ကားအပိုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများပြပွဲ AAITF Bangkok 2015 ကျင်းပပြုလုပ်
ကမ္ဘာကျော် ကားအပိုပစ္စည်းများနှင့် အလှဆင်ပစ္စည်းများကို တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်မည့် AAITF Bangkok ကားအပိုပစ္စည်းဈေးရောင်းပွဲတော် ကိုထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Forum တွင် 9.12.2015 မှ 11.12.2015 အထိ (၃) ရက်ကြာ ကျင်းပပြီးစီးသွားပြီဖြစ်ပါတယ်.။
Photos Gallery
Unicode Version
ကမ္ဘာကျော် ကားအပိုပစ္စည်းများနှင့် အလှဆင်ပစ္စည်းများကို တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်မည့် AAITF Bangkok ကားအပိုပစ္စည်းစျေးရောင်းပွဲတော် ကိုထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Forum တွင် 9.12.2015 မှ 11.12.2015 အထိ (၃) ရက်ကြာ ကျင်းပပြီးစီးသွားပြီဖြစ်ပါတယ်.။
9.12.2015 ရက်နေ့မှာတော့ ပြပွဲပထမဆုံး စတင်ဖွင့်လှစ်တဲ့နေ့ရက်ဖြစ်ပေမယ့် လာရောက်လေ့လာကြည့်ရှုသူများနဲ့ စည်ကားနေတာကို တွေ့ရပါတယ်.။ AAITF Bangkok ကားပစ္စည်းပြပွဲမှာဆိုရင် ကားအလှဆင်ခြင်းနဲ့ Modify ပြုလုပ်ခြင်းများမှာ နာမည်ကြီးတဲ့ Autovox, မိမိကားကို အလွယ်တကူ Polish ပြုလုပ်နိုင်တဲ့ Rupes အမှတ်တံဆိပ် Hand Polishing စက်ပစ္စည်းများ၊ ကားတစ်စီးလုံးမှာ ကင်မရာများ အလွယ်တကူတပ်ဆင်ပြီး ယာဉ်တိုက်မှုအန္တရာယ်နဲ့ ကားခိုးယူခံရမယ့် အခြေအနေများကို စောင့်ကြည့်နိုင်တဲ့ InCarBite နည်းပညာ အစရှိတဲ့ နည်းပညာများကို ပြသခဲ့ပြီး အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ လူငယ်များမှ တီထွင်ထားတဲ့ Drivebot အမည်ရှိ နည်းပညာအသစ်ကို ပြသခဲ့ပါတယ်.။
စင်္ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Autovox ကုမ္ပဏီဟာ 1999 ခုနှစ်မှ စတင်ပြီး ပြိုင်ကားများမှာလိုအပ်တဲ့ ဘရိတ်၊ ဂီယာစနစ်၊ Accessories များ အစရှိတဲ့ ပစ္စည်းများကို နိုင်ငံတကာမှာ တင်သွင်းရောင်းချနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်.။
InCarBite စနစ်ဟာ ယာဉ်တိုက်မှုအန္တရာယ်နဲ့ ကားခိုးယူခံရမှု၊ ကားပါကင်ထိုးမှုအစရှိတဲ့ အခက်အခဲများကို ဖြေရှငး်ပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်.။ ကားရဲ့ အရှေ့ဘက် ဘက်မှန်နှစ်ဘက်နဲ့ အနောက်ဘက် ဘန်ပါမှာ ကင်မရာများတပ်ဆင်ထားပြီး ကားဘီး လေးဘီးရဲ့ အခြေအနေ၊ ကားအရှေ့ဘက်မြင်ကွင်းပြ ကင်မရာနဲ့ အနီးအနားမှာ ကပ်လာတဲ့ လူရဲ့ ပုံရိပ်တွေကို မှတ်သားထားနိုင်ပါတယ်.။ ညဘက်မှာ ထင်ရှားပြတ်သားစွာမြင်ရဖို့ ညကြည့် ပုံရိပ်ရိုက်ကူးမှု ကင်မရာလဲ တစ်ပါတည်းပါဝင်တာကို တွေ့ရပါတယ်.။
Drivebot စနစ်ဟာ ကားမောင်းနှင်သူများအတွက် ကားများကို အလွယ်တကူ စစ်ဆေးနိုင်အောင် တီထွင်ထားတဲ့စနစ်ဖြစ်ပါတယ်.။ ကားရဲ့ စနစ်အတွင်းကို Electronic Device တစ်ခု တပ်ဆင်လိုက်တာနဲ့ ၎င်းနဲ့ ချိတ်ဆက်ထားတဲ့ Mobile App မှတဆင့် ကားရဲ့ Mileage, စက်ပစ္စည်းအခြေအနေ၊ ဝါယာရင်းအခြေအနေ၊ ဆီအခြေအနေ၊ အစရှိတဲ့ ကားအတွင်းပိုင်းစနစ်များကို ထောက်လှမ်းပေးမှာဖြစ်ပါတယ်.။ AAITF Bangkok မှာ အဆိုပါစနစ်များအပြင် ကားအပိုပစ္စည်းများနဲ့ အလှဆင်ပစ္စည်းအများအပြားကို မူရင်းကုမ္ပဏီကြီးများမှ လာရောက်ပြသ ရောင်းချပေးနေတာကို တွေ့ခဲ့ရပါတယ်ခင်ဗျာ.။
Photos Gallery
IMG_20151209_100637 IMG_20151209_100850 IMG_20151209_100901 IMG_20151209_101334 IMG_20151209_101344 IMG_20151209_101536 IMG_20151209_101553 IMG_20151209_102315 IMG_20151209_102328 IMG_20151209_102340 IMG_20151209_102609 IMG_20151209_102644 IMG_20151209_102711 IMG_20151209_102727 IMG_20151209_102735 IMG_20151209_102747 IMG_20151209_102752 IMG_20151209_102801 IMG_20151209_103210 IMG_20151209_103224 IMG_20151209_103806 IMG_20151209_103822 IMG_20151209_104147 IMG_20151209_105719 IMG_20151209_114901 IMG_20151209_114920 IMG_20151209_114934
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...
Latest news1 10 150x150
Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...
Read more »