သုံးဘီး မော်တော်ယာဉ်များ အပ်နှံခွင့်ပေးခဲ့ပါက သုံးဘီးမော်တော်ယာဉ်များသာ ပြန်လည်တင်သွင်းခွင့်ပြုမည်ဟုဆို

သုံးဘီးမော်တော်ယာဉ်များ အပ်နှံခွင့်ပေးခဲ့ပါက အမျိုးတူ သုံးဘီးမော်တော်ယာဉ် များကိုသာ ပြန်လည် တင်သွင်းခွင့် ပြုမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ventureone
ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနက ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို တစ်ဆင့်ချင်း အပ်နှံခွင့်ပြုခဲ့ရာ သုံးဘီး မော်တော်ယာဉ်များ အသုံးပြုနေသော မန္တလေးမြို့နှင့် အခြားနယ် မြို့များ၌ သုံးဘီးယာဉ်များ အပ်နှံခွင့်ပေးမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သုံးဘီးယာဉ်များ အပ်နှံခွင့်ပြုမည်ဆိုသည့် သတင်းနှင့် ပတ်သက် ၍ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦးက ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်က ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ သုံးဘီးယာဉ် အစီးရေကို ကောက်ယူခဲ့ပါတယ်၊ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံပြီး အစားထိုးယာဉ် ပြန်လည် တင်သွင်းခွင့်ပြုတဲ့နေရာမှာ ယာဉ်အမျိုးအစားအလိုက် ခွဲထားပြီးသား ဖြစ်ပါတယ်၊ Light Truck အုပ်စုအပ်ရင် Light Truck ပဲ ပြန်သွင်းရမယ်၊ လူစီးယာဉ်အပ်ရင် လူစီးယာဉ်ပဲ ပြန်သွင်းရမယ်၊ ခရီးသည်တင်ယာဉ် အပ်ရင် ခရီးသည် တင် ယာဉ် ပဲပြန်သွင်းရမယ်၊ အငှားယာဉ်အပ်ရင် အငှားယာဉ်ပဲ ပြန်သွင်းရမယ်၊ သုံးဘီးယာဉ်အပ်ရင် သုံးဘီးယာဉ်ကိုပဲ ပြန်သွင်းရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် သုံးဘီးယာဉ် တွေကို အပ်နှံခွင့်ပေးခဲ့ရင်တောင် သုံးဘီးယာဉ်ပဲ ပြန်ရမှာ ဖြစ်ပါတယ် ဟု ပြောကြားခဲ့သည်။
မန္တလေးမြို့၌ သုံးဘီးယာဉ်များ အပ်နှံခွင့်ပေးမည်ဆိုသော သတင်းများအပေါ် ကားဝယ်/ ရောင်း တစ်ဦးကလည်း  နိုင်ငံတော်ကို နှစ်ငါးဆယ်လောက် အလုပ်အကျွေးပြု ခဲ့တဲ့ ဒီကားတွေကို အပ်နှံခွင့် ပြုပေးပါဆိုပြီး သမ္မတကို စာတင်ထား ပါတယ်၊ ဒါကို စီးပွားရေးသမားတွေက သူတို့ဝယ်ထားတဲ့ သုံးဘီးယာဉ်တွေကို အမြတ်တင်ပြီး ပြန် လည်ထုတ်ရောင်းကြဖို့အတွက် ကောလာဟလသတင်းတွေ ထုတ်ပြန်နေကြတာဖြစ်ပါတယ်ဟု ဆိုခဲ့သည်။

 

Ref: Automobile

Latest News

လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »

အေ​ကာက်ခွန်ဒဏ်​​ကြေး VPA ဖြင့်...

1111 3 150x150

Photo Credit ပြည်ပနိုင်ငံကေ​​န ကားတင်​သွင်းသည့်​ လိုင်​စင်​ပါမစ်​မ​ရရှိဘဲ ကုန်​ပစ္စည်းကြိုတင်​​ရောက်​ရှိ​နေခြင်းကို ကားသိမ်းဆည်းမည့်​...

Read more »

Control Center ပြီးစီးရန် အချိန် ၃ လခန့်​...

12121 150x150

Photo Credit ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို ​စောင့်​ကြည့်​မည့်​ Control Center အားတည်ဆောက်လျက်ရှိရာ ပြီးဆုံးရန်​ အချိန်​ သုံးလ ခန့်​...

Read more »

လမ်း​​ဘေး​ပလပ်ဖောင်း ပြုပြင်ရေးနှင့်...

11111 1 150x150

Photo Credit လမ်း​ဘေးပလက်​​ဖောင်းများနဲ့ ကားမှတ်​တိုင်တည်​​ဆောက်​ခြင်းများကိုကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၁၀ဝဖြင့် ရန်ကုန်မြို့ ရေကြီးရေလျှံ...

Read more »
Download Android App