တစ္ပတ္အတြင္း ကားေလာကသတင္းမ်ား

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။
သတင္းထူးမ်ားမွာေတာ့ :

news_this_week-500x185



  • တစ္လေက်ာ္ကာလအတြင္း ပ႐ုိေဘာက္စ္ သံုးစီး မီးေလာင္ကြၽမ္းမႈျဖစ္ေပၚ




  • ေအာင္မဂၤလာ အေ၀းေျပး၀င္းအား ေရေ၀းသုသာန္ေျမေနရာအထိ ထပ္မံတိုးခ်ဲ႕သြားမည္




  • DD အကၡရာ တကၠစီမ်ား တစ္ရက္လွ်င္ ပွ်မ္းမွ်အစီးေရ ခုနစ္ဆယ္ ၀န္းက်င္ကနဦးမွတ္ပံုတင္ လာေရာက္ျပဳလုပ္




  • သံုးလတာ ကာလအတြင္း ယာဥ္မရပ္ရ လမ္းမ်ားေပၚ ရပ္တန႔္ထားသည့္ယာဥ္မ်ား ဖမ္းဆီးအေရးယူမႈေပါင္း ငါးေထာင္ခန႔္ရွိ




  • Chery QQ3 ကားမ်ားကို အပ္ႏွံခြင့္ေပးခဲ့သလို ထိုိကားမ်ားထက္ မွတ္ပံုတင္သက္တမ္းၾကာျမင့္သည့္ ဇုန္ကားမ်ားကိုလည္း အပ္ခြင့္ျပဳသင့္ဟုဆို




  • ယာဥ္ေမာင္းလိုင္စင္မရွိဘဲ စည္းကမ္းမဲ့ ယာဥ္ေမာင္းႏွင္မႈမ်ား ျဖစ္ေပၚေန တရား၀င္ မွတ္ပံုတင္ထားသည့္ ယာဥ္အစီးေရ၏ သံုးပံုႏွစ္ပံုခန္႕ ပမာဏသာ ယာဥ္ေမာင္းလိုင္စင္ ထုတ္ယူထားမႈရွိ




  • ကုမၸဏီမ်ားမွ အသနားခံစာ တင္ျပမႈေၾကာင့္ တိုက္ေၾကကားႏွင့္ပတ္သက္၍ ထုတ္ျပန္ျခင္းမ်ားမျပဳေတာ့ဟုဆို




  • ၿမိဳ႕တြင္း ဟိုင္းလပ္ယာဥ္လိုင္း ၄၆ လုိင္းအနက္ ၃၅ လုိင္းမွာ မီနီဘတ္စ္ယာဥ္မ်ားျဖင့္ ေျပာင္းလဲ ေျပးဆြဲမည္




  • ၂၀၁၄ ခုႏွစ္အတြင္း Brand New Car Showroom ႏွစ္ဆယ္ေက်ာ္အထိထြက္ေပၚလာဖြယ္ရွိ




  • 5G အကၡရာထုတ္ေပးစဥ္ကာလအတြင္း 6G အပူးအကၡရာ ငါးခု ေရာင္းခ်ၿပီးျဖစ္




  • ကနဦးမွတ္ပံုတင္ျပဳလုပ္ေပးျခင္းကို ေထာက္ၾကန္႔သို႔ ေျပာင္းေရႊ႕ရန္ ေသခ်ာ




တစ္လေက်ာ္ကာလအတြင္း ပ႐ုိေဘာက္စ္ သံုးစီး မီးေလာင္ကြၽမ္းမႈျဖစ္ေပၚ


ယခုႏွစ္ ဇန္န၀ါရီလမွ ေဖေဖာ္၀ါရီ ၁၄ ရက္အထိ တစ္လေက်ာ္ ကာလအတြင္း ပ႐ုိေဘာက္စ္ ကားသံုးစီး မီးေလာင္မႈျဖစ္ပြားခဲ့ ေၾကာင္း ‘ရန္ကုန္တိုင္းေဒသႀကီး ျမန္မာႏုိင္ငံ မီးသတ္ဦးစီးဌာန’မွ သိရသည္။ ရန္ကုန္တိုင္းေဒသႀကီး၊ ကြမ္းၿခံကုန္းၿမဳိ႕နယ္တြင္ ဇန္န၀ါ ရီ ၄ ရက္က ပ႐ုိေဘာက္စ္ ကားတစ္စီး ေမာင္းႏွင္ေနစဥ္၌ ဘက္ထရီေခါင္းေခ်ာင္ ရာမွ ၀ါယာေရွာ့ခ္ ျဖစ္ကာ မီးေလာင္ကြၽမ္းခဲ့ၿပီး တန္ဖိုးက်ပ္ ငါးေသာင္း၀န္းက်င္ ဆံုး႐ႈံးခဲ့သလို လႈိင္သာယာၿမဳိ႕နယ္တြင္ မီးေလာင္ကြၽမ္းခဲ့ေသာ ပ႐ုိေဘာက္စ္ကားမွာ လမ္း ေဘးရွိ အမႈိက္ပံုးအား ၀င္တုိက္ရာမွ ကြန္ကရစ္လမ္းႏွင့္ ကားဘီး ပြတ္တုိက္မႈေၾကာင့္ မီးေလာင္ကြၽမ္းကာ ဆံုး႐ႈံးမႈတန္ဖိုး က်ပ္ ၂၅ သိန္းအထိ ျဖစ္ေပၚခဲ့သည္။ ထုိ႔အတူ မႏၲေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမဳိ႕တြင္ ပ႐ုိေဘာက္စ္ ကားတစ္စီးမွာ အင္ဂ်င္အပူလြန္ကဲရာမွ မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး က်ပ္သိန္း ႏွစ္ဆယ္၀န္းက်င္ ဆံုး႐ႈံးမႈမ်ား ျဖစ္ ေပၚခဲ့ေၾကာင္း သိရသည္။ယခုႏွစ္ပုိင္းအတြင္း ေမာ္ေတာ္ကား မီးေလာင္မႈမ်ား မၾကာခဏျဖစ္ပြားလ်က္ရွိရာ ယခုႏွစ္ ဇန္န၀ါရီလႏွင့္ ေဖေဖာ္၀ါရီလ ၀က္အထိ ပ႐ုိေဘာက္စ္ ကားသံုးစီး အပါအ၀င္ ကားမီးေလာင္မႈ (၁၇) ႀကိမ္အထိ ျဖစ္ပြားခဲ့သည္။ ထုိသို႔ ကားမီးေလာင္မႈမ်ားတြင္ Isuezu တစ္စီး၊ Probox သံုးစီး၊ Hyundai တစ္စီး၊ Pajero တစ္စီး၊ Hino ႏွစ္စီး၊ Kluger တစ္စီး၊Nissan တစ္စီး၊ Light Truck တစ္စီးႏွင့္ စည္ပင္မွ အမႈိက္သိမ္း ယာဥ္တစ္စီးတို႔ ပါ၀င္သည္။ ကား မီးေလာင္ကြၽမ္းမႈမ်ားေၾကာင့္ လူ ၁၃ ဦး ဒဏ္ရာရရွိကာ ေငြ က်ပ္ ၄၆၅ သိန္းေက်ာ္ ဆံုး႐ႈံးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း အထက္ပါ ဌာနမွ သိရသည္။


 

Ref : Automobile

ေအာင္မဂၤလာ အေ၀းေျပး၀င္းအား ေရေ၀းသုသာန္ေျမေနရာအထိ ထပ္မံတိုးခ်ဲ႕သြားမည္


ေျမာက္ဥကၠလာပၿမဳိ႕နယ္ရွိ ေအာင္ မဂၤလာအေ၀းေျပး၀င္းအား ကား၀င္းႏွင့္ ကပ္လ်က္ရွိေသာ ေရေ၀း သုသာန္ေျမေနရာအထိ ေျမသား ခဲ်႕ထြင္မည္ျဖစ္ေၾကာင္း ‘ရန္ကုန္ ၿမဳိ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ’မွ သိရသည္။ လက္ရွိတြင္ ၆၈ ဒသမ ၅၇၄ ဧက က်ယ္၀န္းသည့္ ေအာင္မဂၤလာ အေ၀းေျပး၀င္းကို ၀င္းခဲ်႕ထြင္ရန္အတြက္ ၀င္း၏ အေနာက္ဘက္ ေရေ၀းသုသာန္ရွိ ေျမဧရိယာ ေပ ၉၀၀ _ ၆၀၀ ကို ေျမသားျပဳျပင္ျခင္းႏွင့္ ၿခံစည္း႐ုိးခတ္ျခင္းမ်ား ေဆာင္ရြက္ လ်က္ရွိေၾကာင္းႏွင့္ ေျမသားျပဳျပင္ ျခင္းကို ယခုလမွ စတင္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ “ဘယ္လိုစီမံကိန္းမ်ဳိး လုပ္ျဖစ္မယ္ဆုိတာေတာ့ ညႊန္ၾကားခ်က္မရွိေသးဘူး၊ အခု အေ၀းေျပး၀င္းအတြက္ ေပးတဲ့ေျမကို ျပဳ ျပင္တာပဲ ရွိေသးတယ္၊ ၀င္းရဲ႕အေရွ႕ဘက္ဆုိလည္း ေရေျမာင္းခ်ဲ႕ထြင္တာေတြ လုပ္ေန တယ္၊ အဓိက ကေတာ့ ၀င္းကိုခ်ဲ႕ ထြင္တဲ့ သေဘာပါ”ဟု ‘ၿမဳိ႕ေတာ္စည္ပင္၊ အခြန္ ဌာန(ေအာင္မဂၤလာ ၀င္း)’မွ ဌာနခြဲမွဴးက ေျပာသည္။ အဆုိပါ အေ၀းေျပး၀င္းအတြင္းရွိ ကားဂိတ္ေဆာင္ ၁၇ ခု၌ လက္မွတ္ အေရာင္းဂိတ္ခန္း ၂၅၅ ခန္း၊ ပစၥည္း အေရာင္း ေဆာင္ ၂၈ ေဆာင္၌ အခန္းေပါင္း ၂၆၇ ခန္း၊ စားေသာက္ေဆာင္ ႏွစ္ေဆာင္၌ အခန္း ေပါင္း ၂၈ ခန္း၊ အေသးစား စက္မႈ ေဆာင္ ၁၈ ေဆာင္၌ အခန္းေပါင္း ၆၉ ခန္း၊ အက္ဆစ္ပစၥည္းႏွင့္ ဓာတုပစၥည္း တစ္ေဆာင္၊ ကားျပဳျပင္ေဆာင္ႏွင့္ တည္းခိုခန္း ႏွစ္ခုအျပင္ သန္႔စင္ခန္းမ်ား၊ ဆုိက္ေရာက္/ထြက္ခြာ အေဆာက္အအံုမ်ား ေဆာက္ လုပ္ထားေၾကာင္း သိရသည္။


 

Ref : Automobile

DD အကၡရာ တကၠစီမ်ား တစ္ရက္လွ်င္ ပွ်မ္းမွ်အစီးေရ ခုနစ္ဆယ္ ၀န္းက်င္ကနဦးမွတ္ပံုတင္ လာေရာက္ျပဳလုပ္


ယခုရက္ပိုင္းအတြင္း DD အကၡရာ တကၠစီမ်ား တစ္ရက္လွ်င္ ပွ်မ္းမွ်အစီးေရ ခုနစ္ဆယ္၀န္းက်င္ ကနဦးမွတ္ပံုတင္ လာေရာက္ ျပဳလုပ္ေၾကာင္း ‘ရြာသာႀကီး ကညန႐ုံး’မွ သိရသည္။ ႏုိ၀င္ဘာ ၂၈ ရက္က CC အကၡရာနံပါတ္မ်ား ထုတ္ေပးမႈ ကုန္ဆံုးသြားၿပီးေနာက္ DD အကၡရာမ်ားကို ဆက္လက္ထုတ္ေပးခဲ့ရာ ေဖေဖာ္၀ါရီ ၁၈ အထိ ေရာက္ရွိ နံပါတ္ DD/6304 အထိ ေရာက္ရွိသြားၿပီ ျဖစ္သည္။ အငွားယာဥ္မ်ား ကနဦးမွတ္ပံုတင္ျခင္း ႏွင့္ ပတ္သက္၍ ရြာသာႀကီး ကညန႐ံုးမွ တာ၀န္ရွိသူတစ္ဦးက “ဒီရက္ပိုင္း အတြင္းမွာ တစ္ရက္ကို DD အကၡရာ အငွားယာဥ္ အစီးေရ ခုနစ္ဆယ္၀န္းက်င္က ကနဦးမွတ္ပံုတင္ လာေရာက္ျပဳလုပ္ၾကပါတယ္၊ ဒီလထဲမွာ တစ္ရက္နဲ႔ တစ္ရက္ မွတ္ပံု တင္ လာေရာက္ျပဳလုပ္တဲ့ အေရအတြက္ မတူညီပါဘူး၊ တခ်ဳိ႕ရက္ေတြမွာ အစီးေရ ငါးဆယ္၀န္းက်င္လာေရာက္ၿပီး တခ်ဳိ႕ရက္ေတြမွာေတာ့ တစ္ရာေက်ာ္အထိ မွတ္ပံုတင္ လာေရာက္ျပဳလုပ္ၾကပါတယ္၊ ေလးလံုးပူး နံပါတ္ေတြ ထုတ္လုပ္မႈကေတာ့ အရင္တိုင္း ကုမၸဏီေတြကို ခ်န္လွပ္ၿပီး တစ္ဦးခ်င္း တင္သြင္းသူေတြကိုပဲ မဲႏႈိက္ေရြးခ်ယ္ ေပးေန ပါတယ္”ဟု ေျပာၾကားခဲ့သည္။ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ေဖေဖာ္၀ါရီ ၆ ရက္တြင္ ကုန္တင္ယာဥ္ႏွင့္ ဘတ္စ္မ်ားကို 5G/1201 မွစၿပီး ကနဦး မွတ္ပံုတင္ ျပဳလုပ္ေပးခဲ့ရာ ေဖေဖာ္၀ါရီ ၁၈ ရက္တြင္ 5G/5672 ရွိသြားၿပီ ျဖစ္ေၾကာင္း သိရသည္။


 

Ref : Automobile

သံုးလတာ ကာလအတြင္း ယာဥ္မရပ္ရ လမ္းမ်ားေပၚ ရပ္တန႔္ထားသည့္ယာဥ္မ်ား ဖမ္းဆီးအေရးယူမႈေပါင္း ငါးေထာင္ခန႔္ရွိ


သံုးလတာ ကာလအတြင္း ရန္ကုန္ တိုင္းေဒသႀကီး စည္ပင္သာယာ နယ္နိမိတ္တြင္ ယာဥ္မရပ္ရ သတ္မွတ္ ထားသည့္ ကန္႔သတ္ လမ္းမ်ားေပၚ၌ ရပ္နားထားသည့္ ယာဥ္ မ်ားကို ဖမ္းဆီးအေရးယူမႈေပါင္း ငါးေထာင္ ခန႔္ရွိေၾကာင္း ‘အမွတ္(၂) ယာဥ္ထိန္း ရဲတပ္ဖြဲ႕ခြဲမွဴး႐ုံး’မွ စံုစမ္းသိရိွရသည္။ ရန္ကုန္ၿမဳိ႕တြင္း ယာဥ္္မရပ္ရ လမ္းေပါင္း ၅၇ လမ္း တြင္ ရပ္တန္႔သည့္ ယာဥ္မ်ားအား ဖမ္းဆီးအေရး ယူမႈကို ၂၀၁၃ ခုႏွစ္၊ ႏုိ၀င္ဘာ ၁၁ ရက္မွ စတင္ခဲ့ၿပီး ေဖေဖာ္၀ါရီ ၁၈ ရက္အထိ ဖမ္းဆီးအေရးယူမႈေပါင္း ၄,၇၇၉ မႈရွိခဲ့ ေၾကာင္း၊ ယင္းအျပင္ ကရိန္းႏွင့္ ဖမ္းဆီး အေရးယူမႈ ၁,၀၈၇ မႈ၊ ခ်လန္ျဖတ္ အေရးယူမႈခဲ့မႈေပါင္း ၃,၆၉၂ မႈ ျဖစ္ေၾကာင္း သိရသည္။ ယာဥ္မရပ္ရ သတ္မွတ္ေနရာမ်ား၌ ဖမ္းဆီးအေရးယူျခင္းခံရပါက ကရိန္းႏွင့္ဆဲြယူသည့္ ယာဥ္ျဖစ္လွ်င္ ေငြက်ပ္ တစ္သိန္းခဲြခန္႔ ကုန္က်မည္ ျဖစ္ၿပီး ခ်လန္ျဖတ္အေရးယူပါက ဒဏ္ေငြ ႏွစ္ေသာင္းခြဲ ဒဏ္႐ုိက္ အေရးယူလ်က္ရွိေၾကာင္း၊ ယင္းမွာ စည္ပင္သာယာဥပေဒ ပုဒ္မ ၆၈ အရ ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း သိရသည္။ ယင္းဥပေဒအရ တားျမစ္ခ်က္ တစ္ရပ္ရပ္ကုိ ေဖာက္ ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ တစ္ႏွစ္ျဖစ္ေစ၊ အနည္းဆံုး ဒဏ္ေငြ က်ပ္ တစ္ ေသာင္းျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုး ျဖစ္ေစ က်ခံေစႏိုင္မည္ဟု သိရ သည္။


 

Ref : Automobile

Chery QQ3 ကားမ်ားကို အပ္ႏွံခြင့္ေပးခဲ့သလို ထိုိကားမ်ားထက္ မွတ္ပံုတင္သက္တမ္းၾကာျမင့္သည့္ ဇုန္ကားမ်ားကိုလည္း အပ္ခြင့္ျပဳသင့္ဟုဆို


တ႐ုတ္ႏိုင္ငံမွ တင္သြင္းလာေသာ Chery QQ 3 ကားမ်ားကို အပ္ႏွံခြင့္ေပးခဲ့သလုိ ထိုကားမ်ားထက္ မွတ္ပံုတင္သက္တမ္း ၾကာျမင့္ၿပီျဖစ္ေသာ စက္မႈဇုန္ထုတ္ကားမ်ား ကိုလည္း အပ္ႏွံခြင့္ေပးသင့္ေၾကာင္း ေမာ္ေတာ္ယာဥ္ေရာင္း၀ယ္ေရး အသင္း’ ဥကၠ႒ ဦးေအာင္သန္း၀င္းက ဆုိခဲ့သည္။ Chery QQ 3 ကားမ်ားသည္ ျမန္မာႏုိ္င္ငံသို႔ ၂၀၀၆ ခုႏွစ္ ၀န္းက်င္က ၀င္ေရာက္လာခဲ့ၿပီး ထုိကားမ်ားထက္ မွတ္ပံုတင္သက္တမ္း ငါးႏွစ္ခန္႔ေစာေသာ စက္မႈဇုန္ထုတ္ ကားမ်ားကို အပ္ႏွံခြင့္ေပးသင့္သည္ဟု ဦးေအာင္သန္း ကဆိုခဲ့သည္။ လႊတ္ေတာ္အစည္းအေ၀းတြင္ ရထားပို႔ေဆာင္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးခ်န္ေမာင္က စက္မႈဇုန္ထုတ္ကားမ်ားကို အပ္ႏွံခြင့္ျပဳရန္ သက္ဆိုင္ရာဌာန၊ အဖဲြ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္း ေဆာင္ရြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သျဖင့္ ထိုကားမ်ား၏ေစ်းႏႈန္းမ်ားသည္ အနည္းငယ္ျမင့္တက္သြားခဲ့သည္။ သို႔ေသာ္ စက္မႈဇုန္ထုတ္ ကားမ်ားကိုအပ္ႏွံခြင့္ျပဳရန္ အခ်ိန္ကာလတစ္ခု အထိလုိေနေသးေသာေၾကာင့္ ၀ယ္/ေရာင္းအနည္းစုသာ ဇုန္ဂ်စ္မ်ား ၀ယ္ယူစုေဆာင္းထားၾကသည္။ စက္မႈဇုန္ဂ်စ္ကားမ်ား ၏ ေစ်းကြက္ႏွင့္ပတ္သက္၍ ဦးေအာင္သန္း၀င္းက “ဇုန္ဂ်စ္ေတြ ေစ်းအနည္းငယ္ တက္သြားေပမဲ့ ၀ယ္ယူတဲ့သူ နည္းေနေသးပါတယ္၊ ဘယ္္အခ်ိန္မွာ အပ္ႏွံခြင့္ျပဳမယ္ ဆို တာ မသိတဲ့အတြက္ အ၀ယ္အမ်ားႀကီး မရွိေသးပါဘူး၊ တကယ္ဆိုရင္ Chery QQ 3 ကားေတြကို အပ္ႏွံခြင့္ေပးခဲ့သလို ဇုန္ကားေတြကုိလည္း အပ္ခြင့္ေပးသင့့္ပါတယ္”ဟု ဆိုခဲ့သည္။ ယခုရက္ပိုင္းအတြင္းျဖစ္ေပၚေနေသာ ေစ်းႏႈန္းအရ ဇုန္ဂ်စ္မ်ားသည္ က်ပ္သိန္း ေလးဆယ္၀န္းက်င္ရွိေၾကာင္း သိရသည္။


Ref : Automobile

ယာဥ္ေမာင္းလိုင္စင္မရွိဘဲ စည္းကမ္းမဲ့ ယာဥ္ေမာင္းႏွင္မႈမ်ား ျဖစ္ေပၚေန တရား၀င္ မွတ္ပံုတင္ထားသည့္ ယာဥ္အစီးေရ၏ သံုးပံုႏွစ္ပံုခန္႕ ပမာဏသာ ယာဥ္ေမာင္း လိုင္စင္ ထုတ္ယူထားမႈရွိ


ယာဥ္ေမာင္းလိုင္စင္ မရွိဘဲ စည္းကမ္းမဲ့ ယာဥ္ေမာင္းႏွင္မႈမ်ား ျဖစ္ေပၚလ်က္ရွိၿပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ တရား၀င္မွတ္ပံုတင္ထားသည့္ ယာဥ္အစီးေရ၏ သံုးပံုႏွစ္ ပံုခန္႔ ပမာဏသာ ယာဥ္ေမာင္း လိုင္စင္ ထုတ္ယူထားရွိမႈ ရွိေနေၾကာင္း ‘ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန’၏ ထုတ္ျပန္ထားေသာ စာရင္းမ်ားအရ သိရသည္။ လက္ရွိ ျပည္တြင္း၌ မွတ္ပံုတင္ထားသည့္ ယာဥ္အစီးေရမွာ ၂၀၁၃ ခုႏွစ္၊ ဒီဇင္ဘာ ၃၁ ရက္ အထိ စာရင္းမ်ားအရ ယာဥ္အ စီးေရ ၄,၀၁၆,၇၅၇ စီးခန္႔ ရွိေနၿပီး ယာဥ္ေမာင္းလိုင္စင္ ထုတ္ယူမႈမွာ ၂,၉၃၁,၅၁၃ ဦးခန္႔သာရွိေန ေၾကာင္း သိရသည္။ “မွတ္ပံုတင္ယာဥ္အစီးေရထက္ ယာဥ္ေမာင္းလိုင္စင္ ထုတ္ယူထားရွိမႈ နည္းေနတဲ့သေဘာ ကေတာ့ လိုင္စင္မရွိဘဲ ေမာင္းေနတာေတြ ရွိေနလို႔ေပါ႔၊ အမ်ားအား ျဖင့္ေတာ့ နယ္ေတြမွာ ပိုမ်ားမယ္၊ နယ္ေတြမွာက ဆိုင္ကယ္ေတြရွိ ၾကၿပီး လိုင္စင္မရွိ၊ အသက္မျပည့္ဘဲ ေမာင္း ေနတာမ်ဳိးေတြေၾကာင့္ ျဖစ္တာမ်ားမယ္”ဟု ‘ကုန္းလမ္းပို႔ ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန’မွ ၫႊန္ၾကားေရးမွဴး(ၿငိမ္း) ဦးေအာင္ျမင့္က ဆိုသည္။ ၂၀၀၉ ခုႏွစ္တြင္ ျမန္မာ တစ္ႏုိင္ငံလံုး၌ ေမာ္ေတာ္ယာဥ္ႏွင့္ ဆုိင္ကယ္မ်ား အပါအ၀င္ တရား၀င္ မွတ္ပံုတင္ထားေသာ ေမာ္ေတာ္ယာဥ္အစီးေရ ႏွစ္သန္းခန္႔ရွိခ်ိန္၌ ယာဥ္ေမာင္းလိုင္စင္ ထုတ္ေပး ထားမႈမွာ ႏွစ္သန္းေက်ာ္တြင္ရွိ ၿပီး ယခုလက္ရွိ အခ်ိန္မွာေတာ့ ယာဥ္ေမာင္းလိုင္စင္ ထုတ္ယူမႈပမာဏမွာ နည္းပါးေနကာ မွတ္ပံုတင္ထားေသာ ယာဥ္အစီးေရပမာဏ မ်ား ျပားေနျခင္း ျဖစ္သည္။ ျမန္မာႏုိင္ငံတြင္ ယာဥ္မေတာ္တဆမႈ ျဖစ္ပြားရျခင္းမ်ား၏ အဓိက အေၾကာင္းအရာမ်ားတြင္ ယာဥ္လမ္းေၾကာင္းမ်ား နားလည္မႈ မရွိျခင္း၊ ယာဥ္စည္း ကမ္း၊ လမ္းစည္းကမ္းအေပၚ အျပည့္အ၀ နားလည္မႈမရွိျခင္း၊ ယာဥ္ေမာင္းသူမ်ား အရည္အခ်င္းျပည့္၀မႈ မရွိ ျခင္းႏွင့္ နီးစပ္ရာမွ ယာဥ္ေမာင္း သင္ၾကားမႈမ်ားေၾကာင့္ ယာဥ္မေတာ္တဆမႈမ်ား အမ်ားဆံုးျဖစ္ေပၚေနရာ ယာဥ္ေမာင္းလုိင္စင္ကို စနစ္တက် ထုတ္ယူျခင္း၊ ေပးအပ္ျခင္းမ်ား ျပဳလုပ္ရန္လိုအပ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သံုးသပ္ ၾကသည္။


Ref : Automobile

ကုမၸဏီမ်ားမွ အသနားခံစာ တင္ျပမႈေၾကာင့္ တိုက္ေၾကကားႏွင့္ပတ္သက္၍ ထုတ္ျပန္ျခင္းမ်ားမျပဳေတာ့ဟုဆို


သက္ဆိုင္ရာ ကုမၸဏီမ်ားထံမွ အသနားခံစာ တင္ျပမႈေၾကာင့္ အေကာက္ခြန္ဦးစီးဌာနမွ တိုက္ေၾကကားႏွင့္ပတ္သက္၍ ထုတ္ျပန္ျခင္းမ်ား ျပဳလုပ္ေတာ့မည္ မဟုတ္ေတာ့ ေၾကာင္း ‘ျမန္မာႏုိင္ငံ ေမာ္ေတာ္ယာဥ္ တင္သြင္းေရာင္းခ်သူမ်ား အသင္း’မွ သိရသည္။ ၂၀၁၃ ခုႏွစ္အတြင္း ေမာ္ေတာ္ယာဥ္တင္သြင္းမႈတြင္ တုိက္ေၾကကားမ်ား ပါ၀င္ခဲ့ၿပီး ေမလ ပထမပတ္တြင္ အစီးေရ သံုးဆယ္ေက်ာ္ႏွင့္ ေနာက္ဆံုးပတ္တြင္ အစီးေရ ငါးဆယ္ေက်ာ္ကို သိမ္းဆည္းခဲ့ေၾကာင္း၊ ထုိ႔ျပင္ ပြန္းပဲ့႐ံုႏွင့္ တုိက္ေၾကကား သတ္မွတ္ရန္ အတြက္ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။ ပြန္းပဲ့႐ုံ၊ မီးအိမ္၊ မီးခြက္ မပါ႐ုံႏွင့္ တိုက္ေၾကအျဖစ္ သတ္မွတ္ကာဆိပ္ကမ္းမွေမာ္ေတာ္ယာဥ္ ထုတ္ယူခြင့္ မျပဳျခင္းေၾကာင့္ အသင္း ၏ သတ္မွတ္ခ်က္ႏွင့္ ကုမၸဏီမ်ားမွ အသနားခံစာမ်ား တင္ျပခဲ့ၾကသျဖင့္ ထုတ္ယူခြင့္ ျပဳေပးခဲ့ၿပီး တုိက္ေၾကကားႏွင့္ ပတ္သက္၍ တရား၀င္ ထုတ္ျပန္ျခင္းမ်ား ျပဳေတာ့မည္ မဟုတ္ေၾကာင္း သိရသည္။ “ဒါက နားလည္မႈယူထားတဲ့ သေဘာပါ၊ ထုတ္ယူခြင့္ျပဳရင္ ျပဳ၊ မျပဳရင္ ျပန္ပို႔ေပါ႔၊ ဒီလိုေဆာင္ရြက္ေပးဖို႔ကို တင္ျပခဲ့တယ္၊ ကားတင္သြင္းမႈမွာ တုိက္ေၾကကား ေတြ႕ၿပီ ဆုိရင္ အေကာက္ခြန္က အသင္းကို အေၾကာင္းၾကားတယ္၊ ဒါကို အသင္းက သြားၾကည့္ၿပီး ဒါေတာ့ တိုက္ေၾကကား၊ ဒါေတာ့ မဟုတ္ဘူး ဆိုၿပီး ေျပာျပသတ္မွတ္ရတယ္၊ တခ်ဳိ႕ မိုဒယ္ျမင့္ကားေတြဆိုရင္ မီးခြက္ေတြ ထိခိုက္မွာစိုးလုိ႔ ျဖဳတ္သိမ္းတယ္၊ ဒါကို တုိက္ေၾကဆိုၿပီး သူတုိ႔က သတ္မွတ္တယ္၊ ဒါက မဟုတ္ဘူး ဆိုၿပီး ရွင္းျပရတာေပါ့႔ အခုေတာ့ အဆင္ေျပပါၿပီ၊ အသင္း ရဲ႕ မွတ္ခ်က္နဲ႕ ကုမၸဏီရဲ႕အသနား ခံစာကိုၾကည့္ၿပီး လက္ခံတယ္”ဟု ‘ျမန္မာႏုိင္ငံ ေမာ္ေတာ္ယာဥ္တင္သြင္း ေရာင္းခ်သူမ်ားအသင္း’မွ တြဲဖက္ အတြင္းေရးမွဴးက ေျပာသည္။ ေမာ္ေတာ္ယာဥ္တင္သြင္းမႈ မူ၀ါဒေျပာင္းလဲသည့္ ၂၀၁၁ ခုႏွစ္ မွစ၍ ၂၀၁၃ ခုႏွစ္၊ ဇန္န၀ါရီ ၁၅ ရက္အထိ ေမာ္ေတာ္ယာဥ္ ၁၂၆ç ၇၃၃ စီး တင္သြင္းခဲ့ၿပီး တိုက္ေၾက ကားမ်ား မပါ၀င္ခဲ့ေၾကာင္း၊ ေမာ္ ေတာ္ယာဥ္တင္သြင္းမႈတြင္ တိုက္ ေၾကကားပါ၀င္မႈမွာ ၂၀၁၃ ခုႏွစ္၊ ဇန္န၀ါရီ ၁၅ ရက္ ေနာက္ပိုင္းမွ စ၍ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။


 

Ref : Automobile

ၿမိဳ႕တြင္း ဟိုင္းလပ္ယာဥ္လိုင္း ၄၆ လုိင္းအနက္ ၃၅ လုိင္းမွာ မီနီဘတ္စ္ယာဥ္မ်ားျဖင့္ ေျပာင္းလဲ ေျပးဆြဲမည္


ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာယာနယ္နိမိတ္အတြင္း ေျပးဆဲြ လ်က္ရွိေသာ ဟိုင္းလပ္ယာဥ္လိုင္း ၄၆ လိုင္းအနက္ ယာဥ္ လိုင္း ၃၅ လိုင္းတြင္ မီနီဘတ္စ္ကားမ်ားျဖင့္ ေျပာင္းလဲေျပးဆဲြမႈ ေဆာင္ရြက္ၿပီး ျဖစ္ေၾကာင္း ‘ရန္ကုန္တိုင္းေဒသႀကီး ေမာ္ေတာ္ယာဥ္လုပ္ငန္းေပါင္းစံု ထိန္းသိမ္းေရး ႀကီးၾကပ္မႈ ေကာ္မတီ(ဗပာို)’မွ သိရသည္။ အဆုိပါ ယာဥ္လိုင္း ၄၆ လုိင္းအနက္ က်န္ရွိေနသည့္ ယာဥ္လုိင္း ၁၁ လုိင္းတြင္မူ အျခားယာဥ္လိုင္းမွ ကားမ်ားျဖင့္ ျဖည့္စြက္ေျပးဆြဲသြားမည္ ျဖစ္ၿပီး မည္သည့္ ယာဥ္လိုင္း မ်ားျဖင့္ ေျပးဆဲြမည္ကိုမူ မသတ္မွတ္ရေသးေၾကာင္း သိရွိရသည္။ “ၿမိဳ႕တြင္းဟုိင္းလပ္ယာဥ္လိုင္း ၄၆ လိုင္းစလံုးကို တျခားကားေတြနဲ႔ အစားထုိးေျပးဆြဲမွာပါ၊ အခုထိေတာ့ ၃၅ လုိင္းအထိ အစားထုိးေျပးဆဲြေနၿပီး က်န္တဲ့လိုင္းေတြမွာလည္း မၾကာခင္ပဲ အစားထုိး ေျပးဆဲြသြားမွာပါ၊ မီနီဘတ္စ္၊ ဒါမွမဟုတ္ တျခား ကားေတြနဲ႔ အစားထုိးဖုိ႔ စီစဥ္ေန ပါတယ္၊ ေသခ်ာ မသတ္မွတ္ ရေသးပါဘူး”ဟု မထသ(ဗဟို) ဥကၠ႒ ဦးလွေအာင္က ေျပာၾကားသည္။ ေျပာင္းလဲေျပးဆြဲမည့္ ယာဥ္လိုင္းမ်ား၌ ယခင္ကေျပးဆြဲခဲ့ေသာ ပာိုင္းလပ္ယာဥ္မ်ား၏ ယာဥ္စီးခႏႈန္းထား အတုိင္းသာ သတ္မွတ္ေကာက္ခံရမည္ ျဖစ္ၿပီး လက္ရွိတြင္မူ အစားထုိးေျပးဆဲြလ်က္ရွိေသာ မီနီဘတ္စ္ယာဥ္လုိင္းအခ်ဳိ႕၌ ဒီဇယ္ ဆီျဖင့္ ေျပးဆြဲရမႈေၾကာင့္ ယာဥ္စီးခ ပိုမိုေကာက္ခံျခင္းမ်ားရွိေနသျဖင့္ ယင္းယာဥ္မ်ားအား ေျပးဆြဲမႈ ယာယီရပ္နားခိုင္းထားကာ CNG ရရွိမွသာ ျပန္လည္ေျပးဆဲြခြင့္ျပဳမည္ ျဖစ္ေၾကာင္း အထက္ပါဌာနမွ သိရသည္။


Ref : Automobile

 

၂၀၁၄ ခုႏွစ္အတြင္း Brand New Car Showroom ႏွစ္ဆယ္ေက်ာ္အထိထြက္ေပၚလာဖြယ္ရွိ


၂၀၁၄ ခုႏွစ္အတြင္း Brand New Car Showroom ႏွစ္ဆယ္ေက်ာ္အထိ ထြက္ေပၚလာဖြယ္ရွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္အတြင္း Mercedes ၊ Scania ၊ KIA ၊ Ford ၊ Chevrolet အစရွိ သည့္ Showroom မ်ားကို ပါမစ္မ်ား ခ်ထားေပးခဲ့သည္။ ထုိ႔ျပင္ ၿပီးခဲ့သည့္ ႏွစ္အတြင္း၌ Mazda ၊ Nissan ၊ Solo ၊ MG ၊ Dongfeng စသည္တို႔ အပါအ၀င္ Showroom ကုိးခုကို ပါမစ္ခ်ေပးရန္ စစ္ေဆးထားေၾကာင္း သိရသည္။ Brand New Showroom မ်ားကို ပါမစ္ခ်ေပးျခင္းႏွင့္ပတ္သက္၍ စီးပြားေရးႏွင့္ ကူးသန္း ေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ တာ၀န္ရွိသူ တစ္ဦးက “ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ Brand New Showroom ငါးခုကုိ ပါမစ္ခ်ထားေပးခဲ့သလို ေနာက္ထပ္ ကုိးခုကိုလည္း ပါမစ္ခ်ေပးဖုိ႔ စစ္ေဆး ေနပါတယ္၊ ဒါ႔ျပင္ ဒီႏွစ္အတြင္းမွာ Showroom ၁၅ ခုလည္း ပါမစ္ ေလွ်ာက္ထားခဲ့ပါတယ္”ဟု ေျပာၾကားခဲ့သည္။ ျမန္မာႏုိင္ငံ၌ ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ ပါမစ္မ်ားကို ၂၀၁၁ ခုႏွစ္၊ စက္တင္ဘာလမွ စတင္ ထုတ္ေပးခဲ့ရာ တစ္လလွ်င္ ကား အစီးေရ တစ္ေသာင္းေက်ာ္ ၀င္ေရာက္လာေၾကာင္း UMFCCI မွ စက္မႈအသင္း ဒုတိယဥကၠ႒ ဦး ေဇာ္မင္း၀င္းက ေျပာၾကားခဲ့သည္။


Ref : Automobile

5G အကၡရာထုတ္ေပးစဥ္ကာလအတြင္း 6G အပူးအကၡရာ ငါးခု ေရာင္းခ်ၿပီးျဖစ္


ရန္ကုန္တိုင္းေဒသႀကီး ကုန္းလမ္း ပို႔ေဆာင္ေရး ညြန္ၾကားမႈဦးစီးဌာနအေနျဖင့္ ယာဥ္ပုိင္ရွင္မ်ား စိတ္ႀကိဳက္နံပါတ္မ်ားကို ႀကဳိတင္ေရာင္းခ်ေပးလ်က္ရွိရာ 5G အကၡရာထုတ္ ေပးစဥ္ကာလအတြင္း 6G အပူးအကၡရာနံပါတ္ ငါးခုကို ေရာင္းခ်ၿပီး ျဖစ္ေၾကာင္း ‘ျမင္သာကညန႐ုံး’မွ သိရသည္။ ကနဦးမွတ္ပံုတင္ဌာနအေနျဖင့္ 5G အကၡရာထုတ္ေပး စဥ္ကာ လအတြင္း 6G အကၡရာ အပူးနံပါတ္မ်ားကို ႀကိဳတင္ေရာင္းခ်မႈျပဳလုပ္ခဲ့ရာတြင္ 6G အကၡရာနံပါတ္ ေလးခုသာ ေရာင္းခ်ရန္က်န္ရွိေတာ့မည္ ျဖစ္သည္။ 6G အကၡရာ မ်ားမွာ 6G/2222 ကို က်ပ္သိန္း ၂၀၊ 6G/3333 ကို က်ပ္သိန္း ၂၀၊ 6G/6666 ကို က်ပ္ ၄၄ သိန္း၊ 6G/8888 ကို က်ပ္သိန္း ၅၀၊ 6G/9999 ကို က်ပ္ ၅၆ သိန္းျဖင့္ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။ 5G အပူးနံပါတ္မ်ားမွာမူ နံပါတ္ကိုးခုစလံုး ေရာင္းခ်ၿပီးျဖစ္ေၾကာင္း သိရသည္။ ယာဥ္ပုိ္င္ရွင္မ်ား စိတ္ႀကိဳက္ နံပါတ္အလွမ်ား ေရာင္းခ်ျခင္းႏွင့္ ပတ္သက္၍ ကနဦးမွတ္ပံုတင္ဌာန မွ တာ၀န္ရွိသူတစ္ဦးက “ဒီတစ္ပတ္ အတြင္းမွာေတာ့ 6G အပူးနံပါတ္ေတြကို အကုန္လံုးေရာင္းခ်ၿပီးသြားပါၿပီ၊ ေနာင္လာမယ့္ 6G အကၡရာေတြထဲမွာေတာ့ အပူးအကၡရာ နံပါတ္ ငါးခု၀ယ္ယူမႈ ျပဳလုပ္ထားပါတယ္၊ ေရာင္းခ်မႈအေျခအေနကေတာ့ အရင္ထက္ ပိုေကာင္းလာပါတယ္၊ အပူးအကၡရာ မဟုတ္ တဲ့ ေပါင္းျခင္းအကၡရာ နံပါတ္ေတြ၊ အကၡရာအစဥ္လိုက္ေတြနဲ႕ ေထာင္ဂဏန္း နံပါတ္ေတြကိုပါ အခုေနာက္ပိုင္း စိတ္၀င္တစား ၀ယ္ယူလာတာကို ေတြ႕ရပါတယ္၊ အဲဒီ အထဲမွာေတာ့ အပူးအကၡရာေတြက လူစိတ္၀င္စားမႈ အမ်ားဆံုးျဖစ္ေနတဲ့အတြက္ ႀကိဳတင္၀ယ္ယူ ထားတဲ့သူေတြ ပိုမ်ားပါတယ္”ဟု ေျပာၾကားခဲ့သည္။ ကုန္းလမ္းပို႔ေဆာင္ ေရး ၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ေမာ္ေတာ္ယာဥ္မွတ္ပံုတင္မႈမ်ားကို ေန႕ စဥ္ျပဳလုပ္ေပးလ်က္ရွိရာ ေဖေဖာ္၀ါရီ ၂၄ ရက္အထိ ေရာက္ရွိ နံပါတ္မ်ားမွာ 5G/8832 ၊ DD/6659 ႏွင့္ 8L/3946 သုိ႔ ေရာက္ရွိ သြားၿပီျဖစ္ေၾကာင္း ကနဦးမွတ္ပံုတင္ဌာနမွ သိရသည္။


Ref : Automobile

ကနဦးမွတ္ပံုတင္ျပဳလုပ္ေပးျခင္းကို ေထာက္ၾကန္႔သို႔ ေျပာင္းေရႊ႕ရန္ ေသခ်ာ


ကနဦးမွတ္ပံုတင္ျပဳလုပ္ေပးျခင္းကို ေထာက္ၾကန္႔သို႔ေျပာင္းေရႊ႕ရန္ ေသခ်ာသြားၿပီျဖစ္ေၾကာင္း ‘ကုန္းလမ္း ပို႔ေဆာင္ေရးညြန္ၾကားမႈ ဦးစီးဌာန’ မွ သိရသည္။ ကုန္းလမ္း ပို႔ေဆာင္ေရးညြန္ ၾကားမႈဦးစီးဌာနမွ ရန္ကုန္ၿမဳိ႕အတြင္း ယာဥ္ေၾကာပိတ္ဆို႔မႈ ေလ်ာ့နည္းသြားေစေရးအတြက္ ကနဦးမွတ္ပံုတင္ ျပဳလုပ္ေပးျခင္းႏွင့္ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံျခင္းမ်ားကို ျမင္သာကညန႐ုံးမွ အျခားေနရာမ်ားတြင္ ေျပာင္းေရႊ႕ျပဳလုပ္ေပးရန္ စီစဥ္လ်က္ရွိသည္။  ကနဦးမွတ္ပံုတင္ျပဳလုပ္ေပး ျခင္းကို ေထာက္ၾကန္႔သို႔ေျပာင္းေရႊ႕ မည့္ အစီအစဥ္ႏွင့္ပတ္သက္၍ ကနဦးမွတ္ပံုတင္ဌာနမွ တာ၀န္ရွိသူတစ္ဦးက “ကနဦးမွတ္ပံုတင္ဌာနကို ေျပာင္းေရႊ႕တာက ယာဥ္ေၾကာပိတ္ ဆို႔မႈေတြ ေလ်ာ့နည္းသြားဖို႔ အတြက္ ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္၊ အခုအခိ်န္မွာ ကနဦးဌာနကို ေျပာင္းေရႊ႕ဖို႔အတြက္ ေထာက္ၾကန္႔မွာ ေျမတုိင္းၿပီး အေဆာက္အအံုတည္ ေဆာက္ဖို႔စီစဥ္ေန ပါတယ္” ဟု ဆိုခဲ့သည္။ ကနဦးမွတ္ပံုတင္ဌာန ေျပာင္းေရႊ႕မည့္ေနရာသည္ ေထာက္ၾကန္႔ေစ်းႏွင့္ ေမွာ္ဘီတိုးဂိတ္ၾကားတြင္ ရွိေၾကာင္း အၾကမ္းဖ်င္းသိရသည္။


 

Ref : Automobile



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။
သတင်းထူးများမှာတော့ :

news_this_week-500x185



  • တစ်လကျော်ကာလအတွင်း ပရိုဘောက်စ် သုံးစီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်




  • အောင်မင်္ဂလာ အဝေးပြေးဝင်းအား ရေဝေးသုသာန်မြေနေရာအထိ ထပ်မံတိုးချဲ့သွားမည်




  • DD အက္ခရာ တက္ကစီများ တစ်ရက်လျှင် ပျှမ်းမျှအစီးရေ ခုနစ်ဆယ် ဝန်းကျင်ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်




  • သုံးလတာ ကာလအတွင်း ယာဉ်မရပ်ရ လမ်းများပေါ် ရပ်တန့်ထားသည့်ယာဉ်များ ဖမ်းဆီးအရေးယူမှုပေါင်း ငါးထောင်ခန့်ရှိ




  • Chery QQ3 ကားများကို အပ်နှံခွင့်ပေးခဲ့သလို ထိုကားများထက် မှတ်ပုံတင်သက်တမ်းကြာမြင့်သည့် ဇုန်ကားများကိုလည်း အပ်ခွင့်ပြုသင့်ဟုဆို




  • ယာဉ်မောင်းလိုင်စင်မရှိဘဲ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ဖြစ်ပေါ်နေ တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ၏ သုံးပုံနှစ်ပုံခန့် ပမာဏသာ ယာဉ်မောင်းလိုင်စင် ထုတ်ယူထားမှုရှိ




  • ကုမ္ပဏီများမှ အသနားခံစာ တင်ပြမှုကြောင့် တိုက်ကြေကားနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းများမပြုတော့ဟုဆို




  • မြို့တွင်း ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းအနက် ၃၅ လိုင်းမှာ မီနီဘတ်စ်ယာဉ်များဖြင့် ပြောင်းလဲ ပြေးဆွဲမည်




  • ၂ဝ၁၄ ခုနှစ်အတွင်း Brand New Car Showroom နှစ်ဆယ်ကျော်အထိထွက်ပေါ်လာဖွယ်ရှိ




  • 5G အက္ခရာထုတ်ပေးစဉ်ကာလအတွင်း 6G အပူးအက္ခရာ ငါးခု ရောင်းချပြီးဖြစ်




  • ကနဦးမှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ထောက်ကြန့်သို့ ပြောင်းရွှေ့ရန် သေချာ




တစ်လကျော်ကာလအတွင်း ပရိုဘောက်စ် သုံးစီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်


ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၁၄ ရက်အထိ တစ်လကျော် ကာလအတွင်း ပရိုဘောက်စ် ကားသုံးစီး မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန’မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဇန်နဝါ ရီ ၄ ရက်က ပရိုဘောက်စ် ကားတစ်စီး မောင်းနှင်နေစဉ်၌ ဘက်ထရီခေါင်းချောင် ရာမှ ဝါယာရှော့ခ် ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးကျပ် ငါးသောင်းဝန်းကျင် ဆုံးရှုံးခဲ့သလို လှိုင်သာယာမြို့နယ်တွင် မီးလောင်ကျွမ်းခဲ့သော ပရိုဘောက်စ်ကားမှာ လမ်း ဘေးရှိ အမှိုက်ပုံးအား ဝင်တိုက်ရာမှ ကွန်ကရစ်လမ်းနှင့် ကားဘီး ပွတ်တိုက်မှုကြောင့် မီးလောင်ကျွမ်းကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၅ သိန်းအထိ ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ မနၲလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပရိုဘောက်စ် ကားတစ်စီးမှာ အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း နှစ်ဆယ်ဝန်းကျင် ဆုံးရှုံးမှုများ ဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။ယခုနှစ်ပိုင်းအတွင်း မော်တော်ကား မီးလောင်မှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ဝက်အထိ ပရိုဘောက်စ် ကားသုံးစီး အပါအဝင် ကားမီးလောင်မှု (၁၇) ကြိမ်အထိ ဖြစ်ပွားခဲ့သည်။ ထိုသို့ ကားမီးလောင်မှုများတွင် Isuezu တစ်စီး၊ Probox သုံးစီး၊ Hyundai တစ်စီး၊ Pajero တစ်စီး၊ Hino နှစ်စီး၊ Kluger တစ်စီး၊Nissan တစ်စီး၊ Light Truck တစ်စီးနှင့် စည်ပင်မှ အမှိုက်သိမ်း ယာဉ်တစ်စီးတို့ ပါဝင်သည်။ ကား မီးလောင်ကျွမ်းမှုများကြောင့် လူ ၁၃ ဦး ဒဏ်ရာရရှိကာ ငွေ ကျပ် ၄၆၅ သိန်းကျော် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အထက်ပါ ဌာနမှ သိရသည်။


 

Ref : Automobile

အောင်မင်္ဂလာ အဝေးပြေးဝင်းအား ရေဝေးသုသာန်မြေနေရာအထိ ထပ်မံတိုးချဲ့သွားမည်


မြောက်ဥက္ကလာပမြို့နယ်ရှိ အောင် မင်္ဂလာအဝေးပြေးဝင်းအား ကားဝင်းနှင့် ကပ်လျက်ရှိသော ရေဝေး သုသာန်မြေနေရာအထိ မြေသား ချဲ့ထွင်မည်ဖြစ်ကြောင်း ‘ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သိရသည်။ လက်ရှိတွင် ၆၈ ဒသမ ၅၇၄ ဧက ကျယ်ဝန်းသည့် အောင်မင်္ဂလာ အဝေးပြေးဝင်းကို ဝင်းချဲ့ထွင်ရန်အတွက် ဝင်း၏ အနောက်ဘက် ရေဝေးသုသာန်ရှိ မြေဧရိယာ ပေ ၉ဝဝ _ ၆ဝဝ ကို မြေသားပြုပြင်ခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းနှင့် မြေသားပြုပြင် ခြင်းကို ယခုလမှ စတင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ “ဘယ်လိုစီမံကိန်းမျိုး လုပ်ဖြစ်မယ်ဆိုတာတော့ ညွှန်ကြားချက်မရှိသေးဘူး၊ အခု အဝေးပြေးဝင်းအတွက် ပေးတဲ့မြေကို ပြု ပြင်တာပဲ ရှိသေးတယ်၊ ဝင်းရဲ့အရှေ့ဘက်ဆိုလည်း ရေမြောင်းချဲ့ထွင်တာတွေ လုပ်နေ တယ်၊ အဓိက ကတော့ ဝင်းကိုချဲ့ ထွင်တဲ့ သဘောပါ”ဟု ‘မြို့တော်စည်ပင်၊ အခွန် ဌာန(အောင်မင်္ဂလာ ဝင်း)’မှ ဌာနခွဲမှူးက ပြောသည်။ အဆိုပါ အဝေးပြေးဝင်းအတွင်းရှိ ကားဂိတ်ဆောင် ၁၇ ခု၌ လက်မှတ် အရောင်းဂိတ်ခန်း ၂၅၅ ခန်း၊ ပစ္စည်း အရောင်း ဆောင် ၂၈ ဆောင်၌ အခန်းပေါင်း ၂၆၇ ခန်း၊ စားသောက်ဆောင် နှစ်ဆောင်၌ အခန်း ပေါင်း ၂၈ ခန်း၊ အသေးစား စက်မှု ဆောင် ၁၈ ဆောင်၌ အခန်းပေါင်း ၆၉ ခန်း၊ အက်ဆစ်ပစ္စည်းနှင့် ဓာတုပစ္စည်း တစ်ဆောင်၊ ကားပြုပြင်ဆောင်နှင့် တည်းခိုခန်း နှစ်ခုအပြင် သန့်စင်ခန်းများ၊ ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံများ ဆောက် လုပ်ထားကြောင်း သိရသည်။


 

Ref : Automobile

DD အက္ခရာ တက္ကစီများ တစ်ရက်လျှင် ပျှမ်းမျှအစီးရေ ခုနစ်ဆယ် ဝန်းကျင်ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်


ယခုရက်ပိုင်းအတွင်း DD အက္ခရာ တက္ကစီများ တစ်ရက်လျှင် ပျှမ်းမျှအစီးရေ ခုနစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြောင်း ‘ရွာသာကြီး ကညနရုံး’မှ သိရသည်။ နိုဝင်ဘာ ၂၈ ရက်က CC အက္ခရာနံပါတ်များ ထုတ်ပေးမှု ကုန်ဆုံးသွားပြီးနောက် DD အက္ခရာများကို ဆက်လက်ထုတ်ပေးခဲ့ရာ ဖေဖော်ဝါရီ ၁၈ အထိ ရောက်ရှိ နံပါတ် DD/6304 အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ အငှားယာဉ်များ ကနဦးမှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ ရွာသာကြီး ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက “ဒီရက်ပိုင်း အတွင်းမှာ တစ်ရက်ကို DD အက္ခရာ အငှားယာဉ် အစီးရေ ခုနစ်ဆယ်ဝန်းကျင်က ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်ကြပါတယ်၊ ဒီလထဲမှာ တစ်ရက်နဲ့ တစ်ရက် မှတ်ပုံ တင် လာရောက်ပြုလုပ်တဲ့ အရေအတွက် မတူညီပါဘူး၊ တချို့ရက်တွေမှာ အစီးရေ ငါးဆယ်ဝန်းကျင်လာရောက်ပြီး တချို့ရက်တွေမှာတော့ တစ်ရာကျော်အထိ မှတ်ပုံတင် လာရောက်ပြုလုပ်ကြပါတယ်၊ လေးလုံးပူး နံပါတ်တွေ ထုတ်လုပ်မှုကတော့ အရင်တိုင်း ကုမ္ပဏီတွေကို ချန်လှပ်ပြီး တစ်ဦးချင်း တင်သွင်းသူတွေကိုပဲ မဲနှိုက်ရွေးချယ် ပေးနေ ပါတယ်”ဟု ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်တွင် ကုန်တင်ယာဉ်နှင့် ဘတ်စ်များကို 5G/1201 မှစပြီး ကနဦး မှတ်ပုံတင် ပြုလုပ်ပေးခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် 5G/5672 ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။


 

Ref : Automobile

သုံးလတာ ကာလအတွင်း ယာဉ်မရပ်ရ လမ်းများပေါ် ရပ်တန့်ထားသည့်ယာဉ်များ ဖမ်းဆီးအရေးယူမှုပေါင်း ငါးထောင်ခန့်ရှိ


သုံးလတာ ကာလအတွင်း ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်တွင် ယာဉ်မရပ်ရ သတ်မှတ် ထားသည့် ကန့်သတ် လမ်းများပေါ်၌ ရပ်နားထားသည့် ယာဉ် များကို ဖမ်းဆီးအရေးယူမှုပေါင်း ငါးထောင် ခန့်ရှိကြောင်း ‘အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရ လမ်းပေါင်း ၅၇ လမ်း တွင် ရပ်တန့်သည့် ယာဉ်များအား ဖမ်းဆီးအရေး ယူမှုကို ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်အထိ ဖမ်းဆီးအရေးယူမှုပေါင်း ၄,၇၇၉ မှုရှိခဲ့ ကြောင်း၊ ယင်းအပြင် ကရိန်းနှင့် ဖမ်းဆီး အရေးယူမှု ၁,ဝ၈၇ မှု၊ ချလန်ဖြတ် အရေးယူမှုခဲ့မှုပေါင်း ၃,၆၉၂ မှု ဖြစ်ကြောင်း သိရသည်။ ယာဉ်မရပ်ရ သတ်မှတ်နေရာများ၌ ဖမ်းဆီးအရေးယူခြင်းခံရပါက ကရိန်းနှင့်ဆွဲယူသည့် ယာဉ်ဖြစ်လျှင် ငွေကျပ် တစ်သိန်းခွဲခန့် ကုန်ကျမည် ဖြစ်ပြီး ချလန်ဖြတ်အရေးယူပါက ဒဏ်ငွေ နှစ်သောင်းခွဲ ဒဏ်ရိုက် အရေးယူလျက်ရှိကြောင်း၊ ယင်းမှာ စည်ပင်သာယာဥပဒေ ပုဒ်မ ၆၈ အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းဥပဒေအရ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက် ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ အနည်းဆုံး ဒဏ်ငွေ ကျပ် တစ် သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံစေနိုင်မည်ဟု သိရ သည်။


 

Ref : Automobile

Chery QQ3 ကားများကို အပ်နှံခွင့်ပေးခဲ့သလို ထိုကားများထက် မှတ်ပုံတင်သက်တမ်းကြာမြင့်သည့် ဇုန်ကားများကိုလည်း အပ်ခွင့်ပြုသင့်ဟုဆို


တရုတ်နိုင်ငံမှ တင်သွင်းလာသော Chery QQ 3 ကားများကို အပ်နှံခွင့်ပေးခဲ့သလို ထိုကားများထက် မှတ်ပုံတင်သက်တမ်း ကြာမြင့်ပြီဖြစ်သော စက်မှုဇုန်ထုတ်ကားများ ကိုလည်း အပ်နှံခွင့်ပေးသင့်ကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေး အသင်း’ ဥက္ကဌ ဦးအောင်သန်းဝင်းက ဆိုခဲ့သည်။ Chery QQ 3 ကားများသည် မြန်မာနို်င်ငံသို့ ၂ဝဝ၆ ခုနှစ် ဝန်းကျင်က ဝင်ရောက်လာခဲ့ပြီး ထိုကားများထက် မှတ်ပုံတင်သက်တမ်း ငါးနှစ်ခန့်စောသော စက်မှုဇုန်ထုတ် ကားများကို အပ်နှံခွင့်ပေးသင့်သည်ဟု ဦးအောင်သန်း ကဆိုခဲ့သည်။ လွှတ်တော်အစည်းအဝေးတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က စက်မှုဇုန်ထုတ်ကားများကို အပ်နှံခွင့်ပြုရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သဖြင့် ထိုကားများ၏စျေးနှုန်းများသည် အနည်းငယ်မြင့်တက်သွားခဲ့သည်။ သို့သော် စက်မှုဇုန်ထုတ် ကားများကိုအပ်နှံခွင့်ပြုရန် အချိန်ကာလတစ်ခု အထိလိုနေသေးသောကြောင့် ဝယ်/ရောင်းအနည်းစုသာ ဇုန်ဂျစ်များ ဝယ်ယူစုဆောင်းထားကြသည်။ စက်မှုဇုန်ဂျစ်ကားများ ၏ စျေးကွက်နှင့်ပတ်သက်၍ ဦးအောင်သန်းဝင်းက “ဇုန်ဂျစ်တွေ စျေးအနည်းငယ် တက်သွားပေမဲ့ ဝယ်ယူတဲ့သူ နည်းနေသေးပါတယ်၊ ဘယ်အချိန်မှာ အပ်နှံခွင့်ပြုမယ် ဆို တာ မသိတဲ့အတွက် အဝယ်အများကြီး မရှိသေးပါဘူး၊ တကယ်ဆိုရင် Chery QQ 3 ကားတွေကို အပ်နှံခွင့်ပေးခဲ့သလို ဇုန်ကားတွေကိုလည်း အပ်ခွင့်ပေးသင့်ပါတယ်”ဟု ဆိုခဲ့သည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်နေသော စျေးနှုန်းအရ ဇုန်ဂျစ်များသည် ကျပ်သိန်း လေးဆယ်ဝန်းကျင်ရှိကြောင်း သိရသည်။


Ref : Automobile

ယာဉ်မောင်းလိုင်စင်မရှိဘဲ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ဖြစ်ပေါ်နေ တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ၏ သုံးပုံနှစ်ပုံခန့် ပမာဏသာ ယာဉ်မောင်း လိုင်စင် ထုတ်ယူထားမှုရှိ


ယာဉ်မောင်းလိုင်စင် မရှိဘဲ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ၏ သုံးပုံနှစ် ပုံခန့် ပမာဏသာ ယာဉ်မောင်း လိုင်စင် ထုတ်ယူထားရှိမှု ရှိနေကြောင်း ‘ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ လက်ရှိ ပြည်တွင်း၌ မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် အထိ စာရင်းများအရ ယာဉ်အ စီးရေ ၄,ဝ၁၆,၇၅၇ စီးခန့် ရှိနေပြီး ယာဉ်မောင်းလိုင်စင် ထုတ်ယူမှုမှာ ၂,၉၃၁,၅၁၃ ဦးခန့်သာရှိနေ ကြောင်း သိရသည်။ “မှတ်ပုံတင်ယာဉ်အစီးရေထက် ယာဉ်မောင်းလိုင်စင် ထုတ်ယူထားရှိမှု နည်းနေတဲ့သဘော ကတော့ လိုင်စင်မရှိဘဲ မောင်းနေတာတွေ ရှိနေလို့ပေါ့၊ အများအား ဖြင့်တော့ နယ်တွေမှာ ပိုများမယ်၊ နယ်တွေမှာက ဆိုင်ကယ်တွေရှိ ကြပြီး လိုင်စင်မရှိ၊ အသက်မပြည့်ဘဲ မောင်း နေတာမျိုးတွေကြောင့် ဖြစ်တာများမယ်”ဟု ‘ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’မှ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအောင်မြင့်က ဆိုသည်။ ၂ဝဝ၉ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အပါအဝင် တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေ နှစ်သန်းခန့်ရှိချိန်၌ ယာဉ်မောင်းလိုင်စင် ထုတ်ပေး ထားမှုမှာ နှစ်သန်းကျော်တွင်ရှိ ပြီး ယခုလက်ရှိ အချိန်မှာတော့ ယာဉ်မောင်းလိုင်စင် ထုတ်ယူမှုပမာဏမှာ နည်းပါးနေကာ မှတ်ပုံတင်ထားသော ယာဉ်အစီးရေပမာဏ များ ပြားနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းများ၏ အဓိက အကြောင်းအရာများတွင် ယာဉ်လမ်းကြောင်းများ နားလည်မှု မရှိခြင်း၊ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းအပေါ် အပြည့်အဝ နားလည်မှုမရှိခြင်း၊ ယာဉ်မောင်းသူများ အရည်အချင်းပြည့်ဝမှု မရှိ ခြင်းနှင့် နီးစပ်ရာမှ ယာဉ်မောင်း သင်ကြားမှုများကြောင့် ယာဉ်မတော်တဆမှုများ အများဆုံးဖြစ်ပေါ်နေရာ ယာဉ်မောင်းလိုင်စင်ကို စနစ်တကျ ထုတ်ယူခြင်း၊ ပေးအပ်ခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ် ကြသည်။


Ref : Automobile

ကုမ္ပဏီများမှ အသနားခံစာ တင်ပြမှုကြောင့် တိုက်ကြေကားနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းများမပြုတော့ဟုဆို


သက်ဆိုင်ရာ ကုမ္ပဏီများထံမှ အသနားခံစာ တင်ပြမှုကြောင့် အကောက်ခွန်ဦးစီးဌာနမှ တိုက်ကြေကားနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းများ ပြုလုပ်တော့မည် မဟုတ်တော့ ကြောင်း ‘မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းရောင်းချသူများ အသင်း’မှ သိရသည်။ ၂ဝ၁၃ ခုနှစ်အတွင်း မော်တော်ယာဉ်တင်သွင်းမှုတွင် တိုက်ကြေကားများ ပါဝင်ခဲ့ပြီး မေလ ပထမပတ်တွင် အစီးရေ သုံးဆယ်ကျော်နှင့် နောက်ဆုံးပတ်တွင် အစီးရေ ငါးဆယ်ကျော်ကို သိမ်းဆည်းခဲ့ကြောင်း၊ ထို့ပြင် ပွန်းပဲ့ရုံနှင့် တိုက်ကြေကား သတ်မှတ်ရန် အတွက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ပွန်းပဲ့ရုံ၊ မီးအိမ်၊ မီးခွက် မပါရုံနှင့် တိုက်ကြေအဖြစ် သတ်မှတ်ကာဆိပ်ကမ်းမှမော်တော်ယာဉ် ထုတ်ယူခွင့် မပြုခြင်းကြောင့် အသင်း ၏ သတ်မှတ်ချက်နှင့် ကုမ္ပဏီများမှ အသနားခံစာများ တင်ပြခဲ့ကြသဖြင့် ထုတ်ယူခွင့် ပြုပေးခဲ့ပြီး တိုက်ကြေကားနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်းများ ပြုတော့မည် မဟုတ်ကြောင်း သိရသည်။ “ဒါက နားလည်မှုယူထားတဲ့ သဘောပါ၊ ထုတ်ယူခွင့်ပြုရင် ပြု၊ မပြုရင် ပြန်ပို့ပေါ့၊ ဒီလိုဆောင်ရွက်ပေးဖို့ကို တင်ပြခဲ့တယ်၊ ကားတင်သွင်းမှုမှာ တိုက်ကြေကား တွေ့ပြီ ဆိုရင် အကောက်ခွန်က အသင်းကို အကြောင်းကြားတယ်၊ ဒါကို အသင်းက သွားကြည့်ပြီး ဒါတော့ တိုက်ကြေကား၊ ဒါတော့ မဟုတ်ဘူး ဆိုပြီး ပြောပြသတ်မှတ်ရတယ်၊ တချို့ မိုဒယ်မြင့်ကားတွေဆိုရင် မီးခွက်တွေ ထိခိုက်မှာစိုးလို့ ဖြုတ်သိမ်းတယ်၊ ဒါကို တိုက်ကြေဆိုပြီး သူတို့က သတ်မှတ်တယ်၊ ဒါက မဟုတ်ဘူး ဆိုပြီး ရှင်းပြရတာပေါ့ အခုတော့ အဆင်ပြေပါပြီ၊ အသင်း ရဲ့ မှတ်ချက်နဲ့ ကုမ္ပဏီရဲ့အသနား ခံစာကိုကြည့်ပြီး လက်ခံတယ်”ဟု ‘မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ရောင်းချသူများအသင်း’မှ တွဲဖက် အတွင်းရေးမှူးက ပြောသည်။ မော်တော်ယာဉ်တင်သွင်းမှု မူဝါဒပြောင်းလဲသည့် ၂ဝ၁၁ ခုနှစ် မှစ၍ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်အထိ မော်တော်ယာဉ် ၁၂၆ç ၇၃၃ စီး တင်သွင်းခဲ့ပြီး တိုက်ကြေ ကားများ မပါဝင်ခဲ့ကြောင်း၊ မော် တော်ယာဉ်တင်သွင်းမှုတွင် တိုက် ကြေကားပါဝင်မှုမှာ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နောက်ပိုင်းမှ စ၍ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


 

Ref : Automobile

မြို့တွင်း ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းအနက် ၃၅ လိုင်းမှာ မီနီဘတ်စ်ယာဉ်များဖြင့် ပြောင်းလဲ ပြေးဆွဲမည်


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲ လျက်ရှိသော ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းအနက် ယာဉ် လိုင်း ၃၅ လိုင်းတွင် မီနီဘတ်စ်ကားများဖြင့် ပြောင်းလဲပြေးဆွဲမှု ဆောင်ရွက်ပြီး ဖြစ်ကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ(ဗပာို)’မှ သိရသည်။ အဆိုပါ ယာဉ်လိုင်း ၄၆ လိုင်းအနက် ကျန်ရှိနေသည့် ယာဉ်လိုင်း ၁၁ လိုင်းတွင်မူ အခြားယာဉ်လိုင်းမှ ကားများဖြင့် ဖြည့်စွက်ပြေးဆွဲသွားမည် ဖြစ်ပြီး မည်သည့် ယာဉ်လိုင်း များဖြင့် ပြေးဆွဲမည်ကိုမူ မသတ်မှတ်ရသေးကြောင်း သိရှိရသည်။ “မြို့တွင်းဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းစလုံးကို တခြားကားတွေနဲ့ အစားထိုးပြေးဆွဲမှာပါ၊ အခုထိတော့ ၃၅ လိုင်းအထိ အစားထိုးပြေးဆွဲနေပြီး ကျန်တဲ့လိုင်းတွေမှာလည်း မကြာခင်ပဲ အစားထိုး ပြေးဆွဲသွားမှာပါ၊ မီနီဘတ်စ်၊ ဒါမှမဟုတ် တခြား ကားတွေနဲ့ အစားထိုးဖို့ စီစဉ်နေ ပါတယ်၊ သေချာ မသတ်မှတ် ရသေးပါဘူး”ဟု မထသ(ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောကြားသည်။ ပြောင်းလဲပြေးဆွဲမည့် ယာဉ်လိုင်းများ၌ ယခင်ကပြေးဆွဲခဲ့သော ပာိုင်းလပ်ယာဉ်များ၏ ယာဉ်စီးခနှုန်းထား အတိုင်းသာ သတ်မှတ်ကောက်ခံရမည် ဖြစ်ပြီး လက်ရှိတွင်မူ အစားထိုးပြေးဆွဲလျက်ရှိသော မီနီဘတ်စ်ယာဉ်လိုင်းအချို့၌ ဒီဇယ် ဆီဖြင့် ပြေးဆွဲရမှုကြောင့် ယာဉ်စီးခ ပိုမိုကောက်ခံခြင်းများရှိနေသဖြင့် ယင်းယာဉ်များအား ပြေးဆွဲမှု ယာယီရပ်နားခိုင်းထားကာ CNG ရရှိမှသာ ပြန်လည်ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။


Ref : Automobile

 

၂ဝ၁၄ ခုနှစ်အတွင်း Brand New Car Showroom နှစ်ဆယ်ကျော်အထိထွက်ပေါ်လာဖွယ်ရှိ


၂ဝ၁၄ ခုနှစ်အတွင်း Brand New Car Showroom နှစ်ဆယ်ကျော်အထိ ထွက်ပေါ်လာဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း Mercedes ၊ Scania ၊ KIA ၊ Ford ၊ Chevrolet အစရှိ သည့် Showroom များကို ပါမစ်များ ချထားပေးခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် နှစ်အတွင်း၌ Mazda ၊ Nissan ၊ Solo ၊ MG ၊ Dongfeng စသည်တို့ အပါအဝင် Showroom ကိုးခုကို ပါမစ်ချပေးရန် စစ်ဆေးထားကြောင်း သိရသည်။ Brand New Showroom များကို ပါမစ်ချပေးခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ပြီးခဲ့တဲ့နှစ်အတွင်းမှာ Brand New Showroom ငါးခုကို ပါမစ်ချထားပေးခဲ့သလို နောက်ထပ် ကိုးခုကိုလည်း ပါမစ်ချပေးဖို့ စစ်ဆေး နေပါတယ်၊ ဒါ့ပြင် ဒီနှစ်အတွင်းမှာ Showroom ၁၅ ခုလည်း ပါမစ် လျှောက်ထားခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များကို ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှ စတင် ထုတ်ပေးခဲ့ရာ တစ်လလျှင် ကား အစီးရေ တစ်သောင်းကျော် ဝင်ရောက်လာကြောင်း UMFCCI မှ စက်မှုအသင်း ဒုတိယဥက္ကဌ ဦး ဇော်မင်းဝင်းက ပြောကြားခဲ့သည်။


Ref : Automobile

5G အက္ခရာထုတ်ပေးစဉ်ကာလအတွင်း 6G အပူးအက္ခရာ ငါးခု ရောင်းချပြီးဖြစ်


ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်ပိုင်ရှင်များ စိတ်ကြိုက်နံပါတ်များကို ကြိုတင်ရောင်းချပေးလျက်ရှိရာ 5G အက္ခရာထုတ် ပေးစဉ်ကာလအတွင်း 6G အပူးအက္ခရာနံပါတ် ငါးခုကို ရောင်းချပြီး ဖြစ်ကြောင်း ‘မြင်သာကညနရုံး’မှ သိရသည်။ ကနဦးမှတ်ပုံတင်ဌာနအနေဖြင့် 5G အက္ခရာထုတ်ပေး စဉ်ကာ လအတွင်း 6G အက္ခရာ အပူးနံပါတ်များကို ကြိုတင်ရောင်းချမှုပြုလုပ်ခဲ့ရာတွင် 6G အက္ခရာနံပါတ် လေးခုသာ ရောင်းချရန်ကျန်ရှိတော့မည် ဖြစ်သည်။ 6G အက္ခရာ များမှာ 6G/2222 ကို ကျပ်သိန်း ၂ဝ၊ 6G/3333 ကို ကျပ်သိန်း ၂ဝ၊ 6G/6666 ကို ကျပ် ၄၄ သိန်း၊ 6G/8888 ကို ကျပ်သိန်း ၅ဝ၊ 6G/9999 ကို ကျပ် ၅၆ သိန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ 5G အပူးနံပါတ်များမှာမူ နံပါတ်ကိုးခုစလုံး ရောင်းချပြီးဖြစ်ကြောင်း သိရသည်။ ယာဉ်ပို်င်ရှင်များ စိတ်ကြိုက် နံပါတ်အလှများ ရောင်းချခြင်းနှင့် ပတ်သက်၍ ကနဦးမှတ်ပုံတင်ဌာန မှ တာဝန်ရှိသူတစ်ဦးက “ဒီတစ်ပတ် အတွင်းမှာတော့ 6G အပူးနံပါတ်တွေကို အကုန်လုံးရောင်းချပြီးသွားပါပြီ၊ နောင်လာမယ့် 6G အက္ခရာတွေထဲမှာတော့ အပူးအက္ခရာ နံပါတ် ငါးခုဝယ်ယူမှု ပြုလုပ်ထားပါတယ်၊ ရောင်းချမှုအခြေအနေကတော့ အရင်ထက် ပိုကောင်းလာပါတယ်၊ အပူးအက္ခရာ မဟုတ် တဲ့ ပေါင်းခြင်းအက္ခရာ နံပါတ်တွေ၊ အက္ခရာအစဉ်လိုက်တွေနဲ့ ထောင်ဂဏန်း နံပါတ်တွေကိုပါ အခုနောက်ပိုင်း စိတ်ဝင်တစား ဝယ်ယူလာတာကို တွေ့ရပါတယ်၊ အဲဒီ အထဲမှာတော့ အပူးအက္ခရာတွေက လူစိတ်ဝင်စားမှု အများဆုံးဖြစ်နေတဲ့အတွက် ကြိုတင်ဝယ်ယူ ထားတဲ့သူတွေ ပိုများပါတယ်”ဟု ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်မှတ်ပုံတင်မှုများကို နေ့ စဉ်ပြုလုပ်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရောက်ရှိ နံပါတ်များမှာ 5G/8832 ၊ DD/6659 နှင့် 8L/3946 သို့ ရောက်ရှိ သွားပြီဖြစ်ကြောင်း ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။


Ref : Automobile

ကနဦးမှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ထောက်ကြန့်သို့ ပြောင်းရွှေ့ရန် သေချာ


ကနဦးမှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ထောက်ကြန့်သို့ပြောင်းရွှေ့ရန် သေချာသွားပြီဖြစ်ကြောင်း ‘ကုန်းလမ်း ပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန’ မှ သိရသည်။ ကုန်းလမ်း ပို့ဆောင်ရေးညွန် ကြားမှုဦးစီးဌာနမှ ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားစေရေးအတွက် ကနဦးမှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခြင်းများကို မြင်သာကညနရုံးမှ အခြားနေရာများတွင် ပြောင်းရွှေ့ပြုလုပ်ပေးရန် စီစဉ်လျက်ရှိသည်။  ကနဦးမှတ်ပုံတင်ပြုလုပ်ပေး ခြင်းကို ထောက်ကြန့်သို့ပြောင်းရွှေ့ မည့် အစီအစဉ်နှင့်ပတ်သက်၍ ကနဦးမှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက “ကနဦးမှတ်ပုံတင်ဌာနကို ပြောင်းရွှေ့တာက ယာဉ်ကြောပိတ် ဆို့မှုတွေ လျော့နည်းသွားဖို့ အတွက် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ အခုအချိန်မှာ ကနဦးဌာနကို ပြောင်းရွှေ့ဖို့အတွက် ထောက်ကြန့်မှာ မြေတိုင်းပြီး အဆောက်အအုံတည် ဆောက်ဖို့စီစဉ်နေ ပါတယ်” ဟု ဆိုခဲ့သည်။ ကနဦးမှတ်ပုံတင်ဌာန ပြောင်းရွှေ့မည့်နေရာသည် ထောက်ကြန့်စျေးနှင့် မှော်ဘီတိုးဂိတ်ကြားတွင် ရှိကြောင်း အကြမ်းဖျင်းသိရသည်။


 

Ref : Automobile

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »