BAIC မော်တော်ယာဉ် ကုမ္ပဏီက ၂၀၁၄ ခုနှစ်အတွင်း အင်ဂျင်မှ ကိုယ်ထည်အထိ ပြုပြင်နိုင်သော အရောင်းစင်တာများ ရန်ကုန်၊ နေပြည်တော် နှင့်မန္တလေးမြို့များတွင် တိုးချဲ့ဖွင့်လှစ်သွားမည်

တရုတ်နိုင်ငံ အခြေစိုက် BAIC (Beijing Automotive Group) မော်တော်ယာဉ် ကုမ္ပဏီက ၂၀၁၄ ခုနှစ်တွင် မေိာတော်ယာဉ် အင်ဂျင်မှ ကိုယ်ထည်အထိ ပြုပြင်နိုင်သော အရောင်းစင်တာ များကို ရန်ကုန်၊ နေပြည်တော် နှင့်မန္တလေးမြို့ များတွင် တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း Aung Gabar Co.,Ltd မှ သိရှိရပါသည်။

BASIC-Co.Ltd_

Ref: News-Eleven.com



Unicode Version

တရုတ်နိုင်ငံ အခြေစိုက် BAIC (Beijing Automotive Group) မော်တော်ယာဉ် ကုမ္ပဏီက ၂ဝ၁၄ ခုနှစ်တွင် မောိတော်ယာဉ် အင်ဂျင်မှ ကိုယ်ထည်အထိ ပြုပြင်နိုင်သော အရောင်းစင်တာ များကို ရန်ကုန်၊ နေပြည်တော် နှင့်မန္တလေးမြို့ များတွင် တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း Aung Gabar Co.,Ltd မှ သိရှိရပါသည်။

BASIC-Co.Ltd_

Aung Gabar Service Co.,Ltd မှ Managing Director ဦးအောင်စိန်က “၂ဝ၁၄ ခုနှစ် အတွင်းမှာ BAIC ကုမ္ပဏီထုတ် မော်တော်ယာဉ်တွေကို အင်ဂျင်ကနေ ကားဆေး ဘော်ဒီအထိ ပြုပြင်နိုင်တဲ့ After Sale Service စင်တာတွေကို ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေးမြို့ကြီးတွေမှာ တိုးချဲ့ ဖွင့်လှစ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။  BAIC (Beijing Automotive Group) မော်တော်ယာဉ် ကုမ္ပဏီ၏ အဆိုပါ အထွေထွေ ဝန်ဆောင်မှု အရောင်းစင်တာများကို လာမည့် ဇူလိုင် နှင့်သြဂုတ်လ အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း Aung Gabar Service Co.,Ltd မှ Managing Director က ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် BAIC ကုမ္ပဏီ၏ 3S စင်တာကို အမှတ် (၁ဝ၈)၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းတောင့် ဗဟန်းမြို့နယ်တွင် ဇန်နဝါရီ ၂၆ ရက်နေ့ ကဖွင့်လှစ်ခဲ့သည်။ BASIC ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ကုမ္ပဏီကြီး ၅ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျာမနီ အခြေစိုက် Daimler AG၊ တောင်ကိုရီးယား အခြေစိုက် Hyundai ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်လျှက် ရှိသည့်အပြင် ၂ဝဝ၉ ခုနှစ်တွင် ဆာ့ဘ်ကုမ္ပဏီ၏ တာဘိုနည်းပညာအား ဝယ်ယူ အသုံးချပြီး မော်တော်ယာဉ်များတွင် အသုံးပြုခဲ့သည်။ BAIC ကုမ္ပဏီအနေဖြင့် BASIC Motor, FOTO, BMW, BHMC, R&D အစရှိသော မော်တော်ယာဉ် ကုမ္ပဏီများ ပါဝင်ပြီး Spare Part ထုတ်လုပ်သော လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရှိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ မော်တော်ယာဉ် ကုမ္ပဏီများ၏ အရောင်းစင်တာများကို ရန်ကုန်မြို့တွင် အဓိကထား ဖွင့်လှစ် ရောင်းချ လျှက်ရှိကြောင်း သိရှိရသည်။
Ref: News-Eleven.com

Latest News

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »

အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...

Latest news1 12 150x150

Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...

Read more »

ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...

Latest news1 12 150x150

Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...

Read more »

အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...

Read more »

စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...

Latest news1 12 150x150

Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...

Read more »