ေအာင္မဂၤလာ အေ၀းေျပး၀င္းအား ေရေ၀းသုသာန္ေျမေနရာအထိ ထပ္မံတိုးခ်ဲ႕သြားမည္

မာက္ဥကၠလာပၿမဳိ႕နယ္ရွိ ေအာင္ မဂၤလာအေ၀းေျပး၀င္းအား ကား၀င္းႏွင့္ ကပ္လ်က္ရွိေသာ ေရေ၀း သုသာန္ေျမေနရာအထိ ေျမသား ခဲ်႕ထြင္မည္ျဖစ္ေၾကာင္း ‘ရန္ကုန္ ၿမဳိ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ’မွ သိရသည္။

highway-gate-1-300x199


လက္ရွိတြင္ ၆၈ ဒသမ ၅၇၄ ဧက က်ယ္၀န္းသည့္ ေအာင္မဂၤလာ အေ၀းေျပး၀င္းကို ၀င္းခဲ်႕ထြင္ရန္အတြက္ ၀င္း၏အေနာက္ဘက္ ေရေ၀းသုသာန္ရွိ ေျမဧရိယာ ေပ ၉၀၀ _ ၆၀၀ ကို ေျမသားျပဳျပင္ျခင္းႏွင့္ ၿခံစည္း႐ုိးခတ္ျခင္းမ်ား ေဆာင္ရြက္ လ်က္ရွိေၾကာင္းႏွင့္ ေျမသားျပဳျပင္ ျခင္းကို ယခုလမွ စတင္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ “ဘယ္လို စီမံကိန္းမ်ဳိး လုပ္ျဖစ္မယ္ ဆုိတာေတာ့ ညႊန္ၾကားခ်က္ မရွိေသးဘူး၊ အခု အေ၀းေျပး၀င္း အတြက္ေပးတဲ့ေျမကို ျပဳျပင္တာပဲ ရွိေသးတယ္၊ ၀င္းရဲ႕အေရွ႕ဘက္ဆုိလည္း ေရ ေျမာင္းခ်ဲ႕ထြင္တာေတြ လုပ္ေနတယ္၊ အဓိကကေတာ့ ၀င္းကိုခ်ဲ႕ထြင္တဲ့ သေဘာပါ”ဟု ‘ၿမဳိ႕ေတာ္စည္ပင္၊ အခြန္ဌာန(ေအာင္မဂၤလာ၀င္း)’မွ ဌာနခြဲမွဴးက ေျပာသည္။အဆုိပါ အေ၀း ေျပး၀င္းအတြင္းရွိ ကားဂိတ္ေဆာင္ ၁၇ ခု၌ လက္မွတ္ အေရာင္းဂိတ္ခန္း ၂၅၅ ခန္း၊ ပစၥည္း အေရာင္းေဆာင္ ၂၈ ေဆာင္၌ အခန္းေပါင္း ၂၆၇ ခန္း၊ စားေသာက္ ေဆာင္ ႏွစ္ေဆာင္၌ အခန္း ေပါင္း ၂၈ ခန္း၊ အေသးစားစက္မႈေဆာင္ ၁၈ ေဆာင္၌ အခန္းေပါင္း ၆၉ ခန္း၊ အက္ဆစ္ပစၥည္းႏွင့္ ဓာတုပစၥည္း တစ္ေဆာင္၊ကားျပဳျပင္ ေဆာင္ ႏွင့္ တည္းခိုခန္း ႏွစ္ခုအျပင္ သန္႔စင္ခန္းမ်ား၊ ဆုိက္ေရာက္/ထြက္ခြာ အေဆာက္အအံုမ်ား ေဆာက္လုပ္ထားေၾကာင္း သိရသည္။


Ref : Automobile




Unicode Version

မာက်ဥက္ကလာပမြို့နယ်ရှိ အောင် မင်္ဂလာအဝေးပြေးဝင်းအား ကားဝင်းနှင့် ကပ်လျက်ရှိသော ရေဝေး သုသာန်မြေနေရာအထိ မြေသား ချဲ့ထွင်မည်ဖြစ်ကြောင်း ‘ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သိရသည်။

highway-gate-1-300x199


လက်ရှိတွင် ၆၈ ဒသမ ၅၇၄ ဧက ကျယ်ဝန်းသည့် အောင်မင်္ဂလာ အဝေးပြေးဝင်းကို ဝင်းချဲ့ထွင်ရန်အတွက် ဝင်း၏အနောက်ဘက် ရေဝေးသုသာန်ရှိ မြေဧရိယာ ပေ ၉ဝဝ _ ၆ဝဝ ကို မြေသားပြုပြင်ခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းနှင့် မြေသားပြုပြင် ခြင်းကို ယခုလမှ စတင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ “ဘယ်လို စီမံကိန်းမျိုး လုပ်ဖြစ်မယ် ဆိုတာတော့ ညွှန်ကြားချက် မရှိသေးဘူး၊ အခု အဝေးပြေးဝင်း အတွက်ပေးတဲ့မြေကို ပြုပြင်တာပဲ ရှိသေးတယ်၊ ဝင်းရဲ့အရှေ့ဘက်ဆိုလည်း ရေ မြောင်းချဲ့ထွင်တာတွေ လုပ်နေတယ်၊ အဓိကကတော့ ဝင်းကိုချဲ့ထွင်တဲ့ သဘောပါ”ဟု ‘မြို့တော်စည်ပင်၊ အခွန်ဌာန(အောင်မင်္ဂလာဝင်း)’မှ ဌာနခွဲမှူးက ပြောသည်။အဆိုပါ အဝေး ပြေးဝင်းအတွင်းရှိ ကားဂိတ်ဆောင် ၁၇ ခု၌ လက်မှတ် အရောင်းဂိတ်ခန်း ၂၅၅ ခန်း၊ ပစ္စည်း အရောင်းဆောင် ၂၈ ဆောင်၌ အခန်းပေါင်း ၂၆၇ ခန်း၊ စားသောက် ဆောင် နှစ်ဆောင်၌ အခန်း ပေါင်း ၂၈ ခန်း၊ အသေးစားစက်မှုဆောင် ၁၈ ဆောင်၌ အခန်းပေါင်း ၆၉ ခန်း၊ အက်ဆစ်ပစ္စည်းနှင့် ဓာတုပစ္စည်း တစ်ဆောင်၊ကားပြုပြင် ဆောင် နှင့် တည်းခိုခန်း နှစ်ခုအပြင် သန့်စင်ခန်းများ၊ ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံများ ဆောက်လုပ်ထားကြောင်း သိရသည်။


Ref : Automobile


Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ေသာ...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ခဲ့ေသာ တိုက္​​ေျပးကားမ်ား၊ ကားခိုးမႈမ်ားႏွင့္ ကား​ေပ်ာက္​မႈမ်ားကို ဗဟိုထိန္​းခ်ဴပ္​​ေရး (control...

Read more »