အဆိုေတာ္ အမြန္းနဲ႔ ကားအေၾကာင္း စကားစျမည္


ah

1. အခုလတ္တေလာ အႏုပညာလုပ္ငန္းေတြက

Automatic DVD album ထြက္ေတာ့မွာမို ့ အဲဒါအတြက္ အျပီးသတ္ျပင္ဆင္ေနတယ္။ လက္ခံထားတဲ့ show ပြဲေတြေဖ်ာ္ေျဖျဖစ္တယ္။ magazine, journal interview ေတြ ဓါတ္ပံုရုိက္ကူးေရးေတြ လုပ္ျဖစ္ပါတယ္။

2. လက္ရွိစီးေနတဲ့ ကားက

လက္ရွိ စီးေနတာ Honda Insight ပါ ။

3. စီးဖူးသမွ်ထဲမွာ အၾကိဳက္ဆံုးကားက

မွတ္မွတ္ရရ LA မွာ BMW အမိုးဖြင့္ျပိဳင္ကားေလးေမာင္းျဖစ္တာေလး သေဘာေတြ ့ခဲ့ဖူးတယ္ ။ အႀကိဳက္ဆံုးရယ္လို ့ေတာ့မေျပာတတ္ဘူး။ ဘီးေလးဘီးပါျပီး Aircon ေကာင္း Engine ေကာင္း ရင္ အမြန္းအတြက္ အလုပ္ျဖစ္တယ္။

4. ဘယ္လုိကားမ်ိဳးကို စီးၾကည့္ခ်င္ေသးလဲ

အခုစီးေနတာ Honda ။ ဒါေပမယ့္ Toyota စီးႀကည့္ခ်င္ေသးတယ္။ တျခားအမ်ိဳးအစားေတြေရာေပါ့။ သူ ့ဟာနဲ ့သူေတာ့ေကာင္းႀကမယ္
ထင္တာပဲ!

5. ကိုယ္တုိင္ေမာင္းတာၾကိဳက္လား။ ေဘးက ထုိင္စီးရတာ ၾကိဳက္လား

ခုေနာက္ပိုင္း ကိုယ္တိုင္ပဲေမာင္းတာမ်ားတယ္။သူမ်ားေမာင္းရင္စိတ္
မရွည္လို ့။ လမ္းေၾကာင္းေရြးတာကအစေပါ့။ ကိုယ့္အလုပ္နဲ ့ကိုယ္ပဲစဥ္းစားရင္းေမာင္ျဖစ္တာမ်ားတယ္။ တစ္ခါတစ္ေလ အမြန္းကားကိုေမာင္းတာဆိုလို ့အမြန္းေမာင္ေလးနွစ္ေယာက္ရယ္ အရမ္းခ်စ္တဲ့သူငယ္ခ်င္းတစ္ေယာက္ရယ္ပဲရွိမယ္။

6. ျမန္မာႏုိင္ငံမွာ ေမာင္းရတာန႔ဲ LA မွာ ေမာင္းရတာ ဘာကြာျခားမႈ ရွိလဲ

ထိုင္ခံု ဘယ္ေမာင္းနဲ ့ညာေမာင္းကြာပါတယ္။ ျမန္မာနုိင္ငံမွာက ညာဖက္ထိုင္ေမာင္းတာမ်ားတယ္။ အေမရိကမွာက ဘယ္ဖက္ ထိုင္ေမာင္းတာပါ။ ကားလမ္းကို ညာကပ္ေမာင္းတာခ်င္းေတာ့ တူပါတယ္။ အမြန္း ျမန္မာနိုင္ငံမွာပဲကားေမာင္းမ်ားတာပါ။ LA မွာ GPS ၾကည့္ျပီးေမာင္းရေလာက္ေအာင္ အေနမမ်ားပါဘူး။ အလုပ္အတြက္ပဲသြားတာ။ အဲဒီေရာက္ရင္ မန္ေနဂ်ာပဲေမာင္းပို ့တယ္။ ျပီးေတာ့ Uber လုိ့ေခၚတဲ့ အငွားကားေတြ စီးတာမ်ားတယ္။ တစ္ခါတစ္ေလ ေတာ့ ရုိက္ကူးေရးအတြက္ အမြန္းေမာင္းတယ္။ သူငယ္ခ်င္းေတြ ေသာက္ထားျပီး ကိုယ္က မေသာက္ထားတာနဲ ့ၾကံဳ ရင္ျဖစ္ျဖစ္ ေမာင္းေပးတယ္ ။ သူတို့ဆီမွာ နဲနဲပဲေသာက္ထားဦးေတာ့ ရဲမိျပီဆိုတာနဲ့ ျမန္မာေငြ သိန္းတစ္ရာေလာက္ ဒဏ္ေငြေဆာင္ရျပီေလ။ ေသာက္ျပီးရင္မေမာင္းရဲၾကဘူး။

7. ကား Fashion နဲ႔ ပက္သက္ျပီး အျမင္ေလး သိပါရေစ

ဟီး... ကား Fashion ကို အမြန္းထက္တျခားလူငယ္ေတြ ပိုသိပါလိမ့္မယ္။ အမြန္းရဲ ့ကားကို ၾကည့္လိုက္ရင္ ဖုန္တက္ေနတာမ်ားလိမ့္မယ္ ( ဟားဟား) Sticker ကပ္ရတာဝါသနာမပါဘူး ။မီးဆင္ထားတဲ့ကားျမင္ရင္ ဘုရားပြဲလွည့္ေနသလို ခံစားရတယ္ ။ဘယ္သူ ့ကိုမွမရည္ရြယ္ပါေနာ္! သူ ့အၾကိဳက္နဲ ့သူပဲမို ့ေလ။ ၾကိဳက္တဲ ့သူေတြ အလွဆင္ႀကတာေကာင္းပါတယ္ ။အမြန္းကေတာ့ ကားဆုိရင္ အရွိအတုိင္းကို Polish တင္တာေလာက္ကလြဲျပီး ဘာမွမလုပျ္ဖစ္ဘူး။

8. CarsDB အတြက္ အမွတ္တရ စကားေလး

CarsDB က ျမန္မာနိုင္ငံရဲ ့ပထမဆံုး နဲ ့ကားအေရာင္းအဝယ္အမ်ားဆံုး Site လို ့သိရပါတယ္။ အဲဒီအတြက္ ဂုဏ္ယူပါတယ္။ ဆက္လက္ျပီးေတာ့ ေရာင္းသူနဲ ့ဝယ္သူၾကားမွာ အေကာင္းဆံုးေသာ ဝန္ေဆာင္မႈေတြေပးနုိင္တဲ့ အားထားရတဲ့ site အျဖစ္ ထာဝရ တည္တံ့ပါေစရွင့္!

ယခုလို ေမးသမွ် ေမးခြန္မ်ားအား အခ်ိန္ေပးျပီး ေသခ်ာေျဖဆိုေပးသြားပါေသာ ႏိုင္ငံေက်ာ္ အဆိုေတာ္ အမြန္းကို အထူးေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။



Unicode Version

ah

1. အခုလတ်တလော အနုပညာလုပ်ငန်းတွေက

Automatic DVD album ထွက်တော့မှာမို ့ အဲဒါအတွက် အပြီးသတ်ပြင်ဆင်နေတယ်။ လက်ခံထားတဲ့ show ပွဲတွေဖျော်ဖြေဖြစ်တယ်။ magazine, journal interview တွေ ဓါတ်ပုံရိုက်ကူးရေးတွေ လုပ်ဖြစ်ပါတယ်။

2. လက်ရှိစီးနေတဲ့ ကားက

လက်ရှိ စီးနေတာ Honda Insight ပါ ။

3. စီးဖူးသမျှထဲမှာ အကြိုက်ဆုံးကားက

မှတ်မှတ်ရရ LA မှာ BMW အမိုးဖွင့်ပြိုင်ကားလေးမောင်းဖြစ်တာလေး သဘောတွေ ့ခဲ့ဖူးတယ် ။ အကြိုက်ဆုံးရယ်လို ့တော့မပြောတတ်ဘူး။ ဘီးလေးဘီးပါပြီး Aircon ကောင်း Engine ကောင်း ရင် အမွန်းအတွက် အလုပ်ဖြစ်တယ်။

4. ဘယ်လိုကားမျိုးကို စီးကြည့်ချင်သေးလဲ

အခုစီးနေတာ Honda ။ ဒါပေမယ့် Toyota စီးကြည့်ချင်သေးတယ်။ တခြားအမျိုးအစားတွေရောပေါ့။ သူ ့ဟာနဲ ့သူတော့ကောင်းကြမယ်
ထင်တာပဲ!

5. ကိုယ်တိုင်မောင်းတာကြိုက်လား။ ဘေးက ထိုင်စီးရတာ ကြိုက်လား

ခုနောက်ပိုင်း ကိုယ်တိုင်ပဲမောင်းတာများတယ်။သူများမောင်းရင်စိတ်
မရှည်လို ့။ လမ်းကြောင်းရွေးတာကအစပေါ့။ ကိုယ့်အလုပ်နဲ ့ကိုယ်ပဲစဉ်းစားရင်းမောင်ဖြစ်တာများတယ်။ တစ်ခါတစ်လေ အမွန်းကားကိုမောင်းတာဆိုလို ့အမွန်းမောင်လေးနှစ်ယောက်ရယ် အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်ရယ်ပဲရှိမယ်။

6. မြန်မာနိုင်ငံမှာ မောင်းရတာနဲ့ LA မှာ မောင်းရတာ ဘာကွာခြားမှု ရှိလဲ

ထိုင်ခုံ ဘယ်မောင်းနဲ ့ညာမောင်းကွာပါတယ်။ မြန်မာနိုင်ငံမှာက ညာဖက်ထိုင်မောင်းတာများတယ်။ အမေရိကမှာက ဘယ်ဖက် ထိုင်မောင်းတာပါ။ ကားလမ်းကို ညာကပ်မောင်းတာချင်းတော့ တူပါတယ်။ အမွန်း မြန်မာနိုင်ငံမှာပဲကားမောင်းများတာပါ။ LA မှာ GPS ကြည့်ပြီးမောင်းရလောက်အောင် အနေမများပါဘူး။ အလုပ်အတွက်ပဲသွားတာ။ အဲဒီရောက်ရင် မန်နေဂျာပဲမောင်းပို ့တယ်။ ပြီးတော့ Uber လို့ခေါ်တဲ့ အငှားကားတွေ စီးတာများတယ်။ တစ်ခါတစ်လေ တော့ ရိုက်ကူးရေးအတွက် အမွန်းမောင်းတယ်။ သူငယ်ချင်းတွေ သောက်ထားပြီး ကိုယ်က မသောက်ထားတာနဲ ့ကြုံ ရင်ဖြစ်ဖြစ် မောင်းပေးတယ် ။ သူတို့ဆီမှာ နဲနဲပဲသောက်ထားဦးတော့ ရဲမိပြီဆိုတာနဲ့ မြန်မာငွေ သိန်းတစ်ရာလောက် ဒဏ်ငွေဆောင်ရပြီလေ။ သောက်ပြီးရင်မမောင်းရဲကြဘူး။

7. ကား Fashion နဲ့ ပက်သက်ပြီး အမြင်လေး သိပါရစေ

ဟီး... ကား Fashion ကို အမွန်းထက်တခြားလူငယ်တွေ ပိုသိပါလိမ့်မယ်။ အမွန်းရဲ ့ကားကို ကြည့်လိုက်ရင် ဖုန်တက်နေတာများလိမ့်မယ် ( ဟားဟား) Sticker ကပ်ရတာဝါသနာမပါဘူး ။မီးဆင်ထားတဲ့ကားမြင်ရင် ဘုရားပွဲလှည့်နေသလို ခံစားရတယ် ။ဘယ်သူ ့ကိုမှမရည်ရွယ်ပါနော်! သူ ့အကြိုက်နဲ ့သူပဲမို ့လေ။ ကြိုက်တဲ ့သူတွေ အလှဆင်ကြတာကောင်းပါတယ် ။အမွန်းကတော့ ကားဆိုရင် အရှိအတိုင်းကို Polish တင်တာလောက်ကလွဲပြီး ဘာမှမလုပြ်ဖစ်ဘူး။

8. CarsDB အတွက် အမှတ်တရ စကားလေး

CarsDB က မြန်မာနိုင်ငံရဲ ့ပထမဆုံး နဲ ့ကားအရောင်းအဝယ်အများဆုံး Site လို ့သိရပါတယ်။ အဲဒီအတွက် ဂုဏ်ယူပါတယ်။ ဆက်လက်ပြီးတော့ ရောင်းသူနဲ ့ဝယ်သူကြားမှာ အကောင်းဆုံးသော ဝန်ဆောင်မှုတွေပေးနိုင်တဲ့ အားထားရတဲ့ site အဖြစ် ထာဝရ တည်တံ့ပါစေရှင့်!

ယခုလို မေးသမျှ မေးခွန်များအား အချိန်ပေးပြီး သေချာဖြေဆိုပေးသွားပါသော နိုင်ငံကျော် အဆိုတော် အမွန်းကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။

Latest News

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »