fb-pageview-tracker
မီးသံေခါက္ျခင္းႏွင့့္ ပတ္သက္၍


Zawgyi Version

သင့္ကား ဘာလုိ႕ မီးသံေခါက္တာလဲ?

အခု ဂ်ပန္ တစ္ပတ္ရစ္ကားေလာကမွာ အျဖစ္အမ်ားဆံုး ျပႆနာေတြထဲက တစ္ခုကေတာ့ "တက္တက္တက္၊ ေတာက္ေတာက္ေတာက္" လုိ႕ သံ သံခ်င္းေခါက္သံလုိလုိ၊ တူနဲ႕သံကုိ ေခါက္သံလုိလုိ ၾကားရတတ္တဲ့ မီးသံေခါက္တာပါပဲ။ ေန႕စဥ္ေန႕တုိင္းလုိလုိ ကားဝပ္ေရွာ့ ေတာ္ေတာ္မ်ားမ်ားမွာ ေျဖရွင္းေပးေနရတဲ့ ျပႆနာတစ္ခုေပါ့။ မီးသံေခါက္တယ္ဆုိတာက ကားေလာကထဲကလူေတြ၊ ကားေမာင္းသမားေတြ၊ ကားဝယ္ေရာင္းေတြ စတဲ့ ကားနဲ႕ပတ္သတ္တဲ့သူေတြတုိင္း ၾကားဖူးနားဝရွိထားတဲ့ စကားလံုး ပါ။
ဒါဆုိ ဘာျဖစ္လုိ႕ မီးသံေခါက္တာလဲ?
မီးသံေခါက္တယ္၊ အင္ဂ်င္သံေခါက္တယ္ဆုိတာ ဘာလဲ?
မီးသံမေခါက္ေအာင္ ဘယ္လုိေျဖရွင္းရမလဲ?
ဆိုတာေလးေတြကုိ ဒီေန႕ရွင္းလင္းတင္ျပခ်င္ပါတယ္။

Four Stroke Cycle (Internal Combustion Engine) ဆုိတာ

မီးသံေခါက္ရတဲ့ အခ်က္ေတြ မေျပာခင္ က်ေနာ္တုိ႕ အခု ဂ်ပန္ကားေလးေတြမွာ သံုးေနတဲ့ Internal Combustion Engine (အတြင္းပုိင္း မီးေလာင္ေပါက္ကြဲျပီး လည္ပတ္ကာ စြမ္းအားရတဲ့ အင္ဂ်င္) ေတြရဲ့ လည္ပတ္မႈ Four Stroke ျဖစ္စဥ္ေလးကုိ အၾကမ္းဖ်င္း ရွင္းျပေပးခ်င္ပါတယ္။

Four Cycle အင္ဂ်င္တစ္လံုး လည္ပတ္ဖုိ႕အတြက္
၁။ Intake Stroke / Induction Stroke (ေလကုိ ဆြဲသြင္းတဲ့ စတုတ္)
၂။ Compression Stroke ( ဆီနဲ႕ေလအေရာအေႏွာကုိ ဖိသိပ္တဲ့ စတုတ္)
၃။ Power Stroke (ဖိက်စ္ခံရျပီးတဲ့ ဆီနဲ႕ေလ အေရာအေႏွာကုိ spark plug ကေန မီးခတ္ေပးရတဲ့ စတုတ္)
၄။ Exhaust Stroke (မီးေလာင္ေပါက္ကြဲသြားတဲ့ ဆီနဲ႕ေလ အေရာအေႏွာ အေငြ႕ေတြကုိ အိတ္ေဇာဘားကေနတဆင့္ ျပန္လည္တြန္းထုတ္ရတဲ့ စတုတ္္)
ဆုိျပီး အင္ဂ်င္လည္ပတ္ျခင္း သံသရာျဖစ္ေစကာ အင္ဂ်င္ကုိ အဆက္မျပတ္လည္ပတ္ေစတာပဲျဖစ္ပါတယ္။

ဒီ Four Cycle အင္ဂ်င္ သံသရာျဖစ္စဥ္ကုိ ျမန္မာဝပ္ေရွာ့ ဆရာၾကီးေတြကေတာ့ (ဆြဲ၊ က်စ္၊ ကန္၊ ထုတ္ Four Stroke) ဆုိျပီး အလြယ္ေခၚယူ မွတ္သားတတ္ၾကပါတယ္။

ဒီလုိ အင္ဂ်င္လည္ပတ္ျခင္း သံသရာဟာ သူ႕ဘာသာ မီးေလာင္ေပါက္ကြဲမႈျဖစ္စဥ္ေတြ ဘယ္အခ်က္မွ မလြဲေခ်ာ္ဘဲ ပံုမွန္ လည္ပတ္ေနတဲ့အခ်ိန္ဆုိရင္ အင္ဂ်င္ဟာ အသံတည္ျငိမ္ျပီး လည္ပတ္မႈေကာင္းေနမွာ မလြဲမေသြပါ။ ဒါေပမယ့္ ဒီလုိလည္ပတ္မႈျဖစ္စဥ္ေတြထဲက တစ္ခုခု အဆင္မေျပ၊ မေခ်ာေမြ႕ေတာ့တာနဲ႕ အင္ဂ်င္ မတည္ျငိမ္တာ၊ အသံဆူတာ၊ တုန္တာ၊ ခါတာ၊ အင္ဂ်င္ ပါဝါက်သြားတာနဲ႕ အခုေျပာမယ့္ မီးသံေခါက္တယ္ဆုိတာေတြ ျဖစ္လာေတာ့တာပါပဲ။

မီးသံေခါက္ျခင္း၊ အင္ဂ်င္သံေခါက္ျခင္း (Engine Knocking)

က်ေနာ္တုိ႕ ဂ်ပန္တစ္ပတ္ရစ္ ကားေလာကမွေတာ့ engine knocking ကုိ မီးသံေခါက္တယ္လုိ႕ပဲ အေျပာမ်ား၊ အေခၚမ်ားၾကပါတယ္။ တကယ္တမ္း မီးသံေခါက္တယ္ဆုိတဲ့ အင္ဂ်င္ေခါက္သံ၊ ရုိက္သံထြက္တာကုိျဖစ္ေစတဲ့ အေျခခံအခ်က္ ၂ ခ်က္ကေတာ့ detonation နဲ႕ pre-ignition ပါ။

Detonation ဆုိတာက ဘာလဲဆုိရင္ ဆီနဲ႕ေလကုိ ဆြဲသြင္းျပီး spark plug က မီးေလာင္ေပါက္ကြဲေပးရတဲ့ combustion chamber (မီးေလာင္ခန္း) အတြင္းမွာ မီးေလာင္ေပါက္ကြဲမႈ အျပိဳင္ျဖစ္ေပၚျခင္းပါပဲ။ ေသခ်ာရွင္းျပရရင္ အေပၚက Four Stroke Cycle မွာေျပာထားသလုိ မီးေလာင္ေပါက္ကြဲျပီး အင္ဂ်င္လည္ဖုိ႕ ပထမဆံုး ေလကုိဆြဲသြင္းရတယ္။ ျပီးတာနဲ႕ injector ေတြက ဆီကုိ ျဖန္းသြင္းတယ္။ ဆီနဲ႕ေလအေရာ အေႏွာကုိ piston က လုိအပ္တဲ့ ဖိအားရေအာင္ ဖိသိပ္တယ္။ ျပီးရင္ မီးေလာင္ဖုိ႕ အသင့္ျဖစ္ေနတဲ့ ဆီ၊ ေလ အေရာအေႏွာကုိ plug ကေန မီးခတ္ျပီး ေပါက္ကြဲေလာင္ကၽြမ္းေစတယ္။ ဒီလုိ ျဖစ္စဥ္ျဖစ္တဲ့ေနရာမွာ pulg ကေန မီးေလာင္ဖုိ႕ မီးခတ္စဥ္ အဲဒီမီးေၾကာင့္ ဆီနဲ႕ေလ အေရာအေႏွာေတြ အကုန္မေလာင္ကြ်မ္းခင္၊ အျခားေနရာကေန သူ႕အလုိလုိ မီးပြားထြက္လာျပီး မီးေလာင္ခန္း တစ္ခုတည္းမွာ မီးေလာင္မႈျဖစ္စဥ္ နွစ္ခု အျပိဳင္ျဖစ္ေပၚလာတာကုိ ေခၚတာပါ။ ဒီလုိမ်ိဳး ပံုမွန္မီးေလာင္တာမဟုတ္ဘဲ အျပိဳင္ျဖစ္တဲ့အတြက္ မီးေလာင္ခန္းထဲမွာ အတက္အဆင္းလုပ္ရတာတဲ့ pistons ေတြဟာ ပံုမွန္ မွန္မွန္ကန္ကန္ အတက္အဆင္းမလုပ္ႏုိင္ေတာ့ဘဲ မီးေလာင္ခန္း ေဘးနံရံေတြကုိ ဟုိရုိက္ဒီရုိက္ လုိက္ရုိက္မိကုန္ေတာ့တာပါပဲ။ အဲဒီလုိ ရုိက္တဲ့အတြက္ က်ေနာ္တုိ႕ မီးသံေခါက္တယ္လုိ႕ ၾကားၾကားေနရတဲ့ "တက္တက္တက္" တုိ႕ "ေတာက္ေတာက္ေတာက္" တုိ႕ အသံေတြၾကားလာရတာပါ။

၁။ ကာဗြန္ေၾကး (ေလာင္စာဆီအရည္အေသြးေၾကာင့္)

ဒါဆုိ သူ႕အလုိလုိ ဘယ္ကမီးပြားထြက္လာရသလဲေမးစရာရွိလာတာေပါ့။ ဘယ္က မီးပြားထြက္လာရသလဲဆုိေတာ့ အခုကားေမာင္းသူတုိင္းလုိလုိ သိၾကတဲ့ ကာဗြန္ေၾကး (ဂ်ိဳး) ကေန မီးပြားထြက္လာတာပါ။ က်ေနာ္တုိ႕ ေန႕စဥ္သံုးေနရတဲ့ စက္သံုးဆီဆုိတာေတြကလည္း hydrocarbon ေတြနဲ႕ဖြဲ႕စည္းထားျပီး အရည္အေသြး မျပည္မီတဲ့ Octane (92, 95) ေတြေၾကာင့္ မီးေလာင္ခန္းရဲ့ head မ်က္ႏွာျပင္ထိပ္၊ inlet valve နဲ႕ exhaust valve ေတြ၊ pistons ေတြရဲ့ မ်က္နွာျပင္ထိပ္ေတြမွာ မီးကုန္ေအာင္ မေလာက္ကၽြမ္းဘဲ က်န္ေနခဲ့တဲ့ ကာဗြန္ဂ်ိဳးေတြဟာ piston ကေန ဆီနဲ႕ေလေတြကုိ ဖိသိပ္လုိက္တဲ့ဖိအားေၾကာင့္ ျဖစ္ေပၚလာတဲ့ အပူရွိန္မွာ မီးပြားထခတ္ဖုိ႕ အသင့္ေစာင့္ေနပါတယ္။ ဒါေၾကာင့္ အခုေခတ္ ကားသမားေတြ မီးသံေခါက္ျပီဆုိတာနဲ႕ ဝပ္ေရွာ့ေျပး၊ ကာဗြန္ဂ်ိဳးေဆးမယ္ လုပ္ၾကတာဟာလည္း ဒီအေၾကာင္းေၾကာင့္ျဖစ္ပါတယ္။

ဒါဆုိကာဗြန္ဂ်ိဳးေဆးရင္ ေပ်ာက္ျပီလား ဆုိရင္ေတာ့၊ ေပ်ာက္ခ်င္ေပ်ာက္မယ္၊ မေပ်ာက္ခ်င္လည္း မေပ်ာက္ဘူးလို႕ ေျဖရမွာပါပဲ။ ဘာျဖစ္လုိ႕လည္းဆုိရင္ မီးသံေခါက္ေစတာဟာ ကာဗြန္ဂ်ိဳးဆုိတဲ့ တရားခံ တစ္ဦးတည္းေၾကာင့္ မဟုတ္လို႕ပါ။ အျခားမီးသံေခါက္ေစတဲ့ တရားခံကေတာ့ self-ignition ပါ။

၂။ Self-ignition (ေလာင္စာဆီအရည္အေသြးေၾကာင့္)

Self-ignition ဆုိတာက မီးေလာင္ေပါက္ကြဲမႈျဖစ္စဥ္ Four Stroke မွာ၊ plug ကေန မီး မပြင့္ေပးရေသးဘဲနဲ႕ ဆီနဲ႕ေလအေရာအေႏွာက သူ႕အလုိလုိ ထေလာင္ကၽြမ္းတာပါ။ အဓိက ကေတာ ့အေပၚမွာေျပာခဲ့သလုိ Octane (95,92) အစရွိတဲ့ RON (Research Octane Number) မျပည့္မီျခင္းပါပဲ။
(Octane 92၊ 95 အေၾကာင္းေတြကုိ ကားစားသုံးေသာအစာမ်ားႏွင့္ပတ္သက္၍ ေခါင္းစဥ္နဲ႕ က်ေနာ္ အေသးစိတ္ေရးသားထားဖူးပါတယ္။ ဒီေနရာမွာ ဖတ္ရႈ ႏိုင္ပါတယ္။)
အရည္အေသြးမျပည့္မီတဲ့ ဆီေတြဟာ piston ရဲ့အဖိအသိပ္ကုိ မခံနုိင္ပါဘူး။ မီးေလာင္ေပါက္ကြဲတဲ့ မီးေလာင္ခန္းထဲမွာရွိတဲ့ ဆီနဲ႕ေလ ကုိ piston က ဖိသိပ္လုိက္တဲ့ ဖိအားဟာ ေယဘုယ်အားျဖင့္ 100 to 200 Psi ေလာက္ရွိပါတယ္ (အင္ဂ်င္အၾကီးအေသး၊ အမ်ိဳးအစားေပၚမူတည္ျပီး ဖိအားေျပာင္းလဲႏုိင္ပါတယ္)။ အဲဒီလုိဖိသိပ္လုိက္တယ္ဆုိရင္ပဲ အေငြ႕ေတြကုိ ဖိသိပ္လုိက္ရင္ ပူလာတယ္ဆုိတဲ့ ရူပေဗဒသေဘာတရားရ ဆီနဲ႕ေလအေရာအေႏွာဟာ မီးေလာင္ခါနီးအထိ အပူခ်ိန္ျမင့္တက္သြားပါတယ္။ အဲဒီလုိအေျခအေနမ်ိဳးကုိ အရည္အေသြးမျပည့္မီတဲ့ဆီေတြဟာ ေတာင့္မခံႏုိင္ဘဲ plug ကမီးပြား မထြက္ခင္ကုိ အလုိလုိ မီးထေလာင္ပါေတာ့တယ္။ အဒီလုိနဲ႕ပဲ မီးေလာင္ခန္းထဲက piston နဲ႕မီးေလာင္ခန္းနံရံ ရုိက္သံေတြ ထြက္ေပၚလာေတာ့တာပါပဲ။

၃။ Pre-ignition (spark plug အရည္အေသြးေၾကာင့္)

မီးသံေခါက္ေစတဲ့ လက္သည္ေနာက္တစ္ေယာက္ကေတာ့ pre-ignition ပါ။ ဒါကေတာ့ ဘာေၾကာင့္ျဖစ္တာလဲဆုိရင္ မီးခတ္ေပးရတဲ့ ဆရာၾကီး spark plug ေၾကာင့္ပါပဲ။ အေပၚက ရွင္းျပထားသလုိ မီးေလာင္ေပါက္ကြဲျပီး အင္ဂ်င္လည္ပတ္ရတဲ့ ျဖစ္စဥ္မွာ spark plug ကလည္း timing (တုိင္ပင္) ကုိက္ မီးခတ္ေပးရပါတယ္။ သူ႕အခ်ိန္သူ႕အခါျဖစ္တဲ့ ဆီနဲ႕ေလ အေရာအေႏွာကုိအျမင့္ဆံုးဖိအားေရာက္တဲ့အခ်ိန္ထိ ဖိသိပ္ျပီးခ်ိန္မွ ခတ္ရမွာကုိ ဆီနဲ႕ေလအေရာအေႏွာကုိ အျမင့္ဆံုးအေျခအေနမတုိင္ခင္ မီးထခတ္တာေၾကာင့္လည္း မီးေလာင္ေပါက္ကြဲမႈျဖစ္စဥ္ ၾကိဳေစာသြားကာ ဖိသိပ္ျပီးတက္လာတဲ့ piston ကုိ ျပန္လည္တြန္းခ်သလုိျဖစ္ျပီး piston ကုိ မီးေလာက္ခန္းနံရံေတြနဲ႕တုိက္ မီးေခါက္သံထြက္ေစပါတယ္။

ဘာေၾကာင့္ plug က မီးေစာခတ္ရတာလဲဆုိရင္ေတာ့ အရည္အေသြး ညံ့တဲ့အေပါစား plugs ေတြကုိ သံုးတာ၊ ေနာက္ အမ်ိဳးအစားမတူတဲ့ spark plugs ေတြကုိသံုးတာ၊ ဒီက တခ်ိဳ႕ဝပ္ေရွာ့ေတြမွာ plug ေတြကုိ အရစ္တူရင္သံုးတာ၊ ေနာက္ အမ်ိဳးအစားတူရင္သံုးတာေတြဟာလည္း မွားယြင္းတဲ့ အယူအဆေတြပါ။ Plug ေတြဟာ အရစ္တူရင္၊ ငုတ္တူရင္၊ အမ်ိဳးအစားတူတယ္ဆုိရံုနဲ႕ သံုးလို႕မရပါဘူး။ ဒီမွာကဘာကားလာလာ Denso တစ္ငုတ္လုိ႕ေျပာဝယ္လုိက္ဆုိျပီး ဝယ္ခုိင္း၊ ထည့္ခုိင္းတာဟာလည္း ခ်က္ျခင္းမသိသာေတာင္မွ ေရရွည္မွာ မီးသံေခါက္ေစတဲ့ အခ်က္တစ္ခ်က္ပါပဲ။

ဘာေၾကာင့္လဲဆုိရင္ plugs ေတြရဲ့ အေပၚမွာပါတဲ့ ကိန္းဂဏန္းေတြဟာ ဒီ spark plug ရဲ့ heat rate < heating value > ေတြကုိ ရည္ရြယ္ျပီး ဘယ္ကား အမ်ိဳးအစား၊ ဘယ္အင္ဂ်င္မွာ ဘယ္ေလာက္ heat rate ရွိတဲ့ spark plugs ကုိ သံုးရမယ္ဆုိျပီး ထုတ္လုပ္တဲ့ ကုမၸဏီက အတိအက် ထုတ္ျပန္ထားပါတယ္။
မဟုတ္ရင္ ကားအမ်ိဳးအစား အင္ဂ်င္အမ်ိဳးအစား မတူညီတဲ့အခါမွာ သံုးတဲ့ spark plug ေတြမွားတာနဲ႕ plug ေတြရဲ့ heating value ေတြလြဲကုန္ျပီး တခ်ိဳ႕ spark plugs ေတြက အပူလံုေလာက္ေအာင္ မပူတာ၊ တခ်ိဳ႕က်ေတာ့လည္း အပူလံုေလာက္ေအာင္ မစြန္႕ထုတ္ႏုိင္တာေတြေၾကာင့္ မီးသံေခါက္ရတဲ့ ျပႆနာေတြျဖစ္ေစတာပါ။ ကားအမ်ိဳးအစား အင္ဂ်င္အမ်ိဳးအစားနဲ႕ သံုးရမယ့္ plugs ေတြကုိ ကုမၸဏီေတြကေန အတိအက်ထုတ္ထားတဲ့ catalogues ေတြရွိတာမလို႕ ေသခ်ာေလ့လာျပီး အတိအက်သံုးစြဲသင့္ပါတယ္။

ေနာက္ plugs ေတြကုိ က်ပ္တဲ့ (tight) တဲ့ အခါမွာလည္း ေသခ်ာေအာင္ က်ပ္ဖုိ႕လုိပါတယ္္။ ဘာေၾကာင့္လည္းဆုိရင္ plugs ေတြဟာ သူတုိ႕မွာရွိတဲ့ အပူကုိ သူတုိ႕ရဲ့ေဘးနံရံကေန တစ္ဆင့္ အျပင္ကုိ စြန္႔ထုတ္ပါတယ္။ အဲဒီလုိ ေနရာမွာ ေသခ်ာတဲ့ limit ေရာက္ေအာင္ မက်ပ္ထားတဲ့အခါ အပူစြန္႕ထုတ္မႈနည္းပါးျပီး pre-ignition ကုိ ျဖစ္ေပၚေစပါေတာ့တယ္။

မီးသံေခါက္ရင္ ဘာျဖစ္လာႏုိင္သလဲ?

မီးသံေခါက္ရင္ ဘာျဖစ္ႏုိင္သလဲဆုိရင္ေတာ့ ပထမဆံုး ျဖစ္တာကေတာ့ ကားေမာင္းရင္း နားမခ်မ္းသာတာပါပဲ။ ကုိယ္ေမာင္းေနတဲ့ ကားအင္ဂ်င္ကေန "တက္တက္တက္ ေတာက္ေတာက္ေတာက္" အသံေတြၾကားေနရရင္ ဘယ္ကားေမာင္းသူမွ စိတ္ခ်မ္းသာ လက္ခ်မ္းသာ ေမာင္းႏုိင္မွာ မဟုတ္ပါဘူး။
ေနာက္ အင္ဂ်င္တုန္တာ၊ ခါတာ၊ အင္ဂ်င္ပါဝါက်သြားတာ။
ဒါထက္ျဖစ္ႏုိင္တာက ဒီလုိျဖစ္စဥ္ဟာ ေရရွည္လာတာနဲ႕အမွ် အင္ဂ်င္ရဲ့ piston ၊ combustion chamber နဲ႕ valves ေတြကုိ ထိခုိက္ပ်က္စီးေစမွာပါ။

မီးသံမေခါက္ေအာင္ ဘယ္လုိလုပ္ရမလဲ?

အေပၚမွာ မီးသံ ဘာလုိ႕ေခါက္ရတယ္ဆုိတာ ရွင္းျပျပီးျပီဆုိေတာ့ မီးသံေခါက္ရင္ မီးသံေခါက္ေစတဲ့ အခ်က္ေတြျဖစ္တဲ့ ကာဗြန္ေၾကးေဆးေၾကာတာ၊ plugs ေတြစစ္တာ၊ ဆီအရည္အေသြးျပည့္မီတဲ့ဆုိင္ကုိ ေရြးခ်ယ္သံုးစြဲတာမ်ိဳးေတြလုပ္ရမွာပါ။ ဒါ့ထက္ ပုိလုိအပ္တဲ့ အခ်က္ေတြက ပံုမွန္ျပဳျပင္ထိန္းသိမ္းမႈလုပ္ခဲတဲ့ ဆီတုိင္ကီထဲက fuel pump ေတြ ဆီစစ္ေတြကုိ ျဖဳတ္စစ္တာ၊ injector ေတြကုိ ပံုမွန္ျဖဳတ္ ေဆးေၾကာတာ၊ ေလစစ္ေတြကုိ ပံုမွန္လဲလွယ္ေပးတာေတြကုိ လုပ္ေပးရမွာပါ။ ဘာျဖစ္လုိ႕လည္းဆုိရင္ ဒီမီးသံေခါက္တာက အေၾကာင္းအခ်က္ တစ္ခုနဲ႕တစ္ခု ဆက္စပ္ေနျပီး ဂ်ာေအး သူ႕အေမရုိက္သလုိ ဆီမသန္႕လုိ႕ plug ေၾကးကပ္၊ ေၾကးကေန မီးပြားျဖစ္လုိ႕ မီးသံေခါက္၊ မီးေသခ်ာ မေလာင္လုိ႕ အင္ဂ်င္ခန္းေၾကးတက္ဆုိျပီး တစ္ပတ္လည္ေနတာမလို႕ပါ။

ဒါေၾကာင့္ မိတ္ေဆြတုိ႕ရဲ့ ကားအင္ဂ်င္ မီးသံေခါက္ျခင္းမွ ကင္းေဝးေအာင္ အေပၚက ေျပာတဲ့ အခ်က္ေတြကုိ ျပဳျပင္ေနက်၊ ယံုၾကည္စိတ္ခ်ရတဲ့ ဝပ္ေရွာ့ေတြမွာ အျမဲစမ္းသပ္စစ္ေဆးျပီး ထိန္းသိမ္းမယ္ဆုိရင္ စိတ္ပ်က္စရာေကာင္းတဲ့ ကားမီးသံေခါက္တာကေန ကင္းေဝးႏုိင္မွာပါ။
မီးသံေခါက္ရတဲ့ အျခားအေၾကာင္းအခ်က္မ်ားစြာ ရွိေပမယ့္ ဒီမွ်ေလာက္ဆုိရင္ျဖင့္ မိတ္ေဆြညီကုိေမာင္နွမတုိ႕အတြက္ မီးသံေခါက္ျခင္းနဲ႕ ပတ္သတ္တဲ့ ဗဟုသုတ အေတာ္အသင့္ရႏုိင္ျပီလုိ႔ ယူဆပါတယ္ခင္ဗ်ာ။
မိတ္ေဆြ ညီကုိ ေမာင္ႏွမအားလံုး နည္းပညာ ဗဟုသုတ ၾကြယ္ဝႏုိင္ၾကပါေစ။

စာေရးသူ : Lynn Za Nee (P.T.U)


Unicode Version

သင့်ကား ဘာလို့ မီးသံခေါက်တာလဲ?

အခု ဂျပန် တစ်ပတ်ရစ်ကားလောကမှာ အဖြစ်အများဆုံး ပြဿနာတွေထဲက တစ်ခုကတော့ "တက်တက်တက်၊ တောက်တောက်တောက်" လို့ သံ သံချင်းခေါက်သံလိုလို၊ တူနဲ့သံကို ခေါက်သံလိုလို ကြားရတတ်တဲ့ မီးသံခေါက်တာပါပဲ။ နေ့စဉ်နေ့တိုင်းလိုလို ကားဝပ်ရှော့ တော်တော်များများမှာ ဖြေရှင်းပေးနေရတဲ့ ပြဿနာတစ်ခုပေါ့။ မီးသံခေါက်တယ်ဆိုတာက ကားလောကထဲကလူတွေ၊ ကားမောင်းသမားတွေ၊ ကားဝယ်ရောင်းတွေ စတဲ့ ကားနဲ့ပတ်သတ်တဲ့သူတွေတိုင်း ကြားဖူးနားဝရှိထားတဲ့ စကားလုံး ပါ။
ဒါဆို ဘာဖြစ်လို့ မီးသံခေါက်တာလဲ?
မီးသံခေါက်တယ်၊ အင်ဂျင်သံခေါက်တယ်ဆိုတာ ဘာလဲ?
မီးသံမခေါက်အောင် ဘယ်လိုဖြေရှင်းရမလဲ?
ဆိုတာလေးတွေကို ဒီနေ့ရှင်းလင်းတင်ပြချင်ပါတယ်။

Four Stroke Cycle (Internal Combustion Engine) ဆိုတာ

မီးသံခေါက်ရတဲ့ အချက်တွေ မပြောခင် ကျနော်တို့ အခု ဂျပန်ကားလေးတွေမှာ သုံးနေတဲ့ Internal Combustion Engine (အတွင်းပိုင်း မီးလောင်ပေါက်ကွဲပြီး လည်ပတ်ကာ စွမ်းအားရတဲ့ အင်ဂျင်) တွေရဲ့ လည်ပတ်မှု Four Stroke ဖြစ်စဉ်လေးကို အကြမ်းဖျင်း ရှင်းပြပေးချင်ပါတယ်။

Four Cycle အင်ဂျင်တစ်လုံး လည်ပတ်ဖို့အတွက်
၁။ Intake Stroke / Induction Stroke (လေကို ဆွဲသွင်းတဲ့ စတုတ်)
၂။ Compression Stroke ( ဆီနဲ့လေအရောအနှောကို ဖိသိပ်တဲ့ စတုတ်)
၃။ Power Stroke (ဖိကျစ်ခံရပြီးတဲ့ ဆီနဲ့လေ အရောအနှောကို spark plug ကနေ မီးခတ်ပေးရတဲ့ စတုတ်)
၄။ Exhaust Stroke (မီးလောင်ပေါက်ကွဲသွားတဲ့ ဆီနဲ့လေ အရောအနှော အငွေ့တွေကို အိတ်ဇောဘားကနေတဆင့် ပြန်လည်တွန်းထုတ်ရတဲ့ စတုတ်)
ဆိုပြီး အင်ဂျင်လည်ပတ်ခြင်း သံသရာဖြစ်စေကာ အင်ဂျင်ကို အဆက်မပြတ်လည်ပတ်စေတာပဲဖြစ်ပါတယ်။

ဒီ Four Cycle အင်ဂျင် သံသရာဖြစ်စဉ်ကို မြန်မာဝပ်ရှော့ ဆရာကြီးတွေကတော့ (ဆွဲ၊ ကျစ်၊ ကန်၊ ထုတ် Four Stroke) ဆိုပြီး အလွယ်ခေါ်ယူ မှတ်သားတတ်ကြပါတယ်။

ဒီလို အင်ဂျင်လည်ပတ်ခြင်း သံသရာဟာ သူ့ဘာသာ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်တွေ ဘယ်အချက်မှ မလွဲချော်ဘဲ ပုံမှန် လည်ပတ်နေတဲ့အချိန်ဆိုရင် အင်ဂျင်ဟာ အသံတည်ငြိမ်ပြီး လည်ပတ်မှုကောင်းနေမှာ မလွဲမသွေပါ။ ဒါပေမယ့် ဒီလိုလည်ပတ်မှုဖြစ်စဉ်တွေထဲက တစ်ခုခု အဆင်မပြေ၊ မချောမွေ့တော့တာနဲ့ အင်ဂျင် မတည်ငြိမ်တာ၊ အသံဆူတာ၊ တုန်တာ၊ ခါတာ၊ အင်ဂျင် ပါဝါကျသွားတာနဲ့ အခုပြောမယ့် မီးသံခေါက်တယ်ဆိုတာတွေ ဖြစ်လာတော့တာပါပဲ။

မီးသံခေါက်ခြင်း၊ အင်ဂျင်သံခေါက်ခြင်း (Engine Knocking)

ကျနော်တို့ ဂျပန်တစ်ပတ်ရစ် ကားလောကမှတော့ engine knocking ကို မီးသံခေါက်တယ်လို့ပဲ အပြောများ၊ အခေါ်များကြပါတယ်။ တကယ်တမ်း မီးသံခေါက်တယ်ဆိုတဲ့ အင်ဂျင်ခေါက်သံ၊ ရိုက်သံထွက်တာကိုဖြစ်စေတဲ့ အခြေခံအချက် ၂ ချက်ကတော့ detonation နဲ့ pre-ignition ပါ။

Detonation ဆိုတာက ဘာလဲဆိုရင် ဆီနဲ့လေကို ဆွဲသွင်းပြီး spark plug က မီးလောင်ပေါက်ကွဲပေးရတဲ့ combustion chamber (မီးလောင်ခန်း) အတွင်းမှာ မီးလောင်ပေါက်ကွဲမှု အပြိုင်ဖြစ်ပေါ်ခြင်းပါပဲ။ သေချာရှင်းပြရရင် အပေါ်က Four Stroke Cycle မှာပြောထားသလို မီးလောင်ပေါက်ကွဲပြီး အင်ဂျင်လည်ဖို့ ပထမဆုံး လေကိုဆွဲသွင်းရတယ်။ ပြီးတာနဲ့ injector တွေက ဆီကို ဖြန်းသွင်းတယ်။ ဆီနဲ့လေအရော အနှောကို piston က လိုအပ်တဲ့ ဖိအားရအောင် ဖိသိပ်တယ်။ ပြီးရင် မီးလောင်ဖို့ အသင့်ဖြစ်နေတဲ့ ဆီ၊ လေ အရောအနှောကို plug ကနေ မီးခတ်ပြီး ပေါက်ကွဲလောင်ကျွမ်းစေတယ်။ ဒီလို ဖြစ်စဉ်ဖြစ်တဲ့နေရာမှာ pulg ကနေ မီးလောင်ဖို့ မီးခတ်စဉ် အဲဒီမီးကြောင့် ဆီနဲ့လေ အရောအနှောတွေ အကုန်မလောင်ကျွမ်းခင်၊ အခြားနေရာကနေ သူ့အလိုလို မီးပွားထွက်လာပြီး မီးလောင်ခန်း တစ်ခုတည်းမှာ မီးလောင်မှုဖြစ်စဉ် နှစ်ခု အပြိုင်ဖြစ်ပေါ်လာတာကို ခေါ်တာပါ။ ဒီလိုမျိုး ပုံမှန်မီးလောင်တာမဟုတ်ဘဲ အပြိုင်ဖြစ်တဲ့အတွက် မီးလောင်ခန်းထဲမှာ အတက်အဆင်းလုပ်ရတာတဲ့ pistons တွေဟာ ပုံမှန် မှန်မှန်ကန်ကန် အတက်အဆင်းမလုပ်နိုင်တော့ဘဲ မီးလောင်ခန်း ဘေးနံရံတွေကို ဟိုရိုက်ဒီရိုက် လိုက်ရိုက်မိကုန်တော့တာပါပဲ။ အဲဒီလို ရိုက်တဲ့အတွက် ကျနော်တို့ မီးသံခေါက်တယ်လို့ ကြားကြားနေရတဲ့ "တက်တက်တက်" တို့ "တောက်တောက်တောက်" တို့ အသံတွေကြားလာရတာပါ။

၁။ ကာဗွန်ကြေး (လောင်စာဆီအရည်အသွေးကြောင့်)

ဒါဆို သူ့အလိုလို ဘယ်ကမီးပွားထွက်လာရသလဲမေးစရာရှိလာတာပေါ့။ ဘယ်က မီးပွားထွက်လာရသလဲဆိုတော့ အခုကားမောင်းသူတိုင်းလိုလို သိကြတဲ့ ကာဗွန်ကြေး (ဂျိုး) ကနေ မီးပွားထွက်လာတာပါ။ ကျနော်တို့ နေ့စဉ်သုံးနေရတဲ့ စက်သုံးဆီဆိုတာတွေကလည်း hydrocarbon တွေနဲ့ဖွဲ့စည်းထားပြီး အရည်အသွေး မပြည်မီတဲ့ Octane (92, 95) တွေကြောင့် မီးလောင်ခန်းရဲ့ head မျက်နှာပြင်ထိပ်၊ inlet valve နဲ့ exhaust valve တွေ၊ pistons တွေရဲ့ မျက်နှာပြင်ထိပ်တွေမှာ မီးကုန်အောင် မလောက်ကျွမ်းဘဲ ကျန်နေခဲ့တဲ့ ကာဗွန်ဂျိုးတွေဟာ piston ကနေ ဆီနဲ့လေတွေကို ဖိသိပ်လိုက်တဲ့ဖိအားကြောင့် ဖြစ်ပေါ်လာတဲ့ အပူရှိန်မှာ မီးပွားထခတ်ဖို့ အသင့်စောင့်နေပါတယ်။ ဒါကြောင့် အခုခေတ် ကားသမားတွေ မီးသံခေါက်ပြီဆိုတာနဲ့ ဝပ်ရှော့ပြေး၊ ကာဗွန်ဂျိုးဆေးမယ် လုပ်ကြတာဟာလည်း ဒီအကြောင်းကြောင့်ဖြစ်ပါတယ်။

ဒါဆိုကာဗွန်ဂျိုးဆေးရင် ပျောက်ပြီလား ဆိုရင်တော့၊ ပျောက်ချင်ပျောက်မယ်၊ မပျောက်ချင်လည်း မပျောက်ဘူးလို့ ဖြေရမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုရင် မီးသံခေါက်စေတာဟာ ကာဗွန်ဂျိုးဆိုတဲ့ တရားခံ တစ်ဦးတည်းကြောင့် မဟုတ်လို့ပါ။ အခြားမီးသံခေါက်စေတဲ့ တရားခံကတော့ self-ignition ပါ။

၂။ Self-ignition (လောင်စာဆီအရည်အသွေးကြောင့်)

Self-ignition ဆိုတာက မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် Four Stroke မှာ၊ plug ကနေ မီး မပွင့်ပေးရသေးဘဲနဲ့ ဆီနဲ့လေအရောအနှောက သူ့အလိုလို ထလောင်ကျွမ်းတာပါ။ အဓိက ကတော့အပေါ်မှာပြောခဲ့သလို Octane (95,92) အစရှိတဲ့ RON (Research Octane Number) မပြည့်မီခြင်းပါပဲ။
(Octane 92၊ 95 အကြောင်းတွေကို ကားစားသုံးသောအစာများနှင့်ပတ်သက်၍ ခေါင်းစဉ်နဲ့ ကျနော် အသေးစိတ်ရေးသားထားဖူးပါတယ်။ ဒီနေရာမှာ ဖတ်ရှု နိုင်ပါတယ်။)
အရည်အသွေးမပြည့်မီတဲ့ ဆီတွေဟာ piston ရဲ့အဖိအသိပ်ကို မခံနိုင်ပါဘူး။ မီးလောင်ပေါက်ကွဲတဲ့ မီးလောင်ခန်းထဲမှာရှိတဲ့ ဆီနဲ့လေ ကို piston က ဖိသိပ်လိုက်တဲ့ ဖိအားဟာ ယေဘုယျအားဖြင့် 100 to 200 Psi လောက်ရှိပါတယ် (အင်ဂျင်အကြီးအသေး၊ အမျိုးအစားပေါ်မူတည်ပြီး ဖိအားပြောင်းလဲနိုင်ပါတယ်)။ အဲဒီလိုဖိသိပ်လိုက်တယ်ဆိုရင်ပဲ အငွေ့တွေကို ဖိသိပ်လိုက်ရင် ပူလာတယ်ဆိုတဲ့ ရူပဗေဒသဘောတရားရ ဆီနဲ့လေအရောအနှောဟာ မီးလောင်ခါနီးအထိ အပူချိန်မြင့်တက်သွားပါတယ်။ အဲဒီလိုအခြေအနေမျိုးကို အရည်အသွေးမပြည့်မီတဲ့ဆီတွေဟာ တောင့်မခံနိုင်ဘဲ plug ကမီးပွား မထွက်ခင်ကို အလိုလို မီးထလောင်ပါတော့တယ်။ အဒီလိုနဲ့ပဲ မီးလောင်ခန်းထဲက piston နဲ့မီးလောင်ခန်းနံရံ ရိုက်သံတွေ ထွက်ပေါ်လာတော့တာပါပဲ။

၃။ Pre-ignition (spark plug အရည်အသွေးကြောင့်)

မီးသံခေါက်စေတဲ့ လက်သည်နောက်တစ်ယောက်ကတော့ pre-ignition ပါ။ ဒါကတော့ ဘာကြောင့်ဖြစ်တာလဲဆိုရင် မီးခတ်ပေးရတဲ့ ဆရာကြီး spark plug ကြောင့်ပါပဲ။ အပေါ်က ရှင်းပြထားသလို မီးလောင်ပေါက်ကွဲပြီး အင်ဂျင်လည်ပတ်ရတဲ့ ဖြစ်စဉ်မှာ spark plug ကလည်း timing (တိုင်ပင်) ကိုက် မီးခတ်ပေးရပါတယ်။ သူ့အချိန်သူ့အခါဖြစ်တဲ့ ဆီနဲ့လေ အရောအနှောကိုအမြင့်ဆုံးဖိအားရောက်တဲ့အချိန်ထိ ဖိသိပ်ပြီးချိန်မှ ခတ်ရမှာကို ဆီနဲ့လေအရောအနှောကို အမြင့်ဆုံးအခြေအနေမတိုင်ခင် မီးထခတ်တာကြောင့်လည်း မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် ကြိုစောသွားကာ ဖိသိပ်ပြီးတက်လာတဲ့ piston ကို ပြန်လည်တွန်းချသလိုဖြစ်ပြီး piston ကို မီးလောက်ခန်းနံရံတွေနဲ့တိုက် မီးခေါက်သံထွက်စေပါတယ်။

ဘာကြောင့် plug က မီးစောခတ်ရတာလဲဆိုရင်တော့ အရည်အသွေး ညံ့တဲ့အပေါစား plugs တွေကို သုံးတာ၊ နောက် အမျိုးအစားမတူတဲ့ spark plugs တွေကိုသုံးတာ၊ ဒီက တချို့ဝပ်ရှော့တွေမှာ plug တွေကို အရစ်တူရင်သုံးတာ၊ နောက် အမျိုးအစားတူရင်သုံးတာတွေဟာလည်း မှားယွင်းတဲ့ အယူအဆတွေပါ။ Plug တွေဟာ အရစ်တူရင်၊ ငုတ်တူရင်၊ အမျိုးအစားတူတယ်ဆိုရုံနဲ့ သုံးလို့မရပါဘူး။ ဒီမှာကဘာကားလာလာ Denso တစ်ငုတ်လို့ပြောဝယ်လိုက်ဆိုပြီး ဝယ်ခိုင်း၊ ထည့်ခိုင်းတာဟာလည်း ချက်ခြင်းမသိသာတောင်မှ ရေရှည်မှာ မီးသံခေါက်စေတဲ့ အချက်တစ်ချက်ပါပဲ။

ဘာကြောင့်လဲဆိုရင် plugs တွေရဲ့ အပေါ်မှာပါတဲ့ ကိန်းဂဏန်းတွေဟာ ဒီ spark plug ရဲ့ heat rate < heating value > တွေကို ရည်ရွယ်ပြီး ဘယ်ကား အမျိုးအစား၊ ဘယ်အင်ဂျင်မှာ ဘယ်လောက် heat rate ရှိတဲ့ spark plugs ကို သုံးရမယ်ဆိုပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီက အတိအကျ ထုတ်ပြန်ထားပါတယ်။
မဟုတ်ရင် ကားအမျိုးအစား အင်ဂျင်အမျိုးအစား မတူညီတဲ့အခါမှာ သုံးတဲ့ spark plug တွေမှားတာနဲ့ plug တွေရဲ့ heating value တွေလွဲကုန်ပြီး တချို့ spark plugs တွေက အပူလုံလောက်အောင် မပူတာ၊ တချို့ကျတော့လည်း အပူလုံလောက်အောင် မစွန့်ထုတ်နိုင်တာတွေကြောင့် မီးသံခေါက်ရတဲ့ ပြဿနာတွေဖြစ်စေတာပါ။ ကားအမျိုးအစား အင်ဂျင်အမျိုးအစားနဲ့ သုံးရမယ့် plugs တွေကို ကုမ္ပဏီတွေကနေ အတိအကျထုတ်ထားတဲ့ catalogues တွေရှိတာမလို့ သေချာလေ့လာပြီး အတိအကျသုံးစွဲသင့်ပါတယ်။

နောက် plugs တွေကို ကျပ်တဲ့ (tight) တဲ့ အခါမှာလည်း သေချာအောင် ကျပ်ဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုရင် plugs တွေဟာ သူတို့မှာရှိတဲ့ အပူကို သူတို့ရဲ့ဘေးနံရံကနေ တစ်ဆင့် အပြင်ကို စွန့်ထုတ်ပါတယ်။ အဲဒီလို နေရာမှာ သေချာတဲ့ limit ရောက်အောင် မကျပ်ထားတဲ့အခါ အပူစွန့်ထုတ်မှုနည်းပါးပြီး pre-ignition ကို ဖြစ်ပေါ်စေပါတော့တယ်။

မီးသံခေါက်ရင် ဘာဖြစ်လာနိုင်သလဲ?

မီးသံခေါက်ရင် ဘာဖြစ်နိုင်သလဲဆိုရင်တော့ ပထမဆုံး ဖြစ်တာကတော့ ကားမောင်းရင်း နားမချမ်းသာတာပါပဲ။ ကိုယ်မောင်းနေတဲ့ ကားအင်ဂျင်ကနေ "တက်တက်တက် တောက်တောက်တောက်" အသံတွေကြားနေရရင် ဘယ်ကားမောင်းသူမှ စိတ်ချမ်းသာ လက်ချမ်းသာ မောင်းနိုင်မှာ မဟုတ်ပါဘူး။
နောက် အင်ဂျင်တုန်တာ၊ ခါတာ၊ အင်ဂျင်ပါဝါကျသွားတာ။
ဒါထက်ဖြစ်နိုင်တာက ဒီလိုဖြစ်စဉ်ဟာ ရေရှည်လာတာနဲ့အမျှ အင်ဂျင်ရဲ့ piston ၊ combustion chamber နဲ့ valves တွေကို ထိခိုက်ပျက်စီးစေမှာပါ။

မီးသံမခေါက်အောင် ဘယ်လိုလုပ်ရမလဲ?

အပေါ်မှာ မီးသံ ဘာလို့ခေါက်ရတယ်ဆိုတာ ရှင်းပြပြီးပြီဆိုတော့ မီးသံခေါက်ရင် မီးသံခေါက်စေတဲ့ အချက်တွေဖြစ်တဲ့ ကာဗွန်ကြေးဆေးကြောတာ၊ plugs တွေစစ်တာ၊ ဆီအရည်အသွေးပြည့်မီတဲ့ဆိုင်ကို ရွေးချယ်သုံးစွဲတာမျိုးတွေလုပ်ရမှာပါ။ ဒါ့ထက် ပိုလိုအပ်တဲ့ အချက်တွေက ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ခဲတဲ့ ဆီတိုင်ကီထဲက fuel pump တွေ ဆီစစ်တွေကို ဖြုတ်စစ်တာ၊ injector တွေကို ပုံမှန်ဖြုတ် ဆေးကြောတာ၊ လေစစ်တွေကို ပုံမှန်လဲလှယ်ပေးတာတွေကို လုပ်ပေးရမှာပါ။ ဘာဖြစ်လို့လည်းဆိုရင် ဒီမီးသံခေါက်တာက အကြောင်းအချက် တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး ဂျာအေး သူ့အမေရိုက်သလို ဆီမသန့်လို့ plug ကြေးကပ်၊ ကြေးကနေ မီးပွားဖြစ်လို့ မီးသံခေါက်၊ မီးသေချာ မလောင်လို့ အင်ဂျင်ခန်းကြေးတက်ဆိုပြီး တစ်ပတ်လည်နေတာမလို့ပါ။

ဒါကြောင့် မိတ်ဆွေတို့ရဲ့ ကားအင်ဂျင် မီးသံခေါက်ခြင်းမှ ကင်းဝေးအောင် အပေါ်က ပြောတဲ့ အချက်တွေကို ပြုပြင်နေကျ၊ ယုံကြည်စိတ်ချရတဲ့ ဝပ်ရှော့တွေမှာ အမြဲစမ်းသပ်စစ်ဆေးပြီး ထိန်းသိမ်းမယ်ဆိုရင် စိတ်ပျက်စရာကောင်းတဲ့ ကားမီးသံခေါက်တာကနေ ကင်းဝေးနိုင်မှာပါ။
မီးသံခေါက်ရတဲ့ အခြားအကြောင်းအချက်များစွာ ရှိပေမယ့် ဒီမျှလောက်ဆိုရင်ဖြင့် မိတ်ဆွေညီကိုမောင်နှမတို့အတွက် မီးသံခေါက်ခြင်းနဲ့ ပတ်သတ်တဲ့ ဗဟုသုတ အတော်အသင့်ရနိုင်ပြီလို့ ယူဆပါတယ်ခင်ဗျာ။
မိတ်ဆွေ ညီကို မောင်နှမအားလုံး နည်းပညာ ဗဟုသုတ ကြွယ်ဝနိုင်ကြပါစေ။

စာရေးသူ : Lynn Za Nee (P.T.U)

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »