fb-pageview-tracker
ယာဥ္တိုက္မႈမ်ားႏွင့္ ပတ္သက္၍

Zawgyi Version

ယခုတစ္ေလာ ယာဥ္တုိက္မႈ၊ ယာဥ္တိမ္းေမွာက္မႈမ်ိဳးစုံကို ဟိုမွ၊ ဒီမွ ၾကားေနရသည္။ ယာဥ္ေမာင္းေနရသူမ်ားအေနျဖင့္ ယာဥ္တိုက္မႈပုံစံ၊ ယာဥ္တိမ္းေမွာက္မႈအေနအထားမ်ားႏွင့္ပတ္သက္၍ ဗဟုသုတအခ်ိဳ႕ႏွင့္ ျဖစ္ေလ့ျဖစ္ထရွိသည္မ်ားကို ၾကိဳတင္သိရွိထားရန္ လိုအပ္လွသည္။ ၾကိဳတင္သိရွိထားျခင္းအားျဖင့္ ၾကိဳတင္သတိျပဳေရွာင္ရွားႏုိင္မည္ မဟုတ္ပါလား။

ယာဥ္ တိုက္မႈပံုစံ/ထိခိုက္မႈပံုစံ ေယ်ဘုယ်  ၇ မ်ိဳး
------
၁။ Sideswipe collision

လားရာတူ အျပိဳင္ သြားေနေသာ ယာဥ္ ၂ စီး၏ ယာဥ္ေမာင္းသူတစ္ဦးဦး ထိန္းခ်ဳပ္မႈ လြတ္ကင္းသြားေသာအခါယာဥ္ ၂ စီး ေဘးဘက္မွာ အမ်ားဆံုးထိခိုက္မႈျဖစ္တတ္သည္။
-------
၂။ Rear-end collision

ေရွ႕ကားမွ ေမာင္းေနေသာအရွိန္ကို ရုတ္တရက္ေလွ်ာ့ခ်လိုက္ေသာ အေျခအေနမ်ိဳးတြင္ ေနာက္မွနီးကပ္စြာလိုက္ပါလာေသာကားက ျပင္ဆင္ခ်ိန္မရလိုက္ပဲ တိုက္မိသြားျခင္းျဖစ္သည္။
ရန္ကုန္တြင္ ေန႔စဥ္ အျဖစ္အမ်ားဆံုး ထိခိုက္မႈမ်ိဳးျဖစ္ပါသည္။ အလံုးစံု အာမခံ ကုမၸဏီမ်ားက အမ်ားဆံုးေလ်ာ္ေပးရေသာ ထိခိုက္မႈျဖစ္သည္။
-------
၃။ Head-on collision

မ်က္နွာခ်င္းဆိုင္ကား ၂ စီး ေခါင္းခ်င္းဆိုင္တိုက္မႈမ်ိဳးျဖစ္သည္။ ဤျဖစ္စဥ္မ်ိဳးျဖစ္ခဲ႔ပါက လူေသေစနိုင္သည့္အထိျဖစ္ႏိုင္သည့္ ထိခိုက္မႈမ်ိဳးျဖစ္ေသာေၾကာင့္ ယာဥ္ေမာင္းသူမ်ားအေနျဖင့္ အထူးဂရုျပဳထားရမည္ျဖစ္သည္။
ဧရာဝတီတိုင္း ပုသိမ္-ရန္ကုန္လမ္းပိုင္း၊ ပဲခူးတိုင္း ပဲခူး-ရန္ကုန္လမ္း၊ ျပည္-ရန္ကုန္လမ္း၊ ဘုရားႀကီးဘက္မွ စစ္ေတာင္းအထြက္ ေဝါ လမ္း ဘက္တိုု႕တြင္ ယင္းထိခိုက္မႈမ်ိဳး အမ်ားဆံုးေတြ႕ေနရသည္။
-------
၄။ Single-vehicle collision

ကားတစ္စီးထဲ လမ္းေဘးရွိ သစ္ပင္၊ ဓါတ္တိုင္၊ လမ္းတားကြန္ကရိတံုးမ်ားကို ဝင္တိုက္မိခ်င္းျဖစ္စဥ္မ်ိဳးျဖစ္သည္။ ကားေမာင္းသူ၏ ကၽြမ္းက်င္မႈ အားနည္း၍ ေသာ္လည္းေကာင္း၊ ေသာက္စားမူးယစ္ထားေသာေၾကာင့္ေသာ္လည္းေကာင္း၊ ကားေအာက္ပိုင္း တစ္စံုတစ္ရာ ရုတ္တရက္ ခ်ိဳ႕ယြင္းသြားေသာေၾကာင့္ေသာ္လည္းေကာင္း ျဖစ္တတ္ၾကသည္။
ရန္ကုန္တြင္ဆိုပါက ညဥ့္နက္ခ်ိန္ ကလပ္မွ ျပန္လာေသာကားမ်ား အျဖစ္မ်ားပါသည္။
အျမန္လမ္းတြင္အိပ္ငိုက္ျပီးလည္း အျဖစ္မ်ား၏။
-------
၅။ Vehicle rollover

ယာဥ္တိမ္းေမွာက္ျခင္းျဖစ္စဥ္တြင္ ဟန္ခ်က္ျမင့္သည့္ SUV/4WD အမ်ိဳးအစားကားမ်ား ျမန္ႏႈန္းျမင့္ေမာင္းရာတြင္ တစ္စံုတစ္ရာ အေျခအေနေၾကာင့္ ဟန္ခ်က္ပ်က္ရေသာအခါ အမ်ားဆံုး ျဖစ္ေလ့ရွိသည့္ ပုံစံမ်ိဳးျဖစ္သည္။
လက္ေတြ႕အားျဖင့္ အျမန္လမ္းတြင္ မိုးရြာေနစဥ္ skid/hydroplane ျဖစ္စဥ္မ်ားႏွင့္ႀကံဳလိုက္ရပါက ယာဥ္တိမ္းေမွာက္သြားတတ္သည္။
လက္ေတြ႕အျဖစ္မ်ားေသာကားမ်ားမွာ Surf ၊ Prado ၊ Vigo ၊ Alphard ကားမ်ား မိုးတြင္းတြင္ အမ်ားဆံုး ျဖစ္ေလ့ျဖစ္ထရွိသည္။
-----
၆။ Multi-vehicle collision

ယာဥ္မ်ားစြာ တစ္ျပိဳင္တည္းထိခိုက္မႈသည္ ႏိုင္ငံျခားတြင္အျဖစ္အမ်ားဆံုးျဖစ္စဥ္ျဖစ္သည္။ အေဝးေျပးလမ္းတြင္ အမ်ားဆံုးျဖစ္တတ္ၾကသည္။
ရာသီဥတုမေကာင္းေသာ အေျခအေနမ်ိဳးတြင္ျဖစ္ေလ့ရွိသည္။
ရန္ကုန္တြင္လည္း အျဖစ္မ်ားသည္ကိုေတြ႕ေနရသည္။ အမ်ားအားျဖင့္ YBS လို ကားႀကီးမ်ား ေနာက္မွေန၍ အရွိန္ျပင္းႏွင့္တိုက္မိသည့္အခါမ်ိဳးတြင္ ကုန္းေက်ာ္တံတားအဆင္း၌လည္းေကာင္း၊ မီးပိြဳင့္ ဧရိယာအတြင္း၌လည္းေကာင္း ႀကံဳေတြ႕ရေလ့ရွိသည္။
----
၇။ Side collision or T Bone collision

ကားတစ္စီးသည္ မိမိေရွ႕ျမင္ကြင္းမွ အျခားကားကို အရွိန္ျပင္းစြာ T ပံုစံတိုက္မိျခင္းမ်ိဳးျဖစ္သည္။ လမ္းသြယ္မွ လမ္းမႀကီးသို႔ လမ္းလုထြက္သည့္အခါမ်ိဳး၊ တူညီလမ္းေလးခြဆံု သို႕မဟုတ္ မတူညီသည့္
လမ္းငါးခြဆံု (တစ္လမ္းအရင္ႀကိဳလႊတ္) စသည့္ေနရာမ်ိဳးမ်ား၌ မိးပိြဳင့္ပ်က္သည့္အခါမ်ိဳးတြင္လည္းေကာင္း၊ မီးပိြဳင့္အၾကည့္မွားသည့္အခါမိ်ဳးတြင္လည္းေကာင္း ျဖစ္တတ္ၾကသည္။

တာေမြ Y ပံုစံ ကုန္းတံတားေအာက္ ၅ ခြဆံုတြင္ သကၤန္းကြ်န္းလမ္းဘက္သို႕ ႀကိဳလႊတ္တစ္ပိြဳင့္ကို နားမလည္ေသာ ယာဥ္ေမာင္းသူအခ်ိဳ႕ႏွင့္ ဦးခ်စ္ေမာင္လမ္းမွ ရွင္ပါဂူလမ္းေၾကာင္းသြား ကားမ်ားထိခိုက္မႈမၾကာမၾကာေတြ႔ရတတ္သည္။
-----
ထို႔ေၾကာင့္ သင္သည္ smart က်ေသာ၊ အရာရာႀကိဳတင္ကာကြယ္ သတိရွိေသာ ယာဥ္ေမာင္းသူ တစ္ေယာက္ျဖစ္ေအာင္ အခ်က္ျပမီး၊ အခ်က္ျပသေကၤတ၊ အရွိန္ထိမ္းလမ္းတံုးမ်ားကို ၾကိဳတင္သိရွိလိုက္နာေပးရန္လုိအပ္ပါသည္။
ယာဥ္ေမာင္းႏွင္ေနစဥ္အတြင္း လက္ကိုင္ဖုန္းမသံုးမိဖို႕ကလည္း အထူးအေရးႀကီးလွသည္။

ကားမိတ္ေဆြမ်ားကို ခင္မင္လ်က္ ကိုသက္

စာေရးသူ : U Thet Win


Unicode Version

ယခုတစ်လော ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုမျိုးစုံကို ဟိုမှ၊ ဒီမှ ကြားနေရသည်။ ယာဉ်မောင်းနေရသူများအနေဖြင့် ယာဉ်တိုက်မှုပုံစံ၊ ယာဉ်တိမ်းမှောက်မှုအနေအထားများနှင့်ပတ်သက်၍ ဗဟုသုတအချို့နှင့် ဖြစ်လေ့ဖြစ်ထရှိသည်များကို ကြိုတင်သိရှိထားရန် လိုအပ်လှသည်။ ကြိုတင်သိရှိထားခြင်းအားဖြင့် ကြိုတင်သတိပြုရှောင်ရှားနိုင်မည် မဟုတ်ပါလား။

ယာဉ် တိုက်မှုပုံစံ/ထိခိုက်မှုပုံစံ ယျေဘုယျ  ၇ မျိုး
------
၁။ Sideswipe collision

လားရာတူ အပြိုင် သွားနေသော ယာဉ် ၂ စီး၏ ယာဉ်မောင်းသူတစ်ဦးဦး ထိန်းချုပ်မှု လွတ်ကင်းသွားသောအခါယာဉ် ၂ စီး ဘေးဘက်မှာ အများဆုံးထိခိုက်မှုဖြစ်တတ်သည်။
-------
၂။ Rear-end collision

ရှေ့ကားမှ မောင်းနေသောအရှိန်ကို ရုတ်တရက်လျှော့ချလိုက်သော အခြေအနေမျိုးတွင် နောက်မှနီးကပ်စွာလိုက်ပါလာသောကားက ပြင်ဆင်ချိန်မရလိုက်ပဲ တိုက်မိသွားခြင်းဖြစ်သည်။
ရန်ကုန်တွင် နေ့စဉ် အဖြစ်အများဆုံး ထိခိုက်မှုမျိုးဖြစ်ပါသည်။ အလုံးစုံ အာမခံ ကုမ္ပဏီများက အများဆုံးလျော်ပေးရသော ထိခိုက်မှုဖြစ်သည်။
-------
၃။ Head-on collision

မျက်နှာချင်းဆိုင်ကား ၂ စီး ခေါင်းချင်းဆိုင်တိုက်မှုမျိုးဖြစ်သည်။ ဤဖြစ်စဉ်မျိုးဖြစ်ခဲ့ပါက လူသေစေနိုင်သည့်အထိဖြစ်နိုင်သည့် ထိခိုက်မှုမျိုးဖြစ်သောကြောင့် ယာဉ်မောင်းသူများအနေဖြင့် အထူးဂရုပြုထားရမည်ဖြစ်သည်။
ဧရာဝတီတိုင်း ပုသိမ်-ရန်ကုန်လမ်းပိုင်း၊ ပဲခူးတိုင်း ပဲခူး-ရန်ကုန်လမ်း၊ ပြည်-ရန်ကုန်လမ်း၊ ဘုရားကြီးဘက်မှ စစ်တောင်းအထွက် ဝေါ လမ်း ဘက်တို့တွင် ယင်းထိခိုက်မှုမျိုး အများဆုံးတွေ့နေရသည်။
-------
၄။ Single-vehicle collision

ကားတစ်စီးထဲ လမ်းဘေးရှိ သစ်ပင်၊ ဓါတ်တိုင်၊ လမ်းတားကွန်ကရိတုံးများကို ဝင်တိုက်မိချင်းဖြစ်စဉ်မျိုးဖြစ်သည်။ ကားမောင်းသူ၏ ကျွမ်းကျင်မှု အားနည်း၍ သော်လည်းကောင်း၊ သောက်စားမူးယစ်ထားသောကြောင့်သော်လည်းကောင်း၊ ကားအောက်ပိုင်း တစ်စုံတစ်ရာ ရုတ်တရက် ချို့ယွင်းသွားသောကြောင့်သော်လည်းကောင်း ဖြစ်တတ်ကြသည်။
ရန်ကုန်တွင်ဆိုပါက ညဉ့်နက်ချိန် ကလပ်မှ ပြန်လာသောကားများ အဖြစ်များပါသည်။
အမြန်လမ်းတွင်အိပ်ငိုက်ပြီးလည်း အဖြစ်များ၏။
-------
၅။ Vehicle rollover

ယာဉ်တိမ်းမှောက်ခြင်းဖြစ်စဉ်တွင် ဟန်ချက်မြင့်သည့် SUV/4WD အမျိုးအစားကားများ မြန်နှုန်းမြင့်မောင်းရာတွင် တစ်စုံတစ်ရာ အခြေအနေကြောင့် ဟန်ချက်ပျက်ရသောအခါ အများဆုံး ဖြစ်လေ့ရှိသည့် ပုံစံမျိုးဖြစ်သည်။
လက်တွေ့အားဖြင့် အမြန်လမ်းတွင် မိုးရွာနေစဉ် skid/hydroplane ဖြစ်စဉ်များနှင့်ကြုံလိုက်ရပါက ယာဉ်တိမ်းမှောက်သွားတတ်သည်။
လက်တွေ့အဖြစ်များသောကားများမှာ Surf ၊ Prado ၊ Vigo ၊ Alphard ကားများ မိုးတွင်းတွင် အများဆုံး ဖြစ်လေ့ဖြစ်ထရှိသည်။
-----
၆။ Multi-vehicle collision

ယာဉ်များစွာ တစ်ပြိုင်တည်းထိခိုက်မှုသည် နိုင်ငံခြားတွင်အဖြစ်အများဆုံးဖြစ်စဉ်ဖြစ်သည်။ အဝေးပြေးလမ်းတွင် အများဆုံးဖြစ်တတ်ကြသည်။
ရာသီဥတုမကောင်းသော အခြေအနေမျိုးတွင်ဖြစ်လေ့ရှိသည်။
ရန်ကုန်တွင်လည်း အဖြစ်များသည်ကိုတွေ့နေရသည်။ အများအားဖြင့် YBS လို ကားကြီးများ နောက်မှနေ၍ အရှိန်ပြင်းနှင့်တိုက်မိသည့်အခါမျိုးတွင် ကုန်းကျော်တံတားအဆင်း၌လည်းကောင်း၊ မီးပွိုင့် ဧရိယာအတွင်း၌လည်းကောင်း ကြုံတွေ့ရလေ့ရှိသည်။
----
၇။ Side collision or T Bone collision

ကားတစ်စီးသည် မိမိရှေ့မြင်ကွင်းမှ အခြားကားကို အရှိန်ပြင်းစွာ T ပုံစံတိုက်မိခြင်းမျိုးဖြစ်သည်။ လမ်းသွယ်မှ လမ်းမကြီးသို့ လမ်းလုထွက်သည့်အခါမျိုး၊ တူညီလမ်းလေးခွဆုံ သို့မဟုတ် မတူညီသည့်
လမ်းငါးခွဆုံ (တစ်လမ်းအရင်ကြိုလွှတ်) စသည့်နေရာမျိုးများ၌ မိးပွိုင့်ပျက်သည့်အခါမျိုးတွင်လည်းကောင်း၊ မီးပွိုင့်အကြည့်မှားသည့်အခါမျိုးတွင်လည်းကောင်း ဖြစ်တတ်ကြသည်။

တာမွေ Y ပုံစံ ကုန်းတံတားအောက် ၅ ခွဆုံတွင် သင်္ကန်းကျွန်းလမ်းဘက်သို့ ကြိုလွှတ်တစ်ပွိုင့်ကို နားမလည်သော ယာဉ်မောင်းသူအချို့နှင့် ဦးချစ်မောင်လမ်းမှ ရှင်ပါဂူလမ်းကြောင်းသွား ကားများထိခိုက်မှုမကြာမကြာတွေ့ရတတ်သည်။
-----
ထို့ကြောင့် သင်သည် smart ကျသော၊ အရာရာကြိုတင်ကာကွယ် သတိရှိသော ယာဉ်မောင်းသူ တစ်ယောက်ဖြစ်အောင် အချက်ပြမီး၊ အချက်ပြသင်္ကေတ၊ အရှိန်ထိမ်းလမ်းတုံးများကို ကြိုတင်သိရှိလိုက်နာပေးရန်လိုအပ်ပါသည်။
ယာဉ်မောင်းနှင်နေစဉ်အတွင်း လက်ကိုင်ဖုန်းမသုံးမိဖို့ကလည်း အထူးအရေးကြီးလှသည်။

ကားမိတ်ဆွေများကို ခင်မင်လျက် ကိုသက်

စာရေးသူ : U Thet Win

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »