တစ္ပတ္အတြင္း ကားေလာကသတင္းမ်ား

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။
သတင္းထူးမ်ားမွာေတာ့ :

news_this_week-500x185



  • ကညနမွ ဇန္န၀ါရီလအတြင္း နံပါတ္အလွေရာင္းခ်ျခင္းျဖင့္ အခြန္ေငြ က်ပ္သိန္း ၁,၃၀၀ ေက်ာ္ ရရွိ



  • လိပ္စာအတိအက်ျဖင့္ တိုင္ၾကားပါက စည္းကမ္းမဲ့ ယာဥ္လုပ္သားမ်ားအေပၚ အေရးယူမႈပံုစံအား မထသမွ ျပန္လည္ေျဖၾကားေပးမည္



  • ၿမိဳ႕တြင္းခရီးသည္တင္ယာဥ္လိုင္းမ်ား၌ အီလက္ထရြန္းနစ္ ကားလက္မွတ္စနစ္ အသံုးျပဳရန္ ျပင္ဆင္လ်က္ရွိ



  • ျမန္မာတစ္ႏိုင္ငံလံုး၌ စက္သံုးဆီ အေရာင္းဆိုင္သစ္ေပါင္း ၄၆၀ ခန္႔ ဖြင့္လွစ္ေရာင္းခ်ခြင့္ျပဳရန္ စိစစ္ေန



  • ယာဥ္အုိ၊ ယာဥ္ေဟာင္း အပ္ႏွံမႈစနစ္တြင္ ကားေကာင္းမ်ားကုိဖ်က္ဆီးခဲ့၍ အမ်ဳိးသားအက်ဳိးစီးပြားဆုံး႐ႈံးမႈ ျဖစ္ေပၚ



  • ၁က/ အကၡရာကားမ်ား ႀကိဳတင္၀ယ္ယူမႈေၾကာင့္ ေစ်းႏႈန္းျမင့္တက္



  • ကမၻာ့ေရာင္းအား အေကာင္းဆံုး စာရင္းတြင္ အဆင့္သံုးေနရာသို႔ ဂ်ီအမ္ ပထမဦးဆံုးအႀကိမ္ ဆင္းသက္ေပးခဲ့ရ



  • 5G အကၡရာအပူးနံပါတ္ ခုနစ္ခု ေရာင္းခ်ခဲ့ၿပီးျဖစ္



  • ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈ ထြက္ေပၚမလာေသး ေသာေၾကာင့္ ‘အ’အကၡရာစလစ္မ်ား သိန္းတစ္ရာ ေက်ာ္အထိ ျမင့္တက္



  • ဘဏ္အေကာင့္အတုလုပ္ၿပီး ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ပါမစ္ ေလွ်ာက္ထားသူမ်ားကို စီးပြား/ကူးသန္းမွ စိစစ္ေတြ႕ရွိ



  • အပ္ကားမ်ား ရွားပါးလာျခင္းေၾကာင့္ ထပ္မံေခၚယူမည့္ အကၡရာအား ပုိင္ရွင္မ်ားစိတ္၀င္တစား ေစာင့္ၾကည့္ေန



  • ရန္ကုန္ၿမိဳ႔တြင္း၌ အျမန္ယာဥ္မ်ား ေျပးဆြဲႏိုင္ရန္ ႐ုံးတက္၊ ႐ုံးဆင္းခ်ိန္ ဘတ္စ္ကားစီး ခရီးသည္ဦးေရ စစ္တမ္းေကာက္ယူ



  • အဆင့္ျမင့္ ယာဥ္ရပ္နားစခန္း သံုးခု ဗိုလ္တေထာင္ႏွင့္ ကမာရြတ္ၿမိဳ႔နယ္တို႕တြင္ တည္ေဆာက္မည္



  • အို/ေဟာင္း စီမံခ်က္အရ CNG ျပန္လည္တပ္ဆင္ေပးမႈ ၉၅ ရာခိုင္ႏႈန္းေက်ာ္ ၿပီးစီး



  • ရန္ကုန္ၿမဳိ႕ရွိ စက္သံုးဆီအေရာင္းဆိုင္မ်ား အျခင္အတြယ္ျပည့္၀စြာ ေရာင္းခ်ေပးမႈမရွိေၾကာင္း ၀န္ႀကီးဌာနသို႔ တိုင္ၾကားမႈမ်ားရွိေန



  • အစိုးရအဖြဲ႕မွ ဖိတ္ေခၚပါက ျပည္တြင္းသို႔ Tata ဘတ္စ္ကားမ်ား တင္သြင္းမည္



 

 

ကညနမွ ဇန္န၀ါရီလအတြင္း နံပါတ္အလွေရာင္းခ်ျခင္းျဖင့္ အခြန္ေငြ က်ပ္သိန္း ၁,၃၀၀ ေက်ာ္ ရရွိ


ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန အေနျဖင့္ ဇန္န၀ါရီလအတြင္း ယာဥ္ပိုင္ရွင္မ်ားစိတ္ ႀကဳိက္ နံပါတ္အလွမ်ား ေရာင္းခ် ျခင္းျဖင့္ ႏုိင္ငံေတာ္အတြက္ အခြန္ ေငြ သိန္း ၁,၃၀၀ ေက်ာ္ ရွာေဖြႏုိင္ခဲ့ေၾကာင္း ‘ျမင္သာကညန႐ုံး’မွ သိရသည္။ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ယာဥ္ပိုင္ရွင္မ်ားအား စိတ္ႀကိဳက္ နံပါတ္ မ်ား ႀကဳိတင္ေရာင္းခ်ေပးခဲ့ရာတြင္ ၂၀ ၁၃ ခုႏွစ္၊ ဧၿပီလမွ ဒီဇင္ဘာလအထိ အခြန္ေငြ က်ပ္သိန္း ၁၃,၉၀၀ ေက်ာ္ရွာေဖြေပးႏုိင္ခဲ့သည္။ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီလ အတြက္ နံပါတ္အလွမ်ား ႀကိဳတင္ေရာင္းခ်ေပးရာတြင္ အခြန္ေငြ က်ပ္သိန္း ၁,၃၆၈ အထိ ရရွိထားၿပီး ျဖစ္ေၾကာင္း သိရသည္။ “နံပါတ္ေတြကို ႀကဳိတင္ ေရာင္းခ်ေပးတယ္ ဆုိတာ က ယာဥ္ပိုင္ရွင္ေတြအတြက္ စိတ္ႀကဳိက္နံပါတ္ေတြကို အဆင္ေျပေျပနဲ႔ ရရွိႏုိင္ေအာင္ စီစဥ္ေပးထားတာ ျဖစ္ပါတယ္၊ ဒီႏွစ္ ဇန္န၀ါရီလထဲမွာေတာ့ နံပါတ္အလွ ၀ယ္ယူမႈ က အေတာ္ေလး မ်ားျပားခဲ့တာကို ေတြ႕ရပါတယ္၊ အပူးအကၡရာေတြကိုလည္း ေစ်းကြက္တစ္ခုမွာ ၀ယ္ယူသလို သူ႕ထက္ငါဦးေအာင္ ယူေနၾကတာ ေတြ႔ရတယ္၊ အခုလို ၀ယ္ယူတဲ့အတြက္ေၾကာင့္ ႏိုင္ငံေတာ္အတြက္ ဘ႑ာေငြတုိးပြားၿပီး ျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းေတြ အတြက္ အေထာက္အကူျဖစ္ေစမွာပါ”ဟု ‘ကနဦး မွတ္ပံုတင္ဌာန’ မွ တာ၀န္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ၂၀၁၂ ခုႏွစ္၊ ေဖေဖာ္၀ါရီလမွ စ၍ ကနဦး မူေသအမွတ္အား ပိုင္ရွင္ဆႏၵ အရ ေရြးခ်ုယ္၀ယ္ယူျခင္းဆိုင္ရာ က႑ အလုိက္ ေကာက္ခံရရွိမႈ ေငြစာရင္း မ်ားအရ ၂၀၁၁-၂၀၁၂ ခုႏွစ္တြင္ ၂,၆၆၀ သိန္း၊ ၂၀၁၂-၂၀၁၃ ခုႏွစ္တြင္ ၂၆,၈၇၈ သိန္း ရရွိခဲ့ ေၾကာင္း သိရသည္။


Ref: Automobile

လိပ္စာအတိအက်ျဖင့္ တိုင္ၾကားပါက စည္းကမ္းမဲ့ ယာဥ္လုပ္သားမ်ားအေပၚ အေရးယူမႈပံုစံအား မထသမွ ျပန္လည္ေျဖၾကားေပးမည္


စည္းကမ္းမဲ့ ယာဥ္လုပ္သားမ်ားအား တုိင္ၾကားရာတြင္ တုိင္ၾကား သူက လိပ္စာအတိအက် ျပည့္စံုစြာ ဆက္သြယ္ တိုင္ၾကားပါက ၎တို႔အေပၚ အေရးယူမႈပံုစံအား မထသ (ဗဟို)မွ ျပန္လည္ေျဖၾကား ေပးသြားမည္ျဖစ္ေၾကာင္း ‘မထသ (ဗဟို)’မွ သိရသည္။ ယင္းကဲ့သို႔ တိုင္ၾကားမႈမ်ား ႏွင့္ပတ္သက္၍ ေကာ္မတီဖြဲ႕ကာ စစ္ေဆးအေရးယူမႈမ်ား ျပဳလုပ္ၿပီး အေရးယူမႈႏွင့္ ပတ္သက္၍ ယခု ႏွစ္ ဇန္န၀ါရီလမွစတင္ကာ ယာဥ္လုပ္သားမ်ားအား အေရးယူခဲ့သည့္ အေျခအေနအေပၚ တိုင္ၾကားသူထံ ျပန္လည္ အေၾကာင္း ျပန္ေပးမည္ဟု သိရသည္။ “စည္းကမ္းမဲ့ ယာဥ္လုပ္သား တိုင္ၾကားမႈေတြကို ကြၽန္ေတာ္တို႔ ဘယ္လို အေရးယူေဆာင္ရြက္ထား တယ္ဆိုတာ ဇန္န၀ါရီလကစၿပီး တိုင္ၾကား သူေတြဆီ အေၾကာင္းျပန္ၾကားေပးပါတယ္၊ အခုဆိုရင္ တိုင္ၾကားခံရတဲ့ ယာဥ္ပိုင္ရွင္ေတြနဲ႔ ယာဥ္လုပ္သားေတြကို အေၾကာင္း ၾကားထားၿပီး တခ်ဳိ႕ကိုေတာ့အေရးယူ ေဆာင္ရြက္ၿပီး ျဖစ္ပါတယ္၊ ဒါေၾကာင့္ ဒီလိုမ်ဳိး အေရးယူမႈေတြနဲ႔ ပတ္သက္ၿပီး တိုင္ၾကားသူေတြဆီ အေၾကာင္းျပန္ၾကားႏိုင္ေအာင္ အမည္၊ လိပ္စာ၊ ဖုန္းနံပါတ္ေတြ မွန္ ကန္ေအာင္ ေဖာ္ျပေပးဖို႔ လိုပါတယ္”ဟု မထသ(ဗဟို) ဥကၠ႒ ဦးလွေအာင္က ေျပာသည္။ ၿပီးခဲ့သည့္ ဇန္န၀ါရီလအ တြင္း မထသ(ဗဟို)ယာဥ္၀န္ထမ္း တိုင္ၾကားစာ ၈၄ ေစာင္အထိရွိၿပီး အမ်ားဆံုးမွာ ယာဥ္စီးခ ပိုမို ေတာင္းခံသည့္ တိုင္ၾကားစာ ျဖစ္ ေၾကာင္း သိရသည္။ ယင္းကဲ့သို႔ ယာဥ္စီးခ ပိုမိုေတာင္းခံရျခင္းသည္ ညအခ်ိန္ တရားမ၀င္ ေျပးဆြဲသည့္ ေမာ္ေတာ္ယာဥ္(ၾကားကား) မ်ားေၾကာင့္ျဖစ္ၿပီး ၾကားကားမ်ားမွ ယာဥ္စီးခေတာင္းခံမႈ မ်ားျပားသည့္အတြက္ မထသကြပ္ကဲမႈ လက္ေအာက္ရွိ ေမာ္ေတာ္ ယာဥ္ မ်ားမွာလည္း ယင္းကားမ်ားကဲ့သို႔ ယာဥ္စီးခ တိုးျမႇင့္ေကာက္ခံရာမွ ယခုကဲ့သို႔ တိုင္ၾကားမႈမ်ားျခင္းျဖစ္ေၾကာင္း သိရသည္။


Ref: Automobile

ၿမိဳ႕တြင္းခရီးသည္တင္ယာဥ္လိုင္းမ်ား၌ အီလက္ထရြန္းနစ္ ကားလက္မွတ္စနစ္ အသံုးျပဳရန္ ျပင္ဆင္လ်က္ရွိ


ၿမိဳ႕တြင္း ခရီးသည္တင္ယာဥ္လိုင္းမ်ား၌ လက္ရွိအသံုးျပဳေနသည့္ ယာဥ္စီးနင္းခ ေတာင္းခံျခင္းစနစ္တြင္ အီလက္ထရြန္းနစ္ကားလက္မွတ္(e-ticket)စနစ္ အသံုးျပဳႏိုင္ ရန္ ျပင္ဆင္လ်က္ရွိေၾကာင္း မထသ(ဗဟို)မွ သတင္းရရွိသည္။ အဆိုပါ e-ticket စနစ္မွာ iPay ကဲ့သို႔ ႀကိဳတင္ေငြေပးကတ္ စနစ္တစ္မ်ဳိးျဖစ္ၿပီး ၿမိဳ႕တြင္းခရီးသည္တင္ ယာဥ္လိုင္းမ်ား၌ လတ္တေလာႀကံဳေတြ႕ေနရသည့္ အေၾကြ ရွားပါးမႈႏွင့္ ယာဥ္စီးခ ပိုေတာင္း ျခင္းျပႆနာမ်ား ေလ်ာ့ပါးေစရန္ ရည္ရြယ္စီစဥ္ျခင္း ျဖစ္ေၾကာင္းႏွင့္ အဆိုပါ အီလက္ထရြန္းနစ္ လက္မွတ္စနစ္က်င့္သံုးႏိုင္ရန္ သက္ဆိုင္ ရာဌာနမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား ေဆြးေႏြးညႇိႏိႈင္းလ်က္ရွိေၾကာင္း သိရသည္။ “ဒီစနစ္ကို က်င့္သံုးျခင္း အားျဖင့္ စပယ္ယာနဲ႔ ခရီးသည္ စကားမ်ားတာ ေလ်ာ့ႏိုင္မယ္၊ ညဘက္ ယာဥ္စီးခ ပိုေတာင္းတာေတြလည္း မျဖစ္ႏိုင္ေတာ့ဘူး၊ ေနာက္ဆံုး ကြၽန္ေတာ္တို႔ဆီ တိုင္စာေတြ ေရာက္တာလည္း နည္းသြားၿပီး ေျဖရွင္းရတဲ့ ရာခိုင္ႏႈန္းလည္း နည္းသြားမယ္ ထင္ပါတယ္”ဟု မထသ(ဗဟို)ဥကၠ႒ ဦးလွေအာင္က ေျပာသည္။ အီလက္ထရြန္းနစ္စနစ္ စတင္က်င့္သံုးပါက ယာဥ္လိုင္း အသီးသီးတြင္ လက္မွတ္စစ္မ်ား ခန္႔အပ္သြားမည္ ျဖစ္ၿပီး လက္ရွိတြင္ အဆိုပါစနစ္ ေျပာင္းလဲရန္ လာေရာက္ေဆြးေႏြးသည့္ ရင္းႏွီးျမႇဳပ္ႏွံ လိုသူလုပ္ငန္းရွင္ နည္းပါးေနေသးေၾကာင္း မထသမွ သတင္းရရွိသည္။


Ref: Automobile

ျမန္မာတစ္ႏိုင္ငံလံုး၌ စက္သံုးဆီ အေရာင္းဆိုင္သစ္ေပါင္း ၄၆၀ ခန္႔ ဖြင့္လွစ္ေရာင္းခ်ခြင့္ျပဳရန္ စိစစ္ေန


ျမန္မာတစ္ႏိုင္ငံလံုး၌ စက္သံုးဆီအ ေရာင္းဆိုင္သစ္ေပါင္း ၄၆၀ ခန္႔ ဖြင့္လွစ္ ေရာင္းခ်ခြင့္ျပဳရန္ စိစစ္ လ်က္ရွိေၾကာင္း ‘ျမန္မာ့ေရနံထြက္ပစၥည္း ေရာင္း၀ယ္ေရးလုပ္ငန္း’မွ သတင္းရရွိသည္။ စိစစ္လ်က္ရွိသည့္ စက္သံုးဆီ အေရာင္းဆိုင္သစ္မ်ားတြင္ ေနျပည္ေတာ္ေကာင္စီ၌ ၁၃ ဆိုင္၊ ရန္ ကုန္တိုင္းေဒသႀကီးတြင္ ၅၂ ဆိုင္၊ မႏၲေလးတိုင္း ေဒသႀကီး၌ ၅၆ ဆိုင္၊ ဧရာ၀တီတိုင္းေဒသႀကီး တြင္ ၄၉ ဆိုင္၊ ပဲခူးတိုင္းေဒသႀကီး၌ ၄၈ ဆိုင္၊ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ၃၆ ဆိုင္၊ မေကြးတိုင္းေဒသႀကီး၌ ၂၃ ဆိုင္၊ တနသၤာရီတိုင္းေဒသႀကီးတြင္ ၁၂ ဆိုင္၊ ကခ်င္ျပည္နယ္၌ ၂၈ ဆိုင္၊ ကယားျပည္နယ္တြင္ သံုးဆိုင္၊ ကရင္ျပည္နယ္၌ ေလးဆိုင္၊ ခ်င္းျပည္နယ္တြင္ တစ္ဆိုင္၊ မြန္ျပည္ နယ္၌ ၃၁ ဆိုင္၊ ရခိုင္ျပည္နယ္တြင္ ၂၂ ဆိုင္၊ ရွမ္းျပည္နယ္၌ ၈၂ ဆိုင္ စုစုေပါင္း အေရာင္းဆိုင္သစ္ ၄၆၀ ခန္႔ျဖစ္ေၾကာင္း သိရသည္။ “စက္သံုးဆီဆိုင္ဖြင့္ဖို႔ လာေရာက္ ေလွ်ာက္ထားတာေတြကို သတ္မွတ္ထားတဲ့ အခ်က္အလက္ေတြ ကိုက္ညီမႈ ရွိ၊ မရွိ လိုက္လံ စိစစ္ ေဆာင္ရြက္ေနပါတယ္”ဟု ‘ျမန္မာ့ ေရနံထြက္ပစၥည္း ေရာင္း၀ယ္ေရး လုပ္ငန္း’မွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။ စက္သံုးဆီ အေရာင္းဆိုင္သစ္ ဖြင့္လွစ္ရန္အတြက္ စြမ္းအင္၀န္ႀကီးဌာနသို႔ အဆိုျပဳေလွ်ာက္ထားသည့္ သက္ဆိုင္ရာ ျပည္နယ္ ၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ကန္႔ကြက္မႈမရွိေၾကာင္း ေထာက္ခံခ်က္၊ ေျမပိုင္ဆိုင္မႈ အေထာက္အထား၊ ျဖန္႔ျဖဴးေရာင္းခ်သည့္ စက္သံုးဆီရရွိႏိုင္မည့္ ကုမၸဏီအဖြဲ႕ အစည္း၏ ေထာက္ခံခ်က္၊ စာခ်ဳပ္စာတမ္းမ်ား လိုအပ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ျမန္မာတစ္ႏိုင္ငံလံုးအေနျဖင့္ စက္သံုးဆီအေရာင္းဆိုင္ေပါင္း ၁,၀၉၇ ဆိုင္ဖြင့္လွစ္ ေရာင္းခ်လ်က္ရွိၿပီး ယင္းတြင္ ႏိုင္ငံပိုင္ စက္သံုးဆီအေရာင္းဆိုင္ ၁၂ ဆိုင္၊ ပုဂၢလိက စက္သံုးဆီအေရာင္းဆိုင္ ၁,၀၈၅ ဆိုင္တို႔ ပါ၀င္ေၾကာင္း သိရသည္။


Ref: Automobile

ယာဥ္အုိ၊ ယာဥ္ေဟာင္း အပ္ႏွံမႈစနစ္တြင္ ကားေကာင္းမ်ားကုိဖ်က္ဆီးခဲ့၍ အမ်ဳိးသားအက်ဳိးစီးပြားဆုံး႐ႈံးမႈ ျဖစ္ေပၚ


ယာဥ္အုိ၊ ယာဥ္ေဟာင္း အပ္ႏွံမႈ စနစ္တြင္ ကားေကာင္းမ်ားကုိ ဖ်က္ဆီးခဲ့၍ အမ်ဳိးသားအက်ဳိး စီးပြား(National Interest)ဆုံး႐ႈံးမႈ ျဖစ္ေပၚေနေၾကာင္း ကားအေရာင္း စင္တာပုိင္ရွင္တစ္ဦးက သုံးသပ္ ေျပာၾကားခဲ့သည္။ ကားေဟာင္းအပ္ႏွံမႈ ေပၚလစီ အရ ကားတစ္စီးအပ္ၿပီး ျပည္ပမွ ကားသစ္တစ္စီး တင္သြင္းလွ်င္ ကညနအခြန္ ၆၀ ရာခုိင္ႏႈန္းအထိ သက္သာေသာေၾကာင့္ အပ္ကားမ်ား၏ေစ်းႏႈန္းမ်ားသည္ အင္ဂ်င္ ပါ၀ါ ၁၃၀၀ စီစီ ကားအသစ္ တစ္စီး၏တန္ဖုိးထက္ ျမင့္မားေနသည္။ ထုိ႔ျပင္ အပ္ကား မ်ား၏ တန္ဖုိး ျမင့္မားေနေသာေၾကာင့္ Condition ေကာင္းေသးေသာကားမ်ားကုိပါ အရည္က်ဳိ ဖ်က္ဆီးရန္ အပ္ႏွံခဲ့ၾကသည္။ ထုိကိစၥႏွင့္ပတ္သက္၍ ကား အေရာင္း စင္တာပုိင္ရွင္တစ္ဦးက “ယာဥ္အုိ၊ ယာဥ္ေဟာင္းအပ္ႏွံတဲ့စနစ္ကုိ ဖ်က္သိမ္းၿပီး အကၡရာအကန္႔အသတ္ မုိဒယ္အကန္႔အသတ္ မထားဘဲ ဖြင့္ေပးသင့္ပါတယ္၊ ကား ေဟာင္း စလစ္ေစ်းက သိပ္ေကာင္းတဲ့အတြက္ Condition ေကာင္းတဲ့ကားေတြကုိပါ ဖ်က္ပစ္ေနၾကပါတယ္၊ တုိင္းျပည္ကမခ်မ္းသာေသးလို႔ ကားေကာင္းေတြကုိ ဖ်က္ဆီးတာဟာ အမ်ဳိးသား အက်ဳိးစီးပြား (National Interest) ဆုံး႐ႈံးမႈ ျဖစ္ေပၚပါတယ္၊ ကားတစ္စီးကုိသံရည္ က်ဳိစက္႐ုံမွာ ေခ်လုိက္မယ္ဆုိရင္ တစ္တန္ေတာင္ မရပါဘူး၊ တန္ဖုိးအေနနဲ႔ တြက္ၾကည့္မယ္ဆုိရင္လည္း သုံးသိန္း၊ ေလးသိန္းေလာက္ပဲ ရွိပါတယ္၊ လက္ရွိေပၚလစီအရ ကားေဟာင္းတစ္စီးအပ္ၿပီး ျပန္ သြင္းမယ္ဆုိရင္ ကညန အခြန္ ၆၀ ရာခုိင္ႏႈန္းသက္သာတဲ့အတြက္ Land Cruiser လုိ ကားမ်ဳိးသြင္းမယ္ဆုိရင္ သိန္း ၁၈၀ ေလာက္ သက္သာလို႔ အပ္ကားေစ်းက ေကာင္းေနတာျဖစ္ ပါတယ္၊ တကယ္ဆုိရင္ တင္သြင္းလာတဲ့ကားေတြကုိ စလစ္ကပ္စရာ မလုိဘဲ လုိခ်င္တဲ့ အခြန္ကုိေကာက္ခံလုိက္မယ္ဆုိရင္ စလစ္ေစ်းရွိေတာ့မွာမဟုတ္ပါဘူး၊ ကား ေဟာင္းအပ္ၿပီး ကားသစ္သြင္းခ်င္တဲ့သူေတြ အတြက္ကုိေတာ့ အပ္မယ့္ကားကုိ တန္ဖုိးတစ္ခု သတ္မွတ္ၿပီး အပ္ႏွံခြင့္ေပးသင့္ပါတယ္”ဟု ဆုိခဲ့သည္။ လက္ရွိအခ်ိန္တြင္ ယာဥ္အုိ၊ ယာဥ္ေဟာင္းအပ္ႏွံမႈ ေပၚလစီ ထြက္ေပၚမလာေသးေသာေၾကာင့္ ကားေဟာင္းစလစ္ေစ်းမွာ ျမင့္တက္ ေနၿပီး ‘အ’အကၡရာစလစ္ အမည္ေပါက္စလစ္ တစ္ေစာင္ သည္ ၉၇ သိန္း၀န္းက်င္ ေပါက္ေစ်းရွိေၾကာင္း သိရသည္။


Ref: Automobile

၁က/ အကၡရာကားမ်ား ႀကိဳတင္၀ယ္ယူမႈေၾကာင့္ ေစ်းႏႈန္းျမင့္တက္


‘၁က’ အကၡရာကားမ်ားကို ႀကဳိ တင္၀ယ္ယူမႈမ်ားေၾကာင့္ ေစ်းႏႈန္းမ်ား ျမင့္တက္ေနေၾကာင္း ကား ၀ယ္/ေရာင္းမ်ားမွတစ္ဆင့္ သိရွိရသည္။ ထားပို႔ေဆာင္ေရး၀န္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ ၾကားမႈဦးစီးဌာနက ၿပီးခဲ့သည့္ ႏွစ္ေအာက္တိုဘာ ၂၅ ရက္တြင္ ၂၀၁၄ ခုႏွစ္မွစ၍ ယာဥ္သက္တမ္းအလုိက္ အပ္ႏွံခြင့္ေပးမည္ဟု သတင္း ထုတ္ျပန္ခဲ့ေသာ္လည္း သံုးလေက်ာ္ ကာလအထိ အေကာင္အထည္ မေဖာ္ႏိုင္ေသးေသာေၾကာင့္ မူလအတုိင္း အကၡရာအစဥ္အလိုက္ အပ္ႏွံခြင့္ေပး ဖြယ္ရွိသည္ဟု ကားေလာကအတြင္း၌ သတင္းမ်ား ထြက္ေပၚေနသည္။ သုိ႔ျဖစ္၍ ယာဥ္အို၊ ယာဥ္ေဟာင္း ၀ယ္။ေရာင္းမ်ားသည္ ‘အ’အကၡရာအၿပီး ေနာက္ဆက္တဲြ အကၡရာျဖစ္သည့္ ‘၁က’ ကားမ်ားကို ႀကဳိတင္၀ယ္ယူထားေနျခင္းျဖစ္သည္။ ယခုရက္ပိုင္းအတြင္း ျဖစ္ေပၚေနေသာ ‘၁က’ အကၡရာကား မ်ားႏွင့္ပတ္သက္၍ ကား၀ယ္/ေရာင္းတစ္ဦးက “ ‘အ’အကၡရာ ၿပီးရင္ ‘၁က’ အကၡရာကားေတြကို အပ္ႏွံခြင့္ ေပးလိမ့္မယ္ဆိုတဲ့ အထင္နဲ႕ အပ္ကား၀ယ္/ေရာင္းႀကီးေတြက ‘၁က’ကားေတြကို ႀကိဳတင္ၿပီးေတာ့ ၀ယ္ယူေန ၾကပါတယ္၊ ဒါေၾကာင့္လည္း ‘၁က’ ကားေတြေစ်းက ငါးသိန္းေလာက္ ျမင့္တက္သြားပါတယ္၊ သက္တမ္း ႏွစ္ႏွစ္ဆယ္ကား ပဲေခၚေခၚ အကၡရာအစဥ္လိုက္ အတုိင္းပဲေခၚ ေခၚ ဒီအခ်ိန္မွာ ‘၁က’ကားေတြကို၀ယ္ ထားမယ္ဆိုရင္ အ႐ႈံးမရွိပါဘူး”ဟု ဆိုခဲ့သည္။ ‘၁က’ကားမ်ားကို ႀကဳိတင္ ၀ယ္ယူသူမ်ားေၾကာင့္ ေစ်းကြက္အတြင္းတြင္ ထုိ အကၡရာ ကားမ်ားမွာ ၀ယ္လိုအားမ်ားၿပီး ေရာင္းကား နည္းပါးေနေၾကာင္း သိရသည္။ ယခုရက္ပုိင္းအတြင္း ျဖစ္ေပၚေနေသာ ေစ်းကြက္အရ ‘၁က’ အကၡရာ ကားမ်ားသည္ ၇၅ သိန္း၀န္းက်င္ႏွင့္ ၂က၊ ၃က အကၡရာကားမ်ားသည္ ၆၅ သိန္း ၀န္းက်င္ ေပါက္ေစ်းရွိေၾကာင္း ကား၀ယ္/ေရာင္းမ်ားထံမွ သိရသည္။


Ref: Automobile

ကမၻာ့ေရာင္းအား အေကာင္းဆံုး စာရင္းတြင္ အဆင့္သံုးေနရာသို႔ ဂ်ီအမ္ ပထမဦးဆံုးအႀကိမ္ ဆင္းသက္ေပးခဲ့ရ


အေမရိကန္ျပည္ေထာင္စု၏အႀကီးဆံုး ကားကုမၸဏီႀကီးျဖစ္သည့္ ဂ်ီအမ္သည္ ကမၻာ့ေရာင္းအား အေကာင္းဆံုး ကုမၸဏီစာရင္းတြင္ အဆင့္သံုးေနရာသို႔ ပထမဦးဆံုး အႀကိမ္ေရာက္ရွိသြားခဲ့ေၾကာင္း ‘Economic times သတင္းစာ’က ဇန္န၀ါရီလ ၃၁ ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။ ၁၉၀၈ ခုႏွစ္တြင္ မစ္ခ်ီဂန္ျပည္နယ္၌ စတင္ တည္ ေထာင္ခဲ့ေသာ ဂ်ီအမ္သည္ ၁၉၃၁ ခုႏွစ္မွ ၂၀၀၇ခုႏွစ္ထိ ကမၻာ့ေရာင္းအားအေကာင္းဆံုး ကုမၸဏီအျဖစ္ ၇၇ ႏွစ္ဆက္တိုက္ရပ္ တည္ႏိုင္ခဲ့သည္။ သို႔ေသာ္ ၂၀၀၈မွ ၂၀၁၂ ခုႏွစ္ထိ ငါးႏွစ္အတြင္း ပထမေနရာကို မဟာၿပဳိင္ဘက္တုိယိုတာထံ လြဲေျပာင္းေပးခဲ့ရေသာ္လည္း တတိယေနရာအထိ ဆင္းသက္ေပးခဲ့ရျခင္း မရွိခဲ့ေပ။ ၂၀၁၃ ခုႏွစ္တြင္မူ တစ္ကမၻာလံုးတြင္ ကားစီးေရ ၉ ဒသမ ၇၁ သန္း ေရာင္းခ် ႏိုင္ခဲ့ေသာ္လည္း အဆင့္သတ္မွတ္ခ်က္အရ တိုယိုတာႏွင့္ ဂ်ာမာန္ကုမၸဏီ ေဗာက္စ္၀က္ဂန္တုိ႔၏ ေနာက္ တတိယေနရာတြင္သာ ရပ္တည္ႏုိင္ခဲ့သည္။ ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္အတြင္း တုိယိုတာသည္ ကားစီးေရ ၉ ဒသမ ၉၈ သန္း ေရာင္းခ်ကာ ေရာင္းအား အေကာင္းဆံုးဆုကို ေျခာက္ႏွစ္တာအတြင္း ငါးႀကိမ္ေျမာက္ ရရွိခဲ့ၿပီး ေမာက္စ္၀က္ဂန္က ကားစီးေရ ၉ ဒသမ ၇၃ သန္း ေရာင္းခ်ကာ ဒုတိယေနရာတြင္ ရပ္တည္ႏိုင္ခဲ့သည္။ ဂ်ီအမ္ကို ေက်ာ္ ျဖတ္ကာ ဒုတိယေနရာသို႔ တက္လွမ္းလာခဲ့ေသာ ေဗာက္စ္၀က္ဂန္သည္၎တုိ႔ ကုမၸဏီမွ ထုတ္လုပ္သည့္ကားတံဆိပ္ ၁၂ မ်ဳိးစလံုး ေရာင္းအားတက္ခဲ့ေသာေၾကာင့္ အျမတ္ေငြ ရရွိမႈပမာဏမွာလည္း ျမင့္တက္လာခဲ့သည္။ ေဗာက္စ္၀န္ဂန္ကုမၸဏီသည္ Audi ၊ SEAT ၊ Skoda ၊ Porsche ၊ VW ၊ Lamborghini ၊ Bentley ၊ Bugatti ၊ VW Commercial Vehicles ၊ Ducati ၊ Man ႏွင့္ Scania အမွတ္တံဆိပ္ကားမ်ားကို ထုပ္လုပ္ ေရာင္းခ်လ်က္ရွိၿပီး ၂၀၀၈ ခုႏွစ္အတြင္း တစ္ႏွစ္တာ ေရာင္းအား အေကာင္းဆံုး ပမာဏကိုဆယ္သန္း အထိ ျဖစ္လာေစရန္ ရည္ရြယ္ထားသည္။


Ref: Automobile

5G အကၡရာအပူးနံပါတ္ ခုနစ္ခု ေရာင္းခ်ခဲ့ၿပီးျဖစ္


ကုန္လမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ေဖေဖာ္၀ါရီ ၆ ရက္တြင္ စတင္ထုတ္ေပးခဲ့ေသာ 5G အကၡရာမ်ားထဲမွ 5G အပူးနံပါတ္ ခုနစ္ခု ေရာင္းခ်ခဲ့ၿပီးျဖစ္ ေၾကာင္း ‘ကညနမွတ္ပံု တင္ဌာန(ျမင္သာ) ကညန႐ုံး’မွ သိရသည္။ ကနဦးမွတ္ပံုတင္ဌာနအေနျဖင့္ ယာဥ္ပုိင္ရွင္မ်ား အဆင္ေျပေစရန္အတြက္ စိတ္ႀကိဳက္နံပါတ္ ႀကိဳတင္ ေရာင္းခ်မႈျပဳလုပ္ေပးလ်က္ရွိၿပီး 5G/2811 သို႔ ေရာက္ရွိိခ်ိန္၌ အပူးနံပါတ္ ခုနစ္ခု ေရာင္းခ်ခဲ့ၿပီး ျဖစ္သည္။ ေရာင္းခ်ၿပီးေသာ 5G အပူးနံပါတ္မ်ား မွာ 5G/2222 ကို က်ပ္ ၁၄ သိန္း၊ 5G/3333 ကို က်ပ္ ၁၂ သိန္း၊ 5G/4444 ကို က်ပ္သိန္း ႏွစ္ဆယ္ႏွင့္ 5G/5555 ကို က်ပ္ သိန္း ေလးဆယ္၊ 5G/7777 ကို က်ပ္သိန္း ေလးဆယ္၊ 5G/ 8888 ကို က်ပ္ ၃၆ သိန္းႏွင့္ 5G/9999 ကို က်ပ္ ၅၂ သိန္း တုိ႔ျဖင့္ အသီးသီး ေရာင္းခ်ေပးခဲ့သည္။ ေရာင္းခ်ရန္ က်န္ရွိသည့္ 5G/1111 ႏွင့္ 5G/6666 တုိ႔မွာလည္း ႀကိဳတင္မွာယူမႈမ်ား ျပဳလုပ္ထားေၾကာင္း သိရသည္။ “5G အကၡရာနံပါတ္ေတြကေတာ့ လူႀကိဳက္မ်ားတဲ့အတြက္ နံပါတ္ လာေရာက္ထုတ္ယူတဲ့သူေတြ၊ စိတ္ႀကိဳက္နံပါတ္ ၀ယ္ယူသူေတြနဲ႔ လက္မလည္ေအာင္ပါပဲ၊ နံပါတ္အလွေတြလည္း အေတာ္ေလး ေရာင္းရပါတယ္၊ အပူးအကၡရာေတြဆိုရင္ 5G/1111 နဲ႕ 5G/6666 ပဲ ေရာင္းဖို႔ က်န္ ေတာ့တယ္”ဟု ‘ျမင္သာ ကညန႐ုံး၊ ကနဦးမွတ္ပံုတင္ဌာန’မွ တာ၀န္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ျပည္ပမွ တင္သြင္းလာေသာယာဥ္မ်ားအား မွတ္ပံုတင္မ်ားျပဳလုပ္ ေပးလ်က္ရွိရာ ေဖေဖာ္၀ါရီ ၁ ရက္အထိ ေရာက္ရွိနံပါတ္ 5G/3572 ၊ DD/5912 ႏွင့္ 8L/3844 သို႔ ေရာက္ရွိ သြားၿပီျဖစ္ေၾကာင္း ကနဦးမွတ္ပံုတင္ဌာနမွ သိရသည္။


Ref : Automobile

ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈ ထြက္ေပၚမလာေသး ေသာေၾကာင့္ ‘အ’အကၡရာစလစ္မ်ား သိန္းတစ္ရာ ေက်ာ္အထိ ျမင့္တက္


ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈ ေပၚလစီအသစ္ ထြက္ေပၚမလာ ေသးေသာေၾကာင့္ ‘အ’အကၡရာ စလစ္မ်ားသည္ သိန္းတစ္ရာေက်ာ္အထိ ျမင့္တက္သြားခဲ့ေၾကာင္း ကား၀ယ္/ေရာင္းမ်ားထံမွ သိရွိရသည္။ ရထားပို႔ေဆာင္ေရး၀န္ႀကီးဌာနက ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာ ၂၅ ရက္တြင္ ႏိုင္ငံပိုင္သတင္းစာမ်ားမွတစ္ဆင့္ ၂၀၁၄ ခုႏွစ္မွ စ၍ ယာဥ္အို၊ ယာဥ္ေဟာင္းမ်ားကို ယာဥ္သက္တမ္းအလိုက္ အပ္ႏွံခြင့္ေပးမည္ဟု သတင္းထုတ္ျပန္ခဲ့သည္။ သို႔ေသာ္ ထုိသတင္းထုတ္ ျပန္ၿပီး သံုးလေက်ာ္ ကာလ အထိ လက္ေတြ႕ အေကာင္အထည္မေဖာ္ႏုိင္ေသးေသာေၾကာင့္ ကားေဟာင္း စလစ္ေစ်းမ်ား တစ္ပတ္ထက္ တစ္ပတ္ ျမင့္တက္လာခဲ့သည္။ ယခုတစ္ပတ္အတြင္း ျဖစ္ေပၚေန ေသာ စလစ္ေစ်းကြက္ႏွင့္ ပတ္သက္၍ ကား၀ယ္/ေရာင္းတစ္ ဦးက “ေပၚလစီသစ္ထြက္ေပၚမ လာေသးသလို ‘အ’ ၿပီးရင္ ဘယ္ အကၡရာကိုေခၚယူမယ္ဆိုတာ ခန္႔ မွန္းလို မရတဲ့အတြက္ စလစ္ေစ်း အေျပာင္းအလဲေတြ ျဖစ္ေပၚေနပါတယ္၊ ေစ်းကြက္ထဲမွာ စလစ္၀ယ္လိုအားေကာင္းၿပီး အပ္ကားက သိပ္မက်န္ေတာ့တဲ့အတြက္ စလစ္ေစ်းက ဒီတစ္ပတ္အတြင္းမွာ က်ပ္ သိန္းတစ္ရာအေပၚကို ေရာက္ရွိသြားခဲ့ပါတယ္”ဟု ဆိုခဲ့သည္။ ေစ်းကြက္အတြင္း ျဖစ္ေပၚေနေသာ ကားေဟာင္းႏွင့္ စလစ္ေစ်းကြက္မွာ ‘လ၊သ၊အ’အကၡရာ ကားေဟာင္းတစ္စီးလွ်င္ က်ပ္ ၉၉ သိန္းႏွင့္ အမည္ေပါက္ စလစ္ တစ္ေစာင္လွ်င္ က်ပ္ ၁၀၄ သိန္း ၀န္းက်င္၊ တကၠစီအပ္ကားတစ္စီးလွ်င္ က်ပ္သိန္း ၆၀ ၀န္းက်င္ႏွင့္ တကၠစီစလစ္တစ္ေစာင္လွ်င္ က်ပ္ ၆၄ သိန္း၀န္းက်င္၊ နံပါတ္အနီ Chery QQ3 ကားေဟာင္းတစ္စီးလွ်င္ က်ပ္ ၅၈ သိန္း၀န္းက်င္ ေပါက္ေစ်း အသီးသီး ရွိ ေၾကာင္း ကား၀ယ္/ေရာင္းမ်ားထံမွ သိရသည္။


Ref : Automobile

 

ဘဏ္အေကာင့္အတုလုပ္ၿပီး ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ပါမစ္ ေလွ်ာက္ထားသူမ်ားကို စီးပြား/ကူးသန္းမွ စိစစ္ေတြ႕ရွိ


ဘဏ္အေကာင့္ အတုလုပ္ၿပီး ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ ပါမစ္ ေလွ်ာက္ထားသူမ်ားကို စိစစ္ေတြ႕ရွိခဲ့ေၾကာင္း ‘စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန’မွ သိရွိ ရသည္။ ေမာ္ေတာ္ယာဥ္တင္သြင္းသူ အခ်ဳိ႕သည္ ျပည္ပမွ ကားမ်ားကို ၀ယ္ယူရန္အတြက္ အမွွန္တကယ္ ႏုိင္ငံျခားေငြစာရင္းမျပဳလုပ္ဘဲ စာရြက္စာတမ္း အတုမ်ား ျဖင့္ ပါမစ္ေလွ်ာက္ထားသူမ်ား ရွိေနသည္။ ႏိုင္ငံျခားေငြစာရင္း ျပဳလုပ္ရာတြင္ အစိုးရဘဏ္မ်ားျဖစ္သည့္ MICB ႏွင့္ MFTB ဘဏ္တို႔၌ ဘဏ္စာ အုပ္စနစ္ က်င့္သံုးေသာ ေၾကာင့္ အတုျပဳလုပ္၍မရေပ။ သုိ႔ေသာ္ ပုဂၢလိကဘဏ္မ်ား၌ ဘဏ္ခ်လန္ကို အသံုးျပဳေသာေၾကာင့္ ကားတင္သြင္းသူ အခ်ဳိ႕က အမွန္တကယ္ေငြစာရင္း မဖြင့္လွစ္ဘဲ အတုျပဳလုပ္ေနေၾကာင္း ကားတင္သြင္းသူတစ္ဦး ထံမွ သိရသည္။ ဘဏ္အေကာင့္ အတုျဖင့္ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ ပါမစ္မ်ားကို စိစစ္ေတြ႕ရွိခဲ့ျခင္းႏွင့္ပတ္သက္၍ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ တာ၀န္ရွိသူတစ္ဦးက “ဘဏ္အေကာင့္ အတုျပဳလုပ္ၿပီး ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ပါမစ္ ေလွ်ာက္ထားသူေတြကို စိစစ္ေတြ႕ရွိခဲ့ပါတယ္၊ MFTB နဲ႔ MICB တုိ႔မွာ ႏုိင္ငံျခားေငြစာရင္းဖြင့္ရင္ ဘဏ္စာအုပ္ျပဳလုပ္ေပးတဲ့အတြက္ ခိုင္မာမႈရွိပါတယ္၊ ပုဂၢလိကဘဏ္ေတြကေတာ့ Statement နဲ႔ ထုတ္ေပးပါတယ္၊ ဘဏ္ေတြမွာ ေငြတကယ္ထည့္ရင္ေတာ့ Statement အစစ္နဲ႔ထုတ္ေပးမွာ ျဖစ္ပါတယ္၊ ဌာနအေနနဲ႔ကလည္း ဘဏ္ေတြဆီကလာတဲ့ Statement ေတြကို လက္ခံေပးရမွာ ျဖစ္ပါတယ္၊ ဒါေပမဲ့ တစ္ရက္ကို ပါမစ္အေစာင္ သံုးရာေလာက္ထုတ္ေပးရၿပီး အခ်ိန္မီလုပ္ေပးမွ ေက်နပ္ၾကတဲ့အတြက္ အကုန္လံုးကိုေတာ့ စိစစ္ မေပးႏုိင္ပါဘူး၊ ဒါေၾကာင့္ အားနည္းခ်က္ေတြရွိလာခဲ့ၿပီး အခြင့္အေရးသမားတခ်ဳိ႕က ဟာကြက္အေပၚမွာ လုပ္စားသြားၾကတာ ျဖစ္ပါတယ္၊ ဒီျဖစ္စဥ္က ဌာနနဲ႔ မဆိုင္သလို ဘဏ္ေတြနဲ႔လည္း မဆိုင္ပါဘူး၊ ဘဏ္အေကာင့္အတု လုပ္တဲ့သူေတြကို အေရးယူဖို႔ဆိုတာ ႏွစ္ခ်က္ရွိပါတယ္၊ အေကာင့္ဖြင့္တဲ့သူကိုပဲ အေရးယူမလား၊ ကုမၸဏီကိုပဲ အေရးယူမလားဆိုတာ စဥ္းစားရက်ပ္ေနပါတယ္၊ မွတ္ပံုတင္ငွားၿပီး ေသာင္းဂဏန္းေလာက္ပဲရတဲ့သူေတြကို အေရးယူမယ္ဆိုရင္ မျဖစ္သင့္သလို၊ ကုမၸဏီကို အေရးယူ မယ္ဆိုရင္လည္း ထြက္ေျပးတိမ္းေရွာင္သြားမွာျဖစ္ပါတယ္၊ ဒါေၾကာင့္ အေရးယူဖို႔ ဆိုတာထက္ ျပႆနာအရင္းအျမစ္ကို စဥ္းစားရမွာျဖစ္ပါတယ္”ဟု ၎၏အျမင္ကို သံုးသပ္ေျပာဆိုခဲ့သည္။


Ref: Automobile

အပ္ကားမ်ား ရွားပါးလာျခင္းေၾကာင့္ ထပ္မံေခၚယူမည့္ အကၡရာအား ပုိင္ရွင္မ်ားစိတ္၀င္တစား ေစာင့္ၾကည့္ေန


ရန္ကုန္တိုင္းေဒသႀကီးအတြင္း အပ္ႏွံဆဲျဖစ္သည့္ ‘လ၊သ၊အ’အပ္ကားမ်ား ရွားပါးလာျခင္းေၾကာင့္ ထပ္မံေခၚယူမည့္ အကၡရာအား ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ စိတ္၀င္ တစား ေစာင့္ၾကည့္ေနရေၾကာင္း ကား၀ယ္/ေရာင္းမ်ားထံမွ သိရသည္။ လက္ရွိအခ်ိန္တြင္ အပ္ႏွံဆဲ ‘အ’အကၡရာကားမ်ားမွာ ရန္ကုန္တိုင္းေဒသႀကီးအတြင္း အစီးေရ ၄,၇၅၀ ရွိရာ ေဖေဖာ္၀ါရီ ၁၀ ရက္တြင္ အစီးေရ ၄,၁၀၇ စီး အပ္ႏွံ ၿပီးစီးခဲ့ၿပီး ျဖစ္သည္။ ထုိ႔အတူ အပ္ႏွံရန္က်န္ရွိသည့္ ‘လ’ အကၡရာကားမ်ားမွာ အပ္ႏွံရန္ ၄,၀၅၄ စီး ရွိသည့္အနက္ ေဖေဖာ္၀ါရီ ၁၀ ရက္အထိ အစီးေရ ၃,၉၃၅ စီး အပ္ႏွံခဲ့ၿပီး ‘သ’ အကၡရာကားမ်ားမွာ အပ္ႏွံရန္ အစီးေရ ၄,၇၀၀ ရွိသည့္အနက္ နယ္ကားမ်ားအပါ အ၀င္ ၄,၇၁၅ စီးအပ္ႏွံၿပီး ျဖစ္ေၾကာင္း သိရသည္။ Chery QQ3 ကားမ်ားအပ္ႏွံမႈတြင္ ေဖေဖာ္၀ါရီ ၁၀ ရက္အထိ အစီးေရ ၂၃၁ စီး အပ္ႏွံၿပီးစီးခဲ့ၿပီး အကၡရာစံုမွ ေန႔စဥ္ ကား အစီးေရ ေျခာက္ဆယ္၀န္းက်င္ခန္႔ လာေရာက္အပ္ႏွံလ်က္ ရွိေၾကာင္း ‘ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈဌာန’မွ သိရသည္။ “ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈက အရင္ရက္ ေတြကထက္စာရင္ အခုရက္ပုိင္းမွာ အပ္ႏွံမႈ ျပန္မ်ားလာတာ ေတြ႕ရတယ္၊ အပ္ႏွံဖို႔က်န္ရွိတဲ့ အကၡရာကားေတြလည္း လာေရာက္ အပ္ႏွံၾကပါတယ္၊ အပ္ႏွံမႈ စာရင္း အရ အပ္ႏွံမယ့္ကားေတြကလည္း အနည္းငယ္ပဲရွိေတာ့တယ္၊ ေနာက္ထပ္အပ္ႏွံခြင့္ျပဳမယ့္ အကၡရာကေတာ့ အကၡရာအစဥ္လိုက္ပဲ ေခၚမလား၊ ယာဥ္သက္တမ္း အလုိက္ပဲ ေခၚမလားဆိုတာ မသိရေသးပါဘူး၊ ႐ုံးခ်ဳပ္က ညႊန္ၾကားခ်က္လည္း မလာေသးတဲ့အတြက္ ေျပာလို႔မရဘူး၊ ညႊန္ၾကားခ်က္ရတာနဲ႔ အခ်ိန္ နဲ႔တစ္ေျပးညီ ေျပာၾကားမႈေတြ ျပဳ လုပ္ၿပီး အပ္ကားေတြကိုလက္ခံေပး သြားမွာျဖစ္ပါတယ္”ဟု ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ အပ္ကား ရွားပါး လာျခင္းႏွင့္ အတူ ထပ္မံေခၚယူမည့္ အကၡရာကို မသိရေသးေသာေၾကာင့္ အပ္ကားမ်ား၏ ေစ်းႏႈန္းသည္ အနည္းငယ္ျမင့္တက္သြားခဲ့ၿပီး ‘အ’အကၡရာ စလစ္တစ္ေစာင္လွ်င္ က်ပ္(၁၀၄) သိန္း ၀န္းက်င္ရွိေၾကာင္း ေစ်းကြက္အတြင္းမွ သိရသည္။


Ref : Automobile

ရန္ကုန္ၿမိဳ႔တြင္း၌ အျမန္ယာဥ္မ်ား ေျပးဆြဲႏိုင္ရန္ ႐ုံးတက္၊ ႐ုံးဆင္းခ်ိန္ ဘတ္စ္ကားစီး ခရီးသည္ဦးေရ စစ္တမ္းေကာက္ယူ


ရန္ကုန္ၿမဳိ႕တြင္း၌ အျမန္ယာဥ္မ်ား ၀င္ေရာက္ေျပးဆြဲႏိုင္ရန္ ႐ုံးတက္၊ ႐ုံးဆင္းခ်ိန္ ဘတ္စ္ကားစီး ခရီးသည္ အေရအတြက္ကုိ စစ္တမ္းေကာက္ယူလ်က္ရွိေၾကာင္း အျမန္ ယာဥ္ေျပးဆြဲမည့္ ‘ေမတၱာလႈိင္း ယာဥ္လိုင္း’မွ သတင္းရရွိသည္။ အျမန္ယာဥ္ ေျပးဆြဲႏုိင္ရန္ အတြက္ ေမတၱာလႈိင္းယာဥ္လိုင္းႏွင့္ သက္ဆုိင္ရာဌာနမ်ား ပူးေပါင္း ေဆြးေႏြး မႈမ်ား ျပဳလုပ္လ်က္ရွိကာ လက္ရွိတြင္ ဘတ္စ္ကားစီးနင္းမႈ အမ်ားဆံုးအခ်ိန္ျဖစ္သည့္ ႐ုံးတက္၊ ႐ုံးဆင္းခ်ိန္မ်ား၌ လူဦးေရစစ္တမ္း ေကာက္ယူ၍ ရရွိလာမည့္ ရလဒ္ႏွင့္ အက်ဳိးအျမတ္ အေပၚမူတည္ကာ အျမန္ယာဥ္ ေျပးဆြဲႏိုင္ျခင္း ရွိ/မရွိကို ထုတ္ျပန္ ေပးသြားမည္ ျဖစ္သည္။ “ကြၽန္ေတာ္တို႔ ယာဥ္လိုင္းအေနန႔ဲ လက္ရွိမွာ အျမန္ယာဥ္ ေျပးဆြဲႏိုင္ဖို႔အတြက္ ယာဥ္အစီးေရ ကိုးဆယ္ေက်ာ္ ရွိတယ္၊ အရင္က ဒီယာဥ္အစီးေရေတြနဲ႔ အဆင့္ျမင့္ယာဥ္လိုင္း ေျပးဆဲြဖို႔ တင္ျပထားတယ္၊ အေၾကာင္းမျပန္ခဲ့ဘူး၊ အခုေတာ့ အျမန္ယာဥ္ေျပးဆဲြဖို႕ ညႇိႏႈိင္းေနတယ္၊ အခု ခရီးစဥ္ အေျခအေန စစ္တမ္းေကာက္ယူမႈလည္း လုပ္ေနတယ္၊ ဥပမာ ေရႊျပည္သာမွာေနတဲ့သူေတြက ၿမဳိ႕ထဲကို ေရာက္ဖို႔ဆိုရင္ သံုးနာရီေလာက္ အခ်ိန္ေပးရတယ္၊ ဒါကို အခ်ိန္ ဘယ္လိုခ်ဳံ႕မလဲေပါ့၊ ၿပီးေတာ့ ကားေပၚမွာ သက္ေသာင့္သက္သာနဲ႔ စီးနင္းလိုက္ပါႏိုင္ေအာင္ေရာေပါ႔”ဟု ေမတၱာလႈိင္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ အျမန္ယာဥ္ ေျပးဆြဲမည့္အေပၚ ၿမိဳ႕ျပစီမံခန္႔ခြဲမႈ ကြၽမ္းက်င္ ပညာရွင္တစ္ဦးက “တကယ္ေတာ့ ျမန္တာ၊ ေႏွးတာက အဓိကမက်ဘူး၊ လႈိင္သာယာ၊ ေရႊျပည္သာ၊ ေျမာက္ဒဂံု၊ ေျမာက္ဥကၠလာပက ခရီးသည္ေတြ ၿမဳိ႕ထဲေရာက္ဖို႔ အခ်ိန္ေပးစီးရတာ မွန္တယ္၊ ထုိက္သင့္သေလာက္ေတာ့ အခ်ိန္ေပးစီးရမွာပဲ၊ ဒါေပမဲ့ အခုက ၾကာသင့္တာထက္ ပိုၾကာေနတယ္၊ ယာဥ္ေၾကာက်ပ္တာနဲ႔ စီမံခန္႔ခြဲမႈ ညံ့တာေၾကာင့္လည္းပါတယ္၊ ေနာက္ ဘတ္စ္ကားအခ်င္းခ်င္း ေက်ာ္တက္တာေတြကိုလည္း တားျမစ္ရမယ္၊ ဒီလိုဆိုရင္ အဆင္ေျပႏုိင္မယ္”ဟု ေျပာၾကားခဲ့သည္။ အျမန္ယာဥ္ ေျပးဆြဲခြင့္ရရွိမည္ ဆိုပါက ဘတ္စ္ကားတစ္စီးလွ်င္ ငါးမိနစ္ျခား ေျပးဆြဲ၍ မွတ္တိုင္တိုင္း၌ လက္မွတ္အေရာင္းဂိတ္ စခန္းမ်ား ထားရွိေပးမည္ ျဖစ္ေၾကာင္း သိရၿပီး လက္ရွိတြင္အျမန္ယာဥ္ ေျပးဆြဲမႈလမ္းေၾကာင္း၊ စီးနင္းခ လက္မွတ္ႏႈန္းထားမ်ားကိုမူ သတ္မွတ္ရျခင္း မရွိေသးေၾကာင္း အထက္ ပါယာဥ္လိႈင္းမွ သိရသည္။


Ref: Automobile

အဆင့္ျမင့္ ယာဥ္ရပ္နားစခန္း သံုးခု ဗိုလ္တေထာင္ႏွင့္ ကမာရြတ္ၿမိဳ႔နယ္တို႕တြင္ တည္ေဆာက္မည္


ရန္ကုန္တိုင္းေဒသႀကီး အတြင္း၌ အဆင့္ျမင့္ ယာဥ္ရပ္နားစခန္းသံုးခုကို ဗိုလ္တေထာင္ၿမိဳ႕နယ္ႏွင့္ ကမာရြတ္ၿမိဳ႕နယ္တို႔၌ တည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း ‘ရန္ကုန္ ျမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ’မွ သတင္းရရွိသည္။ ယာဥ္ရပ္နားစခန္းမ်ားကို ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ ၄၅ လမ္း ရွိ ေျမဧရိယာ ၂ ဒသမ ၅၆၁ ဧကႏွင့္ ကုန္သည္လမ္းႏွင့္ သိမ္ျဖဴလမ္းေထာင့္ရွိ ေျမဧရိယာ ၃ ဒသမ ၀၆၈ ဧကတုိ႔တြင္ လည္းေကာင္း၊ ကမာရြတ္ၿမိဳ႕နယ္တြင္ လွည္းတန္းလမ္းႏွင့္ ထန္းတပင္လမ္းေထာင့္ရွိ ေျမဧရိယာ ၀ ဒ သမ ၁၀၃ ဧကတြင္ လည္းေကာင္း တည္ေဆာက္ရန္ ေရြးခ်ယ္ထားေၾကာင္း သိရသည္။ “အဆင့္ျမင့္ ယာဥ္ရပ္နားစခန္းေဆာက္လုပ္မွာ ျဖစ္တဲ့အတြက္ ဌာနနဲ႔ ပုဂၢလိက အက်ဳိးတူပူးေပါင္း ေဆာင္ရြက္ဖို႔ စီစဥ္ထားတယ္၊ ၂၀၁၃ ခုႏွစ္ လႊတ္ေတာ္အစည္း အေ၀းမွာကတည္းက အထပ္ျမင့္ ယာဥ္ရပ္နားစခန္း ေဆာက္လုပ္ဖို႔ တင္ျပခဲ့ေပမဲ့ အခ်က္အလက္ စုေဆာင္းမႈ၊ ေျမေနရာ ရွာေဖြမႈေတြေၾကာင့္ အခုမွ စတင္ျဖစ္တာပါ၊ ေနာက္ပိုင္းက်ရင္ေတာ့ ရန္ကုန္ၿမိဳ႕ရဲ႕ အဆင္ေျပမယ့္ ေျမေနရာေတြမွာ ယာဥ္ရပ္နားစခန္းေတြ ေဆာက္လုပ္သြားဖို႔ ရွိပါတယ္”ဟု ‘ၿမိဳ႕ေတာ္စည္ပင္၊ အင္ဂ်င္နီယာ ဌာန(အေဆာက္အအံု)’မွ လက္ေထာက္ဌာနမွဴးက ေျပာသည္။ ယာဥ္ရပ္နား စခန္း လုပ္ကိုင္လိုသည့္ ျပည္တြင္း၊ ျပည္ပ လုပ္ငန္းရွင္မ်ားအေနျဖင့္ ေဖေဖာ္၀ါရီ ၂၅ ရက္မွစ၍ ၿမိဳ႕ေတာ္စည္ပင္၊ အင္ဂ်င္နီယာဌာန(အေဆာက္အအံု) တြင္ တင္ဒါ ေလွ်ာက္လႊာ တစ္စံု အေမရိကန္ေဒၚလာ ငါးရာ၊ သို႔မဟုတ္ က်ပ္ေငြ ငါးသိန္းျဖင့္ လာေရာက္၀ယ္ယူႏိုင္ၿပီး မတ္ ၃၁ ရက္ ေနာက္ဆံုးထား၍ တင္ဒါေလွ်ာက္လႊာႏွင့္အတူ အာမခံ အေမရိကန္ ေဒၚလာ တစ္သိန္း စေပၚေငြတင္၍ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။ လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၌ ပုဂၢလိက ယာဥ္ရပ္နားစခန္းအျဖစ္ ေျမနီကုန္း၊ ရွင္ေစာပု ယာဥ္ရပ္နား စခန္းတစ္ခုသာရွိၿပီး ၂၀၁၃ ခုႏွစ္မွ စတင္ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။


Ref: Automobile

အို/ေဟာင္း စီမံခ်က္အရ CNG ျပန္လည္တပ္ဆင္ေပးမႈ ၉၅ ရာခိုင္ႏႈန္းေက်ာ္ ၿပီးစီး


ယာဥ္အို၊ ယာဥ္ေဟာင္းစီမံခ်က္အရ ျပန္လည္တင္သြင္းလာေသာ ယာဥ္မ်ား CNG ျပန္လည္တပ္ဆင္ခြင့္ေပးမႈ ၉၅ ရာခိုင္ႏႈန္းေက်ာ္ ၿပီးစီးၿပီ ျဖစ္ေၾကာင္း ‘စြမ္းအင္၀န္ႀကီး ဌာန၊ CNG ဌာခြဲ’မွ သတင္းရရွိသည္။ အဆိုပါ စီမံခ်က္အား ၂၀၁၁ ခုႏွစ္၊ စက္တင္ဘာလတြင္ စတင္ခဲ့ျခင္း ျဖစ္ၿပီး ယခုအခါ အို/ေဟာင္း အပ္ႏွံစဥ္က CNG အသံုးျပဳယာဥ္ မ်ား ျပန္လည္တပ္ဆင္ခြင့္ ျပဳေပးမႈအေနျဖင့္ ၉၅ ဒသမ ၂၉ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီ ျဖစ္သည္ဟု သိရသည္။ “CNG တပ္ဆင္အသံုးျပဳခဲ့တဲ့ ယာဥ္ေတြကို ျပန္လည္ တပ္ဆင္ ခြင့္ျပဳတဲ့ေနရာမွာ ဦးစားေပးအေနနဲ႔ ခရီးသည္တင္ယာဥ္ကေန ခရီးသည္တင္၊ တကၠစီယာဥ္ကေန တကၠစီ၊ ခရီးသည္တင္ကေန တကၠစီ၊ တျခားလိုင္စင္ေတြကေန တကၠစီ ဆိုၿပီး ေျပာင္းလဲတပ္ဆင္မႈေတြကို ခြင့္ျပဳေပးခဲ့ပါတယ္”ဟု ‘စြမ္းအင္ ၀န္ႀကီးဌာနခြဲ’မွ တာ၀န္ရွိသူတစ္ဦးက ဆိုသည္။ ရန္ကုန္တိုင္းေဒသႀကီး အတြင္း၌ CNG အသံုးျပဳရရွိ ထားသည့္ ေမာ္ေတာ္ယာဥ္ အစီးေရ ၂၆,၇၉၀ ခန္႔ရွိၿပီး အို/ေဟာင္း စီမံခ်က္အရ CNG ျပန္လည္တပ္ဆင္ခြင့္ ျပဳရမည့္ယာဥ္ ခန္႔မွန္း အစီးေရ ၁၂,၃၅၆ ခန္႔ ရွိကာ လက္ရွိ တြင္ ၁၀,၈၇၆ စီး ခြင့္ျပဳေပးၿပီး ျဖစ္ေၾကာင္း သတင္းရရွိသည္။


Ref: Automobile

ရန္ကုန္ၿမဳိ႕ရွိ စက္သံုးဆီအေရာင္းဆိုင္မ်ား အျခင္အတြယ္ျပည့္၀စြာ ေရာင္းခ်ေပးမႈမရွိေၾကာင္း ၀န္ႀကီးဌာနသို႔ တိုင္ၾကားမႈမ်ားရွိေန


ရန္ကုန္ၿမိဳ႕တြင္းရွိ စက္သံုးဆီအေရာင္းဆိုင္မ်ား အျခင္အတြယ္ျပည့္၀စြာ ေရာင္းခ်ေပးမႈ မရွိေၾကာင္း ၀န္ႀကီးဌာနသို႔ တုိင္ၾကားမႈမ်ားရွိေနသည္ဟု ‘စြမ္းအင္၀န္ႀကီးဌာန’မွ သတင္းရရွိသည္။ ပုဂၢလိက စက္သံုးဆီဆုိင္မ်ားမွ ၀ယ္ယူသံုးစဲြသူမ်ား အေနျဖင့္ စက္သံုးဆီ ၀ယ္ယူရာတြင္ ေပးရသည့္ တန္ဖိုးႏွင့္ ရရွိသည့္ပမာဏမွာ ထက္၀က္ခန္႔ ေလ်ာ့နည္းမႈ ရွိေနေၾကာင္းကို ျပည္သူ႔၀န္ေဆာင္မႈ လုပ္ငန္းမ်ား စြမ္းေဆာင္ရည္အကဲ ျဖတ္အဖြဲ႕သို႔ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါ ရီလက တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “စက္သံုးဆီ အျခင္အတြယ္ ျပည့္မီမႈ ရွိ/မရွိနဲ႔ စက္သံုးဆီအရည္အေသြး တိုင္းတာစစ္ေဆးမႈကို ၂၀၁၃ ခုႏွစ္တုန္းက ျပဳလုပ္သလို ဒီႏွစ္မွာလည္း ေဆာင္ရြက္သြားမွာပါ၊ ဒီႏွစ္မွာ စက္သံုးဆီ အေရာင္း ဆိုင္ေတြကို တိုင္းတာစစ္ေဆးမႈ မလုပ္ရေသးေပမဲ့ မၾကာခင္မွာပဲ ေဆာင္ရြက္သြားမွာပါ”ဟု ‘ျမန္မာ့ ေရနံထြက္ပစၥည္း ေရာင္း၀ယ္ေရး’မွ တာ၀န္ရွိသူတစ္ဦးက ဆိုသည္။ ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္၌ ရန္ကုန္ၿမဳိ႕တြင္း ဖြင့္လွစ္ေရာင္းခ်လ်က္ရွိေသာ စက္သံုးဆီအေရာင္း ဆုိင္မ်ား အျခင္အတြယ္ျပည့္မီျခင္း ရွိ/မရွိ စစ္ေဆးခဲ့ရာ စက္သံုးဆီ အေရာင္းဆိုင္ေပါင္း တစ္ရာေက်ာ္ အနက္ဆိုင္ ႏွစ္ဆယ္ခန႔္မွာ အျခင္အတြယ္ျပည့္၀မႈ မရွိသည္ကို ေတြ႕ရေၾကာင္း သိရသည္။ ယင္းသုိ႔ စက္သံုး ဆီအျခင္အတြယ္ ျပည့္၀စြာ ေရာင္းခ်ျခင္းမရွိသည့္ အေရာင္းဆိုင္မ်ားအား ပထမအႀကိမ္ သတိေပးျခင္းႏွင့္ ဒုတိယအႀကိမ္ ေရာင္းခ်ခြင့္ သံုးလ ပိတ္သိမ္းျခင္းမ်ား ေဆာင္ ရြက္ခဲ့ေၾကာင္း စြမ္းအင္၀န္ ႀကီးဌာနမွ သတင္းရရွိသည္။


Ref: Automobile

 

အစိုးရအဖြဲ႕မွ ဖိတ္ေခၚပါက ျပည္တြင္းသို႔ Tata ဘတ္စ္ကားမ်ား တင္သြင္းမည္


သက္ဆိုင္ရာ အစိုးရအဖြဲ႕ႏွင့္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား လုပ္ကိုင္မည့္ ကုမၸဏီႀကီးမ်ား၏ ဖိတ္ေခၚေတာင္းဆိုမႈမ်ားရွိပါက Tata ဘတ္စ္ကားမ်ား တင္သြင္းမည္ ျဖစ္ေၾကာင္း Tata Motor ျမန္မာျပည္ ကိုယ္စားလွယ္ျဖစ္သည့္ ‘Apex Greatest Industrial Co.,Ltd’ မွ သတင္းရရွိသည္။ Tata ကားမ်ားကို လက္ရွိတြင္ လူစီး ယာဥ္ႏွင့္ လုပ္ငန္းသံုး အငွားယာဥ္ ျဖန္႔ျဖဴးေရာင္းခ်ျခင္းသာ ေတြ႕ရွိရၿပီး မၾကာမီက Tata Motor ႏွင့္ Apex Greatest Industrial Co.,Ltdတို႔ ပူးေပါင္း၍ ရန္ကုန္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ႐ံုးလုပ္ငန္းမ်ား ေဆာင္ရြက္ႏိုင္ရန္ Tata ဘတ္စ္ကား သံုးစီး လွဴဒါန္းခဲ့ေၾကာင္း၊ ယင္းမွာ Tata Bus Brand ကို မိတ္ဆက္ျခင္းျဖစ္ကာ သက္ဆိုင္ရာ အစိုးရ အဖြဲ႕ႏွင့္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား လုပ္ကိုင္မည့္ ကုမၸဏီ ႀကီးမ်ားမွ ႀကိဳက္ႏွစ္သက္မႈရွိ၍ မွာယူတင္သြင္းရန္ ဖိတ္ေခၚပါက ဘတ္စ္ကားမ်ား တင္သြင္းမည္ ျဖစ္ေၾကာင္း သိရသည္။ “ေတာင္းဆိုလာမယ္ ဆိုရင္ေတာ့ ဘတ္စ္ကားေတြ တင္သြင္းဖို႔ရွိတယ္၊ လက္ရွိအစိုးရအဖြဲ႕ကို လွဴဒါန္းတာက Tata Bus Brand ကို မိတ္ဆက္ေပးတာ၊ တကယ္လို႔ ဒါကိုစီးၾကည့္ၿပီးမွ သေဘာက်တယ္၊ မွာယူမယ္ဆိုရင္ေတာ့ သယ္ယူပို႔ေဆာင္ေရးက႑နဲ႔ အကိုက္ညီဆံုးျဖစ္တဲ့ Tata Bus ကားေတြ တင္သြင္းေပးမယ္၊ ဒီအတြက္ ေစ်းႏႈန္းညႇိႏႈိင္းမႈေတြနဲ႔ ၀ယ္ယူမႈပံုစံေတြကိုလည္း ေဆြးေႏြးလို႔ရမယ္၊ အရစ္က်ဆိုရင္လည္း စီစဥ္ေပးမယ္”ဟု Apex Gratest Industral Co.,Ltd ဥကၠ႒ ဦးၾကည္သိန္းက ေျပာသည္။Tata Motor ထုတ္ ကားမ်ားကို ၂၀၁၃ ခုႏွစ္၊ မတ္လမွစ၍ တင္သြင္း ျဖန္႔ျဖဴးေရာင္းခ်ေပးျခင္း ျဖစ္ၿပီး Tata ကားအေရာင္း ျပခန္းကို မဂၤလာေတာင္ညြန္႕ၿမိဳ႕နယ္၊ တိရစၦာန္ဥယ်ာဥ္ေဘး၌ ဖြင့္လွစ္ထားကာ Tata လုပ္ငန္းသံုးကား၊ အငွားယာဥ္၊ အိမ္စီးကား၊ ကုန္တင္ယာဥ္ ႀကီး/ငယ္မ်ားကို ေငြ က်ပ္သိန္း (၁၁၀) မွ (၆၁၀) အတြင္း ေရာင္းခ်မည္ျဖစ္ေၾကာင္း သိရသည္။


Ref: Automobile

 



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။
သတင်းထူးများမှာတော့ :

news_this_week-500x185



  • ကညနမှ ဇန်နဝါရီလအတွင်း နံပါတ်အလှရောင်းချခြင်းဖြင့် အခွန်ငွေ ကျပ်သိန်း ၁,၃ဝဝ ကျော် ရရှိ



  • လိပ်စာအတိအကျဖြင့် တိုင်ကြားပါက စည်းကမ်းမဲ့ ယာဉ်လုပ်သားများအပေါ် အရေးယူမှုပုံစံအား မထသမှ ပြန်လည်ဖြေကြားပေးမည်



  • မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ၌ အီလက်ထရွန်းနစ် ကားလက်မှတ်စနစ် အသုံးပြုရန် ပြင်ဆင်လျက်ရှိ



  • မြန်မာတစ်နိုင်ငံလုံး၌ စက်သုံးဆီ အရောင်းဆိုင်သစ်ပေါင်း ၄၆ဝ ခန့် ဖွင့်လှစ်ရောင်းချခွင့်ပြုရန် စိစစ်နေ



  • ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုစနစ်တွင် ကားကောင်းများကိုဖျက်ဆီးခဲ့၍ အမျိုးသားအကျိုးစီးပွားဆုံးရှုံးမှု ဖြစ်ပေါ်



  • ၁က/ အက္ခရာကားများ ကြိုတင်ဝယ်ယူမှုကြောင့် စျေးနှုန်းမြင့်တက်



  • ကမ္ဘာ့ရောင်းအား အကောင်းဆုံး စာရင်းတွင် အဆင့်သုံးနေရာသို့ ဂျီအမ် ပထမဦးဆုံးအကြိမ် ဆင်းသက်ပေးခဲ့ရ



  • 5G အက္ခရာအပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီးဖြစ်



  • ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ထွက်ပေါ်မလာသေး သောကြောင့် ‘အ’အက္ခရာစလစ်များ သိန်းတစ်ရာ ကျော်အထိ မြင့်တက်



  • ဘဏ်အကောင့်အတုလုပ်ပြီး မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားသူများကို စီးပွား/ကူးသန်းမှ စိစစ်တွေ့ရှိ



  • အပ်ကားများ ရှားပါးလာခြင်းကြောင့် ထပ်မံခေါ်ယူမည့် အက္ခရာအား ပိုင်ရှင်များစိတ်ဝင်တစား စောင့်ကြည့်နေ



  • ရန်ကုန်မြို့တွင်း၌ အမြန်ယာဉ်များ ပြေးဆွဲနိုင်ရန် ရုံးတက်၊ ရုံးဆင်းချိန် ဘတ်စ်ကားစီး ခရီးသည်ဦးရေ စစ်တမ်းကောက်ယူ



  • အဆင့်မြင့် ယာဉ်ရပ်နားစခန်း သုံးခု ဗိုလ်တထောင်နှင့် ကမာရွတ်မြို့နယ်တို့တွင် တည်ဆောက်မည်



  • အို/ဟောင်း စီမံချက်အရ CNG ပြန်လည်တပ်ဆင်ပေးမှု ၉၅ ရာခိုင်နှုန်းကျော် ပြီးစီး



  • ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်ပြည့်ဝစွာ ရောင်းချပေးမှုမရှိကြောင်း ဝန်ကြီးဌာနသို့ တိုင်ကြားမှုများရှိနေ



  • အစိုးရအဖွဲ့မှ ဖိတ်ခေါ်ပါက ပြည်တွင်းသို့ Tata ဘတ်စ်ကားများ တင်သွင်းမည်



 

 

ကညနမှ ဇန်နဝါရီလအတွင်း နံပါတ်အလှရောင်းချခြင်းဖြင့် အခွန်ငွေ ကျပ်သိန်း ၁,၃ဝဝ ကျော် ရရှိ


ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ဇန်နဝါရီလအတွင်း ယာဉ်ပိုင်ရှင်များစိတ် ကြိုက် နံပါတ်အလှများ ရောင်းချ ခြင်းဖြင့် နိုင်ငံတော်အတွက် အခွန် ငွေ သိန်း ၁,၃ဝဝ ကျော် ရှာဖွေနိုင်ခဲ့ကြောင်း ‘မြင်သာကညနရုံး’မှ သိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်ပိုင်ရှင်များအား စိတ်ကြိုက် နံပါတ် များ ကြိုတင်ရောင်းချပေးခဲ့ရာတွင် ၂ဝ ၁၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ အခွန်ငွေ ကျပ်သိန်း ၁၃,၉ဝဝ ကျော်ရှာဖွေပေးနိုင်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ အတွက် နံပါတ်အလှများ ကြိုတင်ရောင်းချပေးရာတွင် အခွန်ငွေ ကျပ်သိန်း ၁,၃၆၈ အထိ ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။ “နံပါတ်တွေကို ကြိုတင် ရောင်းချပေးတယ် ဆိုတာ က ယာဉ်ပိုင်ရှင်တွေအတွက် စိတ်ကြိုက်နံပါတ်တွေကို အဆင်ပြေပြေနဲ့ ရရှိနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်၊ ဒီနှစ် ဇန်နဝါရီလထဲမှာတော့ နံပါတ်အလှ ဝယ်ယူမှု က အတော်လေး များပြားခဲ့တာကို တွေ့ရပါတယ်၊ အပူးအက္ခရာတွေကိုလည်း စျေးကွက်တစ်ခုမှာ ဝယ်ယူသလို သူ့ထက်ငါဦးအောင် ယူနေကြတာ တွေ့ရတယ်၊ အခုလို ဝယ်ယူတဲ့အတွက်ကြောင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေတိုးပွားပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ အတွက် အထောက်အကူဖြစ်စေမှာပါ”ဟု ‘ကနဦး မှတ်ပုံတင်ဌာန’ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ကနဦး မူသေအမှတ်အား ပိုင်ရှင်ဆန္ဒ အရ ရွေးချုယ်ဝယ်ယူခြင်းဆိုင်ရာ ကဏ္ဍ အလိုက် ကောက်ခံရရှိမှု ငွေစာရင်း များအရ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၂,၆၆ဝ သိန်း၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ၂၆,၈၇၈ သိန်း ရရှိခဲ့ ကြောင်း သိရသည်။


Ref: Automobile

လိပ်စာအတိအကျဖြင့် တိုင်ကြားပါက စည်းကမ်းမဲ့ ယာဉ်လုပ်သားများအပေါ် အရေးယူမှုပုံစံအား မထသမှ ပြန်လည်ဖြေကြားပေးမည်


စည်းကမ်းမဲ့ ယာဉ်လုပ်သားများအား တိုင်ကြားရာတွင် တိုင်ကြား သူက လိပ်စာအတိအကျ ပြည့်စုံစွာ ဆက်သွယ် တိုင်ကြားပါက ၎င်းတို့အပေါ် အရေးယူမှုပုံစံအား မထသ (ဗဟို)မှ ပြန်လည်ဖြေကြား ပေးသွားမည်ဖြစ်ကြောင်း ‘မထသ (ဗဟို)’မှ သိရသည်။ ယင်းကဲ့သို့ တိုင်ကြားမှုများ နှင့်ပတ်သက်၍ ကော်မတီဖွဲ့ကာ စစ်ဆေးအရေးယူမှုများ ပြုလုပ်ပြီး အရေးယူမှုနှင့် ပတ်သက်၍ ယခု နှစ် ဇန်နဝါရီလမှစတင်ကာ ယာဉ်လုပ်သားများအား အရေးယူခဲ့သည့် အခြေအနေအပေါ် တိုင်ကြားသူထံ ပြန်လည် အကြောင်း ပြန်ပေးမည်ဟု သိရသည်။ “စည်းကမ်းမဲ့ ယာဉ်လုပ်သား တိုင်ကြားမှုတွေကို ကျွန်တော်တို့ ဘယ်လို အရေးယူဆောင်ရွက်ထား တယ်ဆိုတာ ဇန်နဝါရီလကစပြီး တိုင်ကြား သူတွေဆီ အကြောင်းပြန်ကြားပေးပါတယ်၊ အခုဆိုရင် တိုင်ကြားခံရတဲ့ ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်လုပ်သားတွေကို အကြောင်း ကြားထားပြီး တချို့ကိုတော့အရေးယူ ဆောင်ရွက်ပြီး ဖြစ်ပါတယ်၊ ဒါကြောင့် ဒီလိုမျိုး အရေးယူမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေဆီ အကြောင်းပြန်ကြားနိုင်အောင် အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေ မှန် ကန်အောင် ဖော်ပြပေးဖို့ လိုပါတယ်”ဟု မထသ(ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအ တွင်း မထသ(ဗဟို)ယာဉ်ဝန်ထမ်း တိုင်ကြားစာ ၈၄ စောင်အထိရှိပြီး အများဆုံးမှာ ယာဉ်စီးခ ပိုမို တောင်းခံသည့် တိုင်ကြားစာ ဖြစ် ကြောင်း သိရသည်။ ယင်းကဲ့သို့ ယာဉ်စီးခ ပိုမိုတောင်းခံရခြင်းသည် ညအချိန် တရားမဝင် ပြေးဆွဲသည့် မော်တော်ယာဉ်(ကြားကား) များကြောင့်ဖြစ်ပြီး ကြားကားများမှ ယာဉ်စီးခတောင်းခံမှု များပြားသည့်အတွက် မထသကွပ်ကဲမှု လက်အောက်ရှိ မော်တော် ယာဉ် များမှာလည်း ယင်းကားများကဲ့သို့ ယာဉ်စီးခ တိုးမြှင့်ကောက်ခံရာမှ ယခုကဲ့သို့ တိုင်ကြားမှုများခြင်းဖြစ်ကြောင်း သိရသည်။


Ref: Automobile

မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ၌ အီလက်ထရွန်းနစ် ကားလက်မှတ်စနစ် အသုံးပြုရန် ပြင်ဆင်လျက်ရှိ


မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ၌ လက်ရှိအသုံးပြုနေသည့် ယာဉ်စီးနင်းခ တောင်းခံခြင်းစနစ်တွင် အီလက်ထရွန်းနစ်ကားလက်မှတ်(e-ticket)စနစ် အသုံးပြုနိုင် ရန် ပြင်ဆင်လျက်ရှိကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။ အဆိုပါ e-ticket စနစ်မှာ iPay ကဲ့သို့ ကြိုတင်ငွေပေးကတ် စနစ်တစ်မျိုးဖြစ်ပြီး မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းများ၌ လတ်တလောကြုံတွေ့နေရသည့် အကြွေ ရှားပါးမှုနှင့် ယာဉ်စီးခ ပိုတောင်း ခြင်းပြဿနာများ လျော့ပါးစေရန် ရည်ရွယ်စီစဉ်ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ အီလက်ထရွန်းနစ် လက်မှတ်စနစ်ကျင့်သုံးနိုင်ရန် သက်ဆိုင် ရာဌာနများနှင့် ရင်းနှီးမြှုပ်နှံသူများ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ “ဒီစနစ်ကို ကျင့်သုံးခြင်း အားဖြင့် စပယ်ယာနဲ့ ခရီးသည် စကားများတာ လျော့နိုင်မယ်၊ ညဘက် ယာဉ်စီးခ ပိုတောင်းတာတွေလည်း မဖြစ်နိုင်တော့ဘူး၊ နောက်ဆုံး ကျွန်တော်တို့ဆီ တိုင်စာတွေ ရောက်တာလည်း နည်းသွားပြီး ဖြေရှင်းရတဲ့ ရာခိုင်နှုန်းလည်း နည်းသွားမယ် ထင်ပါတယ်”ဟု မထသ(ဗဟို)ဥက္ကဌ ဦးလှအောင်က ပြောသည်။ အီလက်ထရွန်းနစ်စနစ် စတင်ကျင့်သုံးပါက ယာဉ်လိုင်း အသီးသီးတွင် လက်မှတ်စစ်များ ခန့်အပ်သွားမည် ဖြစ်ပြီး လက်ရှိတွင် အဆိုပါစနစ် ပြောင်းလဲရန် လာရောက်ဆွေးနွေးသည့် ရင်းနှီးမြှုပ်နှံ လိုသူလုပ်ငန်းရှင် နည်းပါးနေသေးကြောင်း မထသမှ သတင်းရရှိသည်။


Ref: Automobile

မြန်မာတစ်နိုင်ငံလုံး၌ စက်သုံးဆီ အရောင်းဆိုင်သစ်ပေါင်း ၄၆ဝ ခန့် ဖွင့်လှစ်ရောင်းချခွင့်ပြုရန် စိစစ်နေ


မြန်မာတစ်နိုင်ငံလုံး၌ စက်သုံးဆီအ ရောင်းဆိုင်သစ်ပေါင်း ၄၆ဝ ခန့် ဖွင့်လှစ် ရောင်းချခွင့်ပြုရန် စိစစ် လျက်ရှိကြောင်း ‘မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း’မှ သတင်းရရှိသည်။ စိစစ်လျက်ရှိသည့် စက်သုံးဆီ အရောင်းဆိုင်သစ်များတွင် နေပြည်တော်ကောင်စီ၌ ၁၃ ဆိုင်၊ ရန် ကုန်တိုင်းဒေသကြီးတွင် ၅၂ ဆိုင်၊ မနၲလေးတိုင်း ဒေသကြီး၌ ၅၆ ဆိုင်၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၄၉ ဆိုင်၊ ပဲခူးတိုင်းဒေသကြီး၌ ၄၈ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၆ ဆိုင်၊ မကွေးတိုင်းဒေသကြီး၌ ၂၃ ဆိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၂ ဆိုင်၊ ကချင်ပြည်နယ်၌ ၂၈ ဆိုင်၊ ကယားပြည်နယ်တွင် သုံးဆိုင်၊ ကရင်ပြည်နယ်၌ လေးဆိုင်၊ ချင်းပြည်နယ်တွင် တစ်ဆိုင်၊ မွန်ပြည် နယ်၌ ၃၁ ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၂၂ ဆိုင်၊ ရှမ်းပြည်နယ်၌ ၈၂ ဆိုင် စုစုပေါင်း အရောင်းဆိုင်သစ် ၄၆ဝ ခန့်ဖြစ်ကြောင်း သိရသည်။ “စက်သုံးဆီဆိုင်ဖွင့်ဖို့ လာရောက် လျှောက်ထားတာတွေကို သတ်မှတ်ထားတဲ့ အချက်အလက်တွေ ကိုက်ညီမှု ရှိ၊ မရှိ လိုက်လံ စိစစ် ဆောင်ရွက်နေပါတယ်”ဟု ‘မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း’မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ စက်သုံးဆီ အရောင်းဆိုင်သစ် ဖွင့်လှစ်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနသို့ အဆိုပြုလျှောက်ထားသည့် သက်ဆိုင်ရာ ပြည်နယ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကန့်ကွက်မှုမရှိကြောင်း ထောက်ခံချက်၊ မြေပိုင်ဆိုင်မှု အထောက်အထား၊ ဖြန့်ဖြူးရောင်းချသည့် စက်သုံးဆီရရှိနိုင်မည့် ကုမ္ပဏီအဖွဲ့ အစည်း၏ ထောက်ခံချက်၊ စာချုပ်စာတမ်းများ လိုအပ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၁,ဝ၉၇ ဆိုင်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ယင်းတွင် နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၁၂ ဆိုင်၊ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ၁,ဝ၈၅ ဆိုင်တို့ ပါဝင်ကြောင်း သိရသည်။


Ref: Automobile

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုစနစ်တွင် ကားကောင်းများကိုဖျက်ဆီးခဲ့၍ အမျိုးသားအကျိုးစီးပွားဆုံးရှုံးမှု ဖြစ်ပေါ်


ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု စနစ်တွင် ကားကောင်းများကို ဖျက်ဆီးခဲ့၍ အမျိုးသားအကျိုး စီးပွား(National Interest)ဆုံးရှုံးမှု ဖြစ်ပေါ်နေကြောင်း ကားအရောင်း စင်တာပိုင်ရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။ ကားဟောင်းအပ်နှံမှု ပေါ်လစီ အရ ကားတစ်စီးအပ်ပြီး ပြည်ပမှ ကားသစ်တစ်စီး တင်သွင်းလျှင် ကညနအခွန် ၆ဝ ရာခိုင်နှုန်းအထိ သက်သာသောကြောင့် အပ်ကားများ၏စျေးနှုန်းများသည် အင်ဂျင် ပါဝါ ၁၃ဝဝ စီစီ ကားအသစ် တစ်စီး၏တန်ဖိုးထက် မြင့်မားနေသည်။ ထို့ပြင် အပ်ကား များ၏ တန်ဖိုး မြင့်မားနေသောကြောင့် Condition ကောင်းသေးသောကားများကိုပါ အရည်ကျို ဖျက်ဆီးရန် အပ်နှံခဲ့ကြသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကား အရောင်း စင်တာပိုင်ရှင်တစ်ဦးက “ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံတဲ့စနစ်ကို ဖျက်သိမ်းပြီး အက္ခရာအကန့်အသတ် မိုဒယ်အကန့်အသတ် မထားဘဲ ဖွင့်ပေးသင့်ပါတယ်၊ ကား ဟောင်း စလစ်စျေးက သိပ်ကောင်းတဲ့အတွက် Condition ကောင်းတဲ့ကားတွေကိုပါ ဖျက်ပစ်နေကြပါတယ်၊ တိုင်းပြည်ကမချမ်းသာသေးလို့ ကားကောင်းတွေကို ဖျက်ဆီးတာဟာ အမျိုးသား အကျိုးစီးပွား (National Interest) ဆုံးရှုံးမှု ဖြစ်ပေါ်ပါတယ်၊ ကားတစ်စီးကိုသံရည် ကျိုစက်ရုံမှာ ချေလိုက်မယ်ဆိုရင် တစ်တန်တောင် မရပါဘူး၊ တန်ဖိုးအနေနဲ့ တွက်ကြည့်မယ်ဆိုရင်လည်း သုံးသိန်း၊ လေးသိန်းလောက်ပဲ ရှိပါတယ်၊ လက်ရှိပေါ်လစီအရ ကားဟောင်းတစ်စီးအပ်ပြီး ပြန် သွင်းမယ်ဆိုရင် ကညန အခွန် ၆ဝ ရာခိုင်နှုန်းသက်သာတဲ့အတွက် Land Cruiser လို ကားမျိုးသွင်းမယ်ဆိုရင် သိန်း ၁၈ဝ လောက် သက်သာလို့ အပ်ကားစျေးက ကောင်းနေတာဖြစ် ပါတယ်၊ တကယ်ဆိုရင် တင်သွင်းလာတဲ့ကားတွေကို စလစ်ကပ်စရာ မလိုဘဲ လိုချင်တဲ့ အခွန်ကိုကောက်ခံလိုက်မယ်ဆိုရင် စလစ်စျေးရှိတော့မှာမဟုတ်ပါဘူး၊ ကား ဟောင်းအပ်ပြီး ကားသစ်သွင်းချင်တဲ့သူတွေ အတွက်ကိုတော့ အပ်မယ့်ကားကို တန်ဖိုးတစ်ခု သတ်မှတ်ပြီး အပ်နှံခွင့်ပေးသင့်ပါတယ်”ဟု ဆိုခဲ့သည်။ လက်ရှိအချိန်တွင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ပေါ်လစီ ထွက်ပေါ်မလာသေးသောကြောင့် ကားဟောင်းစလစ်စျေးမှာ မြင့်တက် နေပြီး ‘အ’အက္ခရာစလစ် အမည်ပေါက်စလစ် တစ်စောင် သည် ၉၇ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။


Ref: Automobile

၁က/ အက္ခရာကားများ ကြိုတင်ဝယ်ယူမှုကြောင့် စျေးနှုန်းမြင့်တက်


‘၁က’ အက္ခရာကားများကို ကြို တင်ဝယ်ယူမှုများကြောင့် စျေးနှုန်းများ မြင့်တက်နေကြောင်း ကား ဝယ်/ရောင်းများမှတစ်ဆင့် သိရှိရသည်။ ထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် နှစ်အောက်တိုဘာ ၂၅ ရက်တွင် ၂ဝ၁၄ ခုနှစ်မှစ၍ ယာဉ်သက်တမ်းအလိုက် အပ်နှံခွင့်ပေးမည်ဟု သတင်း ထုတ်ပြန်ခဲ့သော်လည်း သုံးလကျော် ကာလအထိ အကောင်အထည် မဖော်နိုင်သေးသောကြောင့် မူလအတိုင်း အက္ခရာအစဉ်အလိုက် အပ်နှံခွင့်ပေး ဖွယ်ရှိသည်ဟု ကားလောကအတွင်း၌ သတင်းများ ထွက်ပေါ်နေသည်။ သို့ဖြစ်၍ ယာဉ်အို၊ ယာဉ်ဟောင်း ဝယ်။ရောင်းများသည် ‘အ’အက္ခရာအပြီး နောက်ဆက်တွဲ အက္ခရာဖြစ်သည့် ‘၁က’ ကားများကို ကြိုတင်ဝယ်ယူထားနေခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ‘၁က’ အက္ခရာကား များနှင့်ပတ်သက်၍ ကားဝယ်/ရောင်းတစ်ဦးက “ ‘အ’အက္ခရာ ပြီးရင် ‘၁က’ အက္ခရာကားတွေကို အပ်နှံခွင့် ပေးလိမ့်မယ်ဆိုတဲ့ အထင်နဲ့ အပ်ကားဝယ်/ရောင်းကြီးတွေက ‘၁က’ကားတွေကို ကြိုတင်ပြီးတော့ ဝယ်ယူနေ ကြပါတယ်၊ ဒါကြောင့်လည်း ‘၁က’ ကားတွေစျေးက ငါးသိန်းလောက် မြင့်တက်သွားပါတယ်၊ သက်တမ်း နှစ်နှစ်ဆယ်ကား ပဲခေါ်ခေါ် အက္ခရာအစဉ်လိုက် အတိုင်းပဲခေါ် ခေါ် ဒီအချိန်မှာ ‘၁က’ကားတွေကိုဝယ် ထားမယ်ဆိုရင် အရှုံးမရှိပါဘူး”ဟု ဆိုခဲ့သည်။ ‘၁က’ကားများကို ကြိုတင် ဝယ်ယူသူများကြောင့် စျေးကွက်အတွင်းတွင် ထို အက္ခရာ ကားများမှာ ဝယ်လိုအားများပြီး ရောင်းကား နည်းပါးနေကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော စျေးကွက်အရ ‘၁က’ အက္ခရာ ကားများသည် ၇၅ သိန်းဝန်းကျင်နှင့် ၂က၊ ၃က အက္ခရာကားများသည် ၆၅ သိန်း ဝန်းကျင် ပေါက်စျေးရှိကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။


Ref: Automobile

ကမ္ဘာ့ရောင်းအား အကောင်းဆုံး စာရင်းတွင် အဆင့်သုံးနေရာသို့ ဂျီအမ် ပထမဦးဆုံးအကြိမ် ဆင်းသက်ပေးခဲ့ရ


အမေရိကန်ပြည်ထောင်စု၏အကြီးဆုံး ကားကုမ္ပဏီကြီးဖြစ်သည့် ဂျီအမ်သည် ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကုမ္ပဏီစာရင်းတွင် အဆင့်သုံးနေရာသို့ ပထမဦးဆုံး အကြိမ်ရောက်ရှိသွားခဲ့ကြောင်း ‘Economic times သတင်းစာ’က ဇန်နဝါရီလ ၃၁ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ၁၉ဝ၈ ခုနှစ်တွင် မစ်ချီဂန်ပြည်နယ်၌ စတင် တည် ထောင်ခဲ့သော ဂျီအမ်သည် ၁၉၃၁ ခုနှစ်မှ ၂ဝဝ၇ခုနှစ်ထိ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကုမ္ပဏီအဖြစ် ၇၇ နှစ်ဆက်တိုက်ရပ် တည်နိုင်ခဲ့သည်။ သို့သော် ၂ဝဝ၈မှ ၂ဝ၁၂ ခုနှစ်ထိ ငါးနှစ်အတွင်း ပထမနေရာကို မဟာပြိုင်ဘက်တိုယိုတာထံ လွဲပြောင်းပေးခဲ့ရသော်လည်း တတိယနေရာအထိ ဆင်းသက်ပေးခဲ့ရခြင်း မရှိခဲ့ပေ။ ၂ဝ၁၃ ခုနှစ်တွင်မူ တစ်ကမ္ဘာလုံးတွင် ကားစီးရေ ၉ ဒသမ ၇၁ သန်း ရောင်းချ နိုင်ခဲ့သော်လည်း အဆင့်သတ်မှတ်ချက်အရ တိုယိုတာနှင့် ဂျာမာန်ကုမ္ပဏီ ဗောက်စ်ဝက်ဂန်တို့၏ နောက် တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း တိုယိုတာသည် ကားစီးရေ ၉ ဒသမ ၉၈ သန်း ရောင်းချကာ ရောင်းအား အကောင်းဆုံးဆုကို ခြောက်နှစ်တာအတွင်း ငါးကြိမ်မြောက် ရရှိခဲ့ပြီး မောက်စ်ဝက်ဂန်က ကားစီးရေ ၉ ဒသမ ၇၃ သန်း ရောင်းချကာ ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ဂျီအမ်ကို ကျော် ဖြတ်ကာ ဒုတိယနေရာသို့ တက်လှမ်းလာခဲ့သော ဗောက်စ်ဝက်ဂန်သည်၎င်းတို့ ကုမ္ပဏီမှ ထုတ်လုပ်သည့်ကားတံဆိပ် ၁၂ မျိုးစလုံး ရောင်းအားတက်ခဲ့သောကြောင့် အမြတ်ငွေ ရရှိမှုပမာဏမှာလည်း မြင့်တက်လာခဲ့သည်။ ဗောက်စ်ဝန်ဂန်ကုမ္ပဏီသည် Audi ၊ SEAT ၊ Skoda ၊ Porsche ၊ VW ၊ Lamborghini ၊ Bentley ၊ Bugatti ၊ VW Commercial Vehicles ၊ Ducati ၊ Man နှင့် Scania အမှတ်တံဆိပ်ကားများကို ထုပ်လုပ် ရောင်းချလျက်ရှိပြီး ၂ဝဝ၈ ခုနှစ်အတွင်း တစ်နှစ်တာ ရောင်းအား အကောင်းဆုံး ပမာဏကိုဆယ်သန်း အထိ ဖြစ်လာစေရန် ရည်ရွယ်ထားသည်။


Ref: Automobile

5G အက္ခရာအပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီးဖြစ်


ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်တွင် စတင်ထုတ်ပေးခဲ့သော 5G အက္ခရာများထဲမှ 5G အပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီးဖြစ် ကြောင်း ‘ကညနမှတ်ပုံ တင်ဌာန(မြင်သာ) ကညနရုံး’မှ သိရသည်။ ကနဦးမှတ်ပုံတင်ဌာနအနေဖြင့် ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန်အတွက် စိတ်ကြိုက်နံပါတ် ကြိုတင် ရောင်းချမှုပြုလုပ်ပေးလျက်ရှိပြီး 5G/2811 သို့ ရောက်ရှိချိန်၌ အပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီး ဖြစ်သည်။ ရောင်းချပြီးသော 5G အပူးနံပါတ်များ မှာ 5G/2222 ကို ကျပ် ၁၄ သိန်း၊ 5G/3333 ကို ကျပ် ၁၂ သိန်း၊ 5G/4444 ကို ကျပ်သိန်း နှစ်ဆယ်နှင့် 5G/5555 ကို ကျပ် သိန်း လေးဆယ်၊ 5G/7777 ကို ကျပ်သိန်း လေးဆယ်၊ 5G/ 8888 ကို ကျပ် ၃၆ သိန်းနှင့် 5G/9999 ကို ကျပ် ၅၂ သိန်း တို့ဖြင့် အသီးသီး ရောင်းချပေးခဲ့သည်။ ရောင်းချရန် ကျန်ရှိသည့် 5G/1111 နှင့် 5G/6666 တို့မှာလည်း ကြိုတင်မှာယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။ “5G အက္ခရာနံပါတ်တွေကတော့ လူကြိုက်များတဲ့အတွက် နံပါတ် လာရောက်ထုတ်ယူတဲ့သူတွေ၊ စိတ်ကြိုက်နံပါတ် ဝယ်ယူသူတွေနဲ့ လက်မလည်အောင်ပါပဲ၊ နံပါတ်အလှတွေလည်း အတော်လေး ရောင်းရပါတယ်၊ အပူးအက္ခရာတွေဆိုရင် 5G/1111 နဲ့ 5G/6666 ပဲ ရောင်းဖို့ ကျန် တော့တယ်”ဟု ‘မြင်သာ ကညနရုံး၊ ကနဦးမှတ်ပုံတင်ဌာန’မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသောယာဉ်များအား မှတ်ပုံတင်များပြုလုပ် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်အထိ ရောက်ရှိနံပါတ် 5G/3572 ၊ DD/5912 နှင့် 8L/3844 သို့ ရောက်ရှိ သွားပြီဖြစ်ကြောင်း ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။


Ref : Automobile

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ထွက်ပေါ်မလာသေး သောကြောင့် ‘အ’အက္ခရာစလစ်များ သိန်းတစ်ရာ ကျော်အထိ မြင့်တက်


ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီအသစ် ထွက်ပေါ်မလာ သေးသောကြောင့် ‘အ’အက္ခရာ စလစ်များသည် သိန်းတစ်ရာကျော်အထိ မြင့်တက်သွားခဲ့ကြောင်း ကားဝယ်/ရောင်းများထံမှ သိရှိရသည်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ၂ဝ၁၄ ခုနှစ်မှ စ၍ ယာဉ်အို၊ ယာဉ်ဟောင်းများကို ယာဉ်သက်တမ်းအလိုက် အပ်နှံခွင့်ပေးမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ထိုသတင်းထုတ် ပြန်ပြီး သုံးလကျော် ကာလ အထိ လက်တွေ့ အကောင်အထည်မဖော်နိုင်သေးသောကြောင့် ကားဟောင်း စလစ်စျေးများ တစ်ပတ်ထက် တစ်ပတ် မြင့်တက်လာခဲ့သည်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်နေ သော စလစ်စျေးကွက်နှင့် ပတ်သက်၍ ကားဝယ်/ရောင်းတစ် ဦးက “ပေါ်လစီသစ်ထွက်ပေါ်မ လာသေးသလို ‘အ’ ပြီးရင် ဘယ် အက္ခရာကိုခေါ်ယူမယ်ဆိုတာ ခန့် မှန်းလို မရတဲ့အတွက် စလစ်စျေး အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်၊ စျေးကွက်ထဲမှာ စလစ်ဝယ်လိုအားကောင်းပြီး အပ်ကားက သိပ်မကျန်တော့တဲ့အတွက် စလစ်စျေးက ဒီတစ်ပတ်အတွင်းမှာ ကျပ် သိန်းတစ်ရာအပေါ်ကို ရောက်ရှိသွားခဲ့ပါတယ်”ဟု ဆိုခဲ့သည်။ စျေးကွက်အတွင်း ဖြစ်ပေါ်နေသော ကားဟောင်းနှင့် စလစ်စျေးကွက်မှာ ‘လ၊သ၊အ’အက္ခရာ ကားဟောင်းတစ်စီးလျှင် ကျပ် ၉၉ သိန်းနှင့် အမည်ပေါက် စလစ် တစ်စောင်လျှင် ကျပ် ၁ဝ၄ သိန်း ဝန်းကျင်၊ တက္ကစီအပ်ကားတစ်စီးလျှင် ကျပ်သိန်း ၆ဝ ဝန်းကျင်နှင့် တက္ကစီစလစ်တစ်စောင်လျှင် ကျပ် ၆၄ သိန်းဝန်းကျင်၊ နံပါတ်အနီ Chery QQ3 ကားဟောင်းတစ်စီးလျှင် ကျပ် ၅၈ သိန်းဝန်းကျင် ပေါက်စျေး အသီးသီး ရှိ ကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။


Ref : Automobile

 

ဘဏ်အကောင့်အတုလုပ်ပြီး မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားသူများကို စီးပွား/ကူးသန်းမှ စိစစ်တွေ့ရှိ


ဘဏ်အကောင့် အတုလုပ်ပြီး မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ် လျှောက်ထားသူများကို စိစစ်တွေ့ရှိခဲ့ကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန’မှ သိရှိ ရသည်။ မော်တော်ယာဉ်တင်သွင်းသူ အချို့သည် ပြည်ပမှ ကားများကို ဝယ်ယူရန်အတွက် အမှန်တကယ် နိုင်ငံခြားငွေစာရင်းမပြုလုပ်ဘဲ စာရွက်စာတမ်း အတုများ ဖြင့် ပါမစ်လျှောက်ထားသူများ ရှိနေသည်။ နိုင်ငံခြားငွေစာရင်း ပြုလုပ်ရာတွင် အစိုးရဘဏ်များဖြစ်သည့် MICB နှင့် MFTB ဘဏ်တို့၌ ဘဏ်စာ အုပ်စနစ် ကျင့်သုံးသော ကြောင့် အတုပြုလုပ်၍မရပေ။ သို့သော် ပုဂ္ဂလိကဘဏ်များ၌ ဘဏ်ချလန်ကို အသုံးပြုသောကြောင့် ကားတင်သွင်းသူ အချို့က အမှန်တကယ်ငွေစာရင်း မဖွင့်လှစ်ဘဲ အတုပြုလုပ်နေကြောင်း ကားတင်သွင်းသူတစ်ဦး ထံမှ သိရသည်။ ဘဏ်အကောင့် အတုဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်များကို စိစစ်တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဘဏ်အကောင့် အတုပြုလုပ်ပြီး မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားသူတွေကို စိစစ်တွေ့ရှိခဲ့ပါတယ်၊ MFTB နဲ့ MICB တို့မှာ နိုင်ငံခြားငွေစာရင်းဖွင့်ရင် ဘဏ်စာအုပ်ပြုလုပ်ပေးတဲ့အတွက် ခိုင်မာမှုရှိပါတယ်၊ ပုဂ္ဂလိကဘဏ်တွေကတော့ Statement နဲ့ ထုတ်ပေးပါတယ်၊ ဘဏ်တွေမှာ ငွေတကယ်ထည့်ရင်တော့ Statement အစစ်နဲ့ထုတ်ပေးမှာ ဖြစ်ပါတယ်၊ ဌာနအနေနဲ့ကလည်း ဘဏ်တွေဆီကလာတဲ့ Statement တွေကို လက်ခံပေးရမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ တစ်ရက်ကို ပါမစ်အစောင် သုံးရာလောက်ထုတ်ပေးရပြီး အချိန်မီလုပ်ပေးမှ ကျေနပ်ကြတဲ့အတွက် အကုန်လုံးကိုတော့ စိစစ် မပေးနိုင်ပါဘူး၊ ဒါကြောင့် အားနည်းချက်တွေရှိလာခဲ့ပြီး အခွင့်အရေးသမားတချို့က ဟာကွက်အပေါ်မှာ လုပ်စားသွားကြတာ ဖြစ်ပါတယ်၊ ဒီဖြစ်စဉ်က ဌာနနဲ့ မဆိုင်သလို ဘဏ်တွေနဲ့လည်း မဆိုင်ပါဘူး၊ ဘဏ်အကောင့်အတု လုပ်တဲ့သူတွေကို အရေးယူဖို့ဆိုတာ နှစ်ချက်ရှိပါတယ်၊ အကောင့်ဖွင့်တဲ့သူကိုပဲ အရေးယူမလား၊ ကုမ္ပဏီကိုပဲ အရေးယူမလားဆိုတာ စဉ်းစားရကျပ်နေပါတယ်၊ မှတ်ပုံတင်ငှားပြီး သောင်းဂဏန်းလောက်ပဲရတဲ့သူတွေကို အရေးယူမယ်ဆိုရင် မဖြစ်သင့်သလို၊ ကုမ္ပဏီကို အရေးယူ မယ်ဆိုရင်လည်း ထွက်ပြေးတိမ်းရှောင်သွားမှာဖြစ်ပါတယ်၊ ဒါကြောင့် အရေးယူဖို့ ဆိုတာထက် ပြဿနာအရင်းအမြစ်ကို စဉ်းစားရမှာဖြစ်ပါတယ်”ဟု ၎င်း၏အမြင်ကို သုံးသပ်ပြောဆိုခဲ့သည်။


Ref: Automobile

အပ်ကားများ ရှားပါးလာခြင်းကြောင့် ထပ်မံခေါ်ယူမည့် အက္ခရာအား ပိုင်ရှင်များစိတ်ဝင်တစား စောင့်ကြည့်နေ


ရန်ကုန်တိုင်းဒေသကြီးအတွင်း အပ်နှံဆဲဖြစ်သည့် ‘လ၊သ၊အ’အပ်ကားများ ရှားပါးလာခြင်းကြောင့် ထပ်မံခေါ်ယူမည့် အက္ခရာအား ယာဉ်ပိုင်ရှင်များအနေဖြင့် စိတ်ဝင် တစား စောင့်ကြည့်နေရကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။ လက်ရှိအချိန်တွင် အပ်နှံဆဲ ‘အ’အက္ခရာကားများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အစီးရေ ၄,၇၅ဝ ရှိရာ ဖေဖော်ဝါရီ ၁ဝ ရက်တွင် အစီးရေ ၄,၁ဝ၇ စီး အပ်နှံ ပြီးစီးခဲ့ပြီး ဖြစ်သည်။ ထို့အတူ အပ်နှံရန်ကျန်ရှိသည့် ‘လ’ အက္ခရာကားများမှာ အပ်နှံရန် ၄,ဝ၅၄ စီး ရှိသည့်အနက် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အစီးရေ ၃,၉၃၅ စီး အပ်နှံခဲ့ပြီး ‘သ’ အက္ခရာကားများမှာ အပ်နှံရန် အစီးရေ ၄,၇ဝဝ ရှိသည့်အနက် နယ်ကားများအပါ အဝင် ၄,၇၁၅ စီးအပ်နှံပြီး ဖြစ်ကြောင်း သိရသည်။ Chery QQ3 ကားများအပ်နှံမှုတွင် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အစီးရေ ၂၃၁ စီး အပ်နှံပြီးစီးခဲ့ပြီး အက္ခရာစုံမှ နေ့စဉ် ကား အစီးရေ ခြောက်ဆယ်ဝန်းကျင်ခန့် လာရောက်အပ်နှံလျက် ရှိကြောင်း ‘ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာန’မှ သိရသည်။ “ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုက အရင်ရက် တွေကထက်စာရင် အခုရက်ပိုင်းမှာ အပ်နှံမှု ပြန်များလာတာ တွေ့ရတယ်၊ အပ်နှံဖို့ကျန်ရှိတဲ့ အက္ခရာကားတွေလည်း လာရောက် အပ်နှံကြပါတယ်၊ အပ်နှံမှု စာရင်း အရ အပ်နှံမယ့်ကားတွေကလည်း အနည်းငယ်ပဲရှိတော့တယ်၊ နောက်ထပ်အပ်နှံခွင့်ပြုမယ့် အက္ခရာကတော့ အက္ခရာအစဉ်လိုက်ပဲ ခေါ်မလား၊ ယာဉ်သက်တမ်း အလိုက်ပဲ ခေါ်မလားဆိုတာ မသိရသေးပါဘူး၊ ရုံးချုပ်က ညွှန်ကြားချက်လည်း မလာသေးတဲ့အတွက် ပြောလို့မရဘူး၊ ညွှန်ကြားချက်ရတာနဲ့ အချိန် နဲ့တစ်ပြေးညီ ပြောကြားမှုတွေ ပြု လုပ်ပြီး အပ်ကားတွေကိုလက်ခံပေး သွားမှာဖြစ်ပါတယ်”ဟု ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အပ်ကား ရှားပါး လာခြင်းနှင့် အတူ ထပ်မံခေါ်ယူမည့် အက္ခရာကို မသိရသေးသောကြောင့် အပ်ကားများ၏ စျေးနှုန်းသည် အနည်းငယ်မြင့်တက်သွားခဲ့ပြီး ‘အ’အက္ခရာ စလစ်တစ်စောင်လျှင် ကျပ်(၁ဝ၄) သိန်း ဝန်းကျင်ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။


Ref : Automobile

ရန်ကုန်မြို့တွင်း၌ အမြန်ယာဉ်များ ပြေးဆွဲနိုင်ရန် ရုံးတက်၊ ရုံးဆင်းချိန် ဘတ်စ်ကားစီး ခရီးသည်ဦးရေ စစ်တမ်းကောက်ယူ


ရန်ကုန်မြို့တွင်း၌ အမြန်ယာဉ်များ ဝင်ရောက်ပြေးဆွဲနိုင်ရန် ရုံးတက်၊ ရုံးဆင်းချိန် ဘတ်စ်ကားစီး ခရီးသည် အရေအတွက်ကို စစ်တမ်းကောက်ယူလျက်ရှိကြောင်း အမြန် ယာဉ်ပြေးဆွဲမည့် ‘မေတ္တာလှိုင်း ယာဉ်လိုင်း’မှ သတင်းရရှိသည်။ အမြန်ယာဉ် ပြေးဆွဲနိုင်ရန် အတွက် မေတ္တာလှိုင်းယာဉ်လိုင်းနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း ဆွေးနွေး မှုများ ပြုလုပ်လျက်ရှိကာ လက်ရှိတွင် ဘတ်စ်ကားစီးနင်းမှု အများဆုံးအချိန်ဖြစ်သည့် ရုံးတက်၊ ရုံးဆင်းချိန်များ၌ လူဦးရေစစ်တမ်း ကောက်ယူ၍ ရရှိလာမည့် ရလဒ်နှင့် အကျိုးအမြတ် အပေါ်မူတည်ကာ အမြန်ယာဉ် ပြေးဆွဲနိုင်ခြင်း ရှိ/မရှိကို ထုတ်ပြန် ပေးသွားမည် ဖြစ်သည်။ “ကျွန်တော်တို့ ယာဉ်လိုင်းအနေနဲ့ လက်ရှိမှာ အမြန်ယာဉ် ပြေးဆွဲနိုင်ဖို့အတွက် ယာဉ်အစီးရေ ကိုးဆယ်ကျော် ရှိတယ်၊ အရင်က ဒီယာဉ်အစီးရေတွေနဲ့ အဆင့်မြင့်ယာဉ်လိုင်း ပြေးဆွဲဖို့ တင်ပြထားတယ်၊ အကြောင်းမပြန်ခဲ့ဘူး၊ အခုတော့ အမြန်ယာဉ်ပြေးဆွဲဖို့ ညှိနှိုင်းနေတယ်၊ အခု ခရီးစဉ် အခြေအနေ စစ်တမ်းကောက်ယူမှုလည်း လုပ်နေတယ်၊ ဥပမာ ရွှေပြည်သာမှာနေတဲ့သူတွေက မြို့ထဲကို ရောက်ဖို့ဆိုရင် သုံးနာရီလောက် အချိန်ပေးရတယ်၊ ဒါကို အချိန် ဘယ်လိုချုံ့မလဲပေါ့၊ ပြီးတော့ ကားပေါ်မှာ သက်သောင့်သက်သာနဲ့ စီးနင်းလိုက်ပါနိုင်အောင်ရောပေါ့”ဟု မေတ္တာလှိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အမြန်ယာဉ် ပြေးဆွဲမည့်အပေါ် မြို့ပြစီမံခန့်ခွဲမှု ကျွမ်းကျင် ပညာရှင်တစ်ဦးက “တကယ်တော့ မြန်တာ၊ နှေးတာက အဓိကမကျဘူး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပက ခရီးသည်တွေ မြို့ထဲရောက်ဖို့ အချိန်ပေးစီးရတာ မှန်တယ်၊ ထိုက်သင့်သလောက်တော့ အချိန်ပေးစီးရမှာပဲ၊ ဒါပေမဲ့ အခုက ကြာသင့်တာထက် ပိုကြာနေတယ်၊ ယာဉ်ကြောကျပ်တာနဲ့ စီမံခန့်ခွဲမှု ညံ့တာကြောင့်လည်းပါတယ်၊ နောက် ဘတ်စ်ကားအချင်းချင်း ကျော်တက်တာတွေကိုလည်း တားမြစ်ရမယ်၊ ဒီလိုဆိုရင် အဆင်ပြေနိုင်မယ်”ဟု ပြောကြားခဲ့သည်။ အမြန်ယာဉ် ပြေးဆွဲခွင့်ရရှိမည် ဆိုပါက ဘတ်စ်ကားတစ်စီးလျှင် ငါးမိနစ်ခြား ပြေးဆွဲ၍ မှတ်တိုင်တိုင်း၌ လက်မှတ်အရောင်းဂိတ် စခန်းများ ထားရှိပေးမည် ဖြစ်ကြောင်း သိရပြီး လက်ရှိတွင်အမြန်ယာဉ် ပြေးဆွဲမှုလမ်းကြောင်း၊ စီးနင်းခ လက်မှတ်နှုန်းထားများကိုမူ သတ်မှတ်ရခြင်း မရှိသေးကြောင်း အထက် ပါယာဉ်လှိုင်းမှ သိရသည်။


Ref: Automobile

အဆင့်မြင့် ယာဉ်ရပ်နားစခန်း သုံးခု ဗိုလ်တထောင်နှင့် ကမာရွတ်မြို့နယ်တို့တွင် တည်ဆောက်မည်


ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အဆင့်မြင့် ယာဉ်ရပ်နားစခန်းသုံးခုကို ဗိုလ်တထောင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း ‘ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ’မှ သတင်းရရှိသည်။ ယာဉ်ရပ်နားစခန်းများကို ဗိုလ်တထောင်မြို့နယ်တွင် ၄၅ လမ်း ရှိ မြေဧရိယာ ၂ ဒသမ ၅၆၁ ဧကနှင့် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ဝ၆၈ ဧကတို့တွင် လည်းကောင်း၊ ကမာရွတ်မြို့နယ်တွင် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေဧရိယာ ဝ ဒ သမ ၁ဝ၃ ဧကတွင် လည်းကောင်း တည်ဆောက်ရန် ရွေးချယ်ထားကြောင်း သိရသည်။ “အဆင့်မြင့် ယာဉ်ရပ်နားစခန်းဆောက်လုပ်မှာ ဖြစ်တဲ့အတွက် ဌာနနဲ့ ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်ထားတယ်၊ ၂ဝ၁၃ ခုနှစ် လွှတ်တော်အစည်း အဝေးမှာကတည်းက အထပ်မြင့် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ဖို့ တင်ပြခဲ့ပေမဲ့ အချက်အလက် စုဆောင်းမှု၊ မြေနေရာ ရှာဖွေမှုတွေကြောင့် အခုမှ စတင်ဖြစ်တာပါ၊ နောက်ပိုင်းကျရင်တော့ ရန်ကုန်မြို့ရဲ့ အဆင်ပြေမယ့် မြေနေရာတွေမှာ ယာဉ်ရပ်နားစခန်းတွေ ဆောက်လုပ်သွားဖို့ ရှိပါတယ်”ဟု ‘မြို့တော်စည်ပင်၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)’မှ လက်ထောက်ဌာနမှူးက ပြောသည်။ ယာဉ်ရပ်နား စခန်း လုပ်ကိုင်လိုသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) တွင် တင်ဒါ လျှောက်လွှာ တစ်စုံ အမေရိကန်ဒေါ်လာ ငါးရာ၊ သို့မဟုတ် ကျပ်ငွေ ငါးသိန်းဖြင့် လာရောက်ဝယ်ယူနိုင်ပြီး မတ် ၃၁ ရက် နောက်ဆုံးထား၍ တင်ဒါလျှောက်လွှာနှင့်အတူ အာမခံ အမေရိကန် ဒေါ်လာ တစ်သိန်း စပေါ်ငွေတင်၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ပုဂ္ဂလိက ယာဉ်ရပ်နားစခန်းအဖြစ် မြေနီကုန်း၊ ရှင်စောပု ယာဉ်ရပ်နား စခန်းတစ်ခုသာရှိပြီး ၂ဝ၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


Ref: Automobile

အို/ဟောင်း စီမံချက်အရ CNG ပြန်လည်တပ်ဆင်ပေးမှု ၉၅ ရာခိုင်နှုန်းကျော် ပြီးစီး


ယာဉ်အို၊ ယာဉ်ဟောင်းစီမံချက်အရ ပြန်လည်တင်သွင်းလာသော ယာဉ်များ CNG ပြန်လည်တပ်ဆင်ခွင့်ပေးမှု ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီ ဖြစ်ကြောင်း ‘စွမ်းအင်ဝန်ကြီး ဌာန၊ CNG ဌာခွဲ’မှ သတင်းရရှိသည်။ အဆိုပါ စီမံချက်အား ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အို/ဟောင်း အပ်နှံစဉ်က CNG အသုံးပြုယာဉ် များ ပြန်လည်တပ်ဆင်ခွင့် ပြုပေးမှုအနေဖြင့် ၉၅ ဒသမ ၂၉ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်ဟု သိရသည်။ “CNG တပ်ဆင်အသုံးပြုခဲ့တဲ့ ယာဉ်တွေကို ပြန်လည် တပ်ဆင် ခွင့်ပြုတဲ့နေရာမှာ ဦးစားပေးအနေနဲ့ ခရီးသည်တင်ယာဉ်ကနေ ခရီးသည်တင်၊ တက္ကစီယာဉ်ကနေ တက္ကစီ၊ ခရီးသည်တင်ကနေ တက္ကစီ၊ တခြားလိုင်စင်တွေကနေ တက္ကစီ ဆိုပြီး ပြောင်းလဲတပ်ဆင်မှုတွေကို ခွင့်ပြုပေးခဲ့ပါတယ်”ဟု ‘စွမ်းအင် ဝန်ကြီးဌာနခွဲ’မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ CNG အသုံးပြုရရှိ ထားသည့် မော်တော်ယာဉ် အစီးရေ ၂၆,၇၉ဝ ခန့်ရှိပြီး အို/ဟောင်း စီမံချက်အရ CNG ပြန်လည်တပ်ဆင်ခွင့် ပြုရမည့်ယာဉ် ခန့်မှန်း အစီးရေ ၁၂,၃၅၆ ခန့် ရှိကာ လက်ရှိ တွင် ၁ဝ,၈၇၆ စီး ခွင့်ပြုပေးပြီး ဖြစ်ကြောင်း သတင်းရရှိသည်။


Ref: Automobile

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်ပြည့်ဝစွာ ရောင်းချပေးမှုမရှိကြောင်း ဝန်ကြီးဌာနသို့ တိုင်ကြားမှုများရှိနေ


ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်ပြည့်ဝစွာ ရောင်းချပေးမှု မရှိကြောင်း ဝန်ကြီးဌာနသို့ တိုင်ကြားမှုများရှိနေသည်ဟု ‘စွမ်းအင်ဝန်ကြီးဌာန’မှ သတင်းရရှိသည်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှ ဝယ်ယူသုံးစွဲသူများ အနေဖြင့် စက်သုံးဆီ ဝယ်ယူရာတွင် ပေးရသည့် တန်ဖိုးနှင့် ရရှိသည့်ပမာဏမှာ ထက်ဝက်ခန့် လျော့နည်းမှု ရှိနေကြောင်းကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည်အကဲ ဖြတ်အဖွဲ့သို့ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါ ရီလက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “စက်သုံးဆီ အခြင်အတွယ် ပြည့်မီမှု ရှိ/မရှိနဲ့ စက်သုံးဆီအရည်အသွေး တိုင်းတာစစ်ဆေးမှုကို ၂ဝ၁၃ ခုနှစ်တုန်းက ပြုလုပ်သလို ဒီနှစ်မှာလည်း ဆောင်ရွက်သွားမှာပါ၊ ဒီနှစ်မှာ စက်သုံးဆီ အရောင်း ဆိုင်တွေကို တိုင်းတာစစ်ဆေးမှု မလုပ်ရသေးပေမဲ့ မကြာခင်မှာပဲ ဆောင်ရွက်သွားမှာပါ”ဟု ‘မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး’မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၌ ရန်ကုန်မြို့တွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်း ဆိုင်များ အခြင်အတွယ်ပြည့်မီခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ စက်သုံးဆီ အရောင်းဆိုင်ပေါင်း တစ်ရာကျော် အနက်ဆိုင် နှစ်ဆယ်ခန့်မှာ အခြင်အတွယ်ပြည့်ဝမှု မရှိသည်ကို တွေ့ရကြောင်း သိရသည်။ ယင်းသို့ စက်သုံး ဆီအခြင်အတွယ် ပြည့်ဝစွာ ရောင်းချခြင်းမရှိသည့် အရောင်းဆိုင်များအား ပထမအကြိမ် သတိပေးခြင်းနှင့် ဒုတိယအကြိမ် ရောင်းချခွင့် သုံးလ ပိတ်သိမ်းခြင်းများ ဆောင် ရွက်ခဲ့ကြောင်း စွမ်းအင်ဝန် ကြီးဌာနမှ သတင်းရရှိသည်။


Ref: Automobile

 

အစိုးရအဖွဲ့မှ ဖိတ်ခေါ်ပါက ပြည်တွင်းသို့ Tata ဘတ်စ်ကားများ တင်သွင်းမည်


သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်မည့် ကုမ္ပဏီကြီးများ၏ ဖိတ်ခေါ်တောင်းဆိုမှုများရှိပါက Tata ဘတ်စ်ကားများ တင်သွင်းမည် ဖြစ်ကြောင်း Tata Motor မြန်မာပြည် ကိုယ်စားလှယ်ဖြစ်သည့် ‘Apex Greatest Industrial Co.,Ltd’ မှ သတင်းရရှိသည်။ Tata ကားများကို လက်ရှိတွင် လူစီး ယာဉ်နှင့် လုပ်ငန်းသုံး အငှားယာဉ် ဖြန့်ဖြူးရောင်းချခြင်းသာ တွေ့ရှိရပြီး မကြာမီက Tata Motor နှင့် Apex Greatest Industrial Co.,Ltdတို့ ပူးပေါင်း၍ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Tata ဘတ်စ်ကား သုံးစီး လှူဒါန်းခဲ့ကြောင်း၊ ယင်းမှာ Tata Bus Brand ကို မိတ်ဆက်ခြင်းဖြစ်ကာ သက်ဆိုင်ရာ အစိုးရ အဖွဲ့နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်မည့် ကုမ္ပဏီ ကြီးများမှ ကြိုက်နှစ်သက်မှုရှိ၍ မှာယူတင်သွင်းရန် ဖိတ်ခေါ်ပါက ဘတ်စ်ကားများ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။ “တောင်းဆိုလာမယ် ဆိုရင်တော့ ဘတ်စ်ကားတွေ တင်သွင်းဖို့ရှိတယ်၊ လက်ရှိအစိုးရအဖွဲ့ကို လှူဒါန်းတာက Tata Bus Brand ကို မိတ်ဆက်ပေးတာ၊ တကယ်လို့ ဒါကိုစီးကြည့်ပြီးမှ သဘောကျတယ်၊ မှာယူမယ်ဆိုရင်တော့ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ Tata Bus ကားတွေ တင်သွင်းပေးမယ်၊ ဒီအတွက် စျေးနှုန်းညှိနှိုင်းမှုတွေနဲ့ ဝယ်ယူမှုပုံစံတွေကိုလည်း ဆွေးနွေးလို့ရမယ်၊ အရစ်ကျဆိုရင်လည်း စီစဉ်ပေးမယ်”ဟု Apex Gratest Industral Co.,Ltd ဥက္ကဌ ဦးကြည်သိန်းက ပြောသည်။Tata Motor ထုတ် ကားများကို ၂ဝ၁၃ ခုနှစ်၊ မတ်လမှစ၍ တင်သွင်း ဖြန့်ဖြူးရောင်းချပေးခြင်း ဖြစ်ပြီး Tata ကားအရောင်း ပြခန်းကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ တိရစ္ဆာန်ဥယျာဉ်ဘေး၌ ဖွင့်လှစ်ထားကာ Tata လုပ်ငန်းသုံးကား၊ အငှားယာဉ်၊ အိမ်စီးကား၊ ကုန်တင်ယာဉ် ကြီး/ငယ်များကို ငွေ ကျပ်သိန်း (၁၁ဝ) မှ (၆၁ဝ) အတွင်း ရောင်းချမည်ဖြစ်ကြောင်း သိရသည်။


Ref: Automobile

 

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »