လစဥ္ ယာဥ္မေတာ္တဆမႈျဖစ္စဥ္မ်ား၏ ၄၀ ရာခုိင္ႏႈန္းမွာ တိုက္ထြက္ေျပးမ်ားျဖစ္

ရန္ကုန္တုိင္းေဒသႀကီး အတြင္း၌ ျဖစ္ပြားသည့္ ယာဥ္မေတာ္တဆမႈ ျဖစ္စဥ္မ်ားတြင္ လစဥ္ ယာဥ္မ ေတာ္တဆမႈ ၄၀ ရာခုိင္ႏႈန္းမွာ တုိက္ထြက္ေျပးမ်ား ျဖစ္ေနေၾကာင္း အမွတ္ ၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲ မွဴး႐ုံ (ရန္ကုန္)’၏ တရား၀င္ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Car-ACc


ယခုႏွစ္ ဇန္န၀ါရီလႏွင့္ ေဖေဖာ္၀ါရီလအတြင္း ပ်မ္းမွ် ယာဥ္မေတာ္တဆ ျဖစ္ပြားမႈေပါင္း ႏွစ္ရာခန႔္ ျဖစ္ပြားခဲ့ၿပီး ယင္းတို႔အနက္ ယာဥ္ေမာင္း တုိက္ထြက္ေျပးသည့္ အမႈမွာ အမႈစုစုေပါင္း၏ ခုနစ္ဆယ္ေက်ာ္ ရွိခဲ့ေၾကာင္း သိရၿပီး လစဥ္ ယာဥ္မေတာ္တဆ ျဖစ္စဥ္မ်ား၏ ၄၀ ရာခုိင္ႏႈန္းမွာ တုိက္ထြက္ေျပးမ်ား ျဖစ္ေနေၾကာင္း သိရသည္။ “တုိက္ ထြက္ေျပးေတြကို ဖမ္းဆီးအေရးယူ ေဆာင္ရြက္တဲ့ေနရာမွာ ျပစ္မႈအေနနဲ႔ ပိုမ်ားတာ မရွိေပမဲ့ ယာဥ္တုိက္မႈျဖစ္ၿပီး တာ၀န္သိသိနဲ႔ လူသားခ်င္း စာနာစိတ္နဲ႔ ကူညီတယ္ဆို ရင္ ယာဥ္တုိက္ခံရတ့့ဲ သူေတြနဲ႔ တုိက္တဲ့သူေတြ႕ၿပီး ေၾကေအးၾကတဲ့ကိစၥမွာ တရားသူႀကီးက ဒီအမႈ ေက်ေအးေပးရန္ သင့္၊ မသင့္ ယာဥ္ထိန္းရဲတပ္ဖဲြ႕က ယာဥ္မႈစစ္ေတြနဲ႔ ထင္ျမင္ခ်က္ကို ေတာင္းခဲ့တာမ်ဳိးရွိတယ္၊ အဲဒီလုိ အေျခအေနမ်ဳိးမွာဆိုရင္ တုိက္ၿပီး ထားခဲ့ၿပီး ထြက္ေျပးတဲ့ယာဥ္ေမာင္းကို ေနာက္မွ ဖမ္းမိတဲ့အခါ ယာဥ္တုိက္ ခံရတ့ဲသူနဲ႔ ေတြ႕ၿပီး ေက်ေအးမႈရယူ ခဲ့ရင္ေတာင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ အေနနဲ႔ ေက်ေအးခြင့္ျပဳဖို႔အတြက္ ေထာက္ခံခ်က္မေပးပါဘူး၊ သက္သက္ တရားစြဲဆိုေစတာမ်ဳိးေတြ ေဆာင္ရြက္ ပါတယ္”ဟု အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ ခြဲမွဴး႐ုံးမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ ယာဥ္မေတာ္တဆ ျဖစ္စဥ္မ်ားတြင္ ထြက္ေျပးသည့္ ျပစ္မႈမ်ား၌ ယာဥ္အမ်ဳိးအစား၊ နံပါတ္ မွတ္မိလိုက္သည့္ ျဖစ္စဥ္မွာ အမႈခုနစ္ဆယ္တြင္ ငါးဆယ္ခန္႔ရွိၿပီး က်န္ ႏွစ္ဆယ္မွာ ယာဥ္အမ်ဳိးအစား၊ ယာဥ္နံပါတ္ သိရွိျခင္းမရွိသည့္ ျဖစ္စဥ္မ်ား ျဖစ္ေၾကာင္း၊ လက္ရွိတြင္ ႏွစ္လတာအတြင္း တုိက္ထြက္ေျပး ျဖစ္စဥ္မ်ားမွ အမႈ တစ္၀က္ေက်ာ္ကို ျပန္လည္ ဖမ္းဆီး အေရးယူႏုိင္ခဲ့ၿပီး က်န္အမႈမ်ားမွာ ဆက္လက္ ရွာေဖြစံုစမ္းေနဆဲျဖစ္ ေၾကာင္း သိရသည္။ ရန္ကုန္တုိင္းေဒသႀကီး စည္ပင္သာယာေရး နယ္နိမိတ္အတြင္း ယာဥ္မေတာ္တဆမႈ ၃၇၆ မႈျဖစ္ပြားခဲ့ၿပီး ယင္းတြင္ တုိက္ထြက္ေျပး ျဖစ္စဥ္ ၁၄၈ မႈခန႔္ ပါ၀င္ေနေၾကာင္း သိရကာ ျပစ္မႈမ်ား ဆက္လက္ေဖာ္ထုတ္ကာ ဥပေဒအရ ထိေရာက္စြာ အေရးယူသြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။


 

Ref: Automobile



Unicode Version

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် လစဉ် ယာဉ်မ တော်တဆမှု ၄ဝ ရာခိုင်နှုန်းမှာ တိုက်ထွက်ပြေးများ ဖြစ်နေကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံ (ရန်ကုန်)’၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

Car-ACc


ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ပျမ်းမျှ ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း နှစ်ရာခန့် ဖြစ်ပွားခဲ့ပြီး ယင်းတို့အနက် ယာဉ်မောင်း တိုက်ထွက်ပြေးသည့် အမှုမှာ အမှုစုစုပေါင်း၏ ခုနစ်ဆယ်ကျော် ရှိခဲ့ကြောင်း သိရပြီး လစဉ် ယာဉ်မတော်တဆ ဖြစ်စဉ်များ၏ ၄ဝ ရာခိုင်နှုန်းမှာ တိုက်ထွက်ပြေးများ ဖြစ်နေကြောင်း သိရသည်။ “တိုက် ထွက်ပြေးတွေကို ဖမ်းဆီးအရေးယူ ဆောင်ရွက်တဲ့နေရာမှာ ပြစ်မှုအနေနဲ့ ပိုများတာ မရှိပေမဲ့ ယာဉ်တိုက်မှုဖြစ်ပြီး တာဝန်သိသိနဲ့ လူသားချင်း စာနာစိတ်နဲ့ ကူညီတယ်ဆို ရင် ယာဉ်တိုက်ခံရတဲ့ သူတွေနဲ့ တိုက်တဲ့သူတွေ့ပြီး ကြေအေးကြတဲ့ကိစ္စမှာ တရားသူကြီးက ဒီအမှု ကျေအေးပေးရန် သင့်၊ မသင့် ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်မှုစစ်တွေနဲ့ ထင်မြင်ချက်ကို တောင်းခဲ့တာမျိုးရှိတယ်၊ အဲဒီလို အခြေအနေမျိုးမှာဆိုရင် တိုက်ပြီး ထားခဲ့ပြီး ထွက်ပြေးတဲ့ယာဉ်မောင်းကို နောက်မှ ဖမ်းမိတဲ့အခါ ယာဉ်တိုက် ခံရတဲ့သူနဲ့ တွေ့ပြီး ကျေအေးမှုရယူ ခဲ့ရင်တောင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့ ကျေအေးခွင့်ပြုဖို့အတွက် ထောက်ခံချက်မပေးပါဘူး၊ သက်သက် တရားစွဲဆိုစေတာမျိုးတွေ ဆောင်ရွက် ပါတယ်”ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယာဉ်မတော်တဆ ဖြစ်စဉ်များတွင် ထွက်ပြေးသည့် ပြစ်မှုများ၌ ယာဉ်အမျိုးအစား၊ နံပါတ် မှတ်မိလိုက်သည့် ဖြစ်စဉ်မှာ အမှုခုနစ်ဆယ်တွင် ငါးဆယ်ခန့်ရှိပြီး ကျန် နှစ်ဆယ်မှာ ယာဉ်အမျိုးအစား၊ ယာဉ်နံပါတ် သိရှိခြင်းမရှိသည့် ဖြစ်စဉ်များ ဖြစ်ကြောင်း၊ လက်ရှိတွင် နှစ်လတာအတွင်း တိုက်ထွက်ပြေး ဖြစ်စဉ်များမှ အမှု တစ်ဝက်ကျော်ကို ပြန်လည် ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ကျန်အမှုများမှာ ဆက်လက် ရှာဖွေစုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ယာဉ်မတော်တဆမှု ၃၇၆ မှုဖြစ်ပွားခဲ့ပြီး ယင်းတွင် တိုက်ထွက်ပြေး ဖြစ်စဉ် ၁၄၈ မှုခန့် ပါဝင်နေကြောင်း သိရကာ ပြစ်မှုများ ဆက်လက်ဖော်ထုတ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


 

Ref: Automobile

Latest News

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »

Uber က ေစ်းႏႈန္းပိုုသက္သာသည့္ စနစ္သစ္ကိုု...

Picture1 150x150

Zawgyi Version Uber ကုမၸဏီသည္ ေစ်းပိုုသက္သာၿပီး ကားမေခၚခင္ ေစ်းႏႈန္းအတိအက်ႀကိဳသိႏုုိင္သည့္ စနစ္သစ္ကိုု ရန္ကုုန္ၿမိဳ႕တြင္ ႏုုိဝင္ဘာလ...

Read more »