fb-pageview-tracker
ေနျပည္ေတာ္တြင္ျပဳလုပ္က်င္းပမည့္ အၾကိမ္ ၃၀ ေျမာက္ AAF အစည္းအေဝးႏွင့္ပတ္သက္ေသာ သတင္းစာရွင္းလင္းပြဲအား AAM မွျပဳလုပ္


Zawgyi Version

လာမည့္ မတ္လ ၁၈ ရက္ႏွင့္ ၁၉ ရက္ေန႕မ်ားတြင္ AAF (ASEAN Automotive Federation) ၏ အၾကိမ္ ၃၀ ေျမာက္ အစည္းအေဝးကို ျမန္မာႏုိင္ငံတြင္ လက္ခံက်င္းပသြားမည္ႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲအား ဆင္မလိုက္အေဝးေျပးအိမ္ရာရွိ ျမန္မာႏုိင္ငံ ေအာ္တိုမိုးတစ္(ဖ) အသင္းရုံးတြင္ မတ္လ ၁၁ ရက္ေန႕က ျပဳလုပ္က်င္းပခဲ့သည္။

သတင္းစာရွင္းလင္းပြဲတြင္ AAM (Automotive Association of Myanmar: ျမန္မာႏုိင္ငံ ေအာ္တိုမိုးတစ္(ဖ)) အသင္း၏ ဥကၠ႒ ဦးေအာင္ဝင္း၊ ဒုတိယ ဥကၠ႒ ဦးေအးထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးစိန္လြင္ႏွင့္ အမႈေဆာင္အရာရွိ ဦးမ်ိဳးခ်ိဳတို႕မွ ေနျပည္ေတာ္တြင္ ျပဳလုပ္က်င္းပသြားမည့္ AAF အစည္းအေဝးႏွင့္ပတ္သက္ျပီး ရွင္းလင္းေျပာၾကားသြားခဲ့သည္။  အၾကိမ္ ၃၀ ေျမာက္ AAF ၏ TC3/TC5 - JAMA meeting ကို မတ္လ ၁၈ ႏွင္ ၁၉  ရက္ေန႕မ်ားတြင္ ေနျပည္ေတာ္ရွိ Mgallery တြင္က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။
AAM အသင္း၏ ရည္ရြယ္ခ်က္မွာ "ကမၻာလုံးဆိုင္ရာ ေမာ္ေတာ္ယာဥ္လုပ္ငန္းတြင္ အာဆီယံေဈးကြက္ေဝစု ခ်ဲ႕ထြင္ရန္ႏွင့္ စြမ္းေဆာင္ရည္ျမွင့္တင္ရန္" အတြက္ အဓိကထားၾကိဳးပမ္းလ်က္ရွိျပီး ျမန္မာႏုိင္ငံတြင္ အရည္အေသြးျမင့္ စံသတ္မွတ္ခ်က္ရွိေသာ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးလုပ္ငန္းမ်ား ဖြံ႕ျဖိဳးတိုးတက္ေစရန္ ရည္ရြယ္လုပ္ေဆာင္လ်က္ရွိသည္ ဟူ၍လည္း ေျပာၾကားခဲ့သည္။


Unicode Version

လာမည့် မတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် AAF (ASEAN Automotive Federation) ၏ အကြိမ် ၃၀ မြောက် အစည်းအဝေးကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပသွားမည်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား ဆင်မလိုက်အဝေးပြေးအိမ်ရာရှိ မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ) အသင်းရုံးတွင် မတ်လ ၁၁ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် AAM (Automotive Association of Myanmar: မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ)) အသင်း၏ ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးအေးထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးစိန်လွင်နှင့် အမှုဆောင်အရာရှိ ဦးမျိုးချိုတို့မှ နေပြည်တော်တွင် ပြုလုပ်ကျင်းပသွားမည့် AAF အစည်းအဝေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသွားခဲ့သည်။  အကြိမ် ၃၀ မြောက် AAF ၏ TC3/TC5 - JAMA meeting ကို မတ်လ ၁၈ နှင် ၁၉  ရက်နေ့များတွင် နေပြည်တော်ရှိ Mgallery တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
AAM အသင်း၏ ရည်ရွယ်ချက်မှာ "ကမ္ဘာလုံးဆိုင်ရာ မော်တော်ယာဉ်လုပ်ငန်းတွင် အာဆီယံဈေးကွက်ဝေစု ချဲ့ထွင်ရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန်" အတွက် အဓိကထားကြိုးပမ်းလျက်ရှိပြီး မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် စံသတ်မှတ်ချက်ရှိသော မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည် ဟူ၍လည်း ပြောကြားခဲ့သည်။

Latest News

သင္သတိမျပဳမိပါက သင္ႏွင့္သင့္ကားကုိ...

Zawgyi Version ကားရဲ့အၾကီးမားဆံုးျပႆနာရယ္လုိ႕ဆုိလုိက္ရင္ ေတာ္ေတာ္မ်ားမ်ားက အင္ဂ်င္ပုိင္းဆုိင္ရာ ဂီယာပုိင္းဆုိင္ရာျပႆနာေတြကုိ...

Read more »

ကမၻာေက်ာ္ ၾကယ္ပြင့္ေတြနဲ႕ ထူးထူးျခားျခား...

Zawgyi Version ကမၻာေက်ာ္ၾကယ္ပြင့္ေတြ ျဖစ္ၾကတဲ့အတိုင္းပါပဲ။ သူတို႕စီးတဲ့ကားေတြက ထိပ္တန္းေတြခ်ည့္ပါ။ ဒါေပမယ့္ အခုေဖၚျပေပးမယ့္ကားေတြကေတာ့...

Read more »

တစ္ဦးခ်င္းပိုင္ယာဥ္လိုင္းမ်ားကို...

  Zawgyi Version ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေျပးဆြဲလ်က္႐ွိသည့္ ခရီးသည္တင္ YBS တစ္ဦးခ်င္းပိုင္ ပုဂၢလိကယာဥ္လိုင္းမ်ားအား...

Read more »

သၾကၤန္ကာလ စည္ပင္နယ္နိမိတ္အတြင္း...

  Zawgyi Version သၾကၤန္ကာလအတြင္း စည္ပင္နယ္နိမိတ္၌ မည္သည့္ဆိုင္ကယ္မွ စီးနင္းခြင့္ျပဳမည္မဟုတ္ဘဲ လိုင္စင္မဲ့ဆိုင္ကယ္စီးနင္းမႈမ်ား...

Read more »

ကားေလေအးစက္ကေပးေသာ က်န္းမာေရးျပႆနာမ်ား

Zawgyi Version ရာသီဥတုေဖာက္ျပန္မႈမ်ားေၾကာင့္ ကမၻာႀကီးပိုမိုပူေႏြးလာခ်ိန္တြင္ ေမာ္ေတာ္ကားစီး၍ ခရီးသြားလာရသည့္ကိစၥကလည္း...

Read more »