Android နှင့် iOS သုံး Mobile Tablet များတွင် တပ်ဆင်ထားနိုင်သည့် လမ်းတံတားဆိုင်ရာ အချက်အလက်ပြစနစ် မေလအတွင်း အသုံးပြုနိုင်မည်
Ref: Automobile
Unicode Version
ပြည်သူများ ခရီးသွားလာရာတွင် လွယ်ကူ အဆင်ပြေစေရန်အတွက် Android စနစ်သုံး မိုဘိုင်းဖုန်းများနှင့် iOS စနစ်သုံး Mobile Tablet များတွင် လွယ်လင့်တကူ တပ်ဆင်ထားနိုင်မည့် လမ်းတံတားဆိုင်ရာ အချက်အလက်ပြစနစ်ကို မေလအတွင်း အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ‘ဆောက်လုပ်ရေး ဝန်ကြီးဌာန’မှ သတင်းရရှိသည်။                MapmyIndia-CarPad
အဆိုပါ လမ်းတံတားဆိုင်ရာ အချက်ပြ လမ်းညွှန်စနစ် (RBIS- Road and Bridge Map Information System)မှာ Google Map ကို အခြေခံ ရေးဆွဲထားသည့် G2C (Government to Citizens) ဝန်ဆောင်မှု တစ်ခုဖြစ်ပြီး ၎င်းစနစ် တပ်ဆင်ထားခြင်းဖြင့် မိမိသွားရောက်လိုသည့် ခရီးအကွာအဝေး၊ လမ်းခရီးတစ်လျှောက် ဖြတ် သန်းရမည့် အနေအထားနှင့် Toll Gate များတွင် ကောက်ခံမှုနှုန်းထား စသည့် အချက်အလက်များကို စစ်ဆေးကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ “လက်ရှိမှာတော့ သက်ဆိုင်ရာ Data အချက်အလက်တွေကို ထည့်သွင်းနေပြီး အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ဖို့အတွက် စမ်းသပ်ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်၊ ဒီ Application ကို ၂ဝ၁၄ ခုနှစ်၊ မေလအတွင်းမှာ အများပြည်သူ အသုံးပြုနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လမ်း၊ တံတားဆိုင်ရာ အချက်အလက်ပြစနစ် ရေးဆွဲပြီးစီးပါက အဆိုပါ Application အား Google Play Store နှင့် Application Store တို့တွင် Free Download ရယူနိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Ref: Automobile
Latest News
Without ကားများကို RFID စနစ်​အသုံးပြု၍...
Latest news1 13 150x150
Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...
Read more »
Mazda Myanmar က All New Mazda CX 9 ကားကို...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »