fb-pageview-tracker
ကားမွတ္​တိုင္​မ်ားတြင္ ေ​ခတ္မီခရီးသည္ နားခိုေဆာင္ ၅၀၀ အထိ ​ေဆာက္​လုပ္​သြားမည္


Zawgyi Version

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ကားမွတ္​တိုင္​မ်ားတြင္​ ေခတ္မီခရီးသည္နားခိုေဆာင္ ၅၀၀ အထိ ​ေဆာက္​လုပ္​သြားမည္ျဖစ္ရာ​ ေခတ္မီခရီးသည္နားခိုေဆာင္မ်ားကို တင္ဒါလုပ္ငန္းစဥ္မ်ားႏွင့္အညီ အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ရန္ကုန္တုိင္း လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး ေဒၚနီလာေက်ာ္မွ ေျပာၾကားခဲ့သည္။

ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္တြင္ အလြန္လိုအပ္လ်က္ရွိေသာ ဘတ္စ္ကားမွတ္တိုင္ အေဆာက္အဦမ်ားကို အျမန္ဆုံးေဆာင္ရြက္ေပးရန္ အစီအစဥ္ရွိ/မရွိ သိရွိလိုေၾကာင္းကို ဒဂံုျမိဳ႕သစ္ (ေျမာက္ပိုင္း) ျမိဳ႕နယ္၊ မဲဆႏၵနယ္၊ အမွတ္ (၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ထြန္းႏိုင္၏ ေမးျမန္းမႈကို ဝန္ႀကီးမွ ျပန္လည္ေျဖဆိုခဲ့ျခင္း ျဖစ္၏။

"ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္ အပါအဝင္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာနယ္နိမိတ္အတြင္း ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ ေခတ္မီခရီးသည္နားခိုေဆာင္မ်ား ေဆာက္လုပ္ဖို႔အတြက္ အက်ဳိးတူပူးေပါင္းေဆာင္ရြက္လိုတဲ့ ျပည္တြင္းကုမၸဏီမ်ား တင္ဒါေခၚယူမႈကို ယခု ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၇ ရက္ေန႕က အသိေပးေၾကညာခဲ့ပါတယ္။ တင္ဒါပံုစံ ေရာင္းခ်ျခင္းမ်ားကိုလည္း ကြ်န္မတို႔ ျပဳလုပ္ခဲ့ၿပီး ျဖစ္ပါတယ္။ တင္ဒါလုပ္ငန္းစဥ္မ်ားနဲ႔အညီ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားဖို႔ ရွိပါတယ္။" ဟု ဝန္ၾကီး ေဒၚနီလာေက်ာ္မွ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕ေတာ္အတြင္း ဘတ္စ္ကားမွတ္္တိုင္မ်ားတြင္ ေခတ္မီခရီးသည္နားခုိေဆာင္မ်ား တည္ေဆာက္ရန္အတြက္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသည္ တင္ဒါ ေအာင္ျမင္ခဲ့သည့္ FMIDecaux Company Limited (ျမန္မာႏိုင္ငံမွ FMI ႏွင့္ ျပင္သစ္အေျခစိုက္ JCDecaux S.A “JCDecaux’’ ၏ ရာႏႈန္းျပည့္ လက္ေအာက္ခံကုမၸဏီ JCDecaux Asia(S) Pte Ltd. တို႔ ပူးေပါင္း တည္ေထာင္ထား) ႏွင့္ သတ္မွတ္နယ္ေျမမ်ားအတြင္းတြင္ မွတ္တိုင္ေပါင္း ၅၀၀ အထိ တည္ေဆာက္မည္ျဖစ္ရာ လက္ရွိအခ်ိန္တြင္ ခရီးသည္​မွတ္​တိုင္​မ်ား၌ ​ေခတ္မီခရီးသည္နားခုိေဆာင္ေပါင္း ၁၄၅ ခု တည္ေဆာက္ထားျပီးျဖစ္ေၾကာင္း သိရသည္။


Unicode Version

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကားမှတ်တိုင်များတွင် ခေတ်မီခရီးသည်နားခိုဆောင် ၅၀၀ အထိ ဆောက်လုပ်သွားမည်ဖြစ်ရာ ခေတ်မီခရီးသည်နားခိုဆောင်များကို တင်ဒါလုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားခဲ့သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အလွန်လိုအပ်လျက်ရှိသော ဘတ်စ်ကားမှတ်တိုင် အဆောက်အဦများကို အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၏ မေးမြန်းမှုကို ဝန်ကြီးမှ ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်၏။

"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ဘတ်စ်ကားမှတ်တိုင်များတွင် ခေတ်မီခရီးသည်နားခိုဆောင်များ ဆောက်လုပ်ဖို့အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်တွင်းကုမ္ပဏီများ တင်ဒါခေါ်ယူမှုကို ယခု ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က အသိပေးကြေညာခဲ့ပါတယ်။ တင်ဒါပုံစံ ရောင်းချခြင်းများကိုလည်း ကျွန်မတို့ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ တင်ဒါလုပ်ငန်းစဉ်များနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါတယ်။" ဟု ဝန်ကြီး ဒေါ်နီလာကျော်မှ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်အတွင်း ဘတ်စ်ကားမှတ်တိုင်များတွင် ခေတ်မီခရီးသည်နားခိုဆောင်များ တည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် တင်ဒါ အောင်မြင်ခဲ့သည့် FMIDecaux Company Limited (မြန်မာနိုင်ငံမှ FMI နှင့် ပြင်သစ်အခြေစိုက် JCDecaux S.A “JCDecaux’’ ၏ ရာနှုန်းပြည့် လက်အောက်ခံကုမ္ပဏီ JCDecaux Asia(S) Pte Ltd. တို့ ပူးပေါင်း တည်ထောင်ထား) နှင့် သတ်မှတ်နယ်မြေများအတွင်းတွင် မှတ်တိုင်ပေါင်း ၅၀၀ အထိ တည်ဆောက်မည်ဖြစ်ရာ လက်ရှိအချိန်တွင် ခရီးသည်မှတ်တိုင်များ၌ ခေတ်မီခရီးသည်နားခိုဆောင်ပေါင်း ၁၄၅ ခု တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။

Latest News

ယခင္​႐ုပ္​​ေျပာင္​းကားမ်ားကို...

Zawgyi Version ယခင္​႐ုပ္​​ေျပာင္​းကားမ်ားကို ခြင္​့ျပဳ​ေပးထားၿပီးျဖစ္​၍ ထပ္​မံတင္​သြင္​းလာ​ေသာ ကားမ်ားကုိလည္​း နံပါတ္​ယူ...

Read more »

New Toyota C-HR Review (International)

Zawgyi Version Toyota C-HR အသစ္ သုံးသပ္ခ်က္ ပစၥည္းပစၥယ မ်ားျပားစုံလင္တဲ့ Toyota ရဲ့ မိသားစုစီး small SUV သို႕မဟုတ္ C-HR...

Read more »

ဘရိတ္စစ္ေဆးမႈ အမွားအယြင္းမ်ားေၾကာင့္...

Zawgyi Version Suzuki Motor Corp. အေနျဖင့္ ၿပီးခဲ့ေသာ ဧၿပီ ၁၂ ရက္ေန႔က ေၾကညာခဲ့သည္မွာ ၂၀၁၆ ဧၿပီလမွေနာက္ပိုင္း...

Read more »

ယာဥ္​မွန္/​မမွန္​ စစ္​​ေဆးျခင္​းကို...

Zawgyi Version ယာဥ္​မွန္​/မမွန္​ စစ္​​ေဆးရန္​ ႀကိဳတင္​ရက္ခ်ိန္းယူျခင္​းကို တစ္ရက္လ်င္ ​ယာဥ္အစီးေရ ၇၀ ခန္​႔ လုပ္​ငန္​းလုပ္​​ေဆာင္​ရန္​...

Read more »

ကားေမာင္းရင္းနဲ႔ စိတ္ဖိစီးမႈေလွ်ာ့ခ်ႏုိင္မယ့္...

Zawgyi Version လူသားေတြဟာ ဘဝမွာရရွိထားတဲ့အခ်ိန္ေတြရဲ့ ၃ ပံုတစ္ပံုကို အိပ္စက္ျခင္းနဲ႔ ကုန္ဆံုးၾကတယ္လို႔ထင္ပါတယ္။ ဒီစကားဟာ အရင္တုန္းက...

Read more »