- ပင်မစာမျက်နှာ
- ကားသတင်းများ
- YBS ယာဉ်မတော်တဆမှုကြောင့် (၁၁) လအတွင်း ခရီးသည် (၂၉)ဦး သေဆုံး
YBS ယာဉ်မတော်တဆမှုကြောင့် (၁၁) လအတွင်း ခရီးသည် (၂၉)ဦး သေဆုံး
- 160 views
အခုနှစ် (၁၁) လအတွင်း ရန်ကုန်မှာပြေးဆွဲနေတဲ့ ခရီးသည်တင် YBS ယာဉ် မတော်တဆမှုကြောင့် ခရီးသည် (၂၉) ဦး သေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ကနေ သိရပါတယ်။ အရင်နှစ်က YBS ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူခရီးသည် (၃၁) ဦး ရှိခဲ့တဲ့အတွက် အခုနှစ်မှာ သေဆုံးသူ (၂) ဦး လျော့နည်းခဲ့တယ်လို့လည်း (YRTC) ကနေ သိရပါတယ်။
YBS ယာဉ်တချို့ဟာ ပြိုင်မောင်းတာတွေ၊ မီးနီဖြတ်တာတွေ၊ အရှိန်ပြင်း မောင်းနှင်တာတွေကြောင့် ခရီးသည်သေဆုံးတာ၊ လမ်းဖြတ်ကူးသူ သေဆုံးတာတွေရှိခဲ့တယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ တွေ့ရှိရင် ယာဉ်မောင်းကို YBS ယာဉ်မောင်းနှင်ခွင့်ကတ် ပြန်သိမ်းတာ၊ ယာဉ်လိုင်းကနေ ရာသက်ပန်ထုတ်ပယ်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
အခုနှစ် နိုဝင်ဘာလကုန်အထိ YBS ယာဉ်တိုက်မှု (၇၁) မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၉) ဦးရှိပြီး ဒဏ်ရာရရှိသူ (၁၁၀) ဦး ရှိကြောင်းသိရပါတယ်။ အရင်နှစ်ကာလတူကတော့ YBS ယာဉ်တိုက်မှု (၆၅) မှုရှိပြီး သေဆုံး(၃၁) ဦးနဲ့ ဒဏ်ရာရရှိသူ (၈၆) ဦးရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com