မြေအနေအထား အမျိုးမျိုးတွင် သွားလာနိုင်သည့် လျှပ်စစ်ယာဉ်တစ်မျိုး Acer မှ ကြေညာ

Laptop နှင့် Tablet များ၊ Smartphone ထုတ်လုပ်မှုများဖြင့် လူသိများထင်ရှားသည့် ထိုင်ဝမ်အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Acer ကုမ္ပဏီမှ ကုမ္ပဏီ၏ သမာရိုးကျမဟုတ်သော ခြေလှမ်းတစ်ရပ်လှမ်းသည့်အနေဖြင့် မြေအနေအထားအမျိုးမျိုးတွင် သွားလာနိုင်သည့် လျှပ်စစ်ယာဉ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့ကြောင်း သိရပါတယ်.။

 

Acer မှ ထုတ်လုပ်သော eATV ဟုခေါ်သော Electirc All-Terrain Vehicle အမျိုးအစားကို X Terran ဟု အမည်ပေးထားပြီး ပြီးခဲ့တဲ့အပတ်အတွင်း မြူးနစ်မြို့မှာ ကျင်းပပြုလုပ်တဲ့ eCarTech Conference မှာ ပြသခဲ့တာဖြစ်ပါတယ်.။ ကားနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိတ်များကို ထုတ်ပြန်ကြေညာခဲ့ခြင်းတော့ မရှိသေးပါဘူး.။

X-Terran_Studio-X-Gene_MPS-Energy

Acer ဟာ MPS Energy လို့ခေါ်တဲ့ ဌာနခွဲတစ်ခုကို တည်ထောင်ထားပြီး လျှပ်စစ်ယာဉ်များအတွက် စွမ်းအင်ထုတ်လုပ်မှုကို ကူညီမယ်လို့ ကြေညာထားခဲ့ပါတယ်.။ ဒါ့အပြင် Smart Cars များအတွက် BMS လို့ခေါ်တဲ့ Battery Management System တစ်ခုကိုလဲ ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်.။ Acer ရဲ့ BMS စနစ်မှာ Motherboard တစ်ခုနဲ့ ဘက်ထရီ သုံးခုပါဝင်ပြီး ဘက်ထရီတစ်ခုစီမှာ 8.7 ကီလိုဝပ်စီ ထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်.။

X-Terran_Studio-X-Gene_MPS-Energy_2-800x589

ပုံမှန်အားဖြင့် ကွန်ပျူတာကုမ္ပဏီတစ်ခုဖြစ်တဲ့ Acer အနေနဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုဟာ သမားရိုးကျမဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် ပြိုင်ဘက်ကုမ္ပဏီများဖြစ်တဲ့ Samsung နဲ့ Xiaomi တို့ဟာလည်း မော်တော်ယာဉ်ထုတ်လုပ်မှုများ ရှိနေပြီး Apple ကုမ္ပဏီကလဲ မောင်းသူမဲ့ကားတစ်မျိုး ထုတ်လုပ်ဖို့ရှိတယ်လို့ သတင်းများ ထွက်ပေါ်နေတဲ့အတွက် Acer အနေနဲ့ ဈေးကွက်ဝေစုရရှိဖို့ ကြိုတင်ကြိုးပမ်းမှုတစ်မျိုးလဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်ခင်ဗျာ.။

 

Written by: အောင်မွန်ချမ်း

Ref: Venture Beat

www.carsdb.com

No.1 Car Site in Myanmar

Latest News

လာမည့်နှစ်တွင်​ လုပ်​ငန်းသုံး ၄...

86 150x150

လာမည့်နှစ် ​မော်​​တော်​ယာဉ်​များတင်​သွင်းခွင့်ပြုရာတွင်​လုပ်​ငန်းသုံး ၄ တန်​အောက်​ကားများ ကို ဘယ်​​မောင်း တစ်​မျိုးတည်း...

Read more »

YBS အမှတ် ၃၈ ယာဉ်၏ Gas ပိုက်ပြုတ်၍...

Ybs 150x150

တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက်၊သစ္စာလမ်းမပေါ်တွင် YBS အမှတ်(၃၈)ယာဉ်တစ်စီး Gas ပိုက်ပြုတ်၍ မီး​လာင်မှူ ​ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်​။...

Read more »

၁၉၉၅ မိုဒယ်​​အောက်​ကားများ ​...

2232 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်းတွင်​ ​ပြေးဆွဲ​နေ​သော ၁၉၉၅ မိုဒယ်​​အောက်​ကားများကို ယာဉ်​အပ်​နှံမှူ ဇွန်​ ၃၀ အစား ရက်​ထပ်​မံတိုး...

Read more »

အမြန်လမ်းမပေါ်တွင် အိမ်စီးကားမှလွဲ၍...

Tzh ygn mdy highway5 150x150

Photo Credit အမြန်​လမ်းမ​​ကြီးပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်​အောက်​ကားများသည် ယာဉ်အန္တရယ်ဖြစ်ပွားမှူ ပိုမိုဖြစ်​​ပေါ်နိုင်​သဖြင့် တစ်​နာရီ...

Read more »

ယာဉ်မောင်းလိုင်စင်အတု...

Download 150x150

Photo Credit to Shwe Myin Thar ​မော်​​တော်​ယာဉ်​ ​မောင်းနှင်​ရာတွင်​ ယာဉ်မောင်းလိုင်စင်အတု ကိုင်​​ဆောင်အသုံးပြုနေသူများကို ​ဇူလိုင်လ...

Read more »
Download Android App