ယာဥ္အုိ၊ ယာဥ္ေဟာင္း လဲလွယ္ေရး မူ၀ါဒသစ္ကို ကားေလာကမွ စိတ္၀င္တစား ေစာင့္ၾကည့္

(၂၀၁၄) တြင္ သက္တမ္းအလုိက္ အပ္ႏွံမႈျဖင့္ ေဆာင္ရြက္မည္္ ဆိုေသာ ယာဥ္၊ အုိယာဥ္ေဟာင္း လဲလွယ္ေရး မူ၀ါဒမွာ တိက်စြာ ထြက္ရွိလာျခင္း မရွိသျဖင့္ ကားေလာက အတြင္းမွ စိတ္၀င္တစားျဖင့္ ေစာင့္ၾကည့္ ေနေၾကာင္း သိရသည္။

D-Car

ထုတ္လုပ္သည့္ ခုႏွစ္မွ ႏွစ္(၂၀) အတြင္းရွိ ယာဥ္ေဟာင္းမ်ား အပ္ႏွံႏိုင္ရၿပီး အကၡရာတန္း အလုိက္ျဖင့္သာ အပ္ႏွံမႈလက္ခံႏိုင္သည္ ဟူေသာ သတင္းမ်ားလည္း ထြက္လာကာ (၁က) အကၡရာျဖင့္ စတင္ႏိုင္ ေၾကာင္းလည္း သံုးသပ္ေနၾကသည္။ အကယ္၍ ႏွစ္ (၂၀) သက္တမ္းရွိ ယာဥ္ေဟာင္းမ်ား အပ္ႏွံမႈျဖင့္ လုပ္ပါက အကၡရာတန္း မ်ားအား အပုိင္းလုိက္ အပ္ခြင့္ေပးပါက အဆင္ေျပႏုိင္ေၾကာင္း ကားလုပ္ငန္းရွင္ တစ္ဦးကေျပာျပခဲ့သည္။ စဖြင့္ရင္ေတာင္ (၁က) နဲ႔ လာႏိုင္ေပမယ့္ ႏွစ္ (၂၀) သက္တမ္းရွိတဲ့ ယာဥ္အုိ၊ ယာဥ္ေဟာင္း လို႔ေျပာတဲ့အတြက္ (၉၃-၉၄) ခုႏွစ္ ေအာက္ကားေတြ ထည့္တြက္ရမွာပဲ။ (၁က) အကၡရာတစ္ခုတည္း မဟုတ္ဘဲ ဥပမာ (၁က) ကေန (၅က) ထိ အပုိင္းလိုက္ ေပးတာမ်ဳိးေပါ့။ ေနာက္ၿပီး ဒီလိုသက္တမ္း အလိုက္အပ္ႏွံခြင့္ ေပးမယ္လို႔တရား၀င္ ေၾကညာထားတဲ့ အတြက္ အကၡရာတန္းနဲ႔ မသြားႏိုင္ေလာက္ဘူး ထင္တယ္။ အဲ့လိုသာလုပ္ရင္ ဘာမွေၾကညာ ေနစရာမလုိဘူးေလ။ (အ) ၿပီး (၁က) ပဲ လက္ခံ႐ံုပဲေပါ့လုိ႔ ရွင္းျပသည္။ ဇန္န၀ါရီ (၂၅) ရက္ေန႔တြင္ (၁က) အကၡရာမွာ (၇၂၊ ၇၃) သိန္း ေစ်း ေပါက္ကာ (အ) အကၡရာမွာ သိန္း(၉၀) ရွိေနေၾကာင္း သိရသည္။ (၁က) အကၡရာကားအား ႀကိဳတင္ ၀ယ္ယူသူမ်ားလည္း ရွိေနကာ က်ိန္းေသေပါက္ ျဖစ္လာႏိုင္သည္ ဟုတြက္ဆ ေနသူမ်ားလည္း ရွိေနေၾကာင္း သိရသည္။ အစ္ကုိကေတာ့ (၁က) နဲ႔ စဖြင့္မယ္လို႔ ကုိထင္တယ္။ ဒါေပမယ့္ အပုိင္းလိုက္ ေပးရင္ေတာ့ ပုိေကာင္းတာေပါ့။ (၁က)ကေန ဘယ္အကၡရာ ထိေပါ့။ တစ္ခုၿပီးမွ တစ္ခုသြားတာထက္ အဲ့လိုအပုိင္းလိုက္ ေပးလိုက္ရင္ စီးရမယ့္သူေတြ၊ အေရာင္းအ၀ယ္ လုပ္တဲ့သူေတြ ပုိေကာင္းသြားမယ္ လို႔ကားေဟာင္း၊ ေရာင္း၀ယ္ျခင္း ႏွင့္စလစ္ အေရာင္းအ၀ယ္ လုပ္သူတစ္ဦးကလည္း ေျပာျပခဲ့သည္။
Ref: Auto World



Unicode Version

(၂ဝ၁၄) တွင် သက်တမ်းအလိုက် အပ်နှံမှုဖြင့် ဆောင်ရွက်မည် ဆိုသော ယာဉ်၊ အိုယာဉ်ဟောင်း လဲလှယ်ရေး မူဝါဒမှာ တိကျစွာ ထွက်ရှိလာခြင်း မရှိသဖြင့် ကားလောက အတွင်းမှ စိတ်ဝင်တစားဖြင့် စောင့်ကြည့် နေကြောင်း သိရသည်။

D-Car

ထုတ်လုပ်သည့် ခုနှစ်မှ နှစ်(၂ဝ) အတွင်းရှိ ယာဉ်ဟောင်းများ အပ်နှံနိုင်ရပြီး အက္ခရာတန်း အလိုက်ဖြင့်သာ အပ်နှံမှုလက်ခံနိုင်သည် ဟူသော သတင်းများလည်း ထွက်လာကာ (၁က) အက္ခရာဖြင့် စတင်နိုင် ကြောင်းလည်း သုံးသပ်နေကြသည်။ အကယ်၍ နှစ် (၂ဝ) သက်တမ်းရှိ ယာဉ်ဟောင်းများ အပ်နှံမှုဖြင့် လုပ်ပါက အက္ခရာတန်း များအား အပိုင်းလိုက် အပ်ခွင့်ပေးပါက အဆင်ပြေနိုင်ကြောင်း ကားလုပ်ငန်းရှင် တစ်ဦးကပြောပြခဲ့သည်။ စဖွင့်ရင်တောင် (၁က) နဲ့ လာနိုင်ပေမယ့် နှစ် (၂ဝ) သက်တမ်းရှိတဲ့ ယာဉ်အို၊ ယာဉ်ဟောင်း လို့ပြောတဲ့အတွက် (၉၃-၉၄) ခုနှစ် အောက်ကားတွေ ထည့်တွက်ရမှာပဲ။ (၁က) အက္ခရာတစ်ခုတည်း မဟုတ်ဘဲ ဥပမာ (၁က) ကနေ (၅က) ထိ အပိုင်းလိုက် ပေးတာမျိုးပေါ့။ နောက်ပြီး ဒီလိုသက်တမ်း အလိုက်အပ်နှံခွင့် ပေးမယ်လို့တရားဝင် ကြေညာထားတဲ့ အတွက် အက္ခရာတန်းနဲ့ မသွားနိုင်လောက်ဘူး ထင်တယ်။ အဲ့လိုသာလုပ်ရင် ဘာမှကြေညာ နေစရာမလိုဘူးလေ။ (အ) ပြီး (၁က) ပဲ လက်ခံရုံပဲပေါ့လို့ ရှင်းပြသည်။ ဇန်နဝါရီ (၂၅) ရက်နေ့တွင် (၁က) အက္ခရာမှာ (၇၂၊ ၇၃) သိန်း စျေး ပေါက်ကာ (အ) အက္ခရာမှာ သိန်း(၉ဝ) ရှိနေကြောင်း သိရသည်။ (၁က) အက္ခရာကားအား ကြိုတင် ဝယ်ယူသူများလည်း ရှိနေကာ ကျိန်းသေပေါက် ဖြစ်လာနိုင်သည် ဟုတွက်ဆ နေသူများလည်း ရှိနေကြောင်း သိရသည်။ အစ်ကိုကတော့ (၁က) နဲ့ စဖွင့်မယ်လို့ ကိုထင်တယ်။ ဒါပေမယ့် အပိုင်းလိုက် ပေးရင်တော့ ပိုကောင်းတာပေါ့။ (၁က)ကနေ ဘယ်အက္ခရာ ထိပေါ့။ တစ်ခုပြီးမှ တစ်ခုသွားတာထက် အဲ့လိုအပိုင်းလိုက် ပေးလိုက်ရင် စီးရမယ့်သူတွေ၊ အရောင်းအဝယ် လုပ်တဲ့သူတွေ ပိုကောင်းသွားမယ် လို့ကားဟောင်း၊ ရောင်းဝယ်ခြင်း နှင့်စလစ် အရောင်းအဝယ် လုပ်သူတစ်ဦးကလည်း ပြောပြခဲ့သည်။
Ref: Auto World

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »