၂၀၁၄ ခုႏွစ္အတြင္း ကားမွာယူမႈမ်ား သိသိသာသာေလ်ာ့က်သြား


၂၀၁၄ ခုႏွစ္အတြင္း ကားမွာယူမႈမ်ား သိသိသာသာ ေလ်ာ့က်သြားေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ ထုတ္ျပန္ေသာ စာရင္းမ်ားအရ သိရသည္။                     CIF


စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနအေနျဖင့္ လူစီးေမာ္ေတာ္ယာဥ္မ်ားကို ယာဥ္အမ်ဳိးအစားအလိုက္ ပါမစ္ထုတ္ ေပးခဲ့ရာတြင္ ၂၀၁၃ ခုႏွစ္၊ ဧၿပီလမွ ၂၀၁၄ ခုႏွစ္၊ ေဖေဖာ္၀ါရီလ အထိ ပါမစ္ထုတ္ေပးၿပီး အစီးေရ ၁၈,၅၁၄ စီးျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ ေမာ္ေတာ္ယာဥ္ပါမစ္မ်ား ထုတ္ေပးခဲ့ရာတြင္ စီးပြားေရးႏွင့္ ကူးသန္း ေရာင္း၀ယ္ေရးဌာန၏ စာရင္းမ်ားအရ ၂၀၁၃ ခုႏွစ္၊ ဧၿပီလတြင္ ၁,၈၃၉ စီး၊ ေမလတြင္ ၁,၈၁၂ စီး၊ ဇြန္လတြင္ ၁,၂၁၂ စီး၊ ဇြန္လုိင္လတြင္ ၁,၈၀၆ စီး၊ ၾသဂုတ္လတြင္ ၁ç၆၇၉ စီး၊ စက္တင္ဘာလတြင္ ၁,၆၅၀ စီး၊ ေအာက္တုိ ဘာလတြင္ ၁ç၈၉၀ စီး၊ ႏို၀င္ဘာလတြင္ ၁ç၇၇၃ စီး၊ ဒီဇင္ဘာ လတြင္ ၃,၃၆၅ စီး၊ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီလတြင္ ၆၄၄ စီး၊ ေဖေဖာ္၀ါရီလတြင္ ၈၄၄ စီးကို ေမာ္ေတာ္ယာဥ္ပါမစ္မ်ား အသီးသီး ထုတ္ေပးခဲ့ေၾကာင္း သိရသည္။ ေမာ္ေတာ္ယာဥ္ပါမစ္မ်ား ထုတ္ေပးျခင္းႏွင့္ပတ္သက္၍ စီးပြားေရးႏွင့္ ကူသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွာ တာ၀န္ရွိသူ တစ္ဦးက “ပါမစ္ထုတ္ေပးတဲ့ေနရာမွာ တစ္ဦးခ်င္းတင္သြင္းတဲ့ ကားေတြ ပါ၀င္ပါတယ္၊ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီလနဲ႔ ေဖေဖာ္၀ါ ရီလေတြကေတာ့ ပါမစ္လာေလွ်ာက္တဲ့ ေမာ္ေတာ္ယာဥ္အစီးေရ က အရင္လေတြထက္ ေတာ္ေတာ္ေလးနည္းသြားတယ္၊ ၂၀၁၃ ခုႏွစ္၊ ဒီဇင္ဘာ လကေတာင္ အစီးေရ ၃ç၃၀၀ ေက်ာ္ရွိပါေသး တယ္၊ လက္ရွိ ပါမစ္လာေလွ်ာက္တဲ့ ကားေတြထဲမွာေတာ့ Honda ၊ Toyota ၊ Nissan ကားေတြက အမ်ားဆံုး ျဖစ္ပါတယ္ ”ဟု ေျပာၾကားခဲ့ သည္။ သြင္းကုန္လုပ္ငန္းဌာနခြဲ၊ ေမာ္ေတာ္ယာဥ္ပါမစ္ ထုတ္ေပးေရး ဌာနဂိတ္အေနျဖင့္ ျပည္ပမွတင္သြင္းလာေသာ ယာဥ္မ်ားအား လူတစ္ဦးခ်င္းစီ အလုိက္ ေမာ္ေတာ္ယာဥ္ ပါမစ္မ်ား ထုတ္ေပးခဲ့ရာတြင္ Saloon ၊ Van ၊ Wagon ၊ Light Truck ၊ Box Truck ႏွင့္ Truck ကားမ်ား ပါ၀င္ေၾကာင္း သိရသည္။


 

Ref : Automobile



Unicode Version

၂ဝ၁၄ ခုနှစ်အတွင်း ကားမှာယူမှုများ သိသိသာသာ လျော့ကျသွားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။                     CIF


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လူစီးမော်တော်ယာဉ်များကို ယာဉ်အမျိုးအစားအလိုက် ပါမစ်ထုတ် ပေးခဲ့ရာတွင် ၂ဝ၁၃ ခုနှစ်၊ ဧပြီလမှ ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ ပါမစ်ထုတ်ပေးပြီး အစီးရေ ၁၈,၅၁၄ စီးဖြစ်ကြောင်း သိရသည်။ ထိုသို့ မော်တော်ယာဉ်ပါမစ်များ ထုတ်ပေးခဲ့ရာတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာန၏ စာရင်းများအရ ၂ဝ၁၃ ခုနှစ်၊ ဧပြီလတွင် ၁,၈၃၉ စီး၊ မေလတွင် ၁,၈၁၂ စီး၊ ဇွန်လတွင် ၁,၂၁၂ စီး၊ ဇွန်လိုင်လတွင် ၁,၈ဝ၆ စီး၊ သြဂုတ်လတွင် ၁ç၆၇၉ စီး၊ စက်တင်ဘာလတွင် ၁,၆၅ဝ စီး၊ အောက်တို ဘာလတွင် ၁ç၈၉ဝ စီး၊ နိုဝင်ဘာလတွင် ၁ç၇၇၃ စီး၊ ဒီဇင်ဘာ လတွင် ၃,၃၆၅ စီး၊ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၆၄၄ စီး၊ ဖေဖော်ဝါရီလတွင် ၈၄၄ စီးကို မော်တော်ယာဉ်ပါမစ်များ အသီးသီး ထုတ်ပေးခဲ့ကြောင်း သိရသည်။ မော်တော်ယာဉ်ပါမစ်များ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ တာဝန်ရှိသူ တစ်ဦးက “ပါမစ်ထုတ်ပေးတဲ့နေရာမှာ တစ်ဦးချင်းတင်သွင်းတဲ့ ကားတွေ ပါဝင်ပါတယ်၊ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါ ရီလတွေကတော့ ပါမစ်လာလျှောက်တဲ့ မော်တော်ယာဉ်အစီးရေ က အရင်လတွေထက် တော်တော်လေးနည်းသွားတယ်၊ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ လကတောင် အစီးရေ ၃ç၃ဝဝ ကျော်ရှိပါသေး တယ်၊ လက်ရှိ ပါမစ်လာလျှောက်တဲ့ ကားတွေထဲမှာတော့ Honda ၊ Toyota ၊ Nissan ကားတွေက အများဆုံး ဖြစ်ပါတယ် ”ဟု ပြောကြားခဲ့ သည်။ သွင်းကုန်လုပ်ငန်းဌာနခွဲ၊ မော်တော်ယာဉ်ပါမစ် ထုတ်ပေးရေး ဌာနဂိတ်အနေဖြင့် ပြည်ပမှတင်သွင်းလာသော ယာဉ်များအား လူတစ်ဦးချင်းစီ အလိုက် မော်တော်ယာဉ် ပါမစ်များ ထုတ်ပေးခဲ့ရာတွင် Saloon ၊ Van ၊ Wagon ၊ Light Truck ၊ Box Truck နှင့် Truck ကားများ ပါဝင်ကြောင်း သိရသည်။


 

Ref : Automobile

Latest News

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »