ရန်ကုန်မြို့တွင်းထက် မြို့ပြင်တွင် ယာဉ်မတော်တဆမှု ပိုမိုအဖြစ်များပြီး ညအချိန် ယာဉ်မတော်တဆဖြစ်မှု ၆၁ ရာခိုင်နှုန်း အထိရှိနေ

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာရေးနယ်နိမိတ် ဧရိယာအတွင်း မြို့တွင်းထက် မြို့ပြင် ဆင်ခြေဖုံး ရပ်ကွက်များ၌ ယာဉ်မတော်တဆမှုဖြစ်စဉ် ပိုမို အဖြစ်များပြားပြီး နေ့ပိုင်းထက် ညအချိန် ယာဉ်မတော် တဆဖြစ်ပွားမှုမှာ ၆၁ ရာခိုင်နှုန်း အထိ ရှိနေကြောင်း ‘အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သ တင်းရရှိသည်။Night Accident
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုများ၏ ၆၁ ရာခိုင်နှုန်းမှာ ညအချိန် ဖြစ်ပွားခဲ့သည့် ပြစ်မှုများဖြစ်ပြီး ၃၉ ရာခိုင် နှုန်းမှာ နေ့ အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်မတော်တဆမှုဖြစ်စဉ်များ၌ မြို့တွင်းတွင် ဖြစ်ပွားသည့် နှုန်းထက် မြို့ပြင်၌ ပိုမိုများပြားသည်ဟု တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။ “ယာဉ်မတော်တဆမှုတွေ ဖြစ်တဲ့နေရာမှာ ညအချိန် လူရှင်းတဲ့ အချိန်နဲ့ မြို့ပြင်တွေမှာ ဖြစ်တာများတယ်၊ မြို့ပြင်တွေမှာ ဖြစ်တာက လမ်းအနေအထား ကြောင့်ရယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား လုံလုံလောက်လောက် ချထားပေးနိုင်မှု မရှိတာရယ်နဲ့ အရှိန်ပြင်းပြင်းမောင်းနှင်မှုတွေရယ်ကြောင့် ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေ များပါ တယ်”ဟု အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ မှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက ဆိုသည်။ ၂၀၁၄ ခုနှစ် နှစ်လတာ ကာလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှု အများဆုံးဖြစ်ပွား သည့် မြို့နယ်အဖြစ် မင်္ဂလာဒုံမြို့နယ်၊ ဒုတိယအများဆုံး မြို့နယ်အဖြစ် လှိုင်သာယာနှင့် မရမ်းကုန်း၊ တတိယ အများဆုံးအနေဖြင့် အင်းစိန်မြို့ နယ်တို့ ပါဝင်နေပြီး နှစ်လ တာ ကာလအတွင်း ယာဉ်မတော်တဆမှု ၃၇၆ မှု၊ သေဆုံးသူ ၅၈ ဦး၊ ဒဏ်ရာရရှိသူဦးရေ ခြောက်ရာအထိ ရှိခဲ့ကြောင်း သတင်းရရှိသည်။


Ref: Automobile

Latest News

ဧပြီ ၁...

Toll fees 150x150

ရန်​ကုန်​မြို့သန်​လျှင်​မြို့နယ်​ရှိ ခရမ်း၊​ကျောက်​တန်း၊သုံးခွ မြို့နယ်​များသို့ ဆက်​သွယ်​တန်းထား​သော သန်​လျှင်​တံတားအမှတ်​( ၁)လာမည့်​...

Read more »

Free permit ဖြင့်​ ယာဉ်​နံပတ်​အမြင့်​...

Free permit 150x150

 Free permit ဖြင့်​ ယာဉ်​နံပတ်​အမြင့်​ ဝယ်​ယူလိုပါက ​ပိုင်​ရှင်​ကိုယ်​တိုင်​လာ​ရောက်​ဝယ်​ယူမှ ​ရောင်းချ​ပေးမှာဖြစ်​တယ်​လို့...

Read more »

ယာဉ်​ရပ်​နားခများ ပြန်​လည်​​ကောက်​ခံခြင်းကို...

Car parking 150x150

ယာဉ်​ရပ်​နားခများ ပြန်​လည်​​ကောက်​ခံခြင်းကို လာမယ်ဘဏ္ဍာနှစ်​​မှစ၍ ​ကောက်​ခံသွားရန်​စီစဉ်​နေပြီး ပုဂ္ဂလိကလုပ်​ငန်းများအား...

Read more »

ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များ...

Truck cargo 150x150

ရန်​ကုန်​မြို့တွင်း ကုန်​တင်​ယာဉ်​နှင့်​ ကုန်​​သေတ္တာယာဉ်​များ ​ဖြတ်​သန်း​မောင်းနှင်​​နေမှူများကို ​နေ့လည်​...

Read more »

စလစ်​ကပ်​ကားများအ​ရောင်းအဝယ်​ပြန်​​ကောင်းလာ

Photo credit 150x150

ကြိုတင်​ဝင်​​ငွေခွန်​ ​ကောက်​ခံမည့်​အချိန်​နီးလာ၍ ယခုရက်ပိုင်း​​ အတွင်းစလစ်ကပ်ကားများ အရောင်းအဝယ်ဖြစ်နေတယ်လို့​ရန်​ကုန်​ကား​ဈေးကွက်​အတွင်းက...

Read more »
Download Android App