ပိုင်ဆိုင်မှုအရေအတွက် ကန့်သတ်မထားဘဲ ယာဉ်ပိုင်ရှင်အမည်ပြောင်းလဲခြင်းကို အခွန် ၃ ရာခိုင်နှုန်းသာ ကောက်ခံပြီးနောက်ပိုင်း နေ့စဉ် ယာဉ်အစီးရေ တစ်ရာကျော် အမည်ပြောင်းပြုလုပ်
ရန်ကုန် ဇွန် ၃၀
အောင်ပြည့်၊ ကိုဘုန်း
www.myanmarcarsdb.com
No. 1 Car Site in Myanmar
Unicode Version
ရန်ကုန် ဇွန် ၃ဝ
ပိုင်ဆိုင်မှုအရေအတွက် ကန့်သတ်မထားဘဲ ယာဉ်ပိုင်ရှင်အမည်ပေါက် ပြောင်းလဲခြင်းအတွက် ၃ ရာခိုင်နှုန်းသာ ကောက်ခံခဲ့ပြီးနောက်ပိုင်းတွင် နေ့စဉ် ကားအစီးတစ်ရာကျော် အမည်ပြောင်းပြုလုပ်လာကြောင်း “ပြည်တွင်းအခွန် ဦးစီးဌာန၊ မော်တော်ယာဉ်တန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ရုံး” တာဝန်ရှိသူတစ်ဦးထံမှ သိရသည်.။
ယခင်နှစ်များက လူတစ်ဦးလျှင် ကားတစ်စီးသော်လည်းကောင်း၊ အိမ်တစ်အိမ်သော်လည်းကောင်း တစ်သက်တွင် တစ်ကြိမ်သာခံစားခွင့်ရှိပြီး ထိုပိုင်ဆိုင်မှုအတွက် အမည်ပေါက်ပြုလုပ်ရာတွင် ကာလပေါက်စျေး၏ ၃ ရာခိုင်နှုန်း အခွန်ပေးဆောင်ရကာ ပိုင်ဆိုင်မှု တိုးမြင့်လာပါက နောက်တစ်ကြိမ်အမည်ပေါက် ပြုလုပ်လျှင် ကာလပေါက်စျေး၏ ၃ဝ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရသည်.။ သို့သော် ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ်မှစ၍ ပိုင်ဆိုင်မှုအရေအတွက် ကန့်သတ်မထားတော့ဘဲ အမည်ပေါက်ပြုလုပ်မည်ဆိုပါက ၃ ရာခိုင်နှုန်းသာ ပြောင်းလဲကောက်ခံခဲ့သည်.။ ထိုသို့ ကောက်ခံခဲ့ပြီး နောက်ပိုင်းတွင် ယာဉ်ပိုင်ရှင်အမည်ပေါက် ပြုလုပ်မှုများလာခဲ့ပြီး နေ့စဉ်အစီးတစ်ရာကျော် အမည်ပြောင်းပြုလုပ်လျှက်ရှိကြောင်း သိရသည်.။
“အရင်နှစ်က ကားတစ်စီးကို အမည်ပြောင်းပြုလုပ်မယ်ဆိုရင် ၃ ရာခိုင်နှုန်းကောက်ခံပြီး နောက်ထပ် ကားတစ်စီးကို အမည်ထပ်ပြောင်းမယ်ဆိုရင်တော့ ၃ဝ ရာခိုင်နှုန်းဖြစ်သွားပါတယ်.။ ဒါပေမယ့် ဒီဘဏ္ဍာနှစ်မှာတော့ ကားဘယ်နှစီးပဲဖြစ်ဖြစ် အမည်ပြောင်းမယ်ဆိုရင် ၃ ရာခိုင်နှုန်းပဲ ကောက်ခံတာဖြစ်ပါတယ်၊ အရင်တုန်းက လူတစ်ယောက်အနေနဲ့ ကားတစ်စီးပဲ ပိုင်ဆိုင်ခွင့်ရှိပေမဲ့ ဒီနှစ်ကစပြီး တစ်သက်မှာတစ်ကြိမ်ပဲ ခံစားခွင့်ရမယ်ဆိုတဲ့အချက်ကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်” ဟု မော်တေ်ာယာဉ်တန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်.။
မော်တော်ယာဉ်တန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ အရည်ကျိုအပ်ကားများကို တန်ဖိုးသတ်မှတ်ရာတွင် သက်တမ်းနှစ်နှစ်ဆယ်၊ စက်မှုဇုန်၊ မြန်မာမီနီ၊ တိုက်ကြေကားဟူ၍ အမျိုးအစားမခွဲခြားဘဲ ကျပ် ၄၅ သိန်းဖြင့် တန်ဖိုးဖြတ်ပြီး CNG ကားများကိုမူ ကျပ် ၅၅ သိန်းဖြင့် တန်ဖိုးဖြတ် သတ်မှတ်ထားသည်.။ လေလံကားများကို တန်ဖိုးဖြတ်ရာတွင် လေလံအောင်စျေးအပေါ် မူတည်ပြီး တန်ဖိုးသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်.။
အောင်ပြည့်၊ ကိုဘုန်း
(July 3, 2015 ရက်နေ့ထုတ် Automobile ဂျာနယ်မှ ကူးယူဖော်ပြသည်)
www.myanmarcarsdb.com
No. 1 Car Site in Myanmar
Latest News
မြန်မာနိုင်ငံက ၂၀၁၈ ၌ ASEAN MRA တွင်...
Img 0809 150x150
Zawgyi Version မြန်မာနိုင်ငံသည် လာမည့် ၂၀၁၈ ၌ အာဆီယံ မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်(MRA) တွင်...
Read more »
city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...
23484516 2151118281607590 1169006877 o 1 150x150
Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...
Read more »
နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...
Latest news1 9 150x150
Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...
Read more »
The Pizza Company မှ သိန်း၅၀၀တန်ဖိုးရှိ...
Pizza 150x150
Zawgyi Version The Pizza Company သည် နှစ်သစ်ကူးကာလ အရောင်းမြင့်တင်သည့်အနေဖြင့် The Pizza Company ဆိုင်ခွဲ တိုင်းတွင်တွင် ၂၉၀၀၀ ကျပ်ဖိုး...
Read more »
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »