Aston Martin မှ 1000 hp ရှိ လျှပ်စစ်ကားထုတ်လုပ်ရန် ပြင်ဆင်
ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်သော Aston Martin သည် လျှပ်စစ်ကားဈေးကွက်ကို ဝင်ရောက်ရန် ကြိုးပမ်းသည့်အနေဖြင့် မြင်းကောင်ရေ 1000 အားအထိ ထုတ်ပေးနိုင်မည့် လျှပ်စစ်ကားအမျိုးအစားတစ်ခုကို တီထွင်ဖန်တီးနေကြောင်း CEO ဖြစ်သူ Dr. Andy Palmer က ပြောကြားခဲ့သည်.။
dsf0440-500x333
လျှပ်စစ်ကား၏ ဈေးနှုန်းကို အတိအကျမဖော်ပြသော်လည်း Rapide S ၏ ဈေးကွက်တင်ရောင်းချသော ဈေးနှုန်းမှာ $200,000 ဖြစ်သောကြောင့် လျှပ်စစ်ကား၏ ဈေးနှုန်းမှာ $300,000 ခန့်ရှိမည်ဟု ခန့်မှန်းထားသည်.။
Ref: Business Insider
Aung Mon Chan
www.myanmarcarsdb.com
No. 1 Car Site in Myanmar
Unicode Version
ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်သော Aston Martin သည် လျှပ်စစ်ကားစျေးကွက်ကို ဝင်ရောက်ရန် ကြိုးပမ်းသည့်အနေဖြင့် မြင်းကောင်ရေ 1000 အားအထိ ထုတ်ပေးနိုင်မည့် လျှပ်စစ်ကားအမျိုးအစားတစ်ခုကို တီထွင်ဖန်တီးနေကြောင်း CEO ဖြစ်သူ Dr. Andy Palmer က ပြောကြားခဲ့သည်.။
dsf0440-500x333
အသစ်ထုတ်လုပ်မည့် လျှပ်စစ်ကားသည် Sedan အမျိုးအစားဖြစ်ပြီး Aston Martin Rapide S ပေါ်တွင် အခြေခံ၍ ထုတ်လုပ်ထားသောကားတစ်စီးဖြစ်သည်.။ စျေးကွက်တင်ရောင်းချမည့် အချိန်ကာလကို အတိအကျဖော်ပြခြင်းမရှိသောလည်း (၂) နှစ်အတွင်း စျေးကွက်တင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သူကဆိုသည်.။ မြင်းကောင်ရေ 1000 အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သော Super Sedan အမျိုးအစားဖြစ်သည်.။
MyanmarCarsDB မှ Sedan ကားများကိုကြည့်ရန်
လျှပ်စစ်ကား၏ စျေးနှုန်းကို အတိအကျမဖော်ပြသော်လည်း Rapide S ၏ စျေးကွက်တင်ရောင်းချသော စျေးနှုန်းမှာ $200,000 ဖြစ်သောကြောင့် လျှပ်စစ်ကား၏ စျေးနှုန်းမှာ $300,000 ခန့်ရှိမည်ဟု ခန့်မှန်းထားသည်.။
လတ်တလောစျေးကွက်အတွင်း ထုတ်လုပ်ပြီးဖြစ်သော Tesla လျှပ်စစ်ကား Model S ၏ စျေးနှုန်းမှာ $120,000 ဖြစ်သည်.။ Aston Martin မှ ထုတ်လုပ်သောကားများကို လတ်တလောတွင် V8 နှင့် V12 အင်ဂျင်များ တပ်ဆင်အသုံးပြုထားပြီး ယခုလျှပ်စစ်ကား၏ အခြေခံကားဖြစ်သော Rapide S သည် မြင်းကောင်ရေ 550 ကောင်အားအထိ ထုတ်လုပ်ပေးနိုင်သည်.။ Rapide S သည် 0 - 60 mph ကို 4.7 စက္ကန့်အတွင်း ရောက်ရှိနိုင်သည်ကို တွေ့ရသည်.။
ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီကြီးများမှ လောင်စာဆီချွေတာနိုင်၍ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုသော လျှပ်စစ်ကားများကို ထုတ်လုပ်လာခဲ့ရာ Audi ၏ R8, Marcedes ၏ SLS တို့ကိုလဲ လျှပ်စစ်ကားများအဖြစ် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်.။
Ref: Business Insider
Aung Mon Chan
www.myanmarcarsdb.com
No. 1 Car Site in Myanmar
Latest News
Mazda Myanmar က All New Mazda CX 9 ကားကိုု...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »