Apple မှ ကိုယ်တိုင်မောင်းနှင်နိုင်သော Self-driving Car တစ်မျိုး စမ်းသပ်မည်ဟု သတင်းထွက်

မေလမှာ ထွက်ပေါ်ခဲ့တဲ့ စာတမ်းတစ်ခုကို ကိုးကားပြီး Apple ရဲ့ Self-driving Car အကြောင်း သတင်းများ ထပ်မံထွက်ပေါ်လာပါတယ်.။ အဆိုပါစာတမ်းအရ Apple ရဲ့ အင်ဂျင်နီယာများဟာ ကားများစမ်းသပ်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်တဲ့  GoMentum Station ရဲ့ အုပ်ချုပ်သူများနဲ့ မေလအတွင်းက တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်.။ ဒီ  GoMentum Station ဟာ ဆမ်ဖရန်စစ္စကိုမှာ တည်ရှိတဲ့ ဧက 2,100 ရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်.။

 

တွေ့ဆုံရတဲ့ အကြောင်းအရင်းအတိအကျ ကိုမသိရပေမယ့် Apple ဟာ ကားတီထွင်ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်နေခဲ့တာ ကာလအတန်ကြာပြီဖြစ်တဲ့အတွက် ဒီတွေ့ဆုံမှုဟာ Apple က ထုတ်လုပ်မယ့်ကားများ စမ်းသပ်ဖို့အတွက် ဖြစ်တယ်လို့ ထင်မြင်ယူဆရပါတယ်.။

 

တစ်ချိန်တည်းမှာပဲ Apple CEO Tim Cook ဟာ ဂျာမနီနိုင်ငံရှိ BMW ဌာနချုပ်ကို သွားရောက်ခဲ့ပြီး Apple Car အဖြစ် အသုံးပြုမယ့် BMW i3 ကားကို ကြည့်ရှုခဲ့ကြောင်း သိရပါတယ်.။ BMW i3 ဟာ ၄ ယောက်စီး လျှပ်စစ်ကားအမျိုးအစားဖြစ်ပြီး တံခါးလေးပေါက် ရင်ကွဲတံခါး အမျိုးအစားဖြစ်ပါတယ်.။

 

Apple Car အဖြစ်ပြောင်းလဲထုတ်လုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ BMW i3 ဟာ လျှပ်စစ်ကားအမျိုးအစား ဖြစ်တဲ့အတွက် လျှပ်စစ်ကားတွေရဲ့ သဘောတရားအတိုင်း မိုင်အနည်းငယ်သာ မောင်းနှင်နိုင်ပြီး လျှပ်စစ်အားပြန်သွင်းဖို့လိုမှာဖြစ်ပါတယ်.။ ဒီအချက်ကို ဖြေရှင်းဖို့ BMW ဟာ i3 ရဲ့ Extended Model တစ်ခုကို ထုတ်လုပ်ထားပါတယ်.။ ဒီ မော်ဒယ်မှာ လောင်စာဆီထည့်သွင်းနိုင်တဲ့ မော်တာတစ်လုံးပါဝင်ပြီး ဒီမော်တာဟာ လျှပ်စစ်ဂျင်နရေတာကို အားပြန်လည်ဖြည့်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်.။ ဒီ Extended Model ကားဟာ မိုင် 150 မောင်းနှင်နိုင်မှာဖြစ်တယ်လို့ BMW က ဆိုပါတယ်.။

 

Google ဟာလဲ Self-driving Car Project ကို စမ်းသပ်မောင်းနှင်နေခဲ့တာ အများသိပြီးဖြစ်ပါတယ်.။ Apple ဟာ ဒီဈေးကွက်ထဲမှာ Google ကို ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုကြိုးစားလာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်.။

 

Ref: Business Insider

 

Written by: အောင်မွန်ချမ်း

www.carsdb.com

No.1 Car Site in Myanmar

Latest News

အမြန်​လမ်းမ​​ပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်...

Tzh ygn mdy highway5 150x150

Photo Credit အမြန်​လမ်းမ​​ကြီးပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်​အောက်​ကားများသည် ယာဉ်အန္တရယ်ဖြစ်ပွားမှူ ပိုမိုဖြစ်​​ပေါ်နိုင်​သဖြင့် တစ်​နာရီ...

Read more »

ယာဉ်မောင်းလိုင်စင်အတု...

Download 150x150

Photo Credit to Shwe Myin Thar ​မော်​​တော်​ယာဉ်​ ​မောင်းနှင်​ရာတွင်​ ယာဉ်မောင်းလိုင်စင်အတု ကိုင်​​ဆောင်အသုံးပြုနေသူများကို ​ဇူလိုင်လ...

Read more »

ခရီးသည်​တင်​ အပ်​နှံပြီး လူစီးစလစ်​များ ...

Weekly price 6 27 2017 1 150x150

Photo Credit ရန်​ကုန်​တိုင်း​ဒေသကြီး ခရီးသည်​တင်​ယာဉ်များ ​အပ်​နှံပြီး လူစီးစလစ်များလာ​သော်​လည်း အ​ရောင်းအဝယ်​မလုပ်​ဘဲ...

Read more »

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »

ကညနရုံးတွင် ​ဖောက်ထွင်းခံရ​သော ...

Kanyana 150x150

Photo Credit to ရွှေမြင်သာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့်​...

Read more »
Download Android App