TATA Nano ကို ဈေးသက်သာစွာဖြင့် မေလစရောင်းမည်
ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာပြီဖြစ်သော အိန္ဒိယနိုင်ငံထုတ်တန်ဖိုးနည်းကားများဖြစ်သော TATA Nano မော်တော်ယာဉ်များကိုယခုလကုန်၌ ရောင်းချမည့်ဈေးနှုန်း ကြေငြာ၍ မေလဆန်းတွင်ရောင်းချ သွားရန်စီစဉ် လျက် ရှိကြောင်း အဆိုပါ မော်တော်ယာဉ်တင်သွင်းရောင်းချသည့် Apex Greatest Industrial မှ အကြီးတန်း အရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါသည်။
လက်ရှိပြည်တွင်းကားဈေးကွက်တွင် ဈေးအချိုဆုံး ယာဉ်များဖြစ်သော ပြည်တွင်းစက်မှုဇုန်ထုတ် အမိုးဖွင့် ဂျစ်ကား (ဂျစ်ပု၊ ရှမ်းစတားဂျစ်) တစ်စီးလျှင် ကျပ်သိန်း ၂၅ သိန်းမှ သိန်း ၃၀ ၀န်းကျင် ၊ ချယ်ရီဝက်ဂွန် နှင့် မြန်မာ မီနီဆလွန်းတို့မှာ ကျပ်သိန်း ၆၀ မှ ၆၅ အထိဈေးပေါက် လျက်ရှိကြောင်း အဆိုပါဈေးကွက်မှစုံစမ်းသိရှိ ရသည်။
the_voice
Unicode Version
ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာပြီဖြစ်သော အိန္ဒိယနိုင်ငံထုတ်တန်ဖိုးနည်းကားများဖြစ်သော TATA Nano မော်တော်ယာဉ်များကိုယခုလကုန်၌ ရောင်းချမည့်စျေးနှုန်း ကြေငြာ၍ မေလဆန်းတွင်ရောင်းချ သွားရန်စီစဉ် လျက် ရှိကြောင်း အဆိုပါ မော်တော်ယာဉ်တင်သွင်းရောင်းချသည့် Apex Greatest Industrial မှ အကြီးတန်း အရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါသည်။
လက်ရှိတွင်ဆိ်ပ်ကမ်းမှ မထုတ်ယူရသေးခြင်းနှင့် ကုန်ကျစရိတ်များ အသေးစိ်တ်မတွက်ချက်ရသေးခြင်းကြောင့် စျေးနှုန်းမထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ “အိန္ဒိယကားဆိုတော့ ဒီကချယ်ရီထက်တော့ သာမှာပါ။ စျေးနှုန်းပဲကြည့်ရမယ် သေချာတာကတော့ဂျပန် 1.3 (အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ) ကားတွေလောက်တော့ လူကြိုက်များမှာမဟုတ်ဘူး” ဟု ဝါရင့်ယာဉ်ဝယ်ရောင်းလုပ်ငန်းရှင် ဦးသန်းမြင့်က ပြောဆိုသည်။
tata_nano_europa_11-500x332
TATA Nano အပြင် TATA Manza, TATA Xenon Single Cab နှင့် Space Cab များပါ ရန်ကုန်
ဆိပ်ကမ်းသို့ရောက်ရှိပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ TATA ကုန်တင်ယာဉ်ကြီး နှင့် ကုန်တင်ယာဉ်ငယ်များ ကိုလည်း ဧပြီလ ၇ ရက်နေ့မှ စတင်၍ ပုလဲဥယျာဉ်အိမ်ရာ ၊ ပုလဲမြို့သစ် ၊ မင်္ဂလာဒုံမြို့နယ်ရှိ Apex Greatest Industrial ကုမ္ပဏီ၏ အရောင်းပြခန်းတွင်စတင်ရောင်းချခဲ့ပြီး ကားအမျိုးအစားပေါ်မှုတည်၍ ကျပ်သိန်း ၁၁ဝ မှ သိန်း ၆၁ဝ အထိ သတ်မှတ်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ အကြီးအကဲတစ်ဦးက ပြောကြားသည်။
လက်ရှိပြည်တွင်းကားစျေးကွက်တွင် စျေးအချိုဆုံး ယာဉ်များဖြစ်သော ပြည်တွင်းစက်မှုဇုန်ထုတ် အမိုးဖွင့် ဂျစ်ကား (ဂျစ်ပု၊ ရှမ်းစတားဂျစ်) တစ်စီးလျှင် ကျပ်သိန်း ၂၅ သိန်းမှ သိန်း ၃ဝ ဝန်းကျင် ၊ ချယ်ရီဝက်ဂွန် နှင့် မြန်မာ မီနီဆလွန်းတို့မှာ ကျပ်သိန်း ၆ဝ မှ ၆၅ အထိစျေးပေါက် လျက်ရှိကြောင်း အဆိုပါစျေးကွက်မှစုံစမ်းသိရှိ ရသည်။
tata-nano-furquan-500x335
အင်ဂျင်ပါဝါ ၆၂၄ စီစီ ရိုးရိုး ဂီယာအမျိုးအစား TATA Nano မော်တော်ယာဉ်တစ်စီးကို မော်ဒယ် အနိမ့် အမြင့် ပေါ်မူတည်၍ အမေရိကန်ဒေါ်လာ ၂၈ဝဝ (ကျပ် ၂၅ သိန်းခန့် ) မှ ၄ဝဝဝ (ကျပ် ၃၇ သိန်း ဝန်းကျင်) အထိရှိကြောင်း TATA Nano ၏ တရားဝင် အင်တာနက်စာမျက်နှာပေါ်တွင်ဖော်ပြထားသည်။
the_voice
The Voice Daily မှ ကူးယူဖော်ပြသည်။
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​တိုက်​မှု ဖြစ်​ပွား​သော...
23602231 2157311237654961 2105906177 n 150x150
Zawgyi Version   ယာဉ်​တိုက်​မှု ဖြစ်​ပွား​ခဲ့သော တိုက်​​ပြေးကားများ၊ ကားခိုးမှုများနှင့် ကား​ပျောက်​မှုများကို ဗဟိုထိန်းချူပ်​​ရေး (control...
Read more »