fb-pageview-tracker
ေရလည္အုံနဲ႕ coolant ေတြအေၾကာင္း သိထားဖို႕ဆို


Zawgyi Version

သင့္ကား ေရလည္အံု ေကာင္း/မေကာင္းဘယ္လုိသိနိုင္မလဲ? ေရလည္အံု မေကာင္းရင္ဘာေတြျဖစ္မလဲ?

ကားဝပ္ေရွာ့ အေခၚ ေရလည္အံုလုိ႕ေခၚလုိက္တာပါ။ တကယ္ေတာ့ ေရလည္အံုဆုိတာ အင္ဂ်င္ကုိ အေအးေပးတဲ့ cooling system ထဲမွာ အေရးပါတဲ့ water pump ပါ။ ဟုိတစ္ေန႕က ဝပ္ေရွာ့ကုိကားတစ္စီးေရာက္လာတယ္။ အင္ဂ်င္ heat အရမ္းတက္ေနတယ္။ ဘာျဖစ္ေနတယ္မသိလုိ႕ဆုိျပီး လာစစ္တာပါ။ စစ္မယ္ဆုိျပီး အင္ဂ်င္ဖုံးလွန္လုိက္ေတာ့ အင္ဂ်င္ခန္းတစ္ခုလံုး ေရေတြနဲ႕ ရႊဲစိုေနတာေတြ႕ရပါတယ္။

ၾကည့္လုိက္ေတာ့ ေရတုိင္ကီ (radiator) အေပၚက  ေရေတြယုိေနပါတယ္။ ေသခ်ာစစ္ၾကည့္ေတာ့ ေရတုိင္ကီအဖံုး (radiator cap) မေကာင္းတာေတြ႕ရပါတယ္။  ဒါနဲ႕ေရတုိင္ကီအဖံုးကုိ လဲခုိင္း၊ ေရျပန္ထည့္ျပီး စက္ႏွိးစမ္းေတာ့ ေရေတြေလ်ာ့သြားတာနဲ႕ ေရလည္အံု (water pump) ကုိစစ္လုိက္ေတာ့ ေရလည္အံုပ်က္ျပီး ေရေတြယုိေနတာ တစ္ဆက္တည္း ထပ္ေတြ႕ရပါတယ္။
အင္ဂ်င္ရဲ့အေအးေပးတဲ့စနစ္မွာ အဓိကက်တဲ့ေရလည္အံုနဲ႕ ေရတုိင္ကီအဖံုး ပ်က္ေနမွေတာ့ ဒီအင္ဂ်င္ heat တက္တယ္ဆုိတာ မထူးဆန္းပါဘူး။

အခုေျပာခ်င္တာက ကားေရလည္အံုပ်က္ရင္ ဘယ္လုိလကၡဏာေတြျပတတ္သလဲ? ဘာေတြျဖစ္တတ္သလဲ? ေရလည္အံု ဘယ္နားမွာရွိသလဲ? ဆုိတာေလးေတြကုိ ကားေမာင္းသူေတြအေနနဲ႕ မိမိကားေရာဂါေလးေတြကုိသိျပီး ၾကီးၾကီးမားမား အပ်က္အစီးေတြမျဖစ္ခင္ အခ်ိန္မီ ျပဳျပင္ထိန္းသိမ္းႏုိင္ေအာင္ ေျပာခ်င္တာပါ။

ေရလည္အံု (water pump)

ကားတစ္စီးရဲ့အင္ဂ်င္ဟာ အတြင္းပုိင္းမီးေလာင္ေပါက္ကြဲတဲ့ (internal combustion engine) ျဖစ္တာေၾကာင့္ အင္ဂ်င္ပံုမွန္လည္ပတ္ႏုိင္ဖုိ႕ သတ္မွတ္အပူခ်ိန္တစ္ခုအတြင္းမွာ ထိန္းထားရပါတယ္။ ေျပာခ်င္တာက မပူလြန္း၊ မေအးလြန္းေအာင္ ထိန္းထားမွ အင္ဂ်င္ပံုမွန္လည္ပတ္ႏုိင္မယ္လုိ႕ဆုိလုိတာပါ။ အဲဒီေနရာမွာ အင္ဂ်င္ရဲ့ အပူခ်ိန္မလြန္ကဲေအာင္ထိန္းသိမ္းထားတဲ့ အေအးေပးစနစ္ (cooling system) လုပ္ငန္းမွာ ပါဝင္လုပ္ေဆာင္ေနတဲ့ ပစၥည္းေတြရွိပါတယ္။

ေရတုိင္ကီ (radiator)၊ ေရလည္အံု (water pump)၊ ပန္ကာ (fan)၊ သာမုိစတတ္ (thermostat)၊ ေရျပန္္ဘူး (coolant reservoir or expansion tank) အစရွိသည္ျဖင့္ အဓိကပစၥည္းေတြနဲ႕ အျခားအေသးစိတ္ဆက္စပ္ပစၥည္းေတြပါဝင္ပါေသးတယ္။

အဲဒီေတြထဲကမွ ေရလည္အံု (water pump) ကအေအးေပး စနစ္အတြက္ အဓိက အလုပ္လုပ္ရတဲ့ ပစၥည္းတစ္ခုပါ။ ဒီေရလည္အံုဟာ impeller လုိ႕ေခၚတဲ့ ဒလက္နဲ႕လည္ပတ္တဲ့ ပန္႕ျဖစ္ျပီး အင္ဂ်င္ေရွ႕ျခမ္းလုိ႕ေခၚတဲ့ ေနရာက တုိင္ပင္ ဗတ္ၾကိဳး (timing belt) ကာဗာေတြေအာက္မွာတည္ရွိပါတယ္။ အဲဒီ ေရလည္အံုေခၚ ပန္႕ကုိေမာင္းနွင္ပံုက အင္ဂ်င္ကုိ ေမာင္းႏွင္တဲ့ belt ၾကိဳးနဲ႕တြဲဖက္ေမာင္းႏွင္ပါတယ္။ အင္ဂ်င္ belt ၾကိဳးလည္ရင္ ေရလည္အံုလုိက္လည္တဲ့သေဘာပါပဲ။ အဲဒီလုိလည္ေတာ့  ပန္႕မွာပါတဲ့ ဒလက္ေတြက ေရ ဒါမွမဟုတ္ coolant ေတြကုိ အင္ဂ်င္ထဲကုိစီးဆင္းေစျပီး အင္ဂ်င္အပူခ်ိန္ကုိေလ်ာ့ခ်ေပးတာပါ။

ပံုမွန္အားျဖင့္ ေရလည္အံု (water pump) ကုိ အၾကမ္းခံ၊ အသံုးခံႏုိင္ေအာင္ ျပဳလုပ္ထားပါတယ္။ ေရလည္အံု (water pump) တစ္လံုးဟာ မုိင္ ၉၀,၀၀၀ ကေန မုိင္ ၁၂၀,၀၀၀ အထိခံပါတယ္။ တခ်ိဳ႕ကားေတြကေတာ့ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ အဲဒီေလာက္မုိင္မေရာက္ခင္ပဲ ပ်က္ဆီးတတ္ပါေသးတယ္။

ေရလည္အံု (water pump) ပ်က္စီးမယ္ဆုိရင္ ျပသမယ့္ လကၡဏာရပ္ေတြ

ေရ ဒါမွမဟုတ္ coolant ေတြက timing belt ၾကိဳးကာဗာေအာက္မွာ ယုိက်ေနမယ္၊ စိမ့္က်ေနမယ္။ အျဖစ္မ်ားတာကေတာ့ လည္ပတ္ေနတဲ့ေရေတြ coolant ေတြမယုိေအာင္ထိန္းတဲ့ ေရလည္အံု (water pump) ရဲ့ ပါကင္ျပားလုိ႕ ဝပ္ေရွာ့ဆရာေတြေခၚတတ္တဲ့ gasket ေတြဟာသက္တမ္းလြန္ျပီး ပ်က္စီးတာ၊ ဒါမွမဟုတ္ အပူခ်ိန္ေၾကာင့္ ပ်က္စီးျပီး ေရနဲ႕ coolant ေတြစိမ့္ထြက္လာတာ။ အဲဒီလုိလကၡဏာစေတြ႕ျပီဆုိ သင့္ကားရဲ့ ေရလည္အံု (water pump) လဲရေတာ့မယ့္ လကၡဏာရပ္ပါပဲ။

တခ်ိဳ႕ေရလည္အံုေတြကေတာ့ ေရလည္အံု ႏွာေပါက္လုိ႕ေခၚတဲ့ ေရလည္အံုမွပါတဲ့ အေပါက္ကေန ေရယုိတာပါ။ အဲဒီလုိ ေရယုိလာတယ္ဆုိရင္ ယိုလာတဲ့အေပါက္ကုိ အေသပိတ္လုိက္လုိ႕မရဘဲ (တခ်ိဳ႕အလြယ္လုပ္ျပီး ပိတ္လုိက္တတ္ၾကပါတယ္) ေရလည္အံု အသစ္လဲေပးရပါမယ္။

ေရလည္အံု (water pump ) ပူလီ (pulley) ေခ်ာင္မယ္၊ အသံထြက္မယ္၊ ေရလည္အံုမွာရွိတဲ့ ပူလီကုိ ေရွ႕ေနာက္ကစားၾကည့္လုိ႕ အဲဒီဟာက လႈပ္ေနမယ္ဆုိရင္ ဒါဟာ ေရလည္အံု (water pump) ရဲ့ဘယ္ရင္ (bearing) ေတြပြန္းစားေနပါျပီ။ မၾကာခင္ပ်က္စီးေတာ့မွာပါ။ အဲဒီ ဘယ္ရင္ ပ်က္စီးသြားမယ္ဆုိရင္ ေရလည္အံု (water pump) က မလည္ပတ္ေတာ့ဘဲ အင္ဂ်င္ heat တက္တာေတြျဖစ္လာေတာ့မွာပါ။

ကားဆရာေတြသတိထားသင့္တာကေတာ့ ေရလည္အံု (water pump) ကေန ညည္းသံေတြ၊ ၾကိတ္သံေတြထြက္ေနျပီဆုိတာကုိ သတိျပဳနားစြင့္သင့္ပါတယ္ခင္ဗ်ာ။ စက္လည္ေနခ်ိန္မွာ ေရလည္အံု (water pump) ကုိ သြားထိစမ္းသပ္တာမ်ိဳးကုိ ဆင္ျခင္ရမွာပါ။ (အသံထြက္တာကေတာ့ အမ်ိဳးမ်ိဳးရွိပါေသးတယ္။ AC compressor၊ power steering pump တုိ႕ကလည္းျဖစ္တတ္ပါတယ္)

ေနာက္ ေရလည္အံုက အင္ဂ်င္ရဲ့ ကရုိင္းပူလီကေန belt ၾကိဳးေတြနဲ႕ ခ်ိတ္ဆက္လည္ပတ္ရတာမလို႕ ေရလည္အံုနဲ႕ ဆက္စပ္ belt ၾကိဳးေတြပ်က္သြားရင္လည္း ေရလည္အံုမလည္ေတာ့ဘဲ အင္ဂ်င္ heat တက္ႏုိင္ပါေသးတယ္။

ေရလည္အံု ပ်က္စီးေစတဲ့ အျခားတစ္ခ်က္က အင္ဂ်င္အေအးေပးစနစ္အတြက္လုိအပ္တဲ့ အေအးခံရည္ coolant အစားသာမာန္ tap water ေခၚတဲ့ ဘံုဘုိင္ေရေတြကုိအသံုးျပဳတာပါ။ သာမာန္ေရနဲ႕ coolant ေတြရဲ့ အဓိကျခားနားခ်က္ေတြက ေရဆူမွတ္ကြာျခားတာ (ပံုမွန္ေရက 100  ံC မွာ ေရဆူပါတယ္) ပါ။ Coolant ေတြရဲ့ ေရဆူမွတ္က သာမာန္ေရေတြထက္ပုိပါတယ္။ ေနာက္တစ္ခ်က္က သံေခ်းတက္တာပါ။ ရုိးရုိးေရေတြဟာ သူတုိ႕သြားရာလမ္းတစ္ေလွ်ာက္အင္ဂ်င္နဲ႕ အျခားသံထည္၊ သတၳဳထည္ပစၥည္းေတြကုိ သံေၾကးေတြနဲ႕ ဂ်ိဳးေတြကုိ ျဖစ္ေစပါတယ္။ Coolant ေတြကေတာ့ ဒီလုိ သံေၾကးတက္မႈေတြ၊ သတၳဳေၾကးတက္မႈေတြကုိ အကာကြယ္ေပးပါတယ္။ ေနာက္တစ္ခ်က္က coolant ေတြကုိလက္နဲ႕ ကုိင္ၾကည့္လုိက္ရင္ ေစးေစးပ်စ္ပ်စ္နဲ႕ lubricant ဆုိတဲ့ ေခ်ာဆီဓာတ္ပါဝင္ပါတယ္။ အဲဒါေၾကာင့္ သူတုိ႕သြားရာ၊ လည္ပတ္ရာ လမ္းတစ္ေလွ်ာက္ကုိ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႕ လည္ပတ္ေစပါတယ္။ ပုိျပီးေတာ့လည္း seal ျဖစ္ျပီးလံုျခံဳေစပါတယ္။

ဒါေၾကာင့္ coolant သံုးစြဲတာဟာ ရုိးရုိးေရသံုးတာထက္ အင္ဂ်င္ေၾကးတက္မႈ၊ ေရလည္အံု ပ်က္စီးမႈတုိ႕ကုိ အမ်ားၾကီးသက္သာေစတာပါ။ ျမန္မာႏုိင္ငံမွာေတာ့ coolant သံုးစြဲမႈနည္းပါးျပီး ေရလည္အံုေတြကုိ သက္တမ္းမကုန္ခင္ ပ်က္စီးေစတာ ေတာ္ေတာ္မ်ားပါတယ္။ ဝပ္ေရွာ့ေရာက္လာတဲ့ ရုိးရုိးသာမာန္ေရ အသံုးျပဳထားတဲ့ ကားေတာ္ေတာ္မ်ားမ်ားရဲ့ ေရလည္အံုေတြကုိ စစ္ေဆးၾကည့္လုိက္ရင္ ေရေၾကာင့္ သံေခ်းတက္ပ်က္စီးဖုိ႕ အလားအလာေတြမ်ားေနတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ေရလည္အံု သက္တမ္းၾကာရွည္စြာ အသံုးျပဳႏုိင္ဖုိ႕ ရုိးရုိးေရအစား coolant သံုးစြဲေပးဖုိ႕ အၾကံျပဳတင္ျပခ်င္တာပါ။

Coolant သံုးတဲ့ေနရာမွာလည္း Concentrated နဲ႕ PreMixed ဆုိျပီး အမ်ိဳးအစားႏွစ္မ်ိဳးရွိျပီး Concentrated ဆုိတာကေတာ့ အရပ္ေခၚ အဆီပါ၊ အဲဒီအဆီကုိ ဒီအတုိင္း အသံုးျပဳ မရဘဲ ေရနဲ႕ေရာစပ္ အသံုးျပဳရပါတယ္။ ေယဘုယ်အားျဖင့္ေတာ့ 1:1 ေရ ၁ ဆ အဆီ ၁ ဆ ေရာစပ္အသံုးျပဳရတာမ်ားပါတယ္။ ဒီအဆီေတြကုိလည္း ဒီအတုိင္း ေရမေရာစပ္ဘဲ အသံုးျပဳရင္ အင္ဂ်င္နဲ႕ ေရတုိင္ကီေတြ ေရရွည္မွာ ပ်က္စီးႏုိင္ပါတယ္။ ဒါေၾကာင့္ Concentrated အမ်ိဳးအစား၊ အဆီအမ်ိဳးအစားဝယ္မယ္ဆုိ ေရေရာအသံုးျပဳေပးရပါမယ္။

PreMixed ကေတာ့ စက္ရံုက တစ္ခါတည္း အခ်ိဳးက်ေရာစပ္ျပီး အသင့္သံုးစြဲႏုိင္တဲ့အမ်ိဳးအစားပါ။ ေဈးကြက္ထဲမွာေတာ့ Stallion တုိ႕ Toyota တုိ႕စသည္ျဖင့္အမ်ိဳးအစားမ်ိဳးစံုရွိ ျပီး အသင့္ေရာစပ္ျပီးသား coolant ေတြရွိပါတယ္။ ဒါေတြကေတာ့ ဘာမွ ေရာစပ္စရာမလုိဘဲ အသင့္ထည့္ရံုပါပဲ။

အင္ဂ်င္ အေအးေပးစနစ္  အဓိကလည္ပတ္ရတဲ့ water pump နဲ႕တြဲဖက္အလုပ္လုပ္တဲ့ coolant မေကာင္းရင္ water pump အလြယ္တကူပ်က္စီးျပီး အင္ဂ်င္ heat တက္တဲ့ ျပႆနာၾကံဳေတြ႕ရမွာပါ။

ေနာက္ဆံုးတစ္ခ်က္ သတိထားေပးရမွာကေတာ့ temperature gauge က ပံုမွန္ အလယ္ cold နဲ႕ hot ၾကားထဲမွာ တည္ျငိမ္မေနဘဲ နိမ့္လုိက္ျမင့္လုိက္ အတက္အက် မမွန္ျဖစ္လာမယ္။ အဲဒါဆုိရင္ သင့္ကား ရဲ့ (cooling system)  အေအးေပးစနစ္ထဲက တစ္ခုခု ဒါမွမဟုတ္ ေရလည္အံု (water pump) မွာ ပံုမွန္မဟုတ္ေတာ့ဘဲ error တက္ေနပါျပီ။

ေရလည္အံု (water pump) ခ်ိဳ႕ယြင္းေနတာေတြကုိ သတိမျပဳမိဘဲ ကားဆက္ေမာင္းေနမယ္ဆုိရင္ေတာ့ အနိမ့္ဆံုး အင္ဂ်င္ပူတက္ျပီး ထုိးရပ္သြားတာကေန အၾကီးမားဆံုး အင္ဂ်င္တစ္ခုလံုးပ်က္ဆီးသြားႏုိင္ေၾကာင္းပါခင္ဗ်ာ။

စာဖတ္သူမိတ္ေဆြညီကုိေမာင္ႏွမအားလံုး နည္းပညာဗဟုသုတ ဖြံ႕ျဖိဳးတုိးတက္ၾကပါေစ။

စာေရးသူ : Lynn Za Nee ( P.T.U )


Unicode Version

သင့်ကား ရေလည်အုံ ကောင်း/မကောင်းဘယ်လိုသိနိုင်မလဲ? ရေလည်အုံ မကောင်းရင်ဘာတွေဖြစ်မလဲ?

ကားဝပ်ရှော့ အခေါ် ရေလည်အုံလို့ခေါ်လိုက်တာပါ။ တကယ်တော့ ရေလည်အုံဆိုတာ အင်ဂျင်ကို အအေးပေးတဲ့ cooling system ထဲမှာ အရေးပါတဲ့ water pump ပါ။ ဟိုတစ်နေ့က ဝပ်ရှော့ကိုကားတစ်စီးရောက်လာတယ်။ အင်ဂျင် heat အရမ်းတက်နေတယ်။ ဘာဖြစ်နေတယ်မသိလို့ဆိုပြီး လာစစ်တာပါ။ စစ်မယ်ဆိုပြီး အင်ဂျင်ဖုံးလှန်လိုက်တော့ အင်ဂျင်ခန်းတစ်ခုလုံး ရေတွေနဲ့ ရွှဲစိုနေတာတွေ့ရပါတယ်။

ကြည့်လိုက်တော့ ရေတိုင်ကီ (radiator) အပေါ်က  ရေတွေယိုနေပါတယ်။ သေချာစစ်ကြည့်တော့ ရေတိုင်ကီအဖုံး (radiator cap) မကောင်းတာတွေ့ရပါတယ်။  ဒါနဲ့ရေတိုင်ကီအဖုံးကို လဲခိုင်း၊ ရေပြန်ထည့်ပြီး စက်နှိးစမ်းတော့ ရေတွေလျော့သွားတာနဲ့ ရေလည်အုံ (water pump) ကိုစစ်လိုက်တော့ ရေလည်အုံပျက်ပြီး ရေတွေယိုနေတာ တစ်ဆက်တည်း ထပ်တွေ့ရပါတယ်။
အင်ဂျင်ရဲ့အအေးပေးတဲ့စနစ်မှာ အဓိကကျတဲ့ရေလည်အုံနဲ့ ရေတိုင်ကီအဖုံး ပျက်နေမှတော့ ဒီအင်ဂျင် heat တက်တယ်ဆိုတာ မထူးဆန်းပါဘူး။

အခုပြောချင်တာက ကားရေလည်အုံပျက်ရင် ဘယ်လိုလက္ခဏာတွေပြတတ်သလဲ? ဘာတွေဖြစ်တတ်သလဲ? ရေလည်အုံ ဘယ်နားမှာရှိသလဲ? ဆိုတာလေးတွေကို ကားမောင်းသူတွေအနေနဲ့ မိမိကားရောဂါလေးတွေကိုသိပြီး ကြီးကြီးမားမား အပျက်အစီးတွေမဖြစ်ခင် အချိန်မီ ပြုပြင်ထိန်းသိမ်းနိုင်အောင် ပြောချင်တာပါ။

ရေလည်အုံ (water pump)

 

ကားတစ်စီးရဲ့အင်ဂျင်ဟာ အတွင်းပိုင်းမီးလောင်ပေါက်ကွဲတဲ့ (internal combustion engine) ဖြစ်တာကြောင့် အင်ဂျင်ပုံမှန်လည်ပတ်နိုင်ဖို့ သတ်မှတ်အပူချိန်တစ်ခုအတွင်းမှာ ထိန်းထားရပါတယ်။ ပြောချင်တာက မပူလွန်း၊ မအေးလွန်းအောင် ထိန်းထားမှ အင်ဂျင်ပုံမှန်လည်ပတ်နိုင်မယ်လို့ဆိုလိုတာပါ။ အဲဒီနေရာမှာ အင်ဂျင်ရဲ့ အပူချိန်မလွန်ကဲအောင်ထိန်းသိမ်းထားတဲ့ အအေးပေးစနစ် (cooling system) လုပ်ငန်းမှာ ပါဝင်လုပ်ဆောင်နေတဲ့ ပစ္စည်းတွေရှိပါတယ်။

ရေတိုင်ကီ (radiator)၊ ရေလည်အုံ (water pump)၊ ပန်ကာ (fan)၊ သာမိုစတတ် (thermostat)၊ ရေပြန်ဘူး (coolant reservoir or expansion tank) အစရှိသည်ဖြင့် အဓိကပစ္စည်းတွေနဲ့ အခြားအသေးစိတ်ဆက်စပ်ပစ္စည်းတွေပါဝင်ပါသေးတယ်။

အဲဒီတွေထဲကမှ ရေလည်အုံ (water pump) ကအအေးပေး စနစ်အတွက် အဓိက အလုပ်လုပ်ရတဲ့ ပစ္စည်းတစ်ခုပါ။ ဒီရေလည်အုံဟာ impeller လို့ခေါ်တဲ့ ဒလက်နဲ့လည်ပတ်တဲ့ ပန့်ဖြစ်ပြီး အင်ဂျင်ရှေ့ခြမ်းလို့ခေါ်တဲ့ နေရာက တိုင်ပင် ဗတ်ကြိုး (timing belt) ကာဗာတွေအောက်မှာတည်ရှိပါတယ်။ အဲဒီ ရေလည်အုံခေါ် ပန့်ကိုမောင်းနှင်ပုံက အင်ဂျင်ကို မောင်းနှင်တဲ့ belt ကြိုးနဲ့တွဲဖက်မောင်းနှင်ပါတယ်။ အင်ဂျင် belt ကြိုးလည်ရင် ရေလည်အုံလိုက်လည်တဲ့သဘောပါပဲ။ အဲဒီလိုလည်တော့  ပန့်မှာပါတဲ့ ဒလက်တွေက ရေ ဒါမှမဟုတ် coolant တွေကို အင်ဂျင်ထဲကိုစီးဆင်းစေပြီး အင်ဂျင်အပူချိန်ကိုလျော့ချပေးတာပါ။

ပုံမှန်အားဖြင့် ရေလည်အုံ (water pump) ကို အကြမ်းခံ၊ အသုံးခံနိုင်အောင် ပြုလုပ်ထားပါတယ်။ ရေလည်အုံ (water pump) တစ်လုံးဟာ မိုင် ၉၀,၀၀၀ ကနေ မိုင် ၁၂၀,၀၀၀ အထိခံပါတယ်။ တချို့ကားတွေကတော့ အခြေအနေအမျိုးမျိုးကြောင့် အဲဒီလောက်မိုင်မရောက်ခင်ပဲ ပျက်ဆီးတတ်ပါသေးတယ်။

ရေလည်အုံ (water pump) ပျက်စီးမယ်ဆိုရင် ပြသမယ့် လက္ခဏာရပ်တွေ

 

ရေ ဒါမှမဟုတ် coolant တွေက timing belt ကြိုးကာဗာအောက်မှာ ယိုကျနေမယ်၊ စိမ့်ကျနေမယ်။ အဖြစ်များတာကတော့ လည်ပတ်နေတဲ့ရေတွေ coolant တွေမယိုအောင်ထိန်းတဲ့ ရေလည်အုံ (water pump) ရဲ့ ပါကင်ပြားလို့ ဝပ်ရှော့ဆရာတွေခေါ်တတ်တဲ့ gasket တွေဟာသက်တမ်းလွန်ပြီး ပျက်စီးတာ၊ ဒါမှမဟုတ် အပူချိန်ကြောင့် ပျက်စီးပြီး ရေနဲ့ coolant တွေစိမ့်ထွက်လာတာ။ အဲဒီလိုလက္ခဏာစတွေ့ပြီဆို သင့်ကားရဲ့ ရေလည်အုံ (water pump) လဲရတော့မယ့် လက္ခဏာရပ်ပါပဲ။

တချို့ရေလည်အုံတွေကတော့ ရေလည်အုံ နှာပေါက်လို့ခေါ်တဲ့ ရေလည်အုံမှပါတဲ့ အပေါက်ကနေ ရေယိုတာပါ။ အဲဒီလို ရေယိုလာတယ်ဆိုရင် ယိုလာတဲ့အပေါက်ကို အသေပိတ်လိုက်လို့မရဘဲ (တချို့အလွယ်လုပ်ပြီး ပိတ်လိုက်တတ်ကြပါတယ်) ရေလည်အုံ အသစ်လဲပေးရပါမယ်။

ရေလည်အုံ (water pump ) ပူလီ (pulley) ချောင်မယ်၊ အသံထွက်မယ်၊ ရေလည်အုံမှာရှိတဲ့ ပူလီကို ရှေ့နောက်ကစားကြည့်လို့ အဲဒီဟာက လှုပ်နေမယ်ဆိုရင် ဒါဟာ ရေလည်အုံ (water pump) ရဲ့ဘယ်ရင် (bearing) တွေပွန်းစားနေပါပြီ။ မကြာခင်ပျက်စီးတော့မှာပါ။ အဲဒီ ဘယ်ရင် ပျက်စီးသွားမယ်ဆိုရင် ရေလည်အုံ (water pump) က မလည်ပတ်တော့ဘဲ အင်ဂျင် heat တက်တာတွေဖြစ်လာတော့မှာပါ။

ကားဆရာတွေသတိထားသင့်တာကတော့ ရေလည်အုံ (water pump) ကနေ ညည်းသံတွေ၊ ကြိတ်သံတွေထွက်နေပြီဆိုတာကို သတိပြုနားစွင့်သင့်ပါတယ်ခင်ဗျာ။ စက်လည်နေချိန်မှာ ရေလည်အုံ (water pump) ကို သွားထိစမ်းသပ်တာမျိုးကို ဆင်ခြင်ရမှာပါ။ (အသံထွက်တာကတော့ အမျိုးမျိုးရှိပါသေးတယ်။ AC compressor၊ power steering pump တို့ကလည်းဖြစ်တတ်ပါတယ်)

နောက် ရေလည်အုံက အင်ဂျင်ရဲ့ ကရိုင်းပူလီကနေ belt ကြိုးတွေနဲ့ ချိတ်ဆက်လည်ပတ်ရတာမလို့ ရေလည်အုံနဲ့ ဆက်စပ် belt ကြိုးတွေပျက်သွားရင်လည်း ရေလည်အုံမလည်တော့ဘဲ အင်ဂျင် heat တက်နိုင်ပါသေးတယ်။

ရေလည်အုံ ပျက်စီးစေတဲ့ အခြားတစ်ချက်က အင်ဂျင်အအေးပေးစနစ်အတွက်လိုအပ်တဲ့ အအေးခံရည် coolant အစားသာမာန် tap water ခေါ်တဲ့ ဘုံဘိုင်ရေတွေကိုအသုံးပြုတာပါ။ သာမာန်ရေနဲ့ coolant တွေရဲ့ အဓိကခြားနားချက်တွေက ရေဆူမှတ်ကွာခြားတာ (ပုံမှန်ရေက 100  ံC မှာ ရေဆူပါတယ်) ပါ။ Coolant တွေရဲ့ ရေဆူမှတ်က သာမာန်ရေတွေထက်ပိုပါတယ်။ နောက်တစ်ချက်က သံချေးတက်တာပါ။ ရိုးရိုးရေတွေဟာ သူတို့သွားရာလမ်းတစ်လျှောက်အင်ဂျင်နဲ့ အခြားသံထည်၊ သတ္ထုထည်ပစ္စည်းတွေကို သံကြေးတွေနဲ့ ဂျိုးတွေကို ဖြစ်စေပါတယ်။ Coolant တွေကတော့ ဒီလို သံကြေးတက်မှုတွေ၊ သတ္ထုကြေးတက်မှုတွေကို အကာကွယ်ပေးပါတယ်။ နောက်တစ်ချက်က coolant တွေကိုလက်နဲ့ ကိုင်ကြည့်လိုက်ရင် စေးစေးပျစ်ပျစ်နဲ့ lubricant ဆိုတဲ့ ချောဆီဓာတ်ပါဝင်ပါတယ်။ အဲဒါကြောင့် သူတို့သွားရာ၊ လည်ပတ်ရာ လမ်းတစ်လျှောက်ကို ချောချောမွေ့မွေ့နဲ့ လည်ပတ်စေပါတယ်။ ပိုပြီးတော့လည်း seal ဖြစ်ပြီးလုံခြုံစေပါတယ်။

 

ဒါကြောင့် coolant သုံးစွဲတာဟာ ရိုးရိုးရေသုံးတာထက် အင်ဂျင်ကြေးတက်မှု၊ ရေလည်အုံ ပျက်စီးမှုတို့ကို အများကြီးသက်သာစေတာပါ။ မြန်မာနိုင်ငံမှာတော့ coolant သုံးစွဲမှုနည်းပါးပြီး ရေလည်အုံတွေကို သက်တမ်းမကုန်ခင် ပျက်စီးစေတာ တော်တော်များပါတယ်။ ဝပ်ရှော့ရောက်လာတဲ့ ရိုးရိုးသာမာန်ရေ အသုံးပြုထားတဲ့ ကားတော်တော်များများရဲ့ ရေလည်အုံတွေကို စစ်ဆေးကြည့်လိုက်ရင် ရေကြောင့် သံချေးတက်ပျက်စီးဖို့ အလားအလာတွေများနေတာ တွေ့ရပါတယ်။ ဒါကြောင့် ရေလည်အုံ သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ဖို့ ရိုးရိုးရေအစား coolant သုံးစွဲပေးဖို့ အကြံပြုတင်ပြချင်တာပါ။

Coolant သုံးတဲ့နေရာမှာလည်း Concentrated နဲ့ PreMixed ဆိုပြီး အမျိုးအစားနှစ်မျိုးရှိပြီး Concentrated ဆိုတာကတော့ အရပ်ခေါ် အဆီပါ၊ အဲဒီအဆီကို ဒီအတိုင်း အသုံးပြု မရဘဲ ရေနဲ့ရောစပ် အသုံးပြုရပါတယ်။ ယေဘုယျအားဖြင့်တော့ 1:1 ရေ ၁ ဆ အဆီ ၁ ဆ ရောစပ်အသုံးပြုရတာများပါတယ်။ ဒီအဆီတွေကိုလည်း ဒီအတိုင်း ရေမရောစပ်ဘဲ အသုံးပြုရင် အင်ဂျင်နဲ့ ရေတိုင်ကီတွေ ရေရှည်မှာ ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် Concentrated အမျိုးအစား၊ အဆီအမျိုးအစားဝယ်မယ်ဆို ရေရောအသုံးပြုပေးရပါမယ်။

PreMixed ကတော့ စက်ရုံက တစ်ခါတည်း အချိုးကျရောစပ်ပြီး အသင့်သုံးစွဲနိုင်တဲ့အမျိုးအစားပါ။ ဈေးကွက်ထဲမှာတော့ Stallion တို့ Toyota တို့စသည်ဖြင့်အမျိုးအစားမျိုးစုံရှိ ပြီး အသင့်ရောစပ်ပြီးသား coolant တွေရှိပါတယ်။ ဒါတွေကတော့ ဘာမှ ရောစပ်စရာမလိုဘဲ အသင့်ထည့်ရုံပါပဲ။

အင်ဂျင် အအေးပေးစနစ်  အဓိကလည်ပတ်ရတဲ့ water pump နဲ့တွဲဖက်အလုပ်လုပ်တဲ့ coolant မကောင်းရင် water pump အလွယ်တကူပျက်စီးပြီး အင်ဂျင် heat တက်တဲ့ ပြဿနာကြုံတွေ့ရမှာပါ။

နောက်ဆုံးတစ်ချက် သတိထားပေးရမှာကတော့ temperature gauge က ပုံမှန် အလယ် cold နဲ့ hot ကြားထဲမှာ တည်ငြိမ်မနေဘဲ နိမ့်လိုက်မြင့်လိုက် အတက်အကျ မမှန်ဖြစ်လာမယ်။ အဲဒါဆိုရင် သင့်ကား ရဲ့ (cooling system)  အအေးပေးစနစ်ထဲက တစ်ခုခု ဒါမှမဟုတ် ရေလည်အုံ (water pump) မှာ ပုံမှန်မဟုတ်တော့ဘဲ error တက်နေပါပြီ။

ရေလည်အုံ (water pump) ချို့ယွင်းနေတာတွေကို သတိမပြုမိဘဲ ကားဆက်မောင်းနေမယ်ဆိုရင်တော့ အနိမ့်ဆုံး အင်ဂျင်ပူတက်ပြီး ထိုးရပ်သွားတာကနေ အကြီးမားဆုံး အင်ဂျင်တစ်ခုလုံးပျက်ဆီးသွားနိုင်ကြောင်းပါခင်ဗျာ။

စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ကြပါစေ။

စာရေးသူ : Lynn Za Nee ( P.T.U )

Latest News

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန္စာတုံးေတြမ်ိဳးဆက္ေျပာင္းပါျပီ။ ဆ႒မေျမာက္ မ်ိဳးဆက္မွာေတာ့ Toyota ရဲ့ HIACE အသစ္ဟာ အရင္ ပုံေဟာင္းရဲ့...

Read more »

E-payment system ကို ပထမဦးစားေပး...

Zawgyi Version YRTA ဟာလာမယ့္ ၂၀၁၉-၂၀၂၀ ဘ႑ႏွစ္မွာ E-payment system ကို ပထမဦးစားေပးအေနနဲ႕ အျမန္ဆံုးအေကာင္အထည္ေဖာ္မွာျဖစ္ျပီး...

Read more »

YBS ယာဥ္ေမာင္းသူမ်ား...

Zawgyi Version ရန္​ကုန္​ၿမိဳ႕တြင္​ ​စည္းကမ္းမဲ့ေမာင္းႏွင္သည္​့ YBS ယာဥ္​​ေမာင္​းမ်ားကို ထိန္​းခ်ဳပ္​ႏိုင္​ရန္​ နည္​းပညာအသံုးျပဳထား​ေသာ...

Read more »