အိမ်ပြောင်းရွှေ့ရာ၌ ၀န်ဆောင်မှု လုပ်ငန်းများ ငှားရမ်းအသုံးပြုမှု ပိုမို များပြားလာ
ရန်ကုန်မြို့တွင်း အိမ်အပြောင်းအရွှေ့များ ပြုလုပ်ရာတွင် ပြောင်းရွှေ့ဝန်ဆောင်မှုလုပ်ငန်းများ ငှားရမ်းအသုံးပြုမှု ပိုမိုများပြားလာကြောင်း အိမ်အပြောင်းအရွှေ့ ၀န်ဆောင်မှု လုပ်ငန်းဈေးကွက်မှ စုံစမ်းသိရှိရသည်။
Ref: Automobile
Unicode Version
ရန်ကုန်မြို့တွင်း အိမ်အပြောင်းအရွှေ့များ ပြုလုပ်ရာတွင် ပြောင်းရွှေ့ဝန်ဆောင်မှုလုပ်ငန်းများ ငှားရမ်းအသုံးပြုမှု ပိုမိုများပြားလာကြောင်း အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှု လုပ်ငန်းစျေးကွက်မှ စုံစမ်းသိရှိရသည်။
home-moversအိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုလုပ်ငန်းများမှာ ၂ဝ၁ဝ ပြည့်နှစ်ခန့်မှ စတင် ခေတ်စားလာခဲ့ပြီး လက်ရှိတွင် အဆိုပါဝန်ဆောင်မှု အသုံးပြု မှုများမှာ ၈ဝ ရာခိုင်နှုန်းအထိ ရှိလာ ခဲ့ကြောင်း သိရသည်။ “အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုတွေသုံးရတာ အဆင်ပြေတယ်၊ လူလည်း သက်သာတယ်၊ အရင်က ကိုယ်ကိုယ်တိုင် ရွှေ့တုန်းကဆိုရင် အရမ်းပင်ပန်းတယ်၊ ပစ္စည်းတွေနေရာချဖို့ စီစဉ်ရတာနဲ့ အရမ်းကို အလုပ်ရှုပ်တယ်၊ အိမ်ပြောင်းရမှာတောင် ကြောက်တယ်၊ အခုတော့ ဒီလို ဝန်ဆောင်မှု လုပ်ငန်းတွေပေါ် လာတော့ အိမ် ပြောင်းရတာ တော်တာ်အဆင်ပြေစေတယ်”ဟု အိမ်အပြောင်းအရွှေ့ဝန်ဆောင်မှု ငှားရမ်းအသုံးပြုသူ ဒေါ်ခင်ဝင်းက ဆိုသည်။ အဆိုပါ ဝန်ဆောင်မှုကို ငှား ရမ်းအသုံးပြု ရာ၌ ခရီးအကွာအဝေး၊ အထပ်အနိမ့်အမြင့်အပေါ် မူတည်၍ အနည်းဆုံး ကျပ် သုံးသောင်းခွဲမှ တစ်သိန်းကျော်အထိရှိကြောင်း သိရသည်။“အခုနောက်ပိုင်း အိမ်အပြောင်း အရွှေ့ ဝန်ဆောင်မှုလုပ်တဲ့သူတွေ များလာတယ်၊ ဒီတော့ ကိုယ့်ဘက်က Service ကောင်းကောင်းပေးနိုင်ဖို့ ကြိုးစားရတယ်၊ ကျွမ်းကျင်တဲ့ လုပ်သားတွေနဲ့ လုံလောက်တဲ့ ယာဉ်အစီးရေတွေ ဖြည့်တင်းဆောင်ရွက်ရတာမျိုးတွေ ရှိပါတယ်”ဟု ‘မကြွေသောပန်း အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုလုပ်ငန်း’မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင်း၌ အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်း ၁၅ ခုခန့်ရှိပြီး မိမိအိမ်ရှိ ပစ္စည်းများနှင့် ချိန်ဆကာ မော်တော်ယာဉ်အား အကြီး၊ အသေး ရွေးချယ်ငှားရမ်းမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။
Ref: Automobile
Latest News
Without ကားများကို RFID စနစ်​အသုံးပြု၍...
Latest news1 13 150x150
Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...
Read more »
Mazda Myanmar က All New Mazda CX 9 ကားကို...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »