လိုင်စင်၊ ပါမစ် သက်တမ်းရက်ပေါင်း ခြောက်ဆယ်အတွင်း ကားများ မတင်သွင်းပါက သိမ်းဆည်းမည်






 




Unicode Version

စက်တင်ဘာ ၁ ရက်မှ စ၍ ကားများ တင်သွင်းရန်အတွက် ပါမစ်၊ လိုင်စင် လျှောက်ထားပြီး ရက်ပေါင်း ခြောက်ဆယ် အတွင်း မတင်သွင်းပါက သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရှိရသည်။

[caption id=attachment_387672 align=alignnone width=580]DEU, DEU, Deutschland, Bremerhaven.
Auto Umschlagplatz Bremerhaven. Mit ueber 2 Millionen Fahrzeugen im Import und Export ist Bremerhaven fuehrend in Europa.[/caption]

ပါမစ်၊ လိုင်စင် သက်တမ်းကျော်လွန်ခြင်းအတွက် ၁ ရက်မှ ၇ရက်အထိကို ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး ၈ရက် မှ ၃ဝ ရက်အထိကို 1/180 AV ၊ ၃၁ရက်မှ ၄၅ ရက်အထိ 1/90AV ၊ ၄၆ရက်မှ ၆ဝရက်အထိကို 1/48 AV ပြစ်ဒဏ်ကျခံရမည်ဖြစ်ပြီး ၆၁ရက်နှင့်အထက် ကျော်လွန်ပါက လျှောက်ထားခဲ့သည် ပါမစ် ၊ လိုင်စင်များကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပါမစ်၊ လိုင်စင်များကို သက်တမ်းသုံးလပေးထားပြီး သက်တမ်းကုန်လွန်ပါက ကုန်သွယ်ရေးဌာနတွင် သက်တမ်းတိုးခြင်း ပြုလုပ်နိုင်သည်။ ထိုသို့ သက်တမ်းတိုးခြင်း အတွက် ပထမအကြိမ်တွင် နှစ်လ၊ ဒုတိယတစ်ကြိမ်တွင် တစ်လ သက်တမ်းတိုးမြှင့် နိုင်သောကြောင့် ပါမစ်တစ်စောင်၏ သက်တမ်းသည် ခြောက်လအထိရှိပြီး ဒဏ်ကြေးဆောင်ပြီး ဆောင်ရွက်မည်ဆိုပါကလည်း နောက်ထပ်နှစ်လ ရရှိမည်ဖြစ်သောကြောင့် လိုင်စင်သက်တမ်းများမှာ ကုန်ဆုံးရန် ခဲယဉ်းကြောင်း မော်တော်ယာဉ်တင်သွင်း သူများက ဆိုသည်။

“ ပါမစ်တွေကို ကြိုလျှောက်ထားပြီး ပါမစ်ရောင်းစားတဲ့သူတွေ မရှိအောင်လို့ နှစ်လကျော်တာနဲ့ သိမ်းဆည်းမယ်လို့ ပြစ်ဒဏ်သတ်မှတ်ခဲ့တာ ဖြစ်နိုင်ပါတယ်၊ ပါမစ်ဖျက်သိမ်းခံရမယ်ဆိုရင် ကိုယ်ပိုင် အကောင်ဖွင့်ပြီး ဒေါ်လာငါးထောင် ပေးထားသူတွေအတွက် ဆုံးရှုံးမှုက ကိုးသောင်းခွဲလောက်ပဲရှိပေမယ့် ဘဏ်အကောင့် မဖွင့်ဘဲ တခြားနာမည်နဲ့ တင်သွင်းမယ်ဆိုရင်တော့ သုံးသိန်းခွဲလောက် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်” ဟု မော်တော်ယာဉ်တင်သွင်းသူ ကိုကျော်သီဟက ဆိုသည်။

 

Automobile Journal မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Latest News

Without ကားများကို RFID စနစ်​အသုံးပြု၍...

Latest news1 13 150x150

Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကို...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...

Read more »

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »