ်က္ရွိသည့္ စီးတီးဘတ္စ္မ်ားကို ယာဥ္အစီးေရ တိုးျမႇင့္ေျပးဆြဲရန္ စီစဥ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ဟိုင္းလပ္ယာဥ္ေတြကို စာရင္းေကာက္ၾကည့္တဲ့အခါမွာ ေန႔စဥ္ ခရီးသည္စီးနင္းတဲ့ အေရအတြက္ကတစ္သိန္းေက်ာ္ေလာက္ ရွိတယ္လို႔ သိရတယ္၊ အဲဒါေၾကာင့္ ဟိုင္းလပ္ယာဥ္ေတြကို ေျပးဆြဲခြင့္ကန္႔သတ္ထားေပမဲ့ သူ႕ေနရာမွာ အစားထိုးေျပးဆြဲဖို႔ လမ္းေၾကာင္းတူယာဥ္ေတြကို တိုးဖို႔စီစဥ္ၿပီးပါၿပီဟု မထသေကာ္မတီဥကၠ႒ ဦးလွေအာင္က ေျပာသည္။ လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ ဟိုင္းလပ္ခရီးသည္တင္ ယာဥ္လိုင္းေပါင္း ၄၆ လိုင္းမွ ယာဥ္အစီးေရ ၈၅၀ ေျပးဆြဲလ်က္ရွိေၾကာင္း၊ အဆိုပါယာဥ္မ်ားကို ရန္ကုန္ စည္ပင္နယ္နိမိတ္အတြင္း ေျပးဆြဲခြင့္ကိုတားျမစ္ရန္ သတ္မွတ္ျခင္းမွာ ႏွစ္စဥ္ခရီးသည္တင္ယာဥ္ မေတာ္တဆျဖစ္ပြားရာ၌ အမ်ားစုမွာ ဟိုင္းလပ္ယာဥ္မ်ားေၾကာင့္ ျဖစ္ပြားသည္ကို ေတြ႕ရေသာေၾကာင့္ ဟိုင္းလပ္မ်ားေနရာတြင္ မီနီဘတ္စ္မ်ား အစားထိုးေျပးဆြဲရန္ သတ္မွတ္ခဲ့ၿပီး စည္ပင္နယ္နိမိတ္အတြင္း ေျပးဆြဲခြင့္တားျမစ္ခဲ့ေၾကာင္း သတင္းရရွိသည္။

Ref: Automobile

 

ျမန္မာမီနီဆလြန္းကို သိန္း ေျခာက္ဆယ္ေအာက္ တန္ဖိုးနည္းယာဥ္အျဖစ္ ျပည္တြင္းကုမၸဏီတစ္ခုႏွင့္ ပူးေပါင္း ထုတ္လုပ္မည္


ျမန္မာမီနီဆလြန္း ေမာ္ေတာ္ယာဥ္မ်ားကို က်ပ္သိန္း ေျခာက္ဆယ္ေအာက္ တန္ဖိုးနည္းယာဥ္အျဖစ္္ ျပည္တြင္း ကုမၸဏီတစ္ခုႏွင့္ ပူးေပါင္း ထုတ္လုပ္မည္ ျဖစ္ေၾကာင္း စက္မႈ၀န္ႀကီးဌာန ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရးမွ သိရသည္။
စက္မႈ၀န္ႀကီးဌာန အေနျဖင့္ ျမန္မာမီနီဆလြန္းမ်ားကို အဆင့္ျမႇင့္တင္ ထုတ္လုပ္ရန္ ျပည္တြင္း လုပ္ငန္းရွင္မ်ားကို ၂၀၁၂ ခုႏွစ္၊ ဒီဇင္ဘာလက တင္ဒါေခၚယူခဲ့ရာ ကုမၸဏီ ေလးခုမွ လာေရာက္ ေလွ်ာက္ထားခဲ့ၿပီး အဆိုပါ ကုမၸဏီ ေလးခုမွ ၀န္ႀကီးဌာနမွ သတ္မွတ္ ထားသည့္ စံႏႈန္းမ်ားႏွင့္အညီ ပူးေပါင္း အဆင့္ျမႇင့္တင္ ထုတ္လုပ္ႏိုင္မည့္ ကုမၸဏီတစ္ခုကို လာမည့္ ေဖေဖာ္၀ါရီလတြင္ ေရြးခ်ယ္မည္ ျဖစ္ၿပီး အဆင့္ျမႇင့္တင္ ထုတ္လုပ္ပါက က်ပ္ သိန္း ေျခာက္ဆယ္ေအာက္ တန္ဖိုးနည္း ယာဥ္မ်ားအျဖစ္ ျပန္လည္ထုတ္လုပ္မည္ ျဖစ္ေၾကာင္း သိရသည္။ လတ္တေလာမွာေတာ့ ျပည္တြင္းကုမၸဏီေလးခု လာေလွ်ာက္တယ္၊ ဒီထဲက တစ္ခုကိုပဲ ေရြးခ်ယ္မယ္၊ ေရြးခ်ယ္ခံရတဲ့ လုပ္ငန္းရွင္ကိုလည္း တရား၀င္ ေၾကညာသြားမွာပါ၊ နည္းပညာေတြေရာ ထုတ္လုပ္မႈပံုစံေတြကိုပါ ေျပာင္းၿပီး ထုတ္လုပ္မယ္၊ အမ်ားျပည္သူေတြ တန္ဖိုးသက္သာစြာ ၀ယ္ယူႏိုင္ဖို႔အတြက္ ေစ်းကိုေလွ်ာ့ၿပီး တန္ဖိုးနည္းယာဥ္အျဖစ္ ေရာင္းခ်ေပးမွာပါဟု အထက္ပါဌာနမွ တာ၀န္ရွိသူတစ္ဦးက ဆိုသည္။ စက္မႈ၀န္ႀကီးဌာန အေနျဖင့္ ျမန္မာမီနီဆလြန္းမ်ားကို အစိုးရ အရာထမ္းမ်ားအား ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္၊ စက္တင္ဘာ ၂၉ ရက္တြင္ အရစ္က်စနစ္ျဖင့္ ေရာင္းခ်ေပးခဲ့ရာ စက္႐ံုလက္က်န္ မီနီဆလြန္းမ်ား ကုန္သည္အထိ ျဖစ္ေပၚခဲ့သည္။
ယခင္က ျမန္မာမီနီဆလြန္း ထုတ္လုပ္ရာတြင္ တ႐ုတ္ႏိုင္ငံမွ ေမာ္ေတာ္ယာဥ္ အစိတ္အပိုင္းမ်ား မွာယူ၍ ျပည္တြင္း၌ တပ္ဆင္ ထုတ္လုပ္ကာ ေစ်းကြက္အတြင္း ျပန္လည္ေရာင္းခ်ျခင္း ျဖစ္ၿပီး ျမန္မာမီနီဆလြန္း အစီးေရ ၂,၁၂၂ စီး ထုတ္လုပ္ေရာင္းခ် ခဲ့ေၾကာင္း၊ အသစ္ ျပန္လည္ထုတ္လုပ္မည့္ ျမန္မာမီနီဆလြန္းယာဥ္မ်ားကို ယခုႏွစ္အတြင္း ထုတ္လုပ္ႏိုင္ရန္ စီစဥ္သြားမည္ ျဖစ္ေၾကာင္း ဆက္လက္သိရသည္။

Ref: Automobile

သီလဝါထုတ္ ဆူဇူကီး ေမာ္ေတာ္ယာဥ္မ်ား ျပည္ပသို႔ တင္ပို႔မည္


သီလဝါ စက္မႈဇုန္တြင္ ဆူဇူကီး ျမန္မာကုမၸဏီ၏ ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရး စက္႐ုံကို အၿပီးသတ္ တည္ေဆာက္ၿပီးလွ်င္ ေမာ္ေတာ္ယာဥ္မ်ားကို ျပည္ပသို႔ ထုတ္လုပ္ တင္ပို႔မည္ ျဖစ္ေၾကာင္း အဆိုပါ ကုမၸဏီမွ တာဝန္ရွိသူ ဦးရဲထြန္းဦးက ေျပာၾကားသည္။ ဆူဇူကီး ျမန္မာကုမၸဏီသည္ ၂၀၁၃ ႏွစ္လယ္ခန္႔မွ စတင္၍ စက္မႈဝန္ႀကီးဌာနထံမွ ေျမငွားရမ္းၿပီး ေတာင္ဒဂုံ စက္မႈဇုန္တြင္ အေမရိကန္ေဒၚလာ ခုနစ္သန္း ရင္းႏွီးျမႇဳပ္ႏွံ၍ စက္႐ုံ တည္ေဆာက္ကာ ေမာ္ေတာ္ယာဥ္မ်ား ထုတ္လုပ္ေနျခင္း ျဖစ္သည္။ ယခု တည္ေဆာက္မည့္ စက္႐ုံသစ္သည္ ယခင္စက္႐ုံထက္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ပိုမ်ားၿပီး အင္ဂ်င္ အစိတ္အပိုင္း တပ္ဆင္သည့္ လုပ္ငန္းမ်ားႏွင့္ အျခားလုပ္ငန္းသစ္မ်ား တိုးခ်ဲ႕ကာ ပိုမိုအဆင့္ျမင့္ ေအာင္ တည္ေဆာက္မည္ ျဖစ္ေၾကာင္း ဆူဇူကီး ျမန္မာကုမၸဏီထံမွ သိရွိရသည္။ အဆိုပါစက္႐ုံ တည္ေဆာက္ခြင့္ကို ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္က ခြင့္ျပဳထားၿပီး ျဖစ္ေသာ္လည္း စက္မႈဇုန္ အေျခအေနေၾကာင့္သာ စက္႐ုံ တည္ေဆာက္မႈ ေႏွာင့္ေႏွးေနျခင္း ျဖစ္ေၾကာင္း အဆိုပါ ေကာ္မရွင္မွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။ ဆူဇူကီး ျမန္မာကုမၸဏီသည္ ၁၉၉၉ ခုႏွစ္မွ စတင္၍ ယခင္ စက္မႈဝန္ႀကီးဌာနႏွင့္ အက်ဳိးတူ ပူးေပါင္း၍ ေမာ္ေတာ္ယာဥ္ ထုတ္လုပ္မႈ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္တြင္ စာခ်ဳပ္ သက္တမ္းျပည့္ခဲ့သည့္အတြက္ ထုတ္လုပ္မႈကို ရပ္နားခဲ့ကာ ၂၀၁၃ ခုႏွစ္ ဇန္နဝါရီတြင္ ျပန္လည္ ထုတ္လုပ္ခြင့္ ရရွိခဲ့သည္။

Ref: (The Voice Weekly)

 

တစ္ႏွစ္ အၾကာ ဆိပ္ကမ္းမွ မထုတ္ရေသးေသာ ကား (၄၀၀)႐ွိ


ရန္ကုန္ဆိပ္ကမ္းမ်ားတြင္ (၁)ႏွစ္ၾကာျမင့္သည္အထိ မထုတ္ရေသးေသာ ကားအစီးေရ (၄၀၀)ေက်ာ္ ႏွင့္ ရက္ (၆၀)အထိ မထုတ္ရ ေသးေသာ ကားအစီးေရမွာ (၂၀၀၀)ေက်ာ္ ႐ွိေနေၾကာင္း ဆိပ္ကမ္းအာဏာပိုင္ အဖြဲ႕မွ သိ႐ွိရသည္။
တစ္ႏွစ္ေက်ာ္သည္အထိ မထုတ္ရေသးေသာ ကားမ်ားကို ႏိုင္ငံပိုင္ အျဖစ္ သိမ္းဆည္းမည္ျဖစ္ၿပီး၊ ရက္(၆၀)ေက်ာ္သည္အထိ မထုတ္ရေသးေသာ ကားမ်ားအား ေလလံတင္ ေရာင္းခ်မည္ျဖစ္ေၾကာင္း သိရွိရသည္။


DD အကၡရာ တကၠစီကားမ်ား တစ္ရက္လွ်င္ ပ်မ္းမွ် အစီးေရ ရွစ္ဆယ္၀န္းက်င္ ကနဦးမွတ္ပံုတင္ လာေရာက္ျပဳလုပ္


ယခုရက္ပိုင္းအတြင္း DD အကၡရာ တကၠစီကားမ်ား တစ္ရက္လွ်င္ ပ်မ္းမွ် အစီးေရ ရွစ္ဆယ္၀န္းက်င္ ကနဦးမွတ္ပံုတင္ လာေရာက္ ျပဳလုပ္ေၾကာင္း ‘ရြာသာႀကီး ကညန႐ံုးမွ သိရသည္။ ႏို၀င္ဘာ ၂၈ ရက္က CC အကၡရာမ်ား နံပါတ္ထုတ္ေပးမႈ ကုန္ဆံုးသြားၿပီးေနာက္ DD အကၡရာမ်ားကို ဆက္လက္ထုတ္ေပးခဲ့ရာ ဇန္န၀ါရီ ၈ ရက္အထိ ေရာက္ရွိနံပါတ္ DD/4037 အထိ ေရာက္ရွိသြားၿပီ ျဖစ္သည္။ အငွားယာဥ္မ်ား ကနဦးမွတ္ပံုတင္ ျပဳလုပ္ေပးျခင္း ႏွင့္ပတ္သက္၍ ရြာသာႀကီး ကညန႐ံုးမွ တာ၀န္ရွိသူတစ္ဦးက ဒီရက္ပိုင္းအတြင္းမွာ တစ္ရက္ကို DD အကၡရာ အငွားယာဥ္ အစီး ရွစ္ဆယ္၀န္းက်င္ ကနဦးမွတ္ပံုတင္ လာေရာက္ ျပဳလုပ္ၾကပါတယ္၊ ၿပီးခဲ့တဲ့ ဒီဇင္ဘာလထဲမွာေတာ့ တစ္ရက္နဲ႔တစ္ရက္ မွတ္ပံုတင္ လာေရာက္ ျပဳလုပ္တဲ့ အေရအတြက္က မတူညီပါဘူး၊ တခ်ဳိ႕ရက္ေတြမွာ အစီးေရ ေလးဆယ္ ၀န္းက်င္ပဲ လာေရာက္ၿပီး တခ်ဳိ႕ရက္ေတြမွာေတာ့ အစီးေရ ကိုးဆယ္ေက်ာ္အထိ မွတ္ပံုတင္လာေရာက္ ျပဳလုပ္ၾကပါတယ္၊ ေလးလံုးပူး နံပါတ္ေတြ ထုတ္ေပးမႈကေတာ့ အရင္အတိုင္း ကုမၸဏီေတြကို ခ်န္လွပ္ၿပီး တစ္ဦးခ်င္းတင္သြင္းသူေတြကိုပဲ မဲႏိႈက္ ေရြးခ်ယ္ေပးသြားမွာ ျဖစ္ပါတယ္ဟု ေျပာၾကားခဲ့သည္။ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ဇန္န၀ါရီ ၈ ရက္တြင္ 4G အကၡရာမ်ားကို စတင္ထုတ္ေပးခဲ့ရာ ရြာသာႀကီး ကညန႐ံုး၌ ကုန္တင္ယာဥ္ႏွင့္ ဘတ္စ္မ်ားကို 4G/1201 မွ စၿပီး ကနဦးမွတ္ပံုတင္ ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

Ref: Automobile



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။


သတင်းထူးများမှာတော့ :


news_this_week


  • တိုက်ခန်းဝယ်လျှင် လမ်ဘော်ဂနီ ကားသစ်တစ်စီး လက်ဆောင်ပေးရန် ဒူဘိုင်းကုမ္ပဏီတစ်ခု စီစဉ်




  • အသစ် ထပ်မံတင်သွင်းမည့် ခရီးသည်တင်ယာဉ်များ ၂ဝဝ၉ မိုဒယ်နှင့် အထက်သာ တင်သွင်းရမည်ဟု တိုင်းဒေသကြီးအစိုးရ ညွှန်ကြား




  • 4G/9999 ကို ကျပ်သိန်း(၄ဝ)ဖြင့်ကြိုတင်ဝယ်ယူထား




  • ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပြန်လည် ပြင်ဆင်မည်




  • ယာဉ်ထိန်းရဲများ နံပါတ်တုတ် ကိုင်ဆောင်တော့မည်




  • CIF တန်ဖိုးမြင့်ကားများ တင်သွင်းပါက စလစ်ကပ်ပြီး တင်သွင်းသင့်




  • ယာဉ်လုပ်သားများ တောင်းဆိုမှုကြောင့် စည်ပင်နယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ် ပြေးဆွဲခွင့် အချိန် တစ်လ ထပ်မံတိုးမြှင့်




  • မြန်မာမီနီဆလွန်းကို သိန်း ခြောက်ဆယ်အောက် တန်ဖိုးနည်းယာဉ်အဖြစ် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်မည်




  • သီလဝါထုတ် ဆူဇူကီး မော်တော်ယာဉ်များ ပြည်ပသို့ တင်ပို့မည်




  • တစ်နှစ် အကြာ ဆိပ်ကမ်းမှ မထုတ်ရသေးသော ကား (၄ဝဝ)ရှိ




  • DD အက္ခရာ တက္ကစီကားများ တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်




 

တိုက်ခန်းဝယ်လျှင် လမ်ဘော်ဂနီ ကားသစ်တစ်စီး လက်ဆောင်ပေးရန် ဒူဘိုင်းကုမ္ပဏီတစ်ခု စီစဉ်


ရေနံပေါကြွယ်ဝလှသည့် အာရပ်စော်ဘွားပြည်ထောင်စု(ယူအေအီး)မှ အိမ်၊ ခြံ၊ မြေ ကုမ္ပဏီတစ်ခုသည် ၎င်းင်းတို့ ဆောက်လုပ်ထားသော အဆင့်မြင့် ဇိမ်ခံမိုးမျှော်တိုက်ခန်း တစ်ခန်း ဝယ်ယူသူတိုင်းကို ဒေါ်လာ သိန်းကျော်တန် တန်ဖိုးကြီး လမ်ဘော်ဂနီပြိုင်ကားတစ်စီး လက်ဆောင်ပေးရန် စီစဉ်ထားကြောင်း ‘ယူအေအီး သတင်းဌာနများ’ က ဇန်နဝါရီ ၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ယူအေအီးနိုင်ငံတွင်သာမက အရှေ့အလယ်ပိုင်း ဒေသတွင်ပါ အကြီးဆုံး ဇိမ်ခံအိမ်ရာများ ဆောက်လုပ်သည့် Damac Maison ကုမ္ပဏီသည် Dubai Mall Street လမ်းမပေါ် ဆောက်လုပ်ထားသော ဇိမ်ခံတိုက်ခန်းတစ်ခန်း ဝယ်ယူသူတိုင်းကို အခန်းတန် ဖိုးအလိုက် တန်ဖိုးကြီးကားများ လက်ဆောင်ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။
Damac Maison ကုမ္ပဏီ သည် ဇန်နဝါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ကျင်းပပြုလုပ်နေသည့် ဒူဘိုင်း စျေးရောင်းပွဲတော် ကာလအတွင်း တန်ဖိုးအကြီးဆုံး တိုက်ခန်းတစ်ခန်း ဝယ်ယူသူကို ဒေါ်လာ လေးသိန်းအထိတန်သော ၂ဝ၁၄ မိုဒယ် Lamborghini Aventador ပြိုင်ကားတစ်စီး မေတ္တာ လက်ဆောင်ပေးမည်ဟု ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောခဲ့သည်။ အခြားအခန်းများ ဝယ်ယူသူများအတွက်လည်း တိုက်ခန်းတန်ဖိုးအပေါ် မူတည်ကာ BMW ၊ သို့မဟုတ် Mini ကားသစ်များ လက်ဆောင်ပေးမည်ဟု မက်လုံးပေးထားသည်။ တန်ဖိုးကြီးကားများ လက်ဆောင်ပေးမည်ဟု ကမ်းလှမ်းခြင်းမှာ Damac Maison အတွက် ပထမဦးဆုံးအကြိမ် မဟုတ်ဘဲ ယမန်နှစ်ကလည်း တိုက်ခန်း ဝယ်ယူသူများကိုAudi R8s ၊ A8 ၊ A6s ၊ A4 စသည့် ဇိမ်ခံကားများကို ပေးခဲ့ဖူးသည်။ Damac Maison ကုမ္ပဏီမှ အကြီးတန်း ဒုတိယဥက္ကဌ မစ္စတာ နီရယ်မက် လောက်လင်းက “ဒူဘိုင်း စျေးရောင်းပွဲတော် ကာလအတွင်း Damac အိမ်၊ ခြံ၊ မြေ လုပ်ငန်းစုကပေးမယ့် လက်ဆောင်တွေဟာ အမြဲတမ်း မြင့်မားနေပါလိမ့်မယ်၊ ဒီနှစ် စျေးရောင်းပွဲတော်မှာလည်း ကုမ္ပဏီအတွက် အကောင်းဆုံးရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်ဟု ပြောကြားခဲ့သည်။

Ref: Automibile

 

အသစ် ထပ်မံတင်သွင်းမည့် ခရီးသည်တင်ယာဉ်များ ၂ဝဝ၉ မိုဒယ်နှင့် အထက်သာ တင်သွင်းရမည်ဟု တိုင်းဒေသကြီးအစိုးရ ညွှန်ကြား


ရန်ကုန်မြို့တော်အတွင်း ခရီးသည် တင်ယာဉ်များအဖြစ် ပြေးဆွဲရန် စီး တီးဘတ်စ်များ အသစ် ထပ်မံတင် သွင်းရာ၌ ၂ဝဝ၉ မိုဒယ်နှင့်အထက် ယာဉ်များသာ တင်သွင်းရမည်ဟု တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြား မှုပြုလုပ်ထားကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ’မှ သတင်းရရှိသည်။
လက်ရှိ ပြည်တွင်း၌ ၂ဝဝ၄ မိုဒယ်အမျိုးအစား ခရီးသည်တင် ယာဉ်အများစုသာ အသုံးပြုလျက်ရှိပြီး ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်များကို အဆင့်မြှင့်တင်လိုသောကြောင့် ယင်းကဲ့သို့ သတ်မှတ်ချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ခရီးသည်တင်ယာဉ်တွေကို အရင်က ကြိုက်တဲ့မိုဒယ် သွင်းခွင့် ရှိတယ်ဆိုပြီး ခွင့်ပြုထားပေမဲ့ ဒီနှစ်ကစပြီး အသစ်သွင်းမယ့် ခရီးသည်တင်ယာဉ်တွေကို ၂ဝဝ၉ မိုဒယ် အနိမ့်ဆုံးထားပြီး တင်သွင်းရမယ်လို့ ညွှန်ကြားထားတယ်၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ကတော့ လတ်တလော မှာထားတဲ့ယာဉ်တွေကို ဆက်သွင်းခွင့်ပြုမယ်၊ အသစ်သွင်းမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ မိုဒယ်ပဲ တင်သွင်းခွင့် ပြုတော့မှာပါဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်မှ စတင်၍ ပြည်တွင်း၌ ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်သည့်စနစ်ကို ပြောင်းလဲခဲ့ပြီး ခရီးသည်တင်ယာဉ် စစ်ကျန်ဘတ်စ်များ နေရာတွင် ပြည်ပခရီးသည်တင်ယာဉ် စီးတီးဘတ်စ်များ အစားထိုး တင်သွင်းပြေးဆွဲခဲ့ကြကာ ယာဉ်ပိုင်ရှင်များအား စိတ်ကြိုက်မိုဒယ်များဖြင့် တင်သွင်းပြေးဆွဲခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။

Ref: Automobile

4G/9999 ကို ကျပ်သိန်း(၄ဝ)ဖြင့်ကြိုတင်ဝယ်ယူထား


နိုင်ငံတော်ဘဏ္ဍာကို တိုးတတ်စေရန်အတွက် မော်တော်ယာဉ်ရောက်ရှိနံပါတ်များတွင် နံပါတ်လှနှင့် နံပါတ်ပူးများကို ပိုင်ရှင်စိတ်ကြိုက်ဝယ်ယူမှုများကို ခွင့်ပြုလျှက်ရှိရာ ယခုအခါတွင် (4G/9999) ယာဉ် နံပါတ်ကို ကျပ်ငွေသိန်း (၄ဝ) နှင့် (4G/8888) ကိုလည်း (၃၈) သိန်းဖြင့်ကြိုတင်ဝယ်ယူမှုရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးဦးစီးဌာန မှ သိရှိရသည်။ ဤကဲ့သို့ (4G/9999) နံပါတ်ကိုဝယ်ယူစဉ်တွင် မော်တော်ယာဉ်များ၏ ရောက်ရှိနံပါတ်မှာ (3G) နံပါတ်စဉ် တွင်သာရှိသေးပြီး ကြိုတင်ဝယ်ယူခြင်းဖြစ်ကြောင်းသိရှိရသည်။အဆိုပါ ကြိုတင်ဝယ်ယူခြင်း နှင့်ပတ်သတ်၍ ယာဉ်ပိုင်ရှင်များ အနေဖြင့် ရောက်ရှိနံပါတ်စဉ်အက္ခရာထက် (၂) ခုကို ကြိုတင်ယူမှုပြုနိုင်ကြောင်း က.ည.န (မြင်သာ) မှတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ ယခင်ကလည်း (1G/4444) ကိုလည်း ကျပ်သိန်း (၃ဝ) ဖြင့်အများဆုံးပေး ဝယ်ယူခဲ့ကြောင်းလည်း သိရှိရပါသည်။ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေး ညွှန်ကြားရေးဦးစီးဌာနသည် ကနဦးမူသေနံပါတ်များကို ထုတ်ပေးလျှက်ရှိပြီး မိမိနှစ်သက်သည့် နံပါတ်ကိုဝယ်ယူလာပါကလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

 

 

ယာဉ်ထိန်းရဲများ နံပါတ်တုတ် ကိုင်ဆောင်တော့မည်


ယာဉ်ထိန်းရဲများ တာဝန် ထမ်း ဆောင်နေစဉ် ရန်ပြုခြင်း၊ ဆဲဆို ခြင်း များ ရှိလာသောကြောင့် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့်နံပါတ်တုတ် များ ကိုင်ဆောင်မည်ဟုရန်ကုန်တိုင်း အမှတ်(၂) ရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ရဲမှူးကြီး လင်းထွဋ်က ပြောကြားခဲ့သည်။ မီးနီကို ဖြတ်မမောင်းနဲ့ ဆိုရင် ဖြတ်မောင်းတယ်။ဖြတ်မောင်းလို့ ချလန်ဖြတ်တော့ ယာဉ်ထိန်းရဲကို ပြန်ဆဲတယ်။ တချို့ဆို ကတ်ကြေးနဲ့ ထိုးတာ၊တုတ်နဲ့ ရိုက်တာတွေရှိတယ်။ ဒါ ဟာ ရှက်စရာ ကောင်းပါတယ်။ဒါကြောင့် အခုဆိုရင် ယာဉ်ထိန်းရဲတွေ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့နံပါတ် တုတ်တွေဆောင်ထားမှာဖြစ်ပါတယ်။ ဒါဟာ လမ်းအသုံးပြုသူ နဲ့ ပြည်သူကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ကာကွယ် ဖို့ ဖြစ်တယ် ဟုရဲမှူးက ပြောသည်။ နောက်ပိုင်းတွင် လိုအပ်ပါက သေနတ် ကိုင်ဆောင်သည်အထိ ဖြစ်လာနိုင်သည်ဟုလည်း ဆက်လက်ပြော ဆိုခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် တွင် ရန်ကုန်တိုင်း နယ်နိမိတ်အတွင်း ဆိုင်ကယ်မှ လူကိုတိုက်မိမှု ၈၈ မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် တိမ်းမှောက်မှု ၄၅ မှု၊ ဆိုင်ကယ်နှင့်ယာဉ် တိုက်မှု ၄၂ မှု၊ ဆိုင်ကယ်မှ စက်ဘီးကိုတိုက်မှု ၃၄ မှု၊ ဆိုင်ကယ်မှအရာဝတ္ထုကိုတိုက် မိမှု ၁၇ မှု၊ ဆိုင်ကယ်ပေါ်မှ လူပြုတ်ကျမှု ၁၃ မှု၊ ဆိုင်ကယ်မှ ဆိုက်ကားကို တိုက်မိမှု ၉ မှုရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး ၃၁ မြို့နယ်တွင် ဆိုင်ကယ်အပိုပစ္စည်း မရောင်းချရန် ဆိုင်များကို မေတ္တာရပ်ခံ ထားသည်ဟု ဆိုသည်။

Ref: Auto World

 

၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပြန်လည် ပြင်ဆင်မည်


ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိသူများအား ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေနှင့် အရေး ယူနိုင်သော်လည်း အဆိုပါ ပြဌာန်းအတည်ပြုထားသည့် ဥပဒေတွင် မပါဝင်သေးသည့် အကြောင်းအရာ ပြစ်ဒဏ်များတွင် ငွေဒဏ်နှင့် ထောင်ဒဏ် ချမှတ်ရာတွင် ဥပဒေအရ ကျပ် ၁၅ဝဝ သာ ပေးဆောင်နေရခြင်း များတွေ့ရှိနေရသောကြောင့် ဥပဒေကို ပြင်ဆင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၁၈၈ ၊ ဇယား (၂) ပုဒ်မခွဲ ၆ (ခ) အရ ဥပဒေပြဌာန်းနိုင်ရေး အကြံပြုတင်ပြရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးထံ ညွှန်ကြားစာကို ဒီဇင်ဘာ ၁ဝ ရက် က ပို့ထားကြောင်း တိုင်းဒေသကြီး အစိုးရဖွဲ့ထံမှ သိရသည်။

Ref: Car Info(Facebook)

 

CIF တန်ဖိုးမြင့်ကားများ တင်သွင်းပါက စလစ်ကပ်ပြီး တင်သွင်းသင့်


CIF တန်ဖိုးမြင့်ကားများ တင်သွင်းပါက တစ်ဦးချင်းပါမစ်ထက် စလစ်ကပ်ပြီး တင်သွင်းသင့်ကြောင်း မော်တော်ယာဉ်တင်သွင်းသူများက အကြံပြုခဲ့သည်။ CIF တန်ဖိုးအသစ်၌ ယာဉ်အို၊ ယာဉ်ဟောင်း ပါမစ်ဖြင့် တင်သွင်းရသည့် ၂ဝဝ၈ မိုဒယ်နှင့် တစ်ဦးချင်းပါမစ်ဖြင့် တင်သွင်း ရသည့် ၂ဝဝ၉ မိုဒယ်ကြားတွင် Mark X နှင့် Land Cruiser အပါအဝင် Grade ကွာခြားမှုမရှိသော ကားအချို့ကို တင်သွင်းပါက အခွန်သက်သာကြောင်း ကားတင်သွင်းသူများက သုံးသပ်ခဲ့သည်။ CIF တန်ဖိုးအသစ်မှာ ၂ဝဝ၈ မိုဒယ်ကားတွေကို တန်ဖိုး လျှော့တိုင်းလည်း သွင်းလို့ မကိုက်ပါဘူး၊ စလစ်တန်ဖိုးက သိန်း ကိုးဆယ်လောက်ရှိတဲ့အတွက် ပြန်ပြီးချိန်ရတဲ့ အနေအထားမှာ ရှိပါတယ်၊ Land Cruiser လိုကားမျိုးကတော့ ၂ဝဝ၈ မိုဒယ်သွင်းရင် ကိုက်ပါတယ်၊ Land Cruiser ကို ကားဟောင်းစလစ်နဲ့ သွင်းရင်ကညနခွန် ၆ဝ ရာခိုင်နှုန်း သက်သာတဲ့အတွက် စလစ် ထက်ပိုပြီး တန်ဖိုးရှိပါတယ်၊ ဥပမာ ဒေါ်လာငါးသောင်းကို အခွန် ၆ဝ ရာခိုင်နှုန်း သက်သာမယ်ဆိုရင် သိန်းသုံးရာလောက် နည်းသွားမှာ ဖြစ်ပါတယ်၊ စလစ်တန်ဖိုးက သိန်းတစ်ရာလောက်ပဲ ရှိတဲ့အတွက် သိန်းနှစ်ရာလောက် သက်သာသွားမှာ ဖြစ်ပါတယ်ဟု ‘Distinct Trading’ မှ မန်နေဂျင်းဒါရိုက်တာ ကိုဇေယျာကြည်က သုံးသပ်ပြောကြားခဲ့သည်။

Ref: Automobile

 

ယာဉ်လုပ်သားများ တောင်းဆိုမှုကြောင့် စည်ပင်နယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ် ပြေးဆွဲခွင့် အချိန် တစ်လ ထပ်မံတိုးမြှင့်


ဟိုင်းလပ် ယာဉ်လုပ်သားများ တောင်းဆိုမှုကြောင့် ရန်ကုန် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ်ပြေးဆွဲခွင့်ကို အချိန် တစ်လထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ မှသတင်းရရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ် ပြေးဆွဲခွင့်များကို ယခုလဆန်းပိုင်းအထိသာ ခွင့်ပြုမည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း ဟိုင်းလပ်ယာဉ်လုပ်သားများမှ တိုင်းဒေသကြီး အစိုးရထံသို့ အချိန်တိုးမြှင့်ပေးရန် တောင်းဆိုမှုများ ပြုလုပ်သည့်အတွက် လာမည့် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အချိန်တစ်လ ထပ်မံ တိုးမြှင့်ပေးထားကြောင်း သိရသည်။ ဒီလို အချိန်တစ်လ တိုးမြှင့်ပေးထားတဲ့အတွက် မီနီဘတ်စ် တင်သွင်းဖို့ အချိန်လည်းရမယ်၊ ကုန်တင်တဲ့ ‘က’လိုင်စင်နဲ့ ဆွဲနေတယ်ဆိုရင်လည်း ခရီးသည်တင်ယာဉ်လိုင်စင်ပြောင်းဖို့ အဆင်ပြေသွားနိုင်ပါတယ်၊ ရန်ကုန်စည်ပင် နယ်နိမိတ်ထဲကို ပြေးဆွဲလို့မရပေမဲ့ အနီးစပ်ဆုံးနေရာတွေတော့ ပြေးဆွဲခွင့်ရအောင် တောင်းဆိုသွားမှာပါဟု ရန်ကုန်-ပဲခူးပြေးဆွဲနေသည့် ယာဉ်မောင်း ဦးလှထွေးကပြောသည်။ မထသကော်မတီအနေဖြင့်လည်း ယင်းသို့ အချိန်တစ်လ တိုးမြှင့်ပေးစဉ်ကာလအတွင်း လက်ရှိ ပြေးဆွဲနေသည့် ဟိုင်းလပ်ယာဉ် လမ်းကြောင်းများတွင် ပြေးဆွဲလျက်ရှိသည့် စီးတီးဘတ်စ်များကို ယာဉ်အစီးရေ တိုးမြှင့်ပြေးဆွဲရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။ဟိုင်းလပ်ယာဉ်တွေကို စာရင်းကောက်ကြည့်တဲ့အခါမှာ နေ့စဉ် ခရီးသည်စီးနင်းတဲ့ အရေအတွက်ကတစ်သိန်းကျော်လောက် ရှိတယ်လို့ သိရတယ်၊ အဲဒါကြောင့် ဟိုင်းလပ်ယာဉ်တွေကို ပြေးဆွဲခွင့်ကန့်သတ်ထားပေမဲ့ သူ့နေရာမှာ အစားထိုးပြေးဆွဲဖို့ လမ်းကြောင်းတူယာဉ်တွေကို တိုးဖို့စီစဉ်ပြီးပါပြီဟု မထသကော်မတီဥက္ကဌ ဦးလှအောင်က ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဟိုင်းလပ်ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၄၆ လိုင်းမှ ယာဉ်အစီးရေ ၈၅ဝ ပြေးဆွဲလျက်ရှိကြောင်း၊ အဆိုပါယာဉ်များကို ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ကိုတားမြစ်ရန် သတ်မှတ်ခြင်းမှာ နှစ်စဉ်ခရီးသည်တင်ယာဉ် မတော်တဆဖြစ်ပွားရာ၌ အများစုမှာ ဟိုင်းလပ်ယာဉ်များကြောင့် ဖြစ်ပွားသည်ကို တွေ့ရသောကြောင့် ဟိုင်းလပ်များနေရာတွင် မီနီဘတ်စ်များ အစားထိုးပြေးဆွဲရန် သတ်မှတ်ခဲ့ပြီး စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။

Ref: Automobile

 

မြန်မာမီနီဆလွန်းကို သိန်း ခြောက်ဆယ်အောက် တန်ဖိုးနည်းယာဉ်အဖြစ် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်မည်


မြန်မာမီနီဆလွန်း မော်တော်ယာဉ်များကို ကျပ်သိန်း ခြောက်ဆယ်အောက် တန်ဖိုးနည်းယာဉ်အဖြစ် ပြည်တွင်း ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မော်တော်ယာဉ် ထုတ်လုပ်ရေးမှ သိရသည်။
စက်မှုဝန်ကြီးဌာန အနေဖြင့် မြန်မာမီနီဆလွန်းများကို အဆင့်မြှင့်တင် ထုတ်လုပ်ရန် ပြည်တွင်း လုပ်ငန်းရှင်များကို ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလက တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ လေးခုမှ လာရောက် လျှောက်ထားခဲ့ပြီး အဆိုပါ ကုမ္ပဏီ လေးခုမှ ဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် စံနှုန်းများနှင့်အညီ ပူးပေါင်း အဆင့်မြှင့်တင် ထုတ်လုပ်နိုင်မည့် ကုမ္ပဏီတစ်ခုကို လာမည့် ဖေဖော်ဝါရီလတွင် ရွေးချယ်မည် ဖြစ်ပြီး အဆင့်မြှင့်တင် ထုတ်လုပ်ပါက ကျပ် သိန်း ခြောက်ဆယ်အောက် တန်ဖိုးနည်း ယာဉ်များအဖြစ် ပြန်လည်ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။ လတ်တလောမှာတော့ ပြည်တွင်းကုမ္ပဏီလေးခု လာလျှောက်တယ်၊ ဒီထဲက တစ်ခုကိုပဲ ရွေးချယ်မယ်၊ ရွေးချယ်ခံရတဲ့ လုပ်ငန်းရှင်ကိုလည်း တရားဝင် ကြေညာသွားမှာပါ၊ နည်းပညာတွေရော ထုတ်လုပ်မှုပုံစံတွေကိုပါ ပြောင်းပြီး ထုတ်လုပ်မယ်၊ အများပြည်သူတွေ တန်ဖိုးသက်သာစွာ ဝယ်ယူနိုင်ဖို့အတွက် စျေးကိုလျှော့ပြီး တန်ဖိုးနည်းယာဉ်အဖြစ် ရောင်းချပေးမှာပါဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ စက်မှုဝန်ကြီးဌာန အနေဖြင့် မြန်မာမီနီဆလွန်းများကို အစိုးရ အရာထမ်းများအား ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ရာ စက်ရုံလက်ကျန် မီနီဆလွန်းများ ကုန်သည်အထိ ဖြစ်ပေါ်ခဲ့သည်။
ယခင်က မြန်မာမီနီဆလွန်း ထုတ်လုပ်ရာတွင် တရုတ်နိုင်ငံမှ မော်တော်ယာဉ် အစိတ်အပိုင်းများ မှာယူ၍ ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်ကာ စျေးကွက်အတွင်း ပြန်လည်ရောင်းချခြင်း ဖြစ်ပြီး မြန်မာမီနီဆလွန်း အစီးရေ ၂,၁၂၂ စီး ထုတ်လုပ်ရောင်းချ ခဲ့ကြောင်း၊ အသစ် ပြန်လည်ထုတ်လုပ်မည့် မြန်မာမီနီဆလွန်းယာဉ်များကို ယခုနှစ်အတွင်း ထုတ်လုပ်နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဆက်လက်သိရသည်။

Ref: Automobile

သီလဝါထုတ် ဆူဇူကီး မော်တော်ယာဉ်များ ပြည်ပသို့ တင်ပို့မည်


သီလဝါ စက်မှုဇုန်တွင် ဆူဇူကီး မြန်မာကုမ္ပဏီ၏ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံကို အပြီးသတ် တည်ဆောက်ပြီးလျှင် မော်တော်ယာဉ်များကို ပြည်ပသို့ ထုတ်လုပ် တင်ပို့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးရဲထွန်းဦးက ပြောကြားသည်။ ဆူဇူကီး မြန်မာကုမ္ပဏီသည် ၂ဝ၁၃ နှစ်လယ်ခန့်မှ စတင်၍ စက်မှုဝန်ကြီးဌာနထံမှ မြေငှားရမ်းပြီး တောင်ဒဂုံ စက်မှုဇုန်တွင် အမေရိကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံ၍ စက်ရုံ တည်ဆောက်ကာ မော်တော်ယာဉ်များ ထုတ်လုပ်နေခြင်း ဖြစ်သည်။ ယခု တည်ဆောက်မည့် စက်ရုံသစ်သည် ယခင်စက်ရုံထက် ရင်းနှီးမြှုပ်နှံမှုပမာဏ ပိုများပြီး အင်ဂျင် အစိတ်အပိုင်း တပ်ဆင်သည့် လုပ်ငန်းများနှင့် အခြားလုပ်ငန်းသစ်များ တိုးချဲ့ကာ ပိုမိုအဆင့်မြင့် အောင် တည်ဆောက်မည် ဖြစ်ကြောင်း ဆူဇူကီး မြန်မာကုမ္ပဏီထံမှ သိရှိရသည်။ အဆိုပါစက်ရုံ တည်ဆောက်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားပြီး ဖြစ်သော်လည်း စက်မှုဇုန် အခြေအနေကြောင့်သာ စက်ရုံ တည်ဆောက်မှု နှောင့်နှေးနေခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဆူဇူကီး မြန်မာကုမ္ပဏီသည် ၁၉၉၉ ခုနှစ်မှ စတင်၍ ယခင် စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း၍ မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် စာချုပ် သက်တမ်းပြည့်ခဲ့သည့်အတွက် ထုတ်လုပ်မှုကို ရပ်နားခဲ့ကာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီတွင် ပြန်လည် ထုတ်လုပ်ခွင့် ရရှိခဲ့သည်။

Ref: (The Voice Weekly)

 

တစ်နှစ် အကြာ ဆိပ်ကမ်းမှ မထုတ်ရသေးသော ကား (၄ဝဝ)ရှိ


ရန်ကုန်ဆိပ်ကမ်းများတွင် (၁)နှစ်ကြာမြင့်သည်အထိ မထုတ်ရသေးသော ကားအစီးရေ (၄ဝဝ)ကျော် နှင့် ရက် (၆ဝ)အထိ မထုတ်ရ သေးသော ကားအစီးရေမှာ (၂ဝဝဝ)ကျော် ရှိနေကြောင်း ဆိပ်ကမ်းအာဏာပိုင် အဖွဲ့မှ သိရှိရသည်။
တစ်နှစ်ကျော်သည်အထိ မထုတ်ရသေးသော ကားများကို နိုင်ငံပိုင် အဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး၊ ရက်(၆ဝ)ကျော်သည်အထိ မထုတ်ရသေးသော ကားများအား လေလံတင် ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။


DD အက္ခရာ တက္ကစီကားများ တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်


ယခုရက်ပိုင်းအတွင်း DD အက္ခရာ တက္ကစီကားများ တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြောင်း ‘ရွာသာကြီး ကညနရုံးမှ သိရသည်။ နိုဝင်ဘာ ၂၈ ရက်က CC အက္ခရာများ နံပါတ်ထုတ်ပေးမှု ကုန်ဆုံးသွားပြီးနောက် DD အက္ခရာများကို ဆက်လက်ထုတ်ပေးခဲ့ရာ ဇန်နဝါရီ ၈ ရက်အထိ ရောက်ရှိနံပါတ် DD/4037 အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ အငှားယာဉ်များ ကနဦးမှတ်ပုံတင် ပြုလုပ်ပေးခြင်း နှင့်ပတ်သက်၍ ရွာသာကြီး ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီရက်ပိုင်းအတွင်းမှာ တစ်ရက်ကို DD အက္ခရာ အငှားယာဉ် အစီး ရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြပါတယ်၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာတော့ တစ်ရက်နဲ့တစ်ရက် မှတ်ပုံတင် လာရောက် ပြုလုပ်တဲ့ အရေအတွက်က မတူညီပါဘူး၊ တချို့ရက်တွေမှာ အစီးရေ လေးဆယ် ဝန်းကျင်ပဲ လာရောက်ပြီး တချို့ရက်တွေမှာတော့ အစီးရေ ကိုးဆယ်ကျော်အထိ မှတ်ပုံတင်လာရောက် ပြုလုပ်ကြပါတယ်၊ လေးလုံးပူး နံပါတ်တွေ ထုတ်ပေးမှုကတော့ အရင်အတိုင်း ကုမ္ပဏီတွေကို ချန်လှပ်ပြီး တစ်ဦးချင်းတင်သွင်းသူတွေကိုပဲ မဲနှိုက် ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဇန်နဝါရီ ၈ ရက်တွင် 4G အက္ခရာများကို စတင်ထုတ်ပေးခဲ့ရာ ရွာသာကြီး ကညနရုံး၌ ကုန်တင်ယာဉ်နှင့် ဘတ်စ်များကို 4G/1201 မှ စပြီး ကနဦးမှတ်ပုံတင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Ref: Automobile

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »